မောင်ပေါက် ( Maung Pauk ) |
- ♪ Hacker တို့၏ထိုးဖောက်နည်းများနှင့် Hacker အန္တရယ်ကာကွယ်နည်းများ ♫
- ♪ အပစ်အခက်ခပ်ကြမ်းကြမ်းများနဲ့ကွန်မန်ဒိုဂိမ်း - Battlefield Combat Nova Nation BFI v2.5.8 Apk + Mod ♫
- Huawei Update MultiLoader Tool နဲ့ Huawei တွေ STEP 2 Fail ကျော်မယ်
- တစ်ကိုယ်တော်ခရီးသွားခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ
- ဖုန်းထဲမှာ မီးခိုးရောင်ရေပုံစံလေးနဲ့ အရမ်းမိုက်တဲ့Wallpaperအသုံးပြုမယ်ဆိုရင် Water Live Wallpaper 1.0.2 APK
- ခေတ်စားနေတဲ့ Online ငွေရှာခြင်း MMM Global အကြောင်း သုံးသပ်ချက်
| ♪ Hacker တို့၏ထိုးဖောက်နည်းများနှင့် Hacker အန္တရယ်ကာကွယ်နည်းများ ♫ Posted: 07 Mar 2016 08:54 PM PST Hacking အကြောင်းကိုစိတ်ပါဝင်စားသူများနဲ့ လေ့လာနေသောသူငယ်ချင်းများအတွက် အသုံးဝင်စေမယ့် စာအုပ်လေးတစ်အုပ်ကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဒီစာအုပ်လေးထဲမှာတကယ့်ကို Hacking ပညာရပ်တွေ ကိုလေ့လာနိုင်မှာဖြစ်ပါတယ်ဗျာ။ Hacking ဆိုတာတနည်းအားဖြင့်တော့ Security လို့ လည်းသတ်မှတ်နိုင် ပါတယ်ဗျာ။ ဒီစာအုပ်လေးကိုတော့ အဆိုးဖက်ကနေမသုံးပဲ မိမိနဲ့ပတ်ဝန်းကျင်အတွက် အကျိုးရှိရှိအသုံး ချနိုင်ပါစေဗျာ။ Credit to ==> နည်းပညာ စာအုပ်များစုစည်းမှု ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Posted: 07 Mar 2016 08:16 PM PST အပစ်အခက်နဲ့ကွန်မန်ဒိုဂိမ်းပုံစံမျိုးကစားချင်သူများအတွက် Battlefield Combat Nova Nation BFI v2.5.8 ဆိုတဲ့ Action Game လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ကစားလို့အဆင်ပြေပြေနဲ့ ကစားနိုင်အောင် Hack ထားပြီး သား Unlimited Money ကိုတင်ပေးထားပါတယ်ဗျာ။ အမိုက်စားသေနပ်ကြီးတွေ ကျည်ဆံတွေ သွေးတွေ ကိုစိတ်ကြိုက်ဝယ်ယူသုံးစွဲပစ်ခက်နိုင်ပါတယ်ဗျာ။ Game ပုံကစတော့ Action Game ဆိုတဲ့အတိုင်းပဲ မျက်စိ ရှင်ရှင်နဲ့ လျှင်လျှင်မြန်မြန်နဲ့ပစ်ခက်ကစားရမှာပေါ့ဗျာ။ အခန်းတွေကလည်းတဆင့်ပြီးတဆင့်အများကြီးကို ပါဝင်နေတာကိုတွေ့ရပါတယ်ဗျာ။ ရုပ်ထွက်နဲ့ အသံပိုင်းဆိုင်ရာမှာလည်း အထူးကောင်းမွန်အောင်ဖန်တီး ထားတဲ့ Game တစ်ခုဖြစ်ပါတယ်ဗျာ။ Apk ကို Install လုပ်ပြီးတန်းကစားနိုင်ပါပြီဗျာ။ နမူနာကြည့်ချင်ရင်တော့ အောက်မှာ Screen Shoot တွေရိုက်ပြ ထားပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Huawei Update MultiLoader Tool နဲ့ Huawei တွေ STEP 2 Fail ကျော်မယ် Posted: 07 Mar 2016 08:47 AM PST Huawei-Update-MultiLoader-Tool နဲ့ Huawei တွေ STEP 2 Fail ကျော်လိုရပါတယ် အခု ခေတ်ထနေတဲ့ G730 C00 ပါ သူကိုသတိထားရမှာက TOol ရဲ့အလုပ်လုပ်ပုံလေးပါ သူက ဖုန်းရဲ့ Build Number ကို သိမှ အဆင်ပြေပါတယ် တင်ကြတာဘဲ Fail ပြလိုက် နောက် လူပိန်းပါဘဲကျွန်တော်လည်းး ပြောရရင် ဖုန်းမှာအဖြူရောင်စာကြောင်းတွေတတ်လာတယ်မလား အဲ့တာ Build Number မကိုက်လို့ပါ။ G730 C00 – B158 ပေါ့ တင်မယ်ဆိုရင် B158 ဘဲ တင်လို့ရပါမည်။ B148 ဆို B148 ပါဘဲနားလည်သဘောပေါက်မယ်ထင်ပါတယ်ပီားမရှင်းပြတတ်လိုပါ။ ပာုတ် Logo လည်နေတယ် ဗျာ ဘယ်လိုကြည့်ရမလည်းပြောပါဦး။ ဖုန်းကို Recovery ၀င်ဗျာ Adb ကနေ adb pull /system/build.prop myanmarxda.prop လိုရောက်ထည့် myanmarxda.prop ဆိုပြီးထွက်လာလိမ့်မယ်။ အဲ့တာကို NotePad ++ နဲဖွင့်အောက်ဆုံးမှာ ဖုန်းရဲ့ Build Number ပါပါတယ်။ အဲ့တာသာကောက်တင်လိုက်ပါ။ Tool ဘယ်လိုအသုံးပြုမလည်း။ Tool ကိုဖွင့် Huawei-Update-MultiLoader-Tool-1.0.0.9.exe Password တောင်းခဲ့ရင် Huawei လိုရိုက် Firmware အကွက်မှာ – UPDATE.APP ကိုရွေး XML မှာ HiSilicon-Huawei-K3V2.xml ကိုရွေး ပြီးတာနဲ့ Next နောက်တစ်ခု Scan Download နောက်ရင် ဖုန်းကိုပါဝါပိတ် Volume up – down – power တွဲနှိပ် ပန်းရောင်မြင်ရင်ပြီဆိုကြိုးထိုး Tool က Scan Download နှိပ် 100 ပြည့်ပြီဆိုရင် အောင်ပါပြီ။ Credit >>> Ko Ye Htut Naung ( Myanmarxda ) , MMAS အဆင်ပြေပါစေ..![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| တစ်ကိုယ်တော်ခရီးသွားခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ Posted: 07 Mar 2016 08:33 AM PST ![]() တစ်ကိုယ်တော်ခရီ အထူးသဖြင့် လူငယ်တွေအတွက်ဆိ အလုပ်ကိစ္စကြောင် . (၁) ဘယ်လိုဦးဆောင်ရ --------------- သင်ဟာ သင့်ဘ၀ဆိုတဲ့ ရုပ်ရှင်တစ်ကားမ ကိုယ့်ကိုကိုယ် တာဝန်ယူရတော့မယ် ကိုယ်ပိုင်ဆုံြး . (၂) သက်တောင့်သက်သာေ --------------- တစ်ကိုယ်တော်ခရီ အတွေ့အကြုံတစ်ခု ကိုယ်ထင်ထားတာနဲ သက်တောင့်သက်သာေ အတွေ့အကြုံကောင် . (၃) တစ်ဦးတည်း သာယာတဲ့အခိုက်အတ --------------- တကယ့်ကို အံ့သြမှင်သက်ဖွယ ဒေသမတူ၊ ယဉ်ကျေးမှုမတူတာေ စိတ်လွတ်ကိုယ်လွ . (၄)ပြဿနာတွေကို ကိုယ်တိုင်ဖြေရှ --------------- နေရာဒေသအသစ်နဲ့ အသားမကျတာတွေ အပြင် တခြားပြဿနာတွေ အမျိုးမျိုးလည်း . (၅) ဘ၀မှာဘာအရေးကြီး --------------- ကျွန်တော်တို့ နေ့စဉ်ဘ၀ထဲဟာ အလုပ်အကြောင်း၊ ငွေအကြောင်း၊ လူတွေရဲ့အမျိုးမ ဇာတ်လမ်းတွေ၊ အတွေးပေါင်းမြော အလုပ်အကြောင်းမေ အခက်အခဲတွေဟာ လွယ်ကူသွားမယ်။ လောကကြီးကို လန်းဆန်းတက်ကြွ . မြန်မာနိုင်ငံအတ စိတ်ဖိစီးမှုတွေက ___________ လင်းထက်မော် (Focus Youth E-magazine) Ref : LH အဆင်ပြေပါစေ.. ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 06 Mar 2016 11:47 PM PST Androidဖုန်းကိုင်ဆောင်သူများအတွက်ခပ်မိုက်မိုက်လေးဖြစ်တဲ့Water Live Wallpaper လေးကိုတင်ပေးလိုက်ပါတယ်။ဒီကောင်းလေးကတော့ အရမ်းမိုက်ပါတယ်။ မီးခိုးရောင်ရေပုံစံလေးနဲ့ပေါ့ဗျာ။ ပင်လယ်ပေါ် ရေလိုင်တွေပုတ်ခပ်နေသကဲ့သို့ မီးခိုးရောင်တွေကလည်း မိမိ၏ live wallpaper လေးမှာ အရမ်းလှမီးခိုးရောင်းပမာ မြင်ရတာတော့ စိတ်ကြည့်နူစရာပဲဗျာ။ထိုအတူပဲ ဖုန်းမျက်နှာပြင်ကို လက်ကလေးနဲ့ပုတ်ခပ်ပြီး ရေလိုင်တွေခုန်နေတဲ့အချိန် ကိုယ်နှလုံးသား ကိုယ်ချစ်ရသူကိုသတိရတာမျိုးဖန်းတီးတတ် Water Drop Live Wallpaper လေးပေါ့။ဒီကောင်းလေး၏ဖိုင်ဆိုဒ်လေးကတော့2.97MB ဖြစ်ပြီး Android OS 2.3 အထက်ရှိဖုန်းများသုံးနိုင်ပါတယ်။To use: Home -> Menu -> Wallpapers -> Live Wallpapers |
| ခေတ်စားနေတဲ့ Online ငွေရှာခြင်း MMM Global အကြောင်း သုံးသပ်ချက် Posted: 06 Mar 2016 11:35 PM PST ![]() ခုတလော Online မှာ ငွေရအလွယ်ဆုံးနဲ့ ခေတ်စားလာတဲ့ MMM Global အကြောင်းကို Dr.Kyaw Zaw Naing သုံးသပ်ထားတာလေး ပြည့်စုံတဲ့အတွက် ပြန်လည် မျှဝေလိုက်ပါတယ်.. - အခုတလော ခေတ်စားနေတဲ့ MMM Global အကြောင်း (အမုန်းခံပြီး) ရေးချင်ပါတယ်။ MMM Global ဆိုတာဘာလဲ။ တစ်ယောက်နဲ့တစ်ယောက် ငွေကြေးဆိုင်ရာ ကူညီတဲ့ system တစ်ခုပါ။ ပထမဦးဆုံး အသင်းဝင်ရမယ်။ နောက်ပြီး တစ်ယောက်ယောက်ကို ကူညီချင်ပါတယ်ဆိုပြီး ကူညီနိုင်တဲ့ငွေကြေးပမာဏကို ပြောပေးရမယ်။ system က တစ်ဖက်မှာ အဲဒီငွေလိုနေသူနဲ့ ချိတ်ပေးမယ်။ အချင်းချင်းလွှဲကြမယ်။ လွှဲပြီးပြီဆိုရင် ကိုယ်ကူညီလိုက်တဲ့ ငွေကြေးပမာနနဲ့တူညီတဲ့ system သုံး အမှတ်တစ်ခုရမယ်။ အဲဒီအမှတ်က ဖြည်းဖြည်းချင်း တိုးလာမယ်။ ကိုယ်ငွေလိုတဲ့အချိန်ရောက်ရင် အဲဒီအမှတ်ပမာဏအတိုင်း အခြားတစ်ယောက်ဆီက အကူအညီပြန်တောင်းနိုင်တယ်။ အဲဒီ system သုံး အမှတ်ကို မြန်မြန်တိုးလာအောင် လုပ်လို့ရတယ်။ mini job လို့ခေါ်တယ်။ social network မှာ MMM Global အကြောင်း share တာ၊ comment ရေးတာလောက်တွေပဲ။ mini job တွေ မှန်မှန်လုပ်ရင် တစ်လကို တစ်ရာရာခိုင်နှုန်း တိုးမယ်။ တွက်ကြည့်ရင် စစချင်း ၁၀၀၀ ကူညီလိုက်မယ်ဆိုရင် အမှတ် ၁၀၀၀ ရမယ်။ mini job မှန်မှန်လုပ်ရင် လကုန်တဲ့အခါမှာ အမှတ် ၂၀၀၀ ဖြစ်လာမယ်။ ငွေ ၂၀၀၀ ကို တစ်ခြားသူတစ်ယောက်ဆီက အကူအညီတောင်းလို့ရပြီ။ ပိုက်ဆံရပြီဆိုရင် ကိုယ်ဝမ်းသာကြောင်း စာတင်ပေးရတယ်။ Letter of happiness လို့ခေါ်တယ်။ တစ်ယောက်နဲ့တစ်ယောက် ငွေကြေးလွှဲတဲ့အခါ Bitcoin ဆိုတဲ့ အင်တာနက်ငွေကြေးကိုသုံးတယ်။ (Bitcoin အကြောင်း အကျယ်ချဲ့မရေးတော့ပါ။) နောက်တစ်ခုက ကိုယ့်အောက်ကလူတွေ။ လူသစ်တွေကို ကိုယ့်ရဲ့ကြီးကြပ်မှုနဲ့ အသင်းဝင်ခိုင်းလို့ရတယ်။ အဲဒီလို ဝင်ပြီးပြီဆိုရင် သူတို့တွေ ပေးနေ ယူနေတဲ့ ငွေပမာဏတွေရဲ့ ပမာဏတစ်ခုကို ကိုယ်ကရနေမယ်။ ဒါက MMM Global ဘယ်လိုအလုပ်လုပ်လဲဆိုတာ နားလည်လွယ်အောင် ရေးထားတာပါ။ အခုဆက်သွားမှာက MMM Global အကြောင်း လူတွေဘာပြောနေကြသလဲဆိုတာ။ အင်တာနက်မှာ ရှာကြည့်ရင် မကောင်းကြောင်းရေးထားတာကော၊ ကောင်းကြောင်းရေးထားတာတွေကော တွေ့ရပါလိမ့်မယ်။ အင်တာနက်စွယ်စုံကျမ်း Wikipedia ကတော့ MMM Global ကိုကော MMM Global တည်ထောင်သူကိုကော မကောင်းတဲ့အကြောင်းတွေ ရေးထားတယ်။ ဒါဖြင့်ရင် MMM Global အကြောင်း ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားကြည့်ကြပါမယ်။ နံပါတ်တစ်ကတော့ အဲဒီပိုက်ဆံတွေ ဘယ်ကလာနေသလဲဆိုတာပါပဲ။ လအစမှာ ၁၀၀၀ ရင်းလိုက်မယ်။ လကုန်ရင် ၂၀၀၀ ရမယ်။ အဲဒီပိုက်ဆံ ၁၀၀၀ က ဘယ်ကပိုလာတာလဲ။ MMM ဟာ ဘဏ်မဟုတ်ဘူး။ အတိုးအနေနဲ့ ရှိနေမှာမဟုတ်ဘူး။ HYIP မဟုတ်ဘူး။ (HYIP ဆိုတာ အလွယ်ပြောရရင် အမြတ်များများရတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ဆိုလိုတာ။) ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံက တစ်ခြားသူဆီ တိုက်ရိုက်ရောက်သွားတာ။ ကြားထဲမှာ ဖြတ်ယူထားတဲ့သူ မရှိဘူး။ တစ်နေရာတည်းမှာ စုထားတာမျိုး မရှိဘူး။ ဆိုတော့ အဲဒီပိုက်ဆံ ဘယ်ကနေ အပိုထွက်လာတာလဲ။ ငွေကြေးအကြောင်း တီးမိခေါက်မိတဲ့သူဆိုရင် သိပါလိမ့်မယ်။ အဲဒီပိုက်ဆံတွေ အသင်းဝင်အသစ်တွေဆီက လာနေတာပါ။ အသင်းဝင်ဝင်ချင်း အပေးနဲ့စရတယ်ဆိုတာ သတိပြုပါ။ တစ်ယောက်နဲ့တစ်ယောက် ကူညီရင်းနဲ့ ငွေတွေတိုးလာတယ်ဆိုတာ မဟုတ်ပါ။ လက်တွေစမ်းချင်ရင် သူငယ်ချင်း သုံးလေးယောက်လောက်ခေါ်ပါ။ ဝိုင်းထိုင်လိုက်ပါ။ ပိုက်ဆံတစ်သောင်းလောက်ကို တစ်ယောက်ယူလိုက်၊ နောက်တစ်ယောက်ကိုပေးလိုက် လုပ်ကြည့်ပါ။ အဲဒီပိုက်ဆံတစ်သောင်းက ပွားလာသလားဆိုတာ စစ်ကြည့်လိုက်ပါ။ ပိုက်ဆံက အလိုလိုနေရင်း ပွားလာတယ်ဆိုရင် အဲဒါ ပျော်စရာမဟုတ်ပါဘူး။ စိုးရိမ်စရာပါ။ ဂျပန်ခေတ်တုန်းက အရာရှိတွေဆီမှာ ကိုယ်ပိုင်ငွေထုတ်စက်ကိုယ်ဆီနဲ့၊ လိုရင်လိုသလောက် ငွေကို ထုတ်ယူတယ်။ နောက်ဆုံး ငွေကြေးဖောင်းပွလာလိုက်တာ ငါးခြောက်ပြားသွားဝယ်တာ ပိုက်ဆံကို ဂုံနီအိတ်နဲ့ ထမ်းသွားရတယ်လို့ ပြောစမှတ်ကျန်တဲ့အထိပါပဲ။ ဒီနေရာမှာ ကြားဖြတ်ပြောရရင် MMM သမားတွေပြောတဲ့ MMM ဟာ MLM မဟုတ်ပါဘူးဆိုတာပါပဲ။ အဲဒါကတော့ မှန်ပါတယ်။ MMM ဟာ Multi Level Marketing မဟုတ်ပါ။ MLM မှာ ရောင်းစရာရှိပါတယ်။ MMM မှာ ရောင်းကုန်မရှိပါ။ MMM ဟာ ပိရမစ်ပုံစံဆိုတာကတော့ ဘယ်လိုပဲငြင်းငြင်း ဟုတ်ပါတယ်။ ပိရမစ်ပုံစံအရ အထက်ဆုံးကလူက ဘာမှလုပ်စရာမလိုဘဲ အောက်ကလူတွေလုပ်နေတဲ့အထဲက ခွဲတမ်းကျရနေမှာပါ။ MMM ဟာ အဲဒီလိုပုံစံပါပဲ။ ပိရမစ်ပုံစံရဲ့ နောက်တစ်ချက်က ပိရမစ်ကြီးတည်မြဲနေဖို့ အသင်းဝင်အသစ်တွေ အမြဲတမ်းလိုပါတယ်။ အမြဲတမ်း ရှာနေရပါတယ်။ အဲဒီလိုပြောရင် MMM သမားတွေ ပြန်ပြောတတ်တာက သူတို့ အသင်းဝင်အသစ်တွေရအောင် ဆွဲဆောင်ဖို့ မလိုပါဘူးတဲ့။ အဲဒါကိုရှင်းရရင် mini job ဆိုတာတွေ (MMM ကောင်းကြောင်း ကြော်ငြာတာတွေ) ၊ Letter of Happiness တင်ရတာတွေ၊ Video file တွေရိုက်ပြီးတင်ရတာတွေက ဘာအတွက်လဲဆိုတာ စဉ်းစားစရာပါ။ ရှင်းရှင်းလေးပါပဲ။ အသင်းဝင်အသစ်တွေရအောင် စည်းရုံးတာပါပဲ။ အသင်းဝင်အသစ်တွေ မရတော့ရင် ဘာဖြစ်မလဲ။ အဲဒီမေးခွန်းရဲ့အဖြေကို ပိရမစ်ပုံစံကို နားလည်သူတိုင်း သိကြပါတယ်။ MMM သမားတစ်ချို့ကိုယ်တိုင်လည်း သိကြပါတယ်။ အဲဒီစနစ်ကြီး ပြိုလဲမှာပါ။ MMM Global ဟာ လက်တလောအခြေအနေအရ အားကောင်းနေပါတယ်။ အသင်းဝင်အသစ်တွေ ဝင်လာနေပါတယ်။ ဘယ်လိုပဲပြောပြော ကမ္ဘာ့လူဦးရေတိုးပွားနှုန်းက ကန့်သတ်မှုရှိပါတယ်။ အသင်းဝင်အသစ်တွေ မရတော့ဘူးဆိုတဲ့အခြေအနေကို တစ်ချိန်ချိန်မှာ မလွဲမသွေရောက်မှာပါ။ စနစ်ဟာ မလွဲမသွေ ပြိုလဲမှာပါ။ တစ်ခုရှိတာကတော့ အဲဒီအချိန်ဟာ ဘယ်တော့လဲဆိုတာ ခန့်မှန်းလို့မရတာပါပဲ။ မနက်ဖြန်ဖြစ်နိုင်သလို နောင်အနှစ် ၁၀၊ ၅၀၊ ၁၀၀ မှလည်း ဖြစ်နိုင်ပါတယ်။ ဘယ်တော့လဲဆိုတဲ့ ခန့်မှန်းချက်ကို ဘယ်သူမှ အတိအကျမသိနိုင်ပါ။ စနစ်တည်ထောင်သူကိုယ်တိုင်ကတော့ အခြားသူတွေထက် ပိုပြီးနီးနီးစပ်စပ် မှန်းနိုင်ပါလိမ့်မယ်။ MMM Global မှာ တခြားပိရမစ်တွေနဲ့ မတူတဲ့ပုံစံတွေ ရှိပါတယ်။ - Global ပါ။ သူ့အဆိုအရ နိုင်ငံပေါင်း ၁၇၀ ကျော် ပါဝင်နေပါတယ်။ ဘယ်လိုအခြေအနေရောက်နေပြီလဲဆိုတာ တည်ထောင်သူကလွဲလို့ မသိနိုင်ပါဘူး။ - Global ဖြစ်တဲ့အတွက် regional အလိုက် restart ချလို့ရပါတယ်။ ဒီနိုင်ငံမှာ အခြေအနေမကောင်းတော့ဘူးဆိုရင် ဒီနိုင်ငံမှာ အသစ်ကပြန်စမယ်လို့ လုပ်လို့ရပါတယ်။ system တစ်ခုလုံး မပျက်သွားအောင် ထိန်းနိုင်ပါတယ်။ တရုတ်မှာ လက်တလောကမှ restart ချထားတာပါ။ - Bitcoin သုံးပါတယ်။ system အတွင်းမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏကို ဘယ်သူမှ မမှန်းနိုင်ပါဘူး။ ဆိုတော့ MMM Global ကို လုပ်သင့်မလုပ်သင့်ဆိုတဲ့အကြောင်း ဆက်ပြောရအောင်ပါ။ နံပါတ်တစ်ကတော့ ရှုံးမလား မြတ်မလားဆိုတာပါပဲ။ ဘယ်သူမှ မသိနိုင်ပါဘူး။ ပိရမစ်ပုံစံအရ အထက်ကလူတွေက မြတ်ပြီး အောက်ကလူတွေက ရှုံးပါမယ်။ ဒါပေမယ့် အခုဝင်လိုက်ရင် ကိုယ်က အထက်ရောက်မှာလား အောက်ထဲဝင်သွားမှာလားဆိုတာကတော့ ကံပါပဲလို့ ဆိုပါရစေ။ ဒီနေရာမှာ MMM Myanmar ကလူတွေကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ သူတို့တွေ လူသစ်ခေါ်တဲ့အခါ၊ MMM ကောင်းကြောင်း ပြောတဲ့အခါ မပါမဖြစ်ထည့်ပြောတဲ့နှစ်ချက်ရှိပါတယ်။ (၁) အင်တာနက်မှာ ငွေရှာတာ အာမခံချက်မရှိပါဘူး။ (၂) ငွေပိုငွေလျှံကိုပဲ သုံးပါ။ အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်။ MMM Global မှာ အများကြီး ပုံမအပ်ပါနဲ့လို့ ဆိုပါတယ်။ အမှန်ပါပဲ။ ဒါကြောင့် ဝင်ရမလား မဝင်ရဘူးလားလို့ ကျွန်တော့်ကိုမေးလာရင် ဝင်ချင်ဝင်ပါ၊ မဝင်ချင်မဝင်ပါနဲ့လို့ပဲ ဖြေမှာပါ။ MMM Global ဆိုတဲ့ စနစ်အမှန်အကြောင်းကိုတော့ နားလည်အောင်ရှင်းပြပေးမှာပါ။ အဲဒါကိုနားလည်ပြီးရင်တော့ ကိုယ့်စိတ်ကြိုက်လုပ်ပါ။ ကျွန်တော်ကော ဝင်ထားသလားမေးရင် မဝင်ထားပါဘူး၊ နောင်လည်း ဝင်ဖို့ အစီအစဉ်မရှိပါဘူးလို့ ဖြေပါရစေ။ ဆိုတော့ အခုဆက်ပြောမှာက ဘာကြောင့်ဒီလောက်စာအရှည်ကြီး အမုန်းခံပြီးရေးတာလဲဆိုတာပါပဲ။ MMM သမားတွေကို မနာလိုလို့မဟုတ်ရပါ။ MMM Myanmar ထဲမှာ တစ်လ သိန်းရာချီရနေတဲ့သူတွေ ရှိပါတယ်။ ဝမ်းသာပါတယ်။ ကျွန်တော်ခံစားမိသလောက် အဲဒီပိုက်ဆံတွေက တခြားနိုင်ငံတွေဆီက ဝင်လာတာတွေများပါတယ်။ နိုင်ငံအတွင်း ဝင်လာတဲ့ငွေတွေဟာ နိုင်ငံသားတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ အကျိုးပြုပါတယ်။ MMM သမားတွေကို စိုးရိမ်လို့လားဆိုရင်တော့ ပိုတောင်မဟုတ်သေးတယ်လို့ပဲ ပြောပါရစေ။ MMM သမားတိုင်း လက်ကိုင်ထားတာက သူတို့ပိုက်ဆံတွေ ဆုံးသွားနိုင်တယ်ဆိုတာပါပဲ။ ကျွန်တော်စိတ်ပူစရာကို မလိုပါဘူး။ သူတို့ကိုယ်တိုင်ကိုက ပြတ်ပြီးသားပါ။ စိတ်အပူဆုံးအချက်ကတော့ အင်တာနက်မှာငွေရှာတာတွေက စိတ်ချရမှုမရှိဘူးဆိုတဲ့အသိကြီး စွဲသွားမှာကိုပါပဲ။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်နေတဲ့ facebook တည်ထောင်သူ၊ Microsoft တည်ထောင်သူ၊ Alibaba တည်ထောင်သူတွေဟာ ဒီ online စနစ်ကြီးကို အသုံးချခဲ့၊ ချနေဆဲပါပဲ။ မြန်မာနိုင်ငံမှာ online banking စနစ် အများကြီးတိုးတက်ဖို့ လိုနေပါသေးတယ်။ (ကားလက်မှတ်တစ်ခုရဖို့ ဖုန်းဆက်ပြီး booking မှာရ၊ ကားလက်မှတ်ဖြတ်ဖို့ နာရီဝက်တစ်နာရီ စောသွားရမယ့်အစား online ပေါ်မှာ booking တင်၊ online ပေါ်မှာ တစ်ခါတည်းငွေချေ၊ နှစ်ဖက်စလုံးစိတ်ကျေနပ်ဆိုတဲ့ အခြေအနေမျိုးကို စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။) အဲလိုအခြေအနေမျိုးမှာ online မှာ ငွေပေးငွေယူလုပ်ဖို့ လက်တွန့်သွားကြမယ်ဆိုတာကြီးကို ဘယ်လိုမှ မရောက်စေချင်ပါ။ အင်တာနက်မှာ ငွေရှာဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်။ သမာအာဇီဝ freelance အလုပ်တွေကစလို့၊ online service တွေအလယ်၊ လောင်းကစားတွေအဆုံး အများကြီးရှိပါတယ်။ ခိုင်မာမှုတွေလည်း ရှိပါတယ်။ Bitcoin ဆိုတာနဲ့ MMM တစ်ခုတည်းကိုပဲ မြင်မိမှာကိုလည်း စိုးရိမ်ပါတယ်။ Bitcoin ဟာ သူ့ဘာသာသူ သီးခြားရှိနေတဲ့ ငွေကြေးပုံစံတစ်ခုပါ။ MMM တစ်ခုတည်းနဲ့ ဆက်စပ်တာမဟုတ်ဘဲ ပစ္စည်းဝယ်တာကို Bitcoin နဲ့လက်ခံတာတွေ၊ လုပ်ခကို Bitcoin နဲ့ပေးတာတွေ ရှိပါတယ်။ နိုင်ငံအများစုမှာလည်း လက်ခံထားရတဲ့ ငွေကြေးတစ်ခုပါ။ ကျွန်တော့်ဆီမှာလည်း Bitcoin ပမာဏအနည်းငယ်ရှိပါတယ်။ MMM နဲ့ ဘယ်လိုမှ မပတ်သက်ပါ။ အချုပ်ပြောရရင်တော့ MMM Global ဆိုတာ ပိရမစ်တစ်ခုပါ။ ဝင်သင့်မဝင်သင့်၊ လုပ်သင့်မလုပ်သင့် ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပါ။ ကိုယ်ရ ကိုယ်ယူ၊ ကိုယ်ဆုံး ကိုယ်ခံပါ။ MMM Global က Bitcoin ဆိုတာကို စတင်မိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးတင်ရပါမယ်။ Online banking စနစ်တွေ ပိုမိုထွန်းကားလာပြီး တခြားနိုင်ငံတွေကို မြန်မြန်ရင်ဘောင်တန်းနိုင်ပါစေလို့ ဆန္ဒပြုရင်း...။ Kyaw Zaw Naing အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |













0 comments:
Post a Comment