Related Posts Plugin for WordPress, Blogger...

June 15, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


iOS 10 မှာ ဖုန်းထဲက built-in ပါပြီးသားဖြစ်တဲ့ Apple apps တွေကို uninstall လုပ်နိုင်ပြီ...။

Posted: 14 Jun 2016 12:08 PM PDT





Apple ဟာ မနေ့က ဆန်ဖရန်စစ္စကိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ WWDC 2016 ပွဲမှာ iOS 10 ကို စတင်မိတ်ဆက် ပြသသွားခဲ့ပါတယ်။

iOS 10 မှာ user တွေ အကြိုက်တွေ့မယ့် feature အသစ်တွေ အများအပြားပါဝင်ပြီး၊ အမိုက်ဆုံး feature တစ်ခုကတော့ ဖုန်းထဲမှာပါပြီးသားဖြစ်တဲ့ Apple ရဲ့ apps တွေ (Maps, Calculator, Music, Videos စသဖြင့် apps တွေကို) ကိုယ်မကြိုက်ပါက uninstall လုပ်နိုင်တော့မှာဖြစ်ပြီး၊ တကယ်လို့ ပြန်သုံးချင်တယ်ဆိုရင်လည်း App Store ကနေ အလွယ်တကူ ဒေါင်းလုဒ်ပြန်ဆွဲကာ သုံးနိုင်မှာဖြစ်ပါတယ်။
Apple ရဲ့ App Store မှာ အဓိက iOS apps အကုန်လုံးပါဝင်လာပြီး၊ App ရဲ့ လုပ်ဆောင်မှုအသေးစိတ်အချက်အလက်တွေကို iPhone screenshot နဲ့အတူ ရှင်းရှင်းလင်းလင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ထူးဆန်းဖို့ကောင်းတာက၊ Apple ရဲ့ CEO Tim Cook ကော ၊ ဆော့ဖ်ဝဲဌာနအကြီးအကဲ Craig Federgihi ကော ဒီအချက်ကို စင်ပေါ်မှာထုတ်ဖော်ပြောကြားသွားခြင်းမရှိဘဲ၊ iOS 10 မှာ အသစ်ပါဝင်လာတဲ့ feature တွေကိုဖော်ပြထားတဲ့ presentation ပုံမှာတောင် ဒီအချက်ကို မဖော်ပြထားတာတွေ့ရပါတယ်။

apple-wwdc-20160613-2674.0



ဒါပေမယ့် ယနေ့ထွက်ရှိလာတဲ့ iOS 10 developer beta ကို ဒေါင်းလုဒ်ဆွဲပြီးသုံးနေတဲ့လူတိုင်း ဒီအချက်ကို အတည်ပြုပြောကြားပေးခဲ့ပြီး၊ တစ်ချို့ built-in apps တွေဖြစ်တဲ့ Messages တို့၊ Photos ၊ Camera တို့ကိုတော့ uninstall လုပ်နိုင်မှာမဟုတ်ပါဘူး။

Capture

Apple အနေနဲ့ အခုလို ဖုန်းထဲတပါတည်းပါတဲ့ apps တွေကို uninstall လုပ်တဲ့အခါ တွေ့လာနိုင်တဲ့ ပြဿနာလေးတွေကို ကူညီဖြေရှင်းပေးဖို့ help page တစ်ခုကိုလည်း လွှင့်ထားပြီဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ Weather app ကို uninstall လုပ်လိုက်ရင်၊ Notification Center မှာ weather အကြောင်း ဖော်ပြတော့မှာ မဟုတ်တဲ့အပြင်၊ သင့်ရဲ့ Apple Watch မှာလည်း weather ကို ဖော်ပြတော့မှာ မဟုတ်ပါဘူး။

Credit to ==> Digital Times

စစ်ကိုင်းတွင် အဖက်ဒရင်း သိန်း ၃ ထောင်ကျော်ဖိုး ဖမ်းဆီးရမိ

Posted: 14 Jun 2016 12:01 PM PDT







စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာ ဒီကနေ့ မနက် ကားတစီးပေါ်မှာ ၀ှက်ပြီး သယ်ဆောင် လာတဲ့ အဖက်ဒရင်းဆေးမှုန့် ၁၄ ထုတ် ဖမ်းဆီး ရမိတယ်လို့ စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

အစိုးရသစ်ရက်တရာစီမံချက်အရ ဒီကနေ့အလှည့်ကျ ညောင်ပင်ဝန်းစခန်းမှူး ရဲအုပ်မြတ်ခိုင်ဦးနဲ့ ပူးပေါင်းအဖွဲ့က ကန်တလူတိုးဂိတ်အနီးမှာ မန်းတလေးကိုလာတဲ့ ခဲရောင် မတ်တူး ယာဉ်နံပါတ် MDY 6 C 9604 ကို ၈ နာရီ ၅ မိနစ်က ရပ်တန့်ရှာဖွေရာမှာ ကားနောက်ခန်းကနေ တွေ့ရှိတာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ပိုင်စိုးအောင်က ပြောပြပါတယ်။

အိန္ဒိယနယ်စပ်မြို့ တမူးဘက်ကနေလာတဲ့ဒီကားဟာ မုံရွာရောက်ပြီး၊ မုံရွာကနေ မန်းတလေးကို အသွားလမ်းမှာဖမ်းမိခဲ့တာဖြစ်ကြောင်းနဲ့ ယာဉ်မောင်းစိုးဦးနဲ့အတူ လိုက်ပါလာတဲ့ ထက်နေဇင် ခေါ် လုံးလုံးတို့ကို စစ်ဆေးနေကြောင်း သူက ပြောပါတယ်။

ဒုရဲအုပ် ပိုင်စိုးအောင်က "အဲဒီသူတို့ကား နောက်က ဘောက်ထဲမှာ တင်လာတာက သရက်သီးနဲ့ ပိန္နဲသီးတွေအုပ်ပြီးတော့ပေါ့နော် တီစူပါအိတ်နှစ်လုံး၊ အိတ်ထဲကို ဖောက်ပြီးတော့ ရှာလိုက်တော့ အက်ဖက်ဒရင်းအထုတ် ၁၄ ထုတ်ပေါ့။ တအိတ်ကို ပီနန်အိတ်တအိတ်ကို ၇ ထုတ်စီပေါ့နော်။ ကျနော်တို့ကတော့ opinion express က ပြန်ကြားခြင်းမရမချင်းကတော့ မူးယစ်ဆေးဝါးဟု ယူဆရသော ဆိုတဲ့စကားလုံးပဲ သုံးလို့ရတယ်ခင်ဗျ။ မူးယစ်ဆေးဝါးလို့ တန်းပြီးသုံးလို့ မရသေးဘူး။ မူးယစ်ဆေးဝါးဖြစ်တယ်ဆိုတာ မှန်ကန်တယ်ဆိုမှာ အဲဒါနဲ့ အရေးယူရမှာ" လို့ ပြောပါတယ်။

"အလေးချိန်က ၆၁ ဒသမ ၅ ကီလိုဂရမ်၊ ကာလတန်ဖိုးငွေကတော့ ၃၀၇၅ သိန်း" ဖမ်းဆီးပြီးနောက် အဆိုပါ လူငယ်နှစ်ဦးကို မြို့မရဲစခန်းမှာခေါ်ဆောင်စစ်ဆေးနေပြီး စစ်ကိုင်းမြို့မ ရဲစခန်းရဲ့ ပ နံပါတ် ၁/၂၀၁၆ နဲ့တရားစွဲတင်သွားမှာဖြစ်ကြောင်းနဲ့ ဆီးစစ်ခြင်း၊ မူးယစ်ဆေးဝါး ဟုတ်မဟုတ် စီအိုင်ဒီကို ပို့ဆောင်ပြီး ပြန်ကြားချက်ခံယူခြင်းစတဲ့ ရဲလုပ်ငန်းတွေ လုပ်ဆောင်နေ ပါတယ်။

ရက်တရာစီမံချက်မှာ စစ်ကိုင်းရဲတပ်ဖွဲ့က မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ နိုင်ငံရေးအကျဉ်းသားနဲ့ပတ်သက်လို့ တရားစွဲတင်ထားဆဲ၊ တရားစွဲတင်ထားသူများ ထောင်တွင်း အကျဉ်းကျခံတာတွေနဲ့ပတ်သက်လို့ လွတ်မြောက်ရေးတို့ကို ဆောင်ရွက်နေတယ်လို့ ဒုရဲအုပ်က ပြောပါတယ်။


Originally published at - http://burmese.dvb.no/archives/154709


CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

ရန်ကုန်တိုင်းအတွင်းရှိ ဈေးများကို အဆင့်မြှင့်ရန် တိုင်းလွှတ်တော် အတည်ပြု...

Posted: 14 Jun 2016 12:00 PM PDT





လွှတ်တော်က အတည်ပြု ပေးခဲ့တဲ့ ရန်ကုန်တိုင်း အတွင်း ဈေးတွေကို ဈေးအင်္ဂါရပ်နဲ့ အညီ အဆင့်မြှင့် တင်ဖို့ ကိစ္စကို အမြန်ဆုံး အကောင် အထည်ဖော်ဖို့ မျှော်လင့်နေ ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဈေးအင်္ဂါရပ်နဲ့မညီတဲ့ ဈေးတွေကို ရန်ကုန်မြို့တော်စည်ပင် ဈေးများဌာန စီမံခန့်ခွဲမှုအောက်မှာထားပြီး အဆင့်မြှင့်တင်ဖို့ ကိစ္စကို ရန်ကုန်တိုင်း လွှတ်တော်က ဇွန်လ ၂ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်မှာ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို အတည်ပြုပေးခဲ့တဲ့ကိစ္စကို အမြန် အကောင်အထည်ဖော်ဖို့လည်း ပျံကျဈေးသည်တွေက လိုလားနေပါတယ်။

"နိုင်ငံတော်ကနေပြီးတော့ ကျနော်တို့ ဈေးသူဈေးသားတွေကို ဈေးတဈေးလောက် အဆင်ပြေအောင် လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။ အဲဒီအခါကျရင် ကျနော်တို့ ဈေးသည်တွေ အနေနဲ့လည်း စည်းကမ်းတကျနဲ့ ဈေးရောင်းကြရမယ်။ အသားငါးဆိုရင်လည်း လတ်လတ်ဆတ်ဆတ်နဲ့ ရောင်းချလို့ရတာပေါ့။ အခုကတော့ တိုးတိုးခွေ့ခွေ့နဲ့ ရောင်းချနေရတာကိုး။ အဲဒီအခါမျိုးကျတော့ ကျနော်တို့အနေနဲ့ကလည်း အားနည်းချက် နည်းနည်းရှိတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ သန့်ရှင်းရေးပိုင်း ဘာညာကအစ၊ တကယ်လို့ စည်ပင်သာယာဈေးကြီးလို သူ့ဈေးနဲ့သူ လုပ်ထားပေးမယ်ဆိုရင်၊ ဈေးဆိုင်ခန်းနဲ့ ဘာနဲ့ဆိုရင် ကျနော်တို့ အဆင်ပြေတာပေါ့" လို့ ဈေးသည်တဦးဖြစ်တဲ့ ဦးမြင့်ကျော်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ဈေးတွေကို ဈေးအင်္ဂါရပ်နဲ့အညီ ပြန်လည်ပြုပြင်တဲ့ကိစ္စက စနစ်တကျနဲ့ သေချာ အကောင်အထည်ဖော်ရမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်ကလည်း ပြောပါတယ်။

"ဒါတွေက ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော်လေးကို ရန်ကုန်တိုင်းမှာ အရေးကြီးတဲ့ကိစ္စ တရပ်ထဲမှာပါတယ်။ လမ်းဘေးမှာ ဈေးရောင်းနေကြတဲ့ကိစ္စ၊ ဈေးထဲမှာကို မရောင်းကြတော့ဘူး။ နောက်တခါ ဈေးတွေရဲ့ ပျက်စီးယိုယွင်းမှုကိစ္စ၊ နောက်တခါ ဈေးတွေက ရရှိတဲ့အခွန်အကောက်နဲ့ နိုင်ငံတော်ရဲ့ ၀င်ငွေတွေကလည်း တော်တော်လေးကို ပြန်လည်သုံးသပ်ရမယ့် အခြေအနေ ဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲတဲ့ စီမံခန့်ခွဲမှု စနစ်အနေနဲ့ ဆောင်ရွက်ရမယ့် သဘောတရားတွေ ရှိပါတယ်။ ဒါကို ကျနော်တို့က ဒီအဆိုနဲ့ ရန်ကုန်တိုင်းအစိုးရကို ပွင့်ပွင့်လင်းလင်းပြောရရင် လုပ်ခိုင်းတာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဈေးတွေကို အဆင့်မြှင့်တင်မှုတွေ လုပ်တဲ့အခါမှာ ဈေးသည်တွေရဲ့ သဘောထားတွေ၊ အကြံပြုချက်တွေကို နားထောင်ဖို့ လိုအပ်တယ်လို့ ဈေးသည်တဦးဖြစ်တဲ့ ကိုဇော်က ပြောပါတယ်။

"အားလုံးကတော့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းကို ခုံတွေနဲ့ ရောင်းရတယ်ဆိုတော့ သန့်သန့်ပြန့်ပြန့်တော့ ရှိတာပေါ့နော်။ အလယ်မှာချရောင်းတာထက် စာရင်တော့ ပိုပြီး သန့်သန့်ပြန့်ပြန့် ရှိတာပေါ့။ ဒါကြောင့်မို့လည်း အကုန်လုံးကတော့ သန့်သန့်ပြန့်ပြန့် ဆိုင်တွေနဲ့၊ အောက်မှာချရောင်းတဲ့ဆိုင်တွေနဲ့ ယှဉ်ပြီးတော့ ၀ယ်တဲ့နေရာမှာလည်း ကွာတာပေါ့။ ဖြစ်တော့ဖြစ်စေချင်တာပေါ့။ လောလောဆယ်ကတော့ မပြောပြတတ်သေးဘူးလေ။ ကျနော်တို့ ဈေးသူဈေးသားတွေ စုပြီးတော့ တိုင်ပင်မှ ထွက်လာမှာ။ ဒီထက်မကကောင်းအောင် ဘယ်လိုလုပ်ကြမလဲ။ ဒါကတော့ ဈေးသူဈေးသားတွေ စုဝေးမှရမယ်။"

ရန်ကုန်တိုင်းအတွင်း ဈေးအင်္ဂါရပ်နဲ့မညီတဲ့ ဈေးတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရဲ့ စီမံခန့်ခွဲမှုအောက်မှာထားပြီး အဆင့်မြှင့်ဖို့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ထောက်ခံပြီးနောက် ရန်ကုန်တိုင်းလွှတ်တော်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။


Originally published at - http://burmese.dvb.no/archives/154726




CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

T-Mobile LG G5 ဖုန်းကို bootloader unlock ပြုလုပ်နည်း... By CHAN LAY (MCMM)

Posted: 14 Jun 2016 11:41 AM PDT




T-Mobile LG G5 ဖုန်းကို bootloader unlock ပြုလုပ်နည်းကို
ဖုန်းကလစ်သူများနဲ့ ဆိုင်သမားများအတွက် တင်ပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်ချင်တယ်ဆိုရင်တော Step 2 ကျော်ဖြတ်ပေး
ရမှာပဲဖြစ်ပါတယ်၊ ပထမဆုံး Bootloader, ဒုတိယ Custom recovery
ထည့်သွင်းပေးရပါမယ်၊ ပြီးတော့မှ Root ဖောက်ယူရမှာပဲဖြစ်ပါတယ်။


ယခုပိုစ့်တွင် Bootloader Unlock ပြုလုပ်နည်းကို ပြပေးသွားမှာပါ
ဇူးနစ်(နည်းပညာ) ကိုအားပေးနေကြတဲ့ ညီအကိုများအတွက် Update New များကို
လက်လှမ်းမှီသလောက် အချိန်နဲ့ တစ်ပြေးညီ တင်ပေးနေခြင်းဖြစ်ပါတယ်။


လိုအပ်အချက်များ

==========
၁။ ADB Drivers

၂။ Fastboot archive

၃။ ဖေါ်ပြနည်းလမ်းသည် T-Mobile variant of the LG G5 ဖုန်းအတွက်
သီးသန့််ဖြစ်ပါတယ်၊ တစ်ခြားသော Deivces များအတွက် မဟုတ်ပါ။


ကြိုတင်ပြင်ဆင်ရမယ့်အချက်များ

===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ

အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ

ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
 Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။



Download the ADB Drivers


Download the Fastboot archive


bootloader unlock ပြုလုပ်နည်း

==================
၁။ ကွန်ပျူတာတွင် ADB Driver ကိုအရင် Install ပြုလုပ်ပါ

၂။ Fastboot archive ဖိုင်ကိုဒေါင်းလော့ရယူပြီး zip ဖြည်လိုက်ပါ

၃။ Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
"open a new command window here" ဆိုတာကိုနှိပ်လိုက်ပါ။


"adb reboot bootloader"


၎။ Bootloader mode သို့ရောက်သွားသောအခါ
အောက်ပါစာကြောင်းကိုရိုက်ထည့်ပေးပြီး Enter ကိုခေါက်ပါ


"fastboot oem unlock"


၅။ Unlocking process ပြုလုပ်နေတုန်း ပြီးအောင်စောင့်ပေးလိုက်ပါ
အားလုံးပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ
သင်ဖုန်း T-Mobile LG G5 မှာ Bootloader Unlock ဖြစ်သွားပါလိမ့်မယ်။



ဇူးနစ်(နည်းပညာ) မှကူးယူဖော်ပြအပ်ပါသည်။


CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

" အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ "

Posted: 14 Jun 2016 11:25 AM PDT







မေး - အစ်ကိုရေ ကျွန်တော့် Samsung Tab A ဖုန်းလေး Touch ကွဲသွားလို့။ အသစ်လဲထားတာ မကြာသေးဘူး။ အခု Touchက ကြောင်နေတယ်။
Pin နဲ့ ဆွဲရင်တော့အကောင်း။ အဲ့ဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲခင်ဗျာ။

 ဖြေ - ဟုတ်ကဲ့။ ဒီလို Error မျိုးက Touch နဲ့ LCD တွဲရက်ဖုန်းတွေမှာ အဖြစ်များပါတယ်။ အပေါ်က Glass နဲ့ အောက်က Touch အချိတ်အဆက် မမိလို့ဖြစ်တာပါ။ ဖိပြီးသုံးကြည့်ရင်တော့ရမှာပါ။ အဆင်မပြေဘူးဆိုရင်တော့ Today Mobile Service Center ပို့လိုက်ပါခင်ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းမှာ System Update တောင်းနေလို့။
System Update ပေးလိုက်ပါတယ်။ ၂ နာရီလောက်ကြာတော့ ဖုန်းက Restart ကျပြီး Logo မှာပဲရပ်နေတယ်။ ပါဝါပြန်တက်မလာတော့ပါဘူး။ ဘာဖြစ်သွားတယ်ဆိုတာလေး ပြောပြပါ။

 ဖြေ - ဟုတ်ကဲ့။ ဒါကတော့ အစ်ကိုကိုင်တဲ့ဖုန်းကနေ သက်ဆိုင်ရာ
System Setting တွေအတွက် Update ပေးတာပဲဖြစ်ပါတယ်။
ဥပမာ Version မြင့်တာတို့ တခြား Function တွေ အရင်ကထက်
အသုံးပြုရတာ အဆင်ပြေအောင်ပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ အစ်ကို့ရဲ့ဖုန်းကို Update လုပ်ဖို့အတွက် Internet Connection ကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။ ဒါဆို Update လုပ်လို့ရပါတယ်။ ဒီလိုလုပ်ဖို့အတွက်
အစ်ကို့ရဲ့ဖုန်းမှာ Root မဖောက်ထားဖို့ လိုအပ်ပါတယ်။ အဓိက Update ပေးချိန်မှာ Logo ရပ်ရခြင်းက ဖုန်းမှာ Root ဖောက်ထားလို့ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကြုံပြီဆို သက်ဆိုင်ရာ Phone Model အတွက် သက်ဆိုင်ရာ Firmware ကိုပြန်ပြီး Flashing လုပ်ပေးဖို့လိုအပ်ပါတယ်။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei ဖုန်းပါ။ မိုးနည်းနည်းလေးပဲမိတာ နားကြပ်ပုံပေါ်လာလို့ ဘယ်လိုလုပ်ရမလဲဗျာ။

 ဖြေ - ဖုန်းကို မိုးမိတာပဲဖြစ်ဖြစ်၊ ရေ၀င်တာပဲဖြစ်ဖြစ် အရင်ဆုံးလုပ်သင့်တာက ဖုန်းကို ပါဝါပိတ်ပါ။ ဒီလိုမှမဟုတ်ရင် အဲ့လို Error တွေ တတ်တတ်ပါတယ်။ အရင်ဆုံးဖုန်းကို Factory Data Reset ချကြည့်ပါ။ ဒါမှမဟုတ် Restart ချကြည့်တာမျိုးလုပ်ကြည့်ပါ။ ဒါမှမရဘူးဆိုရင် ဖုန်းကိုဖြုတ်ပြီး Cleaning လုပ်ကြည့်ပါ။ မရရင်တော့ ဆိုင်ကိုသွားရမှာပါ။ အများဆုံးဖြစ်တတ်တာကတော့ နားကြပ်ပေါက်နားမှာပါတဲ့ Resistor လေးတွေကြောင့်ဖြစ်တတ်ပါတယ်။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက iPhone 4G ပါ။ Charger အားသွင်းရင် လည်းဝင်တယ်။ Charger အားပြည့်ခါနီးဆို အားဝင်လိုက်၊ မ၀င်လိုက်ဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။

 ဖြေ - ဟုတ်ကဲ့။ ဒီလို Error မျိုးက အားကိုအကုန်သုံးမိတဲ့အခါမှာ လည်းဖြစ်တတ်ပါတယ်ဗျာ။ ဖုန်းသုံးတဲ့အခါမှာ ဘက်ထရီကို 30% ထိပဲသုံးပါဗျာ။ အားကုန်တဲ့ထိသုံးမယ်ဆို ဒီလို Error မျိုးလေးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို Error မျိုးဖြစ်နေတဲ့ ကျွန်တော့်ဖုန်းကို ဘက်ထရီအသစ်လေးဖြုတ်လဲပေးလိုက်တာ အဆင်ပြေသွားပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက အားသွင်းရင်တော့ အားဝင်တယ်။ ကွန်ပျူတာနဲ့ Music, Video တွေထည့်ရင် Data မသိဘူးဖြစ်နေတယ်။ ဘယ်လိုလုပ်ရင်ရမလဲဗျ။

ဖြေ - ဟုတ်ကဲ့။ အရင်ဆုံး USB ခေါင်းရဲ့ပင်တွေကိုကြည့် လွှတ်ကျတဲ့အခါမျိုး တွေမှာ အောက်ခြေပင်တွေဟသွားတတ်ပါတယ်။ Data လမ်းကြောင်းအတွက် သွားတဲ့ပင်တွေ ဟသွားရင်လဲ မရပါဘူး။ ရေ၀င်တဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။ အရင်ဆုံး USB ခေါင်းလဲ ကြည့်ရမှာပါ။ USB ခေါင်းလဲလို့မှ မရရင်တော့ အခြား Data သွားတဲ့ လမ်းကြောင်းလိုက်ရမှာပါ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Screen ကို Off ထားပေမယ့် မကြာခဏ Auto ပြန်ပြန်ပွင့်နေပါတယ်။ အရင်က ဒါမျိုးမဖြစ်ဘူးပါဘူး။ အဲ့တာ Error ကြောင့်ဖြစ်တာဆိုရင် ဖြေရှင်းလို့ရမယ့်နည်းလေးပြောပြပေးပါ။

 ဖြေ - ဟုတ်ကဲ့ပါ။ ဒီ Error မျိုးဖြစ်တတ်တာက Phone System ရဲ့ Factory Error ကြောင့်ဖြစ်နိုင်သလို မိမိထည့်သွင်းလိုက်တဲ့ Application တွေရဲ့ Error ကြောင့်လဲဖြစ်နိုင်ပါတယ်။ Application တွေရဲ့ Error ဆိုတာကတော့ မိမိထည့်သွင်းလိုက်တဲ့ Application ရဲ့ API Level နှင့် ဖုန်းရဲ့ API Level မကိုက်ညီတာကြောင့် ဖြစ်နိုင်သလို Application က Full Version မဟုတ်ဘဲ Update ခဏခဏတောင်းတဲ့ Application မျိုးဖြစ်နိုင်ပါတယ်။ ထို Application မျိုးတွေဆို Update ပေးလိုက်ရင် အဆင်ပြေပါတယ်။ API (Application Programming Interface) မကိုက်တဲ့ Application တွေဆိုရင်တော့ Uninstall လုပ်ပြီး Clear Data လုပ်လိုက်ပါ။ System Factory Error ကြောင့်ဖြစ်တယ်ဆိုရင်တော့ Wipe Data Factory Reset ချလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

Ais 810 S103 Flash Tool Firmware root ပြီးသား... By CHAN LAY (MCMM)

Posted: 14 Jun 2016 11:18 AM PDT




Ais 810 S103 ကိုင်ဆောင်ထားကြတဲ့ ဘော်ဒါများအတွက်
 Root ပြီးသား Flash Tool Firmware ကိုမျှဝေလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်ထားပြီးသားတဲ့ ဖြစ်တဲ့အတွက်
  မြန်မာစာအတွက် မိမိကြိုက်နှစ်သက်ရာ ကီးဘုတ်နဲ့ ဖောင့်ကို
ထည့်သွင်းပေးလိုက်ရုံဖြင့် အသင့်သုံးလို့ ရနေပါပြီခင်ဗျား

Full Backup Firmware လေးဖြစ်ပါတယ်
လိုအပ်တဲ့သူတွေကတော့ အောက်ကလင့်မှာရယူလိုက်ပါ



Click Here to Download SP Flash Tool


All (MTK) Mediatek USB Driver For Windows


Ais 810 S103 Flash Tool Firmware (Full Backup)



ဇူးနစ်(နည်းပညာ) မှကူယူဖော်ပြပေးပါသည်။

Credit To... (Chit San Maung)

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

ဝေလရဲ့ ဒီနေ့မှ ထွက်ရှိထားတဲ့ Album..သီချင်းကောင်း 13,ပုဒ်ပါဝင်ပြီး အားလုံး အရမ်းကောင်းပါတယ်..ဒေါင်းရတာ တန်စေမယ့် Albumတစ်ခုပါ... By CHAN LAY (MCM)

Posted: 14 Jun 2016 10:58 AM PDT





အဓိပတိဖွား

၃၆ဝ
: DOWNLOAD :

လွယ်လွယ်လေး ရခဲ့တော့
: DOWNLOAD :

နင်သိပ်ရက်စက်တယ်
: DOWNLOAD :

 ကျွန်တော်နှင့် အနုပညာ
: DOWNLOAD :

 နောင် တ
: DOWNLOAD :

အကိုကြီး အဖရာ
: DOWNLOAD :

မီးတောင်နဲ့ ပင်လယ်ရှိတဲ့အခန်း
: DOWNLOAD :

မိုးတိမ်ကား
: DOWNLOAD :

အနီးဆုံးရန်သူ
: DOWNLOAD :

ပင်လယ်ပုံပြင်
: DOWNLOAD :

လမ်းခွဲရန်အသင့်
: DOWNLOAD :

အဓိပတိဖွား
: DOWNLOAD :

လူဖြစ်ခွင့်လေးပေးပါ
: DOWNLOAD :


Download Link သည် ကျွန်တော်မူရင်း Site မှကူးယူဖော်ပြထားသည့်အတွက် မူရင်း Upload တင်သူ Adf.ly Link ခံထားသည့်အတွက် နားလည်ပေးစေချင်ပါတယ် ခင်ဗျာ...။



Credit To... (Nyein Thu)

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

Preparind to delete... သို့မဟုတ် Preparing to Recyling ပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ? By CHAN LAY (MCM)

Posted: 14 Jun 2016 12:31 PM PDT

Image result for Pc Danger Error Logo







Image result for Preparing To Delete Error Logo


မင်္ဂလာပါ...။
ကျွန်တော်အခုပြောပြပေးမယ့် နည်းလမ်းလေးကတော့ ကွန်ပျူတာကိုင်ဆောင်ထားသော.... ကိုကို၊မမ တို့အတွက်....
ဆောင်ထားသင့်ပြီး အရမ်းကိုအစဉ်ပြေတဲနည်းလမ်းကောင်းလေးကို ပြောပြဝမျှသွားမှာပါ...ခင်ဗျာ...။
ဟုတ်ကဲ့...။
ကျွန်တော်ခေါင်းစဉ်ပေးထားတဲ့အတိုင်း ဒီပြဿနာလေးကို ကျွန်တော်စတွေ့ခဲ့တာကို ဖြေရှင်းနည်း နည်းလမ်း မပြောသေးခင် အရင်ပြောပြချင်ပါတယ်...။
အရင်တစ်ပတ်က ကျွန်တော်ရဲ့ Youtube Channel မှာတင်ထားခဲ့တဲ့ သီချင်းလေးကို... Mozilla Firefox နဲ့ ပြန်ဒေါင်းလုပ်ချလိုက်ပါတယ်...။
Download လည်းချပြီးရော... Temp ဖိုင်ထဲကနေ .mp4 Format Songs လေးကို ပြန်ပြီး (Ctrl + X) နှိပ်ပြီးကွန်ပျူတာကနေ ကျွန်တော့်ရဲ့ Favorite List ထဲကို ပြောင်းရွှေ့လိုက်ပါတယ်...။
ပြဿနာက အဲ့နေရာကနေစပါပြီ...ဗျာ...။
ဘယ်လိုမျိုးစခဲ့တာလည်းဆိုတော့ (Recycling to delete...) သို့မဟုတ် (Recyling to moving) ဆိုပြီးအဲ့နေရာကနေ စပြီး ဖျက်လို့လည်းမရ၊ ကူးရင်လည်း 12MB လောက်လေးကို မပြီးနိုင်တော့ဘူးဗျာ...။
လူကလည်း တော်တော်လေးစိတ်အိုက်လာပြီလေဗျာ...။
အဲ့ဒါတင်မပြီးသေးပါဘူး...။
ကျွန်တော့်ရဲ့ D: // ထဲမှာထည့်ထားတဲ့ Personal Folder လေးကိုသွားကြည့်ဖို့ဖွင့်ပြန်တော့လည်း... နာရီဝက်နီးပါးကြာပြီးမှ ဝင်လို့ရတယ်...။
ပြီးတော့ Mozilla Firefox ကနေကျွန်တော်ရဲ့ Blog လေးထဲဝင်ပြီး... Template လေးကို ပြန်ပြီး Modified လုပ်ပြန်တော့လည်း.... Script Error တက်လာပြန်ရောဗျာ...
ကွန်ပျူတာကို Restart ပြန်ပြန်ချပြီး မှ သို့မဟုတ် Logoff လုပ်ပြီးမှ ပြန်သုံးရတယ်။
Window Expllorer ကပြဿနာတက်နေတာကြောင့်
Regirstry ထဲကိုဝင်ပြီး ပြင်ကြည့်မယ်ဆိုတော့လည်း... ထွေထွေထူးထူးမတွေ့မိပြန်ဘူးဗျာ...။
အခုပြောတဲ့ပြဿနာတွေအပြင်... တစ်ခြား Probleem တွေအများကြီးဖြစ်တာကိုမပြောနိုင်တော့ဘူးနော်... အများကြီးပဲ...။

ဒီနေရာမှာ... မိတ်ဆွေတို့အရင်ဆုံးတွေးမိမှာက... Antivirus ကြောင့်ပေါ့...
Antivirus ကြောင့်လိုလဲပြောနိုင်သလို အဓိကပြောရရင် Registry Error နဲ့ File Extension Associate ကြောင့်သာဖြစ်ရခြင်းဖြစ်ပါတယ်...။
Computer ကို ပြန်ပြီး... New Window လုပ်ရင်လည်း မရဘူးနော်... ပြီးတော့ Data Restore လုပ်ရင်လည်း အချိန်ပဲကုန်သွားမယ်... မကြိုးစားပါနဲ့...
ကိုယ်တိုင်ပင်ပန်းခံရပြီးပြီမို့ပါ...။

အပေါ်ကပြောပြခဲ့တဲ့ Error တွေကို တစ်နေ့ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်...။

ကျွန်တော် ဒီပြဿနာလေးကို ဖြေရှင်းနိုင်သွားခဲ့တဲ့ အဖြေကို Microsoft ရဲ့ Answer & Question List ထဲကနေရရှိလာခဲ့တာပါ...။

Youtube မှာသွားတက်ပြီးမရှာနဲ့ မရေရာမသေချာတာတွေနဲ့ပဲတွေ့ကြလိမ့်မယ်...

ဒီပြဿနာတွေအပြင်အမျိုးမျိုးသောပြဿနာပေါင်းစုံကို One Click လေးတစ်ချက်တည်းနဲ့ ဖြေရှင်းနိုင်အောင် Software လေးကို ရေးသားပေးခဲ့တဲ့...
LionSea Company Limitted က Microsoft ရဲ့ Partner လည်းဖြစ်တဲ့ Developer ကြီးကို အထူးကျေးဇူးတင်ရှိပါတယ်...ခင်ဗျာ....

သူက အခုSoftware ကို Licence Version နဲ့ ရောင်းချပေးခဲ့ပါတယ်...။
အခုတော့ ကျွန်တော်ကနေပြီးတော့လည်း... အသင့်ရရှိထားတဲ့ Sin ဖိုင်နဲ့ Setup ဖိုင်ကို ကျွန်တော်တို့ နည်းပညာညီအကို မောင်နှမတွေအတွက်...
ပြန်လည်ပြီး...ဝေမျှပေးလိုက်ပါတယ်နော်...။

Software ရဲ့အသုံးပြုပုံကိုတော့မပြောပြပေးတော့ဘူးနော်... Simple to Innovation (ရိုးရိုးလေးနဲ့ဆန်းတာမို့) လွယ်ကူစွာအသုံးပြုနိုင်မှာပါဗျာ...။

ကဲဗျာ... အောက်က Download Link မှာသာဝင်ရောက်ပြီး... Download ဆွဲထားလိုက်ကြပါ...။

Mb လည်းနဲနဲလေးမို့လို့ Facebook နဲ့ Viber သုံးမှာထက်စာရင်... အကုန်ကျခံပေးလိုက်ပါနော်...။

Setup ကို ဒီမှာ Download ချပေးပါ။

( :DOWNLOAD: ) 4.46 MB

Serial Key ဒီမှာ Download ချပေးပါ။

( :DOWNLOAD: ) 1.93 MB

နောက်ထပ် New Key ကို ဒီမှာ Download ချပေးပါ။

( :DOWNLOAD: ) 29.2 KB

Password ကတော့ "MCMM" ပါခင်ဗျာ...။

ယခုပိုစ့်အားတစ်ဆင့်ပြန်လည်ဖော်ပြမည်ဆိုပါက ကျွန်တော့်ကို Credit ပေးဖိုးတောင်းဆိုချင်ပါတယ်...။ :)



CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

0 comments:

Post a Comment