မောင်ပေါက် ( Maung Pauk ) |
- Huawei ရဲ့ ဒေါ်လာ ၇၀၀ တန် MateBook Window Tablet ကိုစတင်ဖြန့်ချိတော့မည် - By CHAN LAY (MCMM)
- တရုတ်ကုမ္ပဏီတစ်ခုက Apple ကို စမတ်ဖုန်းဒီဇိုင်းခိုးယူမှုဖြင့် တရားစွဲဆို - By CHAN LAY (MCMM)
- Galaxy Grand Quattro GT-I8552 Lollipop လေးရပြီနော်.... - By CHAN LAY (MCMM)
- Samsung J700H ဖုန်း ဗားရှင်း 6.0.1 marshmallow Root လုပ်နည်း - By CHAN LAY (MCMM)
- မည်သည့် နိုင်ငံကမဆို ဖုန်းဘေမရှိဘဲ အင်တာနတ်ဖရီးသုံးနိုင်မည့် Psiphon ခေါ်မိုဘိုင်း App By - CHAN LAY (MCMM)
- Developer Account မပါပဲ iOS 10 Beta OTA Update ကိုတင်ယူနည်း - CHAN LAY (MCMM)
| Huawei ရဲ့ ဒေါ်လာ ၇၀၀ တန် MateBook Window Tablet ကိုစတင်ဖြန့်ချိတော့မည် - By CHAN LAY (MCMM) Posted: 20 Jun 2016 12:39 PM PDT Huawei ရဲ့ Windows 2in1 တက်ဘလက် Matebook ကို မကြာမီမှာ အမေရိကန်ပြည်ထောင်စုမှာ ဒေါ်လာ ၆၉၉ နဲ့ စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ Window 10 စနစ်သုံး ၁၂.၉လက်မမျက်နှာပြင် (2160×1440 resolution) ရှိပြီး၊ Intel ရဲ့ Skylake Core M ပရော်ဆက်ဆာ၊ 4GB ရှိတဲ့ RAM နဲ့ 128GB Storage စတဲ့ လုပ်ဆောင်ချက်တွေရှိတဲ့ ဒီ Tablet ဟာ ဈေးနှုန်းနဲ့ သင့်တော်တယ်လို့ ဆိုရမှာပါ။ MateBook ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက်စ် (MWC 2016) မှာ ထုတ်ဖော်မိတ်ဆက်ခဲ့တာပြီး ဝေဖန်သူ၊ မီဒီယာသမား တွေရဲ့ နှစ်သက်မှုတွေကို ရရှိခဲ့တာပါ။ Huawei ဟာ MateBook ရဲ့ ဘက်ထရီသက်တမ်းကိုလည်း ဗီဒီယိုကြည့်တာချည်းအနေနဲ့ ဆိုရင် ၉နာရီအထိ ကြာရှည်ခံတယ်လို့ ဆိုခဲ့ပါတယ်။ ပြီးတော့ MateBook မှာ လုံခြုံရေးစနစ်အနေနဲ့ Fingerprint ဆန်ဆာကို ဘေးဘက်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ တစ်ခုရှိတာက Keyboard Case နဲ့ Stylus Pen စတဲ့ အစိတ်အပိုင်းတွေဟာ ဒေါ်လာ၇၀၀ နဲ့စတင်တဲ့ Matebook မှာမပါဝင်ပါဘူး။ သပ်သပ်ထပ်ဝယ်ရမယ့် အနေအထား ရှိပါတယ်။ အဲ့ဒီအပြင် Processor ပေါ်မူတည်ပြီး (Core M7 အထိ အဆင့်မြှင့်တင်နိုင်) တခြား Options တွေအပါအဝင် MateBook ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၁၀၀၀ လောက်အထိ မြှင့်တက်သွားနိုင်ပါတယ်။ ဒါပေမယ့် ဈေးကြီးလွန်းတဲ့ Microsoft ရဲ့ Surface Book ပြီးရင် Window 10 တက်ဘလက်တွေထဲမှာ ဈေးနှုန်းသင့်လျှော်တဲ့ တက်ဘလက် တစ်မျိုးဖြစ်ပါတယ်။ Huawei MateBook ကို မနက်ဖြန်မှာ နယူးယော့ခ်မှာ စတင်ဖြန့်ချိမှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ရောက်ရှိမယ့် ရက်နဲ့ ဈေးနှုန်းကိုတော့ ထုတ်ဖော်ခြင်းမရှိသေးပါဘူး။ Credit to ==> Digital Times ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| တရုတ်ကုမ္ပဏီတစ်ခုက Apple ကို စမတ်ဖုန်းဒီဇိုင်းခိုးယူမှုဖြင့် တရားစွဲဆို - By CHAN LAY (MCMM) Posted: 20 Jun 2016 12:42 PM PDT iPhone 6 ဟာ ၎င်းတို့ရဲ့စမတ်ဖုန်းဒီဇိုင်းကို ခိုးယူထားကြောင်း တရုတ်ကုမ္ပဏီတစ်ခုက Apple ကို စွပ်စွဲလိုက်တာကြောင့်၊ ဘေဂျင်းမှာ iPhone 6 နဲ့ 6 Plus ရောင်းချမှုတွေ ရပ်ဆိုင်းထားဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းအခြေစိုက် Baili ကုမ္ပဏီဟာ 100 Plus အမှတ်တံဆိပ်နဲ့ထုတ်ထားတဲ့ ၎င်းတို့ရဲ့ 100C မော်ဒယ် စမတ်ဖုန်းဒီဇိုင်းကို Apple က ခိုးယူထားကြောင်း၊ ဘေဂျင်းမူပိုင်ခွင့်ထိန်းသိမ်းရေး အဖွဲ့အစည်းဆီမှာ မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး၊ Apple နဲ့ တရုတ်ပြည်တွင်းဖြန့်ချိရေးကိုယ်စားလှယ်ကုမ္ပဏီ Zhongfu Telecom Equipment တို့ကတော့ လက်ရှိမှာ အယူခံဝင်ထားလျက်ရှိတယ်လို့ သိရပါတယ်။ Baili ကုမ္ပဏီဟာ ၎င်းတို့ရဲ့ 100C စမတ်ဖုန်းကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ မူပိုင်ခွင့်တင်ခဲ့ပြီး၊ နောက်ထပ်ကိုးလအကြာမှာ Apple က iPhone 6 ကို ထုတ်ခဲ့တာဖြစ်ပါတယ်။ တရုတ်မူပိုင်ခွင့်အဖွဲ့အစည်းရဲ့ ထုတ်ပြန်စာမှာတော့ " iPhone 6 ဖုန်းနဲ့ Baili ရဲ့ 100C ဖုန်း တို့ဟာ ဒီဇိုင်းပိုင်းမှာ အနည်းငယ်ကွာခြားမှုလေးတွေရှိပေမယ့်၊ ဒီဇိုင်းမူပိုင်ခွင့်နဲ့ကတော့ ငြိနေပါတယ်" လို့ ရေးသားထားပါတယ်။ ကျနော်တို့ အနေနဲ့ iPhone 6 ဖုန်းနဲ့ အင်တာနက်မှာတွေ့ရတဲ့ 100C ဖုန်းတို့ရဲ့ ကွာခြားချက်တွေကို ၃ မိနစ်ကြာ ထဲထဲဝင်ဝင်လေ့လာကြည့်ပြီးမှာတော့၊ အောက်ပါမတူညီချက်လေးတွေကို တွေ့ခဲ့ရပါတယ်။ 100C ဖုန်းဟာ ရှေ့ဘက်မှာ ဟုမ်းခလုတ်မပါသလို၊ capacitive ခလုတ်တွေနဲ့ ဖြစ်ပါတယ်။ ကင်မရာဖလက်ရှ်မီးက အောက်မှာပါ။ 100C မှာ ကင်မရာက အထဲဝင်နေပါတယ်။ ဒါပေမယ့် Apple ဟာ တရုတ်မူပိုင်ခွင့်ဥပဒေနဲ့ပတ်သတ်ရင် ကံမကောင်းတာကြောင့်၊ ဒီအမှုမှာလည်း ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ Baili ကုမ္ပဏီဟာ တရုတ်ပြည်တွင်းမှာတောင် လူသိနည်းတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ကိုယ်ပိုင်တရားဝင်ဝက်ဘ်ဆိုဒ် တောင်မရှိပါဘူး။ Credit to ==> Digital Times ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Galaxy Grand Quattro GT-I8552 Lollipop လေးရပြီနော်.... - By CHAN LAY (MCMM) Posted: 20 Jun 2016 12:27 PM PDT ROM တင်ပြီးရင် ရလာမယ့် ပုံစံလေးပါ...။ ![]() ကျွန်တော် လက်ရှိသုံးနေတဲ့ Galaxy Win အတွက် Custom Rom လေးပါ ကြိုက်တယ်ဆိုရင်တော့ လိုအပ်တာတွေကို Download ချလိုက်ပါ...။ CWM ကနေ သွင်းရမှာနော်... သင့်ရဲ့ လိုအပ်တဲ့ အရေးကြီး Data တွေကို Backup ယူထားဖို့လည်းမမေ့ပါနဲ့....။ ကျွန်တော် တိုက်ရိုက်လင်ခ့်ကနေပြီး... ချပေးထားတာနော်...။ သူရဲ့ Official Website မှာလည်းသွားလေ့လာလို့ရတယ်...။ နားမလည်ဘူးဆိုရင်တော့ ကျွန်တော် ချမ်းမြေ့မောင် ဆီသို့ Comment သို့ဟုတ် Mail ကနေပြီး... အကြောင်းကြားနိုင်ပါတယ်... CWM နောက်ဆုံး Version တွင်ထူးခြားပါဝင်လာသော Feature များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
လုပ်ဆောင်ရမည့်အချက်များ1. Backup your device data. You can follow our ultimate backup guide. [Optional] 2. Make sure your device have at least 60% battery power. You can install an app like Battery Percentage on your Android device to check it easily. 3. You already have USB Driver Installed for Galaxy Grand Quattro GT-I8552 in your PC. [Download USB Drivers] 4. Make sure USB Debugging is enabled otherwise you won't able to transfer file between PC and Galaxy Grand Quattro GT-I8552. [Guide]. If you done everything that we mentioned above then you are ready to follow step-by-step guide on how to install ClockworkMod Recovery 6.0.4.5 on Galaxy Grand Quattro GT-I8552. File Required(Download by clicking on it) Backup လုပ်နည်းမသိရင် "ဒီမှာ" သွားကြည့်ပါ...။ လိုအပ်တဲ့ ဖိုင်များ Download ချရန်ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Samsung J700H ဖုန်း ဗားရှင်း 6.0.1 marshmallow Root လုပ်နည်း - By CHAN LAY (MCMM) Posted: 20 Jun 2016 10:28 AM PDT ![]() Samsung J700H ဖုန်းအတွက် နောက်ဆုံထွက် ဗားရှင်း 6.0.1 marshmallow Root လုပ်နည်းကိုတင်ပေးလိုက်ပါတယ်။ ဒီဖုန်းရဲ့ ဗားရှင်း 6.0.1 marshmallow ကို Root လုပ်မယ် ဆိုရင်တော့ Custom Recovery အရင်ထည့်သွင်းပေးရပါမယ် ပြီးတော့မှ ROOT_J700H_6.0.1_BY_ALOSYRIA.zip ဖိုင်ဖြင့် Recovery Mode မှ Supersu.zip ဖိုင်ကို Flash ပေးသကဲ့သို့ ထည့်ပေးလိုက်ရုံဖြင့် Root access ရရှိနိုင်ပါတယ်။ လိုအပ်ချက်များ=========၁။ Samsung USB Driver ၂။ Odin Flash Tool for windows ၃။ USB Cable ၄။ ROOT_J700H_6.0.1_BY_ALOSYRIA.rar ကြိုတင်ပြင်ဆင်ရမယ့်အချက်များ====================ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။ တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့ ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။ ငြင်းဆိုချက်=======မိမိဖုန်းကို Rooting process တစ်ခုပြုလုပ်လို့ပဲပဲဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် Brick ဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ) မှ တာဝန်ယူဆောင်ရရွက်ပေးလိမ့်မယ်မဟုတ်ပါ။ ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Root ရန်အတွက် မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။ Download Samsung USB Driver for Windows Download the latest Odin flashing Tool ROOT_J700H_6.0.1_BY_ALOSYRIA Password File - ALOSYRIA (မမေ့ပါနဲ့နော်... :) ) TWRP Recovery ထည့်သွင်းနည်း====================၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ ၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ ၃။ ဒေါင်းလော့ရလာတဲ့ zip ဖိုင်ထဲတွင် Twrp File & Root.zip ပါလိမ့်မယ် zip ဖိုင်များကိုတော့ လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ။ ၄။ Odin ကိုဖွင့်ပါ AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး ဒေါင်းလော့ရယူထားတဲ့ twrp recovery.zip ဖိုင်ကိုထည့်လိုက်ပါ။ ၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။ volume down + Home + power ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။ ၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။ ၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ကိုဖြုတ်လိုက်ပါ။ ၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ ၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။ ၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။ ၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့ သင့်ဖုန်း Samsung J700H မှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။ ROOT_J700H_6.0.1_BY_ALOSYRIA.rar ဖြင့် Root ပြုလုပ်နည်းကိုတော့ အောက်မှာဆက်ပြီးလေ့လာကြည့်လိုက်ပါ လိုအပ်ချက်များ==========၁။ မိမိဖုန်းတွင် TWRP Recovery ထည့်သွင်းထားရပါမယ် ၂။ ROOT_J700H_6.0.1_BY_ALOSYRIA.rar ဖြစ်နေရပါမယ် ROOT_J700H_6.0.1.zip ဖြင့် Root ပြုလုပ်နည်း ============================= ၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ။ ၂။ ROOT_J700H_6.0.1.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။ ၃။ ဖုန်းကို Recovery mode ၀င်လိုက်ပါ။ Volume Up + Home + power ၄။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။ ၅။ ROOT_J700H_6.0.1.zip အား install လုပ်ပြီး Reboot ချပေးလိုက်ပါ။ ၆။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root Access ရရှိနေပါပြီ။ ၇။ RootChecker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။ Credit ===> http://halabtech.com အဆင်ပြေကြပါစေနော်...။ ဇူးနစ်(နည်းပညာ) မှပြန်လည်မျှဝေသည်။ ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net Samsu |
| Posted: 20 Jun 2016 10:18 AM PDT ![]() မည်သည့် နိုင်ငံကမဆို ဖုန်းဘေမရှိဘဲ အင်တာနတ်ဖရီးသုံးနိုင်မည့် Psiphon ခေါ်မိုဘိုင်း App အသစ်လေးကို တင်ပေးလိုက်ပါတယ်ဗျာ။ ဖုန်းဘေမရှိတဲ့ အချိန် အင်တာနတ်ကို ဖရီးအသုံးပြုနိုင်တဲ့ Psiphon ဆိုတဲ့မိုဘိုင်း Application နဲ့ အသုံးပြုနည်းကို လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းဖြင့် ဖော်ပြပေးလိုပါတယ် အသုံးပြုနည်း အဆင့် ဆင့် နှင့် အလွယ်တကူလေ့လာနိုင်အောင်ရှင်းပြပေးထားပါတယ်။ ဖုန်းဘေ မရှိတော့တဲ့ အချိန်မှသာစမ်းသပ်ကြရန် တိုက်တွန်လိုက်ပါတယ်။ ဆော့ဝဲကိုတော့အောက်ကလင်ခ့်မှာ အလွယ်တကူဒေါင်းလုပ်ရယူနိုင်ပါတယ်။ Credit-လင်း(စွယ်စုံ) ( : DOWNLOAD : ) ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Developer Account မပါပဲ iOS 10 Beta OTA Update ကိုတင်ယူနည်း - CHAN LAY (MCMM) Posted: 20 Jun 2016 10:11 AM PDT ![]() ပန်းသီးချစ်သူများအတွက် အရမ်းဟော့နေတဲ့ နောက်ဆုံးထွက်ဆိုတဲ့ ဗားရှင်းကို Developer Account မပါပဲ iOS 10 Beta OTA Update တင်ယူနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဗားရှင်းအတွက် Features အသစ်များပါဝင်ပြီး ကောင်းမွန်သလို မြန်မာစာအတွက်လည်း အခက်အခဲရှိနိုင်ပါတယ်။ စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါလင့်တွင်ရယူပြီး Upgrade ပြုလုပ်နည်းကိုပါလေ့လာကြည့်လိုက်ပါ။ Features=======Improved lock screen Rise to wake Interactive notifications Swipe-able shortcuts Redesigns in Apple Music, Apple News, Home App, Maps, Photos+Memories, iMessage, etc. Instruction (Eng)===========Step 1: Open Safari on your iOS device and open this link : DOWNLAOD : Step 2: Tap on Download as a free member, this will download a profile for your device. Step 3: Now once the profile is downloaded, you'll be asked on which device would you like to install this profile? Select iPhone. Step 4: Follow the instruction on the screen. After the profile is installed your device will reboot. Step 5: Once your device is done with rebooting, Open Settings-> General-> Software update->here you'll see iOS 10 Developer Beta OTA update waiting for you there. Step 6: Hit Download and Install, sit back and relax. That's All. iOS 10 Beta OTA Update ကိုတင်ယူနည်း=========================၁။ ပထမဆုံး မိမိ Device မှ Safari ကိုဖွင့်လိုက်ပါ၊ ပြီးရင် အောက်ပါလင့်သို့ သွားလိုက်ပြီး iOS 10 Beta OTA Update ကိုဒေါင်းလော့လိုက်ပါ။ Download iOS 10 Beta OTA Update ၂။ မိမိ Device အတွက် Free member အနေဖြင့် ရယူမှာဖြစ်တဲ့အတွက် Download ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။ ၃။ which device would you like to install this profile? အစရှိသည်ဖြင့် မေးလာခဲ့ရင်တော့ iPhone ဘော်ဒါတွေကတော iPhone ပေါ့ iPad ဘော်ဒါတွေကတော့ iPad စသည့်ဖြင့် မိမိ Device အတွက် သက်ဆိုင်ရာ ကို ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။ ၄။ ပြီးရင်တော့ Instruction အတိုင်း လုပ်သွားလိုက်ပါ၊ Profile ကို Install ပြုလုပ်ပြီးသွားရင်တော့ Device က Reboot ကျသွားပါလိမ့်မယ်။ ၅။ ပြန်တက်လာတဲ့အခါ Settings > General> Software update ဆိုပြီး Into ကိုသွားလိုက်ပါ၊ iOS 10 Developer Beta OTA update ကြီးမြင်ရပါလိမ့်မယ်။ Credit ===> http://techbeasts.com ဇူးနစ်(နည်းပညာ) မှပြန်လည်ဝေမျှပေးပါသည်။ ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: ) CHAN LAY (MCMM) www.chanmyaemaung.net |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |














0 comments:
Post a Comment