Related Posts Plugin for WordPress, Blogger...

June 19, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Lenovo က Modular Smartphone များကို မိတ်ဆက် - By CHAN LAY (MCMM)

Posted: 18 Jun 2016 02:06 PM PDT



၂


Lenovo က Moto Z နဲ့ Moto Z Force တို့ကို မိတ်ဆက်လိုက်ပါတယ်။ Modular Phone များဖြစ်ပြီး Accessories များဖြင့် ဖုန်းရဲ့ စွမ်းရည်ကို တိုးမြှင့်နိုင်ပါတယ်။ ဒါပေမယ့် LG G5 , Google Ara တို့နဲ့ ကွာခြားပါတယ်။ Lenovo ရဲ့ ဖုန်းများမှာ Mods လို့ ခေါ်တဲ့ Accessories များကို တပ်ဆင်နိုင်ပါတယ်။

ဖုန်းရဲ့ အနောက်ဘက်မှာ သံလိုက်ဖြင့် ချိတ်ဆက်ရတာပါ။ Mods တွေထဲမှာ စွမ်းရည်မြင့် စပီကာများ၊ ပရိုဂျက်တာ၊ ဘက်ထရီ အပို၊ လှပတဲ့ ကာဗာများ ပါဝင်ပါတယ်။ အနာဂတ်မှာလည်း Mods များစွာ ထွက်ပေါ်လာမှာပါ။ LG G5 ထက်အားသာချက်က အစိတ်အပိုင်းအပိုများကို တပ်ဖို့အတွက် ဖုန်းကို ပါဝင် ပိတ်ဖို့ မလိုပါဘူး။

Moto Z မှာ Snapdragon 820 , 4GB RAM, 32GB / 64GB Storage , 5.5" QHD AMOLED Display , 13MP Rear Camera , 2600mAh Battery တို့ တပ်ဆင်ထားပါတယ်။ Moto Z Force နဲ့ Specification အပိုင်းမှာ တူညီပေမယ့် ကွဲပြားတာက တုန်ခါမှုကို ခံနိုင်တဲ့ မျက်နှာပြင်နဲ့ 3500mAh Battery တပ်ဆင်ထားတာပါ။ ကင်မရာကိုလည်း 21MP အဖြစ် အဆင့်မြှင့်ထားပါတယ်။ နွေရာသီမှာ Verizon ကနေ ရောင်းချမှဖြစ်ပြီး အရောင်းဆိုင်များကနေ ဆောင်းရာသီမှ ၀ယ်ယူနိုင်မှာပါ။


Credit To... (Myanmar Digital Life Journal)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

CoC ဂိမ်းကို ထုတ်လုပ်ခဲ့တဲ့ Supercell ကုမ္ပဏီကို ဒေါ်လာ ကိုးဘီလျံနဲ့ဝယ်ယူဖို့ တရုတ်လုပ်ငန်းစုနီးစပ်နေ - By CHAN LAY (MCMM)

Posted: 18 Jun 2016 02:03 PM PDT







ကမ္ဘာကျော် မိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့ CoC ဂိမ်းကို ထုတ်လုပ်နိုင်ခဲ့တဲ့ Supercell ကုမ္ပဏီကို ဝယ်ယူဖို့အတွက် တရုတ် အင်အားကြီး နည်းပညာကုမ္ပဏီတစ်ခုက ကြိုးပမ်းလာခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ အမည်ကတော့ Tencent လို့ သိရပြီး မီဒီယာ ၊ ဖျော်ဖြေရေး ၊ အင်တနက်နဲ့ မိုဘိုင်းလ်ဖုန်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုပေါင်းများစွာကို ပြုလုပ်ထားတဲ့ တရုတ်ကုမ္ပဏီကြီး တစ်ခုဖြစ်ပါတယ်။

Supercell ကတော့ CoC အပြင် ၊ Boom Beach , Clash Royale နဲ့ Hay Day စတဲ့ ဂိမ်းတွေကိုလည်း ထုတ်လုပ်ခဲ့ပြီး အဲ့ဒီဂိမ်းတွေအားလုံးက အောင်မြင်မှုတွေရရှိနေတာကြောင့် နောက်ပိုင်းမှာ ဒေါ်လာ ကိုး ဘီလျံအထိ သူတို့ရဲ့ တန်ကြေးက ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Supercell ရဲ့ ရှယ်ယာ ခုနစ်ဆယ်ရာနှုန်းကို ဂျပန်နည်းပညာကုမ္ပဏီဖြစ်တဲ့ Softbank က ပိုင်ဆိုင်ထားတာဖြစ်ပြီး ဒီနှစ်အစောပိုင်းကမှ ဝယ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Softbank နဲ့ Tencent တို့ကတော့ အရောင်းအဝယ် ကိစ္စအတွက် ဆွေးနွေးလျက်ရှိနေကြပြီး ဒေါ်လာ ကိုးဘီလျံနဲ့ ဝယ်ယူနိုင်ဖို့ နီးစပ်လျက်ရှိနေပါတယ်။

Softbank ကတော့ လောလောဆယ်မှာ ဒေါ်လာ ဘီလျံ ၈၀ အထိ အကြွေးတင်လျက်ရှိနေပြီး သူတို့ရဲ့ ရှယ်ယာ ဒေါ်လာ ၇.၉ ဘီလျံဖိုးကိုလည်း တရုတ်နိုင်ငံရဲ့ နာမည်ကျော် Alibaba လုပ်ငန်းစုကို ရောင်းချဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ သိရပါတယ်။ Supercell ကုမ္ပဏီကတော့ အရင်နှစ်က အမြတ်ငွေ ဒေါ်လာ ၇၇၉.၁ သန်းအထိ ရရှိခဲ့ပြီး ဝင်ငွေ ၂.၁၁ ဘီလျံမှာ အခုလိုအသားတင်အမြတ်ငွေရရှိခဲ့တာဖြစ်ပါတယ်။

Supercell ရဲ့ ဂိမ်းတွေကို ဆော့ကစားသူဟာ တစ်နေ့ကို သန်း ၁၀၀ အထိရှိနေပြီး Supercell ကုမ္ပဏီကို ဝယ်ယူတဲ့ လုပ်ငန်းစုတွေဟာ Supercell ကို အပြည့်အဝထိန်းချုပ်လို့မရတဲ့ သဘောတူညီချက်ကို သဘောတူရလေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် Supercell ကို ပိုင်တယ်ဆိုရုံလောက်သာ အမည်ပေါက်မှာ ဖြစ်ပြီး ဝယ်ယူတဲ့လုပ်ငန်းစုတွေဟာ Supercell ရဲ့ လုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်လို့တော့ မရပါဘူး။



Credit To... ( Digital Times)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

Android အတွက် Font လှလှလေး ၁၆ မျိုး - By CHAN LAY (MCMM)

Posted: 18 Jun 2016 01:58 PM PDT







တောင်းဆိုထားတဲ့ သူငယ်ချင်းများအတွက်

Android Font ကိုအလှဆင်ပေးမယ့်
Fonts လှလှလေး ၁၆ မျိုးကို
တစ်စုတစ်စည်းတည်း
တင်ပေးလိုက်ပြီနော်။




အောက်က ခေါင်းစဉ်အတိုင်း ကြိုက်နှစ်သက်ရာ

Download ရယူနိုင်ပါပြီ...။

ZG heart

: DOWNLOAD :



ZG orange

: DOWNLOAD :

ZG one

: DOWNLOAD :

ZG one 2015

: DOWNLOAD :

ZG kitkat

: DOWNLOAD :

ZG samsung apk

: DOWNLOAD :

ZG oppo apk

: DOWNLOAD :

ZG ghots

: DOWNLOAD :

Zaw de 7

: DOWNLOAD :

Zaw de 9

: DOWNLOAD :

Zaw de 10

: DOWNLOAD :

Zawgyi dance

: DOWNLOAD :

Exodus

: DOWNLOAD :

Mike three

: DOWNLOAD :

Ifont donate apk

: DOWNLOAD :

Ifont apk

: DOWNLOAD :

Credit ===>  zhtike.blogspot.com



ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

Dota 2 Gamers တွေ အတွက် $34.99 နဲပေးဝယ်ရတဲ့ Arcana Hero Item Sets တွေကို Offline Steam မှာ Bot s တွေနဲ Free Play လိုရတဲ့ Game Data Pack တွေပါ။

Posted: 18 Jun 2016 11:55 AM PDT



ဒီနေ့တော့ Dota2 Gamers တွေ အတွက် ကျွန်တော်ရထားတဲ့ Arcana Game Data Pack တွေကို Share လေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က အိမ်က Dota2 Play တဲ့ ကျွန်တော်ညီလေးက Site တစ်ခုပြတာနဲ စိတ်ဝင်စားပြီး ၀င်ကြည့်တာ  ပြီးတော့Download လုပ်ပြီး စမ်း Play ကြည့်တာ အဆင်ပြေလို တင်ပေးလိုက်တာပါ။ Arcana 7 Hero  Sets တွေကိုစမ်းကြည့်တာ 7 Hero လုံး  Spell Effect တွေကော Set တွေကော အဆင်ပြေတယ်ဗျာ။ဒါပေမယ့် Techies,Shadow Fiend နဲ Crystal  3 Hero ကတော့  Spell Effect တွေက အဆင်ပြေပြီး Item Effect တွေ က နည်းနည်းError ရှိတယ်လေ၊ Phantom Assassin ကတော့ အကုန်အဆင်ပြေတယ်ဗို့ ၊ Phantom Assassin ရဲ့ Arcana Level 1 ကော Level 3 ကော 100 % အဆင်ပြေတယ်ဗို့။ အောက်မှာ Game Data Pack install လုပ်နည်းဖတ်ပြီး စမ်းကြည့်လိုက်ဗျာ။ Download လုပ်တဲ့ Zip ဖိုင် ထဲ့မှာလဲ Read Me ထည့်ထားပေးပါတယ်ဗျာ ။ Offline Play ပြီးလို Online ပြန်ဆော့ရင် Steam ထဲ့က -override_vpk Command ကို ပြန်ဖျက်ပြီးရင် Online Play လိုရပါပြီ၊တစ်ခုခု အဆင်မပြေရင် ကျွန်တော် Phone-097956336869 ကိုဖုန်းဆက်မေးပါခင်ဗျာ။ကျွန်တော်လို့ Dota 2 Game Crazy တွေ အဆင်ပြေပါစေဗျာ။


How to install Arcana Game Data Pack?


1. Open the downloaded zip file.

2. Extract the files inside of a folder anywhere or create new.

3. Open the folder.

4. Run "Dota2Slasher.exe".

5. Open "Steam" and right-click Dota 2 then select PROPERTIES.

6. At the "GENERAL" tab click "SET LAUNCH OPTIONS..."

7. Type "-override_vpk" without quotes, then press ok and close.

8. Play Dota 2 and thank me later :3


N0. 5 and 6  Steam ထဲ့က ပြုလုပ်ပုံကို  အောက်ကပုံမှာ ကြည့်လိုက်ပါ။





အိုကေပြီးနော်ညီအစ်ကိုတို့ အောက်မှာ Game Packs တွေ Download လုပ်ပါဗျာ။ Download လုပ်လိုအဆင်မပြေရင် အောက်က Link မှာ Download Guide ဖတ်ပါဗျာ။

:DOWNLOAD GUIDER:







ပထမတစ်ခုမှာတော့ Arcana 5 Sets လုံးစုထားတဲ့ Game Pack လေးပါ။ ဒီတစ်ခုမှာတော့ Crystal နဲ Shadow Fiend မပါသေးဘူးညီအစ်ကိုတို့ :D

5 Arcana Hero Sets Download




ဒီတစ်ခုကတော့ Phantom Assassin Arcana Level 3 ပါ။

PA Arcana Level 3 Download




ဒီတစ်ခုကတော့ Shadow Fiend Arcana ပါ။ ကျွန်တော်အပေါ်မှာပြောသလိုပဲ Head အပိုင်းSet က နည်းနည်းအဆင်မပြေဘူးလေ Spell Effect တွေကတော့ အားလုံးအဆင်ပြေတယ်ဗို့။

Shadow Fiend Arcana Download






 ဒီတစ်ခုကတော့ Crystal Arcana ပါ။ ကျွန်တော်အပေါ်မှာပြောသလိုပဲ Crystal Dog အပိုင်းSet က နည်းနည်းအဆင်မပြေဘူးလေ Spell Effect တွေကတော့ အားလုံးအဆင်ပြေတယ်ဗို့။

Crystal Arcana Download

ညီအစ်ကိုတို့ ဆက်ပြီးတော့ တစ်ခြား Set တွေ Weapon တွေကို Download လုပ်ချင်ရင်တော့ အောက်က ကျွန်တော်လေ့လာဖြစ်တဲ့  Orginal Site 3 ခုမှာ ထပ်လေ့လာပါခင်ဗျာ။
Everybody Good Luck :D :D


http://dota2mods.blogspot.com

http://dota2cosmeticmods.blogspot.com/

http://dotamods.ovh/tag/arcana/


Credit To... (http://myatthantint.blogspot.com/)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

OnePlus 3 ဖုန်းအတွက် OxygenOS 3.1.3 Marshmallow OTA Update တင်နည်း - By CHAN LAY (MCMM)

Posted: 18 Jun 2016 11:32 AM PDT






OnePlus 3 ဖုန်းအတွက် Oxygen OS 3.1.3 Marshmallow OTA Update
ထွက်လာပါပြီ၊ အသုံးလိုတဲ့ ညီအကိုတွေအတွက် တင်နည်းပါ မျှဝေလိုက်ပါတယ်။

17.06.2016 ရက်ဆိုတော့ မနေ့က ပူပူနွေးနွေး Release Date ဖြစ်ပါတယ်
ဗားရှင်းကတော့ Marshmallow v6.0.1 နောက် File size ကတော့ 1.4GB ရှိတယ်
လိုင်းကောင်းတုန်းရယူထားပေါ့ ဒေါင်းလော့လင့်လည်းအဆင်ပြေမယ်ထင်ပါတယ်။

လိုအပ်ချက်များ

========
၁။ အရေးကြီးတဲ့ Data များနဲ့ ROM ကို Backup ပြုလုပ်ထားပါ။
၂။ Custom Recovery ထည့်သွင်းထားပြီးဖြစ်ရပါမည်။
၃။ ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 60% Charge ရှိရပါမည်။
၎။ Rom File zip ဖိုင်ကိုဒေါင်းလော့ရယူထားပါ။
၅။ တင်နည်း Instruction အတိုင်းပြုလုပ်ပါ။


Bootloader Unlock & Custom Recovery ထည့်သွင်းနည်းများ
ပြန်လုပ်ရန်အတွက် All All-in-One Toolkit ဖြင့်အဆင်ပြေပါတယ်။



OnePlus 3 ဖုန်းအတွက် All-in-One Toolkit အားရယူပါ



Oxygen OS 3.1.3 Firmware Details

=====================
    Android Version:- Marshmallow v6.0.1
    Model :- OnePlus 3
    Status :- Official
    Release Date :- 17.06.2016
    Type :- ".Zip" File & Tool.
    File Size :- 1.4GB

Download OxygenOS 3.1.3



Firmware တင်နည်း

===========
၁။ Rom zip ဖိုင်ကိုဒေါင်းလော့ပြီး SD Card သို့ကူးထည့်ပါ

၂။ ဖုန်းကို ပါဝါပိတ်ပြီး Volume Down + Power Key များကိုတွဲနှိပ်ပြီး
Custom Recovery Mode သို့ဝင်လိုက်ပါ။

၃။ Recovery Mode တွင် 'Wipe And Format Option မှ
 Wipe Data, System, Cache And Dalvik Cache များကိုရှင်းထုပ်ပါ။

၎။ Recovery Main Menu မှ  Rom zip File သို့သွားလိုက်ပါ။

၅။ ပြီးရင် SD Card တွင်ရှိသော Rom zip File ကိုရွေးချယ်လိုက်ပါ။

၆။ အားလုံးအသင့်ဖြစ်ပြီးရင်တော့ Rom zip File ကို Flash ပေးပါ။

၇။ Flash Process ပြီးဆုံးအောင် စောင့်နေလိုက်ပါ၊ အချိန်အနည်းငယ်ကြာပါမည်။

၈။ အားလုံးပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ။

၉။ Boot ပြန်တက်လာဖို့ 7-10 မိနစ်လောက်ကြာနိုင်ပါတယ်။




Ref =====> www.gizrom.com



ဇူးနစ်(နည်းပညာ) မှတစ်ဆင့်ပြန်လည်ဝေမျှပေးပါသည်။


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

ဟာသပုံ​တွေဖန်​တီးချင်​သူ​တွေအတွက်​ Modface Free By-

Posted: 18 Jun 2016 11:09 AM PDT



မိမိပုံကိုဟာသပုံ​တွေဖန်​တီချင်​​သူ​တွေအတွက်

Modface FreeApp ​လေးပါ။မိမိပုံသာမကပဲတခြားဟာသပုံ​တွေကိုပဲ

ဖန်​တီးရယူနိုင်​ပါတယ်​။ရိုးရှင်းလွယ်​ကူတာမို့အ​သေးစိပ်​မရှင်းပြ​တော့ပါဘူး။စိတ်​ဝင်​စားရင်​​အောက်​မှာDownloadရယူနိုင်​ပါသည်​။


( : DOWNLOAD : )

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

Selfie ရိုက်​ဖို့အ​ကောင်းဆုံး Retrica Camera By- CHAN LAY (MCMM)

Posted: 18 Jun 2016 11:07 AM PDT


ကမ္ဘာမှာ Selfie ဘုရင်​လို့လူသိများတဲ့
 Retrica Camrea
လေးပါ။မြန်​မာနိုင်​ငံမှာ​တော့သိပ်​ပြီးမသုံးကြ​သေးပါဘူး။တခြားCamreaထက်

တမူထူးခြားတဲ့ Effect​တွေပါဝင်​တာ​ကြောင့်

Selfie ဆွဲတဲ့​နေရာမှာအ​ကောင်းဆုံးလို့ဆိုလို့ရပါတယ်​။စမ်းသပ်​အသုံးပြုချင်​တယ်​ဆိုရင်​​တော့​အောက်​ကလင့်​မှာDownနိုင်​ပါတယ်​။


( : DOWNLOAD : )

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

Samsung Galaxy Grand Prime 4G Stock Firmware - By CHAN LAY (MCMM)

Posted: 18 Jun 2016 10:58 AM PDT




Galaxy Grand Prime 4G ဖုန်းအတွက် Android 5.1 ဗားရှင်း
Stock Rom လေးကို ပြန်လည်တင်ပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် Model က G531M, G531F ဆိုပြီးနှစ်မျိုးပဲရှိပါတယ်
Official Firmware ဖြစ်ပါတယ်၊ ဖိုင်ဆိုက်ကတော့ 826 MB ရှိပါတယ်။



Download Samsung USB Driver for Windows 

Download the latest Odin flashing Tool
=====================================================

Galaxy Grand Prime 4G Firmware for SM-G531F Global


Galaxy Grand Prime 4G Firmware for SM-G531M


   How to Install Only tar.file Firmware

========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။

Odin က PDA  ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

Download mode
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။

အားလုံးပဲအဆင်ပြေပါစေနော်...။ :)


ဇူးနစ်(နည်းပညာ) မှပြန်လည်ဝေမျှပေးပါသည်။


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

iPad ပြသာနာအဖြေရှာ-By CHAN LAY (MCMM)

Posted: 18 Jun 2016 10:50 AM PDT



တက်ဘလက်ထဲမှာ ဘယ်တက်ဘလက်က အကောင်းဆုံးလဲလို့မေးရင် လူအတော်များများက iPad လို့ဖြေမှာ သေချာပါတယ်။ iPad က အလုပ်လုပ်တာ အင်မတန်သွက်လက်မြန်ဆန်ပါတယ်။ RAM 1GB လောက်ပဲ ထည့်ထားပေးတဲ့ တက်ဘလက်တစ်လုံးဟာ RAM 2GB လောက် ထည့်ပေးထားတဲ့ Android တက်ဘလက်တွေနဲ့အပြိုင် အလုပ်လုပ်နိုင်တာ အံ့အားသင့်စရာကောင်းပါတယ်။ တက်ဘလက် OS ခြင်း ယှဉ်မယ်ဆိုရင်လည်း iOS ရဲ့လုံခြုံမှုဟာ Android ထက် သာနေပါတယ်။ ဘက်ထရီသက်တမ်းကြည့်ဦးမလား။ Hardware တွေ ဘယ်လောက်ပဲ အဆင့်မြင့်လာမြင့်လာ ဘက်ထရီသက်တမ်း ဆယ်နာရီကနေ ကျမသွား တာကလည်း ချီးကျူးရမယ့်အချက်ဖြစ်ပါတယ်။

ဒါဖြင့်ရင် iPad က ပြဿ နာလုံးဝမရှိတော့ဘူးလား မေးစရာရှိပါတယ်။
ပြဿ နာတချို့ရှိပါတယ်။ ပြဿ နာရဲ့အရင်းအမြစ်ကိုကြည့်ရင် iOS စနစ်တစ်ခုလုံးကို Hardware အပါအ၀င် တစ်ဦးတည်းမူပိုင် ထိန်းချုပ်ချင်တဲ့ Apple ကြောင့်ဆိုတာ တွေ့ရပါတယ်။ Port တွေဆိုရင် အများနဲ့မတူအောင်လုပ်တဲ့ Apple ကြောင့် Accessory တွေလာပြီး ချိတ်ရတာခက်ပါတယ်။ အဆိုးဆုံးကတော့ အပြင်ကနေ SD ကတ် ချိတ်ခွင့်မပေးတဲ့အချက်ပါ။ Apple ဟာ iPad ကို 16GB ကနေ 128GB ထိ storage space အသေထည့်တာကြောင့် data အသုံးကြမ်းတဲ့လူတွေ အတော်လေး ပြဿ နာတက်ပါတယ်။

Space လိုအပ်ချက်ကြောင့် ဖြစ်လာတဲ့ iPad ရဲ့ ပြဿ နာတစ်ခုကို အရင်ကြည့်ရအောင် နေရာလွတ်မရှိလို့ ဖြစ်လေ့ရှိတဲ့ အများဆုံးပြဿ နာက update ပြဿ နာပါ။ iOS ဟာ တစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပဲ minor update တွေ မကြာခဏထုတ်ပေးလေ့ရှိတာကြောင့် စွမ်းရည်ပိုကောင်းတဲ့ update သုံးချင်သူတွေဟာ ကိုယ့် iPad မှာ နေရာလွတ်မရှိရင်
သွေးပျက်ရပါတယ်။ ဘယ်ကမှ နေရာလွတ်မရတော့ဘူးဆိုရင် ထုံးစံအတိုင်း application တွေဖျက်ရပါမယ်။ တော်ရုံနေရာအနည်းအပါးကို Safari clean လုပ်ရုံနဲ့ ဆွဲထုတ်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် setting > safari ကို ၀င်ပါ။ ပြီးရင် clear History and website data ကို ရွေးပါ။ ပြီးရင် clear button နှိပ်ပြီး confirm လုပ်ပါ။

ဒီထက်ပိုပြီး နေရာလွတ်လိုဦးမလား၊ Reading List မှာယူထားတဲ့ နေရာတွေကို ထပ်ပြီး ဖျက်သင့်ပါတယ်။ အမှန်ဆိုရင် ဒီစာအုပ်စာရင်းက စာရင်းပဲရှိပြီး အွန်လိုင်းမှာ ဖတ်ရမှာ။ ဒါပေမဲ့ အထိန်းအချုပ်တွေ လျော့ပေးလာတော့ Offline ဖတ်မို့ data တွေ သိုလှောင်ခွင့်ပေးလာတယ်။ အဲဒီမှာတင် နေရာလွတ်တွေ စားကုန်ပါတယ်။ နေရာလွတ်တွေ ပြန်ယူဖို့ setting ထဲဝင်ပြီး general ကိုရွေးပါ။ ပြီးရင် storage & iCloud usage ကို ရွေးပါ။ ပြီးရင် Manage storage > safari > Edit ဆက်ဝင်ပါမယ်။ Offline Reading List ဘေးနားက အနှုတ်လက္ခဏာနေရာလေးဆီ ဆက်သွားပါမယ်။ ဒီနေရာအရောက်တွင် တခြား app တွေကိုလည်း ကြည့်ပါ။ data တွေ သိပ်စားနေသလား သိရအောင်လို့ပါ။ data သိပ်စားနေရင် app ကို uninstall မလုပ်ဘဲ delete လုပ်ပစ်နိုင်ပါတယ်။

နောက်တစ်ခုက iPad အလုပ်လုပ်တာနှေးတဲ့ပြဿ နာပါ။ တကယ်ကျတော့ iPad က အလုပ်လုပ်တာ အတော်မြန်ပါတယ်။ တပ်ကာစမှာ သိသိသာသာမြန်တယ်။ အိုင်တီပစ္စည်းတွေ ထုံးစံအတိုင်း ကြာတော့ နှေးလာပါတယ်။ မြန်ပါတယ်ဆိုတဲ့ iPad ဟာ သုံးပုံစွဲပုံနည်းလမ်းမကျရင် စာရိုက်တာတောင် ကမ္ဘောကမ္ဘာကြာပါတယ်။ iPad ဘယ်အချိန်မှာ စနှေးသလည်း၊ Storage Space တော်တော်ကြီးနည်းရင် စပြီးနှေးပါတယ်။ ဒါလည်း storage space ပြဿ နာပါပဲ။ နေရာလွတ် 200 MB အောက်ကျတာနဲ့ iPad က သိသိသာသာနှေးပါပြီ။

RAM ကိုသုံးနေရင်းကနေ အလုပ်ခိုင်းတာများလို့ memory မလောက်တော့ရင် iPad ဟာ free space တွေကို cache အနေနဲ့ သုံးပါတယ်။ ကွန်ပျူတာမှာ memory (RAM) မလောက်ရင် Virtual memory နဲ့ သုံးသလိုပါပဲ။ RAM ထက်စာရင် တခြား storage space တစ်ခုခုကိုသုံးတာဟာ အလုပ်ကို နှေးစေပါတယ်။ ဖြေရှင်းနည်းကတော့ app အဟောင်းထဲက တချို့ ဒါမှမဟုတ် လုံးဝမသုံးတဲ့ app ကို ဖျက်ပစ်တာပါ။ ဒီလိုလုပ်ဖို့ setting ကို ခေါ်တင်ပါ။ General > storage & iCloud usage > Manage storage အတိုင်းဝင်ပါ။ available space ဟာ 200 MB အောက် ဒါမှမဟုတ် 200 MB ၀န်းကျင်မှာရှိနေရင် applist ထဲဝင်ပြီး မလိုအပ်တဲ့ app တွေကို ရွေးပါ။ ပြီးရင် Delet app ကို နှိပ်ပါ။

iPad မှာတွေ့ရမယ့် နောက်ထပ်ပြဿ နာတစ်ခုကတော့ Charger ပြဿ နာပါ။ Android ဖက်ခြမ်းကိုကြည့်ရင် တက်ဘလက်ရဲ့ ဘက်ထရီအင်အား မတိမ်းမယိမ်းတူတဲ့အခါမျိုးမှာ USB charger တွေက တစ်လုံးနဲ့တစ်လုံး အလဲအလှယ်နဲ့ သုံးလို့ရပါတယ်။ iPad မှာတော့ Apple လုပ် မဟုတ်တဲ့ charger ကို iPad မှာထိုးစွပ်ပြီး အားသွင်းမယ်ဆိုရင် charging ကို support မလုပ်တဲ့အကြောင်း message တစ်ခုတက်လာပါမယ်။ message တက်လာတယ်ဆိုပေမယ့် တကယ် support မလုပ်တာ ဟုတ်ချင်မှဟုတ်မယ်။ လက်တွေ့မှာက charging သွင်းပေးတာလည်း ဖြစ်နိုင်တယ်။ iPad ကိုထိခိုက်မှာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ တတိယအုပ်စုကထုတ်တဲ့ charger တွေမှာ နာမည်ကောင်းမရှိတဲ့အပြင် ဘာရုပ်မှမပေါက်တဲ့ charger တွေကို iPad မှာ အားသွင်းဖို့ မ၀ယ်သင့်ပါဘူး။ ဒီအညံ့စား charger တွေမှာ ပစ္စည်းအရည်အသွေးနိမ့်တဲ့အတွက် iPad မှာအန္တရာယ်ရှိနိုင်ပါတယ်။ တစ်ခါတစ်လေမှာ Apple charger အစစ်သုံးပေမယ့် support မလုပ်တဲ့ သတင်းအမှားတက်တတ်ပါတယ်။ ဒီလိုအခြေအနေဆိုရင် iPad socket နဲ့ charger plug တွေကို လေအားပြင်းပြင်းနဲ့မှုတ်ပြီး သန့်စင်ပါ။ ပြီးရင် plug နဲ့ socket ကို မိမိရရချိတ်မိအောင် ကြိုးစားပါ။

Charging နဲ့ပတ်သက်တဲ့ နောက်ထပ်ပြဿ နာတစ်ခုကတော့ အားအ၀င်နည်းပြီး အားသွင်းချိန် ကြာတာပါ။ ဒါဆိုရင် တစ်ခုမေးစရာရှိပါတယ်။ ကိုယ်သုံးနေတဲ့ charger ဟာ iPad ၀ယ်တုန်းက တစ်ပါတည်းပါလာခဲ့တဲ့ မူရင်း charger လား၊ မဟုတ်ဘူး။ iPad မှာ iPhone charger နဲ့ အားသွင်းနေတာလို့ ဖြေရင်ဖြေမယ်။ Apple ထုတ်မဟုတ်တဲ့ တခြား charger နဲ့အားသွင်းတာလို့ ဖြေကောင်းလည်းဖြေနိုင်ပါတယ်။ iPhone charger က အထွက် 10 W ဒါမှမဟုတ် 12 W ရှိပါတယ်။ iPhone charger က 5 watt ပဲ အထွက်ရှိပါတယ်။ ဒါကြောင့် iPad charger နဲ့ iPhone အားသွင်းရင် ခဏနဲ့ အားပြည့်မှာဖြစ်ပြီး iPhone charger နဲ့ iPad ကို အားသွင်းရင် အားသွင်းချိန်သိပ်ကြာပါမယ်။ နောက်ဆုံးထွက်ထားတဲ့ iPad Mini 4 ကို အထွက် 5 watt ရှိတဲ့ charger နဲ့ အားသွင်းရင် သူ့မူရင်း charger နဲ့ အားသွင်းတာထက် နှစ်ဆပိုကြာပါမယ်။

iPad မှာရှိတဲ့ အကြီးကျယ်ဆုံးပြဿ နာကတော့ Apple Store မှာ sing in လုပ်ပြီး ၀င်ချိတ်လို့မရတဲ့ကိစ္စပါ။ Apple store ကလည်း play store လိုပဲ အကြီးစားအွန်လိုင်း store ဖြစ်ပြီး သူ့ထဲမှာ app ပေါင်း တစ်သန်းနီးပါးရှိပါတယ်။ စာအုပ်တွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေကိုလည်း ဒီကနေပဲဝယ်ရတာပါ။ App store ထဲဝင်ချိတ်လို့မရတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒါကို အရိုးရှင်းဆုံးဖြေရှင်းကြည့်တဲ့ နည်းလမ်းက Power နဲ့ home button ကို ဆယ်စက္ကန့်လောက်ဖိထားပြီး iPad ကို reboot ပြန်လုပ်တဲ့နည်းပါ။ တစ်ခါတစ်လေကျတော့လည်း screen ပေါ်က အရုပ်ပျောက်ပြီး Apple Logo ပေါ်လာတဲ့အထိ ဖိထားရတတ်ပါတယ်။

ဒီလိုနည်းနဲ့ဖြေရှင်းတာတောင်မှ sing in ၀င်လို့မရသေးဘူးဆိုရင် iPad မှာ instasllation တင်ထားတဲ့ app တစ်ခုခု ဒုက္ခပေးနေတာဖြစ်နိုင်ပါတယ်။ Home page ထဲဝင်ကြည့်ပြီး အရောင်မှိန်နေတဲ့ app icon တစ်ခု တစ်လေရှိမလားဆိုတာ ရှာကြည့်ပါ။ Installation မပြီးခဲ့ရင် ပြီးအောင်လုပ်လို့ရမလားဆိုတာ ကြိုးစားကြည့်ပါ။ ဒီလိုလုပ်ကြည့်တဲ့အထိ sing in ၀င်လို့မရသေးဘူးဆိုရင် iPad ရဲ့ setting ကို reset လုပ်ကြည့်ပါ။ Personal data တွေဖျက်ပစ်မှာ မဟုတ်ပါဘူး။ ဒီလိုလုပ်ကြည့်ဖို့ setting > General ကိုဝင်ပါ။ ပြီးရင် အောက်ဘက်ကို ပွတ်ဆွဲပြီး Reset တွေ့ရင် တစ်ချက်ခေါက်ပါ။ ပြီးရင် Reset all setting နေရာမှာ တစ်ချက်ခေါက်ပါ။ Confirm လုပ်ဖို့အတွက် PIN နံပါတ်ထည့်ပေးရပါမယ်။


Credit ===> NET GUIDE JOURNAL


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

Redmi 1S ဖုန်း MIUI 7or MIUI 6 များကို Root လုပ်နည်း-By CHAN LAY (MCMM)

Posted: 18 Jun 2016 10:36 AM PDT





Redmi 1S ဖုန်း MIUI 7or MIUI 6 များကို Root လုပ်နည်းကို
တောင်းဆိုထားတဲ့ ညီအကိုအတွက် တင်ပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ exploit package ကိုအသုံးပြုပြီး
Recovery Mode မှ Flash ပေးပြီး Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။

ဒီဖုန်းကို Custom recovery ထည့်သွင်းပြီးမှ SuperSU ဖြင့် Root လုပ်နည်း
နာမည်ကြီး One Click Root Tool & Apps များဖြင့် Root လုပ်နည်းများထက်
ပိုမို Stable ကျတဲ့နည်းဖြစ်ပြီး ကွန်ပျူတာလည်းမလိုအပ်တာမို့ ပိုအဆင်ပြေပါတယ်။



Download the flashable root exploit package for Redmi 1s


OR


Download the flashable root exploit package for Redmi 1s



Root လုပ်နည်း

=========
၁။ flashable root exploit package ကိုဒေါင်းလော့ရယူပြီး
SD Card သို့မဟုတ် Internal Storage သို့ကူးထည့်လိုက်ပါ။
၂။ အောက်ပါပုံအတိုင်း Updater app ကိုဖွင့်လိုက်ပါ။




၃။ အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ "Choose Update Package" ကိုနှိပ်ပါ။








၎။ ပုံမှာမြင်နေရသည့်အတိုင်း Root_HM1S_MIUI6_Global.zip file ကိုရွေးချယ်ပါ။



၅။ အားလုံးအသင့်ဖြစ်ရင်တော့ Root zip ဖိုင်ကို Flash ပေးလိုက်ပါ။

၆။ Flash Process ပြီးဆုံးသွားတဲ့အခါ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

၇။ Reboot process ပြီးလို့ တက်လာတဲ့အခါ SuperSU app ကို
ဖုန်း Menu screen မှာမြင်နေရပါလိမ့်မယ်။

၈။ SuperSU app ကိုဖွင့်လိုက်ပါ၊ ပုံပါအတိုင်း Continue ကိုနှိပ်ပါ။




၉။ နောက်ထပ် dialog box တစ်ခုကျလာပါလိမ့်မယ်၊ "Normal" ကိုနှိပ်ပါ။



၁၀။ အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ အချိန်အနည်းစောင့်နေလိုက်ပါ။





၁၁။ အားလုံးပြီးသွားတဲ့အခါ Reboot ဆိုတာကို နှိပ်ပေးပြီး Reboot ချပေးလိုက်ပါ။




၁၂။ ပြန်တက်လာတဲ့အခါ Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။




Ref === http://xiaomitips.com


ဇူးနစ်(နည်းပညာ) မှပြန်လည်ဖော်ပြပေးပါသည်။



ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

VS: 4.0.8.1 နောက်ဆုံးထွက် "The KMP Player"-By CHAN LAY (MCMM)

Posted: 18 Jun 2016 10:22 AM PDT


Image result for KMP Logo

ကျွန်ပျူတာဖြင့် Movies ကြည့်သူတိုင်းအတွက်... HD Movies များကို

ကြည်လင်ပြတ်သားစွာဖြင့် ကြည့်ရှုနိုင်သော "The KMP Player" နောက်ဆုံးထွက် Version ကို...

နည်းပညာချစ်သော ပရိတ်သတ်များ အောက်တွင် Downlaod ရယူနိုင်ပါပြီ... နော်။ :)

Supproting ပေးတဲ့ Format များသိချင်ရင်တော့... အောက်တွင်ဖတ်ရှုကြည့်ပါနော်။

VCD, DVD, AVI, MKV, Ogg Theora, OGM, 3GP, MPEG-1/2/4, WMV, RealMedia, and QuickTime among others. It handles a wide range of subtitles and allows you to capture audio, video, and screenshots in many ways.


( : DOWNLOAD : )


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

0 comments:

Post a Comment