မောင်ပေါက် ( Maung Pauk ) |
- နေ့စဉ်ပရိုမိုးရှင်းများ ချပေးတော့မည်။ ။
- ၇ရက်တိတိ Root + Myanmar Font အခမဲ့ထည့်သွင်းပေးတော့မည်။ ။
- iProject for Project Management For IOS
- Optima Guitar Tuner For IOS
- TTKeyboard For Android
- TT Fontchanger (root)
- Allmyapps by CHAN LAY (MCMM)
- Fireebook Duplicates Finder
- တစ်ရက်အတွင်း Vivo X7 ၂၅၀,၀၀၀ ကျော် ရောင်းချခဲ့ရ
- ထိုင်းရှိ ဂျယ်လီစက်ရုံမှ ဆန္ဒပြ မြန်မာလုပ်သား ၇၈ ဦးကို နေရပ်ပြန်ပို့ဟုဆို
- မလေးရှားပီနန်မြို့တွင် လုယက်မှုဖြစ်ရာမှ မြန်မာလုပ်သား ၃ ဦးအသတ်ခံရ
- Samsung S4 Mini E370K 4.2.2 international Rom by CHAN LAY (MCMM)
- Home Android Tutorial Lollipop and Marshmallow ဗားရှင်းတွေအတွက် Auto Rotate ကို Enable ပြုလုပ်ထားနည်း by CHAN LAY (MCMM)
| နေ့စဉ်ပရိုမိုးရှင်းများ ချပေးတော့မည်။ ။ Posted: 11 Jul 2016 09:18 PM PDT မင်္ဂလာပါ ဆွေသဟာ Mobile Phone Service မှနူတ်ဆက်ပါတယ်။ ။ ဆွေသဟာ Mobile မှ မြန်မာနိုင်ငံမှ Mobile ဖုန်းသုံးစွဲသူအပေါင်းတို့အား နေ့စဉ်ပရိုမိုးရှင်းများချပေးတော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။ မည်သည့် မည်လို ပရိုမိုးရှင်းဆိုတာကတော့ ဆွေသဟာမှ ပြောကြားထားချင်းမရှိသေးပါဘူး လို့ ဆွေသဟာမှ တာဝန်ရှိသူမှပြောကြားသည် ဆွေသဟာမှ ယခုလိုပြောပါတယ် " ဟုတ်ကဲ့ ကျွန်တော်တော်တို့ မြန်မာနိုင်ငံမှ မိုလ်ဘိုင်းအသုံးပြုသူများအားလုံးတို့ကို နေ့စဉ်ပရိုမိုးရှင်းများ ချပေးတော့မည်ဆိုတာ အသုံးပြုသူတို့ရဲ့ နောက်ပေါက်ကနေထွက်နေတဲ့အပိုဝင်ငွေတွေကို ထိမ်းသိမ်းပေးလိုက်ရာကျပါတယ် ကျွန်တော်တို့အသုံးပြုသူအပေါင်းတို့ကို အဆန်းအပြား ကျွန်တော်တို့နိုင်ငံမှာ မည်သည့်နေရာမှာမှ မရနိုင်တဲ့ ပရိုးမိုးရှင်း များကို နေ့စဉ် တစ်နေ့တစ်မျိုးမရိုးရအောင် ချပေးသွားမှာပါ " လို့ ဆွေသဟာ Mobile မှ တာဝန်ရှိသူက ပြောကြားပါတယ်... သီဟထိုက် www.thihahtike.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ၇ရက်တိတိ Root + Myanmar Font အခမဲ့ထည့်သွင်းပေးတော့မည်။ ။ Posted: 11 Jul 2016 09:18 PM PDT မင်္ဂလာပါ ဆွေသဟာ Mobile မှကြိုဆိုပါတယ် ။ ကျွန်တော်တို့ဆွေသဟာ မှ ၇ရက်တိတိ Samsung Device Android Verson 5.0,6.0 ဖုန်းများကို Root + Myanmar Font ထည့်သွင်းပေးတော့မည် ဖြစ်ပါကြောင်း သတင်ကောင်းပါးအပ်ပါတယ် လူကြီးမင်းတို့အနေဖြင့် ထိုပရိုမိုးရှင်းမှီရန် နေ့လည် ၂ နာရီ မှ ၄နာရီအထိ မှီရန်လာရန်လိုအပ်ပါကြောင်းနှင့် တစ်ဦးကို တစ်လုံးသာပါရန်လိုအပ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် သတ်မှတ်ထားတဲ့အချိန်မမှီလိုက်သောသူများအတွက်လည်း Samsung Android Version 5.0 နှင့် 6.0 ဖုန်းများကို ၄၀၀၀ ကျပ်ဖြင့်လာရောက်ထည့်သွင်းနိုင်ပါကြောင်းသတင်းကောင်းပါး အပ်ပါတယ်ခင်ဗျာ... ဆွေသဟာ Mobile Phone Services မြောက်ဒဂုံ ၃၅ မှတ်တိုင်အနီး ဖုန်း-09428040776 အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| iProject for Project Management For IOS Posted: 11 Jul 2016 09:18 PM PDT iProject for Project Management ဆိုသည့် app သည် iPhone, iPad တို့ပေါ်တွင် Project plan များကို ရေးဆွဲချင်သူများအတွက် အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။ အဆိုပါ app သည် Google Drive, DropBox အစရှိသည်တို့နှင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ရန်အတွက် စီစဉ်ပေးထားသည်။ iProject for Project Management app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၁၄.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ရရှိမည်ဖြစ်သည်။ iOS version 9.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ ယခုတင်ပေးထားထားသော Application ကို "ဆွေသဟာ Mobile Sales&Service" မြောက်ဒဂုံ ၃၅မှတ်တိုင်အနီး တွင်လာရောက် " အခမဲ့" ထည့်သွင်းနိုင်ပါတယ်. . . သီဟထိုက် www.thihahtike.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 11 Jul 2016 09:17 PM PDT Optima Guitar Tuner app သည် iPhone, iPad, iPod Touch အစရှိသည်တို့ဖြင့် ဂစ်တာကို အသံညှိသည့်အခါတွင် အသုံးပြုနိုင်သည့် app တစ်ခုဖြစ်သည်။ ကြိုးတစ်ကြိုးချင်းစီ၏ အသံနှုန်းကို တိုင်းတာပေးနိုင်မည်ဖြစ်ပြီး၊ အသံချိန်ညှိနိုင်ရန်အတွက် Tool များ ထည့်သွင်းပေးထားသည်။ အဆိုပါ app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 6.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ ယခုတင်ပေးထားထားသော Application ကို "ဆွေသဟာ Mobile Sales&Service" မြောက်ဒဂုံ ၃၅မှတ်တိုင်အနီး တွင်လာရောက် " အခမဲ့" ထည့်သွင်းနိုင်ပါတယ်. . . သီဟထိုက် www.thihahtike.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 11 Jul 2016 09:17 PM PDT ယခင်က iOS အတွက်သာ ဖြန့်ချိပေးခဲ့သည့် TTKeyboard ကို ယခုအခါ Android OS သုံးစွဲသူများအတွက်ပါ ဖြန့်ချိပေးထားပြီးဖြစ်ပါတယ်။ TTKeyboard မှာ Zawgyi keyboard နဲ့ MyanSan ဆိုပြီး ပါဝင်ကာ Emoji များကိုလည်း အလွယ်တကူ အသုံးပြုနိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။အဆိုပါ app ကို Play Store မှာ အခမဲ့ download ပြုလုပ်ခွင့်ပေးထားပြီး၊ Android version 4.0.3 နဲ့အထက်တွင်သာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားက 16 MB ခန့်ရှိမှာဖြစ်ပါတယ်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ ယခုတင်ပေးထားထားသော Application ကို "ဆွေသဟာ Mobile Sales&Service" မြောက်ဒဂုံ ၃၅မှတ်တိုင်အနီး တွင်လာရောက် " အခမဲ့" ထည့်သွင်းနိုင်ပါတယ်. . . အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 11 Jul 2016 08:01 AM PDT ဒီ Fontchanger လေးသုံးဖို့အတွက် Root Access လိုအပ်ပါမယ် Android 4.4x ကနေပြီးတော့ 6,0x ထိအလုပ်လုပ်ပါမယ် Zawgyi နဲ့ Unicode ဆိုပြီးခလုတ်နှစ်ခုပေးထားပါတယ် Install Zawgyi ကတော့ Zawgyi Font သွင်းခြင်းဖြစ်ပါတယ် Install Unicode ကတော့ Unicode ဖောင့်သွင်းခြင်းဖြစ်ပါတယ် နေရာတိုင်းမှာမြန်မာစာမှန်အောင်အကောင်းဆုံးကြိုးစားပေးထားပါတယ် Bold ဖောင့်တွေမမှန်တာကိုလည်း fix လုပ်ပေးထားပါတယ် အောက်မှာဒေါင်းလုပ်ကြပါခင်ဗျာ အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 11 Jul 2016 03:20 AM PDT ဆော့ဖ်ဝဲအမျိုးအစား - System Utilities ဗားရှင်း - 2.0.0.30 ဖိုင်အရွယ်အစား - 524.44 KB အသုံးပြုနိုင်သည့် OS - Windows XP/Vista/7 Windows Operating System မှာ အသုံးပြုတဲ့ဆော့ဖ်ဝဲတွေရဲ့ Update တွေကို စောင့်ကြပ် ကြည့်ရှုပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင်ထည့်သွင်း ထားတဲ့ဆော့ဖ်ဝဲတွေကိုလည်း Backup ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး System နောက်ကွယ်ကနေ စောင့်ကြည့်ပေးနေမှာဖြစ်ပါတယ်။ လိုအပ်တဲ့ ဆော့ဖ်ဝဲတွေကိုလည်း အဆိုပါ app ပေါ်ကနေရှာဖွေပြီး download ပြုလုပ်နိုင်ဖို့ အတွက်ကိုလည်း စီစဉ်ဖန်တီးပေးထားပါတယ်။ <== ( ::: DOWNLOAD NOW ::: ) ===> ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Posted: 11 Jul 2016 03:10 AM PDT မိတ်ဆက်======Mac OS သုံးစွဲသူများအတွက် Firebook Duplicates Finder app သည် ကွန်ပျူတာစနစ်အတွင်းရှိ အမျိုးအစားတူညီသည့် ဖိုဒါများ ဖိုင်များကို ရှာဖွေကာ ဖယ်ရှားရှင်းလင်းပေးနိုင်မည့် ဆောဖ့်ဝဲတစ်ခုဖြစ်သည်။ ဖိုင်အမျိုးအစားတူညီသည့် ဖိုင်များကို ရှာဖွေရှင်းလင်းပြီး Hard Disk Space ပိုမိုနေရာရရှိနိုင်စေရန်အတွက် ကူညီပေးနိုင်မည့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်သည်။ အဆိုပါ ဆော့ဖ်ဝဲကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၃.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်ကန့်သတ်ချက်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ လိုအပ်ချက်များရယူရန်============ယခု ဆော့်ဝဲလ်အား အောက်က Link တွင် Download ရယူပါ။ <=== ( ::: DOWNLOAD NOW ::: ) ===> Credit to ===> Internet Journal တောင်းဆိုချက်========ကျွန်တော် ဒီ Post လေးကို... Normal Beginner သမားများအတွက်...သာ ရည်ရွယ်၍ ပြောပြ ဖြေရှင်းပေးခြင်းသာ... ဖြစ်ပါသည်။ ကျွန်တော့်ကို ဖောင်းထုကာ လာရောက်ဆဲဆိုမည်ဆိုရင်တော့... ကိုယ့်အကျင့်စရိုက်ကို သက်သက်ဖော်ပြတာနဲ့တူတူပဲနော်... ဘာပဲဖြစ်ဖြစ် ကျွန်တော်က... Beginner တစ်ယောက်မို့... ကူးယူဖော်ပြရင် Credit ကို လေးစားစွာ ပေးမယ်... ကိုယ်ပိုင် ဝေမျှရင်တော့... လွပ်လပ်စွာ... ပြောဆိုမယ်... ယခုလိုပြောဆိုရခြင်းအတွက်လည်း... နားလည်ပေးပါနော်... ကျေးဇူးတင်ပါတယ်...ဗျာ... အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ...လို့ ကျွန်တော် ချမ်းမြေ့မောင်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...နော်...။ :) ဆက်လက်ကြိုးစားပါအုံးမည်...။ ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| တစ်ရက်အတွင်း Vivo X7 ၂၅၀,၀၀၀ ကျော် ရောင်းချခဲ့ရ Posted: 11 Jul 2016 02:56 AM PDT X7 စမတ်ဖုန်းကို စတင်ရောင်းချသည့်နေ့တွင် အလုံးရေ ၂၅၀,၀၀၀ ကျော် ရောင်းချခဲ့ရကြောင်း တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo မှ ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါကိန်းဂဏန်းသည် online ရော offline တွင်ပါ ရောင်းချရသည့် အရေအတွက်ဖြစ်သည်။ ယွမ် ၂,၄၉၈ (၃၇၅ ဒေါ်လာ) ဖြင့် ရောင်းချမည့် အဆိုပါဖုန်းကိုဝယ်ယူရန် မှတ်ပုံတင်သူ တစ်သန်းကျော်ရှိသည်။ ၎င်းဟန်းဆက်တွင် Snapdragon 652 chipset နှင့် ၅.၂ လက်မ fullHD display ကို အသုံးပြုထားသည်။ 4GB RAM, 64GB storage ဖြင့် အသုံးပြုနိုင်သည်။ ကျောဘက်ကင်မရာ 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 16MP ဖြစ်သည်။ ၎င်းထက် အရွယ်ကြီးမားသည့် X7 Plus ကိုမူ ဇူလိုင်လ ၁၅ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။ X7 Plus တွင် ၅.၇ လက်မ display နှင့် 16MP ပင်မကင်မရာ ပါဝင်သည်။ Ref ===> GSMArena ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| ထိုင်းရှိ ဂျယ်လီစက်ရုံမှ ဆန္ဒပြ မြန်မာလုပ်သား ၇၈ ဦးကို နေရပ်ပြန်ပို့ဟုဆို Posted: 11 Jul 2016 02:51 AM PDT မြန်မာ−ထိုင်းနယ်စပ်ရှိ မဲဆောက်မြို့သို့ ပို့ဆောင်ပေးမည့်ခရီးသည်တင် ဘတ်စ်ကားအနီး မြန်မာလုပ်သားအချို့ကို ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ရဲမင်း) ထိုင်းနိုင်ငံရှိ ဂျယ်လီ စက်ရုံမှ ဆန္ဒပြမြန်မာလုပ်သား ၁၅၇ ဦးအနက် ၇၈ ဦးကို ထိုင်း နိုင်ငံ မဲဆောက်မှတစ်ဆင့် မြန်မာ နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း အလုပ် သမား ညွှန်ကြားမှု ဦးစီးဌာနက ကြေညာသည်။ ''ဆန္ဒပြတဲ့သူက ၁၅၇ ဦးပါ။ အဲဒီထဲမှာ၃၈ ဦးကတော့ အဲဒီမှာ အလုပ်လုပ်မယ်ဆိုပြီးနေခဲ့ပါ တယ်။ မဲဆောက်ကိုတော့ ၇၈ ဦး ရောက်ပါပြီ။ မဲဆောက်ကနေပြီး သူတို့ကို မြန်မာပြည်ကို ပြန်ပို့ပေး တာဖြစ်ပါတယ်''ဟုအလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြား ရေးမှူးချုပ် ဒေါ်ခင်နွေဦးက နိုင်ငံ ပိုင်မီဒီယာအားဖြေကြားသည်။ ထိုင်းနိုင်ငံ လှပူရီမြို့နယ်ရှိ SIAMRACHABURI ဂျယ်လီ စက်ရုံတွင် မြန်မာလုပ်သား ၅၀၀ ခန့် အလုပ်လုပ်ကိုင်လျက်ရှိရာ ညဆိုင်း လုပ်ကိုင်သော မြန်မာ လုပ်သား ၂၀၀ ခန့်သည် ဇူလိုင် ၆ ရက်က အလုပ်သမား အခွင့်အရေးများ အပြည့်အ၀ပေးရန် တောင်းဆိုရာ စက်ရုံပိုင်ရှင်က ယင်းညတွင်းချင်း အလုပ်မှ ထုတ် ပယ်ခဲ့ခြင်းဖြစ်သည်။ ဂျယ်လီ စက်ရုံမှ အလုပ် ထုတ်ခံရသော မြန်မာလုပ်သား များအနက် MoU စာချုပ်ဖြင့် လာ ရောက်လုပ်ကိုင်သော မြန်မာလုပ် သား ၁၆၇ ဦးကို ဇူလိုင် ၉ ရက် ညနေတွင် ထိုင်းအာဏာပိုင်များ က ကားပေါ်သို့ အတင်းအကျပ် တင်၍ မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မဲဆောက်မြို့သို့ ခေါ်ဆောင်သွား ကြောင်း ပြန်ပို့ခံရသော မြန်မာ လုပ်သားများက ကနဦး 7Day Daily အား ပြောကြားခဲ့သည်။ ထို့ ကြောင့် ကနဦးရရှိသော သတင်း နှင့် အစိုးရထုတ်ပြန်ချက် ကွာဟ နေသည်။ ထိုင်းနိုင်ငံတွင် မြန်မာဘက် မှ အထောက်အထားမဲ့ဖြင့် အ လုပ် သွားရောက်လုပ်ကိုင်သူ ၁ ဒသမ ၆ သန်းကျော်ရှိနေပြီး MoU ဖြင့် စေလွှတ်သည့်ဦးရေမှာ ၂၀၀,၀၀၀ ကျော်သာရှိကြောင်း ဒေါ်ခင်နွေဦးကဆိုသည်။ ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်သည့် အေဂျင်စီ ၈၅ ခု ရှိသည့်အနက် အမှုကိစ္စများဖြစ် ပွားသဖြင့် အေဂျင်စီသုံးခုကို အ ပြီးရုပ်သိမ်းခဲ့ကြောင်း ဒေါ်ခင်နွေ ဦးကပြောသည်။ အမှုဖြစ်နေသည့် အေဂျင်စီ ၁၂ ခုအနက် အမှုဖြေရှင်းပြီးသည့် အေဂျင်စီငါးခုကို ပြန်လည်ဖွင့် ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ ကျန်ခုနစ်ခုကို အမှု စိစစ်ဆဲဖြစ်၍ ခေတ္တ ပိတ်ထား သည်။ ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| မလေးရှားပီနန်မြို့တွင် လုယက်မှုဖြစ်ရာမှ မြန်မာလုပ်သား ၃ ဦးအသတ်ခံရ Posted: 11 Jul 2016 02:48 AM PDT မလေးရှား နိုင်ငံပီနန်မြို့ ဘာတာဝပ်ဘတ်နယ်မြေတွင် ယနေ့ (ဇူလိုင်၁၁ရက်) နံနက်၆နာရီခွဲအချိန်က မြန်မာလုပ်သားသုံးဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကသတင်းထုတ်ပြန်ပေးသွားမည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက 7Day Daily သို့ပြောသည်။ ပီနန်မြို့ ဘာတာဝပ်ဘတ်နယ်မြေတွင် ယနေ့ နံနက် ၆နာရီခွဲအချိန်က မျက်နှာဖုံးစွပ်လူနှစ်ဦးသည် မြန်မာလုပ်သားများထံ ပစ္စည်းလုယက်ရာ အော်ဟစ်အကူအညီတောင်းခံမှုကြောင့် မျက်နှာဖုံးစွပ် လူနှစ်ဦးကမြန်မာလုပ်သားသုံးဦးကို သတ်သွားခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ "ဘာသာရေးအရ ဖြစ်တာမဟုတ်ဘူး။လုယက်မှုဖြစ်ရင်း အသတ်ခံရတာ။သံရုံးအနေနဲ့ သက်ဆိုင်ရာ နယ်မြေရဲစခန်းကိုအချက်အလတ်တွေ တောင်းထားတယ်။ သတင်းထုတ်ပြန်သွားမယ်။ မလေးမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးလည်း လုပ်ဆောင်နေတယ်။သေဆုံးတဲ့သူတွေရဲ့ အချက်အလက်တွေလည်းတောင်းနေတယ်"ဟု ၎င်းက ပြောသည်။ ဓါတ်ပုံ - The Star ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Samsung S4 Mini E370K 4.2.2 international Rom by CHAN LAY (MCMM) Posted: 11 Jul 2016 02:42 AM PDT ![]() မိတ်ဆက်=======S4 Mini E370K ဖုန်းအတွက် Firmware လေး ကူရှာပေးပါဦးဆိုလို့ ကျနော်လည်း သိမ်းဆည်းထားလိုတာနဲ့ ရှာရင်းက လင့်ကောင်းလေးကို တွေ့မိလို့ အလိုရှိနေကြတဲ့ သူတွေလည်း အသုံးပြုလို့ရအောင် တင်ပေးလိုက်ပါတယ်။ S4 Mini E370K က ကိုးရီးယား အလုံးဖြစ်ပါတယ်၊ ဗားရှင်းကတော့ 4.2.2 ဖြစ်ပါတယ် ဒီ Firmware က Fix လုပ်ထားပြီးသား Rom ဖြစ်ပါတယ်၊ အောက်ကလင့်မှာရယူပါ။ လိုအပ်ချက်များ ရယူရန်==============Samsung Android USB Driver for Windows Download the latest Odin flashing Tool Samsung S4 Mini E370K 4.2.2 international Rom How to Install Only tar.file Firmware?========================ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။ Odin က PDA ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။ Download mode volume down + Home + power ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။ Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။ Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။ ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။ Special Credit To ===> ဇူးနစ်(နည်းပညာ) တောင်းဆိုချက်========ကျွန်တော် ဒီ Post လေးကို... Normal Beginner သမားများအတွက်...သာ ရည်ရွယ်၍ ပြောပြ ဖြေရှင်းပေးခြင်းသာ... ဖြစ်ပါသည်။ ကျွန်တော့်ကို ဖောင်းထုကာ လာရောက်ဆဲဆိုမည်ဆိုရင်တော့... ကိုယ့်အကျင့်စရိုက်ကို သက်သက်ဖော်ပြတာနဲ့တူတူပဲနော်... ဘာပဲဖြစ်ဖြစ် ကျွန်တော်က... Beginner တစ်ယောက်မို့... ကူးယူဖော်ပြရင် Credit ကို လေးစားစွာ ပေးမယ်... ကိုယ်ပိုင် ဝေမျှရင်တော့... လွပ်လပ်စွာ... ပြောဆိုမယ်... ယခုလိုပြောဆိုရခြင်းအတွက်လည်း... နားလည်ပေးပါနော်... ကျေးဇူးတင်ပါတယ်...ဗျာ... အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ...လို့ ကျွန်တော် ချမ်းမြေ့မောင်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...နော်...။ :) ဆက်လက်ကြိုးစားပါအုံးမည်...။ ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Posted: 11 Jul 2016 01:59 AM PDT ![]() မိတ်ဆက်========Android Lollipop and Marshmallow ဗားရှင်းတွေအတွက် Auto Rotate ကို Enable ပြုလုပ်ထားနည်းကို တင်ပေးလိုက်ပါတယ်။ သိတဲ့သူတွေအတွက် အလွယ်လေး ဆိုပေမယ့် သတိမထားမိ မသိသေးတဲ့ သူတွေအတွက်တော့ အနည်းငယ် စိတ်အနှောက် အယှက်ဖြစ်စရာလေးပါ။ ဟိုနေ့က ဂျာမနီ & ပြင်သစ် ဘောလုံးပွဲလေး ၀ိုင်းကြည့်ကြရင်း ကြုံလိုက်ရတဲ့ အတွေ့အကြုံလေးတစ်ခုပါ၊ ဘောလုံးပွဲစဉ်တွေက အရင်လို ကွန်ပျူတာကြီးကို ဖွင့် TV ကို ဖွင့်ပြီး ကြည့်နေစရာ မလိုလောက်အောင် Faceboook တစ်ခွင် Live အဖြစ် တိုက်ရိုက်လွှင့် ပေးနေတာကို ကြည့်နေရတော့ ကိုယ်ပိုင် ဖုန်းလေး တစ်လုံး ရှိတာနဲ့ ဇိမ်နဲ့ သာသာ ယာယာ လေးကြည့်ရှုနိုင်တဲ့ နေ့သစ်တွေကို ပိုင်ဆိုင်နေကြပါပြီ။ ဒါနဲ့ ဂျာမနီ & ပြင်သစ် ပွဲစကတည်းက ကောင်းမယ်မှန်းသိတာမို့ လူတိုင်း ဇိမ်နဲ့ ကျကျ ကြည့်ချင်တာပေါ့ လူငါးယောက်ကြည့်ကြတာ သုံးယောက်ပဲ အဆင်ပြေကြတယ် ကျန်တဲ့ နှစ်ယောက်မှာတော့ ကြည့်လို့ရတယ်။ ဒါပေမယ့် Full Screen အပြည့်ကြည့်လို့မရဘူး ဖြစ်နေတာ ဒီတော့ ဘာလိုအပ်နေသလဲ Auto Rotate ကို Off လုပ်ထားလို့ပဲပေါ့၊ အဲဒါကို Enable သာ ပြုလုပ်လိုက်ရင် အဆင်ပြေပါပြီ။ ဘာရယ် မဟုတ်ဘူးဆိုပေမယ့် တစ်ခါ တစ်ရံ သတိမထားမိတဲ့ အရာလေးတွေက အခက်အခဲဖြစ်လာတတ်ပါတယ်၊ Auto Rotate ကို Enable လိုက်တော့ ဘော်ဒါတွေ ဂျာမနီ & ပြင်သစ် ပွဲကို Full Screen အပြည့်ကြည့်ပြီး အော်ဟစ်နိုင်တော့တာပေါ့။ Auto Rotate ကို Enable ပြုလုပ်ထားနည်း=======================၁။ Setting သို့သွားလိုက်ပါ။ ၂။ System settings ရဲ့အောက် Accessibility သို့သွားပါ။ ၃။ အောက်သို့ ဆင်းလိုက်ပြီး "Auto rotate screen" ကိုမြင်ရပါလိမ့်မယ်။ ၄။ Turn on လုပ်လိုက်ပါ။ ၅။ အသုံးမပြုလိုတော့တဲ့အခါ ပြန်လည် Turn Off ပြုလုပ်လိုက်ပါ။ Special Credit to ===> ဇူးနစ်(နည်းပညာ) ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |














0 comments:
Post a Comment