Related Posts Plugin for WordPress, Blogger...

April 3, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


သူဘာလို့ ငါ့ထက်သာနေရတာလဲ ?

Posted: 02 Apr 2016 07:39 PM PDT



(အရမ်းကောင်းတဲ့ မှတ်သားစရာ ပညာပေးစကားဖြစ်ပါတယ်)


တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။
မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။

" ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။
သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။

" တစ်ကီလို ၁၂ ဒေါ်လာပါဆရာ"

သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။

မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ "

မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး ။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့ 
ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ကွ။
ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ့ 


Credit-> Nyein Chan
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



MSQRD for Android

Posted: 02 Apr 2016 06:46 PM PDT


  • MSQRD icon


  • တိရိစ္ဆာန် မျက်နှာတွေနဲ့ ကို့ကိုယ်ကို video ရိုက်ပြီးသူငယ်ချင်းတွေကိုပေးပို့နိုင်မယ့် App ဖြစ်ပါတယ်

  • iOS မှာထွက်တာ ကြာပါပြီ Android အတွက် ထွက်လာလို့တင်ပေးလိုက်ပါတယ်အောက်မှာဒေါင်းပါ

  • MSQRD poster MSQRD apk screenshot MSQRD apk screenshot




  • Download APK (39.6 MB)

    -


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
s


Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



လေယာဉ်ပြတင်းပေါက်တွေ ဘာကြောင့် အဝိုင်းပုံစံ ဖန်တီးထားတာလဲ

Posted: 02 Apr 2016 06:36 PM PDT


လေယာဉ်ပြတင်းတံခါးများ ဘာ့ကြောင့် ဝိုင်းနေတာလဲဆိုတာ စူးစမ်းချင်စိတ်ဖြစ်ဖူးပါသလား။ လေယာဉ်ပြတင်းပေါက်ပုံစံအနေအထားတွေဟာ တကယ့်ကို အရေးကြီးပါတယ်။
အရင်တုန်းက စတုန်ရန်းပုံသဏ္ဍာန် ပြတင်းပေါက်တွေ အရမ်းခေတ်စားခဲ့ပြီး အစောပိုင်း လေယာဉ်ဒီဇိုင်းအများစုမှာ ယင်းပုံစံတွေ ထည့်သွင်းခဲ့ကြပါတယ်။
ဒါပေမယ့် ၁၉၅၀ ခုနှစ်များကာလ ရောက်လာတဲ့အချိန်မှာ commercial jetliner ဟာ နာမည် ကျော်ကြားခဲ့တယ်။ ဒီအချက်က ပြသနာတွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ အချိန်ဖြစ်ပါတယ်။
လေယာဉ်သစ်တွေဟာ အရင်လေယာဉ်များထက် ပိုမိုလျင်မြန်တဲ့ အရှိန်အဟုန် နောက်ပြီး မြင့်မြင့် ပိုမို ပျံသန်းနိုင်ခဲ့ကြပါတယ်။ သို့သော် မကြာခင်မှာပဲ သူတို့ထဲက ၂ စီးက စတုရန်းပုံသဏ္ဍာန် ပြတင်းပေါက်များကြောင့် ဝေဟင်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့ကြပါတယ်။
စတုရန်းပုံစံက တမူထူးခြားကောင်း ထူးခြားနိုင်ပေမယ့် ထောင့်စွန်းလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။
ယင်းထောင့်စွန်းလေးတွေက အလိုအလျောက် အားနည်းချက်တွေဖြစ်သွားကြကာ လေဖိအားပြောင်းလဲမှုများကြောင့် ဖိတွန်းမှုခံရပြီး အားနည်းမှု ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် လေထုနဲ့ အံတုခရီးနှင်ရတဲ့ အခါမျိုးမှာ ဘေးဒုက္ခရောက်စေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
ပြတင်းမှန်ကွေးတွေမှာဆိုရင် ဆုံချက် မရှိပါဘူး။ နောက်ပြီး အက်ကွဲ၊ ကျိုးပဲ့ဖြစ်ပွားနိုင်ခြေ လျော့နည်းစေပါတယ်။
ပြတင်းမှန်အဝိုင်းတွေဟာ ပိုမိုတောင့်တင်းပြီး ပုံပျက်ရွဲ့စောင်းမှု ခံနိုင်စွမ်းရှိကြပါတယ်။ ဆိုလိုတာက လေယာဉ်အတွင်းနဲ့ အပြင်နှစ်ခုကြား လေဖိအား အလွန်ခြားနားတဲ့ခါမျိုးတွေမှာ ပိုအဆင်ပြေပါတယ်။ 
Ref: The Sun ,trend.com.mm
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Fashion story: Country girl [17.8 MB] [apk]

Posted: 02 Apr 2016 06:27 PM PDT

Fashion story: Country girl

Download Fashion story: Country girl Android free game.
ဖက်ရှင်ကျကျဝတ်ဆင်ပေးရမယ့်ဂိမ်းပါ
Android 2.3.5 and higher. v1.5.6.4. ARMv5. 
[17.8 MB]
 
[apk]




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



အရည်အချင်းဆိုတာ လေ့ကျင့်မှုက လာတယ်

Posted: 02 Apr 2016 06:22 PM PDT


တစ်ခါတုန်းက တရုတ်ပြည် ဆောင် မင်းဆက်လက်ထက်မှာ အင်မတန်မှ မြှားပစ်တော်တဲ့ ချန်ယူဇီလို့ခေါ်တဲ့ လူငယ်တစ်ယောက် ရှိသတဲ့။ ဒီလူငယ်ဟာ ဘယ်လောက်တောင် တော်သလဲဆိုရင် လှုပ်ရှားနေတဲ့ ပစ်မှတ်တွေကိုတောင် မှန်ကန်အောင် ပစ်ခတ်နိုင်တယ်။ ဒီလို မြှားပစ်တော်တဲ့အတွက် ချန် ဟာ သူ့ကိုယ်သူ အမြဲ ဂုဏ်ယူနေတယ်။ အပေါင်းအသင်းတွေကလည်း သူနဲ့ဆုံတိုင်းမှာ သူမြှားပစ် ဘယ်လောက် တော်ကြောင်းကို ချီးကျူးပြောဆိုကြတယ်။ ချန်ဟာ ကမ္ဘာပေါ်မှာ သူ့လောက် တော်တဲ့ မြှားပစ်သမား မရှိဘူးလို့တောင် အထင်ရောက် နေတာပေါ့။

တစ်နေ့တော့ သူမြှားပစ်လေ့ကျင့်နေတဲ့အချိန်ပေါ့။ သူ့ရဲ့ ဂုဏ်သတင်း ကြောင့် သူ မြှားပစ်တာကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေကလည်း များတယ်။ ပရိသတ်တွေ များလာလေလေ၊ ချန် ဟာ သူ့မြှားပစ်စွမ်းရည်ကို အမျိုးမျိုး ပြသလေပဲ။ ပရိသတ်ကလည်း ချန် တစ်ခါပစ်တိုင်း လက်ခုပ်သြဘာ ပေးပြီး ၀ိုင်းဝန်းချီးကျူးကြသတဲ့။ ဒါပေမဲ့ လာရောက်ကြည့်ရှုတဲ့ ပရိသတ်ထဲ က အဘိုးအိုတစ်ဦးကတော့ ချန် မြှားပစ်နေတာကို အံ့သြတုန်လှုပ်ဟန် မပြသလို၊ ချီးကျူးမှု ပုံစံလည်း မပြဘူး။ အဘိုးအိုကို သတိထားမိသွားတဲ့ ချန်ဟာ သူ တတ်စွမ်းသမျှ ပုံစံတွေနဲ့ ပစ်ပြတယ်။ ဒါလည်း အဘိုးအိုက တည်တည်ငြိမ်ငြိမ်ပဲ ကြည့်နေတာပဲ။ ဒီတော့ သူ့ရဲ့ အစွမ်းကို မလေးစားရ ကောင်းလားဆိုပြီး ဒေါသထွက်လာတဲ့ ချန်ဟာ အဘိုးအိုကို သွားမေးတယ်။

ချန် - "အဘိုး.. ဒီလို မြှားပစ်တတ်လား"

အဘိုးအို - "မပစ်တတ်ပါဘူး"

ချန် - "ဒါဖြင့် ကျုပ်စွမ်းရည်ကို ခင်ဗျား ဘယ်လို ထင်သလဲ"

အဘိုးအို - "ကောင်းပါတယ်၊ ထူးထူးခြားခြားတော့ မရှိပါဘူး။ လေ့ကျင့်နိုင်ရင် ရတာပဲ"
အဘိုးအိုရဲ့ အဖြေကြောင့် စိတ်လှုပ်ရှားသွားတဲ့ ချန်ကြောင့် သူ့တပည့်တစ်ယောက်က အဘိုးအိုကို ပြောလိုက်တယ်။

"ဒီလောကမှာ ကျုပ်ဆရာကို မြှားပစ်ယှဉ်နိုင်တဲ့ လူတစ်ယောက်မှ မရှိဘူး။ ခင်ဗျားက ဘာ့ကြောင့် ဒီလို ပြောရတာလဲ"

ဒီအခါမှာ အဘိုးအိုဟာ ဘာမှမပြောဘဲ အိုးလေးတစ်လုံးကို ထုတ်လိုက်တယ်။ ပြီးတော့ ကြေးဒင်္ဂါးပြားလေးကို အိုးအပေါ်လေးမှာ တင်လိုက်တယ်။ ပြီးတော့ ဆီအိုးထဲက ဆီတွေကို ဒင်္ဂါးပြားကတစ်ဆင့် အိုးထဲကို မဖိတ်မစင်ပဲ လောင်းပြလိုက်တယ်။

အမှန်ဆို ပုလင်းလေးရဲ့ အ၀ဟာ အင်မတန်မှ သေးငယ်သလို ဒင်္ဂါးပြားကလည်း အပေါ်က ခံထားတာမို့ ဒီလို မဖိတ်မစင်ပဲ လောင်းချဖို့ ဆိုတာ တော်တော်လေးကို မလွယ်တဲ့အလုပ်ဆိုတာ ချန် နားလည်တာပေါ့။ အဘိုးအိုကို ထိတ်လန့်သွားသလို ကြည့်နေတဲ့ ချန်ကို အဘိုးအိုက...
"ကျုပ်ကို အထင်မကြီးပါနဲ့၊ ဒီအလုပ်ကို ကျုပ် နေ့တိုင်း လုပ်တဲ့အတွက် ဒီလို ကျွမ်းကျင်လာတာပါ"
"ကျွမ်းကျင်မှုဆိုတာ လေ့ကျင့်မှုက လာပါတယ်"

ပြီးတာနဲ့ အဘိုးအိုက တိတ်တဆိတ် ထွက်ခွာသွားတယ်။ ကြည့်နေတဲ့ လူအုပ်ကြီးကလည်း တိတ်ဆိတ်လို့၊ ချန် တစ်ယောက်လည်း ဆွံ့အလို့...

နောက်ဆုံးမှာ ချန်ဟာ သူ့အပြုအမူအတွက် နောင်တရသွားခဲ့တယ်။ ဒါ့ကြောင့် သူဟာ မြှားပစ် လေ့ကျင့်ခြင်းကို ပိုမိုပြုလုပ်လာတယ်။ နောက်ဆုံးမှာ ချန်ဟာ တရုတ်ပြည်မှာ အတော်ဆုံး မြှားပစ်သမားတစ်ယောက် တကယ်ဖြစ်လာခဲ့ပါတယ်။

အဆင်ပြေပါစေ..
ref - wunzinn
မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ကမ္ဘာ ပတ်ပြီး ဖဲရိုက်ကမယ့် ဂိမ်းလေး - Governor of Poker 2 Premium APK

Posted: 02 Apr 2016 06:04 AM PDT


                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

ကားပြိုင်ဂိမ်း အကောင်းဆုံးလေး - Asphalt 8: Airborne v2.4.0h [Mega Mod] Apk

Posted: 02 Apr 2016 05:55 AM PDT

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

တာဇံ လေးပြေးရင်းလွှားရင်း ရွှေတွေစားရမယ့်ဂိမ်းလေး - The Jungle Book: Mowgli’s Run v1.0.1 Apk

Posted: 02 Apr 2016 05:49 AM PDT

Download
                             
                         Unknown user How to Download                         
                               
                                     www.patheinit.com
                                       
Payephyokyaw

                                     

0 comments:

Post a Comment