မောင်ပေါက် ( Maung Pauk ) |
- ♪ ကိုယ့်ဖုန်းထဲက font ကို ကိုယ့်လက်ရေးအတိုင်း ဖြစ်အောင် ဘယ်လိုလုပ်မလဲ ♫ By CHANLAY (MCMM)
- နောက်ဆုံးထွက် ဗားရှင်း KingRoot 4.9.3 app for Android By CHANLAY (MCMM)
- ♪ ကွန်ပျူတာ နဲ့ Mobile နည်းပညာကို စိတ်ဝင်စားသူတွေအတွက် Knowledge Box Application (By: CHAN LAY) ♫
- (၁၀)တန်း အင်္ဂလိပ်စာ (တက္ကသိုလ်ဝင်တန်း) အတွက် Unit (1) to Unit (14) အထိ PDF ဖိုင်များစုစည်းမှု By CHAN LAY (MCMM)
- Huawei Board Software တင်နည်း
- Huawei Board Firmware တင်ဖို့ Huawei Smart phone Multi-download Software 1.0.0.2
- အရိပ်, စတုရန်းနဲ့ စက်ဝိုင်း ပုံစံတွေနဲ့ထားနိုင်တဲ့ အမိုက်စား - Vion - Icon Pack v3.8 Apk
- Junkware Removal Tool ( JRT ) v8.0.6
| ♪ ကိုယ့်ဖုန်းထဲက font ကို ကိုယ့်လက်ရေးအတိုင်း ဖြစ်အောင် ဘယ်လိုလုပ်မလဲ ♫ By CHANLAY (MCMM) Posted: 30 May 2016 12:06 PM PDT Android ကို ချစ်ရတဲ့အချက်တွေထဲမှာ ဖုန်းကို ကိုယ့်စိတ်တိုင်းကျနီးပါးပြင်ဆင်နိုင်၊ ကလိနိုင်တဲ့ အချက်ကလည်း တစ်ခုအပါအ၀င်ပါ။ ဒါနဲ့ ကိုယ့်ဖုန်းပေါ်က စာလုံး font တွေကို ကိုယ့်လက်ရေးအတိုင်း font ပြောင်းထားလို့ရတယ်ဆိုတာကော သင်သိပါသလား။ ကိုယ့်ဖုန်းပေါ်မှာ ကိုယ့်လက်ရေးဖောင့်နဲ့ သုံးရတဲ့ ခံစားချက်က တကယ်မိုက်ပါတယ်။ ဒါပေမယ့် လက်ရေးအရမ်းဆိုးတဲ့လူတွေတော့ မလုပ်ကြည့်နဲ့ပေါ့ဗျာ။ ကိုယ့်ဘာသာတောင် မဖတ်တတ်ဘဲ ဖြစ်နေဦးမယ်နော်။ ဒီလို လုပ်ဖို့အတွက် ပထမဆုံးဖုန်းမှာ Root Access လိုပါမယ်။ ဒီ့အပြင် Xposed Framework ဆိုတဲ့ မော်ဂျူး app တစ်ခုလိုပါမယ်။ ဒီကနေ ဒေါင်းလုဒ်ဆွဲလိုက်ပါ။ ကိုယ့်ဖုန်းနဲ့ ကိုက်တဲ့ framework ကို ရွေးဆွဲပါ။ AndroidPIT-xposed-framework-modules-4267-w782 Android ဖုန်းမှာ ကိုယ့်လက်ရေးကို ဖောင့်တစ်ခုအနေနဲ့ သုံးဖို့အတွက် အရင်ဆုံး ကိုယ့်လက်ရေးကို ချရေးပြဖို့ လိုပါတယ်။ ပြီးမှ ဒီဂျစ်တယ်ဖောင့်အနေနဲ့ ပြောင်းမှာပါ။ ဒီအတွက် အွန်လိုင်း tool တစ်ခုရှိပါတယ်။ ဒီဝက်ဘ်ဆိုဒ်မှာ ပေးထားတဲ့ template ကို ဒေါင်းလုဒ်ဆွဲပြီး၊ ကိုယ့်လက်ရေးကို ချရေးပေးရမှာပါ။ Template က PDF ကော PNG format နဲ့ပါ ဒေါင်းနိုင်ပါတယ်။ ဒေါင်းလုဒ်လုပ်လို့ရလာတဲ့ PNG ဖိုင် ဒါမှမဟုတ် PDG ဖိုင်ကို ပရင်တာနဲ့ ပရင့်ထုတ်လိုက်ပါ။ အိမ်မှာ ပရင်တာ မရှိလည်း၊ အခုခေတ်မှာ ပရင့်ထုတ်လို့ရတဲ့ဆိုင်တွေ ပေါပါတယ်။ ဒါမှမဟုတ် ရုံးက ပရင်တာနဲ့ ထုတ်ပေါ့။ ပရင့်ထုတ်ထားတဲ့စာရွက်မှာ သူပေးထားတဲ့ guideline အတိုင်း ABCD အက္ခရာတွေကို မှင်အနက်နဲ့ ကိုယ်ရေးနေကျ လက်ရေးအတိုင်း ရေးပေးပါ ။ ငယ်ငယ်က လေးကြောင်းမျဉ်းရေးရသလိုပါပဲ သိပ်မခက်ပါဘူး။ စာလုံး တစ်ခုမကျန်ရေးပေးဖို့ လိုပါတယ်။ နို့မို့ဆို ကိုယ့်လက်ရေးဖောင့် သေချာပေါ်မှာမဟုတ်ပါဘူး။ ABCD တွေ ရေးပြီးသွားရင် အဲဒီစာရွက်ကို စကင်ဖတ်ပေးပါ။ စကင်ဖတ်ဖို့မရှိဘူးလား မပူပါနဲ့။ ဒီ Android-app ကနေ ဖုန်းနဲ့ scan ဖတ်နိုင်ပါတယ်။ ဖုန်းနဲ့ scan ဖတ်ပြီးလို့၊ ကိုယ့်လက်ရေးစာရွက်ဓာတ်ပုံဖိုင်ရပြီဆိုရင်၊ My Script Font ၀က်ဘ်ဆိုဒ်ကို ပြန်သွားပြီး၊ upload လုပ်လိုက်ပါ။ နာမည်တစ်ခု ကြိုက်တာပေးပြီး၊ Start နှိပ်လိုက်ပါ။ ၀က်ဘ်ဆိုဒ်က processing လုပ်လိြု့ပီးရင်၊ သင့်လက်ရေးနမူနာပုံစံကို တွေ့ရပါလိမ့်မယ်။ ဒီနမူနာအောက်မှာ လင့်ခ်တစ်ခု ပါပြီး၊ အဲဒီလင့်ခ်ကနေ .ttf နဲ့ ဖောင့်ဖိုင်ကို ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ ဒီ ကွန်ပြူတာဖောင့်က သင့်လက်ရေးနဲ့ ဖောင့်ပါ။ ကွန်ပြူတာမှာ သုံးသုံး၊ ဖုန်းမှာ သုံးသုံးရပါတယ်။ ဖုန်းနဲ့ သုံးမယ်ဆို၊ ဖုန်းထဲကနေ ကိုယ်မှတ်မိတဲ့နေရာမှာ သိမ်းလိုက်ပါ။ ဖုန်း internal storage ထဲမှာ ဖိုင်တစ်ခုနဲ့ သိမ်းထားတာက ပိုကောင်းပါတယ်။ အခုဆို သင့် ဖုန်းရဲ့ font ကို သင့်လက်ရေးအတိုင်း ပြောင်းနိုင်ပါပြီ။ Font ပြောင်းဖို့အတွက် iFont ဆိုတဲ့ app လေး လိုပါသေးတယ်။ ဒီကိုသွားပြီး download ဆွဲပါ။ အထက်မှာပြောခဲ့သလိုပဲ၊ ကိုယ့်ဖုန်းကို အလန်းစားအလှဆင်ချင်ရင်တော့ နည်းနည်း အလုပ်ရှုပ်ခံရပါလိမ့်မယ်။ ပထမဦးဆုံး ကိုယ့်လက်ရေးနဲ့ ဖောင့်ကို ဖုန်းမှာမပြောင်းခင်၊ ဖုန်းရဲ့ နဂိုဖောင့်စနစ်ကို backup လုပ်ထားတာ ပိုစိတ်ချရပါလိမ့်မယ်။ iFont app ကို ဖွင့်ပြီး My > Factory Font > Backup font section ကို သွားပြီး backup လုပ်ထားလိုက်ပါ။ Androidpit-ifont-tipografia-02-w782 Androidpit-ifont-tipografia-01-w782 အခု iFont ထဲက My > My Font ကို သွားပြီး၊ အပေါ်မှာ အနီရောင်နဲ့ပြထားတဲ့ 'click this' ဆိုတဲ့ နေရာလေးကို နှိပ်လိုက်ပါ။ ပြီးရင်တော့ ခုန ကိုယ့်ဖုန်းထဲမှာ သိမ်းထားတဲ့ .ttf ဖိုင်နေရာကို ရွေးပေးလိုက်ပါ။ ပြီးရင် 'Set' ဆိုတာ နှိပ်လိုက်ပါ။ ဒီင်္အဆင့်တွေအားလုံးပြီးတဲ့အခါ သင့်ဖုန်းက Restart ကျသွားမှာဖြစ်ပြီး၊ ပြန်တက်လာတဲ့အခါ ဖုန်းပေါ်က ဖောင့်တွေက သင့်လက်ရေးအတိုင်းဖြစ်နေတာကို ကြည်နူးစရာ မြင်တွေ့ရမှာဖြစ်ပါတယ်။ CHAN LAY (MCMM) www.chanmyaemaung.blogspot.com (or) www.chanmyaemaung.tk Credit To... (Digital Times) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| နောက်ဆုံးထွက် ဗားရှင်း KingRoot 4.9.3 app for Android By CHANLAY (MCMM) Posted: 30 May 2016 11:53 AM PDT ![]() One Click Root apk တွေထဲမှာ လူကြိုက်များပြီး အကျိုးပြုပေးနေတဲ့ KingRoot 4.9.2 နောက်ဆုံးထွက် ဗားရှင်းလေးကို အားလုံးအတွက် တင်ပေးလိုက်ပါတယ်။ ဖုန်းကလစ်သူများနဲ့ ဆားဗစ်သမားတွေကတော့ မရှိသေးရင် ဆောင်ထားလိုက်ပါ၊ အခုနောက်ပိုင်းနာမည်ကြီးနေတဲ့ 2016 J Serise များအတွက် Root access ကိုရယူပေးနိုင်တဲ့ ဗားရှင်း လည်းဖြစ်ပါတယ်၊ စက္ကန့် ၇၀ မစောင့်ဘူးနော် အဟုတ် ပေါက်တယ်။ J 200GU Model ဖုန်းတွေထဲ အခုနောက်ဆုံးထွက်လာတဲ့ အပြူရောင်ဖြင့် Model အတွက် TWRP & Supersu.zip ဖြင့် တိုးမတဲ့အဆုံး ကံကောင်းချင်တော့ ဒီဗားရှင်းဖြင့် လာတိုးနေတယ်။ အသုံးပြုနည်းကိုတော့ အထူးပြောနေစရာမလိုတော့ဘူးနော် မရှိသေးရင်ဆောင်ထားလိုက်ပါ နောက်ဆုံးဗားရှင်းဖြစ်တဲ့အတွက် Root လုပ်ရန် အုံးစားနေရတဲ့ ဖုန်းတွေကို ဒီဗားရှင်းဖြင့် စမ်းသပ်ကြည့်လိုက်ပါ။ KingRoot 4.9.3 (144) APK Latest Version <<< DOWNLOAD >>> CHAN LAY (MCMM) www.chanmyaemaung.blogspot.com (or) www.chanmyaemaung.tk အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ♪ ကွန်ပျူတာ နဲ့ Mobile နည်းပညာကို စိတ်ဝင်စားသူတွေအတွက် Knowledge Box Application (By: CHAN LAY) ♫ Posted: 30 May 2016 11:33 AM PDT ![]() ဒီ Applications လေးကတော့ နည်းပညာကို စိတ်ဝင်စားသူတွေအတွက် လက်ကိုင်ဖုန်းကတဆင့် အလွယ်တကူ လေ့လာနိုင်အောင် ဖန်တီးထားတာပါ..။ Application လေးထဲမှာ Computerဆိုင်ရာ, Mobile ဆိုင်ရာ, အခြား IT ဗဟုသုတများနဲ့ ကျော်ကြားသူတစ်ချို့ရဲ့ အတ္ထုပတ္တိအကျဉ်း စတဲ့ အကြောင်းအရာဗဟုသုတပေါင်း ၂၄၅ ခု ပါ ပါတယ်။ Download From MediaFire Or Download From pCloud Or Download From Dropbox CHAN LAY (MCMM) www.chanmyaemaung.blogspot.com (or) www.chanmyaemaung.tk Credit To... (La Min Soe) မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 30 May 2016 10:33 AM PDT ![]() (၁၀)တန်း အင်္ဂလိပ်စာ (တက္ကသိုလ်ဝင်တန်း) အတွက် Unit (1) to Unit (14) အထိ PDF ဖိုင်များစုစည်းမှုDownload လုပ်လို့ရအောင်လို့ ဆောင်ရွက်ပေးလိုက်ပါတယ်.. ကျောင်းသူ ကျောင်းသား များအတွက် Self-study ကိုယ်တိုင်လေ့လာသင်ယူရာမှာသော်လည်းကောင်း ၊ ဆရာ / ဆရာမများအတွက်Teaching Aids သင်ထောက်ကူအဖြစ်သော်လည်းကောင်း အသုံးတည့်ဖို့အတွက် ရည်ရွယ်ပြီးဆောင်ရွက်ပေးလိုက်ပါတယ်... အားနည်းချက်ကတော့ ...Powerpoint file တွေလို Animation တွေ နဲ့ Slide Transition တွေ မပါတော့ ရုပ်သေအဖြစ်နဲ့ ကြည့်ရှုရသလိုဖြစ်နေမှာပါပဲ..... အားသာချက် အနေနဲ့ ... Phone နဲ့ဖြစ်စေ ၊ Computer နဲ့ဖြစ်စေ ကြည့်ရှုဖတ်မှတ်ရုံ နဲ့ အလွယ်တကူ နားလည်သဘောပေါက်နိုင်အောင် ဖန်တီးဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်.... ဒါ့အပြင် Myanmar Fonts အတွက် Fonts Error တက်တဲ့ကိစ္စကို ပူစရာမလိုတော့ပါဘူး.... ဘာသာပြန် အနည်းငယ်ချော်တောငေါ့သွားတာတွေကနေ စာလုံးပေါင်း သတ်ပုံကအထိ ပြန်စိစစ်ပေးထားပြီး အထိ တတ်နိုင်သမျှ အမှားအယွင်းနည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ပေးထားပါတယ်... တစ်ချို့ ဆရာ/ ဆရာမ များအနေနဲ့ ကျောင်းသူ ကျောင်းသားများအတွက် Print ထုတ် ပြီးဖြန့်ဝေပါရစေဆိုပြီး ခွင့်တောင်းလာတာလေးတွေ ရှိပါတယ်.... တစ်ချို့ ကျတော့ မကြိုက်တဲ့ဟာလေးတွေ ဖယ်ပြီး နည်းနည်း ပြန်ပြင် သုံးတဲ့သူတွေလည်းရှိပါတယ်... တစ်ချို့က ပိုကောင်းအောင် ကိုယ့်ဘာသာကိုယ် Idea ထပ်လောင်းပြီး upgrade လုပ်တာတွေရှိပါတယ်.. ကျွန်တော် အနေနဲ့ အစကတည်းက ပညာဒါနအတွက်သာ ရည်ရွယ်စိတ်ပိုင်းဖြတ်ထားတာမို့ခွင့်ပြု ( ပြု ) ပါတယ်လို့ ဒီစာမျက်နှာ ဒီ Post ကနေ ပြန်ကြားအပ်ပါတယ်.. အခုမှ Page ကို ၀င်ရောက်ကြည့်မိတဲ့သူတွေ အတွက် Unit တစ်ခုချင်းစီအလိုက် ဘယ်လိုပုံစံမျိုးလုပ်ပေးထားတယ်ဆိုတာ သိရအောင်လို့ နမူနာပုံစံ Photo Image တစ်ခုစီ ဖော်ပြပေးလိုက်ပါတယ်... ကြိုက်နှစ်သက်ပြီး Download ရယူလိုပါက ........ အောက်ကပေးထားတဲ့ Unit တစ်ခုချင်းစီ link တွေကို သွားပြီး Download ရယူနိုင်ပါပြီ... (တစ်စုတစ်စည်းထဲ ဆောင်ရွက်ပေးထားတာမို့ Only me နဲ့ Share ပြီး သိမ်းထားသင့်ပါတယ် ) Unit (1) The Calendar (DOWNLOAD) Unit (2) Too Much Knowledge Maketh Fool (DOWNLOAD) Unit (3) The Moon: a Nice Place to Visit (DOWNLOAD) Unit (4) Clocks through Time (DOWNLOAD) Unit (5) Self-service and the Supermarket (DOWNLOAD) Unit (6) Robots (DOWNLOAD) Unit (7) Dreams Do Come True (DOWNLOAD) Unit (8) Advertisements the Pros and Cons (DOWNLOAD) Unit (9) Sleep and Dreams (DOWNLOAD) Unit (10) Looking Good (DOWNLOAD) Unit (11) Mosquito : Getting to Know the Enemy (DOWNLOAD) Unit (12) Travel in Southeast Asia (1) (DOWNLOAD) Unit (13) Travel in Southeast Asia (2) (DOWNLOAD) Unit (14) Helen Keller (DOWNLOAD) Thank For Reading! CHAN LAY (MCMM) www.chanmyaemaung.blogspot.com (or) www.chanmyaemuang.tk Credit To... (HERE) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 30 May 2016 04:00 AM PDT ပထမဆုံး Huawei Smart phone Multi-download Software ကို Download လုပ်ပါ.. Huawei Smart phone Multi-download Software ကိုဖွင့်ပါ ပုံမှာ ပြထားတဲ့အတိုင်း manufacture ကို ရွေးပြီး next နှိပ်ပါ ![]() ပထမ ဖွင့်မိပြီး ဘာနှိပ်လို့နှိပ်မိမှန်းမသိတဲ့သူတွေက RESET SETTING.reg ကို right click နဲ့ merge ဆိုတာလေးကိုနှိပ်လိုက်ပါ တချို့တွေကတော့ ရတယ်ပြောတယ် ကျွန်တော့်စက်မှာတော့ အဲ့ reg ဖိုင်လေး run မရဘူး အဲ့တော့ ဒီလိုလေးရှင်းလိုက်မယ် window key + R နဲ့ run box လေးခေါ်လိုက်ပါ regedit ဆိုပြီးရိုက်မယ် Registry Editor ဆိုပြီး box တစ်ခုပေါ်လာမယ် အဲ့box ထဲကဘယ်ဘက်ခြမ်းက HKEY_USERS ထဲက S-1-5-21-1331931615-3837818793 ထဲကို ထပ်ဝင်ပါ ပြီးရင် Software>Huawei>QPBLFBML01>Setting ထဲရောက်ရင် ညာဘက် box ထဲက user တို့  default တို့အကုန်လုံး select ပြီး delete လိုက်ပါ default ကတော့ဖျက်လို့မရဘူးပြလိမ့်မယ် ပြသနာမရှိဘူး ပြီးရင် Huawei Smart phone Multi-download Software ကို ပြန်ဖွင့်လိုက်ပါ manufacture ကိုရွေးပေးလိုက်ပါ password အသစ်ရိုက်ခိုင်းလိမ့်မယ် ကျွန်တော်ကတော့ 123 ဆိုပြီးအလွယ်ပေးလိုက်မယ် ပြီးရင် xml ဖိုင်ကိုရွေးပေးရမယ် board software folder ရဲ့ firmware file ထဲက Filename.xml ကိုရွေးပေးပါ (ဒီနေရာမှာ ဖိုင်နာမည်နဲ့.xml ပါတာကို ရွေးရမှာဖြစ်ပါတယ်.. ) ![]() ရွေးပီးရင် next ကိုနှိပ်လိုက် ပြီးရင် scan and download ကိုဆက်နှိပ်မယ် ဖုန်းကို 9008 mode ၀င်ပြီးကြိုးထိုးလိုက်.. 9008 Mode ဝင်နည်းကတော့ အောက်က တစ်နည်းနည်းနဲ့ ဝင်လို့ရပါတယ်...
![]() 9008 Mode ကိုသိပြီဆိုတာနဲ့ Huawei Smart phone Multi-download Software က ပုံမှာပြထားတဲ့အတိုင်း % လေးတွေတတ်လာပြီး bootloader image ကို စတင်ရေးနေပါပြီ ![]() 40% မှာ rebooting handset လို့ပြပြီး restart ကျပြီးးပုံမှာပြထားတဲ့အတိုင်း 3 colour နဲ့ fastboot mode ကိုရောက်သွားလိမ့်မယ် Huawei Smart phone Multi-download Software က fastbootimage ကိုဆက်ပြီးရေးသွားပါ့လိမ့်မယ် fastbootimage ကိုရေးနေချိန် tool မှာ download bootloader fail လို့ပြနေပါလိမ့်မယ် ဘာမှမဖြစ်ဘူး.. ![]() download success လို့ပြရင် ရပါပြီ ကဲမပြီးသေးပါဘူး ပါဝါဖွင့်ရင် factory လို့ပဲပြနေလိမ့်မယ် ![]() dload နဲ့ ထပ်ရေးရပါမယ် boardsoftware ရဲ့  sd foler ထဲကပါတဲ့ dload နဲ့ရေးလိုက်ပါ firmware တတ်လာပါပြီ boardfirmware ကြီးကိုမကြိုက်ရင် ထပ်ပြီးတော့ မိမိနှစ်သက်ရာ buildnumber များကိုအဆင်ပြေပြေရေးနိုင်ပါပြီ.. တစ်ခုထူးတာက Huawei Smart phone Multi-download Software နဲ့တင်ပြီးတော့ fastboot oem get-bootinfo နဲ့ lock unlock လား စစ်လို့မရပေမဲ့ img ဖိုင်တွေကို fastboot flash *img ဆိုပေးပြီး flashခွင့်ပေးတယ်ဗျ not allowed လို့မပြတော့ဘူး ဘာလို့လဲတော့ သိဘူး... Credit : FirmwareFix နှင့် အခြား Board Firmware တွေလိုချင်ရင် >>>> Download Board Firmware အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| Huawei Board Firmware တင်ဖို့ Huawei Smart phone Multi-download Software 1.0.0.2 Posted: 30 May 2016 03:59 AM PDT ![]() Huawei Board Firmware တင်ဖို့ Huawei Smart phone Multi-download Software လိုပါတယ်.. အလွယ်တကူရှာမရနိုင်သူတွေအတွက် အလွယ်တကူရအောင် တင်ပေးလိုက်ပါတယ်.. ဆက်စပ်ဖတ်ရှုရန်
အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Huawei_Qualcomm_Platform_Bootloader-Fastboot_Multi-Download-1.0.0.2.rar : 37.4 Mb UserCloud Download LinkMediafire Download LinkRar Password = www.maungpauk.org |
| အရိပ်, စတုရန်းနဲ့ စက်ဝိုင်း ပုံစံတွေနဲ့ထားနိုင်တဲ့ အမိုက်စား - Vion - Icon Pack v3.8 Apk Posted: 30 May 2016 03:07 AM PDT Android နှင့် Tablet အသုံးပြုနေကြတဲ့ ဘော်ဒါတို့အတွက် ခပ်မိုက်မိုက် ကဗျာတွေ စာတွေ ဖွဲ့သီကုံးနိုင်လောက်သော Icon Pack လေးကို တင်ပေးလိုက်ပါတယ်။ Launcher ပုံစံတွေများများစားစား အတွက် ပြည်စုံလောက်တဲ့ Icon Pack ဖြစ်ပါတယ်။ ဒီကောင်လေး၏ အဓိက အချက်တော့ အရိပ်ပုံစံ, စတုရန်းပုံစံ, စက်ဝိုင်းပုံစံ 3D ရုပ်ထွက်ပုံစံ အစရှိသော် (117) ပုံစံများစွာပါရှိတဲ့ Android Application Icon pack လေးဖြစ်ပါတယ်။ အသုံးပြုမယ်သူများအတွက် Android OS 4.1 အထက်ရှိဖုန်းများအသုံးပြုနိုင်ပြီး ဖိုင်ဆိုဒ်ကတော့ 42.MB ဖြစ်ပါတယ်။ ဘော်ဒါတို့အတွက် အောက်မှာ screenshot ရိုက်ပေးထားပါတယ်။ |
| Junkware Removal Tool ( JRT ) v8.0.6 Posted: 30 May 2016 12:09 AM PDT ![]() Windows Computer သမားတွေရဲ့ Browser ကိုဖွင့်လိုက်ရင် ကိုယ်မလိုချင်တဲ့ Ask Toolbar, Babylon, Blekko, Claro / iSearch, Conduit, Crossrider, DealPly, Delta, Facemoods / Funmoods, Findgala, Globasearch, Hao123, iLivid, Iminent, IncrediBar, MocaFlix, MyPC Backup, MyWebSearch, PerformerSoft, Privitize, Qvo6, Searchqu, Snap Do, Swag Bucks, Wajam, Web Assistant, WhiteSmoke, Zugo စတဲ့ Toolbar တွေ၊ မလိုချင်တဲ့ Add-ons တွေ အလိုအလျောက် ရောက်နေပြီဆိုရင်တော့ JRT လေးကို Run ပြီး Key တစ်ခုခုကိုနှိပ်လိုက်ရုံနဲ့ အဆင်ပြေပါတယ်.. Junkware တွေ ရောက်လာပြီဆိုရင် ကိုနှိပ်ချင်တာကို ချက်ချက်မသွားဘဲ ကြော်ငြာလင့်တွေ၊ မလိုချင်တဲ့လင့်တွေကို ရောက်ရာက်သွားတာ ကြုံဖူးကြမှာပါ.. အဲဒီလို ဘာလို့ရောက်လာတာလဲဆိုတော့ အဓိကအကြောင်းအရင်းတွေက Pop up Script တွေရှိနေတဲ့ လင့်တစ်ခုခုကိုနှိပ်မိပြီး ပေါ်လာတဲ့ Ads တွေကိုနှိပ်မိတာ၊ Free ရတဲ့ Software တွေကိုထည့်မိရင်း အဲဒီ Software တွေက အလိုအလျောက် ကိုယ့်စက်ထဲကို Toolbar တွေ၊ Add-on တွေထည့်သွားတာတွေကြောင့်ပါ. အဲဒီလိုမဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့ရပါတယ်.. http://www.maungpauk.org/2014/03/layer-click-ads-website-blog.html မှာ 2014 ကတည်းက ကျွန်တော် ရေးထားခဲ့ပြီးသားပါ.. အခုတော့ ကြိုတင်ပြင်ဆင်မထားလို့ Junkware တွေရောက်နေရင် အောက်က JRT လေးကို Run ပြီး ကီးတစ်ခုခုနှိပ်ပေးလိုက်ပါ.. ပြီးရင် ကွန်ပျူတာကို Restart ချပြီး စိတ်ချမ်းချမ်းသာသာနဲ့ သုံးနိုင်ပါပြီ.. နောက်ထပ် Junkware တွေ မဝင်စေချင်ရင်တော့ http://www.maungpauk.org/2014/03/layer-click-ads-website-blog.html မှာကြည့်ပြီး ကြိုတင်ကာကွယ်ထားနိုင်ပါတယ်.. မလိုအပ်ဘဲ ဆော့ဝဲတွေကို ဒေါင်းပြီး Install မလုပ်ကြဖို့လည်း သတိပေးလိုပါတယ်.. ![]() [Unicode] Windows Computer သမားတှရေဲ့ Browser ကိုဖွင့်လိုက်ရင် ကိုယ်မလိုချင်တဲ့ Ask Toolbar, Babylon, Blekko, Claro / iSearch, Conduit, Crossrider, DealPly, Delta, Facemoods / Funmoods, Findgala, Globasearch, Hao123, iLivid, Iminent, IncrediBar, MocaFlix, MyPC Backup, MyWebSearch, PerformerSoft, Privitize, Qvo6, Searchqu, Snap Do, Swag Bucks, Wajam, Web Assistant, WhiteSmoke, Zugo စတဲ့ Toolbar တွေ၊ မလိုချင်တဲ့ Add-ons တွေ အလိုအလျောက် ရောက်နေပြီဆိုရင်တော့ JRT လေးကို Run ပြီး Key တစ်ခုခုကိုနှိပ်လိုက်ရုံနဲ့ အဆင်ပြေပါတယ်.. Junkware တွေ ရောက်လာပြီဆိုရင် ကိုနှိပ်ချင်တာကို ချက်ချက်မသွားဘဲ ကြော်ငြာလင့်တွေ၊ မလိုချင်တဲ့လင့်တွေကို ရောက်ရာက်သွားတာ ကြုံဖူးကြမှာပါ.. အဲဒီလို ဘာလို့ရောက်လာတာလဲဆိုတော့ အဓိကအကြောင်းအရင်းတွေက Pop up Script တွေရှိနေတဲ့ လင့်တစ်ခုခုကိုနှိပ်မိပြီး ပေါ်လာတဲ့ Ads တွေကိုနှိပ်မိတာ၊ Free ရတဲ့ Software တွေကိုထည့်မိရင်း အဲဒီ Software တွေက အလိုအလျောက် ကိုယ့်စက်ထဲကို Toolbar တွေ၊ Add-on တွေထည့်သွားတာတွေကြောင့်ပါ. အဲဒီလိုမဖြစ်အောင် ကြိုတင်ကာကွယ်ထားလို့ရပါတယ်.. http://www.maungpauk.org/2014/03/layer-click-ads-website-blog.html မှာ 2014 ကတည်းက ကျွန်တော် ရေးထားခဲ့ပြီးသားပါ.. အခုတော့ ကြိုတင်ပြင်ဆင်မထားလို့ Junkware တွေရောက်နေရင် အောက်က JRT လေးကို Run ပြီး ကီးတစ်ခုခုနှိပ်ပေးလိုက်ပါ.. ပြီးရင် ကွန်ပျူတာကို Restart ချပြီး စိတ်ချမ်းချမ်းသာသာနဲ့ သုံးနိုင်ပါပြီ.. နောက်ထပ် Junkware တွေ မဝင်စေချင်ရင်တော့ http://www.maungpauk.org/2014/03/layer-click-ads-website-blog.html မှာကြည့်ပြီး ကြိုတင်ကာကွယ်ထားနိုင်ပါတယ်.. မလိုအပ်ဘဲ ဆော့ဝဲတွေကို ဒေါင်းပြီး Install မလုပ်ကြဖို့လည်း သတိပေးလိုပါတယ်.. - Junkware Removal Tool (JRT) is a freeware security utility for Microsoft Windows that has been designed to search and remove adware, intrusive toolbars and other potentially unwanted programs (PUP) from your PC. Key Features Include: The JRT security tool will help you to remove the following adware/intrusive toolbars and PUPs: Ask Toolbar, Babylon, Blekko, Claro / iSearch, Conduit, Crossrider, DealPly, Delta, Facemoods / Funmoods, Findgala, Globasearch, Hao123, iLivid, Iminent, IncrediBar, MocaFlix, MyPC Backup, MyWebSearch, PerformerSoft, Privitize, Qvo6, Searchqu, Snap Do, Swag Bucks, Wajam, Web Assistant, WhiteSmoke, Zugo etc). Junkware Removal Tool is simple to use yet has powerful features. The application also has a very lightweight footprint at approximately 1.53MB အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |























0 comments:
Post a Comment