မောင်ပေါက် ( Maung Pauk ) |
- Xiaomi အသုံးပြုသူများအတွက် MIUI ROMs တွေရဲ့ မတူကွဲပြားခြားနားပုံတွေကို လွယ်လင့်တကူ နားလည်သိရှိနိုင်စေဖို့ရန်အတွက် ပို့စ်လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။
- မြန်မာနိုင်ငံသားတိုင်းသိထားသင့်သည့် အချို့ သောအရာများ
- How To Activate Window 7? By CHANLAY (MCMM)
- Notepad++ v6.9.2
- VirtualBox 5.0.16 for Windows hosts x86/amd64
- One Click Complex
- AIO CHANLAY(MCMM)
- ချမ်းလေး (MCMM) စွယ်စုံသုံး
- ထိရောက်သော ကြော်ငြာလုပ်ငန်းများအကြောင်း
- အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမှာတွေ
- Add 100 သတင်းစုံ v3 Download
- Samsung Frp 2016 Remover Tool
- Qualcommm SmartPhone Backup & Restore လုပ်နည်း (အပိုင်း - ၂)
- ဓာတ်ပုံတွေကို ကာတွန်းပြောင်းတဲ့ Image Cartoonizer Premium 1.4.2 Portable For PC
- SYH WP930 Display Error Fix
| Posted: 26 May 2016 06:45 PM PDT #Stable ROMs ဆိုတာ ??? Stable ROMs တွေကို MIUI Official Developers များက ပြုလုပ်ထားပါတယ်။ ပုံမှန်အားဖြင့် တစ်လတစ်ကြိမ် (သို့မဟုတ်) နှစ်လတစ်ကြိမ် (သို့မဟုတ်) အချိန်အတော်ကြာမှတစ်ကြိမ် (Bugs မရှိပါက) Update version ထုတ်လုပ်ပေးပါတယ်။ ဒါ့အပြင် Stable ROMs အများစုဟာ Bugs (Errors) အနည်းဆုံးသော ROMs တွေဖြစ်ကြပါတယ်။ အသုံးပြုသူ သင့်အနေနဲ့ Errors (Bugs) ကင်းတဲ့ Stable ဖြစ်တဲ့ ROMs ကိုသဘောကျသည်ဖြစ်စေ၊ New Features တွေကို ထွက်ထွက်ချင်း အသုံးမပြု (မစမ်းချင်သူ) လိုသည်ဖြစ်စေ Stable ROMs ကို အသုံးပြုနိုင်ပါတယ်။ Stable ROMs တွေရဲ့ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - MIUI 7 stable version is V7.X.X.0 XXXXXXX ဆိုကြပါစို့။ v7 ကတော့ MIUI ရဲ့ Main version ကိုဆိုလိုပါတယ်။ ဒုတိယမြောက် X.X ကတော့ MIUI version number ကိုဆိုလိုပါတယ်။ နောက်ဆုံးက XXXXXXX တွေကတော့ ROMs ရဲ့ Country code နဲ့ Android Version ကို ဆိုလိုခြင်းဖြစ်ပါတယ်။ MIUI Official Stable ROMs တွေကို ဒီ Links ကနေ Download ရယူနိုင်ပါတယ် >en.miui.com/download.html ******************************************* #Developer ROMs ဆိုတာ ??? Developer ROMs တွေကို MIUI Official Developers များကပဲ ပြုလုပ်ထားပါတယ်။ ထို့အတူ Developer ROMs တွေမှာတော့ ပုံမှန် တစ်ပတ်လျှင်တစ်ကြိမ် Update version ထုတ်ပေးပါတယ်။ ပုံမှန်ထုတ်ပေးနေတဲ့ Update version တွေရဲ့ changelogs တွေ၊ changelog preview တွေကိုလည်း MIUI Official Forum မှာ တွေ့နိုင်/ ဖတ်နိုင်ပါတယ်။ Developer ROMs တွေမှာ အပတ်စဉ် တစ်ပတ်တစ်ကြိမ် Update ထုတ်ပေးတာနဲ့အတူ New features တွေ ပါဝင်လာပေမယ့် Errors (Bugs) တွေကတော့ ရှိပါလိမ့်မယ်။ ၄င်း Bugs တွေကို ပြန်လည်ပြင်ဆင်ပြီးမှသာ Stable ROMs တွေမှာ ၄င်း New features တွေကို ထည့်ပါတယ်။ အလွယ်ပြောရရင် Developer ROMs ဆိုတာ အသစ်အသစ်သော Features တွေကို သိလိုသူ၊ ကလိချင်သူ၊ စမ်းသပ်ချင်သူတွေအတွက်သာဖြစ်ပါတယ်။ ဒါပေမယ့် Error (Bugs) တွေကိုတော့ မလွဲဧကန်ကြုံတွေ့ရမှာပါပဲ။ ဒါကြောင့် Xiaomi ဖုန်းတစ်လုံးတည်းသာ အသုံးပြုသူများအတွက် (Normal User Level) များအတွက် Developer ROMs အသုံးပြုဖို့အတွက် အကြံမပြုလိုပါဘူး။ Developer တွေရဲ့ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - Redmi Note 3 Pro/ kenzo_images_6.4.9 ဆိုပါစို့ ဒါကို kenzo_images_x.y.z လို့သတ်မှတ်ကြည့်ရအောင်၊ X ဆိုတာ ၄င်း ROMs ထုတ်လုပ်တဲ့ ခုနှစ်သက္ကရာဇ်ကို ဖော်ပြတာပါ၊ 6 ဆိုတော့ 2016 ကို ရည်ညွှန်းပါတယ်။ y ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့ လ ကိုပြောချင်တာပါ၊ 4 ဆိုတော့ April လကို ရည်ညွှန်းပါတယ်။ z ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့နေ့ရက်ကို ဆိုလိုတာပါ၊ 9 ဆိုတော့ 9 ရက်နေ့ကို ရည်ညွှန်းပါတယ်။ Developer ROMs တွေမှာဆိုရင် Update version တွေအတွက် Full ROMs တစ်ခုလုံးကို Download လုပ်နိုင်သလို၊ Incremental ROMs pack ဆိုပြီး လိုအပ်တဲ့ ROMs version သီးသန့်အတွက် (update pack) သက်သက် Download လုပ်ပြီး တင်နိုင်ပါတယ်။ MIUI Official Developer ROMs တွေကို ဒီ Links ကနေ Download ရယူနိုင်ပါတယ် >en.miui.com/download.html ******************************************* #Ported ROMs ဆိုတာ ??? Ported ROMs တွေကို UnOfficial Developers တွေနဲ့ Third-party Developers တွေကနေ ပြုလုပ်ကြပါတယ်။ များသောအားဖြင့် Ported ROMs တွေဟာ MIUI Developer ROMs တွေအပေါ်မှာ အခြေခံပြီး ပြုလုပ်ကြပါတယ်။ MIUI Ported ROMs တွေမှာလည်းပဲ Developer ROMs တွေကဲ့သို့လိုပဲ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - Samsung Galaxy Note 3/ n9005_4.9.26 ဆိုပါစို့ ဒါကို n9005_x.y.z လို့သတ်မှတ်ကြည့်ရအောင်၊ X ဆိုတာ ၄င်း ROMs ထုတ်လုပ်တဲ့ ခုနှစ်သက္ကရာဇ်ကို ဖော်ပြတာပါ၊ 4 ဆိုတော့ 2014 ကို ရည်ညွှန်းပါတယ်။ y ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့ လ ကိုပြောချင်တာပါ၊ 9 ဆိုတော့ September လကို ရည်ညွှန်းပါတယ်။ z ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့နေ့ရက်ကို ဆိုလိုတာပါ၊ 26 ဆိုတော့ 26 ရက်နေ့ကို ရည်ညွှန်းပါတယ်။ များသောအားဖြင့် Ported ROMs တွေဟာ MIUI Developer ROMs တွေပေါ်မှာ အခြေခံထားတာဖြစ်ပြီး ၄င်း Developer ROMs ဟာ Ported ROMs ထုတ်ပေးတဲ့ ဖုန်းအတွက် ထုတ်လုပ်ပေးထားတာမဟုတ်တဲ့အတွက် Developer ROMs တွေထက် Error (Bugs) တွေ ပိုမိုများပြားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ Ported ROMs အတွက် Bugs Solved ပြုလုပ်ဖို့အတွက် Ported ROMs ထုတ်လုပ်ပေးတဲ့ Porter ကို ဆက်သွယ်မှသာရပါလိမ့်မယ်။ အချို့သော Ported ROMs တွေမှာ MIUI Developer ROMs တွေလိုမျိုးပဲ Update version တွေအလိုက် Incremental ROMs pack (update pack) လေးတွေထုတ်ပေးတာတွေ့ရပါတယ်။ MIUI Ported UnOfficial ROMs တွေကို ဒီ Links တွေကနေ Download ရယူနိုင်ပါတယ် >http://en.miui.com/thread-4717-1-1.html ||| http://en.miui.com/thread-7898-1-1.html ******************************************* China ROMs နှင့် Global ROMs ရဲ့ကွာခြားပုံ ![]() ================================ Xiaomi ဖုန်းအသုံးပြုတဲ့သူတွေဟာ မကြာခဏဆိုသလိုပဲ သူတို့ရဲ့ Devices မှာထည့်ထားတဲ့ MIUI China Build version နဲ့ Devices Hardware နဲ့ Software တွေဟာ ကိုက်ညီမှုရှိရဲ့လား၊ လုံခြုံမှုရှိရဲ့လားဆိုတာကို စိတ်ရှုတ်ထွေးနေကြတာတွေရှိကြပါတယ်။ တကယ်တော့ ဒါဟာ စိုးရိမ်စရာကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ China Build MIUI တွေဟာ Global Build MIUI တွေလိုပဲ သင့်ရဲ့ Devices ကို ကောင်းမွန်တင့်တယ်စေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ China MIUI နဲ့ Global MIUI တို့ရဲ့ ကွဲပြားပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ******************************************* #China Build MIUI ဆိုတာ ??? China Build MIUI တွေမှာဆိုရင် Google Apps တွေ Google Services (GApps) တွေ မပါရှိပါဘူး။ Language အနေနဲ့ Chinese Language နှစ်ခုနဲ့ English Language ဆိုပြီး (၃) ခုပါဝင်ပါတယ်။ ဒါ့အပြင် China Build MIUI တွေမှာ Chinese Apps တွေနဲ့ Chinese Services တွေ ပါဝင်တဲ့အတွက် Storage Space ကို သက်သက်နေရာပိုစေတာတွေ့ရပါတယ်။ များသောအားဖြင့် Chinese Apps တွေက Chinese လူမျိုးတွေအတွက်တော့ အလွန်အသုံးတည့်တဲ့ Apps တွေဖြစ်ပြီး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သုံးဖို့အဆင်မပြေတဲ့ Apps တွေများပါတယ်။ China Build MIUI ROMs တွေမှာ Google Apps မပါဘူးဆိုပေမယ့် Google Service Frameworks, Google Account Manager, Google Play Services နဲ့ အခြားသော မိမိအတွက်လိုအပ်သည့် Google Apps တွေကို ထည့်သွင်းအသုံးပြုလို့ရပါတယ်။ ******************************************* #Globle Build MIUI ဆိုတာ ??? ![]() Global Build MIUI တွေကတော့ MIUI Users အများစု ကြိုက်နှစ်သက်တဲ့ ROMs ပဲဖြစ်ပါတယ်။ ဘာလို့ဆိုတော့ သူက Chinese Apps တွေမပါရှိပဲ Google Apps တွေ တစ်ခါတည်းပါပြီးသားဖြစ်ပါတယ်။ တစ်ခုရှိတာက Global Build ROMs တွေဟာ China Build ROMs တွေ Update ထွက်ပြီးမှသာ Global Build ROMs တွေထုတ်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် Global Build ROMs တွေဟာ ပုံမှန်အားဖြင့် English Language နဲ့လာတဲ့အပြင် အခြားသော Languages တွေလည်း Multilanguages အနေနဲ့ ပါဝင်ပြီးသားဖြစ်ပါတယ်။ Global Build ROMs တွေဟာ Xiaomi MIUI ရဲ့ Online Music တို့ Xunlei Download Accelerator ကဲ့သို့လိုမျိုး အချို့ Features တွေမပါဝင်ပါဘူး။ ဒီအတွက်လည်း Storage ကို အနည်းနဲ့အများ သက်သာစေတာတွေ့ရပါတယ်။ အရင်ကတော့ Global Build ROMs တွေဟာ Stable ROMs တစ်မျိုးတည်းအတွက်သာ ထုတ်လုပ်ပေးတာဖြစ်ပြီး Redmi 1S ကနေစပြီးတော့ Global Build Developer ROMs တွေကို ထုတ်လုပ်ပေးထားပြီဖြစ်ပါတယ်။ ******************************************* Recovery ROM နှင့် Fastboot ROM ကွာခြားပုံ ![]() ================================ #Recovery ROM ဆိုတာ ??? Recovery ROMs တွေဟာ *.zip format နဲ့လာပါတယ်။ Recovery ROMs တွေကို များသေားအားဖြင့် သင်လက်ရှိအသုံးပြုလျက်ရှိတဲ့ ROM ကို Flash လုပ်ဖို့၊ Update တင်ဖို့အတွက် အသုံးပြုကြပါတယ်။ Recovery ROM ကို နည်းလမ်းနှစ်မျိုးဖြင့် တင်နိုင်ပါတယ်။ ပထမတစ်နည်းကတော့ Xiaomi MIUI ရဲ့ Updater Apps ကနေတစ်ဆင့် တင်ခြင်းဖြစ်ပြီး၊ ဒုတိယတစ်နည်းကတော့ Mi Stock Recovery ဒါမှမဟုတ် Custom Recoveries (Such as TWRP) တွေကနေ တင်နိုင်ပါတယ်။ Updater Apps ကနေ MIUI Recovery ROMs ကိုတင်တာကတော့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သက်ဆိုင်ရာ Recovery ROM.zip ကို ဖုန်းရဲ့ Storage တစ်ခုခုအောက်မှာထားပါ။ ထို့နောက် Updater Apps ကို ဖွင့်ပါ။ ပြီးရင် အပေါ်ဘက်ညာဘက်ထိပ်မှာ Menu Button (အချောင်းလေးသုံးခု) ကိုနှိပ်ပါ။ Choose Update Package ကိုနှိပ်ပါ။ ပြီးရင် Recovery ROM.zip ကိုရွေးပေးလိုက်ရုံပါပဲခင်ဗျာ။ Mi Stock Recovery (or) other Recoveries တွေကနေ Recovery ROMs ကို Flash လုပ်တာလည်း ထို့နည်းတူပါပဲ။ ရိုးရိုးရှင်းရှင်းလေးပါ။ ဒါပေမယ့် ဒီနည်းမှာကတော့ Recovery ROM.zip ကို ကြိုက်နှစ်သက်ရာနေရာထားလို့မရပါဘူး။ ဖုန်း Internal Storage ရဲ့ Root Folder အောက်မှာ ထားမှရပါမယ်။ ပြီးရင်တော့ Recovery Mode သို့ဝင်ပြီး Install update.zip to System 1 ကိုရွေးပြီး Flash လုပ်ရုံပဲဖြစ်ပါတယ်။ Recovery Mode ၀င်ဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ ပထမတစ်နည်းကတော့ ဖုန်းကို Power Off လုပ်ပါ။ Vol + နှင့် Power တွဲပြီး ကြာကြာဖိနှိပ်ပြီး ၀င်နိုင်ပါတယ်။ ဒုတိယတစ်နည်းကတော့ Updater Apps ကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်က Menu Button ကိုနှိပ်ပါ။ Reboot to Recovery Mode ကို နှိပ်ပြီးလည်း Recovery Mode သို့ဝင်နိုင်ပါတယ်။ ( မှတ်ချက် : Recovery Mode သည် Bootloader Locked ဖြင့်လာသော Devices များတွင် အဆိုပါနည်းလမ်းများဖြင့် Bootloader Unlocked မလုပ်ပါပဲ ၀င်လို့မရပါ ) ******************************************* #Fastboot ROM ဆိုတာ ??? Fastboot ROMs တွေဟာ *.tgz format နဲ့လာပါတယ်။ Fastboot ROMs တွေကို မည်သည့်ပုံစံဖြင့်မဆို Xiaomi ဖုန်းများတွင် အသုံးပြုနိုင်ပြီး များသောအားဖြင့် Fastboot ROMs ကို Service Technicians တွေနဲ့ ဖုန်းကောင်းကောင်း ကလိတတ်သူတွေ အသုံးပြုနိုင်ကြပါတယ်။ Fastboot ROMs အသုံးပြုဖို့ PC (Personal Computer) ဖြင့်သာ ဆောင်ရွက်နိုင်ပါတယ်။ တွဲဖက်အသုံးပြုမယ့် PC မှာ Fastboot သိရပါမယ်။ ထို့အတူ Fastboot ROMs ကို သက်ဆိုင်ရာ Devices မှာ Flash လုပ်ပေးနိုင်တဲ့ Flash tools တွေလိုအပ်ပါတယ်။ Official အနေနဲ့ MiFlash (or) Mi PC Suite တို့ကို အသုံးပြုနိုင်ပါတယ်။ Flash tools နဲ့အသုံးပြုဖို့အတွက် သင့်ဖုန်းကို Fastboot Mode (or) Qualcomm Mode (or) Download Mode များဖြင့် တင်နိုင်ပါတယ်။ Fastboot Mode ၀င်ဖို့အတွက် ဖုန်းကို Power Off လုပ်ပါ။ Power Button + Vol - တွဲနှိပ်ပြီး Fastboot Mode ၀င်နိုင်ပါတယ်။ Fastboot ROMs ရဲ့ *.tgz ကို ဖြည်လိုက်မယ်ဆိုရင် Fastboot Script file တွေနဲ့ Image file တွေပါဝင်ပါတယ်။ ဒါ့အပြင် Fastboot ROMs script တွေဟာ Windows version အတွက် *.bat ဖြင့်သော်လည်းကောင်း၊ Linux version အတွက် *.sh ဖြင့်သော်လည်းကောင်း ပါရှိပါတယ်။ ဒီပို့စ်ဟာ မတူကွဲပြားတဲ့ ROMs တွေအကြောင်းရှင်းလင်းတဲ့ပို့စ်ဖြစ်တဲ့အတွက် Fastboot ROMs အသုံးပြုပုံကို နောက်ထပ်ပို့စ်တစ်ခုဖြင့် တင်ပေးပါ့မယ်။ Fastboot ROMs တွေနဲ့ အခြား ROMs တွေအကြောင်းကို ဒီ Links မှာ လေ့လာသိရှိရယူနိုင်ပါတယ် > http://en.miui.com/a-234.html #Credit_ThanDana #Credit_MIUI Official Forum Myanmar Xiaomi Fans https://www.facebook.com/groups/1042017802498952/ အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| မြန်မာနိုင်ငံသားတိုင်းသိထားသင့်သည့် အချို့ သောအရာများ Posted: 26 May 2016 06:33 PM PDT |
| How To Activate Window 7? By CHANLAY (MCMM) Posted: 26 May 2016 01:14 PM PDT How To Activate Window 7? By CHANLAY (MCMM)How To Activate Window 7? ÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷ ကဲ ခေါင်းစဉ်လေးအတိုင်းပဲ Window 7 ဘယ်လို Activate ဖြစ်အောင်လုပ်ရမလဲ?? လွယ်ပါတယ်… Beginner များကိုယ်တိုင် အလွယ်တကူလုပ်နိုင်ဖို့အတွက်… ဦးဦးကျွန်တော်ကိုယ်တိုင် PDF လေးထုတ်ပြီး ရှင်းပြပေးထားတယ်နော်… Software နဲ့ PDF MB ကလည်း ပေါင်းလိုက်မှ 5MB တောင်မရှိလို့ အခုပဲ Download ချပြီး သိမ်းထားလိုက်ပါ။ အသုံးဝင်မှာသေချာပါ၏။ Software Download >>> PCLOUD DOWNLOAD<<< PDF Download >>> PCLOUS DOWNLOAD <<< စကားမစပ် PDF Password က chanmyaemaung.blogspot.com ပါ။ (Don't Forget Passoword!!) Written By, CHANLAY (MCMM) မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 26 May 2016 01:05 PM PDT Notepad++ v6.9.22016-05-18 ကမှထွက်ရှိထားပါတယ်...။chanmyaemaung.blogspot.comDirect Dowload Link! အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| VirtualBox 5.0.16 for Windows hosts x86/amd64 Posted: 26 May 2016 10:53 AM PDT VirtualBox 5.0.16 for Windows hosts x86/amd64>>> DOWNLOAD <<<chanmyaemaung.blogspot.comအဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 26 May 2016 10:45 AM PDT One Click Complexအခုကျွန်တော်ကိုယ်တိုင်ရေးသားထားတဲ့ "Tool" လေးတစ်ခုကိုတင်ပေးလိုက်ပါပြီ။ Tool နာမည်ကတော့ "One Click Complex" လို့ပဲလွယ်လွယ်ပေးလိုက်ပါတယ်ခင်ဗျာ။ အဲ့ဒီ Tool မှာပါဝင်တဲ့ Main -Function Title ကို နှစ်ခုခွဲထုတ်လိုက်ပါတယ်..။ Windwo Section နဲ့ Android Section ဆိုပြီးတော့ပါ။ ဒီTool လေးရဲ့လုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ For Window Section 1 . သင့်ရဲ့PC မှ Click တစ်ချက်ခေါက်ရုံမျှဖြင့် Wifi-Hostpot လွှင့်နိုင်သည်။ 2. သင့်ရဲ့ PC Hardware & Software Information အချက်အလက်များကို အသေးစိတ်ထုတ်ပေးနိုင်သည်။ 3. သင်သုံးသမျှကို နောက်ကွယ်ကနေ Cache File တွေ Junks Files တွေကိုရှင်းလင်းဖျက်ပစ်ပေးနိုင်သည်။ 4. PC Shutdown လုပ်ခြင်း။ 5. PC Restart လုပ်ခြင်း။ 6. သင့် PC ရဲ့ Mac လိပ်စာကို ပြသပေးသည်။ 7. သင့် PC ရဲ့ အသုံးပြုနေသော IP ကိုဖော်ပြပေးနိုင်ခြင်းတို့ပဲဖြစ်ပါတယ်ခင်ဗျာ...။ For Android Section 8. Click တစ်ချက်နှိပ်ရုံမျှဖြင့် မည်သည့် Android ကိုမဆို 100% Myanmar Font အမှန်သွင်းပေးပါသည်။ (Vs: 1.6 to 5.1) အထိမှန်ကန်စွာသွင်းနိုင်ပါသည်။ (Keyboard လက်ကွက်အပါအဝင်) 9. သင့်ဖုန်း Patterm Lock ကိုဖြုတ်ပေးနိုင်ပါသည်။ ( Only Rooted ) 10. သင့်ဖုန်း Passwrd ကိုဖြုတ်ပေးနိုင်ပါသည်။ ( Only Rooted ) 11. Apk မှန်သမျှကို အလွယ်ကူဆုံးသောနည်းဖြင့် Myanmar မှုပြုနိုင်သည့်လုပ်ဆောင်ချက်အပြင်အခြားပြုလုပ်နိုင်သည် Function များစွာပါဝင်ပါသည်။ 12. Click တစ်ချက်တည်းဖြင့် PC အတွင်းရှိလိုအပ်သော App များကို အလွယ်တကူတစ်ပြိုင်နက်သွင်းနိုင်ပါသည်။ ( ပထမဦးစွာ New Folder ခေါ်ယူပြီး... Name မှာ Apps ဟုမှတ်သားပြီးမှ သင်လိုချင်သော Application တွေကိုထည့်သွင်းပြီး Install ရယူနိုင်မှာပါ။ ) 13. Fastboot ဝင်ရခက်သော Smart Phone တွေအတွက် အလွယ်တကူ Fastboot Mode သို့ဝင်ရောက်နိုင်ပါသည်။ 14. Samsung Android Smart Phone များအတွက် Frimware တင်နိုင်ရန် (Downloading Mode) လျှင်မြန်စွာဝင်ရောက်နိုင်ပါသည်။ Remark ။ ။ ဒီBatch Toolလေးကိုရေးတဲ့အချိန်ကအနည်းဆုံးမရှိဘူးဆိုရင်တောင်အနည်းဆုံး 32 Hrs ကြာပါတယ်... ( :p ) Tool Developed =Chan Myae Maung Tool Version =2.1 File Size =19.4 MB App Password =21041997 မှတ်ချက်ကလေးထားခဲ့ပေးနော်... :p အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 26 May 2016 10:35 AM PDT AIO CHANLAY(MCMM) အားလုံးအတွက် အသုံးဝင်မှာပါ...။ FRP LOCK အသုံးပြုနည်း...။ YU5010A နှင့် YU5010 FRP လမ်းညွှန် C. ဆိုတာကိုမနှိပ်ခင် သင့်ရဲ့ Devices ကို Power Off လိုက်ပါ...။ ပြီးရင် Vol + Key ကိုနှိပ်ပြီး PC နှင့်ချိတ်ဆက်လိုက်ပါ။ ထို့နောက် C.ဆိုတာကို နှိပ်လိုက်ပါ။ ချတ်ဆက်မိမမိကို သူကပြပေးပါလိမ့်မည်။ ထို့နောက် R. ဆိုတာကိုနှိပ်ပေးလိုက်ပါခင်ဗျာ...။ YU471 Remove Guide: သင့်ရဲ့ Devices ကို Fastboot Mode အနေအထားတွင်ထားပေးပါ။ ထို့နောက် PC နှင့်ချိတ်ဆက်ပြီး... Y. ဆိုသည်ကောင်ကို နှိပ်လိုက်ပါ။ Factory Mode Fix လမ်းညွှန် သင့်ရဲ့ Devices ကို PC နှင့်ချိတ်ဆက်ပြီး ဆိုတာကိုနှိပ်ရင်ပြီးပါပြီ... ခင်ဗျာ...။ အပင်ပန်းခံရကြိုးနပ်ပါရစေ... ခင်ဗျာ...။ smile emoticon ------------------------------- *At Your Own Risk Guy. DOWNLOAD LINK Tool Developed By: Chan Myae Maung File Size : 20.1 MB Tool Password : 21041997 Upload Zip PSW : MCMM အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 26 May 2016 10:27 AM PDT ချမ်းလေး (MCMM) စွယ်စုံသုံးချမ်းလေး (MCMM) စွယ်စုံသုံး ဆိုတဲ့ Vs: 2.1 လေးကို ပြန်ပြီး Update လုပ်ပေးလိုက်ပါပြီ...။ Tool ရဲ့လုပ်ငန်းစဉ် Functionတွေကို Command အများကြီးနဲ့ ပေါင်းစပ်ပေးထားပါတယ်...။ ဒီ Batch Tool လေးကို Android ဖုန်းနှင့် PC ရှိသောသူတိုင်းအတွက်လည်း အသုံးဝင်နိုင်မှာသေချာပါတယ် ခင်ဗျာ...။ ဒီ Tool လေးနဲ့ ဘာတွေလုပ်နိုင်မှာလဲ? ဟုတ်ကဲ့ ဘာတွေလုပ်နိုင်သလဲဆိုတော့ ပုံမှာပြထားခဲ့သည့်အတိုင်းအားလုံးသုံးလို့ရပါတယ်...။ နားမလည်သေးသောသူများအတွက် သူ့ရဲ့လုပ်ဆောင်ချက်တွေကို ရှင်းပြပေးမယ်နော်...။ ခေတ္တသည်းခံပြီး ဖတ်ကြည့်ပါ...။ ------------------------------------------------------------------------------------------------------------------------------- >>> ၁၅ စက္ကန့်အတွင်း မည့်သည့် Window အမျိုးအစားကိုမဆို Adb Driver သွင်းပေးနိုင်ပါတယ်...။ >>> Fastboot Devices သိမသိစစ်ပေးပါတယ်...။ >>> Adb Driver Installation... ပြီးနောက် Devices ကို Adb သိမသိစစ်ပေးနိုင်ပါတယ်...။ For Knowledge ----------------- #Only_For_Beginner-( Adb နဲ့ဘာတွေလုပ်လို့ရလဲ...၊ ဘာတွေလုပ်လို့ရသလဲဆိုတော့ သင့်ရဲ့ Andoird Smart Phone ကို အမျိုးမျိုးသော Command များနဲ့ စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်...။ အပြည့်အစုံသိချင်တယ်ဆိုရင်တော့... Myanmar Software Devloper တွေရေးသားခဲ့တဲ့... Adb Comadnd များအကြောင်းဆိုတဲ့ စာအုပ်လေးကို ရှာပြီး ဖတ်ကြည့်ပါ...။ များစွာအသိတို့ ရရှိလာပါလိမ့်မည်။ ) >>> မိမိ ဖုန်းအား Root ရှိမရှိ စမ်းသပ်နိုင်ပါတယ်...။ >>> Fastboot Mode အနေအထားသို့ လျှင်မြန်စွာပြောင်းပေးနိုင်ပါတယ်။ >>> Recover Mode အနေအထားသို့ လျှင်မြန်စွာပြောင်းပေးနိုင်ပါတယ်။ >>> Android အား PC ပေါ်မှ တိုက်ရိုက် Reboot တစ်နည်း Restart ချပေးနိုငပါတယ်...။ (မလှောင်ပြောင်ရ!) >>> Android ဖုန်းတိုင်းအတွက်မြန်မာဖောင့်ကို မှန်ကန်စွာ သွင်းပေးနိုင်ပါတယ်...။ (Vs: 5.0 ထိ) >>> မိမိဖုန်းအား Patterm Lock သို့မဟုတ် Face Lock ကိုဖြုတ်ပေးနိုင်ပါတယ်...။ မှတ်ချက် ၊ (Patterm Key ကို ဖြုတ်ပြီးချိန်တွင် သင့်ဖုန်းမှ Patterm Key မှာ ပျောက်သွားမည်မဟုတ်ပါ။ Reboot ပြန်တက်လာပြီးချိန်တွင် Screen ပေါ်မှ သင်ကြိုက်သလို 2 ခုဆွဲလိုက်မှသာ Unlock ဖြစ်သွားမှာပါနော...။) >>> မိမိဖုန်းရဲ့ Password အားလွယ်ကူစွာဖြုတ်နိုင်ပါတယ်...။ >>> Google Setting မပါတဲ့ အချို့ဖုန်းတွေအတွက် Google Apps & Framwork များကိုသွင်းပေးနိုငပါတယ်။ ( Only Supported Above 5.0) >>> App Editor ( အဲ့ဒါကတော့ မိမိစိတ်ကြိုက် Application များကို ကိုယ်တိုင်ပြန်လည် Edittor လုပ်နိုင်ပါတယ်...။ ဥပမာ- Eng လိုရေးသားတဲ့ Apps တွေကို Myanmar သို့ပြန်လည် ရေးသားပြီး ပြင်ဆင်နိုင်ပါတယ်..။) လိုအပ်ချက် ၊ Java 8 Update 66 ကိုသွင်းထားပေးမှသာ အသုံးပြုနိုင်မှာပါ...။ >>> Wipe Data Formatting (အဲ့ဒါကတော့ မိမိဖုန်းတစ်လုံးလုံးအား User Data အားလုံးကို ဖျက်ပစ်တဲ့ဟာတွေပါ...။) >>> မိမိရဲ့ PC နောက်ကွယ်မှာ Run နေတဲ့ မလိုလားအပ်တဲ့ File တွေကို ဖျက်ထုတ်ပေးမှာပါ...။ ------------------------------------------------------------------------------------------------------------------------------- 2016 FRP LOCK ဒီ Function ကိုတော့ GSM Team ကနေ ပြန်လည်ပြီးရယူထားတာပါ... ။ အဲ့တာကတော့ နအခုနာမည်ကြီးနေတဲ့ Lock တစ်မျိုးကို ဖြုတ်ပစ်ပေးနိုင်တယ်...။ FRP LOCK အသုံးပြုနည်း...။ ------------------------------------ YU5010A နှင့် YU5010 FRP လမ်းညွှန် C. ဆိုတာကိုမနှိပ်ခင် သင့်ရဲ့ Devices ကို Power Off လိုက်ပါ...။ ပြီးရင် Vol + Key ကိုနှိပ်ပြီး PC နှင့်ချိတ်ဆက်လိုက်ပါ။ ထို့နောက် C.ဆိုတာကို နှိပ်လိုက်ပါ။ ချတ်ဆက်မိမမိကို သူကပြပေးပါလိမ့်မည်။ ထို့နောက် R. ဆိုတာကိုနှိပ်ပေးလိုက်ပါခင်ဗျာ...။ YU471 Remove Guide: သင့်ရဲ့ Devices ကို Fastboot Mode အနေအထားတွင်ထားပေးပါ။ ထို့နောက် PC နှင့်ချိတ်ဆက်ပြီး... Y. ဆိုသည်ကောင်ကို နှိပ်လိုက်ပါ။ Factory Mode Fix လမ်းညွှန် သင့်ရဲ့ Devices ကို PC နှင့်ချိတ်ဆက်ပြီး ဆိုတာကိုနှိပ်ရင်ပြီးပါပြီ... ခင်ဗျာ...။ Credit GSM Helper Team *Make your own risk Guy! ဒီ Batch Tool လေးကိုရေးထားတဲ့အချိန်က ကွာ့ကိုယ်သုံးဖို့ပါ... ဒါပေမယ့် တစ်ကိုယ်ကောင်းဆန်ရာကျမည်စိုးသည့်အတွက် ပြန်လည် Share ပေးလိုက်ရချင်းဖြစ်ပါတယ်...။ For Credit >>> ဒီထဲမှာ အသုံးပြုထားတဲ့တစ်ချို့ Command တွေအတွက် သက်ဆိုင်သူ ပညာရှင်များကို ကျွန်တော်ဒီနေရာကနေ Special Credit ပေးပါတယ်။ Tool Created By: CHAN MYAE MAUNG Tool Version : Beta 2.1 File Size : 142 MB (များတယ်မထင်ပါနဲ့နော်... :p) Tool Password : 21041997 DOWNLOAD TOOL>>>Here<<< PCLOUD LINK chanmyaemaung.blogspot.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ထိရောက်သော ကြော်ငြာလုပ်ငန်းများအကြောင်း Posted: 26 May 2016 02:10 AM PDT ![]() စီးပွားရေးလုပ်ငန်းတိုင်းဟာ ဈေးကွက်ဝေစုရဖို့အတွက် ကြော်ငြာလုပ်ငန်းကို မလွဲမသွေလုပ်ရလေ့ရှိပါတယ်.. လူကိုယ်တိုင် Marketing ဆင်းပြီး လုပ်တဲ့ ကြော်ငြာလုပ်ငန်း၊ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ Bill Board ၊ လက်ကမ်းစာစောင်၊ နံရံကပ်ကြော်ငြာစာစောင် ၊ Sponsor နည်းနဲ့ကြော်ငြာခြင်း တို့လို ကြော်ငြာလုပ်ငန်းတွေဟာ စီးပွားရေးလုပ်ငန်း သေးသေးလေးကအစ၊ မဟာ စီးပွားရေးလုပ်ငန်းရှင်တွေထိ ထိတွေ့လုပ်ဆောင်နေကြရပါတယ်.. ကိုယ့်စီးပွားရေးလုပ်ငန်းအတွက် ဘယ်လိုနည်းက ထိရောက်တဲ့ ကြော်ငြာလုပ်ငန်းက အကောင်းဆုံးလဲဆိုတာ လေ့လာဆန်းစစ်ဖို့ လိုအပ်ပါမယ်.. အလယ်အလတ်နဲ့ အသေးစား စီးပွားရေးလုပ်ငန်းသမားတွေအတွက်ကတော့ သတင်းစာ၊ ဂျာနယ် နဲ့ Online ကြော်ငြာလုပ်ငန်းတွေဟာ ထိရောက်တဲ့ ကြော်ငြာလုပ်ငန်းတွေဖြစ်မယ်ထင်ပါတယ်... ဒီခေတ်ဟာ Mobile ခေတ်လို့ဆိုရပါမယ်.. Mobile ခေါ် ရွေ့လျား လုပ်ဆောင်နိုင်တဲ့ ပစ္စည်းတွေကို အသုံးများလာကြသလို IT Mobile Device တွေဖြစ်တဲ့ Smart Phone, Tablet, Portable Computer တွေကို အသုံးများလာကြတာပါ.. လူတစ်ယောက်ဟာ TV, သတင်းစာ၊ ဂျာနယ်ကို တစ်နေ့ တစ်ကြိမ်လောက်ဖတ်တယ်ဆိုရင် ဖုန်းကနေ Online တက်တာ တစ်နေ့ကို ၅ ကြိမ်မကပါဘူး.. ဒီတော့ ကြော်ငြာလုပ်ငန်းအတွက် အဓိက ဈေးကွက်ကို Online ကနေ ရယူဖို့ ကြိုးစားလာကြပါတယ်... Online မှာ ကြော်ငြာလုပ်ငန်းအတွက် အဓိက လုပ်ဆောင်ချက်တွေရှိပါတယ်.. 1. Website/Blog နဲ့ Facebook တို့လို Social Media တွေမှာ ကြော်ငြာခြင်း 2. SMS Message ၊ Offline Reader တွေ၊ Apps တွေကနေ ကြော်ငြာခြင်းတို့ဟာ အသုံးအများဆုံးဖြစ်ပါတယ်.. ကြော်ငြာအကျိုးဆောင်လုပ်ငန်းတွေဟာ ဈေးနည်းနည်းနဲ့ ထိရောက်တဲ့နည်းကိုရွေးချယ်ရာမှာ Website/Blog နဲ့ Facebook တို့လို Social Media တွေမှာ ကြော်ငြာခြင်း ကို အသုံးပြုတာများပါတယ်.. တယ်လီဖုန်း Message ကနေ စာတိုပို့တဲ့စနစ်ဟာ Operator နဲ့ User ကြား စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် အတတ်နိုင်ဆုံး ရှောင်ကြပါတယ်.. Website/Blog နဲ့ Facebook တို့လို Social Media တွေမှာ ကြော်ငြာမယ်ဆိုရင် User တွေအနေနဲ့ အသုံးပြုမှုဆိုင်ရာ ကျွမ်းကျင်မှုအလိုက်၊ နယ်ပယ်အလိုက် ထိရောက်ပါတယ်... မိတ်ဆွေအနေနဲ့ လူကြည့်များတဲ့ Website/Blog တွေ၊ Social Media တွေကို လေ့လာပြီး ကြော်ငြာလုပ်ငန်းကို လုပ်တာ အထိရောက်ဆုံးဖြစ်ပါမယ်.. ထိရောက်မှုအားအကောင်းဆုံးနဲ့ User တွေဆီ စရိတ်နည်းနည်းနဲ့ တိုက်ရိုက် ကြော်ငြာနိုင်တဲ့ နည်းတစ်ခုကို ကျွန်တော် မိတ်ဆက်ပေးချင်ပါတယ်.. ကျွန်တော်နဲ့လက်တွဲပြီး မိတ်ဆွေတို့ရဲ့ ကြော်ငြာတွေကို ထိရောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်... www.maungpauk.org ဟာ 2011 ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ နည်းပညာ၊ ဗဟုသု ဆိုင်ရာ Blog တစ်ခုဖြစ်ပြီး နေ့စဉ် ဖတ်ရှုသူ ၈၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားမှာရှိပါတယ်.. ကျွန်တော့်ဘလော့ဆီကနေ Android Smart Phone အသုံးပြုသူပေါင်း ၃ သိန်းကျော်ဆီကို တိုက်ရိုက်ရောက်စေတဲ့ TZ, ဥုံ ၊ AUR တို့လို နာမည်ကြီး Offline Reader တွေဆီ မိတ်ဆွေတို့ရဲ့ ကြော်ငြာတွေကို တိုက်ရိုက် ပို့ပေးနိုင်ပါတယ်.. ကြော်ငြာရေးသားရာမှာ စာဖတ်သူ မငြီးငွေ့အောင်၊ မဖတ်ချင်တဲ့ ပို့စ်တွေကို အတင်းဖတ်အောင် လုပ်မှာမဟုတ်ပါဘူး.. စိတ်ဝင်စားစရာအကြောင်းအရာနဲ့ ကြော်ငြာမဆန်၊ ဗဟုသုတ ရစေတဲ့ ပို့စ်တွေအဖြစ် တင်ပေးမှာဖြစ်ပါတယ်.. လက်ရှိလည်း ကျွန်တော်နဲ့ ချိတ်ဆက်ပြီး အောင်မြင်နေသူတွေ အတော်များနေပါပြီ.. စိတ်ဝင်စားတယ်ဆိုရင်တော့ admin@maungpauk.org သို့ဖြစ်စေ၊ ဖုန်းနံပတ် 09440225635 နဲ့ 09974701800 ကိုဖြစ်စေ ဆက်သွယ်နိုင်ပါတယ်... ဈေးနှုန်းချိုသာစွာနဲ့ ကြော်ငြာဝန်ဆောင်မှုကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ပါပြီ... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမှာတွေ Posted: 26 May 2016 01:23 AM PDT ![]() အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူရလာတတ်တဲ့ အရာမဟုတ်ပါဘူး။ ဒါဆို အောင်မြင်မှုက ဘယ်သူတွေနဲ့ ထိုက်တန်သလဲ။ သေချာတာကတော့ အောင်မြင်မှုဆိုတာ လူတိုင်းရနိုင်တဲ့အရာတစ်ခုတော့ မဟုတ်နိုင်ပါဘူး။ အောင်မြင်မှုဆိုတာ ကြိုးစားသူ၊ ဇွဲလုံလ၀ိရီယရှိသူတွေသာ ပိုင်ဆိုင်နိုင်တဲ့အရာဖြစ်နေတာပါ။ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ သူတို့တွေ ဘာတွေကိုစွန့်လွှတ်ခဲ့ကြသလဲ သင်သိပါသလား။ စွန့်လွှတ်အနစ်နာခံမှုတွေမရှိဘဲနဲ့တော့ အောင်မြင်မှုကိုမပိုင်ဆိုင်နိုင်ကြပါဘူး။ အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမဲ့ အချက်တစ်ချို့ကို အောက်မှာဖော်ပြလိုက်ပါတယ်။ အမှားလုပ်မိမှာကြောက်လို့ ဘာမှမလုပ်တဲ့အကျင့်တစ်ခုခုကိုလုပ်ဖို့ကြံရွယ်တိုင်း ငါလုပ်လိုက်ရင်မှားများသွားမလားဆိုတဲ့အတွေးနဲ့ မှားမှာတွေးကြောက်ပြီး ဘာမှမလုပ်ဖြစ်တော့တဲ့အချက်ကို စွန့်လွှတ်ရပါလိမ့်မယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး။ ကိုယ့်ရဲ့စိတ်ကူးနဲ့ အကြံဉာဏ်အသစ်တွေနောက်ကို ရဲရဲဝံ့ဝံ့လိုက်ပါ။ မှားမှာမကြောက်ပါနဲ့။ မှားမှာကြောက်တဲ့စိတ်ကို စွန့်လွှတ်ရပါမယ်။ လူတိုင်းက မှားတတ်ကြပါတယ်။ လူတိုင်းက အမှားကနေ သင်ခန်းစာယူပြီး လူမှုဘ၀တွေကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်။ အချိန်ဆွဲတတ်တဲ့ အကျင့် ဒီကနေ့လုပ်ရမယ့်အလုပ် မနက်ဖြန်မှလုပ်မယ်ဆိုတာမျိုး အချိန်ဆွဲဖူးပါသလား။ ဒီနေ့တော့ မလုပ်သေးပါဘူးလေ… မနက်ဖြန်မှ စလုပ်တာပေါ့လို့ အချိန်ဆွဲတတ်ကြပါတယ်။ ကိစ္စတစ်ခုကို ချက်ခြင်း မလုပ်ဘဲ နောက်လ၊ နောက်နှစ်ပေါ့ဆိုတာမျိုး အချိန်ဆွဲတတ်တာကလည်း အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမယ့် အချက်ပါ။ တကယ်အောင်မြင်ချင်သလား။ ဒါဆိုရင်တော့ ဒီကနေ့လုပ်ရမယ့်အလုပ်ကို ဒီကနေ့ပြီးစီးအောင် လုပ်ပါ။ မနက်ဖြန်အထိ အချိန်မဆွဲပါနဲ့။ ဆင်ခြေပေးတတ်တဲ့အကျင့် ကိုယ့်ရဲ့အားနည်းချက်တွေကို အမှန်အတိုင်းရှုမြင်ရမယ့်အစား ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် သက်သာအောင်နေတာကလည်း စွန့်လွှတ်ရမယ့်အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို ပြင်ဆင်ရမယ့်အစား ဆင်ခြေကောင်းကောင်းပေးပြီး နေတတ်တဲ့အကျင့်က ကိုယ့်ရဲ့ အောင်မြင်နိုင်မှုကို ဆုံးရှုံးစေနိုင်တဲ့အချက်တစ်ခုပါ။ လူတိုင်းမှာ အားသာချက် အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ဒါကိုလျစ်လျူရှုလို့မရပါဘူး။ ကိုယ်ရဲ့အားနည်းချက်ကို ဆင်ခြေနဲ့ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ ကိုယ့်ရဲ့လုပ်ဆောင်မှုတစ်ခု မအောင်မြင်ဘဲ ကျဆုံးသွားတဲ့အခါ ကိုယ့်ရဲ့ အားနည်းချက်ကို ရှာဖွေဖို့မစဉ်းစားဘဲ ဆင်ခြေပေးပြီး အမှားကိုဖုံးကွယ်တတ်တဲ့ အကျင့်ကို စွန့်လွှတ်ရပါမယ်။ သမားရိုးကျတွေးတတ်တဲ့အကျင့် Think Different! အောင်မြင်ချင်သလား။ အများနဲ့မတူအောင် တွေးခေါ်ပါတဲ့။ ကိုယ့်မှာ သူများတွေထက်ပိုပြီး ထူးခြားတဲ့အတွေးအခေါ်တွေ၊ အကြံဉာဏ်တွေရှိမယ်ဆိုရင် သင်က အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သမားရိုးကျတွေးခေါ်တတ်တဲ့အကျင့်ပဲရှိမယ်ဆိုရင်တော့ အောင်မြင်ဖို့အတွက် အလှမ်းဝေးနေဦးမှာပါပဲ။ ကိုယ့်ရဲ့အတွေးအခေါ်က လူအများတွေးသလိုတွေးမယ်၊ လူအများစဉ်းစားသလိုစဉ်းစားမယ်ဆိုရင်တော့ လူအများစုထဲမှာမှ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အတွေးတွေက လူအများနဲ့အတူတူဖြစ်နေတာကြောင့်ပါ။ အောင်မြင်ချင်တဲ့သူဆိုရင်တော့ သူမတူ ထူးခြားတဲ့ အတွေးအခေါ်၊ အမြင်ရှိဖို့လိုပါတယ်။ အပြောင်းအလဲကိုကြောက်တဲ့အကျင့် လက်ရှိအခြေအနေကနေ ပြောင်းလဲလိုက်ရမှာကို လူတော်တော်များများက ကြောက်ကြပါတယ်။ ပြောင်းလဲဖို့လည်း သတ္တိနည်းကြပါတယ်။ လက်ရှိအခြေအနေမှာ အောင်မြင်နေပေမဲ့ အပြောင်းအလဲလုပ်ပြီးခါမှ မအောင်မြင်တော့မှာ၊ လက်ရှိအခြေအနေထက်ပိုဆိုးသွားမှာကို ကြောက်လန့်ကြပါတယ်။ အပြောင်းအလဲကိုကြောက်တဲ့အကျင့်ကြောင့်ပဲ အောင်မြင်မှုနဲ့ဝေးကွာစေတတ်ပါတယ်။ အဆိုးမြင်သူတွေနဲ့ အချိန်ဖြုန်းတတ်တဲ့အကျင့် ကိုယ့်ပတ်ဝန်းကျင်မှာ အဆိုးမြင်တတ်သူတွေရှိပါသလား။ ကိုယ့်အနီးအနားမှာ၊ ကိုယ့်အလုပ်ပတ်ဝန်းကျင်မှာ အဆိုးမြင်သူတွေရှိတယ်ဆိုရင် သူတို့တွေနဲ့အချိန်ဖြုန်းတတ်တဲ့ အကျင့်တွေကို စွန့်လွှတ်ရပါမယ်။ ဒါက အောင်မြင်မှုအတွက် စွန့်လွှတ်ရမယ့်အချက်တစ်ခုဖြစ်နေလို့ပါ။ ကိုယ့်ရဲ့လုပ်ဆောင်မှုတိုင်းအတွက် အဆိုးမြင်သူတွေဆီက အသိအမှတ်ပြုစကား၊ အားပေးစကားပြောကြားခံရဖို့ မမျှော်လင့်ထားပါနဲ့။ စိတ်ဓာတ်ကျစရာတွေ၊ ဆုံးရှုံးရမှာတွေသာ ကြားရပါလိမ့်မယ်။ သင်ကအောင်မြင်ချင်တဲ့သူတစ်ယောက်ဆိုရင်တော့ အဆိုးမြင်သူတွေနဲ့ ခပ်ဝေးဝေးနေရပါလိမ့်မယ်။ ရည်မှန်းချက်ကြီးကြီး မထားတတ်တဲ့အကျင့် ဒီအချက်က အောင်မြင်မှုအတွက် အရေးအကြီးဆုံးအချက်တစ်ခုပါပဲ။ လူတိုင်းမှာ ရည်မှန်းချက်ကြီးကြီး၊ အိပ်မက်ကြီးကြီးရှိသင့်ပါတယ်။ အဲဒီအစား ရည်မှန်းချက်မထားတတ်တဲ့ အကျင့်ကလည်း အောင်မြင်မှုနဲ့အလှမ်းကွာဝေးစေပါတယ်။ ကိုယ့်မှာရည်မှန်းချက်လည်းမရှိ၊ ရည်ရွယ်ချက်လည်းမရှိ၊ ဖြစ်ချင်တာတာလည်းမရှိဆိုရင်တော့ အောင်မြင်မှုဆိုတာ ကိုယ်နဲ့ အဝေးဆုံးအရာဖြစ်နေပါလိမ့်မယ်။ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တစ်ခုခုချမှတ်ပါ။ အဲဒီအတိုင်းလည်း ဖြစ်အောင်ကြိုးစားပါ။ ဒါဆိုရင်တော့ အောင်မြင်မှုက သင့်နဲ့ လက်တစ်ကမ်းမှာရှိနေပါလိမ့်မယ်။ ကျော့ကေခိုင် Source : Myanmar Newtork Forum အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| Posted: 26 May 2016 12:04 AM PDT Add 100 သတင်းစုံ v3 မှာ ဘာတွေပါလာလဲဆိုတော့ Yangon Media Group သစ်ထူးလွင် 7day News Journal MRTV မဇ္စျိမ Messenger News Kumudra သတင်းအတင်းမီဒီယာ Eleven Media Group ဂျာနယ်များဒေါင်းလုပ်ရန် Job Master အလုပ်အကိုင်ရှာဖွေရေး Job Seeker Journal PannPwint News The Voice Weekly မြ၀တီသတင်း ဧရာဝတီ BBC Burmese ရွှေဈေးဒေါ်လာဈေး ကျန်မာရေးဆိုင်ရာသတင်းများ ဗဟုသုတ ဆိုင်ရာစာတိုပေစများ နှင့် အခြားသော လိုင်းများစွာထည့်သွင်း ထားတဲ့ဗားရှင်းအသစ်လေးဖြစ်ပါတယ် ထူးခြားချက်ကတော့ ဒီဗားရှင်းမှာ မလိုတဲ့လိုင်းတွေဖြုတ်တပ်လုပ်လို့ရတဲ့ ဖန်ရှင်ထည့်သွင်းထားပါတယ် မလိုတဲ့လိုင်းအမှန်ခြစ်ဖြုတ် ဆိုတဲ့နေရာမှာ ကိုယ်မလိုတဲ့လိုင်းတွေရဲ့ဘေးကအမှန်ခြစ်လေးတွေ လိုက်ဖြုတ်ပေးရုံပါပဲခင်ဗျာ အဲဒါဆိုရင် ကိုမပေါ်စေချင်တဲ့လိုင်းတွေမတက်တော့ပါဘူး အောက်ကလင့်ခ်တွေမှာဒေါင်းယူပါ - - Download from Dropbox- Download From Zippyshare credit - All Myanmar Page & Channel (ဒီ App မှသတင်းနှင့်စာများသည် Page များမှတဆင့် Link ချိတ်ထားခြင်းသာဖြစ်သည်တိုက်ရိုက်ကူးယူထားခြင်းမဟုတ်ပါ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 25 May 2016 10:58 PM PDT ![]() Samsung Frp 2016 Remover Tool စမ်းသပ်လို့ရအောင် တင်ပေးလိုက်တယ်လို့ ဆိုပါတယ်.. Myanmar XDA Forum က ယူလာတာပါ.. Password - www.gt-smart.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| Qualcommm SmartPhone Backup & Restore လုပ်နည်း (အပိုင်း - ၂) Posted: 25 May 2016 10:51 PM PDT ကျွန်တော်အခုပြောပြပေးမှာ ကတော့ Qualcomm CPU သုံး ဖုန်းတွေကို Firmware Backup ယူနည်း နဲ့ Firmware ပြန်တင်နည်းတွေကိုပြောပြပေးမှာပါ dload File Firmware နဲ့ MMC Storage Backup Firmware နဲ့ဘာတွေကွာလဲ ==================================================== dload Firmware တင်တဲ့အခါ စိတ်ကြိုက်ရွေးတင်ခွင့်မရှိပါဘူး ဥပမာ Virus ကိုက်နေတဲ့ ဖုန်းတွေမှာ Flashtool Firmware တွေဆိုရင် System File တစ်ဖိုင်ထဲ ရိုက်ထဲလို့ရပါတယ် dload File firmware မှာ အဲလိုရွေးချယ်ခွင့်မရှိပါဘူး အကုန်တင်ပေးသွားတာပါ ပြီးရင် Build Number မြင့်နေတာကို Build Number အနိမ့်နဲ့တင်လို့မရပါဘူး Step 2 Fail, Write Data Error Fail အစရှိတဲ့ Error တွေတက်ပါတယ် MMC Storage Backup Firmware မှာ Error တစ်ခုမှမရှိပါတယ် အရမ်းအဆင်ပြေပါတယ် Logo Error, Deadboot Error, Boot load Error အကုန်ရှင်းနိုင်ပါတယ် အဆင်ပြေတာကတော့ ရှိသမျှQualcomm ဖုန်းတွေအားလုံးကို Backup ယူထားတာအကောင်းဆုံးပဲ နောက်ပိုင်းမှာဘာ Error ဖြစ်ဖြစ် အဆင်ပြေအောင်ပါ Backup ယူမယ့်ဖုန်းက Qualcomm ဟုတ်မဟုတ်ဘယ်လိုစစ်မလဲ =========================================== adb ကနေဆိုရင် adb shell cat proc/cpuinfo အောက်ဆုံးနားလေးက Hardware နေရာမှာ Qualcomm 8x1x ဆိုရင် သေချာပါတယ် Qualcomm Device ပါပဲ MTK DroidTool အခြား Tool တွေ နဲ့လဲကြည့်နိုင်ပါသေးတယ် MMC Storage 9006 Firmware Backup ထုတ်နည်း ==================================== လိုအပ်တဲ့ဖိုင်တွေအရင်းဒေါင်းပါ ၁။ ဖုန်းမှာ Root Access ရှိရပါမယ် BusyBox.apk သွင်းထားရပါမယ် Root ဖောက်နိုင်ဖို့အတွက် King Root Version အမြင့်ထည့်ပေးထားပါတယ် ၂။ ဒေါင်းလို့ရလာတဲ့ Zip ကိုဖြည်ပါ password တောင်းရင် www.sithumobile.com လို့ရိုက်ပါ ၃။ Android EMMC Folder ကိုဖွင့်ပါ Android eMMC.exe ကို Run ပါ ၄။ Software ပွင့်လာရင် ညာဖက်ထောင့်နားလေးက Check phone ဆိုတာလေးကို နိုပ်ပါ Scanning for devices ... Android device found. Android serial number : ? ROOT STATUS : Phone are rooted you are ready to go. Checking tools ... SU VERSION : 3.61:kinguser_su BUSYBOX VERSION : 1.23.1-Stericson Done. ဒါမျိုးလေးပေါ်လာရင် Backup စတင် ရိုက်လို့ရပါပြီ ၅။ Option menu မှာ Block Mode ကိုအမှန်ခြစ်ပါ ပေါ်နားက Block menu လေးက မှိန်နေရာကနေ လင်းလာတာလေးတွေ့ရပါလိမ်မည် ၆။ Action menu မှာ ကို Save ချင်တဲ့နေရာ ရွေးပါ mmkcblk0 ကစပြီး mmkcblk1p1 ထိတစ်ဖိုင်ခြင်းရိုက်ထုတ်ပါ တစ်ခြားBackup ထုတ်နည်းတွေလဲအများကြီးရှိပါသေးတယ် နောက်မှတင်ပေးပါအုန်းမည် လောလောဆယ် အလွယ်ဆုံးနည်းကိုအရင်တင်ပေးထားတာပါ MMC Storage 9006 Firmware Restore လုပ်နည်း ================================== ၁။ EMMCRAW.exe ကိုဖွင့်ပါ အပိုင်း ၁ မှာကျွန်တော်ပြောခဲ့တဲ့ ဖုန်းကို MMC Storage ၀င်နေတဲ့အနေအထားမှာ ကြိုးထိုးပါ Drive menu မှာ Refresh ကိုနိုပ်ပါ Description = Disk drive Manufacturer = (Standard disk drives) MediaType = External hard disk media Model = Qualcomm MMC Storage USB Device Size = 3909091328 Bytes ဒီလိုမျိုးလေးပေါ်နေရင်တော့ Restore လုပ်နိုင်ပါပြီ ၂။ Write menu မှ browser ကိုနိုပ်ပြီး မိမိ backup ထုတ်ထားသော နေရာမှ mmkcblk0 ကိုခေါ်ပေးလိုက်ပါ ၃။ Load Partition Structure ကိုနိုပ်ပါ ဖိုင်မှားခေါ်ရင်တော့ Error တက်ပါလိမ့်မည် ဖိုင်အမှန်ခေါ်ရင်တော့ ဘေးမှာ Partition အခန်းတွေကြလာပါလိမ့်မည် ၄။ Write Select Partition ကိုနိုပ်ပြီး Firmware တင်နိုင်ပါပြီခင်ဗျာ ===================== အပိုင်း (၃) မှာတော့ BoardFirmware ရေးမိလို့ ဖြစ်သော Error များ IMEI 0 Error, Boot Logo Error, Noti Error, Theme Error, Fastboot 3 color Error, SIM ONE Error အစရှိသော Error တွေအကြောင်းတင်ပေးပါအုန်းမည် .. Credit : အောင်သူရ @ စည်သူကွန်ပျူတာနှင့်မိုဘိုင်းဖုန်းပြုပြင်ခြင်းသင်တန်း အပိုင်း (၁) ကိုပြန်ဖတ်ချင်ရင် >>> LINK အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| ဓာတ်ပုံတွေကို ကာတွန်းပြောင်းတဲ့ Image Cartoonizer Premium 1.4.2 Portable For PC Posted: 25 May 2016 10:43 PM PDT ![]() ဒီ Software ကတော့ ဓာတ်ပုံတွေကို ကာတွန်းပုံလေးဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ Windows PC သုံး Software လေးဖြစ်ပါတယ်.. Cartoon effects, Color effects, Instagram effects စတဲ့ Effect ပေါင်း ၂၅၀ ကျော်ပါဝင်တာကြောင့် ကိုယ်သဘောကျတဲ့ စိတ်ကြိုက် Effect တွေကို ဖန်တီးနိုင်ပါတယ်.. Portable ဖြစ်လို့ Install လုပ်စရာမလိုဘဲ တိုက်ရိုက်သုံးနိုင်မှာဖြစ်ပါတယ်.. Windows 32 bit မှာရော 64 bit မှာပါ သုံးနိုင်မှာပါ... [ Unicode ] ဒီ Software ကတော့ ဓာတ်ပုံတွေကို ကာတွန်းပုံလေးဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ Windows PC သုံး Software လေးဖြစ်ပါတယ်.. Cartoon effects, Color effects, Instagram effects စတဲ့ Effect ပေါင်း ၂၅၀ ကျော်ပါဝင်တာကြောင့် ကိုယ်သဘောကျတဲ့ စိတ်ကြိုက် Effect တွေကို ဖန်တီးနိုင်ပါတယ်.. Portable ဖြစ်လို့ Install လုပ်စရာမလိုဘဲ တိုက်ရိုက်သုံးနိုင်မှာဖြစ်ပါတယ်.. Windows 32 bit မှာရော 64 bit မှာပါ သုံးနိုင်မှာပါ... - Image Cartoonizer Premium portable is a simple photo to cartoon tool for converting your best photos to cartoons. The application is designed with some tools and techniques that you might want while you are converting picture into cartoons. The application not only cartoonize your snaps but also add some amazing effects to your cartoon images like face morphing. You can also add goodies like headphone,glass,monocle,mustache,beard,horn,rims....even smilly faces! No other software is going to provide these! Now there are many Filters available in Image Cartoonizer Premium, so you can convert your photo to many new cartoons effects, vintage, Instagram look...you can also add Dynamic Contrast and Brightness to your images. Use this program to :
Features: More than 250 effects available: Cartoon effects, Color effects, Instagram effects... Cartoonize your personal photos and pictures directly from your windows desktop! Convert more quickly and with high quality! Convert large photos for best result! Crop function to remove unwanted parts of an image! Edit your photos and add many Goodies! Share your converted photo directly on your Facebook! Print your converted picture from the software! Cartoonize your photo without any Watermark! No other standalone program or software is needed! No need internet connection! Support both 32 and 64 bit! အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| Posted: 25 May 2016 10:11 PM PDT ![]() SYH WP930 ဖုန်းလေး Display Error တက်နေရင် သုံးဖို့ ဖိုင်သေးသေးလေးပါ.. New World Mobile က ကိုထက်အာကာတင်ပေးထားတာတွေ့လို့ ပြန်လည် မျှဝေလိုက်ပါတယ်.. Zip Password = htetrkar အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |
























































0 comments:
Post a Comment