မောင်ပေါက် ( Maung Pauk ) |
- Bootloader Unlock Code တောင်းရာတွင် လိုအပ်သည့် data များ... By CHAN LAY (MCMM)
- မြန်မာစာတန်းထိုးရုပ်ရှင်ဖန်တီးခြင်းနှင့် ENCODE လုပ်ခြင်း... By CHAN LAY (MCMM)
- iOS 10 မှာ ပါဝင်လာတဲ့ လူကြိုက်တွေ့အုံးမယ့် အကောင်းဆုံး လုပ်ဆောင်ချက်သစ်များ... By CHAN LAY (MCMM)
- Samsung Galaxy S6 All Model & Version Stock Firmwares... By CHAN LAY (MCMM)
- OPPO NEO3 R831K ဖုန်းအတွက် Flash Tool Firmware 100%... By CHAN LAY (MCMM)
- ဖုန်းမှာ စာအုပ်ဖိုင် pdf တွေကိုအလွယ်ဖတ်ကြည့်နိုင်တဲ့ - Moon+ Reader Pro v3.5.2 Apk
- ပိုက်ကျော်ခြင်း ခတ်ပြိုင်ရမယ့် ဂိမ်းကောင်းလေး - Roll Spike Sepak Takraw MOD APK
- ဖုန်း launcher ဒီဇိုင်းအလန်းလေး - Lucid Launcher Pro v5.97 Apk
- ဖုန်းမှာတင် ဗီဒီယို တည်းဖြတ် edit ပြုလုပ်နိုင်တဲ့ - VideoShow Pro – Video Editor v6.5.6 Apk
- SUKTAN နပမ်းသတ် [40.7 MB] [apk]
| Bootloader Unlock Code တောင်းရာတွင် လိုအပ်သည့် data များ... By CHAN LAY (MCMM) Posted: 15 Jun 2016 10:43 AM PDT ![]() Bootloader Unlock Code တောင်းရာတွင် လိုအပ်သည့် data များနဲ့ ရှာဖွေနည်းများကို မျှဝေပေးလိုက်ပါတယ်။ ရှာဖွေနည်း=======Unlock Code တောင်းရန် နမူနာ Model No = ********* MEID NO = ********* IMEI NO ( 1 ) = ********* IMEI NO ( 2 ) = ********* S/N NO = ********* PRODUCT ID = ********* Please Help Me Huawei Bootloader Unlock Code အထက်ပါအချက်များအရ ( 1 ) - Model No- Model No ကို သိချင်တဲ့ အခါ Setting --- About Phone --- Model No ဆိုပြီး ပေါ်နေပါမယ် ။ - Battery နောက်ကျော Phone Cover အောက်တွင်လည်း ကြည့်လို့ရပါတယ် ။ ( 2 ) - MEID NO- MEID No သိချင်တဲ့အခါ Phone Dialer --- *#*#2846579#*#*--- Project Menu --- Veneer Information query --- Other query ဒါဆို MEID / IMEI / S/N NO စသဖြင့် အချက်အလက်များ ပြည့်စုံစွာ တွေ့ရပါမယ် ။ - Battery နောက်ကျော Phone Cover အောက်တွင်လည်း ကြည့်လို့ရပါတယ် ။ ( 3 ) - IMEI NO ( 1 , 2 )- IMEI No သိချင်တဲ့အခါ Phone Dialer --- *#*#2846579#*#* --- Project Menu --- Veneer Information query --- Other query ဒါဆို MEID / IMEI / S/N NO စသဖြင့် အချက်အလက်များ ပြည့်စုံစွာ တွေ့ရပါမယ် ။ - Battery နောက်ကျော Phone Cover အောက်တွင်လည်း ကြည့်လို့ရပါတယ် ။ ( 4 ) - S/N NO- S/N NO သိချင်တဲ့အခါ Phone Dialer --- *#*#2846579#*#* --- Project Menu --- Veneer Information query --- Other query ဒါဆို MEID / IMEI / S/N NO စသဖြင့် အချက်အလက်များ ပြည့်စုံစွာ တွေ့ရပါမယ် ။ - Battery နောက်ကျော Phone Cover အောက်တွင်လည်း ကြည့်လို့ရပါတယ် ။ ( 5 ) - PORDUCT ID- PORDUCT ID သိချင်တဲ့အခါ Phone Dialer --- *#*#1357946#*#* ဒါဆို PORDUCT ID NO ပေါ်လာပါပြီ ။ ဇူးနစ်(နည်းပညာ) မှပြန်လည်ကူးယူဖော်ပြခဲ့သည်။ Credit To... (ဟိန်းထက်) ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.blogspot.com |
| မြန်မာစာတန်းထိုးရုပ်ရှင်ဖန်တီးခြင်းနှင့် ENCODE လုပ်ခြင်း... By CHAN LAY (MCMM) Posted: 15 Jun 2016 10:48 AM PDT ![]() မြန်မာစာတန်းထိုးရုပ်ရှင်တစ်ခုဖြစ်ကိုဖန်တီးဖို့ ဒါမှမဟုတ် Bollywood နဲ့ အင်္ဂလိပ်မဟုတ်တဲ့အခြား Language စကားပြောကားတွေကြည့်ရတာ နားမလည်ဘူးဆိုရင်စိတ်အလိုမကျပါဘူး ။ နောက်ကိုယ်ပိုင် စာတန်းထိုးဇာတ်ကားလေးတွေဖန်တီးနေသော်လည်း Encode ဆိုတာကြီးကိုနားမလည်တော့ စာဖိုင် အသေတွဲတဲ့အချိန်ဘယ်လိုမျိုးလဲ ဘယ်ဆော့ဝဲလ်သုံးလဲဆိုတာ သိရှိစေချင်တာပါ။ စာတန်းထိုးနည်းကို ပုံလေးတွေနှင့်တကွပြသွားမှာဖြစ်ပါတယ်။ဘာသာပြန်တာက Smart Phone ,Tablet ,Computer ကြိုက်ရာနဲ့ပြန်လို့ရပေမယ့် စာဖိုင်တွဲခြင်း မှာတော့ Computer မှာပဲလုပ်ရမှာဖြစ်ပါတယ်။ ၁။မိမိကြည့်ရူလိုတဲ့ရုပ်ရှင်ကိုDownload ဆွဲရမှာဖြစ်ပြီးကျွန်တော်ကြည့်ရူ့နေကြဖြစ်တဲ့ www.fmovies.to နှင့်www.dayt.se ရုပ်ရှင်တွေဆိုအများအားဖြင့် အင်္ဂလိပ်စာဖိုင်တွေပါဝင်ပြီးဖြစ်တာကြောင့် စာဖိုင်တကူးတကရှာစရာမလိုပါဘူး။ စာဖိုင်သီးသန့်ရှာဖွေ ဘာသာပြန်သူတွေအနေနဲ့ကတော့ www.subscene.com,www.moviesubtitles.org ,www.opensubtitle.org တို့်မှာလည်း မိမိလိုချင်တဲ့ Quality အတိုင်းရှာဖွေနိုင်ပါတယ်။ ၂။ စာဖိုင်ရပြီဆိုရင်ဘာသာပြန်ဖို့ ယင်းစာဖိုင်ကို ကွန်ပျူတာ မှာဆို open with notepad ဖြင့်ဖွင့်ပေးပြီး Android ဖုန်းမှာဆို Subbr Pro ဆော့ဖ်ဝဲလ် နှင့်ဘာသာပြန်နိုင်ပြီး အောက်က Link မှာ Subbr Pro Apk ရယူနိုင်ပါတယ်။ http://www.mediafire.com/down…/qlz1zcx0wtu0eyt/Subbr_Pro.apk ကျွန်တော်အနေနဲ့တတ်ကျွမ်းသူတစ်ဦးအနေနဲ့မဟုတ်ပဲဝါသနာရှင်တစ်ဦးအနေနဲ့ရေးသားခြင်းဖြစ်လို့အမှား ရှိရင်ခွင့်လွှတ်ပေးပါ။ အဆင်မပြေတာရှိရင်လဲမေးမြန်းနိုင်ပါတယ်။ ကျွန်တော်လဲ ဘယ်ဆော့ဝဲလ် သုံးလဲဆိုတာ စမ်းသပ်ရင်နဲ့ စာဖိုင်တွဲခြင်းကိုသိရှိခဲ့တာပါ။ အဆင်ပြေရင်နောက်လူတွေသိရှိအောင် Like Share လုပ်ခဲ့ရင်းကူညီခဲ့ပါ။ ပုံမှာပြသထားသည့်အတိုင်း Save လုပ်ရမှာဖြစ်ပါတယ်။ ![]() : DOWNLOAD : ဒီSoftware ကFull version ဖြစ်ရမှာဖြစ်တာကြောင့် Serial Key တွေပါရှိပြီး Password တောင်းခဲ့ရင် www.ayekyaw.org ဆိုပြီးထည့်ပေးလိုက်ပါ။ ကိုအေးကျော် နည်းပညာPage ကိုလည်း Credit ပေးပါတယ်။ install လုပ်တာအဆင်မပြေရင်လည်းမေးမြန်းနိုင်ပါတယ်။ ![]() အဲ့ဒီနောက် Add မှာ ကိုယ်စာဖိုင်တွဲမယ့် Video ကိုရွေးချယ်ပေးလိုက်ပါ ![]() ![]() နောက် Subtitle ဆိုတဲ့ကွပ်လပ်လေးကိုနှိပ်ပြီး Add Subtitle file ဆိုတာလေးကျလာပါလိမ့်မယ် ။ အဲ့ဒါ ကိုရွေးပြီးကိုယ်ဘာသာပြန်ထားတဲ့စာဖိုင်လေးကိုသွားရွေးပေးရုံပါပဲ ![]() စာဖိုင်လဲရပြီ Video ကလဲအဆင်သင့်ဖြစ်ပြီဆို Start ကိုနှိပ်ပေးလိုက်ခြင်းဖြင့်စာဖိုင်တွဲတာကိုစတင်လုပ်ကိုင်နေပါပြီး ![]() အောက်က preview မှာလဲ ကိုယ်တွဲလိုက်တဲ့စာဖိုင်နဲ့ Video အဆင်ပြေ မပြေကြည့်နိုင်ပါသေးတယ်။ ![]() www.fmovies.to![]() ကိုယ်ကြိုက်တဲ့ quality ကို ရွေးပြီး Download ကို နှိပ်ပါ။ ![]() ![]() အောက် နားကပဲ Subtitle ကိုရွေးပြီး စာဖိုင်ရယူနိုင်ပါတယ်။ ![]() ![]() တစ်ခါတစ်ရံ မြန်မာစာတွေ Vlc Player ပေါ်မှာအဆင်မ ပြေ ဖြစ်လျင် Vlc-tools-Preferences -Subtitle/OSD-Zawgyi ကိုရွေးပေးပါ။ ![]() Computer ပေါ်မှာ video fileတွေ Download လုပ်မယ်ဆို Internet Download Manager နဲ့ဆိုပိုကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။ ![]() Credit To... (Phone News Up To Date) ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.blogspot.com |
| iOS 10 မှာ ပါဝင်လာတဲ့ လူကြိုက်တွေ့အုံးမယ့် အကောင်းဆုံး လုပ်ဆောင်ချက်သစ်များ... By CHAN LAY (MCMM) Posted: 15 Jun 2016 10:20 AM PDT နောက်ဆုံး iOS ဗားရှင်းအနေနဲ့ ထွက်ရှိလာတဲ့ iOS 10 မှာတော့ လူကြိုက်များအုံးမယ့် လုပ်ဆောင်ချက်သစ်တွေပါဝင်လာခဲ့ပါတယ်။ iOS 9 နဲ့ ကွာခြားမှုအတော်လေးရှိလာတာကိုတွေ့ရပြီး iOS 10 ရဲ့ လုပ်ဆောင်ချက်သစ်တွေကတော့ အတော်လေးကို cool ဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။ Message ပိုင်းiOS 10 ရဲ့ message ပိုင်းမှာတော့ အခုလို ပြောင်းလဲမှုအသစ်တွေ အတော်များများ ပါဝင်လာပါတယ်။ Bubbles look ဆိုတဲ့ လုပ်ဆောင်ချက်သစ်တစ်ခု iOS ဗားရှင်းသစ်မှာ ပါဝင်လာခဲ့ပြီး ကိုယ့်ပို့မယ့် message ကို ဖိထားသလောက် ကြီးသွားမယ့် ပုံစံမျိုးပါ။ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ Facebook messenger က Like ပုံစံ လက်မ အပြာရောင်လေးကို ဖိပြီး ကြီးအောင် လုပ်လို့ ရသလိုမျိုးပါ။iOS 10 မှာတော့ emoji အရွယ်အစားဟာ အရင် emoji ရဲ့ အရွယ်အစားထက် သုံးဆအထိ ပိုကြီးလာပါတယ်။ ဒါ့အပြင် ကိုယ်ပြောလိုက်တဲ့ စကားပေါ်မှာ မူတည်ပြီး အသုံးပြုလို့ကောင်းမယ့် emoji ကို အလိုအလျောက် ခန့်မှန်းပေးသွားမှာပါ။ ဥပမာအနေနဲ့တော့ " We will watch football match at 5 P.M . Then we eat pizza or hot-dog" ဆိုတဲ့ message မှာ သင့်တော်တဲ့ emoji သုံးလို့ရမယ်ဆိုတဲ့ နေရာကို အဝါရောင်ဟိုက်လိုက်ပြပေးသွားပါလိမ့်မယ်။ သင့်အနေနဲ့ သုံးချင်ရင် အဝါရောင်ဟိုက်လိုက်တွေပေါ်ကို နှိပ်လိုက်ရုံပဲဖြစ်ပြီး football match နေရာမှာ ဘောလုံးပုံနဲ့ pizza နဲ့ hot-dog နေရာတွေမှာ pizza နဲ့ hot-dog ပုံ emoji လေးတွေ အစရှိသဖြင့် အစားထိုးပေးသွားမှာဖြစ်ပါတယ်။ နောက်ထပ် message အပိုင်းမှာပဲ တိုးလာတဲ့ လုပ်ဆောင်ချက်ကတော့ ကိုယ့်လက်ရေးအတိုင်းရေးပြီး ပို့လို့ရတဲ့ လုပ်ဆောင်ချက်ပါ။ နောက်ထပ်အမိုက်စား ပြောင်းလဲမှုကတော့ "invisible ink" ဆိုတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ကို်ယ်က လျို့ဝှက်ထားပြီး ပိုမယ့်သူကို ချက်ချင်းမသိစေချင်တဲ့ message တွေနဲ့ ဓာတ်ပုံတွေကို ဒီ "invisible ink" ကို သုံးပြီး ပို့လို့ရမှာပါ။ message လက်ခံသူ ဘက်ကတော့ ချက်ချင်းစာသားနဲ့ ဓာတ်ပုံတွေကို မမြင်ရဘဲ အမှုန်လေးတွေဖုံးနေတဲ့ ပုံစံကိုမြင်ရမှာပါ။ message နဲ့ ပုံ ပေါ်က အမှုန်တွေကို လက်နဲ့ တွန်းဖယ်လိုက်မှသာ စာသားတွေကို မြင်ရမှာဖြစ်ပါတယ်။ Apple ရဲ့ AI ဖြစ်တဲ့ Siri မှာလည်း ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ Siri ကတော့ Apple Store က အက်ပလီကေးရှင်းတွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်ပြီဖြစ်ပါတယ်။ iOS 10 မှာ Map ကလည်း ပိုအဆင့်မြင့်လာပါတယ်။ Map မှာတော့ သင်သွားလိုတဲ့ နေရာနဲ့ လက်ရှိအကွာအဝေးကြားက အနီးဆုံးလမ်းကြောင်းကို တွက်ချက်ပေးသွားမှာပါ။ နောက်ဆုံးဗားရှင်းနဲ့ map ဟာ ဆိုရင်တော့ စားသောက်ဆိုင်မှာ ဘွတ်ကင်လုပ်တာနဲ့ တက္ကစီခေါ်ပေးတာမျိုးတွေကိုတောင် ပြုလုပ်ပေးနိုင်သွားပြီဖြစ်ပါတယ်။ map ဟာ ကိုယ်သွားမယ့် လမ်းကြောင်းတစ်လျှောက်မှာရှိနေတဲ့ ဆီဖြည့်နိုင်မယ့်နေရာ ၊ စားသောက်နိုင်မယ့်နေရာတွေကိုလည်း တစ်ခါတည်းရှာဖွေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်တွေကတော့ Google Map မှာ ရရှိပြီးသား လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ iOS 10 မှာတော့ စာရိုက်ရတာ ပိုပြီး မြန်ဆန်လာပြီဖြစ်ပါတယ်။ သင့်အနေနဲ့ " Mg Mg's phone number is " လို့ ရိုက်နေတဲ့ အချိန်မှာ ကီးဘုတ်ထိပ်မှာ ဖုန်း contact မှာ မှတ်သားထားတဲ့ "မောင်မောင်ရဲ့ ဖုန်းနံပါတ်" ကို အလိုအလျောက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Photo မှာလည်း ကိုယ့်ရဲ့ ဓာတ်ပုံကို ကြည့်ပြီး category သက်သက်စီခွဲထုတ်ပေးသွားတာကို iOS 10 မှာ တွေ့ရပါတယ်။ ဥပမာအနေနဲ့ ကမ်းခြေမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို beach ဆိုပြီး အယ်လ်ဘမ် ခွဲထားပေးမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ကမ်းခြေက ဓာတ်ပုံတွေကို ရှာလိုတဲ့ အခါမှာလည်း beach လို့ရေးလိုက်တာနဲ့ ကမ်းခြေက ပုံတွေကို အလွယ်တကူပြန်ရှာသွားနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် photo ရဲ့ memory မှာလည်း ရိုက်ခဲ့တဲ့နေရာနဲ့ ဓာတ်ပုံအခြေအနေကို ကြည့်ပြီး အယ်လ်ဘမ်လေးတွေ ခွဲထားပေးထားတာကို တွေ့ရတော့မှာပါ။ နောက်ဆုံးအနေနဲ့တော့ Apple pay ကို ဝက်ဘ်ဆိုက်တွေထဲမှာ တိုက်ရိုက်ပေးပို့နိုင်သွားတာကို တွေ့ရပါတယ်။ Home Smart Home လို့ နာမည်ပေးထားတဲ့ အိမ်သုံးအက်ပလီကေးရှင်းကတော့ အိမ်မှုကိစ္စတွေဖြစ်တဲ့ မီးပိတ်တာတွေ ၊ တံခါးဖွင့်တာတွေနဲ့ တစ်ခြား ပြတင်းပေါက်ကို အလင်းချိန်တာစတဲ့အလုပ်တွေကိုတောင် ပြုလုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ music ကိုလည်း ဒီဇိုင်းပိုင်းတွေပြောင်းလဲထားတာကိုတွေ့ရပြီး သီချင်းစာသားနဲ့ပါတစ်ပါတည်း နားထောင်လို့ရမယ့် ပုံစံမျိုး ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ news ကိုလည်း ဒီဇိုင်းပိုင်းပြောင်းလဲထားတာကိုတွေ့ရပါတယ်။ နောက်ထပ်ထူးခြားတဲ့ ပြောင်းလဲမှုကတော့ iPhone ကို ကောက်ကိုင်လိုက်တာနဲ့ ဖုန်းက တန်းပြီးပွင့်သွားမယ့် ပုံစံမျိုးဖြစ်ပါတယ်။ Calendar , Weather နဲ့ Stocks စတဲ့ app တွေမှာလည်း 3D touch ရသွားပြီဖြစ်ပြီး သင့်အနေနဲ့ အချက်အလက်တွေကို app ထဲထိ ဝင်ကြည့်စရာမလိုတော့ပါဘူး။ iOS 10 မှာတော့ notification ကနေ တန်းပြီးတော့ reply ပြုလုပ်လို့ရသွားပါပြီ။ ဒါကတော့ iOS 10 မှာ ပါဝင်လာတဲ့ လုပ်ဆောင်ချက်သစ်တွေပဲဖြစ်ပါတယ်။ အားလုံးက အသုံးဝင်နေတာကြောင့် ဘာကိုမှ မချန်လှပ်ပဲ အခုလိုမျိုးရေးသားလိုက်ရတာပါ။ iOS 10 ကိုတော့ အောက်မှာဖော်ပြထားတဲ့ iPhone တွေနဲ့ iPad တွေမှာ ရရှိသွားမှာပါ။ လောလောဆယ်မှာတော့ developer ဗားရှင်းပဲရှိသေးတာကြောင့် public မှာ ရရှိဖို့တော့ အချိန်အနည်းငယ်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ iOS 10 ရရှိနိုင်မယ့် Apple Device များကတော့... iPhones: The iPhone 6s The iPhone 6s Plus The iPhone 6 The iPhone 6 Plus The iPhone SE The iPhone 5S The iPhone 5C The iPhone 5 iPads: iPad Pro 12.9-inch iPad Pro 9.7-inch The iPad Air 2 iPad Air iPad 4th generation The iPad with Retina Display (3rd Gen) The iPad 2 The iPad Mini 4 The iPad Mini 3 The iPad Mini 2 The iPad Mini iPod: The iPod Touch 5th-generation The iPod Touch 6th-generation CHAN LAY (MCMM) www.chanmyaemaung.blogspot.com |
| Samsung Galaxy S6 All Model & Version Stock Firmwares... By CHAN LAY (MCMM) Posted: 15 Jun 2016 10:11 AM PDT ![]() Samsung Galaxy S6 ဖုန်းများကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက် All Model & Version Stock Firmwares များကိုစုစည်းပြီးတင်ပေးလိုက်ပါတယ် ဖုန်းကလစ်ရင်း Firmware က brick ဖြစ်တတ်ပါတယ်၊ ဒေါင်းလော့ သိမ်းဆည်းထားတဲ့ Firmware လေး အနားမှာအသင့်ရှိနေရင်တော့ အလွယ်တကူ ပြန်လည် Unbrick ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဖုန်းကလစ်သူများနဲ့ ဆိုင်သမား ညီအကိုများလည်း ရယူထားကြပါ ဒေါင်းလော့လင့်များလည်းအဆင်ပြေမယ်လို့ထင်ပါတယ်၊ အောက်မှာရယူပါ။ Firmware တင်မယ်ဆိုရင်တော့ ပုံမှန်အတိုင်း Odin ကနေ အလွယ်တကူ Flash ပေးယူရမှာပဲဖြစ်ပါတယ်။ Download Samsung USB Driver for Windows Download the latest Odin flashing Tool For Samsung G920i6920IDVU3EPD4-Android-6.0.1.zipOR 6920IDVU3EPD4-Android-6.0.1.zip For Samsung G920FG920FXXU3DPER-Android-6.0.1.zip OR G920FXXU3DPER-Android-6.0.1.zip For Samsung G920TG920T-Firmware-5.0.1.zip For Samsung G920AG920A-Firmware-5.0.1.zip How to Install Only tar.file Firmware========================ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။ Odin က PDA ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။ Download mode volume down + Home + power ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။ Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။ ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။ ဇူးနစ်(နည်းပညာ) မှကူးယူဖော်ပြအပ်ပါသည်။ CHAN LAY (MCMM) www.chanmyaemaung.blogspot.com |
| OPPO NEO3 R831K ဖုန်းအတွက် Flash Tool Firmware 100%... By CHAN LAY (MCMM) Posted: 15 Jun 2016 09:58 AM PDT ![]() OPPO NEO3 R831K ဖုန်းအတွက် Flash Tool Firmware ကို ပြန်လည်မျှဝေပေးလိုက်ပါတယ် 100% Ok ပါတယ်၊ စမ်းသပ်ပြီးပါပြီ။ အလိုရှိတဲ့သူတွေကတော့ အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ ပုံမှန်တိုင်း Flash Tool ဖြင့် အလွယ်တကူ ရေးယူနိုင်ပါတယ်။ ![]() ![]() Download Here SP Flash Tool For Oppo R831K FirmwareDownload Here Password -kopaing ဇူးနစ်(နည်းပညာ) မှကူးယူဖော်ပြပါသည်။ CHAN LAY (MCMM) www.chanmyaemaung.blogspot.com |
| ဖုန်းမှာ စာအုပ်ဖိုင် pdf တွေကိုအလွယ်ဖတ်ကြည့်နိုင်တဲ့ - Moon+ Reader Pro v3.5.2 Apk Posted: 15 Jun 2016 01:11 AM PDT |
| ပိုက်ကျော်ခြင်း ခတ်ပြိုင်ရမယ့် ဂိမ်းကောင်းလေး - Roll Spike Sepak Takraw MOD APK Posted: 15 Jun 2016 12:59 AM PDT |
| ဖုန်း launcher ဒီဇိုင်းအလန်းလေး - Lucid Launcher Pro v5.97 Apk Posted: 15 Jun 2016 12:41 AM PDT |
| ဖုန်းမှာတင် ဗီဒီယို တည်းဖြတ် edit ပြုလုပ်နိုင်တဲ့ - VideoShow Pro – Video Editor v6.5.6 Apk Posted: 15 Jun 2016 12:27 AM PDT |
| SUKTAN နပမ်းသတ် [40.7 MB] [apk] Posted: 14 Jun 2016 10:35 PM PDT အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |































0 comments:
Post a Comment