Related Posts Plugin for WordPress, Blogger...
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
For Mobile
Mobile နဲ့ ပါတ်သက်သည့် Mobile News , Software , Game , Wallpaper များကိုဒီနေရာလေးမှာဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်
May 31, 2016
မောင်ပေါက် ( Maung Pauk )
မောင်ပေါက် ( Maung Pauk )
♪ ကိုယ့်ဖုန်းထဲက font ကို ကိုယ့်လက်ရေးအတိုင်း ဖြစ်အောင် ဘယ်လိုလုပ်မလဲ ♫ By CHANLAY (MCMM)
Posted: 30 May 2016 12:06 PM PDT
Android ကို ချစ်ရတဲ့အချက်တွေထဲမှာ ဖုန်းကို ကိုယ့်စိတ်တိုင်းကျနီးပါးပြင်ဆင်နိုင်၊ ကလိနိုင်တဲ့ အချက်ကလည်း တစ်ခုအပါအ၀င်ပါ။
ဒါနဲ့ ကိုယ့်ဖုန်းပေါ်က စာလုံး font တွေကို ကိုယ့်လက်ရေးအတိုင်း font ပြောင်းထားလို့ရတယ်ဆိုတာကော သင်သိပါသလား။ ကိုယ့်ဖုန်းပေါ်မှာ ကိုယ့်လက်ရေးဖောင့်နဲ့ သုံးရတဲ့ ခံစားချက်က တကယ်မိုက်ပါတယ်။ ဒါပေမယ့် လက်ရေးအရမ်းဆိုးတဲ့လူတွေတော့ မလုပ်ကြည့်နဲ့ပေါ့ဗျာ။ ကိုယ့်ဘာသာတောင် မဖတ်တတ်ဘဲ ဖြစ်နေဦးမယ်နော်။
ဒီလို လုပ်ဖို့အတွက် ပထမဆုံးဖုန်းမှာ Root Access လိုပါမယ်။ ဒီ့အပြင် Xposed Framework ဆိုတဲ့ မော်ဂျူး app တစ်ခုလိုပါမယ်။ ဒီကနေ ဒေါင်းလုဒ်ဆွဲလိုက်ပါ။ ကိုယ့်ဖုန်းနဲ့ ကိုက်တဲ့ framework ကို ရွေးဆွဲပါ။
AndroidPIT-xposed-framework-modules-4267-w782
AndroidPIT-xposed-framework-modules-4267-w782
Android ဖုန်းမှာ ကိုယ့်လက်ရေးကို ဖောင့်တစ်ခုအနေနဲ့ သုံးဖို့အတွက် အရင်ဆုံး ကိုယ့်လက်ရေးကို ချရေးပြဖို့ လိုပါတယ်။ ပြီးမှ ဒီဂျစ်တယ်ဖောင့်အနေနဲ့ ပြောင်းမှာပါ။ ဒီအတွက် အွန်လိုင်း tool တစ်ခုရှိပါတယ်။ ဒီဝက်ဘ်ဆိုဒ်မှာ ပေးထားတဲ့ template ကို ဒေါင်းလုဒ်ဆွဲပြီး၊ ကိုယ့်လက်ရေးကို ချရေးပေးရမှာပါ။ Template က PDF ကော PNG format နဲ့ပါ ဒေါင်းနိုင်ပါတယ်။
ဒေါင်းလုဒ်လုပ်လို့ရလာတဲ့ PNG ဖိုင် ဒါမှမဟုတ် PDG ဖိုင်ကို ပရင်တာနဲ့ ပရင့်ထုတ်လိုက်ပါ။ အိမ်မှာ ပရင်တာ မရှိလည်း၊ အခုခေတ်မှာ ပရင့်ထုတ်လို့ရတဲ့ဆိုင်တွေ ပေါပါတယ်။ ဒါမှမဟုတ် ရုံးက ပရင်တာနဲ့ ထုတ်ပေါ့။
ပရင့်ထုတ်ထားတဲ့စာရွက်မှာ သူပေးထားတဲ့ guideline အတိုင်း ABCD အက္ခရာတွေကို မှင်အနက်နဲ့ ကိုယ်ရေးနေကျ လက်ရေးအတိုင်း ရေးပေးပါ ။ ငယ်ငယ်က လေးကြောင်းမျဉ်းရေးရသလိုပါပဲ သိပ်မခက်ပါဘူး။ စာလုံး တစ်ခုမကျန်ရေးပေးဖို့ လိုပါတယ်။ နို့မို့ဆို ကိုယ့်လက်ရေးဖောင့် သေချာပေါ်မှာမဟုတ်ပါဘူး။
Androidpit-ifont-tipografia-02-w782
ABCD တွေ ရေးပြီးသွားရင် အဲဒီစာရွက်ကို စကင်ဖတ်ပေးပါ။ စကင်ဖတ်ဖို့မရှိဘူးလား မပူပါနဲ့။ ဒီ Android-app ကနေ ဖုန်းနဲ့ scan ဖတ်နိုင်ပါတယ်။
ဖုန်းနဲ့ scan ဖတ်ပြီးလို့၊ ကိုယ့်လက်ရေးစာရွက်ဓာတ်ပုံဖိုင်ရပြီဆိုရင်၊ My Script Font ၀က်ဘ်ဆိုဒ်ကို ပြန်သွားပြီး၊ upload လုပ်လိုက်ပါ။ နာမည်တစ်ခု ကြိုက်တာပေးပြီး၊ Start နှိပ်လိုက်ပါ။ ၀က်ဘ်ဆိုဒ်က processing လုပ်လိြု့ပီးရင်၊ သင့်လက်ရေးနမူနာပုံစံကို တွေ့ရပါလိမ့်မယ်။
ဒီနမူနာအောက်မှာ လင့်ခ်တစ်ခု ပါပြီး၊ အဲဒီလင့်ခ်ကနေ .ttf နဲ့ ဖောင့်ဖိုင်ကို ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ ဒီ ကွန်ပြူတာဖောင့်က သင့်လက်ရေးနဲ့ ဖောင့်ပါ။ ကွန်ပြူတာမှာ သုံးသုံး၊ ဖုန်းမှာ သုံးသုံးရပါတယ်။
ဖုန်းနဲ့ သုံးမယ်ဆို၊ ဖုန်းထဲကနေ ကိုယ်မှတ်မိတဲ့နေရာမှာ သိမ်းလိုက်ပါ။ ဖုန်း internal storage ထဲမှာ ဖိုင်တစ်ခုနဲ့ သိမ်းထားတာက ပိုကောင်းပါတယ်။
အခုဆို သင့် ဖုန်းရဲ့ font ကို သင့်လက်ရေးအတိုင်း ပြောင်းနိုင်ပါပြီ။ Font ပြောင်းဖို့အတွက် iFont ဆိုတဲ့ app လေး လိုပါသေးတယ်။ ဒီကိုသွားပြီး download ဆွဲပါ။ အထက်မှာပြောခဲ့သလိုပဲ၊ ကိုယ့်ဖုန်းကို အလန်းစားအလှဆင်ချင်ရင်တော့ နည်းနည်း အလုပ်ရှုပ်ခံရပါလိမ့်မယ်။
ပထမဦးဆုံး ကိုယ့်လက်ရေးနဲ့ ဖောင့်ကို ဖုန်းမှာမပြောင်းခင်၊ ဖုန်းရဲ့ နဂိုဖောင့်စနစ်ကို backup လုပ်ထားတာ ပိုစိတ်ချရပါလိမ့်မယ်။ iFont app ကို ဖွင့်ပြီး My > Factory Font > Backup font section ကို သွားပြီး backup လုပ်ထားလိုက်ပါ။
Androidpit-ifont-tipografia-01-w782
Androidpit-ifont-tipografia-02-w782
Androidpit-ifont-tipografia-01-w782
အခု iFont ထဲက My > My Font ကို သွားပြီး၊ အပေါ်မှာ အနီရောင်နဲ့ပြထားတဲ့ 'click this' ဆိုတဲ့ နေရာလေးကို နှိပ်လိုက်ပါ။ ပြီးရင်တော့ ခုန ကိုယ့်ဖုန်းထဲမှာ သိမ်းထားတဲ့ .ttf ဖိုင်နေရာကို ရွေးပေးလိုက်ပါ။ ပြီးရင် 'Set' ဆိုတာ နှိပ်လိုက်ပါ။
ဒီင်္အဆင့်တွေအားလုံးပြီးတဲ့အခါ သင့်ဖုန်းက Restart ကျသွားမှာဖြစ်ပြီး၊ ပြန်တက်လာတဲ့အခါ ဖုန်းပေါ်က ဖောင့်တွေက သင့်လက်ရေးအတိုင်းဖြစ်နေတာကို ကြည်နူးစရာ မြင်တွေ့ရမှာဖြစ်ပါတယ်။
androidpit-android-handwriting-2-w782
CHAN LAY (MCMM)
www.chanmyaemaung.blogspot.com
(or)
www.chanmyaemaung.tk
Credit To... (Digital Times)
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
နောက်ဆုံးထွက် ဗားရှင်း KingRoot 4.9.3 app for Android By CHANLAY (MCMM)
Posted: 30 May 2016 11:53 AM PDT
One Click Root apk တွေထဲမှာ လူကြိုက်များပြီး
အကျိုးပြုပေးနေတဲ့ KingRoot 4.9.2 နောက်ဆုံးထွက်
ဗားရှင်းလေးကို အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
ဖုန်းကလစ်သူများနဲ့ ဆားဗစ်သမားတွေကတော့ မရှိသေးရင်
ဆောင်ထားလိုက်ပါ၊ အခုနောက်ပိုင်းနာမည်ကြီးနေတဲ့ 2016
J Serise များအတွက် Root access ကိုရယူပေးနိုင်တဲ့ ဗားရှင်း
လည်းဖြစ်ပါတယ်၊ စက္ကန့် ၇၀ မစောင့်ဘူးနော် အဟုတ် ပေါက်တယ်။
J 200GU Model ဖုန်းတွေထဲ အခုနောက်ဆုံးထွက်လာတဲ့
အပြူရောင်ဖြင့် Model အတွက် TWRP & Supersu.zip ဖြင့်
တိုးမတဲ့အဆုံး ကံကောင်းချင်တော့ ဒီဗားရှင်းဖြင့် လာတိုးနေတယ်။
အသုံးပြုနည်းကိုတော့ အထူးပြောနေစရာမလိုတော့ဘူးနော်
မရှိသေးရင်ဆောင်ထားလိုက်ပါ နောက်ဆုံးဗားရှင်းဖြစ်တဲ့အတွက်
Root လုပ်ရန် အုံးစားနေရတဲ့ ဖုန်းတွေကို ဒီဗားရှင်းဖြင့် စမ်းသပ်ကြည့်လိုက်ပါ။
KingRoot 4.9.3 (144) APK Latest Version
<<< DOWNLOAD >>>
CHAN LAY (MCMM)
www.chanmyaemaung.blogspot.com
(or)
www.chanmyaemaung.tk
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
♪ ကွန်ပျူတာ နဲ့ Mobile နည်းပညာကို စိတ်ဝင်စားသူတွေအတွက် Knowledge Box Application (By: CHAN LAY) ♫
Posted: 30 May 2016 11:33 AM PDT
ဒီ Applications လေးကတော့ နည်းပညာကို စိတ်ဝင်စားသူတွေအတွက် လက်ကိုင်ဖုန်းကတဆင့် အလွယ်တကူ လေ့လာနိုင်အောင် ဖန်တီးထားတာပါ..။
 Application လေးထဲမှာ Computerဆိုင်ရာ, Mobile ဆိုင်ရာ, အခြား IT ဗဟုသုတများနဲ့ ကျော်ကြားသူတစ်ချို့ရဲ့ အတ္ထုပတ္တိအကျဉ်း စတဲ့ အကြောင်းအရာဗဟုသုတပေါင်း
၂၄၅ ခု ပါ ပါတယ်။
 Download From MediaFire
Or
 Download From pCloud
Or
 Download From Dropbox
CHAN LAY (MCMM)
www.chanmyaemaung.blogspot.com
(or)
www.chanmyaemaung.tk
Credit To... (La Min Soe)
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
(၁၀)တန်း အင်္ဂလိပ်စာ (တက္ကသိုလ်ဝင်တန်း) အတွက် Unit (1) to Unit (14) အထိ PDF ဖိုင်များစုစည်းမှု By CHAN LAY (MCMM)
Posted: 30 May 2016 10:33 AM PDT
(၁၀)တန်း အင်္ဂလိပ်စာ (တက္ကသိုလ်ဝင်တန်း) အတွက် Unit (1) to Unit (14) အထိ PDF ဖိုင်များစုစည်းမှုDownload လုပ်လို့ရအောင်လို့ ဆောင်ရွက်ပေးလိုက်ပါတယ်..
ကျောင်းသူ ကျောင်းသား များအတွက် Self-study ကိုယ်တိုင်လေ့လာသင်ယူရာမှာသော်လည်းကောင်း ၊
ဆရာ / ဆရာမများအတွက်Teaching Aids သင်ထောက်ကူအဖြစ်သော်လည်းကောင်း အသုံးတည့်ဖို့အတွက်
ရည်ရွယ်ပြီးဆောင်ရွက်ပေးလိုက်ပါတယ်...
အားနည်းချက်ကတော့ ...Powerpoint file တွေလို Animation တွေ နဲ့
Slide Transition တွေ မပါတော့ ရုပ်သေအဖြစ်နဲ့ ကြည့်ရှုရသလိုဖြစ်နေမှာပါပဲ.....
အားသာချက် အနေနဲ့ ... Phone နဲ့ဖြစ်စေ ၊ Computer နဲ့ဖြစ်စေ ကြည့်ရှုဖတ်မှတ်ရုံ နဲ့ အလွယ်တကူ နားလည်သဘောပေါက်နိုင်အောင် ဖန်တီးဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်....
ဒါ့အပြင် Myanmar Fonts အတွက် Fonts Error တက်တဲ့ကိစ္စကို ပူစရာမလိုတော့ပါဘူး....
ဘာသာပြန် အနည်းငယ်ချော်တောငေါ့သွားတာတွေကနေ စာလုံးပေါင်း သတ်ပုံကအထိ ပြန်စိစစ်ပေးထားပြီး အထိ တတ်နိုင်သမျှ
အမှားအယွင်းနည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ပေးထားပါတယ်...
တစ်ချို့ ဆရာ/ ဆရာမ များအနေနဲ့ ကျောင်းသူ ကျောင်းသားများအတွက် Print ထုတ် ပြီးဖြန့်ဝေပါရစေဆိုပြီး ခွင့်တောင်းလာတာလေးတွေ ရှိပါတယ်....
တစ်ချို့ ကျတော့ မကြိုက်တဲ့ဟာလေးတွေ ဖယ်ပြီး နည်းနည်း ပြန်ပြင် သုံးတဲ့သူတွေလည်းရှိပါတယ်...
တစ်ချို့က ပိုကောင်းအောင် ကိုယ့်ဘာသာကိုယ် Idea ထပ်လောင်းပြီး upgrade လုပ်တာတွေရှိပါတယ်..
ကျွန်တော် အနေနဲ့ အစကတည်းက ပညာဒါနအတွက်သာ ရည်ရွယ်စိတ်ပိုင်းဖြတ်ထားတာမို့ခွင့်ပြု ( ပြု ) ပါတယ်လို့
ဒီစာမျက်နှာ ဒီ Post ကနေ ပြန်ကြားအပ်ပါတယ်..
အခုမှ Page ကို ၀င်ရောက်ကြည့်မိတဲ့သူတွေ အတွက် Unit တစ်ခုချင်းစီအလိုက် ဘယ်လိုပုံစံမျိုးလုပ်ပေးထားတယ်ဆိုတာ
သိရအောင်လို့ နမူနာပုံစံ Photo Image တစ်ခုစီ ဖော်ပြပေးလိုက်ပါတယ်...
ကြိုက်နှစ်သက်ပြီး Download ရယူလိုပါက ........
အောက်ကပေးထားတဲ့ Unit တစ်ခုချင်းစီ link တွေကို သွားပြီး Download ရယူနိုင်ပါပြီ...
(တစ်စုတစ်စည်းထဲ ဆောင်ရွက်ပေးထားတာမို့ Only me နဲ့ Share ပြီး သိမ်းထားသင့်ပါတယ် )
Unit (1) The Calendar
Unit (2) Too Much Knowledge Maketh Fool
Unit (3) The Moon: a Nice Place to Visit
Unit (4) Clocks through Time
Unit (5) Self-service and the Supermarket
Unit (6) Robots
Unit (7) Dreams Do Come True
Unit (8) Advertisements the Pros and Cons
Unit (9) Sleep and Dreams
Unit (10) Looking Good
 Unit (11) Mosquito : Getting to Know the Enemy
Unit (12) Travel in Southeast Asia (1)
Unit (13) Travel in Southeast Asia (2)
Unit (14) Helen Keller
Thank For Reading!
CHAN LAY (MCMM)
www.chanmyaemaung.blogspot.com
(or)
www.chanmyaemuang.tk
Credit To... (HERE)
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Huawei Board Software တင်နည်း
Posted: 30 May 2016 04:00 AM PDT
ပထမဆုံး Huawei Smart phone Multi-download Software ကို Download လုပ်ပါ..
Huawei Smart phone Multi-download Software ကိုဖွင့်ပါ ပုံမှာ ပြထားတဲ့အတိုင်း manufacture ကို ရွေးပြီး next နှိပ်ပါ
ပထမ ဖွင့်မိပြီး ဘာနှိပ်လို့နှိပ်မိမှန်းမသိတဲ့သူတွေက RESET SETTING.reg ကို right click နဲ့ merge ဆိုတာလေးကိုနှိပ်လိုက်ပါ တချို့တွေကတော့ ရတယ်ပြောတယ် ကျွန်တော့်စက်မှာတော့ အဲ့ reg ဖိုင်လေး run မရဘူး
အဲ့တော့ ဒီလိုလေးရှင်းလိုက်မယ် window key + R နဲ့ run box လေးခေါ်လိုက်ပါ regedit ဆိုပြီးရိုက်မယ် Registry Editor ဆိုပြီး box တစ်ခုပေါ်လာမယ် အဲ့box ထဲကဘယ်ဘက်ခြမ်းက HKEY_USERS ထဲက
S-1-5-21-1331931615-3837818793 ထဲကို ထပ်ဝင်ပါ ပြီးရင် Software>Huawei>QPBLFBML01>Setting ထဲရောက်ရင် ညာဘက် box ထဲက user တို့  default တို့အကုန်လုံး select ပြီး delete လိုက်ပါ default ကတော့ဖျက်လို့မရဘူးပြလိမ့်မယ် ပြသနာမရှိဘူး
  ပြီးရင် Huawei Smart phone Multi-download Software ကို ပြန်ဖွင့်လိုက်ပါ manufacture ကိုရွေးပေးလိုက်ပါ password အသစ်ရိုက်ခိုင်းလိမ့်မယ် ကျွန်တော်ကတော့ 123 ဆိုပြီးအလွယ်ပေးလိုက်မယ် ပြီးရင် xml ဖိုင်ကိုရွေးပေးရမယ် board software folder ရဲ့ firmware file ထဲက Filename.xml ကိုရွေးပေးပါ (ဒီနေရာမှာ ဖိုင်နာမည်နဲ့.xml ပါတာကို ရွေးရမှာဖြစ်ပါတယ်.. )
 ရွေးပီးရင် next ကိုနှိပ်လိုက် ပြီးရင် scan and download ကိုဆက်နှိပ်မယ်
 ဖုန်းကို 9008 mode ၀င်ပြီးကြိုးထိုးလိုက်..
9008 Mode ဝင်နည်းကတော့  အောက်က တစ်နည်းနည်းနဲ့ ဝင်လို့ရပါတယ်...
  1. Phone က Firmware တက်နေသေးတယ်ဆိုရင် Nomal Mode မှာ adb reboot edl ရိုက်ပြီးဝင်ပါ
  2. Firmware မတက်တော့ဘူး Logo လည်နေတယ်ဆိုရင်တော့ TestPoint ထောက်ပြီးဝင်ပါ 
  3. TestPoint မထောက်တက်ဘူးဆိုရင် Mi ကထုတ်တဲ့ Xiaomi qualcomm Jig လေးဝယ်ပြီး ၀င်လို့ရပါတယ်
 9008 Mode ကို သိမသိ Computer ရဲ့ Device Manager မှာ အောက်ကပုံလို ပြနေပါမယ်..
9008 Mode ကိုသိပြီဆိုတာနဲ့ Huawei Smart phone Multi-download Software က ပုံမှာပြထားတဲ့အတိုင်း % လေးတွေတတ်လာပြီး bootloader image ကို စတင်ရေးနေပါပြီ
40% မှာ rebooting handset လို့ပြပြီး restart ကျပြီးးပုံမှာပြထားတဲ့အတိုင်း 3 colour နဲ့ fastboot mode ကိုရောက်သွားလိမ့်မယ် Huawei Smart phone Multi-download Software က fastbootimage ကိုဆက်ပြီးရေးသွားပါ့လိမ့်မယ် fastbootimage ကိုရေးနေချိန် tool မှာ download bootloader fail လို့ပြနေပါလိမ့်မယ် ဘာမှမဖြစ်ဘူး..
download success လို့ပြရင် ရပါပြီ ကဲမပြီးသေးပါဘူး ပါဝါဖွင့်ရင် factory လို့ပဲပြနေလိမ့်မယ်
dload နဲ့ ထပ်ရေးရပါမယ် boardsoftware ရဲ့  sd foler ထဲကပါတဲ့ dload နဲ့ရေးလိုက်ပါ firmware တတ်လာပါပြီ boardfirmware ကြီးကိုမကြိုက်ရင် ထပ်ပြီးတော့ မိမိနှစ်သက်ရာ buildnumber များကိုအဆင်ပြေပြေရေးနိုင်ပါပြီ..
တစ်ခုထူးတာက Huawei Smart phone Multi-download Software နဲ့တင်ပြီးတော့ fastboot oem get-bootinfo နဲ့ lock unlock လား စစ်လို့မရပေမဲ့ img ဖိုင်တွေကို fastboot flash *img ဆိုပေးပြီး flashခွင့်ပေးတယ်ဗျ not allowed လို့မပြတော့ဘူး ဘာလို့လဲတော့ သိဘူး...
Credit : FirmwareFix နှင့် အခြား
Board Firmware တွေလိုချင်ရင် >>>> Download Board Firmware
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Huawei Board Firmware တင်ဖို့ Huawei Smart phone Multi-download Software 1.0.0.2
Posted: 30 May 2016 03:59 AM PDT
Huawei Board Firmware တင်ဖို့ Huawei Smart phone Multi-download Software လိုပါတယ်.. အလွယ်တကူရှာမရနိုင်သူတွေအတွက် အလွယ်တကူရအောင် တင်ပေးလိုက်ပါတယ်..
ဆက်စပ်ဖတ်ရှုရန်
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Huawei_Qualcomm_Platform_Bootloader-Fastboot_Multi-Download-1.0.0.2.rar : 37.4 Mb
UserCloud Download Link
Mediafire Download Link
Rar Password = www.maungpauk.org
အရိပ်, စတုရန်းနဲ့ စက်ဝိုင်း ပုံစံတွေနဲ့ထားနိုင်တဲ့ အမိုက်စား - Vion - Icon Pack v3.8 Apk
Posted: 30 May 2016 03:07 AM PDT
Android နှင့် Tablet အသုံးပြုနေကြတဲ့ ဘော်ဒါတို့အတွက် ခပ်မိုက်မိုက် ကဗျာတွေ စာတွေ ဖွဲ့သီကုံးနိုင်လောက်သော Icon Pack လေးကို တင်ပေးလိုက်ပါတယ်။ Launcher ပုံစံတွေများများစားစား အတွက် ပြည်စုံလောက်တဲ့ Icon Pack ဖြစ်ပါတယ်။ ဒီကောင်လေး၏ အဓိက အချက်တော့ အရိပ်ပုံစံ, စတုရန်းပုံစံ, စက်ဝိုင်းပုံစံ 3D ရုပ်ထွက်ပုံစံ အစရှိသော် (117) ပုံစံများစွာပါရှိတဲ့ Android Application Icon pack လေးဖြစ်ပါတယ်။ အသုံးပြုမယ်သူများအတွက် Android OS 4.1 အထက်ရှိဖုန်းများအသုံးပြုနိုင်ပြီး ဖိုင်ဆိုဒ်ကတော့ 42.MB ဖြစ်ပါတယ်။ ဘော်ဒါတို့အတွက် အောက်မှာ screenshot ရိုက်ပေးထားပါတယ်။
Junkware Removal Tool ( JRT ) v8.0.6
Posted: 30 May 2016 12:09 AM PDT
[Unicode]
 Windows Computer သမားတွေရဲ့ Browser ကိုဖွင့်လိုက်ရင် ကိုယ်မလိုချင်တဲ့ Ask Toolbar, Babylon, Blekko, Claro / iSearch, Conduit, Crossrider, DealPly, Delta, Facemoods / Funmoods, Findgala, Globasearch, Hao123, iLivid, Iminent, IncrediBar, MocaFlix, MyPC Backup, MyWebSearch, PerformerSoft, Privitize, Qvo6, Searchqu, Snap Do, Swag Bucks, Wajam, Web Assistant, WhiteSmoke, Zugo စတဲ့ Toolbar တွေ၊ မလိုချင်တဲ့ Add-ons တွေ အလိုအလျောက် ရောက်နေပြီဆိုရင်တော့ JRT လေးကို Run ပြီး Key တစ်ခုခုကိုနှိပ်လိုက်ရုံနဲ့ အဆင်ပြေပါတယ်.. Junkware တွေ ရောက်လာပြီဆိုရင် ကိုနှိပ်ချင်တာကို ချက်ချက်မသွားဘဲ ကြော်ငြာလင့်တွေ၊ မလိုချင်တဲ့လင့်တွေကို ရောက်ရာက်သွားတာ ကြုံဖူးကြမှာပါ.. အဲဒီလို ဘာလို့ရောက်လာတာလဲဆိုတော့ အဓိကအကြောင်းအရင်းတွေက Pop up Script တွေရှိနေတဲ့ လင့်တစ်ခုခုကိုနှိပ်မိပြီး ပေါ်လာတဲ့ Ads တွေကိုနှိပ်မိတာ၊ Free ရတဲ့ Software တွေကိုထည့်မိရင်း အဲဒီ Software တွေက အလိုအလျောက် ကိုယ့်စက်ထဲကို Toolbar တွေ၊ Add-on တွေထည့်သွားတာတွေကြောင့်ပါ. အဲဒီလိုမဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့ရပါတယ်.. http://www.maungpauk.org/2014/03/layer-click-ads-website-blog.html မှာ 2014 ကတည်းက ကျွန်တော် ရေးထားခဲ့ပြီးသားပါ..
အခုတော့ ကြိုတင်ပြင်ဆင်မထားလို့ Junkware တွေရောက်နေရင် အောက်က JRT လေးကို Run ပြီး ကီးတစ်ခုခုနှိပ်ပေးလိုက်ပါ.. ပြီးရင် ကွန်ပျူတာကို Restart ချပြီး စိတ်ချမ်းချမ်းသာသာနဲ့ သုံးနိုင်ပါပြီ.. နောက်ထပ် Junkware တွေ မဝင်စေချင်ရင်တော့ http://www.maungpauk.org/2014/03/layer-click-ads-website-blog.html မှာကြည့်ပြီး ကြိုတင်ကာကွယ်ထားနိုင်ပါတယ်.. မလိုအပ်ဘဲ ဆော့ဝဲတွေကို ဒေါင်းပြီး Install မလုပ်ကြဖို့လည်း သတိပေးလိုပါတယ်..
-
Junkware Removal Tool (JRT) is a freeware security utility for Microsoft Windows that has been designed to search and remove adware, intrusive toolbars and other potentially unwanted programs (PUP) from your PC.
Key Features Include:
    The JRT security tool will help you to remove the following adware/intrusive toolbars and PUPs: Ask Toolbar, Babylon, Blekko, Claro / iSearch, Conduit, Crossrider, DealPly, Delta, Facemoods / Funmoods, Findgala, Globasearch, Hao123, iLivid, Iminent, IncrediBar, MocaFlix, MyPC Backup, MyWebSearch, PerformerSoft, Privitize, Qvo6, Searchqu, Snap Do, Swag Bucks, Wajam, Web Assistant, WhiteSmoke, Zugo etc).
Junkware Removal Tool is simple to use yet has powerful features. The application also has a very lightweight footprint at approximately 1.53MB
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Junkware Removal Tool ( JRT ) v8.0.6.exe : 1.53 Mb
Download Link 1
Download Link 2
May 30, 2016
မောင်ပေါက် ( Maung Pauk )
မောင်ပေါက် ( Maung Pauk )
Grade-11 , English Unit: 1 to 14 ထိ အသံဖိုင်များ ဒေါင်းလုပ်ရယူနိုင်ပါပြီ...။ by CHAN LAY (MCMM)
Posted: 29 May 2016 11:27 AM PDT
Image result for MYANMAR HD FLAG LOGO
ဆယ်တန်းကျောင်းသား ၊ ကျောင်းသူများအတွက် ၊ လေ့လာလွယ်ကူစေမည့်အပြင် 
ရှင်းလင်းပြတ်သားလှသော Native Speaker တစ်ယောက်ရဲ့ လေယူလေသိမ်းအသံဖြင့်
 ပုံပြင်တစ်ပုဒ်ဖတ်ပြနေသဖွယ် ခံစား သင်ယူနိုင်မည့် Unit : 1 To 14 ထိပါဝင်တဲ့ အသံဖိုင်လေးပါ...။ဒီ 
အသံဖိုင်လေးတွေကို (ယင်းမာ-တေးသံသွင်း) ကနေပြီး 
အကောင်းဆုံးတည်းဖြတ်ပြီး ဖြန့်ဝေထားခဲ့တာပါ...။ 
အရင်က (ပုတက်) မြန်မာ Web Site မှာတင်ပေးခဲ့ဖူးပါတယ်...။
ဒီအသံဖိုင်အားလုံးကို Pcloud Link ဖြင့် Download Links ချပေးထားပါတယ်...။
ယခုအသံဖိုင်များကို တစ်ကူးတစ်က Upload Links တင်ပေးခဲ့သော...
ဆရာ (Zeyar Htun)(၁ဝတန်း Eng သင်ရိုးနှင့်ဆွေးနွေးခန်းများ) 
Fun-Page လေးမှတစ်ဆင့်ရယူပြီး ပြန်လည်ဝေမျှပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ...။
အဆိုပါ လေ့ကျင့်ခန်းများကို အသံအဖြင့် နားထောင်ချင်လိုတယ်ဆိုရင်တော့...
Unite : တစ်ခုချင်းစီအလိုက် အောက်တွင် Download ရယူနိုင်ပါပြီ...။
Are you ready to download given below?
Ok, Now you can go to the download right away! :)                  
:DOWNLOAD SERVER FROM PCLOUD:             
UNIT 1:
THE CALENDAR - (DOWNLOAD)
UNIT 2:
TOO MUCH KNOWLEDGE MARKETH FOOLS - (DOWNLOAD)
UNIT 3:
THE MOON: A NICE PLACE TO VISIT? - (DOWNLOAD)
UNIT 4:
CLOCKS THROUGH TIME - (DOWNLOAD)
UNIT 5:
SELF-SERVICES AND THE SUPERMRKET - (DOWNLOAD)
UNIT 6:
ROBOTS - (DOWNLOAD)
UNIT 7:
DREAMS DO COME TRUE - (DOWNLOAD)
UNIT 8:
ADVERTISEMENTS: THE PROS AND CONS - (DOWNLOAD)
UNIT 9:
SLEEP AND DREAMS - (DOWNLOAD)
UNIT 10:
LOOKING GOOD - (DOWNLOAD)
UNIT 11:
MOSQUITO: GETTING TO KNOWN THE ENEMY - (DOWNLOAD)
UNIT 12:
TRAVEL IN SOUTHEAST ASIA I - (DOWNLOAD)
UNIT 13:
TRAVEL IN SOUTHEAST ASIA II - (DOWNLOAD)
UNIT 14:
HELEN KILLER - (DOWNLOAD)
ယခု Post လေးကို ပြန်ရှယ်မယ်ဆိုရင်တော့ ကျွန်တော့်ကို Credit ပေးပါလို့တောင်းဆိုချင်ပါတယ်နော်.... (စိတ်မရှိပါနဲ့)
CHAN LAY (MCMM)
chanmyaemaung.blogspot.com (or) chanmyaemaung.tk
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
ပျိုမေတို့အတွက် Online ပေါ်မှ အလှအပဆိုင်ရာ ပစ္စည်းများ
Posted: 29 May 2016 07:22 AM PDT
ဒီပတ်တော့ ပျိုမေတို့အတွက် Online ပေါ်မှာ ခေတ်စားနေတဲ့ အလှအပဆိုင်ရာ ဆေးဝါးနဲ့ပစ္စည်းများကို မူရင်းအတိုင်း ပြန်လည်မျှဝေလိုက်ပါတယ်...
-
Brazilian Hair Emulsion
******************
ပျိုမေတို့အတွက် ဆံသားကောက် / ဖြောင့်ခြင်းကြောင့် ဆံပင်ကျွတ်ခြင်း ၊ ပါးခြင်း ၊ ကြမ်းတမ်းခြင်းတို့ကို ကူညီဖြေရှင်းပေးနိုင်မယ့် ' Brazilian Hair Emulsion ' နို့ပေါင်းဆေးလေးပါ ...
💁 Brazilian Emulsion ( နို့ပေါင်းဆေး ) လေးကို တခါပေါင်းတင်ရုံနဲ့ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားလေးကို ( ၁ ) လလောက် နူးညံ့ချောမွေ့စေမယ့် ဖယောင်းပေါင်းဆေးလေးပါ ...
💁 သဘာဝ နို့ပရိုတင်း / သံလွင်ဆီ / ထောပတ်သီးတို့နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် ဆံသားလေးကို အရင်းမှအဖျားထိ ကျန်းမာသန်စွမ်းစေပြီး ဖယောင်းသွင်းထားသကဲ့သို့ ပျော့အိဖြောင့်ဆင်းနေစေပါတယ်...
👌 550ml ပါဝင်လို့ ( 6 ) လလောက် အသုံးခံပါတယ်...
👉 အသုံးပြုပုံ
-----------------
- ပုံမှန်အတိုင်းခေါင်းလျှော်ပြီး Brazil ပေါင်းဆေးကို ဆံပင်တလွှာချင်းစီလိမ်းပြီး ( 15 ) မိနစ်ခန့်ထားပါ .. ပြီးလျှင် ရေစင်အောင်ဆေးချပြီး ဆံပင်ကိုလေမှုတ်သွင်းပြီးတာနဲ့ နူးညံ့ဖြောင့်ဆင်းနေတဲ့ ဆံသားလေးကို အံ့သြဖွယ်တွေ့ရမှာပါ ...
☺ ကြိုက်နှစ်သက်လို့ မှာယူလိုပါက ☺
--------------------------------------
ဈေးနှုန်းက 550 ml ကို 18000 ဖြစ်ပြီး 09 451689031, 09787179972 သို့ ဖုန်းဆက်၍ဖြစ်စေ ၊ Viber သို့ Message ပေးပို့၍ဖြစ်စေ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်..
🏠 အိမ်အရောက်ပို့ Delivery ၀န်ဆောင်မှုရှိပါတယ် .. Delivery Charges ကတော့ မြို့နယ်အလိုက်ပါ
***
Triple White Gluta Pinkish 3000000mg
******************************
အချိန် ခဏတာလေးအတွင်းမှာ မိမိပင်ကိုယ် အသားအရေထက် သုံးဆပိုမို ကြည်လင်ဖြူဖွေးလာစေဖို့ pinkish gluta 3000000mg လေးက စွမ်းဆောင်ပေးနိုင်မှာပါ..
👍👍ထိုင်းမလေးတွေရဲ့ လက်စွဲဆောင်ထားရတဲ့ နောက်ဆုံးထွက်ရှိထားတဲ့ အသားဖြူသောက်ဆေးလေးပါ
😍😍၁ဗူးတောင်မကုန်ခင်သိသိသာသာဖြူကုန်လို့ ပြန်ရောင်းနေကြတဲ့ အာမခံခွင့်ပြုချက်တွေရ ရှိထားတဲ့ အစွမ်းထက်အသားဖြူသောက်ဆေးလေးပါ..
😱😱အခြား ဆေးများထက် gluta အဆ ၃၀ ပါဝင်သည့်အတွက် အံ့သြလောက်စရာ ဖြူဖွေး နူးညံ့ စိုပြေသည့် baby လေးတိုရဲ့ အသားအရေ ထင်မှတ်မှားရလောက်သည့် အသားအရေလေးကို ပိုင်ဆိုင်ရမှာပါ..
👆👆gluta 3000000mg သည် အသားအရေကို ရက်ပိုင်းအတွင်း အမြန်ဆုံး ဖြူဖွေးလာစေသည့်အပြင် ✅V.shape Fae✅လေးလည်း ဖြစ်အောင် ဖန်တီးပေးပါတယ်..
🏅🏅🏅ဆေးဘူးဟာ GMP နဲ့ FDA ဆေးဝါးမှတ်ပုံတင်ထားပီးသားလည်းဖြစ်ပါတယ်။Side Effects လုံးဝကင်းပီး အရေပြားအိုမင်းရင့်ရော်ခြင်းနှင့် မဲညစ်ခြင်းများကို အချိန်တိုအတွင်း ပြုပြင်ပေးနိုင်ပါတယ်။
🏻Acne Clear ဖြစ်တဲ့အတွက် ဝက်ခြံတေကိုသက်သာစေပီး အမဲစက်များ နဲ့ တင်းတိပ်များကိုလည်း လျော့ပါးပျောက်ကင်းစေနိုင်ပါတယ်
အမေရိကန်နိုင်ငံ(USA)မှ ကုန်ကြမ်းများကို တိုက်ရိုက်တင်သွင်းထားပြီး ထိုင်းနိုင်ငံမှာ ထုတ်လုပ်ထားပါတယ်ရှင့်။USA နှင့် Thailand နှစ်နိုင်ငံတို့ရဲ့ ထောက်ခံချက် လက်မှတ်တွေရရှိထားတာကြောင့် ၁ဗူးကုန်ရုံနဲ့ အသားအရေ ကိုသိသိသာသာဖြူလာစေမဲ့ Gluta Triple White 3000000 mg သောက်ဆေးလေးကို ဝယ်ယူသောက်သုံးလို့ရ နေပြီနော်
👨‍❤️‍👨👩‍❤️‍👩ယိုးဒယားနိုင်ငံမှ နာမည်ကျော် မင်းသား မင်းသမီးတွေသောက်သုံးနေပြီး ယိုးဒယားနိုင်ငံရဲ့GMP 🎫🎫🎫လက်မှတ် ဆရာဝန်များထောက်ခံချက်
ရဲ့ Quality Assurance ရရှိထားပါတယ်
ယိုးဒယားနိုင်ငံရဲ့ Best Seller 🏆🏆🏆ဆုကိုလဲရရှိထားပါတယ်
🕯🕯🕯၁ဘူး မှာအလုံး၃၀ ပါပါတယ်
USA Formula နဲ့ Thai GMP ရရှိထားလို့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်။
❓ဆေးသောက်ရန် အညွှန်း
💊Gluta 3000000 mgက တနေ့ ၁လုံး(အသားဖြူ/ဝင်းသူ)
၂ လုံး (အသားလတ်သူနှင့် အသားညိုသူ)၂လုံးကို တစ်ပြိုင်တည်း သောက်ရပါမယ်🚫ဆးသောက်ချိန် ဗိုက်ထဲ အစာမရှိပါစေနဲ့နော် ဆေးနဲ့အစာ အနည်းဆုံး ၁နာရီခြားပေးရပါတယ်။❗️❗️❗️ ညဘက် အိပ်ရာမဝင်ခင် သောက်လို့ရပါတယ် ဒါမှာ့မဟုတ် မနက်အိပ်ထပြီးချင်းသောက်လို့ရပါတယ် ဆေးသောက်ပြီး ၁နာရီကြာမှာ့ အစာစားပါနော်
အသားလတ်/အသားဝင်းသူများ ၁နေ့ ၁လုံးသောက်ပေးပါ။၂ဘူးလောက်သောက်ပေးရပါမယ်
အသားနည်းနည်းညို / 🏽အသားညို သူများကတော့ ၂ဘူး ကနေ ၄ဘူးကြားဆို သိသာလာပါတယ်...၂လုံးသောက်ပေးရပါမယ်.
🎭အမြဲစွဲသောက်လို့လည်း side effect မဖြစ်စေပါဘူးနော်။Supplement အနေနဲ့ တစ်နေ့ တစ်လုံးပုံမှန်သောက်သုံးခြင်းဖြင့် လူတကာအလယ်မှာ ထင်းကနဲ လှနေစေမည့် အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါပြီရှင့်💃
ဈေးနှုန်းက 20000 ကျပ်ဖြစ်ပြီး  💁မှာယူလိုပါက
09451689031, 09787179982
ကို ဆက်သွယ်နိုင်ပါတယ်
နယ်အော်ဒါ များ ATM သို့ငွေအရင်လွဲရမည်ဖြစ်ပြီး ငွေလွှဲရောက်ပြီးနောက်နေ့ကားဂိတ်ပို့ပေးမှာပါ
️ရန်ကုန်အော်ဒါ များပစ္စည်းရောက်မှ ငွေပေးချေနိုင်ပါသည်..
--
Top slim fitting [အဆီကျဗိုက်ချပ်ဘောင်းဘီ]
ကလေးမွေးပြီး ဗိုက်ပူ အဆီထွက်တဲ့မေမေတွေ ခန္ဓာကိုယ်ပိန်ပေမယ့် ဗိုက်ကလေးပဲ ကွက်ပူနေလို့ စိတ်ညစ်နေတဲ့ညီမလေးတွေ ခါးတုတ်ပြီး ဗိုက်မှာအဆီတွေလျော့တွဲကျနေလို့
tight skirt မဝတ်ရဲတဲ့မမတွေ ဘာမှစိတ်မညစ်ကြနဲ့တော့နော်..
Top slim fitting အဆီကျဗိုက်ချပ်ဘောင်းဘီက အဲ့လိုပြဿနာတွေအားလုံးကိုဖြေရှင်းပေးနိုင်ပါတယ်..
ပုံမှန်တနေ့ ၆ - ၈နာရီ ဝတ်ပေးရင် အဆီပိုများကိုသိသိသာသာကျစေတဲ့အပြင် တင်ပါးကိုပါပင့်တင်ပေးပြီး တင်းရင်းစေပါတယ်..
အဆီကျလိမ်းဆေး နဲ့တွဲပြီးဝတ်ရင်ပိုမြန်မြန်ကျပါတယ်..
ဈေးနှုန်းက 13000ks ဖြစ်ပြီး.. မှာယူလိုပါက 09 451689031, 09 787179982 ကိုဆက်သွယ်လိုက်ပါ
ရန်ကုန်မြို့တွင်းသို့ မြို့နယ်အလိုက် ဝန်ဆောင်ခဖြင့် အိမ်အရောက်ပို့ဆောင်ပေးပါတယ်
နယ်သို့ သက်ဆိုင်ရာ ကားဂိတ်မှ တစ်ဆင့် ပို့ဆောင်ပေးပြီး
kbz or cb banks မှ ငွေလွှဲပေးပို့နိုင်ပါတယ်
 --
Guerisson 9-Complex အမာရွတ်ပျောက်ဆေး
********************************
 ✅ငယ်ငယ်လေးထဲက ✅ဘယ်တော့မှမပျောက်တော့ဘူးထင်တဲ့အမာရွတ်တွေနဲ့
✅ခြင်ကိုက်ဖုသေးသေးလေးတွေကအစ ✅ခွဲစိတ်ဒဏ်ရာအမာရွတ်ကြီးကြီးတွေထိ ပျောက်ကင်းစေနိုင်မယ့် 9 Complex ကို korea နိုင်ငံမှထုတ်လုပ်ထားပြီး မင်းသားမင်းသမီးလက်စွဲဖြစ်တဲ့အပြင် မျက်နှာရော ခန္ဓာကိုယ်တခုလုံးပါ အသုံးပြုနိုင်ပါတယ်
မျက်နှာပေါ်မှာရှိတဲ့ တင်းတိပ် မှဲ့ခြောက် အမာရွတ်တွေကအစ ပျောက်ကင်းနိုင်ပြီး ညဘက်အိပ်ရာဝင် သူ့ထဲကဇွန်းလေးနဲ့ နဲနဲလေးလိမ်းအိပ်ရုံပါပဲ.... ပုံမှန်သုံးပေးရင် အမာရွတ်များ အရှင်းပျောက်ကင်းပြီး မျက်နှာလေး ဖြူ ၀င်းနူးညံ့လာပါတယ်..
Side Effect ဖြစ်တာ အသားအရေဓာတ်မတည့်တာမျိုး မရှိပါ.. အမျိုးသား အမျိုးသမီးမရွေး သုံးနိုင်ပါတယ်.
အကြောပြတ်ရာရှိတဲ့သူများ အတွက်အကြောပြတ်ရာပေါ်များပေါ်ပါ  လိမ်းပေးပါက ပျောက်ကင်းစေနိုင်ပါတယ်....
ဈေးနှုန်းက 9000 ကျပ်ဖြစ်ပြီး 09 451689031, 09 787179972 ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်..
ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ဝန်ဆောင်ပေးပြီး မြို့နယ်အလိုက်ပို့ခပေးရပါမယ်
နယ်သို့ သက်ဆိုင်ရာကားဂိတ်ကနေ ပို့ပေးပါတယ်
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
သင့် ဖေ့စ်ဘွတ်မှာ ဘယ်တော့မှ မတင်သင့်တဲ့ အရာ (၇) ခု
Posted: 29 May 2016 02:34 AM PDT
သင်နဲ့ သင့်မိသားစုလုံခြုံရေးအတွက် ဖေ့စ်ဘွတ်မှာ မတင်သင့်တဲ့ အရာတွေရှိပါတယ်။
တိုးတက်တဲ့ နည်းပညာခေတ်ထဲမှာ လူသားတွေ နေထိုင်လာကြတာနဲ့အမျှ မသမာသူတွေဟာလည်း အင်တာနက်အွန်လိုင်းကတဆင့် ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ကြိုးစားလာတတ်ကြပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း အင်တာနက်ပေါ်ကတဆင့် ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေဟာ မနည်းလှပါဘူး။
ယနေ့ခေတ် လူသားတွေနေ့တိုင်း ထိတွေ့အသုံးပြုနေတဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ ဘယ်တော့မှ(လုံးဝ) မတင်သင့်တဲ့ အရာ (၈) ခုရှိပါတယ်။ အဲဒီအရာတွေဟာ သင်နဲ့ သင့်မိသားစုအတွက် အန္တရာယ်ရှိရုံသာမက ကလေးငယ်တွေရဲ့ အနာဂတ်တွေအတွက်လည်း မကောင်းမွန်စေပါဘူး။
၁။ သင့်မွေးနေ့
မွေးနေ့ကို အတိအကျလုံးဝမတင်သင့်ပါဘူး။ မသမာသူတွေက သင့်ရဲ့မွေးနေ့နံပတ်တွေကို သိသွားခဲ့ရင် ဒါတွေကိုမှန်းဆပြီး သင့်ရဲ့ဘဏ်အကောင့်လျှို့ဝှက်နံပတ်တွေ၊ လူမှုကွန်ယက်အကောင့် လျှို့ဝှက်နံပတ်တွေကို မှန်းဆနိုင်ပါတယ်။
၂။ ကလေးငယ်များ၏ စာသင်ကျောင်း
ကိုယ့်အိမ်က ကလေးငယ်တွေကို ဘယ်မှာကျောင်းထားတယ်ဆိုတာနဲ့ ဘယ်အချိန် ကျောင်းသွားတယ်ဆိုတာမျိုး မတင်သေးပါဘူး။ ဒါဟာကိုယ့်ကလေးငယ်ရဲ့ အန္တရာယ်ကို လက်ယက်ခေါ်နေတာနဲ့ အတူတူပါပဲ။
၃။ ကလေးငယ်နှင့် မိသားစုဝင် ဓာတ်ပုံများ
ကလေးငယ်တွေရဲ့ ပုံတွေလည်းများများစားစား မတင်သင့်ပါဘူး။ နောင်တချိန် သူတို့ကြီးပြင်းလာတဲ့အခါ သင်တင်ခဲ့တဲ့ ဓာတ်ပုံတွေကြည့်ပြီး သူတို့ ကြိုက်ချင်မှ ကြိုက်မှာပါ။
၎။ တည်နေရာပြခြင်း
Location Services လို့ခေါ်တဲ့ ကိုယ်ဘယ်မှာရောက်နေတယ်ဆိုတာမျိုးတွေနဲ့လည်း ဖေ့စ်ဘွတ်မှာ check-in မဝင်သင့်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် အွန်လိုင်းရှိနေတဲ့ လူအားလုံးက သင်ဘယ်မှာရှိနေတယ်ဆိုတာကို တန်းသိနိုင်ပါတယ်။ သင်အိမ်မှာ ရှိမနေဘူးဆိုတာလည်း သူတို့ မှန်းဆနိုင်ပါတယ်။
၅။ ဘယ်အချိန်မှာ ဘယ်သွားတယ်
သင်က ဘယ်အချိန်မှာ ဘယ်သွားမယ်ဆိုတာလည်း မတင်သင့်ပါဘူး။ ဒါကတော့ ဖောက်ထွင်းသူတွေကို သင်မရှိတုန်း သင့်အိမ်လာခဲ့ပါလို့ လက်ယက်ခေါ်နေသလိုပါပဲ။ အထူးသဖြင့် သင် အားလပ်ရပ်ရှည်သွားတဲ့အခါမျိုးမှာ ကြာချိန်နဲ့ နေရာအတိအကျ မတင်သင့်ပါဘူး။
၆။ အိမ်တွင် check-in ဝင်ခြင်း
သင့်ရဲ့ အိမ်မှာ ရှိတဲ့အချိန်ဆို check-in မဝင်သင့်ပါဘူး။ at My Home ဆိုတာမျိုး အိမ်ရောက်ရင် လုပ်တက်ကြပါတယ်။ ဒီလိုတင်တဲ့အခါ သင့်အကောင့်ထဲမှာ ရှိတဲ့လူတိုင်းက သင့်ရဲ့အိမ်လိပ်စာ အလွယ်တကူ သိနိုင်ပါတယ်။
၇။ ဖုန်းနံပါတ်
ဖုန်းနံပတ်ဆိုတာလည်း အရမ်းကို အတွင်းရေးဆန်ပါတယ်။ အထူးသဖြင့် ဈေးရောင်းဈေးဝယ်လုပ်တဲ့ စာမျက်နှာတွေအောက်မှာ သင့်ရဲ့ဖုန်းနံပတ် မထားခဲ့သင့်ပါဘူး။ ထားခဲ့မယ်ဆိုရင်တော့ သင်စိတ်အနှောင့်အယှက် ပေးခံရဖို့ များပါတယ်။
ှSource : The Sun YomaLan
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
ဈေးသက်သာသည့် 2-in-1 notebook နှစ်မျိုးကို Acer မိတ်ဆက်
Posted: 28 May 2016 11:05 PM PDT
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
May 29, 2016
မောင်ပေါက် ( Maung Pauk )
မောင်ပေါက် ( Maung Pauk )
Aovo A03 firmware backup firmware ရယူပါ
Posted: 28 May 2016 12:47 PM PDT
 Aovo A03 အတွက် firmware backup firmware လေး
တွေ့မိလို့ အလိုရှိတဲ့သူတွေအသုံးပြုလို့ရအောင် မျှဝေပေးလိုက်ပါတယ်။
Backup Firmware လေးဖြစ်တော့ သာသာယာယာပဲပေါ့
ဒေါင်းလော့လင့်လည်း အရမ်းအဆင်ပြေပါတယ်၊ အောက်မှာရယူလိုက်ပါ။
Credit: Chit San Maung
CHAN LAY (MCMM)
chanmyemaung.blogspot.com
http://chanmyaemaung.tk/
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
စမတ်ဖုန်း Lollipop ဗားရှင်းများနဲ့ Myanmar font Changer apk များစုစည်းမှု
Posted: 28 May 2016 11:44 AM PDT
Samsung Lollipop Font Solution V1.1 !
=====================
ကဲ…….. Samsung ဖုန်းကိုင်ဆောင်ထားတဲ့ဘော်ဒါများအတွက် အဆင်ပြေစေမယ့်
Zip ဖိုင်လေးကိုတင်ပေးချင်ပါတယ် ဒီကောင်လေးကဘာအလုပ်လုပ်သလဲဆိုရင်တော့
Built-in  Myanmar ( ဇော်ဂျီ ) , Myanmar ( Unicode ) ဆိုပြီးပါပါတယ်
အဲ့လိုဖုန်းတွေအတွက်ဆိုရင် fontstyle မှာ ချိန်းပြီးသုံးမယ်ဆိုရင်
message တို့  facebook တို့ မှာပဲအဆင်ပြေမှာပါ ကျန်တဲ့နေရာတွေမှာမမှန်ပါဘူး…
အဲ့လိုပြသနာတွေဝေးရအောင် ဒီဖိုင်လေးက လုပ်ဆောင်ပေးမှာဖြစ်ပါတယ်
လိုအပ်ချက်
=========
Version 5.0 နှင့်အထက်ဖုန်းများအတွက်သာ
CWM ( example clockwork mode recovery ) နှင့်
အခြား Custom recovery များလိုအပ်ပါတယ်
Samsung Devices တွေအတွက်သာ
အခြားဖုန်းများနှင့် အခြားဖုန်းများဆိုရင်တော့
( Make Your Owm risk ) ပေါ့ဗျာ….
စာလုံးတွေပိုလှလာအောင် Smart Zawgyi ကိုသုံးထားပါတယ်
အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ
( Samsung Lollipop Font Zip By MMSD )
Android 5.0 အထက်ဖုန်းတွေအတွက် Lollipop Myanmar Font Tools
==================================
ကျွန်တော်ဘော်ဒါကြီး ko lin လုပ်ပေးထားတဲ့ android Lollipop အတွက်
မြန်မာစာ အလွယ်တစ်ကူ သွင်းပေးနိုင်တဲ့ tools လေပါ bootsong လေပါအပိုလေးတစ်ခုထည့်ပေးထားတယ်..
Boot Song Change ဖို့အတွက် Button လေးတစ်ခု ထည့်ထားတယ်..
Power On ရင် ထွက်မဲ့ အသံက မင်းရဲကျော်စွာ ဗိုလ်နေတိုး ...........smile emoticon
Power Off ရင် ထွက်မဲ့အသံက မိုးရေထဲ့မှာ အချစ်ရေခဏလေးသေးပေါက်ချင်တယ်..
ဆိုတဲ့ ဟို အဆိုကျော်လေး ............
Root ဖောက်ထားဖို့တော့လိုအပ်မယ် လိုအပ်တဲ့သူတွေ အောက်မှာဒေါင်းယူလိုက်ပါ
Lollipop myanmar font Tools
password = kolin
Lollipop Zawgyi Installer (5.0 - 5.0.x)
=======================
Android version 5.0 အထက်မှာ ပါဝင်တဲ့ unicode ဖောင့်တွေကို
ဇော်ဂျီ အဖြစ်ပြောင်းလဲ နိုင်မယ့် Tool လေးပါ ။
 ဒီ Tool ကိုတော့ ကိုစိုင်းခိုင်တင့်
(Mobile Doctor ) ကရေးသားထားပါတယ်။
Lollipop Zawgyi Installer.zip
Final Solution 3.0 ( Zawgyi Base )
==============================
Samsung ဖုန်းများအတွက် Zawgyi Font အလွယ်တကူထည့်သွင်းနိုင်ရန်
 Font များကိုအလွယ် တကူဖန်တီးပေးနေကျဖြစ်တဲ့ Ko Aung Thura မှ
အခု version 4.3 မှ 5.1.1 ထိ Zawgyi Font ထည့်သွင်းနိုင်ရန်
Final Solution နဲ့ Zawgyi font apk / Zawgyi Font ttf များကို
ထပ်မံမျှဝေပေးလိုက်ပြန်ပါပြီ။
Final Solution 3.0 မှာဆိုရင်တော့-
TotalSolution 3.0 ( ZawgyiBase )
………………………………………………………
Samsung Android 5.1.1 Fonts Database
Update
Samsung Android Version 4.3 ~ 5.1.1 ပုံမှန်အတိုင်း
Samsung Zawgyi Keyboard
မြန်မာ Language
( S6 rom တင်ထားရင်တော့ Unicode – မြန်မာ
Language & Keyboard ပါရမယ် )
Zawgyi Font
စာလုံးအနည်းငယ်ပြောင်းလဲထားခြင်းငသတ်ပြင်ထားခြင်း
ယပင့် ဝဆွဲ ထပ်ပြင်ထားခြင်း များကို ထပ်မံပြုပြင်ပေးထားပါတယ်။
Final Solution 3.0 Download Link –
<<< DOWNLOAD >>>
ထည့်သွင်းနည်းကတော့ အရင်အတိုင်းပါပဲ
Custom Recovery ကနေ zip file ကို install ပေးရုံပါပဲ။
apk နဲ့ ttf အတွက်ကတော့ အောက်ကလင့်မှာ Download ရယူလိုက်ပါ။
apk >>> DOWNLOAD
ttf   >>> DOWNLOAD
LolliZwaper v1.1 apk
==============
Android 5.0 နဲ့ အထက် Unicode ကနေ Zawgyi Font System တစ်ခုလုံးပြောင်းရန်အတွက်အသုံးပြုနိုင်သလို
Android 4.1 နဲ့အထက်ဖုန်းတွေမှာ Unicode စာသားများကို Zawgyi Font ပြောင်းလဲနိုင်ပါတယ်။
Font Change ဖို့အတွက် Root Access လိုအပ်ပါတယ်။ Font Convert လုပ်ဖို့အတွက် Root မလိုအပ်ပါ။
Root မရှိသောဖုန်းတွေအတွက်လဲ App အတွင်းမှာပင် Root လုပ်နိုင်သော Mobile App များ Download ရယူနိုင်ပါတယ်။
မိမိပြောင်းလိုသော Unicode Font များကို Copy ယူပြီး Easy Converter မှာ ဖိနှိပ်လိုက်ပါ။ အလိုအလျောက်ပြောင်းသွားပါလိမ့်မယ်
Box အတွင်းရှိစာများဖျက်လိုပါက Double Click နှိပ်လိုက်ပါ။
Font Converter အတွက် Saturngod ရဲ့ Rabbit Converter ကိုအသုံးပြုထားပါတယ်။
<<< DOWNLOAD  >>>
App အတွင်းအသုံးပြုထားသော Open Source Font များကို Credit ပေးပါတယ်။
ယခု App ရဲ့ Source Code ကို ဒီမှာကြည့်ပါ။
<<< DOWNLOAD  >>>
Android version 4.1 and up အထက်ဖုန်းအားလုံးမှာအဆင်ပြေပါတယ်။
LolliZwaper v1.1 apk
အထက်ပါ Lollipop ဗားရှင်းများနဲ့ Myanmar font apk များကို
ကျနော် ဇူးနစ်(နည်းပညာ) မှစုစည်းတင်ပေးထားခြင်းဖြစ်ပါတယ်။
အားလုံးပြီးပြည့်စုံတယ်လို့တော့မပြောလိုပါ၊ ဖေါ်ပြပါ Font apk များဖြင့်
မိမိတို့ဖုန်းအသီးသီးတို့ကို Support ပြုလုပ်ခဲ့သည်ရှိသော် သက်ဆိုင်ရာ
Developer များကိုသာ Credit ပေးကြဖို့ကိုအထူးတိုက်တွန်းလိုပါတယ်။
ဤပိုစ့်တွင် Font များအတွက် ရေးဆွဲပေးထားကြတဲ့ Developer ဆရာများအတွက်
တစ်ဦးချင်းစီကို Credit မပေးမိတာကိုတော့ဆရာများအနေဖြင့်နားလည်ပေးကြလိမ့်မယ်လို့
မျှော်လင့်ပါတယ်။
ယခုပိုစ့်များကို Share ပေးကြတဲ့ညီအကိုများနဲ့
Developer များအားလုံးကို Credit ပေးပါတယ်ခင်ဗျား
အားလုံးကိုကျေးဇူးတင်ပါတယ်။
ဇူးနစ်(နည်းပညာ)
 www.zunite.org
CHAN LAY (MCMM)
chanmyaemaung.blogspot.com
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
အကောင်းဆုံးသော Logo Designer လေးပါ။ CHAN LAY (MCMM)
Posted: 28 May 2016 10:32 AM PDT
Image result for logo design imagesImage result for logo design images
Image result for logo design images
ယခု ကျွန်တော် တင်ပေးထားတဲ့ Software လေးကတော့... ကျွန်တော်တို့လို IT နည်းပညာဆည်းပူးဖြန့်ဝေနေတဲ့
လူငယ်များ သာမက Business Men များ၊ ကျောင်းသား/သူများအပြင် အမျိုးမျိုးသော သူများအတွက်...
အလွယ်တကူ အချိန်သိပ်ပေးစရာမလိုပဲ ကိုယ်ပိုင်အတွေးတွေနဲ့ အသင့်ပေါင်းစပ်ပြီင်္း စိတ်ကူးပုံဖော်ရေးဆွဲပေးနိုင်တဲ့ Logo
Creator လေးပါ။
လက်ရှိ ကျွန်တော်ကိုယ်တိုင် Photoshop အသုံးမပြုချင်တဲ့အခါမျိုးမှာ လွယ်လွယ်ပဲ... ဒီ Logo Creator လေးကိုပဲ အားကိုးပြီး...
အသုံးပြုနေရတယ်။
ဒီ Software လေးက Microsoft Ofiice နဲ့ Layot Background ပိုင်းချင်းတူတာကြောင့်မို့ အမြင်ပိုင်းလဲ သိပ်ပြီးမခက်ခဲပါဘူး
ခင်ဗျာ...။
ကျွန်တော် ညွှန်းနေတာ တကယ့်ကို အသုံးဝင်နိုင်မယ့် Software ကောင်းလေးမို့ပါခင်ဗျာ...။
သုံးဖူးသူတိုင်းလည်း သိကြမယ်ထင်ပါတယ်။
သူက မည်သည့် OS မျိုးပေါ်တွင်မဆို Run ပေးနိုင်တာကြောင့် အရမ်းအစဉ်ပြေလှပါတယ်ဗျာ...။
Full Version ပေးထားပါတယ်နော်....။ MB လည်းသိပ်မရှိတာမို့ မိမိရဲ့ Pcloud Link ကလေးထဲမှာ Save
ထားနိုင်ပါသေးတယ်...ခင်ဗျာ...။
ှSoftware ကိုအောက်တွင် Download ချယူနိုင်ပါပြီ...။
Full Version ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?
လွယ်ပါတယ်...။ Software ကို သမာရိုးကျ လုပ်ငန်းစဉ်အတိုင်း Install လုပ်ပေးလိုက်ပါ။
ပြီးရင် Software ကို မဖွင့်သေးပါနဲ့အုန်းနော်...။
နောက်ထပ် ဒေါင်းလုပ်ရယူထားတဲ့ ဖိုင်ထဲက LogoDesigner.exe လေးကို Copy ကူးပြီး...။
C:\Program Files\Logo Designer ထဲကို Paste and Replace လုပ်ပေးလိုက်ပါခင်ဗျာ....။
ပြီးရင် Software ကို Doublre Click ဖွင့်ပြီး...။ သုံးနိုင်ပါပြီ...။
Downlaod Setup File ( DOWNLOAD HERE ) -Pcloud Link (21.7 MB)
Downlaod Crack File ( DOWNLOAD HERE ) -Pcloud Link (1.22 MB)
File Password is " chanmyaemaung.blogspot.com "
CHAN LAY (MCMM)
chanmyaemaung.blogspot.com
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
iOS emoji font for Android
Posted: 28 May 2016 01:55 AM PDT
Android emoji font ကြီးသုံးရတာရိုးလာသူများအတွက် iOS emoji font လေးတင်ပေးလိုက်ပါတယ် root explore နဲ့ဖြစ်ဖြစ်သွင်းကြပါ Android 5 နဲ့ 6 မှာ တော့ emoji Font နာမည်က NotoColorEmoji.ttf ပါ အခုပေးထားတဲ့ Font ဖိုင်ကို အဲဒီနာမည်ပြောင်းပြီးမှထည့်ပါ အခြားဘားရှင်းများအတွက်မသိပါ 4-5-6 MB လောက်ရှိရင် emoji Font ဖိုင်ဆိုတာလဲသေချာပါတယ် Font ဖိုင်မှာလဲ Abg တို့ ဘာတို့ပေါ်မနေပါ
Root explorer မရှိသူများဒီမှာဒေါင်းပါ
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link