မောင်ပေါက် ( Maung Pauk ) |
- Xiaomi Mi 5 ကို ဘာကြောင့်ဝယ်သုံးသင့်လဲ?
- ရုရှား ကားမောင်းသမား Game [96.1 MB] [apk]
- Sony ၏ နားရွက်မှာတပ်စရာမလိုသော အနာဂတ် headphone အသစ်
- Android Root Collection 2015-2016
- Android Phone တွေမှာ အလိုလိုဝင်လာတဲ့ Sexy Virus တွေကို ရှင်းလင်းပေမယ့် Telecom Android Anti-Malware 3.1.3
| Xiaomi Mi 5 ကို ဘာကြောင့်ဝယ်သုံးသင့်လဲ? Posted: 25 Apr 2016 09:10 PM PDT Mi5 သည် Xiaomi ၏ နောက်ဆုံးထုတ်ဖုန်းတစ်ခုဖြစ်ပြီး၊ ဈေးနှုန်းနှင့် Specification အသင့်တင့် အမျှတဆုံး ဖုန်းတစ်ခုဖြစ်ပါသည်။ ခုဖော်ပြပေးမှာကတော့ထဲက အမြင့်ဆုံး version ဖြစ်တဲ့ Mi5 Pro ကို ဘာကြောင့် ဝယ်သုံးသင့်တယ်ဆိုတဲ့ အချက်များကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ![]() အကောင်းမွန်ဆုံး Specification Processor အနေနဲ့ Qualcomm ၏ Snapdragon 820 processor ကို အသုံးပြုထားပြီး on-board RAM 4GB အထိ ပါဝင်ပါတယ်။ Internal Storage အနေနှင့်လည်း 128GB အထိပါဝင်တာကြောင့် Android ဖုန်းများတွင် ဖြစ်လေ့ဖြစ်ထရှိသော Memory မလောက်သည့် ပြဿနာကို ကြုံတွေ့ရတော့မဟုတ်ပါဘူး။ ၄င်း Specification များမှာ Android စနစ်သုံးဖုန်းများတွင် အဆင့်အတန်း မြင့်မားသော ဖုန်း တစ်ခု ရပ်တည်နေနိုင်ပြီ ဖြစ်ကြောင်း သက်သေပြနေပြီ ဖြစ်ပါသည်။ အခြား ပါဝင်သော Specification များမှာလည်း အတော်အတန် မဟုတ်ပေ။ Battery အနေနှင့် 3,000mAh ပါဝင်ပါသည်။ ထို့ပြင် ရုပ်ထွက် 1.920 x 1,280 ထိ ရုပ်ထွက်ရှိသော 5.15 လက်မအရွယ် HD Display ပါဝင် ပါသေးသည်။ ရှေ့ Camera အနေနှင့် 16MP(16megapixel) ပါဝင်ပြီး၊ ရှေ့ Camera အနေဖြင့် Selfie ကောင်းကေငာ်း ရိုက်နိုင်ရန် လုံလောက်သော 4MP(4megapixel) Camera ပါရှိပါသည်။ Camera Sensor အနေနှင့်လည်း Sony Sensor ကို အသုံးပြုထားတာကြောင့် Mi5Pro Camera ၏ ရုပ်ထွက်မှာ iPhone 6s ၏ ရုပ်ထွက်ထပ်ပင် ပိုမို ကောင်းမွန်နေမှာ ပဲဖြစ်ပါတယ်။ Root လုပ်စရာမလိုပဲစိတ်ကြိုက် Customize ပြုလုပ်နိုင်ခြင်း Xiaomi MI5 Pro ဟာလည်း အခြား နောက်ဆုံးထွက် ဖုန်းများကဲ့သို့ပင် Android 6.0 Marshmallow ကို အသုံးပြုထားပြီး၊ အခြား UI တွေထက် ပိုမို သာလွန်တဲ့ MIUI စနစ်ကို ထပ်မံ ထည့်ပေါင်းထားတာကြောင့် ပြောစရာမလိုလောက်အောင်ပင် စိတ်ကြိုက်ဖြစ်စေမှာဖြစ်ပါတယ်။ Mi5 တွင် မိမိ စိတ်ကြိုက် UI ပုံစံသို့ ရောက်သိအထိ အသေးစိတ်ပြင်ဆင် နိုင်စေ ရန် user interface customize option ပါ ဝင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ Mi5Pro ၏ အပြင်ပန်း Design နှင့် အတွင်းပို်င်း User Interface နှစ်မျိုးစလုံးမှာ တကယ့်ကို Classic ဆန်တဲ့ အထိအတွေ့ကို ခံစားရစေမှာပဲဖြစ်ပါတယ်။ ![]() ဈေးနှုန်းသင့်တော်မှု Android စနစ်အသုံးပြုသော ဖုန်းများမှာ နောက်ပိုင်းတွင် ဈေးနှုန်း မြင့်တက်လာမှု အမြောက်အမြားရှိလာသည်ကို တွေ့ရှိရပါသည်။ သို့သော် Xiaomi Mi5 မှာ မှု တကယ်ကို သင့်တင့်သော ဈေးနှုန်းဖြင့် ကောင်းမွန်သော ဖုန်းတစ်လုံးကို အသုံးပြုခွင့်ရရှိစေမှာဖြစ်ပါတယ်။ လက်ရှိတွင် Xiaomi Mi5 Pro ၏ Pre-Order ဈေးနှုန်းမှာ $539 မြန်မာငွေ ငါးသိန်းခွဲခန့်သာရှိပြီး ပါဝင်သော Specification များ အားလုံးနီးပါး တူညီသော Smasung Galaxy S7 ထက် ဈေးနှုန်းများစွာ သက်သာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ လှပသော အပြင်အဆင်ရှိခြင်း Xiaomi Mi5 Pro ၏ Pro Edition ကတော့ အလှပ ဆုံး လို့ ပဲပြောရမှာဖြစ်ပါတယ်။ Pro Edtion ၏ နောက်ကျောကို Mi Note Pro , Galaxy Note 5 တို့ကဲ့သို့ ခုံးထားပြီး ပြောင်လက်အောင်ပြုလုပ်ထားပေးတဲ့အတွက် ကောင်းမွန်လှပ တဲ့ Premium Feel ကို ခံစားရစေမှာဖြစ်ပြီး၊ လျှင်မြန်တဲ့ Finger Print System လည်း ပါဝင်တာကြောင့် တကယ်ကို ပြည့်စုံတဲ့ SmartPhone တစ်ခုလို့ တင်စားနိုင်တာပဲဖြစ်ပါတယ်။ ဖုန်း၏ နောက်ကျောဘက်တွင် Gorilla Glass 4 ကို အသုံးပြုထားတာကြောင့် ပွန်းရာ ခြစ်ရာ ထင်မည့် အန္တရာယ်မှလည်း ကာကွယ်ပြီးသား ဖြစ်သွားပါသည်။ ဖုန်း Design တစ်ခုလုံးမှာ အဆင့်အတန်း မြင့်မားတဲ့ ခံစားချက်ကို ခံစားစေမှာဖြစ်ပါတယ်။ ![]() ထို့ကြောင့် စရိတ် နည်းနည်းနှင့် အကောင်းဆုံး အသွင်အပြင် ခံစားမှုတွေကို ခံစားလိုသူတွေအတွက်တော့ Xiaomi Mi5 ဟာ အကောင်းဆုံး ဖုန်းတစ်ခုပဲဖြစ်ပါတယ်။ - ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ရုရှား ကားမောင်းသမား Game [96.1 MB] [apk] Posted: 25 Apr 2016 09:18 PM PDT ရုရှား ကားမောင်းသမား ဂိမ်းရယူရန်အောက်က Download ကိုနှိပ်ပါ Download အတန်းပြည့်ပြီးသွားလျှင် My File သို့မဟုတ် Filemanager ထဲက Download ဖိုင်မှာသွားရှာပြီး install ပြုလုပ်ပါ - Android 2.3 and higher. v0.99c [96.1 MB] [apk] - ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Sony ၏ နားရွက်မှာတပ်စရာမလိုသော အနာဂတ် headphone အသစ် Posted: 25 Apr 2016 09:09 PM PDT အသံနည်းပညာနှင့်ပတ်သတ်ပြီး အများထက်ဦးအောင် အသစ်အဆန်းများထွင်ကာ ဈေးကွက်ကို ကြီးစိုး ထားသော ကုမ္ဗဏီ တစ်ခုဖြစ်သော Sony သည် လက်ရှိ မည်သည့်နားကြပ်များနဲ့ လုံးဝမတူသည့် ထူးခြားသော နားကြပ်တစ်မျိုးကို SXSW ပွဲတွင် ပြသခဲ့ပါတယ် ။အဲ့ဒီ့ နားကြပ်က လည်ပင်းမှာတပ်ထားရုံပဲ ဖြစ်ပြီး တစ်ခြားနားကြပ်တွေလို နားကို earpad လေးတွေထိုးထည့်ထားစရာမလိုအပ်ပါဘူး ။ ဒီ လည်ပင်းမှာတပ်ထားတဲ့ ဒီနားကြပ်ကနေ အသံလှိုင်းကို သင့်နား စီကိုပဲတိုက်ရိုက်ရောက်အောင်လုပ်ပေးမှာဖြစ်ပါတယ် ။ အဲ့ဒီ့လို အသံလှိုင်းကို ထုတ်လွင့်တဲ့နေရာမှာ သင်တစ်ယောက်ထဲသာကြားရအောင် ပြုလုပ်ထားမှာဖြစ်ပြီးတော့ တစ်ခြားနားကြပ်တွေလိုမျိုး ဘေးနားကလူက အဲ့ဒီ့အသံကို ကြားရမှာမဟုတ်ပါဘူး ။ Sony၏ အဓိက ရည်ရွယ်ချက်မှာ လက်ရှိ ဈေးကွက်တွင် ရှိပြီးသား နားကြပ်များထက် သာလွန်ကောင်းမွန်တဲ့ နားကြပ်တစ်ခုကို ဖန်တီးခြင်းပဲဖြစ်ပါတယ်။ ယင်း နားကြပ်ကို လက်ရှိတွင် Concept N ဟုအမည် ပေးထားပါသည်။ ![]() Concept N ဟာ နားတွင် နားကြပ်ပလက် ထိုးထားစရာ မလိုတဲ့ အတွက် ဘေးနားပတ်ဝန်းကျင်က တစ်ခြားအသံတွေကိုလဲ ကြားခွင့်ရမှာဖြစ်ပါတယ် ။ အားသာတဲ့အချက်က လမ်းလျှောက်ရင်းနားထောင်တဲ့ အခါ စက်ဘီးစီးရင်း နားထောင်တဲ့အခါ ပတ်ဝန်းကျင်နဲ့ အဆက်မပြတ်စေတော့ဘူး ဖြစ်ပါတယ်။ နားကြပ်ကိုတော့ ဖုန်းကနေ Bluetooth connection သုံးပြီး ချိတ်ပြီးသုံးရမှာဖြစ်ပါတယ်။ Concept N သည် ယခင် head phone စနစ်များ အတိုင်း အသုံးပြုနိုင်ရန်အတွက် – လည်းပင် အပတ်နှင့် တွဲဖက်အသုံးပြုနိုင်သည့် ကန်တော့ချွန်ပုံစံ ear pads လေးများလည်း ပါရှိပါသည်။ ၄င်း ear pod များနှင့် တွဲဖက် နားထောင်ပါက ရင်တော့ ဘေးက တစ်ခြားအသံတွေကိုတော့ ကြားရတော့မှာ မဟုတ်ပါဘူး ။ ![]() Concept N တွင် Voice Control နှင့် Camera ပါတွဲဖက်ပါရှိပါသေးသည်။ ထိုပြင် အသံအတိုးအချဲ့ကို အလွယ်တကူပင်ပြုလုပ်နိုင်ပါတယ်။ N ကို အစမ်းအသုံးပြုဖူးသူများ၏ ပြောကြားချက်များအရ N ၏ အသံထွက်မှာ အလွန်အမင်း ကြည်လင်ပြတ်သားပြီး ဘေးပတ်ဝန်းကျင်မှ အသံများကို ပါ မနှောက်ယှက်နိုင်အောင် တားစီး ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် N ၏ အပြင်ပန်း အသွင်းအပြင်မှာ လည်း တကယ့်ကို ခေတ်မှီပြီး လှပတဲ့ အသွင်အပြင်ရှိတာပဲဖြစ်ပါတယ်။ ref - myanmarithub - ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Android Root Collection 2015-2016 Posted: 25 Apr 2016 08:42 AM PDT 2015-2016 မှာထွက်တဲ့ နာမည်ကြီး Root Tool တွေကို စုစည်းပြီးဖန်တီးထားတာပါ.. ![]() Credit : Htet R kar @ New World Mobile အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Android Root Collection 2015-2016 v1 : 127.71 Mb Dev-Host Download Link |
| Posted: 24 Apr 2016 09:42 PM PDT Android Phone တွေမှာ အလိုလိုဝင်လာတဲ့ Sexy Virus တွေအပါအဝင် Virus တော်တော်များများကို ဖိုင်အမည်၊ Location နဲ့တကွ ဖေါ်ပြပေးနိုင်ပြီး အပြီးတိုင် ရှင်းလင်းပစ်နိုင်ပါတယ်.. Windows နဲ့သုံးရမှာဖြစ်ပြီး ဖုန်းကတော့ Root Access ရှိရပါမယ်.. ဖုန်းကို USB Debugging ဖွင့်၊ ကွန်ပျူတာနဲ့ချိတ်ပြီး ဒီ Tool လေးကို Run ပေးလိုက်ရုံပါပဲ... ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |
















0 comments:
Post a Comment