မောင်ပေါက် ( Maung Pauk ) |
- နတ်ဘုရားတွေ နဲ့ လူသားစစ်သည်တော်တွေတိုက်ခိုက်ရမယ့်ဂိမ်းလေး - Dawn of Titans v1.6.9 Apk
- Heroes တွေနဲ့ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်ရမယ့်ဂိမ်းလေး - Heroes Never Die APK V1.0.6
- ကားလေး မောင်းနေတဲ့ Live Wallpaper ဒီဇိုင်းလေး - 3D Car Live Wallpaper Free v : 3.3 .Apk
- ဖုန်း Theme ဒီဇိုင်းအလန်းစားလေး - Neon Lines – Solo Theme v: 2.0 Apk
- အခန်းဆက်ဓားသိုင်းဂိမ်း [70.1 MB] [apk]
- တင်းနစ် ကစား ဂိမ်း [40.2 MB] [apk]
- Launcher ရိုးရိုးလေး နဲ့ လန်းတဲ့ဒီဇိုင်း - Smart Launcher Pro 3 v3.15.17 Apk (No ads)
- မှတ်ဉာဏ်တွေ မဆုံးရှုံးစေဖို့...
- Steve Jobs ၏ မှတ်သားဖွယ်ရာ အဆိုအမိန့်များ
- မြန်မာနိုင်ငံမှာ သတ်မှတ်အလုံးအရေအတွက်ကို တစ်ရက်တည်းနဲ့ ရောင်းကုန်သွားတဲ့ Samsung Galaxy S7 Edge
- မည်သည့် Web page မှ မဆို Videos များကို Download လုပ်ချင်သူများအတွက်
- နောက်ဆုံး ဗါးရှင်းဖြစ်တဲ့ - TubeMate 2.2.7 (651) APK
- ဆန်းပြားတဲ့ Effect ပေါင်းများစွာပါဝင်တဲ့ - Cameringo + Effects Camera v2.7.86 APK
- Photo တွေကို အကောင်းဆုံး စိတ်ကြိုက် ပြုပြင်ဖန်တီးပေးနိုင်တဲ့ - APK
- Easy Voice Recorder Pro v2.0.1 APK
- jetAudio Music Player+EQ Plus v7.0.0 APK
- ဖုန်းထဲမှာ Car စတိုင်ပုံစံမျိုးလေးနဲ့အသုံးပြုနိုင်မယ့် - APK
- Aiseesoft Total Media Converter 8.1.8 Full Version
- EasiestSoft Movie Editor 4.8.1 Full Version
- Easy Uninstaller Pro - Clean 3.0.4 APK
- Malwarebytes Anti-Malware Premium 2.2.1.1043 Final Full Version
- Super Hide Ip 3.5.4.8 Full Version
- Macgo Windows Blu-ray Player 2.16.10.2261 Full Version
- Apowersoft Screen Recorder Pro 2.1.3 Full Version
- Driver Magician 4.81 Full Version
| နတ်ဘုရားတွေ နဲ့ လူသားစစ်သည်တော်တွေတိုက်ခိုက်ရမယ့်ဂိမ်းလေး - Dawn of Titans v1.6.9 Apk Posted: 20 Mar 2016 09:21 PM PDT |
| Heroes တွေနဲ့ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်ရမယ့်ဂိမ်းလေး - Heroes Never Die APK V1.0.6 Posted: 20 Mar 2016 09:07 PM PDT |
| ကားလေး မောင်းနေတဲ့ Live Wallpaper ဒီဇိုင်းလေး - 3D Car Live Wallpaper Free v : 3.3 .Apk Posted: 20 Mar 2016 08:57 PM PDT |
| ဖုန်း Theme ဒီဇိုင်းအလန်းစားလေး - Neon Lines – Solo Theme v: 2.0 Apk Posted: 20 Mar 2016 08:51 PM PDT |
| အခန်းဆက်ဓားသိုင်းဂိမ်း [70.1 MB] [apk] Posted: 20 Mar 2016 08:40 PM PDT အဆင်ပြေပါစေ.. ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| တင်းနစ် ကစား ဂိမ်း [40.2 MB] [apk] Posted: 20 Mar 2016 08:36 PM PDT Download >>> အဆင်ပြေပါစေ.. ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Launcher ရိုးရိုးလေး နဲ့ လန်းတဲ့ဒီဇိုင်း - Smart Launcher Pro 3 v3.15.17 Apk (No ads) Posted: 20 Mar 2016 08:33 PM PDT |
| မှတ်ဉာဏ်တွေ မဆုံးရှုံးစေဖို့... Posted: 20 Mar 2016 08:13 PM PDT ဒီတစ်ခါတော့ အိုမင်းလာတဲ့ အသက်အရွယ်နဲ့အတူ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားတွေကို ဘယ်လို အချိန်ကြာကြာ ထိန်းထားနိုင်မလည်း ဆိုတာ လေ့လာကြည့်ရအောင်။ ref - wunzinn(၁) ပုံမှန်စားသုံးပါ။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ ၂-၃% ပမာဏမျှသာ ရှိပေမယ့် ခန္ဓာကိုယ်က ထွက်တဲ့ စွမ်းအင်ရဲ့ ၂၀% ပမာဏကို သူ့အတွက် သုံးစွဲပေးရပါတယ်။ ဒါကြောင့် "အစာမရှိတဲ့ ဦးနှောက်ဟာ ဗလာ" ဆိုတဲ့ အတိုင်း ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အစာအာဟာရကို မှန်မှန်စားသုံးပေးသင့်ပါတယ်။ (၂) စူပါ အစားအစာများ ဟင်းနုနွယ်၊ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတွေကို စူပါ အစားစာများလို့ ခေါ်ပါတယ်။ အကြောင်းက သူတို့ဟာ ဦးနှောက်ရဲ့ စွမ်းအင်ကို မြှင့်တင်ပေးလို့ပါပဲ။ ဒါကြောင့် များများစားသုံးပေးသင့်ပါတယ်။ (၃) Hot Beverage လက်ဖက်ရည်နဲ့ ကော်ဖီတို့ဟာ ဦးနှောက်ကို လှုံ့ဆော်တဲ့နေရာမှာ အင်မတန် ကောင်းပါတယ်။ ဦးနှောက်ကို လှုံ့ဆော်နိုင်တဲ့အတွက် မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါတယ်။ (၄) အရက်မသောက်ရ။ အရက်ဆိုတာ ဦးနှောက်အတွင်း အာရုံကြောဆဲလ်ပေါင်းများစွာကို ပျက်စီးစေတဲ့အတွက် မသောက်သုံးသင့်ပါဘူး။ (၅) ဗီတာမင် များများစား ဖြည့်စွက်စာများကို စနစ်တကျ စားသုံးပေးရပါမယ်။ ဖောလစ် အက်ဆစ်ဓာတ်လို မှတ်ဉာဏ်အတွက် အထောက်အကူ ပြုပေးနိုင်တဲ့ ဗီတာမင်ဓာတ်များများ စားပေးရပါမယ်။ (၆) သောကကင်းဝေးစွာ နေထိုင်ပါ။ တရားထိုင်ခြင်း၊ တရားဓမ္မအကြောင်း တွေးတောနေခြင်း၊ ဆွေးနွေးနေခြင်း ကလည်း စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ စိတ်တည်ငြိမ် အေးချမ်းတဲ့အခါ မှတ်ဉာဏ်က ကြည်လင်ပြတ်သားနေပါလိမ့်မယ်။ (၇) ဂိမ်းများများကစား Sudoku နဲ့ စကားလုံး ပဟေဠိဝှက်တဲ့ ဂိမ်း စတဲ့ mental games တွေ ဆော့ကစားခြင်းကလည်း ဦးနှောက် မှတ်ဉာဏ်ကောင်းစေဖို့ အထောက်အကူ ပြုစေနိုင်ပါတယ်။ (၈) လေ့ကျင့်ခန်းများများလုပ်ပါ။ လူ့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ အဲ့ထဲကမှ တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပေးပါ။ မနက်စောစော လမ်းထလျှောက်ခြင်း၊ ပြေးခြင်းစတဲ့ အားကစားမျိုးက ဦးနှောက်မှတ်ဉာဏ်ကောင်းစေဖို့ သက်ရောက်မှု ရှိပါတယ်။ (၉) ပုံမှန်အိပ်ပါ။ အိပ်ချင် မှန်မှန်နဲ့ ပုံမှန်အချိန်အတိုင်း အိပ်စက်ခြင်းကလည်း သင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်ကို မထိခိုက်စေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ အဆင်ပြေပါစေ.. ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Steve Jobs ၏ မှတ်သားဖွယ်ရာ အဆိုအမိန့်များ Posted: 20 Mar 2016 08:11 PM PDT ပထမဆုံးအနေနဲ့ Steve ဟာ တစ်နေ့တည်းနဲ့ အောင်မြင်လာသူ မဟုတ်ဘူး ဆိုတာပါပဲ။ ref - wunzinnအခု မိတ်ဆွေရဲ့ iPhone တွေ၊ iPad တွေ၊ Mac book တွေကို ခဏ ဘေးချထားပြီး Steve Jobs တစ်ယောက် Apple ကို ဘယ်လို အောင်မြင်အောင် ပုံသွင်းကြိုးစားခဲ့တယ်ဆိုတာ ခဏလောက် စဉ်းစားကြည့်ရအောင်။ Steve ဟာ သူ့ကိုယ်သူ မညှာတာတဲ့ လူတစ်ယောက်၊ အလုပ်နဲ့ ပတ်သက်လာရင် သူ့ခံယူချက်တွေက ပြတ်သားနေတတ်တယ်။ သူဟာ စည်းမျဉ်းစည်းကမ်းတွေကြားမှာ ခိုင်မြဲတဲ့ ကတိတွေ၊ ကြိုးစားအားထုတ်မှု တွေနဲ့ သူ့ကိုယ်သူ ချည်နှောင်ထားတဲ့ လူတစ်ယောက်ပဲ။ သူ့ကို အောင်မြင်သူ တစ်ယောက် ဖြစ်စေခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူအတော်များများ ကိုလည်း သူ ပြောပြခဲ့တယ်။ သူ့ခံယူချက်တွေ၊ သူ့ ယုံကြည်ချက်တွေ... ဒါဖြင့် အခု ဒီမှာ Steve ကို အောင်မြင်စေတဲ့ သူ့ရဲ့ စည်းမျဉ်းအချို့ကို ကြည့်ကြည့်ရအောင်..။ "ကျွန်တော့်ဘ၀ရဲ့ အနှစ်ခြိုက်ဆုံးအရာအတွက် ပိုက်ဆံပေးဖို့ မလိုခဲ့ဘူး၊ တကယ်တော့ ကျွန်တော်တို့ အားလုံးမှာရှိတဲ့ တန်ဖိုးအရှိဆုံးအရာဟာ အချိန် ဆိုတာ သိသာထင်ရှားပါတယ်" "ခင်ဗျားဘ၀တစ်လျှောက်လုံးရဲ့ အစိတ်အပိုင်း အတော်များများမှာ အလုပ်တွေနဲ့ ပြည့်နှက်နေမှာပါ။ ဒီလို ပြည့်နှက်နေတဲ့ အလုပ်တွေမှာ ပျော်ရွှင်ဖို့တစ်ခုတည်းသော အကြောင်းအရာက ခင်ဗျားလုပ်နေတဲ့ အလုပ်ဟာ ကြီးကျယ်ခမ်းနားတဲ့အလုပ်လို့ ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်ဖို့လိုတယ်။ ဒီလို ယုံကြည်ဖို့ဆိုတာလည်း ခင်ဗျား အလုပ်ကို ခင်ဗျား ချစ်နေမှ ရမယ်။ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို ရှာဖွေပါ၊ မရပ်နားပါနဲ့။ နှလုံးသားနဲ့ အလိုအလျှောက် သိမြင်နိုင်တဲ့ ဆဋ္ဌမအာရုံအရ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို မြင်တာနဲ့ ခင်ဗျား တန်းသိပါလိမ့်မယ်" "ခင်ဗျားရဲ့ နှလုံးသားရဲ့ ယုံကြည်မှုနောက်ကို လိုက်ဖို့ သတ္တိရှိပါ။ သူတို့ဟာ ခင်ဗျား ဘာဖြစ်ချင်တယ်ဆိုတာ တစ်နည်းနည်းနဲ့ သိနှင့်ပြီးသား ဖြစ်လို့ပါ" "ခင်ဗျားဟာ တစ်စုံတစ်ခုကို လုပ်လိုက်လို့ အဲ့ဒါလေးကလည်း အလုပ်ဖြစ်နေပြီဆိုရင် ခင်ဗျားနောက်ထပ်တစ်ခုကို ဆက်လက် လုပ်ဆောင်သင့်တယ်။ ပြီးခဲ့တဲ့အလုပ်အတွက်ပဲ ပျော်မနေသင့်ဘူး" "တစ်ခုခုကို တီထွင်ဖန်တီးတဲ့အခါ ခင်ဗျား အမှားလုပ်မိလိမ့်မယ်၊ အမှားကို မြန်မြန်ဝန်ခံပြီး အခြား တီထွင် ဖန်တီးမှုတွေကို ဆက်လက် လုပ်ဆောင်ခြင်းဖြင့် ခင်ဗျားကိုယ်ခင်ဗျား ရှေ့ကို ရောက်နေရမယ်" "ခင်ဗျားဟာ လက်သမားဆရာတစ်ယောက် ဆိုပါတော့၊ အင်မတန် လှပတဲ့ သစ်သားအံဆွဲဗီဒိုလေးတစ်ခု ခင်ဗျား လုပ်မယ်။ ရှေ့ဖက်မှာတော့ အင်မတန်လှပတဲ့ ပုံစံမျိုးနဲ့၊ ဒါပေမယ့် နံရံဘက်ကပ်နေတဲ့ လူတွေမမြင်နိုင်တဲ့ ဗီဒိုလေးရဲ့ နောက်ကျောဖက်ကိုတော့ ခင်ဗျား အပေါစား ပလက်စတစ်တွေနဲ့ လုပ်မလား၊ လူတွေကတော့ မမြင်နိုင်ဘူး၊ ဒါပေမဲ့ ခင်ဗျားက နောက်ကျောမှာ ဘာရှိတယ်ဆိုတာ သိနေတယ်။ ဒီတော့ အပေါစား ပလက်စတစ်တွေအစား လှပပြီး ကောင်းမွန်တဲ့ သစ်သားနဲ့ ဗီဒိုလေးရဲ့ နောက်ကျောကို ခင်ဗျား မွမ်းမံမှာပဲ။ ဒီလိုပါပဲ၊ ခင်ဗျား ညဖက်တွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်ဖို့ လှပဆန်းကြယ်မှုတွေကို ဖန်တီးတဲ့နေရာမှာဖြစ်ဖြစ်၊ အရည်အသွေးတွေကို ထုတ်ဖော်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အလုပ်ကို ဒီလိုပဲ လုပ်ရမယ်။" "သုဿာန်ပြင်မှာ အိပ်စက်ရမယ့် လူတွေကြားထဲ အချမ်းသာဆုံး လူတစ်ယောက်အဖြစ် အဖော်ပြခံရတာ ကျွန်တော့်အတွက် တကယ်ကို အရေးမပါဘူး။ ညအိပ်ရာဝင်ရင် "အိုး...ဒီနေ့ ငါ အံ့သြဖွယ်ကောင်းတာ တစ်ခုကို လုပ်နိုင်ခဲ့တယ်" ဒီလိုပြောနိုင်တာကမှ ကျွန်တော့်အတွက် တကယ်အရေးပါတာ" "ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ ရူးသွပ်နေတဲ့ လူတွေကသာ ကမ္ဘာကြီးကို တကယ်ပြောင်းလဲကြတာ" "ခင်ဗျားတို့ရဲ့ ဘ၀ဟာ အချိန်အကန့်အသတ်နဲ့ အသက်ရှင်နေရတာ၊ ဘယ်တော့မှ သူများရဲ့ ဘ၀ထဲမှာအချိန်မဖြုန်းမိပါစေနဲ့" "ကျွန်တော်တို့ဟာ Dots တွေကို အနာဂတ်ကို ကြည့်ပြီး ဆက်သွယ်လို့ မရဘူး။ အတိတ်ကို ကြည့်ပြီးသာ ဆက်သွယ်လို့ ရနိုင်တယ်။ ဒါကြောင့် ခင်ဗျား အခုလုပ်နေတဲ့ အလုပ်မှန်သမျှဟာ (Dots) အနာဂတ်မှာ တစ်နည်းနည်းနဲ့ ဆက်သွယ်လိမ့်မယ်လို့ ယုံကြည်ရမယ်။ ကံကြမ္မာတရား၊ ဘ၀၊ ကံမ္မနိယာမ ဘာပဲဖြစ်ဖြစ် အတိတ်နဲ့ အနာဂတ်ကြား ဆက်သွယ်မှုတို့ရဲ့ တစ်ခုခုကို ယုံကြည်ခြင်းက ခင်ဗျားရဲ့ဘ၀မှာ ကွဲပြားခြားနားမှုတွေ အများကြီး ပြုလုပ်စေနိုင်ပါတယ်" "လွန်ခဲ့တဲ့ ၃၃ နှစ်လုံး ကျွန်တော့်ကိုယ် ကျွန်တော် မှန်ကြည့်တိုင်း ပြန်မေး ကြည့်တယ်။ "အကယ်၍ ဒီနေ့သာ ငါ့ရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့လုပ်မယ်လို့ တွေးထားတာတွေကို ငါ လုပ်ဦးမှာလား" လို့။ မလုပ်ဘူးလို့ ငြင်းလိုက်တိုင်းမှာ ငြင်းပယ်လိုက်တိုင်းမှာ ကျွန်တော်ဟာ တစ်ခုခုကို ပြောင်းလဲဖို့ လိုနေပြီဆိုတာ သိခဲ့တယ်" "အရေးကြီးဆုံးက လူတွေအပေါ်မှာ ခင်ဗျား ယုံကြည်မှု ရှိဖို့ပဲ။ လူတွေဟာ မူလကတည်းက ကောင်းမွန်ပြီး ထက်မြက်တဲ့ လူတွေလို့ ယုံကြည်ဖို့ပဲ။ ခင်ဗျားက သူတို့ကို သင်ကြားပြသပေးလိုက်တာနဲ့ သူတို့က ခင်ဗျားကို အဲ့အရာတွေနဲ့ အံ့သြအောင် လုပ်ပြလိမ့်မယ်" "ခင်ဗျားဟာ မကြာခင် သေသွားနိုင်တဲ့ လူတစ်ယောက်အဖြစ် အမှတ်ရနေခြင်းက ဘ၀ရဲ့ အရေးမပါတဲ့ ထောင်ချောက်တွေကြားမှာ ရှောင်ဖယ်ဖို့ အကောင်းဆုံးသော နည်းလမ်းတစ်ခုပဲ။ ခင်ဗျားဟာ သေခြင်းကြောင့် နတ္တိဖြစ်ပြီးသားပါ။ ဘယ်လိုနည်းနဲ့မှ ခင်ဗျားရဲ့ ယုံကြည်ရာကို မစွန့်လွှတ်သင့်ဘူး" အဆင်ပြေပါစေ.. ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| မြန်မာနိုင်ငံမှာ သတ်မှတ်အလုံးအရေအတွက်ကို တစ်ရက်တည်းနဲ့ ရောင်းကုန်သွားတဲ့ Samsung Galaxy S7 Edge Posted: 20 Mar 2016 11:09 AM PDT Samsung Galaxy S7 Edge ကို မြန်မာနိုင်ငံမှာ မတ်လ ၄ ရက်နေ့က တရားဝင် မိတ်ဆက်ခဲ့ပြီး မတ်လ ၂၀ ရက်နေ့မှာတော့ ရန်ကုန် နဲ့ မန္တလေး တို့တွင် တစ်ချိန်တည်း ရောင်းချပေးသွားခဲ့ပါတယ်။ Samsung Galaxy S7 Edge ကို လာရောက်ဝယ်ယူသူများဟာ Samsung Galaxy S7 Edge ရဲ့ Feature အသစ်ဖြစ်တဲ့ ရေစိမ်ခံခြင်းနဲ့ ရေထဲတွင် ဓါတ်ပုံ၊ ဗီဒီယိုများရိုက်ကူးနိုင်ခြင်းတွေကြောင့် လာရောက်ဝယ်ယူကြခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ Samsung ဟာ လာရောက်ဝယ်ယူသူများကို ကျေးဇူးတုံ့ပြန်တဲ့အနေဖြင့် Samsung Galaxy Gear 2 စမတ်နာရီကို ကံစမ်းမဲနှိုက်ကာ မေတ္တာလက်ဆောင်ပေးသွားခဲ့ပါတယ်။ ကံစမ်းမဲ နှိုက်တဲ့အခါမှာလည်း လာရောက်ဝယ်ယူသူ အားလုံးပါဝင်ဆင်နွှဲနိုင်စေရန်အတွက် ဆယ်ယောက်ဝယ်ယူပြီးတိုင်း Galaxy Gear 2 စမတ်နာရီကို ကံစမ်းမဲနှိုက်ပေးခဲ့ပါတယ်။ Samsung Galaxy S7 Edge ဟာ မျက်နှာပြင် အရွယ်အစား ၅.၅ လက်မသာရှိခြင်းက သင့်တင့်မျှတတဲ့ အရွယ်အစားလို့ ပြောလို့ရပါတယ်။ Resolution 1440 x 2560 pixels ရှိပြီး တစ်လက်မကို 534 pixel နဲ့ ပေါင်းစပ် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ မှန်အမျိုးအစားကလည်း Corning Gorilla Glass 4 ကို အသုံးပြုထားတဲ့အတွက်ကြောင့် အကြမ်းခံနိုင်တဲ့ မှန်အမျိုးအစားဖြစ်ပါတယ်။ Display နဲ့ ပါတ်သက်ပြီး အသစ်ပါဝင်လာတဲ့ feature ဖြစ်တဲ့ Always-on Display ဟာ အသုံးပြုသူတို့ရဲ့ Screen ကို အမြဲတမ်းဖွင့်ထားပေးမှာဖြစ်တဲ့အတွက် တက်လာသမျှ Notification တိုင်းကို အမြဲတမ်းသိရှိနိုင်မှာဖြစ်ပါတယ်။ ကြိုးမဲ့ စနစ်နဲ့ လျင်မြန်စွာ အားသွင်းနိုင်ခြင်းဟာ Samsung Galaxy S7 Edge ရဲ့ အားသာချက်ဖြစ်တဲ့အပြင် အားသွင်းနှုန်းလျင်မြန်အားဟာ နာရီဝက်အတွင်းမှာတင် ၆၀ ရာခိုင်နှုန်း ဘက်ထရီအားသွင်းနိုင်ပါတယ်။ OS ကိုကြည့်မယ်ဆိုရင်လည်း နောက်ဆုံးပေါ် OS ဖြစ်တဲ့ Android Version 6.0 ကို အသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့် Android Application တိုင်းနဲ့ ကိုက်ညီမှု ရှိလှပါတယ်။ RAM 4 GB ၊ Storage ကို 32GB နဲ့ 64GB ဆိုပြီး ထုတ်လုပ်ထားတဲ့အတွက်ကြောင့် သွက်လက်ပေါ့ပါးစွာနဲ့ Storage ပမာဏကိုလုံလောက်စွာ အသုံးပြုနိုင်ပါတယ်။ အကယ်၍ Storage ပမာဏ မလုံလောက်ပါက အွန်လိုင်းတွင် သိမ်းဆည်းနိုင်စေရန်အတွက် Cloud Storage အမျိုးအစား OneDrive 115 GB ကိုလည်း အခမဲ့ ရယူကာ အသုံးပြုနိုင်ပါသေးတယ်။ ဒါနဲ့ မကျေနပ်နိုင်သေးတဲ့ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက်နောက်ထပ် Micro SD Card ထပ်မံ ထည့်သွင်းအသုံးပြုနိုင်အောင် Micro SD Card Slot ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဂိမ်းကစားသူများအတွက်လည်း ပေါ့ပါးသွက်လက်စွာ ကစားနိုင်စေရန်အတွက် Snapdragon 820 Chipset ကို အသုံးပြုထားပါတယ်။ ရုပ်ထွက်ကောင်းမွန်စေရန်အတွက် GPU ကိုလည်း Adreno 530 နဲ့ Mali-T880 MP12 တို့ဖြင့် အသုံးပြုဖွဲ့စည်းထားပါတယ်။ CPU အနေနဲ့ Dual-core 2.15 GHz Kryo & dual-core 1.6 GHz Kryo နဲ့ Quad-core 2.3 GHz Mongoose + quad-core 1.6 GHz Cortex-A53 တို့ကို ပေါင်းစပ်ဖွဲ့စည်းကာ အသုံးပြုထားပါတယ်။ ရုပ်ထွက်ကြည်လင်ပြတ်သားစေရန်အတွက် အတွင်းဘက် ကင်မရာရော၊ အပြင်ဘက် ကင်မရာမှာပါ Auto focus ကို Dual အသုံးပြုထားပါတယ်။ ကင်မရာအနေနဲ့ အတွင်းဘက် ကင်မရာမှာ 12 MP ရှိပြီး အပြင်ဘက် ကင်မရာမှာ 5MP ရှိပါတယ်။ Samsung Galaxy S7 Edge ရဲ့ ကင်မရာနဲ့အတူ ရုပ်ထွက်ကောင်းမွန်လှတဲ့ ဓါတ်ပုံများကို ရိုက်ကူးနိုင်တဲ့အပြင် 4K resolution ရှိတဲ့ ဗီဒီယိုများကိုလည်း ရိုက်ကူးနိုင်ပါသေးတယ်။ Samsung Pay ကိုလည်း VisaCard, MasterCard တို့ဖြင့် အသုံးပြုနိုင်တဲ့အတွက်ကြောင့် Apple Pay နဲ့ နှိုင်းယှဉ်နိုင်တဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒီလို အချက်တွေနဲ့ပြည့်စုံတဲ့ Samsung Galaxy S7 Edge ကို အရောင် လေးမျိုး (အဖြူ၊ အမည်း၊ ရွှေရောင်၊ ငွေရောင်) နဲ့ ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံမှာတော့ ရွှေရောင်တစ်မျိုးတည်းကိုသာ မြန်မာကျပ်ငွေ ၉၀၀,၀၀၀ ကျပ်ဖြင့် စတင် ရောင်းချသွားခဲ့ပါတယ်။ Aung Ko Htet (Maung Pauk) #aungkohtet_maungpauk အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| မည်သည့် Web page မှ မဆို Videos များကို Download လုပ်ချင်သူများအတွက် Posted: 20 Mar 2016 08:43 AM PDT ![]() Android /Tablet ဖုန်း ကိုင်ဆောင်သူ တွေအတွက် ဒါ လေးကတော့ video ပေါ်တစ်ချက်ထိရုံနဲ့  quality အမျိုးမျိုးကို မြန်မြန်ဆန်ဆန်ဒေါင်းပေးမဲ့ Videoder (One Click Video Downloader) ဆော့ဖ်ဝဲ လေးပါ။ ဒီ ဆော့ဖ်ဝဲ လေးကတော့ TubeMate နဲ့ တူပါတယ်။ video quality ရောရွေးပီးဒေါင်းလို့ ရတယ်။ မိမိစိတ်ကြိုက် video ပေါ် ကလစ်တစ်ချက် နှိပ်တာနဲ့ ဒေါင်းရုံပဲ။ တော်တော်အဆင်ပြေတယ်လို့ ပြောရမှာပဲ။ စတိုင်ကလည်း ရိုးရိုးလေးရယ်။ မျက်စိနောက် သက်သာတယ်။ ဖိုင်ဆိုဒ်ကတော့ 6.61MB ရှိပြီး Android Version 2.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ ![]() |
| နောက်ဆုံး ဗါးရှင်းဖြစ်တဲ့ - TubeMate 2.2.7 (651) APK Posted: 20 Mar 2016 07:13 AM PDT ![]() Android /Tablet ကိုင်ဆောင်ကာ TubeMate 2.2.7 (651) APK အသုံးပြုသူများအတွက် 18 ရက်နေ့ 3 လပိုင်းက Update တင်ပေးလိုက်ပါတယ်။ ဖုန်းထဲကနေ YouTube က video တွေကို လွယ်လွယ်ကူကူ မြန်ဆန်သွက်လက်ပြီး download ရယူနိုင်တဲ့ TubeMate ကိုတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ် video တွေကို download ရယူတဲ့အခါမှာလည်း video format အမျိုးမျိုးနဲ့ ရယူနိုင်သလို MP3 format အနေနဲ့ပါ တိုက်ရိုက် download ရယူနိုင်တဲ့ ဆော့ဖ်ဝဲ လေးပဲဖြစ်ပါတယ်။ YouTube က video တွေကို ဖုန်းထဲကနေ လွယ်လွယ်ကူကူနဲ့ ရယူချင်တယ်ဆိုရင်တော့ ခုတင်ပေးလိုက်တဲ့ TubeMate ကိုသာ ဖုန်းထဲမှာ ထည့်ထားလိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 3.35MB ရှိပြီး Android Version 2.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ ![]() |
| ဆန်းပြားတဲ့ Effect ပေါင်းများစွာပါဝင်တဲ့ - Cameringo + Effects Camera v2.7.86 APK Posted: 20 Mar 2016 06:10 AM PDT ![]() Android /Tablet ကိုင်ဆောင်ကာ Cameringo + Effects Camera v2.7.86 APK အသုံးပြုသူများအတွက် 18 ရက်နေ့ 3 လပိုင်းက Update တင်ပေးလိုက်ပါတယ်။ ဒါ လေးကတော့ Effect ကောင်းကောင်းနဲ့ ခပ်မိုက်မိုက် ရိုက်ပေးနိုင်စွမ်းရှိတဲ့ ဆော့ဖ်ဝဲ ကောင်းလေးပါ...။ အလင်းအမှောင်နဲ့ ဓာတ်ပုံ၏ ကာလာလေးတွေကို မိမိလိုသလောက် စိတ်ကြိုက်သုံးနိုင်ပါတယ်။ ဓါတ်ပုံမရိုက်ခင်ပုံနဲ့ ရိုက်ပြီးသားပုံများကို မိမိလိုသလိုမျိုး စိတ်ကြိုက်ဖန်တီးယူနိုင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 5.8MB ရှိပြီး Android Version 2.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ အဆိုပါ App ကို Play Store တွင် $2.99 ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖော်ပြပါ Download Link တွင် အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ ![]() ![]() mediafire ၊ solidfiles |
| Photo တွေကို အကောင်းဆုံး စိတ်ကြိုက် ပြုပြင်ဖန်တီးပေးနိုင်တဲ့ - APK Posted: 20 Mar 2016 06:09 AM PDT ![]() Android /Tablet ဖုန်း ကိုင်ဆောင်ကာ Photo Studio PRO v1.24.1 APK အသုံးပြုလိုသူများအတွက် နောက်ဆုံး Update တင်ပေးလိုက်ပါတယ်။ ဓါက်ပုံ တွေကို effects များစွာနဲ့ , filters, and colour, ပုံပေါ်စာရေး,ဘောင်ခပ်လို့ရမယ့် frames ဒီဇိုင်း အစုံနဲ့ ပုံတွေကို လိုချင်တဲ့နေရာကို ဖြတ်တောက်ပြီး အလင်းအမှောင် ချိန်လို့ရပြီး ခဲခြစ်ပန်းချီ ပုံတွေပါ ပြုလုပ်လို့ရပါတယ်။ ဒါအပြင် ပုံတွေကို Stickers များထည့်သွင်းပြုပြင်နိုင်ပြီး အထဲမှာ ပါရှိပြီး effects,ဒီဇိုင်း,Stickers,frames, များစွာအပြင် အလွယ်တကူလိုချင်တဲ့ ဒီဇိုင်း များကို ဒေါင်းယူနိုင်ပါသေးသည် ပုံများပြုပြင်ပြီးသည်နဲ့ ပုံဆိုဒ်ကို Small, Normal, Large and Original.ရွေးချယ်နိုင်ပြီး JPEG and PNG.formats နဲ့ Save လုပ်ပေးထားပါတယ်။ ဖိုင်ဆိုဒ်က 32.2MB ရှိပြီး Android Version 2.3 နဲ့ အထက်ဖုန်းများမှာ အသုံးပြုလို့ရပါမယ်။ အဆိုပါ App ကို Play Store တွင် $3.99 ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖော်ပြပါ Download Link တွင် အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ ![]() ![]() ![]() |
| Easy Voice Recorder Pro v2.0.1 APK Posted: 20 Mar 2016 06:07 AM PDT ![]() Android /Tablet ကိုင်ဆောင်ကာ Easy Voice Recorder Pro v2.0.1 APK အသုံးပြုသူများအတွက် 18 ရက်နေ့ 3 လပိုင်းက Update တင်ပေးလိုက်ပါတယ်။ Recorder ဆိုတာမျိုးကအမြဲတမ်း အသုံးဝင်တာမျိုး မဟုတ်ပဲ အရေးပေါ်လာရင်အသုံးပြုနိုင်ဖို့ ဖုန်းထဲမှာ Install လုပ်ထားသင့်ပါတယ်။ အပြင်က အသံတွေ သီချင်းသံ စကားပြောသံတွေ meeting လုပ်နေတာတွေ ပေါ့အသံပြောင်လေးတွေလည်း လုပ်လို့ရတယ်။ Record လုပ် ထားတဲ့ File ကိုလည်း Gmail ထဲသို့ တိုက်ရိုက် ပို့နိုင်မှာဖြစ်ပါတယ်ဗျာ။ Gmail ထဲပို့ထားရင်တော့ ဖုန်းထဲမှာ Record File ပျက်သွားရင်တောင် Gmail ကနေအလွယ်တကူပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 12.59MB ရှိပြီး Android Version 2.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ အဆိုပါ App ကို Play Store တွင် $3.99 ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖော်ပြပါ Download Link တွင် အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ ![]() |
| jetAudio Music Player+EQ Plus v7.0.0 APK Posted: 20 Mar 2016 06:06 AM PDT ![]() Android /Tablet ကိုင်ဆောင်ကာ jetAudio Music Player+EQ Plus APK အသုံးပြုသူများအတွက် 18 ရက်နေ့ 3 လပိုင်းက Update တင်ပေးလိုက်ပါတယ်။ ဒါ လေးကတော့ Music Player တွေထဲမှာလူသိလဲများ လူကြိုက်လဲများပြားလှတဲ့ ဆော့ဖ်ဝဲ လေးပါ...။ Video Format အားလုံးကို Support ပြုလုပ်ပေးနိုင်ပြီး အသုံးပြုသူတွေ အတွက်ကြည်လင်ပြတ်သားစေပြီး Video Setting ပိုင်းဆိုင်ရာ နဲ့ Audio Setting ပိုင်းဆိုင်ရာတွေကို ကြိုက်သလို ချိန်ညှိနိုင်ပါတယ်။ ဒါ့ အပြင် volumes အသံ တွေကိုလည်း မြှင့်တင်ပြီးနားထောင်မယ် ဆိုရင် အဆင်ပြေပြေ နားထောင်နိုင်မှာဖြစ်ပါတယ်။ features အနေနဲ့ Browser and play music by artits, albums, songs, playlists and folders စတာတွေအပြင် အခြားသော Format ပေါင်းများစွာကိုလည်း ပံပိုးပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 14.3MB ရှိပြီး Android Version 2.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ အဆိုပါ App ကို Play Store တွင် $3.99 ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖော်ပြပါ Download Link တွင် အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ ![]() ![]() |
| ဖုန်းထဲမှာ Car စတိုင်ပုံစံမျိုးလေးနဲ့အသုံးပြုနိုင်မယ့် - APK Posted: 20 Mar 2016 06:04 AM PDT ![]() Android /Tablet ဖုန်း ကိုင်ဆောင်ကာ Car Launcher Pro v1.3.8 APK အသုံးပြုလိုသူများအတွက် 18 ရက်နေ့ 3 လပိုင်းက Update တင်ပေးလိုက်ပါတယ်။ Car Launcher Pro လေးကတော့ ပုံမှာမြင်ရတဲ့အတိုင်း လုံးဝကိုအမိုက်စား အလန်းစား ပါပဲ...။ နမူနာကြည့်နိုင်ဖို့အတွက် အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 6.86MB ရှိပြီး Android Version 2.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ ဆိုပါ App ကို Play Store တွင် $3.06 ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖော်ပြပါ Download Link တွင် အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ ![]() ![]() ![]() ![]() ![]() mediafire ၊ solidfiles |
| Aiseesoft Total Media Converter 8.1.8 Full Version Posted: 20 Mar 2016 06:02 AM PDT ![]() Aiseesoft Total Media Converter 8.1.8 နောက်ဆုံးထွက် Update လေးပါ...။ ဒီ ဆော့ဝဲလ် လေးကတော့ Videos , သီချင်း များ ကို HD , 3D Format တို့ အပြင် AVI မှ MP4 ,MKV မှ MP4, AVI မှ MP4 နှင့် AVI မှ MPEG စတဲ့ Format တွေ ကို အလွယ်တကူ Convert လုပ်ပေးနိုင်ပါတယ်။ Videos တွေ ကို Convert လုပ်ရာတွင်လည်း weaken audio , crop , adjust brightness, contrast , saturation, hue , add a watermark (text or image) စတာတွေ ကို ထည့်သွင်းချိန်ညှိပေးနိုင်ပြီး Output videos quality လည်းကောင်းမွန်လှတဲ့ All-in-One Converter ဆော့ဝဲလ်လေးပါပဲ။ ဖိုင်ဆိုဒ်ကတော့ 31.98MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် patch ဖိုင်ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့ သူများကတော့ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။ ![]() ![]() mediafire ၊ solidfiles |
| EasiestSoft Movie Editor 4.8.1 Full Version Posted: 20 Mar 2016 06:01 AM PDT ![]() EasiestSoft Movie Editor 4.8.1 နောက်ဆုံးထွက် Update လေးပါ...။ ဒါ လေးကတော့ video တွေကို အပိုင်းအပိုင်းခွဲခွဲခြားနိုင်ပြီး အပိုင်းအပိုင်းလေးတွေကိုလဲတဆက်တည်းဖြစ်အောင် လုပ်ပေးနိုင်သလို နောက်ခံ effect လေးတွေကိုလဲမိမိနှစ်သက်သလိုထည့်ပေးနိုင်ပြီး video တွေကို rolation အနေနဲ့ကြိုက်သလိုကိုင်တွယ်နိုင်ပြီး ဗွီဒီယိုတည်းဖြတ်တဲ့သူတွေအတွက် အကောင်းဆုံးဆောင်ထားသင့်တဲ့ software လေးပါ။ ဖိုင်ဆိုဒ်ကတော့ 20.1MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် Serial key ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့ သူများကတော့ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။ ![]() ![]() |
| Easy Uninstaller Pro - Clean 3.0.4 APK Posted: 20 Mar 2016 05:59 AM PDT ![]() Android /Tablet ကိုင်ဆောင်ကာ Easy Uninstaller Pro - Clean 3.0.4 APK အသုံးပြုသူများအတွက် နောက်ဆုံး Update တင်ပေးလိုက်ပါတယ်။ မိမိ တို့ ဖုန်းပေါ်မှာ install လုပ်ထားတဲ့ ဆော့ဝဲလ်တွေကို လက်အညောင်းခံ၊ အချိန်အကုန်ခံပြီး တစ်ခုချင်းစီ ဖျက်ဖို့ မလိုအောင် ပြုလုပ်ပေမယ့် easy uninstaller pro ဆော့ဖ်ဝဲ လေးဖြစ်ပါတယ်။ မိမိဖျက်ချင်တဲ့ ဆော့ဖ်ဝဲ တွေကို select ပေးပြီး One click လုပ်ရုံနဲ့ ပယ်ဖျက်ပေးသွားမှာဖြစ်ပါတယ်။ စက်ရုပ်ဖုန်းတွေအတွက် သွင်းထားတဲ့ ဆော့ဝဲလ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ မြန်မြန်ဆန်ဆန် ပယ် ဖျက်ပေးနိုင်မယ့် tool တစ်ခုဆိုရင်လည်း မမှာပါဘူး ဒါအပြင် ဆော့ဖ်ဝဲ တစ်ခုရဲ့ name,version,update time,size စတာတွေလည်း ဖော်ပြပေးမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 3.99MB ရှိပြီး Android Version 2.3 နှင့်အထက်ရှိတဲ့ ဖုန်းများမှာထည့်သွင်း install လုပ်၍အသုံးပြုနိုင်ပါတယ်။ အဆိုပါ App ကို Play Store တွင် $2.99 ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ဖော်ပြပါ Download Link တွင် အခမဲ့ ရယူနိုင်မည်ဖြစ်သည်။ ![]() |
| Malwarebytes Anti-Malware Premium 2.2.1.1043 Final Full Version Posted: 20 Mar 2016 05:57 AM PDT ![]() Malwarebytes Anti-Malware Premium 2.2.1.1043 နောက်ဆုံးထွက် Update တင်ပေးလိုက်ပါတယ်။ ကွန်ပျူတာ တစ်လုံးအတွက် Trojan , Worms , Malware , Spyware , Autorun , အစရှိသည်တို့ကို ဖယ်ရှားရှင်းလင်းပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲသည် Operating System ၏ နောက်ကွယ်တွင် အမြဲစောင့်ကြည့်ပေးနေမည်ဖြစ်ပြီး Malware များ၊ Trojan များကို တွေ့ရှိပါက ဖယ်ရှား ရှင်းလင်းပေးနိုင်မည် ဖြစ်သည်။ ဖိုင်ဆိုဒ်ကတော့ 21.8MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် Patch ဖိုင်ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။ ![]() mediafire ၊ pcloud |
| Super Hide Ip 3.5.4.8 Full Version Posted: 20 Mar 2016 05:55 AM PDT ![]() Super Hide Ip 3.5.4.8 နောက်ဆုံးထွက် Update လေးပါ..။ မိမိတို့ အတွက် ဝင်ကြည့်လို့ မရနိုင်တဲ့ ဝဘ်ဆိုဒ်တွေနဲ့ မိမိတို့ရဲ့ အင်တာနက် လိပ်စာ (IP) ဖျောက်ထားလိုတဲ့ သူများအတွက် ဒီကောင်လေးက အတော်လေး အသုံးဝင်တဲ့ ဆော့ဝဲလ်လေးပါ..။ ဖိုင်ဆိုဒ်ကတော့ 2.4 MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် Patch ဖိုင် ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့သူများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။ ![]() |
| Macgo Windows Blu-ray Player 2.16.10.2261 Full Version Posted: 20 Mar 2016 05:53 AM PDT ![]() Macgo Windows Blu-ray Player နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်။ Blu-ray folders and ISO image files နှင့်အခြားသော media file ဖြစ်သော Blu-ray, DVD, VideoCD, MOV, MKV, AVI, FLV, WMV, MP4, MPEG, RMVB, MP3, WMA, AAC, AC3 အစရှိသည်တို့ကိုလည်း select audio track/ subtitle တို့အပြင် title/chapter ဖြင့်အရည်အသွေးကောင်းမွန်စွာကြည့်ရှု့နိုင်ပါသည်။ ဖိုင်ဆိုဒ်ကတော့ 37 MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် Crack ဖိုင်ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့သူများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။ ![]() ![]() mediafire ၊ solidfiles |
| Apowersoft Screen Recorder Pro 2.1.3 Full Version Posted: 20 Mar 2016 05:51 AM PDT ![]() Apowersoft Screen Recorder Pro 2.1.3 နောက်ဆုံးထွက် Update လေးပါ..။ မိမိ ရဲ့ကွန်ပျူတာမှာ tutorials, demo videos, save play movies, music and games စသည်တို့ကို capture နဲ့ record လုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲ လေးဖြစ်ပါတယ်။ မိမိ Screen Recorder လုပ်ထားတဲ့ဖိုင်တွေလည်း WMVs into AVI, MP4 FLV, and SWF, စသည့်တို့ကိုလည်း convert ပြုလုပ်ပေးနိုင်ပါတယ်။ သူ့မှာနောက်ထပ်ပါဝင်တဲ့ Tools တွေလည်းအများကြီးပါဝင်တာကိုလည်းတွေ့ရမှာပါ။ ဖိုင်ဆိုဒ်ကတော့ 16 MB ရှိပြီး Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် Keygen ဖိုင် ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့ သူများ အောက်မှာ ဒေါင်းလုဒ် ယူနိုင်ပါပြီ။ ![]() |
| Driver Magician 4.81 Full Version Posted: 20 Mar 2016 05:49 AM PDT Driver Magician 4.81 နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်..။ ဒါလေးကတော့ Driver တွေကို Update လုပ်၊ Backup လုပ်၊ Restore လုပ်တဲ့အခါ အင်မတန်အသုံးဝင်တဲ့ Driver ဆော့ဖ်ဝဲ လေးဖြစ်ပါတယ်။ Backup လုပ်ထားတဲ့နေရာမှာ သူ့ရဲ့ ထူးခြားချက်ကတော့ .exe file အနေနဲ့ backup လုပ်ထားနိုင်တဲ့အတွက် ပြန်ပြီး restore လုပ်တဲ့အခါ ဒီ Driver Magician ကို ပြန် install လုပ်စရာတောင် မလိုဘဲ restore လုပ်နိုင်ပါတယ်။ သူလည်း Driver နဲ့ ပါတ်သက်ရင် ဆောင်ထား သင့်တဲ့ ဆော့ဖ်ဝဲ လေးပါပဲ။ ဖိုင်ဆိုဒ်ကတော့ 3.36 MB ရှိပြီး Windows XP/Vista/7/8/8.1/10 (32-bit/64-bit) အထိ အသုံးပြုနိုင်ပါတယ်။ Full Version သုံးရအောင် Keygen ဖိုင်ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့သူများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။ |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |



























































0 comments:
Post a Comment