Related Posts Plugin for WordPress, Blogger...

March 2, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


ဘိလိယက် ၀ါသနာရှင်များအတွက် Pool 8 Ball Shooter v3.5.1APK for Android

Posted: 01 Mar 2016 10:41 AM PST


ဘိလိယက်ဂိမ်းဆိုတော့သိတဲ့သူတွေများတာကြောင့်အထူးမိတ်မဆက်တော့ပါခင်ဗျား...။ဗားရှင်းအသစ်လေး တက်လာတာနဲ့အားလုံးအတွက်တင်ပေးလိုက်ပါတယ်။ဒီဗားရှင်းမှာတော့ရုပ်ထွက်တအားကောင်းလာပါတယ်။
levels ပေါင်း 500 လောက်ပါဝင်လာပါတယ်။ Size 33.37 MB ရှိပါတယ်။ Android 2.3အထက်ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။

 

Phone Service သမားများအတွက် အသုံးဝင် Tool ကောင်းလေး Gsm Aladdin 1.34 Full Version

Posted: 01 Mar 2016 10:28 AM PST


Gsm Aladdin နဲ့ LG ဖုန်း Model 450 ကျော်ရဲ့ Lock အမျိုးမျိုးကို ဖြည်လို့ရနိုင်တယ်.. IMEI တွေ ပြင်နိုင် ရေးနိုင်တယ်.. Xioami ဖုန်းတွေရဲ့ IMEI တွေကို ရေးနိုင်တယ်.. Samsung Model 400 ကျော်ရဲ့ Network Lock တွေဖြည်ပေးနိုင်တယ်..အခြား MTK Device တွေရဲ့ Lock တွေကိုဖြည်နိုင်တယ်လို့ဆိုပါတယ်.. အသုံးတည့်မယ်ထင်လို့ ပြန်လည်မျှဝေပါတယ်..
-
Feature
  • LG Add Reset user lock No Root
  • Support Pin/Password/Pattern/Google Account /Unlock Code Unlock
  • LG Add Network Unlock
  • More Then 450+ Model Added
  • LG Add Repair IMEI
  • More Then 450+ Models Supported
  • Add Xiaomi MI IMEI Repair [Qualvomm]
  • Lost Of MI Qualcomm IMEI Repair Supported
  • Supporte So Many Qualcomm China IMEI Repair
  • Samsung Add New Models For Network Unlock Support
  • More Than 400+ Models Supported
  • MTK Add Analysis Scatter File EMMC [Open*.txt]
  • Advance Function For Advance Users
  • Select Only Scatter It Show All info About File [Mode,Brand etc]
  • MTK improve Clear Setting FRP
  • MTK6580 Fixed For Frp
  • SPD Improve Android Write
  • New Flash Id Supported
  • Some Software Bug Fixed

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Gsm Aladdin 1.34 Full Version : 49.21 Mb

  Setup Download Link

Crack Download Link



Coolpad 7105 Firmware တင်ရခက်နေသူများအတွက်

Posted: 01 Mar 2016 09:44 AM PST


Coolpad 7105 Firmware တင်ရခက်နေသူများအတွက် ကျွန်တော် လိုက်လုပ်ကြည့်ပြီး အောင်မြင်တဲ့ နည်းလမ်းတစ်ခုကို New World Mobile ကနေ တွေ့လာလို့ မူရင်းအတိုင်း ပြန်လည်မျှဝေလိုက်ပါတယ်..
-
Qualcomm CPU သုံးထားတဲ့ဖုန်းတွေကို လာတဲ့ Firmware က Flash File တွေဆိုရင်တော်တော်များများကို အခု ToolStudio ကနေပြီးရေးလို့ရပါတယ်..

  • ပထမ လိုအပ်တဲ့ Software ကိုဒေါင်းပါ..
  1. Download SD Card File
  2. Download Tool Studio
  3. Download Firmware
  • Zip password = htetrkar
  • 1 ကနေ ရလာတဲ့ဖိုင်ဖြည်ပြီး အထဲက ဖိုင်လေး ၂ ခုကို SD ကဒ်ထဲထည့်ကာ ဖုန်းမှာ တပ်လိုက်ပါ.. ပြီးရင် ဖုန်းကို ပါဝါ ၅ စက္ကန့်လောက် နှိပ်ထားပေးပါ ..

  • 2 ကနေဒေါင်းထားတဲ့ဖိုင်ကိုဖြည်ပြီး ToolStudio ကို Run As Administrator နဲ့ဖွင့်ပါ.. 


  • password တောင်းရင် Tool password.txt ထဲမှာပါတဲ့ password ကို ထည့်ပေးလိုက်ပါ... 


  • အပေါ်တန်းက Browse ကိုနှိပ်ပါ.. 3 ကနေ ဒေါင်းပြီးဖြည်ထားတဲ့ Folder ကိုရွေးပေးလိုက်ပါ...  
  • Browse ရဲ့ဘေးက Advanced ကိုနှိပ်ပြီး မတင်ချင်တာတွေကို အမှန်ခြစ်ဖြုတ်ထားနိုင်ပါတယ်..

  • ပြီးပြီဆိုရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ Refresh ကိုနှိပ်ပေးလိုက်ပါ.. ဖုန်းကို Tool က သိလာရင် Start All ဒါမှမဟုတ် Start ကိုနှိပ်ပေးလိုက်ပါ..
  • Firmware တင်နေတာကို မြင်နေရပါမယ်..

  • ပြီးသွားရင်တော့ SD Card ကို ဖြုတ်.ပြီး ဖုန်းကို ပါဝါဖွင့်နိုင်ပါပြီ..


Credit to : ထက်အာကာ @ New World Mobile

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Google Play Store မှာ This item isn’t available in your country ဆိုပြီး Install လုပ်ခွင့်မပေးတဲ့ App ကို အလွယ်တကူ Install လုပ်နည်း..

Posted: 01 Mar 2016 08:15 AM PST


Google Play Store မှာ ကျွန်တော်တို့ လိုချင်တဲ့ App ကိုတွေ့ပေမယ့် This item isn't available in your country ဆိုပြီး Install လုပ်ခွင့်မပေးတာကို ကြုံဖူးကြမှာပါ။ ကိုယ့်နိုင်ငံကို Support မပေးတဲ့အတွက် Install လုပ်ခွင့်မပေးတာဖြစ်ပါတယ်။ ဒီပြဿနာကို လွယ်လွယ် ဖြေရှင်းတဲ့နည်းလေးတစ်ခု မျှဝေချင်ပါတယ်။
1.    ပထမဆုံး လိုအပ်တဲ့ App လေးတစ်ခု Download လုပ်ပြီး Install လုပ်လိုက်ပါ။ Google Play Store မှာ Cloud VPN ဆိုပြီး ရှာကာ Install လုပ်လိုက်ပါ။



Google Play Store Link >>> https://play.google.com/store/apps/details?id=net.bypass.vpn&hl=en-US

Play Store မှာ ရှာလို့ အဆင်မပြေရင် အောက်ကလင့်မှာ ဒေါင်းပြီး Install လုပ်လိုက်ပါ။

Download Link >>> http://bit.ly/1ThR1rb

2.    ခုနက Install လုပ်ထားတဲ့ Cloud VPN App လေးကို ဖွင့်လိုက်ပါ။ ဘယ်ဘက်အပေါ်ထောင့်နားက ကမ္ဘာလုံးပုံလေးကို တစ်ချက်နှိပ်ပြီး နိုင်ငံ တစ်ခုခု ရွေးပေးလိုက်ပါ။ ပြီးရင် Tap to connect ဆိုတဲ့ အစိမ်းရောင် စက်ဝိုင်းကိုနှိပ်ပေးလိုက်ပါ။


3.    ဒီလိုပေါ်လာရင်တော့ Cloud VPN ချိတ်မိနေပါပြီ။

4.    Back Key နဲ့ပြန်ထွက်ပြီး Browser တစ်ခုခုကိုဖွင့်လိုက်ပါ ( ကျွန်တော်ကတော့ Google Chrome ကိုသုံးပါတယ်) ပြီးရင် ခုနက This item isn't available in your country ဖြစ်နေတဲ့ App နာမည်ကိုရိုက်ပြီး ရှာလိုက်ပါ။
5.    ရှာလို့တွေ့ပြီဆိုရင် Google Play ပါတဲ့ လင့်ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ (တကယ်လို့များ Open With တောင်းလာရင် Browser ကိုပဲရွေးပေးလိုက်ပါ။ ကျွန်တော်ကတော့ Chrome Browser ကိုရွေးပေးလိုက်ပါတယ်)


6.    Browser ထဲမှာတော့ This item isn't available in your country ဟာ Install လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကိုယ့်ဖုန်းနဲ့ ကိုက်တယ်ဆိုရင်တော့ Install ကိုနှိပ်ပြီး ရယူနိုင်ပါပြီ ( Install နှိပ်တဲ့အခါ အချို့ Browser မှာ Gmail password ပြန်တောင်းတတ်ပါတယ်။ Play Store ဝင်ထားတဲ့ Gmail နဲ့ Password ကိုထည့်ပေးလိုက်ရုံပါပဲ)

7.    အခုတော့ This item isn't available in your country ဖြစ်နေတဲ့ App လေးဟာ Download လုပ်နေပါပြီ။ ပြီးရင် အလိုအလျောက် Install လုပ်သွားပါလိမ့်မယ်။



Ref : ဒီခေတ် ဂျာနယ် အတွဲ(၁)၊ အမှတ်(၁) တွင်ရေးသားခဲ့သော အကြောင်းအရာကို ပြန်လည်ဖေါ်ပြသည်။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Android ဖုန်းထဲမှာ ဘယ်သူမှ မကြည့်ရအောင်ပိတ်ထားမယ် - Lockdown Pro - AppLock & Vault v2.6.0 APK

Posted: 01 Mar 2016 02:17 AM PST

ဒီကောင်လေးကတော့Android ထဲမှာ ဘယ်သူမှာ မကြည့်ရပိတ်ထားပေးမယ်Lockdown apkလေးဖြစ်ပါ
တယ်။ ဟိုတုန်ကတင်ပေးခဲ့သောVersionကိုဖြုတ်ပေးမှာ အခု(Now)Updateလေးကိုထည့်ပေးရမှာဖြစ်ပါ
တယ်ဗျာ။Lockdown apk လေးကတော့မိမိဖုန်းမှာ SMS, Gmail, Facebook, Whatsapp, SnapChat,
Instagram, Viber, Line, တွေအပြင်အခြားသော App တွေကိုကိုယ်မသိပဲဖွင့်ကြည့်မရအောင် Pattern Lock, Classic Lock & Calculator Lock စသည့် 3 မျိုးထဲကကနေမိမိကြိုက်ရာနဲ့ရွေးပြီး lock ချထားလို့ရတဲ့ App လေးပါ။ကိုယ်မသိပဲ ဖုန်းကို ဖွင့်လိုက်တာနဲ့ ဘာနဲ့ဖွင့်မလည်းဆိုတာ
ပုံမှာပြထားတဲ့အတိုင်းမေးပါမယ်။ ကိုယ်မသိတဲ့လူက၀င်ရောက်ကိုင်တွယ်အသုံးပြုပါ lockကိုမဖြည်နိုင်လျှင်
ဓါတ်ပုံရိုက်ထားပေးမှာဖြစ်ပါတယ်။Android : 2.2 နှင့်အထက်ကစပြီးအသုံးပြုနိုင်ပါတယ်။




 Download Here

Microsoft ၏ HoloLens dev kit ကို ကြိုတင်မှာယူမှုများ စတင်ပြုလုပ်နိုင်

Posted: 01 Mar 2016 01:28 AM PST


Microsoft ၏ AR/VR ထုတ်ကုန်တစ်မျိုးဖြစ်သော HoloLens ၏ အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ HoloLens ထုတ်ကုန်တွင် Conker ဂိမ်းသစ်ပါဝင်ပြီး developer များအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းကို Forbes မှ ကနဦး ဖော်ပြခဲ့ပြီးနောက် Reddit သုံးစွဲသူတစ်ဦးက ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

Microsoft ၏ HoloLens development kit ကို ကန်ဒေါ်လာ ၃,၀၀၀ ဖြင့် ဖေဖော်ဝါရီလ ၂၉ ရက်မှစတင်၍ ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ မတ်လ ၃၀ ရက်တွင် တင်ပို့ပေးသွားမည် ဖြစ်သည်။ အဆိုပါ "Development Edition" VR ထုတ်ကုန်တွင် အသုံးပြုပုံပြသသည့် ဗီဒီယိုနှင့် မှတ်တမ်းရုပ်သံများစွာ ပါဝင်သလို Microsoft မှ ဖန်တီးထားသော ဂိမ်း ၃ ခုလည်း ပါဝင်လာသည်။

Rare ဗီဒီယိုဂိမ်းကုမ္ပဏီမှ ဖန်တီးထားသော နာမည်ကျော် ရှဥ့်ဇာတ်ကောင် ပါဝင်သည့် Young Conker ဟု အမည်ရသော ဂိမ်းတစ်မျိုးလည်း ပါဝင်လာသည်။ အဆိုပါဂိမ်းကို Asobo Studios မှ ဖန်တီးထားပြီး ကစားသူ၏ အစစ်အမှန်ကမ္ဘာပေါ် အခြေခံ၍ ဂိမ်းအတွင်းရှိ ပတ်ဝန်းကျင်ပြောင်းလဲမှုများ ဖြစ်ပေါ်မည်ဖြစ်သည်။

"အခုလိုမျိုးဆိုရင် ဂိမ်မာတိုင်းရဲ့ ပြင်ပကမ္ဘာအတွေ့အကြုံဟာ ထူးခြားနေတဲ့အတွက် လူတိုင်းအတွက် ထူးခြားတဲ့ gameplay အတွေ့အကြုံ ရရှိလာမှာပါ။ သုံးစွဲသူရဲ့ ဧည့်ခန်းနဲ့ မီးဖိုခန်း ဒါမှမဟုတ် အိပ်ခန်းမှာ Conker ဂိမ်းကစားတဲ့ အတွေ့အကြုံ ဘယ်လို တစ်မူထူးခြားတယ်ဆိုတာ အံ့အားသင့်စေမှာပါ။ ဒါ့အပြင် အခန်းတစ်ခုတည်းမှာပဲ ပုံစံအမျိုးမျိုးနဲ့ ဂိမ်းစတင်ရာမှာ gameplay အင်အားသစ်တစ်ခုလုံးကို ဖန်တီးနိုင်ပါတယ်" ဟု Microsoft ကော်ပိုရေးရှင်းဆိုင်ရာ ကူဒိုတီဆုနိုဒါက ပြောကြားခဲ့သည်။

Microsoft အနေဖြင့် Young Conker ဂိမ်းအတွက် trailer ကို ဖြန့်ချိခဲ့သလို တရားဝင်သတင်းအဖြစ်လည်း ထုတ်ပြန်ခဲ့သည်။ Developer များသည် ကန်ဒေါ်လာ ၃,၀၀၀ ဖြင့် headset နှင့် ဘူးတစ်ခုပါဝင်သော HoloLens Development Edition ကို ဝယ်ယူနိုင်ပြီ ဖြစ်သည်။

အခြားဂိမ်းနှစ်ခုမှာ RoboRaid နှင့် Fragments ဟု အမည်ရသော သေနတ်ပစ်ဂိမ်းများ ဖြစ်သည်။ Fragments ဂိမ်းတွင် ကစားသူများသည် ၎င်းတို့၏ နေအိမ်ဧည့်ခန်းအတွင်း မှုခင်းဇာတ်လမ်းနှင့် ကစားရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးသူအနေဖြင့် မှုခင်းများကို ဖြေရှင်းရမည် ဖြစ်သည်။

"Fragment မှာ အခြားဂိမ်းတွေထက် ပိုပြီး ဒီဂျစ်တယ်ကမ္ဘာနဲ့ ပြင်ပကမ္ဘာအကြားက မျဉ်းကို ပေါင်းစပ်ထားပါတယ်။ ဂိမ်းကစားသူရဲ့ ဧည့်ခန်းကို ဇာတ်လမ်းတည်ဆောက်တဲ့နေရာမှာ အသုံးပြုချိန်မှာ တကယ့်အဖြစ်အပျက်လိုမျိုး မှတ်ဥာဏ်တွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ ဖော်ပြပေးမှာပါ။ ယခင်က အသုံးမပြုဖူးတဲ့ ဇာတ်လမ်းပုံစံသစ်ကို အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာကို ဆက်သွယ်ပေးတဲ့ အတွေ့အကြုံရရှိမှာပါ" ဟု ကူဒိုတီဆုနိုဒါက ပြောဆိုခဲ့သည်။

HoloLens development kit တွင် app များစွာပါဝင်ပြီး အစစ်အမှန်ကမ္ဘာထဲတွင် 3D များ ဖန်တီးနိုင်သည့် HoloStudio နှင့် အဆင့်မြှင့်တင်ထားသည့် နာမည်ကျော် messaging ဝန်ဆောင်မှု Skype လည်း ပါဝင်သည်။
HoloLens တွင် ရောမနှင့် မတ်ဟူပီဟူကဲ့သို့ သမိုင်းဝင်နေရာများကို ၃၆၀ ဒီဂရီ panoramic display များဖြင့် ကြည့်ရှုနိုင်မည့် HoloTour လည်း ပါဝင်လာသည်။

Microsoft အနေဖြင့် သုံးစွဲသူများအတွက် ထုတ်လုပ်မည့် HoloLens ဈေးနှုန်းနှင့် နေ့ရက်ကို ထုတ်ပြန်မရှိသေးသော်လည်း Kinect ကဲ့သို့ အဖြစ်မျိုးကို ရှောင်လွှဲနိုင်ရန် ဈေးကွက်အတွင်းသို့ အလျင်စလို ဖြန့်ချိသွားမည်မဟုတ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

Ref: CNET

Credit Internetjournal
သီဟထိုက်


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



မြင်းကောင်ရေအား ၁၄၇၉ ရှိ တစ်နာရီလျှင် ၂၆၁ မိုင် မောင်းနှင်နိုင်သော Bugatti Chiron

Posted: 01 Mar 2016 01:28 AM PST


Volkswagen ကုမ္ပဏီလက်အောက်ရှိ Bugatti အမှတ်တံဆိပ်သည် ဂျီနီဗာ၌ ကျင်းပသောပွဲတွင် Chiron အမည်ရှိ ကားကို ထုတ်ဖော်မိတ်ဆက်ခဲ့သည်။

စစ်မဖြစ်မီက ကျင်းပခဲ့သော မိုနာကိုကားမောင်းပြိုင်ပွဲမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ လူးဝစ်ချီယွန်၏ အမည်ကို ရယူထားသည့် ကားသစ်တန်ဖိုးသည် အခွန်မဆောင်မီ ကန်ဒေါ်လာ ၂.၆သန်း(ပေါင်စတာလင် ၁.၉ သန်း) ကျသင့်မည် ဖြစ်သည်။ Bugatti Chiron တွင် 8L turbocharged W16 အင်ဂျင်ကို အဆင့်မြှင့်တင်ထားသောကြောင့် တစ်နာရီလျှင် ၂၆၁ မိုင်အထိ မောင်းနှင်နိုင်သည်။

Bugatti Chiron သည် စွမ်းဆောင်ရည်မြင့် ကားတစ်မျိုးဖြစ်ပြီး အတွင်းခန်းတွင် သားရေနှင့် အလူမီနီယမ်တို့ အသုံးပြုထားသည်။

Bugatti သည် ပြင်သစ်နိုင်ငံ မိုလ်ရှန်ရှိ စက်ရုံတွင် Chiron ကား ၅၀၀ ကို တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် တတိယမြောက်ကားကို ရောင်းချထားပြီးဖြစ်ကြောင်း သိရသည်။

Ref: Arstechnica
Credit Internetjournal

သီဟထိုက်
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



♪ တရုပ်သိုင်းကားကြည့်ချင်သူများအတွက် - Crouching Tiger Hidden Dragon: Sword of Destiny(မြန်မာစာတန်းထိုး)(2016) ♫

Posted: 01 Mar 2016 01:18 AM PST


ကျတော် ဒီအပတ်ကုန်မှပဲ Star Wars တင်ပေးနိုင်ပါတော့မယ်။ ဒီလိုပြောလို့ ရက်စက်လိုက်တာဆိုရင်တော့ မတရားစွပ်စွဲခံရတာပါလို့ ပြန်အော်မှာနော် ငိငိ။ ကျတော် ငရဲမင်းတွေ ကြယ်တာရာစစ်ပွဲတွဲကြားထဲကနေ သိုင်းလောကထဲကို ပြန်ရောက်နေလို့ပါ။ ကျတော်တို့ ၉၀ ဖွား ၈၀ဖွား ၂၀၀၀ဖွားတွေငယ်ငယ်က တရုတ်သိုင်းကားထဲမှာ ဇတ်လမ်းတွဲမဟုတ်ဘဲ တစ်ကားထဲနဲ့ ဇတ်လမ်းကောင်းလွမ်းလို့ အသဲစွဲခဲ့တဲ့ ဇတ်ကားတစ်ကားကို မှတ်မိကြသေးလားမသိဘူး။ ဟုတ်ပါတယ် ၀ပ်နေသောကျား ပုန်းနေသောနဂါးပါပဲ။ အခု ၂၀၁၆ မှာ အသစ်စက်စက် ထပ်ထွက်လာခဲ့ပါပြီ။ဒီလိုကိစ္စမျိုး ရှိလားလို့မမေးပါနဲ့ ရှိပါပြီ။ ဒီကားကို မနေ့ကထွက်ထွက်ချင်း တနေကုန်ထိုင်ရေးပေးထားတာပါ။ ၁ ကို လောလောဆည်ပြန်မတင်နိုင်သေးလို့ ဇတ်လမ်းအကျဉ်းပဲ ပြောပြပါ့မယ်။ ၁ ရဲ့ နောက်ဆုံးခန်းမှာ ရှုလျန် ရဲ့ ချစ်သူ လီမုပေ့ သေသွားခဲ့ပြီး ခင်ပွန်းလောင်းကလဲ ချောက်ထဲခုန်ချသွားတာနဲ့ အဆုံးသတ်သွားခဲ့တာပါ။ ဒီကားမှာတော့ ၁၈ နှစ်ကြာပြီးနောက်မှာ ရှုလျန် ပြန်လာခဲ့ပြီး လီမုပေ့ရဲ့ ကြမ္မာစိမ်းဓားကို လုမဲ့ သိုင်းဂိုဏ်းကြီးကို ခုခံတဲ့အကြောင်းကို တွေ့ရပါလိမ့်မယ်။ ဒီဇာတ်ကားက အင်္ဂလိပ်ဘာသာကနေ ပြန်ထားတာဖြစ်တဲ့အတွက် တ၇ုတ်ကားလေသံအပြည့် ဘာသာမပြန်ပေးနိုင်တာတော့ စိတ်မကောင်းပါဘူး ဒါပေမယ့် အတက်နိုင်ဆုံးတော့ တရုတ်သိုင်းကား အသုံးလေးတွေနဲ့ ပြန်ပေးထားပါတယ်။ IMDb ကတော့ ၆.၅ ပဲ ရပါသေးတယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် ရှုလျန်ရဲ့ Happy Ending လေးကို ပြန်မြင်ရတာနဲ့ပဲ ငယ်ငယ်က ၀မ်းနည်းခဲ့ရတာလေးတွေ ပြန်ပြေသွားပါလိမ့်မယ်ဗျာ။ မင်းသားကလဲ မြင်တဲ့အတိုင်းပဲဆိုတာ သောက်ကျိုးနည်း သိုင်းချ ပြပါလိမ့်မယ်။ အဲဒီတော့ အားပေးကြပါဦး ကြည့်ပြီးရင် လာဆွေးနွေးကြပါ။ တခြားသူတွေအတွက် Share ပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်ဗျာ ခင်ဗျားတို့ကို အလုပ်ရှုပ်စေမိပြီ(တရုတ်သိုင်းသမားကဲ့သို့ လက်၂ဖက် ဆုပ်ပြီးပြောသွားသည်)

File Size >>>>>>>>>  750/ 350 MB
Quality >>>>>>>>>> HD 720P
Running Time >>>>>> 1 h 40 m
IMDb rating >>>>>>> 6.5/10
Translator >>>>>>>>> Littleneo
Encoder >>>>>>>>>> Pyay Hein Soe & Littleneo




Credit to ==> http://www.channelmyanmar.com/



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

မွေ့ထိုင်းလက်ဝှေ့ ဖိုက်တင်ဂိမ်း - Muay Thai - Fighting Origins MOD APK V0.94

Posted: 29 Feb 2016 11:48 PM PST


                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

♪ ဖုန်းထဲမှာ ဘိလိယက်ထိုးချင်သူများအတွက် - 8 Ball Pool V3.5.0 Apk + MOD (25-Feb) ♫

Posted: 29 Feb 2016 10:58 PM PST

Cover art

ဘိလိယက် ကိုဝါသနာပါသူများအတွက် အမိုက်စား ဘိလိယက် Game လေးတစ်ခုတင်ပေးလိုက်ပါတယ် ဗျာ။ 8 Ball Pool နောက်ဆုံးထွက် Version လေးပါ။ မြင်ကွင်းတွေ ရုပ်ထွက်တွေကတော့ 3D အတိုင်းဘဲ အတော်လန်းပါတယ်။ ကစားရဖို့အတွက်လည်း ဘိလိယက်ကစားနည်းပေါင်းများစွာကိုထည့်သွင်းပေးထား ပါတယ်။ ကွန်ပြူတာနဲ့ နှစ်ယောက်ယှဉ်ပြိုင်နိုင်သလိုဘဲ သူငယ်ချင်းအချင်းချင်းလည်း ယှဉ်ပြိုင်နိုင်ပါတယ်။  Online မှသူငယ်ချင်းများကိုလည်း ဖိတ်ခေါ်ပြီးပြိုင်ပွဲဝင်ကစားနိုင်ပါသေးတယ်ဗျာ။ ကစားတဲ့ပုံစံတွေကို နမူနာကြည့်နိုင်ဖို့အတွက် အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။



   8 Ball Pool- screenshot

   8 Ball Pool- screenshot

   8 Ball Pool- screenshot

   8 Ball Pool- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download Smart Phone Flash Tool (All Versions)

Posted: 01 Mar 2016 10:25 AM PST


 င်္ဂလာပါ Myanmar Credo Groupမှကြိုဆိုပါတယ်
အခုတင်ပေးမဲ့ဟာလေးကတော့Flash Tool (All Version)ပါ
Windowအတွက်တင်ပေးထားပါတယ်

လိုအပ်ရင်တော့အောက်ကလင့်တွေမှာဒေါင်းနိုင်ပါတယ်
  မလိုအပ်သေးရင်လည်းlinkပဲဖြစ်ဖြစ်တခါထဲမှတ်ထားပါ
ပီးမှအကိုကယ်ပါလာမလုပ်နဲ့ 

Download Smart Phone Flash Tool For Window

SP Flash Tool V3.1216

SP Flash Tool V3.1222

SP Flash Tool V3.1238

SP Flash Tool V3.1304

SP Flash Tool V3.1312

SP Flash Tool V3.1316

SP Flash Tool V3.1328

SP Flash Tool V3.1332

SP Flash Tool V3.1344

SP Flash Tool V3.1343

SP Flash Tool V3.1352

SP Flash Tool V3.1436

SP Flash Tool V3.1452

SP Flash Tool V3.1504
  
SP_Flash_Tool_v5.1512

SP_Flash_Tool_v5.1516

SP_Flash_Tool_v5.1520 

SP_Flash_Tool_v5.1524

SP_Flash_Tool_v5.1528 

SP_Flash_Tool_v5.1532

SP_Flash_Tool_v5.1548 

SP_Flash_Tool_v5.1552


ကျွန်တော်တင်ထားတဲ့လင့်တွေအဆင်မပြေတာပဲဖြစ်ဖြစ်
လင့်သေတာပဲဖစ်ဖြစ်commentပေးခဲ့ပါ
 

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


အဆင်ပြေပါစေ..

Myanmar Credo Group(ရေနီသားဖြိုးလေး)

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...

Spectrum Monitoring System (SMS) ဆိုင်ရာ ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူ

Posted: 29 Feb 2016 09:33 PM PST


Spectrum Monitoring System (SMS) ဆိုင်ရာ ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရန် တင်ဒါခေါ်ယူထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။
"အော်ပရေတာတွေ Spectrum အသုံးပြုတာနဲ့ ပတ်သက်ပြီး ဆညနအနေနဲ့  ဆောင်ရွက်ချက်တွေ အကောင်အထည် ဖော်နိုင်ဖို့ခေါ်ယူတာဖြစ်ပါတယ်" ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ တင်ဒါခေါ်ယူခြင်း အကြောင်းအရာ အသေးစိတ်၊ သတ်မှတ်ထားချက်များ၊ Spectrum Monitoring System (SMS) ဆိုင်ရာအကြောင်းအရာ အသေးစိတ်ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာန ၀က်ဘ်ဆိုက် www.mcit.gov.mm တွင် ဖော်ပြထားကြောင်း သိရသည်။
တယ်လီကွန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘဏ္ဍာငွေ ရရှိထားပြီးဖြစ်၍ ယင်းဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆောင်ရွက်ချက်ကို ခန့်မှန်းခြေအားဖြင့်  တစ်နှစ်အတွင်းအကောင်အထည် ဖော်ရမည်ဖြစ်ကြာင်း၊ Spectrum Monitoring Subsystem တွင် Control Stations နှင့် Monitoring Software များပါဝင်မည်ဖြစ် ကြောင်း၊ Fixed Monitoring Stations (FMS) ကိုရန်ကုန်နှင့် မန္တလေးအပါအ၀င် အဓိကကျ သောမြို့ကြီးများတွင်အကောင် အထည်ဖော်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားချက်တွင် ဖော်ပြထားခြင်းအရ သိရသည်။
စိတ်ပါဝင်စားသူများ အနေဖြင့် ဧပြီလ ၂၆ ရက်နောက်ဆုံးထား ၍ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ တင်ဒါဌာန၊ နေပြည်တော်သို့ အကြောင်းကြားရမည် ဖြစ်သည်ဟု သတ်မှတ်ထားသည်။

Credit MMAS
သီဟထိုက်


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဖြစ်နိုင်ဖွယ်ရာရှိသော မျက်နှာပြင် ၄ လက်မအရွယ်ရှိ iPhone SE ဓာတ်ပုံသစ်များ ထွက်ပေါ်လာ

Posted: 29 Feb 2016 09:33 PM PST



ပြီးခဲ့သည့် ရက်သတ္တပတ်က Apple အနေဖြင့် မတ်လတွင် မိတ်ဆက်ဖွယ်ရှိသည့် မျက်နှာပြင် ၄ လက်မအရွယ် "iPhone SE" ၏ ဖြစ်နိုင်ဖွယ်ရာ ဒီဇိုင်းများကို သတင်းရင်းမြစ် အသီးသီးက ဖော်ပြခဲ့သည်။ OnLeaks နှင့် 9to5Mac မှ ထုတ်ပြန်ခဲ့သော ဒီဇိုင်းနှစ်ခုမှာ iPhone 5s နှင့် အလွန်ဆင်တူသော်လည်း ကွာခြားမှု အနည်းငယ်ရှိသည်။

9to5Mac ၏ iPhone SE သည် iPhone 5s နှင့်အတူ ဆင်တူသော်လည်း OnLeaks ၏ဓာတ်ပုံတွင် အနားကွေးများ အသုံးပြုထားသောကြောင့် iPhone 6 နှင့် 5s မော်ဒယ်နှစ်မျိုး ပေါင်းစပ်ထားသည့် အသွင်ဖြစ်ပေါ်စေသည်။ iPhone SE ၏ ဖြစ်နိုင်ဖွယ်ရာ ဓာတ်ပုံနှစ်ပုံကို Martin Hajek ဝက်ဘ်ဆိုက်က from Curved Labs မှ ဖန်တီးထားသော ဓာတ်ပုံနှင့် နှိုင်းယှဉ်ပြသခဲ့ခြင်း ဖြစ်သည်။ ကောလာဟလသတင်းများအရ iPhone SE သည် iPhone 5s နှင့် အရွယ်အစား ဆင်တူသလို မျက်နှာပြင် အနည်းငယ်ကွေးသည့် display အသုံးပြုထားကြောင်း ဖော်ပြနေကြသည်။
iPhone SE ကို ထုတ်ဖော်မိတ်ဆက်မည့် အချိန်မှာ တစ်လခန့်သာ ရှိတော့သော်လည်း ၎င်းထုတ်ကုန်၏ ခိုင်လုံမှုရှိသော သတင်းပေါက်ကြားမှုများကို မြင်တွေ့ရခြင်း မရှိသေးပေ။ လတ်တလောတွင် ကောလာဟလ သတင်းများစွာ ထွက်ပေါ်နေသည့်အပြင် iPhone SE ဟုယူဆရသော ဓာတ်ပုံများကိုလည်း မြင်တွေ့ရခြင်း မရှိသေးပေ။

iPhone SE တွင် iPhone 6s ၌ အသုံးပြုထားသည့် A9 ပရိုဆက်ဆာ၊ Apple Pay ထောက်ပံ့မှုပါဝင်သော NFC ချစ်ပ်နှင့် အဆင့်မြှင့်တင်ထားသော ကင်မရာ ပါဝင်ကြောင်း သတင်းများက ဖော်ပြနေကြသည်။ Apple အနေဖြင့် မတ်လ ၂၁ ရက်တွင် ကျင်းပမည့် ပွဲ၌ iPhone SE ကို မိတ်ဆက်ဖွယ်ရှိကြောင်း ဖော်ပြနေကြသလို မျိုးဆက်သစ် ၉.၇ လက်မ iPad နှင့် Apple Watch မော်ဒယ်သစ်များလည်း မိတ်ဆက်ဖွယ်ရှိသည်။
၎ လက်မအရွယ်ရှိ iPhone SE ၏တန်ဖိုးမှာ ကန်ဒေါ်လာ ၄၀၀ နှင့် ၅၀၀ ကြား ရှိမည်ဖြစ်ကြောင်း KGI လုံခြုံရေးကုမ္ပဏီမှ Apple သတင်းများကို မှန်ကန်စွာ အကဲဖြတ်ပေးနိုင်သော လေ့လာဆန်းစစ်သူ မင်ချီကူက ပြောကြားခဲ့သည်။
Ref: Macrumors
Credit Internetjournal
အဆင်ပြေပါစေ..
သီဟထိုက်



မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



0 comments:

Post a Comment