Related Posts Plugin for WordPress, Blogger...

March 29, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် (ဗဟုသုတ)

Posted: 28 Mar 2016 07:59 PM PDT


ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေကြတဲ့ သူတွေအတွက် အထောက်အကူ ဖြစ်စေမည့် အချက်အလက်လေး တွေပါ။ ဆေးလိပ်ဖြတ်တော့မယ်ဆိုရင် -

၁ - ဆေးလိပ်ဖြတ်တော့မည်ဟု ပြတ်သားသည့် ဆုံးဖြတ်ချက်ချပါ။

၂- ဖြတ်ရသည့်အကြောင်းရင်းကို ချရေးကြည့်ပါ။ အဆိုပါ အကြောင်းအရာများကို နေ့စဉ် ဖတ်ရှုပေးပါ။ ဆေးလိပ်သောက်မိပါက သောက်ပြီးသည်နှင့် ထပ်ဖတ်ပါ။

၃- အိတ်ကလေးတစ်လုံး ဆောင်ထားပါ။ ၎င်းအိပ်ထဲတွင် သကြားလုံး၊ ပူရှိန်း၊ ပီကေ စသည့် အခြားအရာများကို ထည့်သွင်းထားပြီး ဆေးလိပ်သောက်ချင်သည့်အခါတိုင်း ထုတ်စားပါ။

၎ - ဆေးလိပ်သောက်ချင်လာပါက - အသက်ပြင်းပြင်းရှုပါ၊ ရေများများ သောက်ပါ၊ အခြားအကြောင်းအရာများကို စဉ်းစားပါ၊ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်လိုက်ပါ၊ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ပါ။

၅- မိမိမြင်ကွင်းတွင် ဆေးလိပ်နှင့် ပတ်သက်သည့် သဲလွန်စများကို ဖျောက်ဖျက်ပါ။ အမြဲ အလုပ်များအောင်နေပါ။

၆- ဤအချက်ကို ဂရုစိုက်စေလိုပါသည်။ ဆေးလိပ်ပြတ်အောင် လုပ်ဆောင်နေသော်လည်း တစ်ခါတစ်ရံ ဆေးလိပ်သောက်သုံးသူများ၊ ဆေးလိပ်သဲလွန်စများ တွေ့ရှိပါက မိမိစိတ်ထဲတွင် "တစ်လိပ်တည်း သောက်တာပါ" ဆိုသည့် စကားအမြဲတမ်း (ဆေးလိပ် မပြတ်ခင်) ပေါ်လာတတ်သည်။ ထိုအခါ "မဟုတ်ဘူး၊ ငါဟာ ဆေးလိပ်ဖြတ်နေတဲ့ လူတစ်ယောက်" ဟု စသည်မျိုး ပြန်ပြောပါ။

Ref : healthdigezt
Download Wun Zinn
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





ကျောင်းသားတိုင်းသိထားသင့်တဲ့ Google Tips and Tricks

Posted: 28 Mar 2016 08:34 PM PDT

 အထက်တန်းကျောင်းသားတွေပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းသားတွေပဲဖြစ်ဖြစ် Google က အဓိကကျတဲ့ သင်ကြားရေး အထောက်အကူတစ်ခု ဖြစ်လာပါပြီ။ ကျောင်းသားတွေအတွက် အသုံးဝင်တဲ့ Google Tips and Tricks များကို မျှဝေလိုက်ပါတယ်။

သင်သိချင်တဲ့ အကြောင်းအရာ အတိအကျကို လျှင်မြန်စွာရှာပါ။

လူတိုင်းက Google Search ကို အသုံးပြုတတ်ပါတယ်။ ဒါပေမယ့် Google Search ကို ထိရောက်စွာ အသုံးပြုတတ်သူရှားပါး ပါတယ်။

၁. တိကျပါ။
ဝက်ဆိုက်တစ်ခုထဲက ဆောင်းပါးတစ်ခုကိုရှာမယ်ဆိုရင် site: " website URL" ရှာဖွေသည့်စကားစုကို အသုံးပြုပါ။ စာရေးဆရာနာမည်နဲ့ ရှာနိုင်ဖို့ author: "name" လို့ရိုက်ရှာနိုင်ပါတယ်။ ဆောင်းပါးရဲ့ ခေါင်းစီး ကို ရှာဖွေချင်ရင် intitle: "word" လို့ရှာဖွေပါ။

၂.ဖော်မက်
Filetype: "jpg or other extension" လို့ရိုက်ပြီး ဖိုင်ဖော်မက် အလိုက် ရှာဖွေပါ။

၃.ရှာဖွေမှုကို တိုးချဲ့ပါ။
(*) Asterisk ကို Wildcard Search Operator လိုအသုံးပြုပြီး Google ကို ကွက်လပ်ဖြည့်ခိုင်းလို့ရပါတယ်။ ဥပမာအားဖြင့် Thomas Edison invented * လို့ရိုက်လိုက်ရင် Thomas Edison တီထွင်ခဲ့တာတွေကို Google က ပြသပေးပါလိမ့်မယ်။

Site operator ကို အသုံးပြုတဲ့နေရာမှာ အခြားအသုံးပြုနည်းတွေရှိပါတယ်။ site:edu လို့ရိုက်ရှာရင် ပညာရေးနဲ့ သက်ဆိုင်တဲ့ ဝက်ဆိုက်တွေကိုပဲပြပေးပါလိမ့်မယ်။ site:edu advanced chemistry exams လို့ရိုက်ရှာခြင်းဖြင့် chemistry စာမေးပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပညာရေး ဝက်ဆိုက်တွေမှာ ရှာဖွေပေးပါလိမ့်မယ်။ Site Operator နဲ့ Filetype Operator တို့ကို ပေါင်းစည်းပြီးတော့ စာမေးပွဲအတွက်လိုအပ်တဲ့ eBook တွေရှာဖွေနိုင်ပါတယ်။ Google Search Operator တွေကို Google Help Page မှာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Google က Advanced Operators တွေကို ပြုလုပ်ပေးထား ပါတယ်။ History / Politics ကျောင်းသားတွေက site:gov ကို အသုံးပြုနိုင်ပါတယ်။

Related: operator ကို အသုံးပြုပြီး ဆင်တူတဲ့ ဝက်ဆိုက်တွေကို ရှာနိုင်ပါတယ်။ ဥပမာ အားဖြင့် related:www.thatantoeaung.com လိုရှာရင် သန်းတိုးအောင် ဝက်ဆိုက် နဲ့ ဆင်တူတဲ့ ဝက်ဆိုက်တွေကို ပြပေးပါလိမ့်မယ်။

သင့်ရဲ့ ဆရာ က အချို့သော ဝက်ဆိုက်တွေကို အသုံးပြုခွင့်မပေးဘူးဆိုရင် minus sign ကို အသုံးပြုပြီး အဲဒီဝက်ဆိုက်တွေကို ရှောင်ရှားနိုင်ပါတယ်။ ဥပမာအားဖြင့် encryption – site:Wikipedia.org လို့ရိုက်ရှာရင် encryption နဲ့ ပတ်သက်တဲ့ ဝက်ဆိုက်တွေကို ရှာပေးမှာဖြစ်ပေမယ့် Wikipedia ဝက်ဆိုက်ကိုတော့ ပြသပေးမှာမဟုတ်ပါဘူး။ အဓိပ္ပါယ် နှစ်မျိုးရှိတဲ့ စကားလုံးတစ်ခုကိုရှာဖွေတဲ့အခါမှာ တစ်မျိုးကိုရှောင်ရှားချင်ရင်လည်း အသုံးဝင်ပါတယ်။ ဥပမာ jaguar – car လို့ရှာခြင်းဖြင့် ကားတွေကို ရှာဖွေခြင်းမပြုတော့ဘဲ အခြားအဓိပ္ပါယ် များကိုသာရှာဖွေပေးပါလိမ့်မယ်။

အထက်ပါ Operators တွေကို ပေါင်းစပ်ပြီးအသုံးပြုနိုင်ပါတယ်။

စကားလုံးတစ်ခုရဲ့ Definition ကို သိနိုင်ဖို့ define "word" လို့ ရိုက်ရှာပါ။

Google ကို သင်္ချာတွက်ခိုင်းလို့ရပါသေးတယ်။ Google Search မှာ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား စတဲ့ Operator တွေကို အသုံးပြုနိုင်ပါတယ်။ 7% of 1543 , 2*3*7 စတာတွေအပြင် Advanced Opetators တွေများစွာရှိပါတယ်။ ဒါ့အပြင် ယူနစ် ပြောင်းလဲမှု တွေကို လည်း ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် 50 feet လို့ရိုက်လိုက်တာနဲ့ အခြားယူနစ် တွေကို Google က ပြပေးပါလိမ့်မယ်။

Google ကို ကွက်လပ် ဖြည့်ခိုင်းလို့ရပါသေးတယ်။ Martin Luther King Jr. was born on လို့ရိုက်လိုက်ရင် January 15 1929 လို့ ပြပေးပါလိမ့်မယ်။



Google Now အတွက် Pro Tips ( ၈ ) ခု

Posted: 28 Mar 2016 08:31 PM PDT


Google , Apple နဲ့ Microsoft တို့က သူတို့ရဲ့ စမတ်ဖုန်းများမှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်များကို ထည့်သွင်းပေးထားကြပြီး အချိန်နဲ့အမျှ စွမ်းဆောင်ရည်မြင့်မားအောင် တီထွင်ပေးနေပါတယ်။ Android Device များမှာ Google Now ပါရှိပြီး သင့်ရဲ့ နေ့စဉ်လူမှုဘ၀များမှာ သူက သင့်ရဲ့ လက်ထောက်တစ်ယောက်အဖြစ် အကူအညီပေးနေမှာဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုက Google Now ရဲ့ အသုံးဝင်ပုံများကို နက်နက်ရှိုင်းရှိုင်း သိရှိခြင်းမရှိကြပါဘူး။ ဒီ Tutorial မှာတော့ Google Now ကို အကောင်းဆုံး အသုံးချနိုင်မယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကောင်းမွန်စွာ Set Up လုပ်ပါ။
Google Now ကို အသုံးမပြုမီမှာ မှန်ကန်သင့်တော်စွာ Set Up လုပ်ထားရမှာပါ။
ပထမဆုံး Google Now ကို ဆင့်ခေါ်တဲ့ Command ဖြစ်တဲ့ " OK Google " ကို နေရာတိုင်းကနေ ပြောဆိုနိုင်အောင် လုပ်ရမှာပါ။ မူလအားဖြင့်တော့ Voice Search or Google Now or Google App ကို ဖွင့်ထားချိန်မှာ " OK Google " လို့ ပါးစပ်က ရွတ်ဆိုမှသာ Google Now ကို ဆင့်ခေါ်နိုင်တာပါ။ အခြား Apps များကို ဖွင့်ထားချိန်၊ Home Screen မှာ ရှိနေချိန်၊ Lock ဖြစ်နေချိန်မှာ ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်နိုင်ဖို့အတွက် Voice Search or Google App ကိုဖွင့်ပြီး ဘယ်ဘက်ထိပ်မှ Menu ကို နှိပ်ပါ။ Settings> Voice> " OK Google " detection မှာ Switch အားလုံးကို On ပေးပါ။
1
ပြီးရင်တော့ သင့်ရဲ့ အသံကို Google Now က မှတ်မိစေဖို့ " Ok Google " လို့ သုံးကြိမ်ရွတ်ဆိုရမှာပါ။
ပြီးရင် Settings> Voice> Offline speech recognition ထဲသွားပြီး သင်အသုံးပြုချင်တဲ့ ဘာသာစကားများကို ဒေါင်းလုပ်လုပ်ပါ။ ဒီလို လုပ်ထားရင် အင်တာနက် မရှိချိန်မှာပါ ကိုယ်ရေးလက်ထောက်ကို အသံဖြင့် ခိုင်းစေနိုင်မှာပါ။
သင့်ရဲ့ တည်နေရာအား Google ကို ခြေရာခံခွင့်ပေးမယ်ဆိုရင် ဒီထက်ပိုတဲ့ စွမ်းဆောင်ချက်များကို အသုံးပြုနိုင်မှာပါ။ Google Settings App ကိုဖွင့်ပါ။ Location မှာ On ပေးပါ။ အောက်ခြေမှ Google Location History ထဲသွားပြီး On ပေးပါ။
ပြီးရင်တော့ Google App ကိုဖွင့်ပြီး Menu ကနေ Customize ထဲသွားပါ။ အဲဒီမှာ သင့်ရဲ့ နေအိမ်နဲ့ အလုပ်ရဲ့ လိပ်စာများကို ထည့်သွင်းထားနိုင်ပြီး Google Now ကနေ တည်နေရာအခြေပြု Reminder များကို မှတ်သားနိုင်မှာပါ။ နောက်ပြီး ရုံးမှ အိမ်၊ အိမ်မှ ရုံးသို့ သွားရာလမ်းတစ်လျှောက်မှာလည်း သတင်းအချက်အလက်များကို ရရှိမှာပါ။ သင်နှစ်သက်တဲ့ အားကစားအသင်း၊ အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များစတဲ့ တည်နေရာ အခြေပြု သတင်းအချက်အလက်များကို Google Now Card များကနေ ရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Google Now Card ကို အသုံးပြုလို့မရသေးပါဘူး။ Customize ထဲ ၀င်လို့မရဘဲ မှိန်နေတာကို တွေ့ရပါတယ်။
၂။ Google Now Voice Commands များကို လေ့လာပါ။
Google Now ကို အသံဖြင့် ခိုင်းစေနိုင်တဲ့ Voice Commands များစွာရှိပါတယ်။ အဲဒီ Voice Coammands များကို လေ့လာထားရင် Google Now ကို ပိုမို ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး Google Now Voice Commands များကို အောက်ပါ လင့်မှ လေ့လာပါ။
https://www.androidpit.com/google-now-commands-how-many-do-you-know
2
၃။ တည်နေရာအခြေပြု Reminders များ ပြုလုပ်ပါ။
နေရာဒေသတစ်ခုသို့ ရောက်ရှိချိန်မှာ ပြုလုပ်ရမယ့် အလုပ်ကို Google Now က သင့်အား သတိပေးနိုင်ပါတယ်။ တည်နေရာအခြေပြု Reminder များပြုလုပ်တာဖြစ်ပါတယ်။ ဥပမာအားဖြင့် Shopping Center ရောက်ချိန်မှာ ၀ယ်ယူရမယ့် စာရင်းကို အသိပေးခြင်း၊ နေအိမ်ပြန်ရောက်ချိန်မှာ မီးဖိုကို ဖွင့်ဖို့ အသိပေးခြင်း စတာတွေဖြစ်ပါတယ်။ ဒီစွမ်းဆောင်ချက်ကိုလည်း Google Now Card အသုံးပြုနိုင်တဲ့ နိုင်ငံများမှာသာ ရရှိနိုင်ပါသေးတယ်။
3
၎။ Follow-Up Questions များကို မေးပါ။
ကိုယ်ရေးလက်ထောက်က Follow-Up Questions များကို ဖြေဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် " How large is California? " လို့ မေးပြီးနောက် " How many people live there? " လို့ ဆက်စပ်မေးမြန်းနိုင်ပါတယ်။ ကိုယ်ရေးလက်ထောက်က there ဟာ California ကို ရည်ညွှန်းတာဖြစ်ကြောင်း သိရှိပါတယ်။
4
၅။ Apps များကိုဖွင့်ပါ။
ကိုယ်ရေးလက်ထောက်ကို Apps များဖွင့်ဖို့ ခိုင်းစေနိုင်ပါတယ်။ ဥပမာအားဖြင့် " Open Facebook " လို့ ပြောလိုက်တာနဲ့ Facebook ကိုဖွင့်ပေးမှာပါ။
5
၆။ Relationship များကို သတ်မှတ်ပါ။
Google Now က သင့် Contacts ထဲမှ ဘယ်သူဟာ သင့်ရဲ့ အမေ၊ အဖေ၊ ခင်ပွန်း၊ မိန်းမ ဖြစ်တယ်ဆိုတာ မှတ်သားထားနိုင်ပါတယ်။ Google Now ကို ဆင့်ခေါ်ပြီး " Shwe Yee is my wife. " လို့ ပြောပါ။ " Call my wife." လို့ နောက်ပိုင်းမှာ ပြောလိုက်တာနဲ့ Shwe Yee ကို ဖုန်းခေါ်ပေးမှာပါ။
၇။ Shazam အစားအသုံးပြုပါ။
အနားမှာ ဖွင့်ထားတဲ့ သီချင်းတစ်ပုဒ်ရဲ့ သတင်းအချက်အလက်ကို သိချင်ရင် အရင်တုန်းက Shazam လို့ ခေါ်တဲ့ Android App ကို အသုံးပြုရပါတယ်။ အခုတော့ Shazam အစား Google Now ကို အသုံးပြုနိုင်ပါပြီ။ " What song is playing? " လို့ ပြောလိုက်တာနဲ့ ကိုယ်ရေးလက်ထောက်က ဖွင့်ထားတဲ့ သီချင်းရဲ့ သတင်းအချက်အလက်များကို ပြောပြမှာပါ။
၈။ ဘာသာစကားများစွာ အသုံးပြုပါ။
သင်ဟာ ဘာသာစကားနှစ်ခုကို တတ်ကျွမ်းသူ သို့မဟုတ် နိုင်ငံရပ်ခြားသွားတဲ့ အချိန်မျိုးမှာ ကိုယ်ရေးလက်ထောက်ကို သင်တတ်ထားတဲ့ ဘာသာစကားအားလုံးနဲ့ ခိုင်းစေနိုင်အောင် ပြုလုပ်ထားပါ။ Google App ကိုဖွင့်ပြီး Menu ကနေ Settings> Voice> Languages ထဲသွားပြီး ဘာသာစကားများစွာကို ရွေးချယ်ပေးပါ။

Oil hunt [36.7 MB] [apk] [Game]

Posted: 28 Mar 2016 07:32 PM PDT

Oil hunt

Download Oil hunt Android free game.
Android 4.0 and higher. v1.0 
[36.7 MB]

[apk]
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ငါးဖမ်း ဂိမ်းလေး ပါ [57.9 MB] [apk]

Posted: 28 Mar 2016 07:28 PM PDT

Fisherman Fisher

Download Fisherman Fisher Android free game.
Android 4.0 and higher. v1.1.0 
[57.9 MB]

[apk]

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >





Clash of crime: Mad San Andreas (Game 57mb)

Posted: 28 Mar 2016 07:26 PM PDT

Clash of crime: Mad San Andreas
Download Clash of crime: Mad San Andreas Android free game.
Get full version of Android apk app Clash of crime: Mad San Andreas for tablet and phone.
Screenshots of the Clash of crime: Mad San Andreas for Android tablet, phone.
Android 4.0 and higher. v1.0 
[57.9 MB]

[apk]
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Root လုပ်ထားပြီးသား ဖုန်းများ၏ SD Card ကို အကောင်းဆုံးသန့်ရှင်းရေးလုပ်ပေးနိုင်တဲ့-SD Maid - System Cleaning Tool Pro v4.0.11 APK For Android

Posted: 28 Mar 2016 06:14 PM PDT

Android ဖုန်းကိုင်ထားသူများအတွက်ဆောင်းထားသင်တဲ့ Application ထဲမှာ ဒီကောင်းလည်းပါတယ်ဗျာ။ ဒီကောင်းကတော့ Android Root လုပ်ပြီးဖုန်းကိုင်ထားဘော်ဒါတို့အတွက် SD ကပ်ဒ်ကို သန့်ရှင်းရေးလုပ်ပေးနိုင်တဲ့ cleaner ဖြစ်ပါတယ်။ကျွန်ပျူတာနဲ့ချိတ်ဆက်လိုက်ပြီးဆိုရင် မိမိ၏ SD ကပ်ဒ်က အလိုလို သုံးမရသလိုလိုဖြစ်သွားတွေရှိတယ်။ ဒီလို့ဖြစ်နေတဲ့အခါတွေမှာဒီကောင်းနဲ့ ပေါ့ပါးပြီး Memory အားကောင်းလာအောင်အသုံးပြုနေချင်ရင်တော့ ဒီဆာ့ဝဲလေးကိုသာကိုဆောင်းထားလိုက်ပါဗျာ။ ဒီကောင်းလေးကိုတော့ Android OS အားလုံးမှာသုံးနိုင်ပြီး ဖိုင်းဆိုဒ်ကတော့ 5.24MB ဖြစ်ပါတယ်။





 



Lenovo A1000T-A412 Firmware

Posted: 28 Mar 2016 04:35 AM PDT


Cbox မှာ လာတောင်းထားတဲ့ မိတ်ဆွေအတွက် ရှာဖွေ တင်ပေးလိုက်ပါပြီ.. နောက်ဆုံးက ဂဏန်းတွေကတော့ မကိုက်ဘူးခင်ဗျာ..

Firmware တင်တဲ့အခါ ကိုယ့်ဖုန်းက LCD ဖွေးနေတာမျိုးမဟုတ်ရင် Sp Flashtool မှာ Uboot ဘေးကအမှန်ခြစ်လေးကို ဖြုတ်ပြီးမှ တင်ဖို့ အကြံပေးပါရစေ..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Lenovo A100T-A412_01_24_130329 CN : 461 Mb

MpFirmware Download Link

Drive Download Link



Samsung Galaxy Ace 4 Official Firmware

Posted: 28 Mar 2016 04:30 AM PDT


Samsung Galaxy Ace 4 Official Firmware တွေ့လာလို့ ပြန်လည်မျှဝေလိုက်ပါတယ်.. လိုချင်တဲ့သူ အလွယ်တကူရနိုင်အောင်လို့ပါ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Samsung Galaxy Gear 2 (SM-R380) (R380XXU0BNE5) (THL) Official Firmware

Posted: 28 Mar 2016 04:28 AM PDT


Samsung Galaxy Gear 2 (SM-R380) (R380XXU0BNE5) (THL) Official Firmware လိုချင်တဲ့ မိတ်ဆွေများအတွက် Thai Region လေးတွေ့လာလို့ ပြန်လည်မျှဝေလိုက်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


iPhone 6 ကို ပွက်ပွက်ဆူနေသော ကိုကာကိုလာထဲသို့ ထည့်လိုက်သည့်အခါ ဘာဖြစ်သွားသလဲ

Posted: 28 Mar 2016 04:25 AM PDT



YouTube တွင် နာမည်ကျော်ကြားသူ ယူကရိန်းနိုင်ငံသား TechRax သည် ကိုကာကိုလာကို ပွက်ပွက်ဆူအောင် တည်ထားသော ဒယ်အိုးထဲသို့ iPhone 6 အသစ်စက်စက်ကို ပစ်ချ၍ စမ်းသပ်ခဲ့သည်။
ထိုသို့ထည့်သွင်းပြီးနောက် ဖုန်း၏အရာဝတ္ထုများသည် ဖြည်းညင်းစွာ အရည်ပျော်သွားခဲ့သည်။






"အခုစမ်းသပ်မှု ရလဒ်ကြောင့် ကျွန်တော့်အိမ်မှာ ၂ နာရီလောက် မီးခိုးအနံ့တွေ စွဲသွားပါတယ်။ ဒီနည်းလမ်းကို အိမ်မှာ မစမ်းသပ်ဖို့ အကြံပေးချင်ပါတယ်" ဟု TechRax နည်းပညာသလော့ဂါက YouTube တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းဗီဒီယိုကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က တင်ခဲ့ပြီးနောက် YouTube တွင် ကြည့်ရှုသူ ၁.၈ သန်းကျော်အထိ ရှိလာသည်။ ထို့အပြင် TechRax သည် iPhone 6 ကို ကြက်ဆင်တစ်ကောင်အတွင်း ထည့်သွင်းကာ ကင်ပြခဲ့သလို power tool တစ်ခုဖြင့်လည်း iPhone 6 တွင် အပေါက်တစ်ခု ဖောက်ပြခဲ့ဖူးသည်။

Credit internetjournal
သီဟထိုက်(ဆွေသဟာMobile)
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Snapdragon 820 ချစ်ပ်ပါဝင်သည့် OnePlus 3 ကို ဧပြီ ၇ ရက်တွင် မိတ်ဆက်မည်

Posted: 28 Mar 2016 04:13 AM PDT

 
အထင်ကရ စမတ်ဖုန်းဖြစ်သည့် Mi 5 ကို မိတ်ဆက်ပေးခဲ့ပြီးနောက် ပြိုင်ဘက် OnePlus ကလည်း ၎င်း၏ အထင်ကရ စမတ်ဖုန်းသစ်ကို မိတ်ဆက်ရန် စီစဉ်လျက်ရှိသည်။ ကုမ္ပဏီအနေဖြင့် OnePlus 3 စမတ်ဖုန်းကို ဧပြီလ ၇ ရက်တွင် ဘေကျင်းမြို့ရှိ ပွဲတစ်ခု၌ မိတ်ဆက်ပေးဖွယ်ရှိသည်။

OnePlus မှ အသစ်ဖြန့်ချိမည့် စမတ်ဖုန်း၏ အသေးစိတ်အချက်အလက်ကို bench marking app AnTuTu ပေါ်တွင် OnePlus A300 အနေဖြင့် တွေ့ရှိခဲ့ရကြောင်း၊ တရားဝင် အတည်ပြုချက်များ မရှိသေးသော်လည်း ဖော်ပြထားသော အသေးစိတ်အချက်အလက်များအရာ ၎င်းကို OnePlus 3 အဖြစ် အလွယ်တကူသတ်မှတ်နိုင်ကြောင်း နည်းပညာသတင်းဝက်ဘ်ဆိုက်ဖြစ်သော GizmoChina ၏ ဖော်ပြခဲ့သည်။

OnePlus 3 တွင် Qualcomm ၏ Snapdragon 820 ပရိုဆက်ဆာနှင့် Adreno 530 GPU တို့ပါဝင်ပြီး 4GB RAM နှင့် 32GB internal storage ထောက်ပံ့ပေးထားကြောင်း၊ ၎င်းတွင်ပါဝင်သည့် ၅.၅ လက်မ Full HD display ၏ pixel သိပ်သည်းဆက 400ppi ဖြစ်ကြောင်း အထက်ပါ နည်းပညာသတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ စမတ်ဖုန်းသစ်တွင် Android Marshmallow ကိုအခြေခံထားသော Oxygen OS ကို အသုံးပြုထားပြီး ကင်မရာအနေဖြင့် ကျောဘက်တွင် 16MP ကင်မရာနှင့် အရှေ့ဘက်တွင် 8MP ကင်မရာတို့ကို အသုံးပြုထားကြောင်း ဆိုသည်။

Ref: TimesOfIndia
သီဟထိုက်(ဆွေသဟာMobile)
www,thihahtike.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဝန်ထမ်း ငါးဦးလျှင် တစ်ဦးမှာ လုပ်ငန်းခွင်သုံး password များကို ရောင်းချလိုဟု စစ်တမ်းတစ်ခုတွင် ဖော်ပြ

Posted: 28 Mar 2016 04:12 AM PDT




တက္ကဆက်စ် ပြည်နယ်အခြေစိုက် အော်စတင်မြို့ရှိ လုံခြုံရေးကုမ္ပဏီ SailPoint မှပြုလုပ်သော သုတေသနအရ ဝန်ထမ်း ၅ ဦးလျှင် ၁ ဦးမှာ ငွေကြေးအတွက်ဖြင့် လုပ်ငန်းခွင်သုံး password များကို ရောင်းချနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် မေးခွန်းများကို ဖြေကြားခဲ့သူ ၄၄ ရာခိုင်နှုန်းသည် ကန်ဒေါ်လာ ၁၀၀၀ ထက် မနည်းသော တန်ဖိုးဖြင့် ၎င်းတို့၏ password များကို ရောင်းချမည်ဖြစ်ကြောင်း သဘောတူညီစွာ ဖြေဆိုခဲ့ကြသည်။ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် အသုံးပြုသော password များသည် လုံခြုံမှုမရှိသလို ၎င်း password များကို ရောင်းချလိုသည့် အကျင့်တရားများ ရှိကြကြောင်း ညွှန်ပြနေသည်။ ဝန်ထမ်းသုံးပုံနှစ်ပုံက လုပ်ဖော်ကိုင်ဖက် များနှင့်အတူ password များနှင့် ထောက်ခံချက်များ (credentials) ကိုဝေမျှ လျက်ရှိကြောင်း ဝန်ခံထားပြီး ၁၆ ရာခိုင်နှုန်းက ထောက်ခံချက်များ အားလုံးကို password တစ်ခုတည်းဖြင့် အသုံးပြုကြောင်း ပြောကြားထားကြသည်။

ထို့အပြင် ကုမ္ပဏီများသည် ဝန်ထမ်းများ ရုံးဆင်းခွင့်ပေးပြီး နောက်တံခါးများကို လုံခြုံစွာထိန်းသိမ်း နိုင်ခြင်းမရှိပေ။ ၄၂ ရာခိုင်နှုန်းသော မေးခွန်းများကို ဖြေကြားသူများက ရုံးဆင်းပြီးနောက် cor-porate account များနှင့် အချက်အလက်များကို အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

Ref: TheNextWeb

သီဟထိုက်(ဆွေသဟာ Mobile)
www.thihahtike.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



နာမည်ကြီး vRoot ခေါ် iRoot ဗားရှင်းသစ် iRoot_1.8.7.20375 Download

Posted: 28 Mar 2016 03:52 AM PDT



Root Tool တွေထဲမှာ နာမည်ကြီး vRoot ခေါ် iRoot ကတော့ နောက်ထွက်လာတဲ့ Android Smartphone အမျိုးအစားအသစ်တွေအတွက်၊ System အသစ်တွေအတွက် အဆင်ပြေအောင် ဗားရှင်းသစ်ကို ထုတ်ပေးလိုက်ပါတယ်.. error တွေ Bug ကို ရှင်းလင်းပေးထားပြီး နောက်ထွက်လာတဲ့ Android စနစ်တွေကို အဆင်ပြေအောင် Root ဖောက်ပေးနိုင်ပါလိမ့်မယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



iRoot_1.8.7.20375.exe : 29.4 Mb

Mediafire Download Link

pCloud Download Link



ကွန်မန်ဒို အက်ရှင်ဂိမ်းကောင်းလေး - Fusion War APK MOD High Damage + Health

Posted: 28 Mar 2016 03:01 AM PDT


                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

ဖုန်းမှာ Music တွေကိုအသံပါဝါကောင်းကောင်းနဲ့နားဆင်နိုင်မယ့် - Just Music Player Pro v5.72 Apk

Posted: 28 Mar 2016 02:49 AM PDT

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

နတ်ဘုရား နဲ့ လူသားမျိုးနွယ် တိုက်ခိုက်ရမယ့်ဂိမ်းကောင်းလေး- Dawn of Titans v1.6.11 Apk

Posted: 28 Mar 2016 02:41 AM PDT

apk download

Download APK   | OBB:   PArt1   PArt2   PArt3   PArt4

                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

ဘောလုံး Skill ပြဆော့ကစားရမယ့်ဂိမ်းကောင်းလေး - Urban Soccer Challenge Pro v1.02 Apk -No Ads

Posted: 28 Mar 2016 02:26 AM PDT

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

YouTube ထဲ့မှာရှိတဲ့ Video File အားလုံးကို Mp4 နှင့် Mp3 အလွယ်တကူ ရှာဖွေဒေါင်းယူနိုင်မယ့် SanpTube v4.2.0.8265 Apk

Posted: 27 Mar 2016 11:28 PM PDT





YouTube ထဲမှာရှိတဲ့ Video File အားလုံးကို Mp4 နှင့် Mp3 အလွယ်တကူ ရှာဖွေဒေါင်းယူနိုင်တဲ့ ဒီနေ့ မှ Update လုပ်ပေးလိုက်တဲ့ SanpTube v4.2.0.8265 ဖြစ်ပါတယ်။ YouTube မှ ဗီဒီယိုဖိုင်များသာမက အခြားသော Website များမှ ဗီဒီယိုဖိုင်များလည်းရှာဖွေပြီး Download Key အားနှိပ်၍ ကြိုက်နှစ်သက်ရာ Format ဖြင့် Mp3 Mp4 နှစ်မျိုးလုံးလွယ်ကူစွာနဲ ဒေါင်ယူနိုင်သလို့ ကြည့်ရှု၍လည်းရမည်ဖြစ်ပါတယ်။
ယခုထွက်ဗားရှင်းအသစ်တွင် ဗီဒီယိုဖိုင်များကိုဒါင်းလုတ်ဆွဲရတာပိုမိုမြန်ဆန်လာပြီး ဖက်ရှင်သစ်တွေလည်းပြောင်းလဲလာတာကိုတွေ့ ရမှာပါ။ နမူနာပုံလေးတွေပြထားတာ ကြည့်ပြီးရင် သဘောကျသွားပါလိမ့်မယ်။ ဗီဒီယိုတွေဒေါင်းယူချင်တဲ့ မိုဘိုင်း User များတွက် Application ကောင်းတစ်ခုပါဘဲAndroid OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen Shoot




Download From Here 


Download From Here 


     အဆင်ပြေကြပါစေ။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဓာတ်ပုံနှင့် ဗီဒီယိုတွေကို အလှပဆုံးနှင့် ကြည့်ကြည့်လင်လင်ဖြစ်အောင် အကောင်းဆုံးရိုက်ပေးနိုင်မယ့် B612 v4.7.0 Apk

Posted: 27 Mar 2016 11:24 PM PDT





Android OS နှင့် Tablet  ချစ်သူများအတွက် မိမိ ဖုန်းထဲ့မှာ  ဓာတ်ပုံနှင့် ဗီဒီယိုတွေကို အလှပဆုံးနှင့် ကြည့်ကြည့်လင်လင်ဖြစ်အောင် အကောင်းဆုံးရိုက်ပေးနိုင်မယ့်  B612 v4.7.0 Apk လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေးကို  နိုင်ငံတကာမှာ လူသုံးအများဆုံး ဓာတ်ပုံနှင့် ဗီဒီယိုအတိုလေးတွေကို အလှပဆုံးရိုတ်ကူနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။
ဓာတ်ပုံရိုတ်တဲ့အခါမှာ ပုံရိပ်များကို အကြည့်လင်ဆုံးဖြစ်အောင်ရိုတ်ကူးနိုင်ယုံသာမကဘဲ ထက်သာလွန်တဲ့ ဖက်ရှင်တွေနဲ့ ရိုတ်ကူးနိုင်ပါလိမ့်မယ်။
အထူးသဖြင့် Selfie ရိုတ်လေ့ရှိကြတဲ့ လူပျိုချော အပျိုချောများတွက်အရမ်းကိုအဆင်ပြေစေမှာအမှန်ပါဘဲ..။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen Shoot





Download From Here 


Download From Here 


     အဆင်ပြေကြပါစေ။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဖုန်းထဲ့မှာ ရှိနေသမျှ Antivirus တွေကို Scan ပြီး အပြီး ရှင်းထုတ်ပေးနိုင်မယ့် CTool Antivirus V1.3 Apk

Posted: 27 Mar 2016 11:22 PM PDT




Android OS နှင့် Tablet  ချစ်သူများအတွက် မိမိ ဖုန်းထဲ့မှာ ရှိနေသမျှ Antivirus တွေကို Scan ပြီး အပြီး ရှင်းထုတ်ပေးနိုင်မယ့် CTool Antivirus V1.3 Apk လေး ကို တင်ပေးလိုက်ပါတယ်ဗျာ။
ဒီ  Application  လေးကို တော်တော်များ မသုံးဖူးကြသေလို့လား မသိဘူး  တကယ်ကောင်းလွန်းလို့ ပြန်တင်ပေးလိုက်ရတာပါ။ကိုယ့်သုံးမယ့် Apps တွေထဲမှာ Virus တွေရှိနေခဲ့ရင် Scan ကိုနှိပ်လိုက်ပါ တစ်ခါတည်းရှာဖွေပေးပြီး ရှင်းထုတ်ပေးပါလိမ့်မယ်။
ဖုန်းထဲကို နောက်ထပ်ထည့်မည့် Apps တွေမှာလည်း Virus တွေရှိနေရင် Install လုပ်လိုက်တာနဲ့ တစ်ခါတည်းစစ်ဆေးပေးပါလိမ့်မယ်။ အသုံးပြုရလည်း တကယ်ကောင်းပါတယ်။ 
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen Shoot



Download From Here 


Download From Here 


     အဆင်ပြေကြပါစေ။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



သဘာဝကျကျ လေးနဲ့ မိမိဖုန်းမှာ လိပ်ပြာလေးတွေနဲ့ အလှဆင်နိုင်မယ့် Butterfly Live Wallpaper

Posted: 27 Mar 2016 11:19 PM PDT




Android OS နှင့် Tablet  ချစ်သူများအတွက်  သဘာဝကျကျ လေးနဲ့ 
မိမိဖုန်းမှာ လိပ်ပြာ Live Wallpaper တွေကို အလှဆင်ပြီး ထည့်သွင်းနိုင်မယ့် 
Butterfly Live Wallpaper လေးကို တင်ပေးလိုက်ပါတယ်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ
 Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ
 Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen Shoot




Download From Here 


Download From Here 


     အဆင်ပြေကြပါစေ။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Facebook Version အားလုံးမှာ Video များစွာကို 100% ဒေါင်းယူနိုင်မယ့် Video Downloader 2016 Apk

Posted: 27 Mar 2016 11:16 PM PDT




ဖေ့ဘုတ်သုံး သူငယ်ချင်းတော်တော်များ လိုအပ်တဲ့ Facebook ပေါ်မှ Video များကို ခြွင်းချက်မရှိ 100%ဒေါင်းယူနိုင်မယ့် Video Downloader 2016 Apk လေးအသစ် တစ်ခုတင်ပေးလိုက်ပါ တယ်။ မည်သည့် Facebook Version မှာ မဆိုဒေါင်းယူနိုင် မှာဖြစ်ပါတယ်ဗျာ။ ရိုးရိုးလေးပါပဲ FB Video Downloader လေးနဲ့ဒေါင်းယူရ မှာဖြစ်ပါတယ်ဗျာ။  Video များစွာကို ဒေါင်းရတာလည်း  လုံးဝအဆင်ပြေတာကို တွေ့ရပါတယ်။ လိုအပ်တဲ့သူငယ်ချင်တော့ ဒေါင်းယူနိုင်ပါပြီ။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Screen Shoot







Download From Here 


Download From Here 


Download From Here 


     အဆင်ပြေကြပါစေ။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



0 comments:

Post a Comment