Related Posts Plugin for WordPress, Blogger...

June 9, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


GTA San Andreas 1.0.8 PRO 2015 Apk + Data For Android

Posted: 08 Jun 2016 02:07 AM PDT


GTA SA ကားသူခိုးဂိမ်းလေးပါ P2 မှလည်းအရမ်းလူကြိုက်များခဲ့တဲ့ဂိမ်းလေးဖြစ်ပါတယ် ဖုန်းအတွက်
တွေ့လို့တင်ပေးလိုက်ပါတယ် အောက်မှာ ဒေါင်းပါ
GTA San Andreas 1.08 Cracked apk full Data 2015

How to install GTA San Andreas 1.08 Cracked apk full Data

  1. Install apk file until completion
  2. Download and copy data files to SD card/Android/Obb
  3. Go to the CJ house and save games in a new slot
  4. Open GTA-san-andras edition v 2.3 and save in same slot
  5. Select the cheat you are using and press save
  6. Return to the game, load and save
  7. Finished and ready to be played. enjoy.

Grand-Theft-Auto-San-Andreas-v1-08.apk


System Reqs :
  • Android OS 4.O and UP
  • Minimum 1 GB RAM
  • ARM v7 android CPU

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



-

နေအိမ်မှ စိတ်ဆိုး၍ ထွက်သွားသူ ပြန်လာစေသော ဆုတောင်း ဂါထာမန္တာန်

Posted: 08 Jun 2016 12:56 PM PDT

Image result for pray img


မိသားစုဝင် တစ်ဦးဦးဖြစ်စေ၊ ခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ၊ သားဖြစ်စေ၊ သမီးဖြစ်စေ၊ တူ, တူမ, မြေး, မြစ် စသည်ဖြင့် တစ်ဦး တစ်ယောက်သည် စကားပြော အဆင်မပြေ၊ စိတ်သဘောထားချင်း မတိုက်ဆိုင်၊ စိတ်အခန့်မသင့်၊ စိတ်ဆိုးပြီး အခြား အရပ်တစ်ပါး တစ်နေရာရာသို့ ထွက်သွားလျှင် မိသားစုဝင် တစ်ဦးဦးမှ အောက်ပါ ဆုတောင်းဂါထာမန္တာန်ကို နေအိမ် ဘုရားဆောင်တွင် အလင်းတိုင်၊ အမွှေးတိုင်၊ ဆွမ်း၊ ရေချမ်းကပ်လှူ ပူဇော်၍ (၃၇) ခေါက် ရွတ်ဖတ်ပေးပါ။ (၇) ရက် ဆက်တိုက် ပြုလုပ်ပေးရပါမည်။ စိတ်ဆိုး ဆင်းသွားသူ အိမ်ပေါ် ပြန်ရောက်လာလျှင် ရပ်ထားပါ။ (၇) ရက် လုပ်ရန် မလိုတော့ပါ။

ဘုရားဆောင်ရှေ့တွင် ရွတ်ဖတ် ဆုတောင်းရမည့် ဂါထာမန္တာန်မှာ -

* ဧဝံ အစိန္တိယေ၊ အစိန္တိယာ၊ ပဿန္နံနာ၊ ဝိပါကောဟောတု၊ အစိန္တိယော၊ အနုတ္တရာပုရိသ ဓမ္မအာအာသော၊ မေတ္တဉ္စအာပေါ။
အထက်ပါ ဂါထာမန္တာန် ဆုတောင်းကို ဘုရားဆောင်တွင် ဆွမ်း၊ ရေချမ်း၊ ပန်း၊ အလင်းတိုင်၊ အမွှေးတိုင် ပူဇော်ပြီး (၃၇) အုပ် ရွတ်ဖတ်ပေးပါ။ (၇) ရက်အတွင်း သတင်းသော်လည်း ကြားရမည် (သို့မဟုတ်) နေအိမ်မှ ဆင်းသွားသူ ပြန်လာပါလိမ့်မည်။

ငွေကုန်ကြေးကျ မရှိပဲ မိမိ မိသားစုကိုယ်တိုင် ပြုလုပ်နိုင်သည့်အပြင် ကုသိုလ်လည်းရ၊ စိတ်ချမ်းသာရသည့် နည်းစနစ်ကောင်းဖြစ်၍ တင်ပြလိုက်ရပါသည်။

(* နေရာတွင် ဥုံခံ၍လည်း ရွတ်ဆိုနိုင်ပါသည်။)

ချမ်းမြေ့ သာယာကြပါစေ...

* - * - * - * - * - *

{"သိဒ္ဓိမိုး" မဂ္ဂဇင်း၊ အမှတ် (၄၀)၊ (၂၀၀၉) ခုနှစ်၊ ဇန်နဝါရီလထုတ် (အုပ် (၄၀) ပြည့် အမှတ်တရ အထူးထုတ်) ၌ ပါရှိသည့် "နတ်မောက် "မင်းသန့်နိုင်" ၏ ဆောင်းပါးအား ပြန်လည် တင်ပြသည်။}





www.mcmm.ga

Mediatek Device အများစုမှာဖြစ်တတ်တဲ့ Firmware ရေးပြီး LCD ဖွေးသွားတာကို ဖြေရှင်းကြမယ် BY CHAN LAY (MCMM)

Posted: 08 Jun 2016 11:33 AM PDT





Image result for MTK ERROR LOGO



ဒီနည်းလမ်းကိုတော့ MTK Device အကုန်လုံးနီးနီးမှာသုံးလို့ရပါတယ်။ ဒီဟာနဲ့ Fix လုပ်တော့မယ်ဆိုရင် တင်မယ့် Firmware လေးကို အရင်ဆွဲထားလိုက်ပါဦး။

ဒီပြသနာကြုံလာရရင် အများစုက

၁။ အကောင်းတစ်လုံးက Readback ထုတ်ပြီး ပြန်ရေးတာ
၂။ ကိုက်တဲ့ Firmware ကို ပိုက်ပိုက်ပေးပြီး လိုက်ဝယ်တာ
၃။ LCD လဲကြည့်ပြီးတော့ ဖြေရှင်းတာ မျိုးကိုပဲ လုပ်တတ်ကြပါတယ်။

ဒီပြသနာက ဘာကြောင့်ဖြစ်ရသလဲ လေ့လာကြည့်လိုက်တော့ Linux Kernel က LCD Driver မကိုက်တာကြောင့်လို့ဆိုပါတယ်။ Kernel လား MTK ဖုန်းတွေမှာ uboot ပေါ့ဗျာ။ တစ်ခါတစ်လေမှာလည်း driver ရှိပါလျက်နဲ့ အဲဒီ Driver ကို load လုပ်မယ့် configuration ဖိုင်တွေဒုက္ခပေးတာကြောင့်လည်း ဒီပြသနာ ပေါ်ရပါတယ်။

ဒီ Post ကိုမရေးခင် Internet မှာလျှောက်ရှာကြည့်တော့ တိကျတဲ့နည်းလမ်း မတွေ့ဘူးဗျ။ ကျွန်တော်လည်း စဉ်းစားရင်း စဉ်းစားရင်း ဒီနည်းလမ်းကိုတွေ့သွားတာ။ ဆရာသမားတချို့က လုပ်လို့ရတယ်လို့ ဆိုကြပေမယ့် ဘယ်လို လုပ်သလဲလို့ မေးလိုက်ရင်တော့ မြန်မာနည်းပညာသမားပီသစွာနဲ့ မပြောကြဘူးဗျား။ ဒီတော့ ဒီထက်ကောင်းတဲ့နည်းလမ်းရှိရင် ရှိပါလိမ့်မယ်။ ကျွန်တော်တော့မသိဘူး။ ဒီနည်းလမ်းကတော့ ကျွန်တော်ကိုယ်တိုင် စမ်းလုပ်ကြည့်လို့ OK နေတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ဒီနည်းလမ်းကတော့ Firmware အပြင် ဘာမှမလိုပါဘူး။ Box လည်းသုံးစရာမလိုပါဘူး။ စဉ်းစားတတ်တဲ့ စိတ်လေးနည်းနည်းနဲ့
အပင်ပန်းခံနိုင်ဖို့ပဲလိုပါတယ်။ လိုအပ်ရင်တော့ bootloader unlock လုပ်ထားပါ။ မလုပ်ထားရင် Power သေတတ်တယ်။

ပြီးရင်စမယ်။

၁။ Firmware မရေးခင်မှာ Phone ကို Readback ထုတ်ပြီး Backup အရင်လုပ်ပေးလိုက်ပါ။ ဖုန်းပွင့်သေးတဲ့ အနေအထားမှာ Root ရှိခဲ့မယ်ဆိုရင် MTKDroidTools နဲ့ Backup လုပ်နိုင်ပါတယ်။
တကယ်လို့ Root မရှိရင်လည်း SP FlashTool ကို သုံးပြီးတော့ Read Back ထုတ်နိုင်ပါတယ်။ အဲတော့ မေးကြတော့မယ်ထင်တယ် ခင်ဗျားဗျာ။ Phone မပွင့်လို့ ScatterFile ထုတ်လို့မရတာကို ဘယ်လို Readback ထုတ် မတုန်း။ စောစောက Firmware ဆွဲထားတယ်လေ။ အဲဒီအထဲက ScatterFile ယူပေါ့။ Readback လုပ်မယ်ဆိုရင် Full Readback ဖြစ်ဖို့လိုပါတယ်။

၂။ Full Readback လုပ်ဖို့အတွက် Scatter File ကို Notepad ++ နဲ့ဖွင့်ပြီးတော့ file_name: NONE ဖြစ်နေတဲ့နေရာတိုင်းမှာ ကိုယ်ကြိုက်တဲ့နာမည်တစ်ခုခုထည့်ရေးပေးပါ။ ပြီးရင် is_download မှာ false ကို true ပြောင်းပြီး Save မှတ် OK။ ဒါပေမယ့် userdata အောက်က partition တွေကိုတော့ readback မှာယူဖို့မလိုဘူးဗျား။ ယူချင်ယူမယူချင်နေ။ OK။ ခင်ဗျားဗျာ မကောင်းတဲ့ ဖုန်းက Firmware ကို ဘာလုပ်ဖို့တုန်း၊ Power မလာဘူး။ Virus တွေနဲ့ Wifi မရတာနဲ့။ ဘာလုပ်ဖို့ Readback လုပ်ခိုင်းသလဲဆို လာပါလိမ့်မယ်။

၃။ အဲဒီလို Read back လုပ်ပြီးရင်တော့ ရလာတဲ့ Firmware ကို သေချာသိမ်းထား။ ပြီး အသစ်ဆွဲထားတဲ့ Firmware ကိုပြန်တင်ကြည့်ပေါ့ဗျ။ ဘာမှပြသနာမရှိဘူး။ အားလုံး OK တယ်ဆိုရင် ဘာမှ လုပ်ဖို့မလိုတော့ဘူး။ ပြီးပြီ။

၎။ ဟီး Firmware လည်းတင်လိုက်ရော ငါ့ Screen ကြီးဖွေးသွားပါလား။ အနက်ရောင်လေးဖြစ်သွားပါလား၊ အရောင်စုံတွေပေါ်လာပါလား။ အသံမထွက်တော့ပါလား။ စသဖြင့် လားတွေများလာပြီဆိုရင် ဖြေရှင်းဖို့လိုအပ်လာမှာဖြစ်ပါတယ်။

၅။ ဒီတော့ Read back ထုတ်ထားတဲ့ Firmware နဲ့ Download လုပ်ထားတဲ့ Firmware နှစ်ခုလုံးရဲ့ Folder တွေကို ဖွင့်ဗျာ။ မှားမယ်ဗျနော။ သတိထား။ ပြီးရင် Download ဆွဲထားတဲ့ Firmware Folder ထဲက system.img ရယ် boot.img ရယ်၊ recovery.img ရယ်ကို (လိုအပ်မှပါ မလိုအပ်ရင် system.img တစ်ဖိုင်တည်းနဲ့ ရတယ်) Readback လုပ်ထားတဲ့ Firmware ထဲကိုထည့်လိုက်။ မထည့်ခင် Readback လုပ်ထားတဲ့ Firmware ကို Copy တစ်ခုပွားထား။ လိုလိုမယ်မယ်။ file ရှိပြီးသားလို့ Prompt ပေးလာရင် Overwrite လုပ်လိုက်ပေါ့။ တကယ်လို့ Readback လုပ်ထားတဲ့ Firmware က ပါဝါမတက်တဲ့ ဖုန်းကယူထားတာဆိုရင် preloader.bin ကိုပဲထည့်ကူးလိုက်။ ပြီးရင် ရလာတဲ့ စုပေါင်းစပ်ပေါင်း Firmware လေးကို SP Flash Tool နဲ့ ပြန်ရေးပေါ့။ ပြန်ရေးတဲ့အခါ Read back ထုတ်ထားတဲ့ Firmware မှာပေါက်ကရ နာမည်တွေပေးထားခဲ့ရင် သတိထားဗျာ။ ဖိုင်စုံပါအောင်သတိထားပြီး ပြန်ရေးပါ။

၆။ ဒီတစ်ခါ OK လားကြည့်။ OK တယ်ဆိုရင်တော့ ပြီးပြီပေါ့။ မအိုကေဘူးဆိုရင် Download and Format တို့ ဘာတို့နဲ့ ပြန်ရေးကြည့် ရရင် ရသွားလိမ့်မယ်။ မရရင်တော့ တိုင်ပတ်ပြီဗျို့ နားကားဖို့သာ ပြင်ထား။ System.img ကိုခွဲရတော့မယ်။ ခ်ခ်။ ဒီအဆင့်က အခြေခံသမားတွေအတွက် တော်တော်လက်ဝင်ပါတယ်။ သတိထားပြီးလုပ်နော။

၇။ အောက်ကအဆင့်တွေကို ဆက်လုပ်နိုင်ဖို့အတွက် MTK_Extractor ဆိုတဲ့ Tool လေးလိုတယ်ဗျား။ ဒီကနေ Download ဆွဲလိုက်။

: DOWNLOAD :

Tool ရလာပြီဆိုရင် အဲဒါကိုဖွင့်။ ပြီးရင် system.img ဆိုတဲ့ tab ကိုသွား။ အရင်ဆုံး Readback လုပ်ထားခဲ့တဲ့ Firmware က system.img ဖိုင်လေးကို ခွဲမှာဖြစ်တဲ့အတွက် အဲဒီ Firmware က system.img ဖိုင်လေးကို Browse မှာတစ်ချက်နှိပ်ပြီးတော့ ရွေးပေး (Download လုပ်ထားတဲ့ Firmware ကမဟုတ်ဘူးနော်)။ ရွေးပြီးရင် Start ကို နှိပ်ပေးလိုက်တော့။ MTK_Extractor ဆိုတဲ့ Folder ထဲမှာ system ဆိုတဲ့ Folder လေးတစ်ခုရောက်နေလိမ့်မယ်။ အဲဒီ Folder ထဲက ဖိုင်တစ်ချို့ကို Copy ကူးယူပေးထားရပါမယ်။ ယူရမယ့်ဖိုင်တွေကတော့

- /system/bin
* pq
* vold

- /system/xbin
* libmnlp
* mnld

- /system/lib
* ပါတဲ့ဖိုင် အကုန်ကူးဗျာ။
* libsurfaceflinger.so (ဒီဖိုင်မကိုက်ရင် Touch အလုပ်လုပ်ပေမယ့် Screen မှာ မည်းမည်းကြီးပဲ မြင်ရမယ် BlackScreen, White Screen ဖြစ်တာ ဒီဖိုင်ကြောင့်)

- /system/etc
* apns.conf.xml
* vold.fstab (ဒီဖိုင်နဲ့ အောက်ကဖိုင် ပြသနာတက်ရင် Internal Storage 0 Byte ဖြစ်မယ်)
* vold.fstab.nand

- /system/lib/hw/
* ပါသမျှသာကူး

- /system/lib/modules/
* ပါသမျှကူး

- /system/etc/firmware/
* ပါတဲ့ဖိုင်အကုန်ကူးဗျာ

- /system/etc/permissions
* ပါတဲ့ဖိုင် အကုန်ကူးဗျာ

- /system/usr/keylayout
* Generic.kl (ဒီဖိုင်လွဲရင် Power ခလုတ်တို့ Back Key, Home Key စတာတွေ အလုပ်လုပ်မှာမဟုတ်ဘူး)

- /system/usr
* အဲဒီထဲက srec folder တစ်ခုလုံးကူး။

- /system/framework
* ပါတဲ့ဖိုင်အကုန်ကူးဗျာ။

- /system/etc/wif/
* ပါသမျှကူး

- /system/vendor/
* ပါသမျှကူး

ကူးတဲ့အခါမှာ ဘယ်လမ်းကြောင်းက ကူးသလဲဆိုတာကိုပါ မှတ်ထားပေးပါ။ ပြီးရင် ပြသနာတက်နေတဲ့ Download ဆွဲထားတဲ့ Firmware က system.img ကိုပါ အပေါ်ကအဆင့်တွေအတိုင်းခွဲ။ ခွဲပြီးရင် စောစောက ကူးထားတဲ့ ဖိုင်တွေကို ကူးထားတဲ့လမ်းကြောင်းအတိုင်းပဲ အသစ်ခွဲထားတဲ့ system folder ထဲ ပြန်ထည့်ပေးလိုက်ပေါ့။ မမှားစေနဲ့။ မှားရင် ရမှာမဟုတ်ဘူး။ ကူးထားသမျှ အကုန်ထည့်ပြီးသွားပြီဆိုရင်တော့ ထည့်ထားတဲ့ system folder ကို system.img ပြန်ပြောင်းပေးရမယ်။ ဒီအတွက် MTK_Extractors ကနေပြီးတော့ Make system.img ဆိုတဲ့ Tab ကိုရွေး။ Browser မှာနှိပ်ပြီးတော့ လုပ်ထားတဲ့ system folder လေးကို ရွေးပေး ပြီးရင် Start နှိပ်ပေးပေါ့။ system.img ခွဲတာကတော့ ဒါနဲ့ ခွဲမှ မဟုတ်ပါဘူး။ cygwin နဲ့လည်း ခွဲလို့ရတယ်။ လုပ်တတ်သလိုသာ လုပ်ကြ ဗျား။

၈။ ပြန်ပေါင်းပြီးရင်တော့ ခုနက စုပေါင်းစပ်ပေါင်းဖြစ်နေတဲ့ Firmware မှာ ခုအသစ်လုပ်ထားတဲ့ system.img ဖိုင်လေးသွားထည့်လိုက်။ ပြီးရင် ပြန် flash လုပ်ကြည့်လိုက်ပါ။ OK သွားတာကို တွေ့ရပါ လိမ့်မယ်။ မ OK သေးဘူးလား။ အဲဒါဆိုလည်း လွှင့်သာပစ်လိုက်ပါတော့ဗျာ။ အဲဒါ စုတ်နေလို့။ ခ်ခ်

အဆင်ပြေကြပါစေ။ လုပ်လို့မရတဲ့ အပိုင်းတွေကို မေးနိုင်ပါတယ်။ ဒါပေမယ့် Internet မှာရှာရင် ပေါသောချင်းသောဖြစ်နေတဲ့ Firmware ဘယ်လိုရေးရမလဲဆိုတာတွေရယ် Readback ဘယ်လိုထုတ် ရမလဲဆိုတာတွေရယ်၊ မမေးခင် Internet မှာ အရင်ရှာကြပါဗျာ။ မရမှ လာမေးကြပါ။ ကျွန်တော်လည်း အားတာမဟုတ်လို့ပါ။ (ကိုယ့်အားကိုယ်ကိုး စိတ်လည်း နည်းနည်းမွေးကြပါဗျာ။ အဲဒါက bro တို့ကိုပိုအထောက်အကူပေးလိမ့်မယ်)


Credit To... (https://web.facebook.com/telecomtechlogy/?fref=photo)


www.mcmm.ga

Window ပေါ်က shotcuts မြားလေးတွေကို menual (ဆော့ဝဲလ်မသုံးပဲ) ဖျက်မယ် BY CHAN LAY (MCMM)

Posted: 08 Jun 2016 11:21 AM PDT









1. regedit ဖွင့်မယ် >> Window Key+R >> regedit
2 Go to HKEY_CLASSES_ROOT\lnkfile ,
ဒီနေရာမှာ IsShortcut ကိုရှာပီး delete လုပ်လိုက်ပါ3
3 Logoff သို့မဟုတ်.. restart လုပ်ပေးလိုက်ပါ ခုလုံးဝမရှိတော့ပါဘူး
-----------------------------------------------------------------------------------------------------
ပုံမှန်ဆို အပေါ်က အဆင့်နဲ့ shotcut မြားမရှိတော့ပါဘူး ..
ရပါပီ error မရှိပါဘူး
လုံးဝ complete ဖြစ်သွားအောင် လုပ်မယ် လုပ်ချင်တယ်ဆိုရင်
ဒီအဆင့်လေးတွေမှာ ရှိတဲ့ IsShortcut များကို သေချာဖျက်ပေးလိုက်ပါ ..
-----------------------------------------------------------------------------------------------------
HKEY_CLASSES_ROOT\piffile
Delete the IsShortcut
**************************************
HKEY_CLASSES_ROOT\ConferenceLink
Delete the IsShortcut
**************************************
HKEY_CLASSES_ROOT\DocShortCut
Delete the IsShortcut
**************************************
HKEY_CLASSES_ROOT\InternetShortcut
Delete the IsShortcut
**************************************
HKEY_CLASSES_ROOT\WSHFile
Delete the IsShortcut


 ‪#‎credit‬ uploader


www.mcmm.ga

Huawei Honor 4A ဖုန်းဗားရှင်း Android 5.1 Root လုပ်နည်း BY CHAN LAY (MCMM)

Posted: 08 Jun 2016 11:06 AM PDT




Huawei Honor 4A ဖုန်းဗားရှင်း Android 5.1 Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ နာမည်ကြီး Kingroot apk ဖြင့်
ဖုန်းမှာတင်အလွယ်တကူ Root ဖောက်ယူနိုင်မှာပဲဖြစ်ပါတယ်။



Download Here Root apk


Kingroot apk ဖြင့် ဖုန်းမှာတင် Root လုပ်နည်းကတော့
အားလုံးလည်းသိပြီးသားမို့ မရေးနေတော့ပါခင်ဗျာ



ဇူးနစ်(နည်းပညာ) မှကူးယူဖော်ပြပါသည်။




www.mcmm.ga

Redmi Note 3 Stable Multirom Miui7 v7.2.5 Custom Rom BY CHAN LAY (MCMM)

Posted: 08 Jun 2016 10:59 AM PDT





Redmi Note 3 ဘော်ဒါများအတွက် Stable Multirom Miui7  v7.2.5 Custom Rom ကို
တွေ့မိလို့ အလိုရှိတဲ့သူတွေ တင်ပေးလိုက်ပါတယ်၊ ဒေါင်းလော့လင့်လည်းအဆင်ပြေပါတယ်။

MTK Device ဖြစ်တဲ့အတွက် Flash Tool ဖြင့် တင်ယူရမှာပါ
ဗားရှင်းကတော့ 5.0.2 ဖြစ်ပါတယ်၊ အောက်ကလင့်မှာရယူပါ


လိုအပ်တာများဒေါင်းလော့ရယူလိုက်ပါ


Download Zopo USB Driver For Windows


Click Here to Download SP Flash Tool


Download Multirom Miui7 For Redmi Note 3



Credit: www.gizrom.com



ဇူးနစ်(နည်းပညာ) မှကူးယူဖော်ပြပါသည်။







www.mcmm.ga

Samsung Galaxy Note 5 Duos Stock Firmwares BY CHAN LAY (MCMM)

Posted: 08 Jun 2016 10:35 AM PDT



Samsung Galaxy Note 5 Duos ဘော်ဒါများအတွက်
Stock Firmwares များကို ပြန်လည်တင်ပေးလိုက်ပါတယ်။

အရေးကြုံလာရင် အလွယ်တကူ ဒေါင်းလော့ရယူပြီး
brick ဖုန်းများကို repair ပြုလုပ်နိုင်အောင်ပေါ့


Firmware ပြန်တင်မယ်ဆိုရင်တော့ ပုံမှန်အတိုင်း
Odin Flash Tool ဖြင့် အလွယ်တကူ ရေးယူနိုင်ပါတယ်။


Firmware Details
==========
Android Version : Lollipop 5.1.1
Ui Version :- Stock UI
Release Date : August 2015
Models : N920C, N9208
Status : Official
Type : ".Tar" file



Download Samsung USB Driver for Windows

Download the latest Odin flashing Tool


Galaxy Note5 Duos Firmwares For Samsung N920C

Galaxy Note5 Duos Firmwares For Samsung N9208



How to Install Only tar.file Firmware
========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။

Odin က PDA  ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

Download mode
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။



Ref-www.gizrom.com



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) သို့ကျေးအထူးတင်ရှိပါသည်။




www.mcmm.ga


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



လရောင်ကျူးရင့် - ရတုများ အဆက်ဆက် ထိ BY CHAN LAY (MCMM)

Posted: 08 Jun 2016 10:28 AM PDT






: DOWNLOAD :

Credit To... (MBW)


www.mcmm.ga



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



မိုးစက်ဝိုင် - သူ့နမည်ကမ်းခြေမှာ ရေးထားတယ် BY CHAN LAY (MCMM)

Posted: 08 Jun 2016 10:15 AM PDT






: DOWNLOAD :

Credit To... (MBW)


www.mcmm.ga



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ယောက်ျားလေး လက်စွဲ၊ မိန်းကလေး လက်စွဲ BY CHAN LAY (MCMM)

Posted: 08 Jun 2016 10:16 AM PDT





Guy Handbook and Girl Handbook
Author : Kyi Lin Aye
Category : Knowledge, Miscellaneous


: DOWNLOAD :


www.mcmm.ga

Credit To... (Free Myanmar Book)






အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



မဖဲဝါနှင့် သရဲမွေးသူ (ဧကန်မင်း) BY CHAN LAY (MCMM)

Posted: 08 Jun 2016 10:17 AM PDT




Ma Phae Wah and Spirit Master
Author : Ae Kan Min
Category : Novels, Thriller
File Size : 10.80 MB
: DOWNLOAD :

www.mcmm.ga

Credit To... (Free Myanmar Book)









အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Paper Keyboard iOS

Posted: 07 Jun 2016 10:49 PM PDT


Paper Keyboard app သည် iPhone ၏ အရှေ့ဘက်ကင်မရာမှ ထုတ်ပေးသော ကီးဘုတ်ပုံစံ အလင်းမြင်ကွင်းသည် လက်ချောင်းများကို အာရုံခံကာ စာရွက်များပေါ်တွင် keyboard တစ်ခုကဲ့သို့ ရိုက်နှိပ်အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။
၎င်း app သည် စာရွက်များပေါ်တွင် ကျယ်ကျယ်ဝန်းဝန်းဖြင့် keyboard တစ်ခုကဲ့သို့ စာများကို ရိုက်ကူးနိုင်မည်ဖြစ်ပြီး email များကိုလည်း တိုက်ရိုက်ပေးပို့နိုင်မည်ဖြစ်သည်။
အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်ခဲ့ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 6.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဆူမို ဘောလုံးကန် [27.9 MB] [apk]

Posted: 07 Jun 2016 10:43 PM PDT

Soccer sumos

Download Soccer sumos Android free game.
Download အတန်းပြည့်ပြီးသွားလျှင် My File သို့မဟုတ် Filemanager ထဲက Download ဖိုင်မှာသွားရှာပြီး install ပြုလုပ်ပါ
ဖက်တီးကြီးတွေ ဘောလုံးကန်တဲ့ဂိမ်းပါ ရယ်စရာကောင်းမှာအမှန်ပါပဲ ဒီလင့်ခ်မှာ Download ပါ

အဆင်ပြေပါစေ..
-
မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Play Store မှာဒေါင်းလို့မရတဲ့ CoC အပါအ၀င် ဂိမ်းတွေ၊app တွေကို ဘယ်လိုဒေါင်းလုဒ်လုပ်မလဲ

Posted: 07 Jun 2016 10:32 PM PDT

အရင်ဆုံးသင့်အနေနဲ့ လိုအပ်တာကတော့ Application တစ်ခုပဲဖြစ်ပါတယ်။  အဲ့ဒီ App နာမည်က Aptoide လို့ခေါ်ပြီး Play Store လိုမျိုး Store App တစ်ခုပဲဖြစ်ပါတယ်။ Play Store မှာရှိတဲ့ Apps အကုန်လုံးဒီမှာရှိနိုင်တယ်လို့တော့ အတိအကျမပြောနိုင်ပေမယ့် လူသုံးများထင်ရှားတဲ့ Apps တွေ အတော်များများတော့ အသုံးရှိတာကို တွေ့ရပါတယ်။ Play Store မှာ ဒီApp ကိုရှာကြည့်တာ မတွေ့ရလို့ Search ကနေရှာပြီးဝင်ဒေါင်းလိုက်ရပါတယ်။ ဒေါင်းဖို့အတွက် ဒီနေရာကိုနှိပ်ပြီးဝင်ရောက်ဒေါင်းလုဒ်ရယူနိုင်ပါတယ်။
ဒါဆိုရင်အထက်မှာပြထားတဲ့အတိုင်းတွေ့ရပြီဆိုရင်တော့ သင့်အနေနဲ့ Install Now ကိုနှိပ်ပြီးတော့ ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။ အဲ့ဒီအပြင်အောက်ဖက်မှာ Aptoide TV နဲ့ Aptoide Lite ဆိုတာလည်းရှိပါတယ်။ Lite ကတော့ နာမည်အတိုင်း Lite Version ဖြစ်ပါတယ်။ သူ့ကိုသုံးကြည့်တာလည်း တော်တော်အဆင်ပြေတာတွေ့ရပါတယ်။ ဒါပေမယ့်ကျွန်တော်ကတော့ Aptoide နဂိုဗားရှင်းကိုပဲသုံးမှာဖြစ်ပါတယ်။
ဒေါင်းလုဒ်လုပ်ပြီးလို့ရင်တော့ App ကို Install လုပ်လိုက်ပါ။ ပြီးသွားရင် App ကိုဖွင့်လိုက်ပါ။ Welcome လုပ်တဲ့ စာမျက်နှာတွေကို ကျော်သွားပြီးရင်တော့ ရသွားပါပြီ။ သင့်အနေနဲ့ App အထဲက Interface မှာ ဒီအတိုင်းမြင်နိုင်ပါတယ်။
Home ကတော့ App ရဲ့ Home Page ဖြစ်ပြီး ရေပန်းစားတဲ့ App တွေ၊ Game တွေကို ပြသထားမှာပါ။ Community နဲ့ Stories ကတော့ သိပ်အရေးမကြီးပါဘူး။ ပြီးရင် Update လာမှာဖြစ်ပြီး သင့်ဖုန်းထဲမှာ ရှိနေတဲ့ Apps တွေကို Update လုပ်နိုင်မှာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Social Timeline ဖြစ်ပြီး Facebook အကောင့်နဲ့ Log In လုပ်ထားနိုင်ပါတယ်။ အဲ့ဒီအပြင် အပြင် Home ရဲ့ ဘယ်ဘက်အပေါ်ထောင့်က Hamburger Menu ထဲက Sign Up of Login ကိုနှိပ်ပြီး Gmail နဲ့လည်း Subscribe လုပ်ထားနိုင်ပါသေးတယ်။ နောက်ဆုံး Downloads ထဲမှာတော့ ကိုယ် Update နဲ့ Download လုပ်ထားတဲ့ Software တွေ ဂိမ်းတွေကို ဖော်ပြပေးထားမှာပါ။

ဒါဆိုရင်တော့ Apps ရဲ့ Interface ကိုနားလည်လောက်ပါပြီ။ ကဲကျွန်တော်တို့တွေ စမ်းကြည့်ရအောင်။ ဒါကြောင့် Play Store မှာ ရှာလို့/ဒေါင်းလို့ မရတဲ့ Clash of Clans ကို အပေါ်ညာဘက်ထောင့်က Search မှာရိုက်ပြီး ရှာကြည့်လိုက်ပါတယ်။
ဒီအတိုင်းတွေ့ရပြီဆိုရင်တော့ Install ကိုနှိပ်ပြီး တိုက်ရိုက်ဒေါင်းနိုင်ပါတယ်။ ဘာမှ အခက်အခဲမရှိတာကို တွေ့ရပါတယ်။ နောက်ထပ် Play Store မှာ ရှာလို့မရတဲ့ Marvel ဂိမ်း Future Fight ကိုရှာကြည့်လိုက်တော့လည်းတွေ့တာကို တွေ့ရပါတယ်။
ကဲ ဒီအဆင့်တွေကို အလွယ်တကူ ပြုလုပ်ပြီးပြီဆိုရင်တော့ သင့်အနေနဲ့ သင်ဒေါင်းလိုတဲ့ Apps တွေ၊ ဂိမ်းတွေကို အလွယ်တကူ Download လုပ်နိုင်ပါတယ်။
ref - http://digitaltimes.com.mm/

-
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



0 comments:

Post a Comment