Related Posts Plugin for WordPress, Blogger...

May 10, 2016

ေမာင္ေပါက္ ( Maung Pauk )

ေမာင္ေပါက္ ( Maung Pauk )


Honor3C H30-U10 IMEI Error Fixed

Posted: 09 May 2016 02:10 AM PDT


Honor3C H30-U10 IMEI ျပႆနာကို ေျဖရွင္းရတာ အဆင္မေျပသူေတြအတြက္ အဆင္ေျပတဲ့ နည္းေလးတစ္ခု ျပန္လည္မွ်ေဝလိုက္ပါတယ္.. ကၽြန္ေတာ္ H30-U10 RAM 2Gb ကို ဒီနည္းအတိုင္း စမ္းသပ္ေအာင္ျမင္ၿပီးမွ တင္လိုက္တာပါ..

လုပ္နည္း
  • 1. ေဒါင္းထားတဲ့ဖိုင္ကို ျဖည္ခ်ပါ.. အထဲမွာ dload ဖိုဒါတစ္ခုနဲ႔ Honor3C_ModemFix-Update.zip တစ္ခု ထြက္လာပါမယ္.. Honor3C_ModemFix-Update.zip ကို ထပ္မျဖည္ဘဲ dload ထဲကို ထည့္လိုက္ပါ..
  • dload ထဲမွာ Update.app ရယ္၊ au_temp.cfg ရယ္၊ Honor3C_ModemFix-Update.zip ရယ္ ဖိုင္(၃)ခုရွိေနပါမယ္.. အဲဒီ dload ကို SD Card ထဲကိုထည့္ၿပီး ဖုန္းမွာတပ္ပါ..
  • 2. ဖုန္းကို ဘာမွ မႏွိပ္ပဲ ပံုမွန္အတိုင္း Power ဖြင့္လိုက္ပါ.. TWRP Recovery ကို အလိုအေလ်ာက္ ေရာက္သြားပါမယ္..
  • 3. Install ကိုႏွိပ္ပါ.. SD Card ထဲက Honor3C_ModemFix-Update.zip ကိုေရြးပါ.. အဲဒီမွာ Zip file signature verification ဆိုတာေလး အမွန္ျခစ္ျဖစ္ေနရင္ ျဖဳတ္လိုက္ပါ.. ၿပီးရင္ Slide ကို ဆြဲလိုက္ပါ..
  • 4. ဖုန္းက Reboot က်သြားၿပီး ျပန္တက္လာရင္ TWRP Recovery ကို ျပန္ေရာက္ေနပါမယ္.. Advanced ကိုႏွိပ္ပါ.. File Manager ကိုႏွိပ္ပါ.. SD Card ကိုေရြး၊ dload ကိုထပ္ေရြး. အဲဒီထဲက au_temp.cfg ကို Delete လုပ္ပါ..
  • Confirm ျဖစ္ဖို႔ ဖုန္းရဲ႕ Slide ကိုဆြဲပါ..
  • 5. ပါဝါျပန္တက္လာတဲ့အခါ IMEI ဟာ သူ႔ Original IMEI အတိုင္း တက္လာပါၿပီ...

ကၽြန္ေတာ္ စမ္းသပ္ေအာင္ျမင္တာက H30-U10 RAM 2Gb ျဖစ္ပါတယ္... ( ဓါတ္ပံုရိုက္ဖို႔ ေမ့သြားလို႔ ပံုမတင္ေပးႏိုင္တာ ခြင့္လႊတ္ပါခင္ဗ်ာ... )

[MM Unicode]
Honor3C H30-U10 IMEI ပြဿနာကို ဖြေရှင်းရတာ အဆင်မပြေသူတွေအတွက် အဆင်ပြေတဲ့ နည်းလေးတစ်ခု ပြန်လည်မျှဝေလိုက်ပါတယ်.. ကျွန်တော် H30-U10 RAM 2Gb ကို ဒီနည်းအတိုင်း စမ်းသပ်အောင်မြင်ပြီးမှ တင်လိုက်တာပါ..
လုပ်နည်း
1. ဒေါင်းထားတဲ့ဖိုင်ကို ဖြည်ချပါ.. အထဲမှာ dload ဖိုဒါတစ်ခုနဲ့ Honor3C_ModemFix-Update.zip တစ်ခု ထွက်လာပါမယ်.. Honor3C_ModemFix-Update.zip ကို ထပ်မဖြည်ဘဲ dload ထဲကို ထည့်လိုက်ပါ..
dload ထဲမှာ Update.app ရယ်၊ au_temp.cfg ရယ်၊ Honor3C_ModemFix-Update.zip ရယ် ဖိုင်(၃)ခုရှိနေပါမယ်.. အဲဒီ dload ကို SD Card ထဲကိုထည့်ပြီး ဖုန်းမှာတပ်ပါ..
2. ဖုန်းကို ဘာမှ မနှိပ်ပဲ ပုံမှန်အတိုင်း Power ဖွင့်လိုက်ပါ.. TWRP Recovery ကို အလိုအလျောက် ရောက်သွားပါမယ်..
3. Install ကိုနှိပ်ပါ.. SD Card ထဲက Honor3C_ModemFix-Update.zip ကိုရွေးပါ.. အဲဒီမှာ Zip file signature verification ဆိုတာလေး အမှန်ခြစ်ဖြစ်နေရင် ဖြုတ်လိုက်ပါ.. ပြီးရင် Slide ကို ဆွဲလိုက်ပါ..
4. ဖုန်းက Reboot ကျသွားပြီး ပြန်တက်လာရင် TWRP Recovery ကို ပြန်ရောက်နေပါမယ်.. Advanced ကိုနှိပ်ပါ.. File Manager ကိုနှိပ်ပါ.. SD Card ကိုရွေး၊ dload ကိုထပ်ရွေး. အဲဒီထဲက au_temp.cfg ကို Delete လုပ်ပါ..
Confirm ဖြစ်ဖို့ ဖုန်းရဲ့ Slide ကိုဆွဲပါ..
5. ပါဝါပြန်တက်လာတဲ့အခါ IMEI ဟာ သူ့ Original IMEI အတိုင်း တက်လာပါပြီ...


ကျွန်တော် စမ်းသပ်အောင်မြင်တာက H30-U10 RAM 2Gb ဖြစ်ပါတယ်... ( ဓါတ်ပုံရိုက်ဖို့ မေ့သွားလို့ ပုံမတင်ပေးနိုင်တာ ခွင့်လွှတ်ပါခင်ဗျာ... )

အဆင္ေျပပါေစ..

ေမာင္ေပါက္< Knowledge Note >
www.maungpauk.org



Honor3C H30-U10 IMEI Fixed.rar : 10.8 Mb

UserCloud Download Link

Mediafire Download Link

Rar Password = www.maungpauk.org

0 comments:

Post a Comment