Related Posts Plugin for WordPress, Blogger...

June 14, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Windows 10 App တွေဖွင့်တိုင်း can’t be opened using the built-in administrator account ပေါ်နေတယ်ဆိုရင် ဖြေရှင်းနည်း

Posted: 13 Jun 2016 10:53 AM PDT


can't be opened using the built-in administrator account ပေါ်နေတယ်ဆိုရင် ဖြေရှင်းနည်း လေးတင်ပေးလိုက်ပါတယ်

ရှာတဲ့နေရာမှာ  secpol.msc  ရိုက်ရှာလိုက်ပါ 
secpol.msc ထဲဝင်ပါ >  Local Policies > Security Options တချက်နှိပ်ပါ ဘေးက User Account Control Admin Approval Mode for the Built-in Administrator account မှာ Disable ဖြစ်နေလျှင် Enable လုပ်ပါ




Win + R > 
  • HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System\UIPI\ အဆင့်ဆင့်ဝင်ပါ
  •  Default နေရာမှာ 0x00000001(1) ပြောင်းပါ Ok နှိပ်ပါ


Search မှာ uac လို့ရှာပါ Change User Account Control Settings ကိုနှိပ်ဝင်ပါ
အပေါ်ပုံပါပြထားတဲ့အတိုင်း အတန်းကိုဒုတိယအဆင့်မှာထားပါ ဒါတွေအားလုံးလုပ်ပြီးရင်တော့ ကွန်ပျူတာကိုပိတ်ပြီးပြန်ဖွင့်ပါ ဒီပြဿနာကိုဖြေရှင်းနိုင်ပြီပဲဖြစ်ပါတယ် မိမိဖွင့်ချင်တဲ့ App ကိုဖွင့်လို့ရပါပြီ
Post by Than Toe Aung

အသစ်ထွက်သမျှ Sim Bill Zero နဲ့ အင်တာနက်သုံးနေကြသူတိုင်းအတွက်...

Posted: 13 Jun 2016 10:04 AM PDT


Image result for Free Internet Logo




မင်္ဂလာပါ...။

ကျွန်တော်အရင်နေ့တွေတုန်းက MPT Bill Zero နဲ့ သုံးမယ်ဆိုတဲ့ Post လေးတင်ပေးခဲ့ဖူးပါတယ်...

အဲ့ဒါကိုသုံးတဲ့အချိန်မှာ... ကျွန်တော်တို့လိုသူတွေက အင်တာနက်ကို ကိုယ့် PC ပေါ်Share ပြီးသုံးချင်တာပေါ့...။

ကိုယ့်ဖုန်းမှာ သာမာန်ပါဝင်တဲ့ Tethering Hostpot နဲ့ ချိတ်ရင် အလုပ်မလုပ်ပါဘူး...။

ဘာလို့အလုပ်မလုပ်တာလဲဆိုတာတော့ မရှင်းပြတော့ပါဘူးနော်...

အခုကျွန်တော် Software ၂ခု ပေးလိုက်ပါတယ်...

အဲ့ဒါလေးကို Download ချလိုက်ရင် File ၂ ခုထွက်လာမယ်...။

Apk ကိုတော့ ဖုန်းမှာ Install လုပ်ပေးလိုက်ပါ...

နောက် Software တစ်ခုကိုတော့...

မိမိ PC မှာ Install လုပ်ပြီး ဖုန်းကနေ အဆိုပါ apk ထဲဝင်ပြီး... USB ကြိုးထိုးပြီး... Free ရနေတဲ့ Internet ကို အသုံးပြုနိုင်ပါပြီ...ခင်ဗျာ...

Software လေးကလည်း 3.2 MB ပဲရှိတာမို့ Download ဆွဲထားမယ်ဆိုရင် မမှားပါဘူးးးး

Password လေးကတော့ "MCMM" ပါခင်ဗျာ...။

( : DOWNLOAD : ) OR ( : DOWNLOAD :)

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

AFTtool 4.7.2 Full Crack

Posted: 13 Jun 2016 09:02 AM PDT


Flash Tool တစ်ခုပါ.. MTK  တွေ နဲ့ Qualcomm ကို Firmware တင်ရာမှာသုံးပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

Mediafire Download Link

pCloud Download Link

Credit : ညီသစ် & Myanmar Mobile App

Direct Live Broadcast (တော်တော်လေးလန်းလို့... ယူထားကြနော်...) By CHANLAY (MCMM)

Posted: 13 Jun 2016 06:05 AM PDT



computer ကနေ facebook live လွှင့်ချင်သူတွေအတွက် အလွယ်ဆုံး live လွင့်နိုင်တဲ့ computer software...အင်တာနက်လိုင်းတော့ ကောင်းမှရမှာနော်.....ယူကြပါ....:)


( : DOWNLOAD : )

Credit To... (https://www.facebook.com/win.m.zaw?fref=photo)

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

Facebook ကို ဟက်မခံရအောင် 95% Security ခံထားနည်း By CHAN LAY (MCMM)

Posted: 13 Jun 2016 06:06 AM PDT





မင်္ဂလာပါ ဒီရက်ပိုင်းတင်မဟုတ်ဘူး ဘယ်တော့မှ မရိုးအီနိုင်တဲ့အကြောင်းအရာတစ်ခုက Cyber Bullying Case ပဲဖြစ်ပါတယ်။အများဆုံးဖြစ်တဲ့ အရာကတော့ Facebook အကောင့် အဟက်ခံလိုက်ရကနေ ဟက်သွားတဲ့သူက အဟက်ခံလိုက်ရတဲ့ အကောင့်ပိုင်ရှင်ထံ ငွေညှစ်ခြင်း၊ အဟက်ခံလိုက်ရတဲ့ အကောင့်အားညစ်ညမ်းPage အဖြစ်ပြောင်းလဲလိုက်ခြင်း.. စတာတွေက နိစ္စဒူဝ မရိုးအီနိုင်တဲ့
အဖြစ်အပျက်တွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်ရတာလည်း??အဓိက အကြောင်းအရင်းကတော့ User တွေရဲ့ ညံ့ဖျင်းမှု၊ ပေါ့လျော့မှုတွေက အဓိကဖြစ်ပါတယ်။ ကျတော်ရိုင်းသွားရင်တော့ခွင့်လွှတ်ပါ။
လူငယ်ပဲဖြစ်ဖြစ်၊ လူလတ်ပဲ ဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ်၊ ပုထုဇဉ်လူသားတွေပဲ ဗျာ…. တဏှာတော့ မကင်းကြပါဘူး။ ဒီလိုမျိုး စိတ်တွေကြောင့်ချစ်သူ ကောင်လေးတွေကို စိတ်ပြေအောင် Facebook မှ Sex Chatတာမျိုးတွေလည်း မလုပ်သင့်ကြပါဘူး။ ဘယ်လောက်ချစ်ချစ်အပြင်မှာတွေ့ဆုံလို့ရနေတဲ့ခေတ်ပါဗျာ…. အခုတော့ Facebook ထဲက Chatထဲမှာ ၀တ်လတ်စတစ်ပုံတွေအပြန်အလှန်ပို့၊ Masturbation အတွက်
Sex Chat ကြနဲ့… တစ်ကယ်လည်းစိတ်ပျက်ဖို့ကောင်းပါတယ်။မလုပ်နဲ့လို့မတားမြစ်ပါဘူး မိမိကိုယ်တိုင် မိမိအကောင့်ကို စိတ်ချရအောင်လုံခြုံမှုရော လုပ်ထားကြလို့လား….. ဒီလိုမျိုးတွေလုပ်ထားပြီးမှ အကောင့်
လည်းပါသွားရော… ဟက်သွားတဲ့လူကကြည့်မှာပဲ…. တစ်ကယ်တမ်းအကောင့်ဟက်တယ်ဆိုတာကလည်း User တစ်ယောက်ရဲ့ အကောင့်ကိုထိုးဖောက်ဝင်ရောက်ရာကနေ ထို User ရဲ့ Privacy အားလုံးကိုလည်း
ချိုးဖောက်သွားကြတာပါပဲ… ဒီလိုအချိန်မှာ ထိုဟက်သွားတဲ့လူက ခြိမ်းခြောက်မယ်၊ ငွေညှစ်မယ် ဆိုတဲ့အခါမျိုးကျမှ ဂယောက်ဂယက်တွေဖြစ်ပြီးမရှု နိုင် မကယ်နိုင်နဲ့ အရပ်ကူပါ ၊ လူဝိုင်းပါတွေဖြစ်ကုန်တော့ ကူညီတောင်းခံရတဲ့ လူပါ အပူတွေကူးကုန်ရော.. ဒီတော့ အစကတည်းက မိမိအကောင့်ကိုမိမိလုံခြုံအောင် ထိမ်းသိမ်းဖို့က မိမိတာဝန်သာဖြစ်ပါတယ်။ ကျတော်လည်း
အရင်က G-mail, Facebook နဲ့ အချို့ အချို့သော အရာတွေရဲ့ Securityပိုင်တွေကို အခါသင့်လျှင် သင့်သလို ဖော်ပြပေးထားခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့Facebook Account ကိုပဲ သီးသန့် ပြန်ရေးပေးပါ့မယ်။ G-mail Accountကိုအရင်ဆုံး Security ခံထားဖို့အတွက်လည်း လေ့လာပြီး လုပ်ဆောင်ထားဖို့လိုအပ်မှာ ဖြစ်ပါတယ်. အကောင့်တခုမှ မိမိရဲ့ gmail..သည်သာလျှင် ပင်မ အရေးပါတယ်ဆိုတာ သိထားသင့်ပါတယ်..
ကိုဖတ်ပြီးမှ လက်ရှိ Facebook Account ကို လုပ်ပါမယ်။ ကဲ စရအောင်
အရင်ဆုံး မိမိအကောင့်ကို ဖွင့်ထားလိုက်ပါမယ်။ ဒီနောက်တော့အောက်ပါပုံအတိုင်း


မိမိအကောင့်ရဲ့ Settings ကိုသွားပါမယ်။ ထို့နောက်တော့


အထက်ပါပုံအတိုင်း Security ကို နှိပ်လိုက်ပါမယ်။ ပြီးသွားရင်တော့ညာဖက်ခြမ်းမှ စပြီး တစ်ခုချင်းစီလုပ်ဆောင်ပါ့မယ်။ အရင်ဆုံး    Login Alerts Services ကိုဖွင့်ပါမယ်။


Login Alerts ဆိုတာကတော့ သင့်အကောင့်ကို လက်ရှိသုံးနေကျBrowser မဟုတ်တဲ့ Any Browser, Any Devices မှ ၀င်ရောက်သုံးစွဲတဲ့အခါမှာ လှမ်းပြီး အသိပေးဖို့ဖြစ်ပါတယ်။ လက်ရှိကတော့
Don't get notifications ဆိုတာဖြစ်နေပါမယ်။ ဒါကိုကျတော်တို့ကNotifications မှာရော Email address မှာရောကို မျှားအနီရောင်ပြထားတဲ့ Get Notifications နဲ့ Email loginalerts to MAIL ဆိုတာကို
ရွေးချယ်ပေးလိုက်ပြီး Save Changes လုပ်လိုက်ပါ့မယ်။ဒီအခါမှာသင်ပြောင်းလဲလိုက်တဲ့Setting Configured အတွက်


အထက်ပါပုံအတိုင်း Password ပြန်တောင်းပါလိမ့်မယ်။ ကျတော်တို့က
Password ကိုရိုက်ပြီး Submit လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် Changed settingsဖြစ်သွားပါလိမ့်မယ်။
 
#Login Approval On ထားခြင်း
Login Approval On ထားတယ်ဆိုတာကတော့ သင့်အကောင့်ကိုမတူညီတဲ့ Devices, Browser ကနေ၀င်တဲ့အခါမှာ သင်ကိုယ်တိုင်းသင့်အကောင့်ရဲ့ Password ကို သိတာတောင်မှ သင့်အကောင့်ထဲ
ကိုဝင်ဖို့ OTP (One Time Password) ပုံစံမျိုး စက္ကန့် ၃၀ တိုင်းမှာပြောင်းလဲနေတဲ့ Code ကို ထည့်မှ ၀င်နိုင်တာမျိုးဖြစ်ပါတယ်။


ကျတော်တို့က အထက်ပါပုံအတိုင်းမှ မျှားအနီရောင်ပြထားတဲ့ Require security code to access my account from unknown   Browsersဆိုတာကို အမှန်ခြစ်လေး နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်း သင့်အကောင့်ကို Login Approvals ခံဖို့အတွက်
Box ပေါ်လာရင် ကျတော်တို့က Get started ဆိုတာကို နှိပ်လိုက်ပါ့မယ်။
ဒီအချိန်မှာတော့


အထက်ပါပုံအတိုင်း ကျတော်တို့က Security Code ကို သတ်မှတ်ဖို့
အတွက် လက်ရှိ ဘယ် Devices ကိုသုံးနေတာလည်း ဆိုတာကို
သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ကျတော်ကတော့ Android Devices
ကိုသုံထားတဲ့အတွက်ကြောင် Android, iPhone or iPod Touch
ဆိုတာကို Radius Check Box လေးကို နှိပ်လိုက်ပါမယ်။ပြီးရင်တော့
အောက်ပါပုံအတိုင်း


Continue ကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့ သင့်အကောင့်ကို


Login Approval ဖွင့်ထားလိုက်ပြီဖြစ်ပါတယ်။ Login Approval
ဆိုတာကတော့ OTP နဲ့ အလားသဏ္ဍာန်တူတဲ့အတွက်ကြောင့်ထို Code ကိုရယူနိုင်ဖို့က Account Setting ထဲက Code Generatorထဲကနေသွားယူရတာဖြစ်ပါတယ်။ ဒါက ဘယ်အနေအထားမှာသုံးတာ
လည်းဆိုတော့ သင့်အကောင့်ကို သင့်ဖုန်းထဲမှာဝင်ထားတယ်….သင့်အကောင့်ကိုပဲ တစ်ခြားကွန်ပျူတာကနေ ၀င်ချင်တဲ့အခါ User Nameနဲ့ Password ကိုရိုက်ပြီးသွားတာတောင်မှ OTP Code ကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Account Setting ထဲက Code Generator ကနေ
သွားယူရမှာဖြစ်ပါတယ်။ထို့နောက် အောက်ပါပုံအတိုင်းပေါ်လာလျှင်

ကျတော်တို့က မိမိအကောင့်ရဲ့ Settings ကို Tab တစ်ခုအနေနဲ့ခေါ်ပြီး
အောက်ပါပုံအတုင်း


Set up ဆိုတာကို နှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့ သင့်အကောင့်အတွက်
Password ကိုအောက်ပါပုံအတိုင်း


တောင်းလျှင်ရိုက်ထည့်ပြီး Submit ကိုနှိပ်လိုက်တဲ့အခါမှာတော့


အထက်ပါပုံအတိုင်း သင့်အကောင့်ကို Code Generator ဖွင့်ဖို့အတွက်
ပေါ်လာမှာဖြစ်ပါတယ်။ ဒီနေရာမှာ သင်က သင့်ဖုန်းထဲမှာ Thirt-party  Utility ဖြစ်တဲ့ Google Authenticator ကို


မှာ သွားဒေါင်းပီး ဖုန်းထဲကို ထည့်ထားပါ့မယ်။ ထို့နောက်တော့ ကျတော်တို့က
ဖုန်းထဲမှာ သွင်းထားပီးရင် ယခု Facebook Account ကို OTP သတ်မှတ်မှာဖြစ်တဲ့အတွက်ကြောင့် သင့် ဖုန်းထဲသွင်းထားတဲ့ GA ကိုဖွင့်လိုက်ပါမယ်။


ထို့နောက် Set Up Account ကို နှိပ်လိုက်ပြီး


Enter Provide Key ဆိုတဲ့နေရာမှာ အပေါ်က QR Code ဖတ်တဲ့နေရာက
Secret Key ကိုရိုက်ထည့်ပေးလိုက်ပါမယ်


Name နေရာမှာကတော့ မိမိစိတ်ကြိုက်နာမည်ကိုထည့်ပီး လုပ်ပါမယ်။
ပြီးသွားရင်တော့ Add လုပ်ပေးလိုက်ပါ့မယ်။ထို့နောက်ပီးသွားရင်တော့


ထို Code Generator မှ ပြထားတဲ့ ကုဒ်ကို အပေါ်ကပုံအတိုင်းထည့်ပြီး
Confirm လုပ်လိုက်ပါ့မယ်။ ဒါဆိုရင် သင့်အကောင့်ကို Code Generatorခံလိုက်ပီး ဖြစ်ပါတယ်။ 
 
#App Password ခံထားခြင်း
App Password ခံထားတယ်ဆိုတာကလည်း သင့်အကောင့်အတွက် မရှိမဖြစ်
လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက Account အတွက် Devices Password
လိုမျိုးဖြစ်ပါတယ်။


အထက်ပါပုံအတိုင်းမှ မျှားအနီရောင်လေးပြထားတဲ့ Generate appPasswords ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်


အထက်ပါပုံအတိုင်း ပေါ်လာရင်ကျတော်တို့ Generate App Passwords
ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်တော့


အထက်ပါပုံအတိုင်းပေါ်လာတဲ့အခါမှာ ကျတော်တို့က ဘယ် Devices
နဲ့ သုံးနေတာလည်း ဆိုတာကိုရေးပေးရတာဖြစ်ပါတယ်။ ဒီနေရာမှDevices တင်မဟုတ်ပဲ မိမိနာမည်နဲ့လည်း ရပါတယ်။ ဒါကြောင့် ကျတော်အောက်ပါပုံအတိုင်း


UZARNI လို့ရိုက်လိုက်ပါတယ်။ ထို့နောက် Generate Password ကို
နှိပ်လိုက်တဲ့အခါမှာတော့


အထက်ပါအတိုင်း သင့် နာမည်အတွက် Code 10 လုံးပါဝင်တဲ့
Password ကိုချပေးပါလိမ့်မယ်။ ဒါလေးကိုမှတ်ထားရပါမယ်။တစ်ချိန်ချိန်မှာ အသုံးဝင်လာပါလိမ့်မယ်။ ပြီးသွားရင်တော့ ကျတော်တို့က Finish ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်အောက်ပါပုံအတိုင်း


သင့်အတွက် Password ကို သိမ်းပြီးပါပြီဆိုတာကို ဖော်ပြပါလိမ့်မယ်။ကျတော်တို့က OK လုပ်လိုက်ပါ့မယ်။
 
#Mobile
ဒီနောက်ကျတော်တို့က အကောင့်ကို လုံခြုံမှုအတွက် ဖုန်းနဲ့ တစ်ဆင့်
ထပ်ခံထားပါ့မယ်။ ဒါကြောင့် အောက်ပါပုံအတိုင်း


Mobile ဆိုတာကို သွားပါမယ်။ ပြီးသွားရင်တော့ Add a phone ဆိုတာကို
နှိပ်လိုက်ပါ့မယ်။ ထိုနောက်တော့ကျတော်တို့က ဖုန်းနံပါတ်ထည့်ဖို့အတွက်


Add your phone number here ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်


အထက်ပါပုံအတိုင်း ဖုန်းနံပါတ်တစ်ခု Confirm လုပ်ဖို့ပေးပါလိမ့်မယ်။ကျတော်တို့ မိမိအမြဲတမ်း ကိုင်နေတဲ့ ဖုန်းနံပါတ်တစ်ခုကို ရိုက်ထည့်လိုက်ပါမယ်။


ထို့နောက်တော့ Continue ကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင် သင့်ရဲ့ဖုန်းထဲသို့


ဝင်လာတဲ့ Code ၆ လုံးကို အထက်ပါအတိုင်း ဖြည့်ပြီး Confirm လုပ်
လိုက်ပါမယ်။ပြီးသွားရင်တော့


အောက်ပါအတိုင်း သင့်ဖုန်းနံပါတ်ကို Confirmed လုပ်ပြီးကြောင်းကို
Message ပြပါလိမ့်မယ်။ OK ကို နှိပ်လိုက်ပါမယ်။
 

#Trusted Contacts
Trusted Contact ကလည်း သင့်အကောင့်အတွက် အရမ်းအရေးကြီးပါတယ်။
ဘာကြောင့် အရေးကြီးလည်းဆိုတော့ သင့်အကောင့်ပါသွားရင်တောင်သို့မဟုတ်
သင့်အကောင်ကို Hack ဖို့ကြိုးစားတယ်ဆိုရင် ဒီ သုံးယောက်ကို ဖြတ်သွားနိုင်မှ
ရမှာမို့လို့ပါ ။ ဒါကြောင့် ကျတော်တို့က Trusted Contact ကို ထည့်ထားရပါတယ်။
Trusted Contact ကို ၅ ယောက်ထိထည့်လို့ရတယ်ဆိုပေမယ့် တစ်ကယ်အလုပ်လုပ်
တာကတော့ သုံးယောက်ဆီက Code သုံးခုပါပဲ။


ဒါကြောင့် ကျတော်တို့က မိမိရဲ့ အရမ်းရင်းနှီးတဲ့ သူငယ်ချင်း သို့မဟုတ်မိမိရဲ့ တစ်ခြားအကောင့် (ဘယ်သူမှ မသိတဲ့အကောင့်) ကို ထည့်ထားသင့်ပါတယ်။ကဲ… ဒီလောက်ဆို သင့်အကောင့်ကို ဟက်မခံရအောင် ၉၅%လုံခြုံရေး သတ်မှတ်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့် ၁၀၀ % အာမမခံ
တာလည်းဆိုတော့ တစ်ကယ်ကျွမ်းကျင်တဲ့ ဟက်ကာဆိုလား ဘာလားသူတို့ကတော့ အဲ့ဒီ ကျန်တဲ့ ၅ % ကနေ ဟက်ယူကြတာဖြစ်ပါတယ်။အဲ့တာကလည်း လက်ချိုးရည်လို့ရပါတယ်။…. ကဲ အားလုံးအဆင်ပြေ
မယ်ထင်ပါတယ်။လေးစားစွာဖြင့်



Credit To... (ဦးဇာနည်)

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

“သင့်ရဲ့တက်ဘလက်ကိုScanner တစ်ခုအဖြစ်အသုံးပြုခြင်း”

Posted: 13 Jun 2016 04:52 AM PDT




သင့်ရဲ့ဓာတ်ပုံတွေနဲ့စာရွက်စာတမ်းတွေကိုသင့်ရဲ့ခပ်ပြားပြားScanner ကို အသုံးမပြုဘဲတက်ဘလက်ကိုသုံးစွဲကာပိုမိုမြန်ဆန်စွာscan ဖတ်နိုင်တယ် ဆိုတာကိုသိပါသလား၊ဒီဆောင်းပါးမှာတော့သင့်ရဲ့တက်ဘလက်ကိုscanner အဖြစ်အသုံးပြုနိုင်စေဖို့နည်းလမ်းများကိုဖော်ပြပေးမှာဖြစ်ပါတယ်။သင့်ရဲ့ ယုံကြည်စိတ်ချရသောခပ်ပြားပြားscanner အဟောင်းနဲ့အရည်အသွေးမြင့် ပုံတွေကိုscan ဖတ်လို့မရနိုင်ဘူးဆိုရင်သင့်ရဲ့တက်ဘလက်နဲ့scan ဖတ်တာ က မြန်ဆန်မှုနဲ့အဆင်ပြေပြေသုံးစွဲနိုင်ဖို့အတွက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာတော့သင့်device ရဲ့ကင်မရာကိုအသုံးပြုပြီးပုံမှန်scanner ရဲ့ scanဖတ်မှုအချိန်ရဲ့အပိုင်းတစ်ပိုင်းလောက်သာကြာမြင့်နိုင်မယ့်အရည် အသွေးမြင့်ပုံတွေကိုscan ဖတ်နိုင်စေဖို့သုံးစွဲနိုင်သောscanner apps များ ကိုမီးမောင်းထိုးဖော်ပြပေးမှာဖြစ်ပါတယ်။သင့်ရဲ့တက်ဘလက် နဲ့ ဓာတ်ပုံ တွေရိုက်ယူတဲ့အခါသင့်ရဲ့scanner ကဖတ်သလိုမျိုးစာရွက်တွေကို အပြား လိုက်ရရှိစေနိုင်မှာမဟုတ်ပါဘူး။သို့သော်ကျွန်တော်တို့ဒီနေရာမှာဖော်ပြမယ့်apps တွေကခေါက်ရိုးတွန့်တွေ ကိုဖယ်ရှားပေးနိုင်သလိုစာမျက်နှာခေါက် လိုက်တဲ့အခါလိမ်ဖယ်နေတဲ့စာသားများကိုဖြောင့်တန်းစေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်သင့်စာရွက်စာတမ်းတွေရဲ့အစွန်းပတ်ပတ်လည်မှာရှိနေမယ့်ဘောင် တွေကိုဖယ်ရှားပေးမှာ လည်းဖြစ်ပါတယ်။သင့်ရဲ့scanner မှာလိုပဲလုပ်ဆောင် နိုင်မယ့်များစွာသောစာရွက်စာတမ်းတွေကိုအသုတ်လိုက်ဖတ်နိုင်မယ့်batch-scanning စနစ်နဲ့ဓာတ်ပုံနဂ္ဂတစ်တွေကိုဖတ်နိုင်မယ့်စနစ်တွေကိုသင့် တက်ဘလက်ကလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။သင့်တက်ဘလက်နဲ့ scanဖတ်ရာမှာအခြားသောအသုံးတည့်တဲ့အချက်တစ်ခုကသင့်အနေဖြင့် တစ်ပြိုင်နက်တည်းဘယ်လောက်အထိscan ဖတ်မလဲဆိုတာကိုရွေးချယ် နိုင်စေမှာဖြစ်ပါတယ်။အဲဒါကစာရွက်စာတမ်းတစ်ခုတည်းသို့မဟုတ်များစွာ သော စာမျက်နှာတွေ ဖြစ်နေပါစေပေါ့။
<သင့်မှာရှိနှင့်ပြီးသောappsများကိုအသုံးပြုကာscan ဖတ်ခြင်း>
Scanner app တစ်ခုကိုမ၀ယ်မီသင့်တက်ဘလက်မှာရှိနှင့်ပြီးသော apps တွေကscan ဖတ်နိုင်သလားဆိုတာကိုသေချာအောင်စစ်ဆေးသင့်ပါ တယ်။Android အတွက်Google Drive(www.snipca.com/12894) ဆိုတဲ့ app တစ်ခုမှာအောက်ခြေညာဘက်မှာပါရှိတဲ့scan ခလုတ်ကိုတို့ထိပြီး စာရွက်စာတမ်းတစ်ခုသို့မဟုတ်ဓာတ်ပုံတစ်ပုံကိုသင့်ရဲ့တက်ဘလက်နဲ့ရိုက်ယူနိုင်မှာဖြစ်ပါတယ်။ ယင်းကဲ့သို့ရိုက်ယူလိုက်တဲ့အခါသင့်ရဲ့Online Drive account သို့ချက်ချင်းပေါင်းထည့်သွားမှာဖြစ်ပါတယ်။ဒီလုပ်ဆောင်ချက် ကတော့iOS version (www. snipca.com/13027) မှာမပါရှိပါဘူး။
Evernote appကိုလည်းအသုံးပြုနိုင်ပါတယ်။ (iOSနဲ့Android အတွက် https://evernote.com/evernote) မှာရယူနိုင်ပါတယ်။ပထမဦးဆုံး အနေနဲ့ ဘယ်ဘက်ခြမ်းမှာပါရှိတဲ့ကင်မရာကိုတို့ထိပြီးကင်မရာမျက်နှာပြင်ရဲ့အောက်ခြေဘယ်ဘက်ကကင်မရာ သင်္ကေတလေးကိုတို့ထိကာDocument Camera ကိုရွေးချယ်ရမှာဖြစ်ပါတယ်။သင့်ရဲ့စာရွက်စာတမ်းကိုဓာတ်ပုံရိုက်လိုက်တဲ့ အခါEvernoteကအပြစ်အနာအဆာများကိုဖယ်ရှားပြီးသင့်ရဲ့account ထဲ မှာသိမ်းဆည်းပေးသွားကာအွန်လိုင်းမှနေပြီးကြိုက်နှစ်သက်ရာdevices တွေ နဲ့access လုပ်နိုင်မှာပဲဖြစ်ပါတယ်။
<Scan ဖတ်ထားသောdocuments များကိုစာသားများ ပြင်ဆင် တည်းဖြတ်နိုင်အောင်ပြောင်းလဲခြင်း>
Optical Character Recognition(OCR) ဆိုတဲ့feature ဟာScan ဖတ်ထား သောdocuments တွေရဲ့စာသားတွေကိုဖတ်နိုင်ပြီးသင်တည်းဖြတ် ပြင်ဆင် လို့ရနိုင်မယ့်စာသားအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။များစွာသောscanner apps တွေကဒီအံ့အားသင့်ဖွယ်ရာနည်းပညာကိုအသုံးပြုထားကာ အဲဒီ အတွက်အခကြေးငွေပေးပြီးသုံးစွဲနိုင်စေဖို့ရည်ရွယ်ပါတယ်။ဥပမာ တစ်ခု အနေနဲ့CamScannerကAndroid မှာရောiOSမှာရော ရရှိနိုင်ပြီးOCR လုပ်ဆောင်ချက်ကိုပေါင်းထည့်ဖို့Android ရဲ့free ဗားရှင်းမှာCamScanner HD (www.snipca.com/13058)ကိုထည့်သွင်းရမှာဖြစ်ပြီးသင့်အနေဖြင့် လိုင်စင်နဲ့full version ကို(www.snipca.com/13052) မှာ£1.16နဲ့download လုပ်နိုင်မှာ ဖြစ်ပါတယ်။အဲဒါကScan ဖတ်ထားတဲ့စာရွက်စာတမ်းတွေကို ပြင်ဆင်တည်းဖြတ်လို့ရနိုင်တဲ့စာသားများအဖြစ်ပြောင်းလဲပေးနိုင်ပြီးသင် Scan ဖတ်ထားတဲ့စာသားများကိုစာလုံးများ၊စကားစုများရိုက်ထည့်ကာ ရှာဖွေမှုများလည်းလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။iOSဗားရှင်းဖြစ်တဲ့Cam Scanner+(www.snipca.com/13057) ကလတ်တလော£1.49ကျသင့်ပြီး Android မှာပါဝင်တဲ့feature အားလုံးပါဝင်မှာဖြစ်ပါတယ်။Droid Scan Pro PDF (www.snipca.com/12958)ကGoogle Drive နဲ့Evernoteတို့ရဲ့OCR tools တွေကိုပေါင်းထည့်ပေးထားတာဖြစ်ပါတယ်။ဆိုလိုတာကတော့ သင့် အနေဖြင့်စာရွက်စာတမ်းများကိုစာသားများအဖြစ်ပြောင်းလဲလိုက်တဲ့အခါ အဆိုပါစာသားများကိုယင်းapps များမှလည်းတစ်ပြိုင်နက်တည်းဖြတ်ပြင်ဆင် မှုများလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။
<သင့်ရဲ့ဓာတ်ပုံနဂ္ဂတစ်များကိုScan ဖတ်ခြင်း>
ကျွန်တော်တို့တော်တော်များများမှာစုဆောင်းသိမ်းဆည်းထားတဲ့ဓာတ်ပုံ နဂ္ဂတစ်အဟောင်းတွေများစွာရှိပြီးတချို့ကတော့မူလပုံတွေထုတ်ထားတာ မရှိကြပါဘူး။သင့်အနေဖြင့်အဆိုပါဖလင်နဂ္ဂတစ်များကိုဒစ်ဂျစ်တယ်ဓာတ်ပုံ များအဖြစ်ပြောင်းလဲလိုပါကအခမဲ့ရတဲ့Android app ဖြစ်တဲ့Helmut Film Scanner (www.snipca.com/12961) ကိုinstall ပြီးသင့်ရဲ့ဖလင်နဂ္ဂတစ် များကိုတက်ဘလက်ရဲ့ကင်မရာနဲ့ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။Helmut က ဖလင်နဂ္ဂတစ်များကိုဒစ်ဂျစ်တယ်ဓာတ်ပုံများအဖြစ်ပြောင်းလဲနိုင်ပြီးသင့်ရဲ့ တက်ဘလက်ထဲမှာသိမ်းဆည်းထားနိုင်သလိုအွန်လိုင်းမှာလည်းမျှဝေနိုင်မှာ ဖြစ်ပါတယ်။သင့်အနေဖြင့် ဖလင်နဂ္ဂတစ်အဟောင်းများကိုဓာတ်ပုံရိုက်ယူတဲ့ အခါအလင်းရောင်အခြေအနေများကိုချိန်ညှိကာညီညီညာညာနဲ့ဖလင်နဂ္ဂတစ်ကိုဖန်သားမျက်နှာပြင်ပေါ် တင်ရမှာဖြစ်ပါတယ်။ဖလင်ဘေးမှာပါတဲ့အပေါက်ကလေးတွေကိုScan ဖတ်ရှုမှုရဲ့အပြင်ဘက်မှာထားရှိရမှာ ဖြစ်ပါတယ်။
<များစွာသောဓာတ်ပုံများနဲ့စာရွက်စာတမ်းများကိုတစ်ပြိုင်နက်တည်း Scanဖတ်ရှုခြင်း>
အခမဲ့ရရှိတဲ့iOS app တစ်ခုဖြစ်တဲ့Pie Scanner(www. snipca.com/12984) ဟာသင့်အနေဖြင့်တက်ဘလက်အသုံးပြုကာscan ဖတ်ထားတဲ့ဓာတ်ပုံများကို မိမိစိတ်ကြိုက်လုပ်ဆောင်နိုင်စေမယ့်များစွာသောလုပ်ဆောင်ချက်တွေပါဝင်ပါတယ်။သို့သော်လည်း တစ်ပြိုင်နက်တည်းဓာတ်ပုံလေးပုံအထိscan ဖတ်နိုင် မယ့်လုပ်ဆောင်ချက်ကတော့အခပေးဗားရှင်းမှာသာပါဝင်မှာဖြစ်ပြီး£1.99ကျသင့်မှာဖြစ်ပါတယ်။ဓာတ်ပုံများ (သို့မဟုတ်စာရွက်စာတမ်းများ)ကို အဖြူရောင်စာရွက်မျက်နှာပြင်ရဲ့လက်မ၀က်လောက်အကွာအဝေးအတွင်း ထားရှိကာပုံတစ်ပုံကိုရိုက်ယူရမှာဖြစ်ပါတယ်။App အနေဖြင့်အလိုအလျောက် ခွဲခြားသွားကာတစ်ဖြောင့်တည်းဖြစ်အောင်လုပ်ဆောင်ပြီးသင့်အတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မှာပါ။အခြားများစွာသောapps တွေလည်း ရှိနေပြီးသင့်အနေဖြင့်များစွာသောစာမျက်နှာတွေကိုတစ်ဖိုင်တည်းသို့မဟုတ်PDF တစ်ခုတည်း ဖြစ်အောင်batch-scan စနစ်နဲ့လွယ်ကူစွာလုပ်ဆောင်ပေး နိုင်မှာဖြစ်ပါတယ်။CamScanner HD (CamScanner+ for iOS) က ဖိုင်တစ် ဖိုင်တည်းမှာပါရှိစေချင်တဲ့များစွာသောစာရွက်စာတမ်းတွေကိုအသုတ်လိုက်လွယ်လင့်တကူscan ဖတ်နိုင်စေမှာဖြစ်ပါတယ်။Cam Scanner မှာပါရှိတဲ့ ကင်မရာရဲ့ညာဘက်ကခလုတ်ကိုတို့ထိပြီးစာမျက်နှာများအားလုံးကိုဓာတ်ပုံ ရိုက်ယူကာ (Free ဗားရှင်းကတော့၃မျက်နှာအထိပဲခွင့်ပြုပါတယ်) save ရမှာဖြစ်ပါတယ်။
iOSအတွက်TinyScan(www.snipca.com/13063) က£2.99 ကျသင့်မှာ ဖြစ်ပြီး သင့်အနေဖြင့်စာရွက်စာတမ်းများကိုအသုတ်လိုက်scan ဖတ်နိုင်ကာ ဘောနပ်စ်အနေနဲ့အဆိုပါဖိုင်များကိုသင့်ရဲ့Wi-Fi network မှနေပြီးအခြား သောdevices များကိုပို့လွှတ်နိုင်စေမှာဖြစ်ပါတယ်။
<သင့်ရဲ့တက်ဘလက်မှနေပြီးScan ဖတ်ထားသောပုံများကိုprint ထုတ်ခြင်း>
အကယ်၍သင့်မှာcloud printer တစ်ခုရှိတယ်ဆိုလျှင်များစွာသောscanner apps တွေမှာပါရှိတဲ့cloud-printing tools ကိုအသုံးပြုကာprint ထုတ်နိုင် မှာဖြစ်ပါတယ်။အဆိုပါapps တွေကတော့CamScanner, TinyScan,Genius Scan နဲ့Droid Scan Pro PDF တို့ပါဝင်မှာဖြစ်ပါတယ်။အကယ်၍ သင့်မှာ သမားရိုးကျWi-Fi ပရင်တာတစ်လုံးရှိတယ်ဆိုလျှင်အဲဒီအစားသင့်ရဲ့ တက်ဘလက်နဲ့ ချိတ်ဆက်နိုင်စေမယ့်app ကိုသုံးစွဲသင့်ပါတယ်။ iOSသုံးစွဲသူ များအဖို့'Print n Share' (www.snipca.com/12999, £2.99)ကိုပထမဆုံး သုံးစွဲကြည့်သင့်ကာအဆိုပါapps ကသင့်ရဲ့တက်ဘလက်နဲ့Wi-Fi printer ကိုကြိုးမဲ့ချိတ်ဆက်ပြီးသော်လည်းကောင်း၊သင့်ရဲ့network ပေါ်မှာရှိတဲ့ ကွန်ပျူတာတစ်လုံးနဲ့ချိတ်ဆက်ထားတဲ့USB ပရင်တာနဲ့သော် လည်းကောင်း print ထုတ်နိုင်စေမှာဖြစ်ပါတယ်။ဒီapp ရဲ့ကောင်းမွန်တဲ့အချက်တစ်ခုက သင့်အနေဖြင့်များစွာသောdevices တွေကနေprint ထုတ်နိုင်စေမှာပဲဖြစ်ပါ တယ်။PrinterShare(www.snipca.com/13053) ကAndroid မှာရနိုင်တဲ့ အလားတူapp ဖြစ်ပြီးအဆိုပါapp မှunlimited printing လုပ်ချင်တယ်ဆို လျှင်£7.45 ကျသင့်မှာဖြစ်ပါတယ်။

အကယ်၍သင့်အနေဖြင့်သတ်မှတ်ထားသောပရင်တာအမှတ်တံဆိပ်များရဲ့ အကန့်အသတ်နဲ့သာရနိုင်မယ့်app တစ်ခုအတွက်ငွေကြေးအကုန်အကျ ခံချင်မှာမဟုတ်ပါဘူး။များစွာသောပရင်တာထုတ်လုပ်သူတွေကသူတို့ရဲ့ ကိုယ်ပိုင်iOSနဲ့Android apps တွေကိုထုတ်လွှင့်ပေးပြီးအဆိုပါapps တွေက သင့်ရဲ့တက်ဘလက်နဲ့ပရင်တာကိုWi-Fi သို့မဟုတ်Wi-Fi Direct
(မကြာသေးမီကထွက်ရှိခဲ့တဲ့နည်းပညာအသစ်တစ်ခုဖြစ်ပြီးdevices များ ကြိုးမဲ့ချိတ်ဆက်ဖို့router တစ်လုံးလိုအပ်ချက်ကိုဖယ်ရှားပေးတဲ့နည်းပညာ)နဲ့ချိတ်ဆက်နိုင်စေမှာဖြစ်ပါတယ်။Apps များဖြစ်တဲ့Brother iPrint&Scan, Cannon Mobile Printing, Epson iPrint, HP ePrintနဲ့Lexmark Mobile Printing တွေကအရည်အသွေးနဲ့ပတ်သက်ပြီးကွဲပြားခြားနားမှုတွေရှိနေ ပါတယ်။သို့သော်အကယ်၍သင့်မှာအဆိုပါပရင်တာတစ်လုံးလုံးပိုင်ဆိုင်ထား တယ်ဆိုလျှင်သင်scan ဖတ်ရှုထားမှုတွေကိုprint ထုတ်နိုင်စေမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်း (BE-IT)
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

Joomla Website ရေးနည်း By CHAN LAY (MCM)

Posted: 13 Jun 2016 05:08 AM PDT


Image result for Joomla Logo




အခုတင်ပေးမှာကတော့ ကိုယ်ပိုင် Website တစ်ခုကိုလွယ်ကူစွာနဲ့ ရေးနိုင်အောင်လို့ ကိုမိုးမြင့်ရှိန် ရေးထားတဲ့ Joomla website ရေးနည်း Ebook လေးပါ..။ အောက်မှာ Download လုပ်လိုက်ကြပါဦးနော်..



Password ကတော့ "MCMM" ပါ
( : DOWNLOAD : )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

iPhone Smart Guide စာအုပ်နဲ့ Easy iDevice Guide စာအုပ် By CHAN LAY (MCMM)

Posted: 13 Jun 2016 03:50 AM PDT




ကို မိုးသကြား ရေးသားထားတဲ့ iPhone Smart Guide စာအုပ်နဲ့  Easy iDevice Guide စာအုပ် နှစ်အုပ် ပြန်လည်မျှဝေပေးလိုက်ပါတယ် အိုင်ဖုန်းသုံးတဲ့ သူငယ်ချင်းတွေအတွက် အထောက်ပံ ဖြစ်စေမယ့် စာအုပ်လေးပါဗျာ အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

iPhone Smart Guide

 

( DOWNLOAD )


Easy iDevice Guide


( DOWNLOAD )

OR

( DOWNLOAD )


CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

HTC 10 ဖုန်းကို TWRP Custom Recovery သွင်းပြီး Root လုပ်နည်း By CHAN LAY (MCMM)

Posted: 13 Jun 2016 01:57 AM PDT




HTC 10 ဖုန်းကို TWRP Custom Recovery သွင်းပြီး
Root လုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ထပမဆုံး Bootloader Unlock
ပြုလုပ်မှာဖြစ်ပါတယ်၊ ပြီးတော့ Custom Recovery ကိုထည့်သွင်းပြီး
Supersu ဖြင့် Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။



လိုအပ်ချက်များ

========
၁။ Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမည်။

၂။ TWRP Custom Recovery

၃။ Modified SuperSU zip File

၎။ Minimal ADB and Fastboot


ကြိုတင်ပြင်ဆင်ရမယ့်အချက်များ

===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ

အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ

ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
 Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။




HTC 10 ဖုန်းအပါအ၀င် အခြားသော HTC ဖုန်းအားလုံးကို
Bootloader Unlock ပြုလုပ်နည်းကို Video Tutorial မှာလေ့လာပါ


How To Unlock The HTC 10 Bootloader or Any HTC Device
=====================================


လိုအပ်တာများကိုအရင်ရယူလိုက်ပါ

Download Here ADB and Fastboot Driver

Download Here ADB & Fastboot Zip

ADB and Fastboot ကို ၁၅ စက္ကန့်ဖြင့် Install ပြုလုပ်နည်း

TWRP Custom Recovery For HTC 10



How to install TWRP Recovery?

=====================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ

၂။ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး TWRP file ကို
"twrp.img" ဆိုပြီး နာမည်ပြောင်းပါ၊ ပြီးရင် ADB & Fastboot Folder မှာ
ထည့်ထားလိုက်ပါ။

၃။ ဖြစ်နိုင်ရင် ADB & Fastboot Folder ကို
 C:/Program Files/Minimal ADB and Fastboot ဆိုပြီးထားပါ။


၎။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ။


၅။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
"open a new command window here" ဆိုတာကိုနှိပ်လိုက်ပါ။


adb reboot download

၆။ အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။


fastboot flash recovery twrp.img

၇။ အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။


"fastboot flash recovery twrp-3.0-recovery.img"


၈။ Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ထည့်သွင်းပြီး သွားတဲ့အခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပြီးပေးပြီး Enter ကိုခေါက်ပါ။


fastboot reboot-bootloader


၉။ ဖုန်းမှာ Recovery mode သို့ရောက်သွားပါလိမ့်မယ်

၁၀။ Encryption password တောင်းလာတဲ့အခါ Cancel လုပ်ပါ။

၁၁။ Custom Recovery Mode တွင် အရေးကြီးတဲ့ partitions များကို
Full Backup ပြုလုပ်ထားလိုက်ပါ။

၁၂။ Backup ပြုလုပ်ပြီးတဲ့အခါ ဖုန်းကို Reboot မချလိုက်ပါနဲ့ဦး

၁၃။ Reboot >>Recovery သို့ပြန်လာခဲ့လိုက်ပါ။

၁၄။ Encryption password နောက်တစ်ကြိမ်ဆောင်းဆိုလာပါလိမ့်မယ်
Concel ပြုလုပ်ပေးလိုက်ပါ။ (သဘောတရားက System ပိုင်းကို Modify ပြုလုပ်ရန်အတွက်)


၁၄။ Advanced > ADB Sideload > Swipe to start ADB sideload ပြုလုပ်ပါ။

၁၅။ ဒီတစ်ခါ ဖုန်းနဲ့ကွန်ပျူတာ ချိန်ထားမှုကို သေချာအောင်ပြုလုပ်ပါ
Minimal ADB and Fastboot ကိုပြန်ဖွင့်လိုက်ပါပြီး အောက်ပါ
Commnad ကိုမှန်အောင်ရိုက်ထည့်ပေးလိုက်ပါ Enter ကိုခေါက်လိုက်ပြီး
Process တစ်ခုပြီးအောင်စောင့်နေလိုကပါ။


adb sideload <SuperSU-File Path>


၁၆။ အားလုံးပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ။


အဆင်ပြေပါစေ...။



ဇူးနစ်(နည်းပညာ) မှကူးယူဖော်ပြအပ်ပါသည်။


CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

ဖုန်းထဲမှာ ချက်ထိုးမယ် 1mb

Posted: 13 Jun 2016 12:01 AM PDT

All-in-one checkers

Download All-in-one checkers Android free game.
Download apk
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



0 comments:

Post a Comment