Related Posts Plugin for WordPress, Blogger...

July 20, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


၂၀၁၆ တွင် မဖြစ်မနေ သုံးသင့်သည့် အလုပ်တွင်ကျယ်ရေး Application ၅ မျိုး

Posted: 19 Jul 2016 11:49 AM PDT




ကမ္ဘာကျော်သန်းကြွယ် သူဌေးကြီးပဲဖြစ်စေ၊ တစ်ပြားကို  နှစ်ပြားခွာရမတတ် ငွေကျပ်ကာ  ကြိုးစားနေရသော လူငယ်လေးပဲဖြစ်စေ အားလုံးတွင် တစ်ညီတည်း ပိုင်ဆိုင်ထားသည်က အချိန်ဖြစ်သည်။  အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်သည်နှင့်အမျှ ဘဝအဆင့်က မြင့်သထက် မြင့်လာမည်။ ယနေ့ စမတ်ဖုန်းများ တွင်ကျယ်လာသော ခေတ်တွင် အချိန်စီမံခန့်ခွဲရေး Application တွေလည်း ထွက်ပေါ်လာသည်။ တစ်နေ့ ၂၄ နာရီ အားလုံး တန်းတူရထားသော အချိန်ထဲကနေ ကိုယ့်အတွက် အကျိုးအရှိဆုံး၊ အလုပ်အတွင် ဆုံးဖြစ်အောင် ရသမျှအချိန် အသုံးချဖြစ်သွားအောင် အချိန်စီမံခန့်ခွဲရေး Application များက ကူပေးကြသည်။

ဖုန်း Application တွေ သန်းချီနေသော ယနေ့ခေတ်တွင် အချိန်စီမံခန့်ခွဲရေး အလုပ်တွင် Application တွေကလည်း များလှသည်ဖြစ်ရာ ကိုယ့်အတွက် အသုံးအဝင်ဆုံးကို ရွေးဖို့ ခက်နေသူများအတွက် ငါးခုအကြံပြု ဖော်ပြပါသည်။ Android နဲ့ရော၊ iOS ဖုန်းနဲ့ပါ သုံးနိုင်သည်။

Listen

=====

Listen သည် ကားမောင်းတုန်း၊ အစည်းအဝေး ထိုင်နေတုန်း၊ ဂေါက်ကွင်းသွား ဂေါက်ရိုက်နေတုန်းတောင် ဖုန်းတွေဝင်၊ Message တွေလာနဲ့ စိတ်အနှောင့်အယှက် ဖြစ်နေရသူများအတွက် ရည်ရွယ်ထုတ်လုပ် ထားသည်။ Listen သည် သုံးသူကိုယ်စား တစ်ဖက်ကို အကြောင်းပြန်ပေး နိုင်သည်။ တည်နေရာ၊ အချိန်၊ ရာသီဥတု စသည်တို့ပေါ် မူတည်ပြီး မိမိက ကြိုတင်သတ်မှတ် ပေးထားသည့်အတိုင်း တစ်ဖက်က Message ဝင်လာသူများ၊ ဖုန်းဝင်လာသူများကို Listen က ကိုယ့်အစား အဆင်ပြေပြေ အကြောင်းပြန်ပေးလိမ့်မည်။

ကိုယ်ဘာလုပ်နေသဖြင့် ဖုန်းမကိုင်နိုင်သေးကြောင်း၊ မည်သည့်အချိန်တွင် ပြန်ခေါ်မည်ဖြစ်ကြောင်း အသံသွင်းပေးထားပြီး မည်သူလာလျှင် မည်သည့် ဖုန်းသံဖြင့် ပြန်ကြားပါဆိုတာမျိုး Listen ကို ညွှန်ကြားထားလျှင်လည်း Listen က တစ်သွေမတိမ်း ဆောင်ရွက်ပေးလိမ့်ဦးမည်။ လုပ်ဆောင်ချက် အသစ်အနေဖြင့် တည်နေရာ အာရုံခံစနစ်ဖြင့် သုံးသူ၏ တည်နေရာကို ထောက်လှမ်းကာ မည်သည့်နေရာ ရောက်နေလျှင်  မည်သို့အကြောင်းပြန်ပေး ပါဆိုတာမျိုးပါ သတ်မှတ်ပေးထားလို့ရသည်။ အိမ်မှာရှိနေချိန် မည်သို့ အကြောင်းပြန်ပေးပါ၊ ရုံးရောက်နေချိန်တွင် မည်သို့ အကြောင်းပြန်ပေးပါ၊ လမ်းပေါ်ကားမောင်းနေချိန်တွင် မည်သို့အကြောင်းပြန်ပေးပါ  စသည်ဖြင့် မိမိလိုအပ်သလို ညွှန်ကြားထားနိုင်သည်။

LastPass

======

LastPass သည် ဖုန်းဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များ မကြာမကြာ ဝင်ကြည့်နေရသူ များအတွက် အထူးအသုံးဝင်လိမ့်မည်။ LastPass သည် လုံခြုံရေးမြင့်မားသော Password မျိုး  အကြံပြု ဖော်ပြပေးနိုင်သလို ဒေတာသိုလှောင်ရာ နေရာအဖြစ်လည်း အသုံးဝင်ပြီး ဝက်ဘ်ဆိုက် ဘရောက်ဆာအဖြစ်လည်း အသုံးပြုနိုင်သည်။

ဆိုက်ဘာစောရတွေ သောင်းကျန်းသထက် သောင်းကျန်းလာနေသော ယနေ့အချိန်တွင် လုံခြုံရေးမြင့်မားသော ရှုပ်ထွေးများပြားသည့် Password မျိုး ပေးထားနိုင်မှ တန်ကာကျသည်။ သို့သော် ထိုသို့ Password ရှည်ရှည်ရှုပ်ရှုပ်တွေ ပေးထားခြင်း၏ ဆိုးကျိုးကား ကိုယ့် Password ကိုယ် မေ့ခြင်းဖြစ်သည်။ LastPass သည် Password ရှည်ရှည်ရှုပ်ရှုပ်များ အကြံပြုဖော်ပြ ပေးနိုင်ရုံသာမက LastPass ဘရောက်ဆာဖြင့် ဝဘ်ဆိုက်များ ဝင်ကြည့်ပါက Log in ဝင်စရာရှိလျှင် အကောင့်နှင့်Password ကို  LastPass က အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။ ကိုယ်မေ့နေလျှင်တောင် LastPass က မှတ်သားပေးထားသဖြင့် အဆင်ပြေသည်။ Log in ဝင်ခြင်းအပါအဝင် ကိုယ်ရေး အချက်အလက်များ ဖြည့်ရမည့် နေရာတွင်လည်း Last Pass က အလိုလျောက် ဖြည့်ပေးလိမ့် ဦးမည်ဖြစ်ရာ သွက်လက်ချက်ချာသော အတွင်းရေးမှူး တစ်ယောက် ရထားသည့်နှယ် အလုပ်တွင်ကျယ်လိမ့်မည်။

Swiftkey

======

Swiftkey သည် ဉာဏ်ရည်မြင့် ဖုန်းကီးဘုတ် အတန်းအစားထဲတွင် ပါဝင်သည်။ မိမိရိုက်ထားသမျှ စာလုံးတိုင်း၊ စာလုံးတွဲတိုင်း၊ စာကြောင်းတိုင်းကို မှတ်သားပေးထားပြီး နောက်အကြိမ်များတွင် သက်ဆိုင်ရာ စာလုံးကို စရိုက်လိုက်သည်နှင့် အကြံပြုစာလုံးများ ဖော်ပြပေးလိမ့်မည်။ Swiftkey နဲ့ စာရိုက်ပါများလေ၊ မိမိ စာရိုက်ဓလေ့ကို မှတ်သားနိုင်လေဖြစ်ကာ ခန့်မှန်းဖော်ပြသည့် စာလုံးလည်း ပိုမှန်ကန်လာလေ ဖြစ်မည်။ မှန် ကန်စွာ ခန့်မှန်းဖော်ပြသည့်စာလုံး ပေါ်လာတိုင်း ထောက်လိုက်ရုံဖြင့်  ထိုစာလုံး ရိုက်ပြီးသားဖြစ်သွားကာ မြန်ဆန်သက်သာစွာ စာရိုက်လို့ရလိမ့်မည်။

ထို့အပြင် Swiftkey တွင် အကောင့်လုပ်ထားပါက အခြားသော ဖုန်းများ၊ Tablet များရှိ  Swiftkey မှာပါ ထိုအကောင့်ဖြင့်ဝင်လျှင် မိမိ စာရိုက်ဓလေ့ ဒေတာများ ထိုကိရိယာများသို့ပါ ရောက်ရှိကာ မိမိသုံးနေကျအတိုင်း အခြားကိရိယာများမှာပါ Swiftkey ကို  အသားကျ ဆက်သုံးနိုင်လိမ့်မည်။ ထို့အပြင် ဖန်သားပြင် အနေအထား၊ လက်အနေအထားပေါ် မူတည်ပြီး ကီးဘုတ်အရွယ်အစားနှင့် အနေအထားကို ချိန်ညှိလို့ရရာ အလုပ်ရှုပ်သူများအဖို့ များစွာ အဆင်ပြေသော ကီးဘုတ် ဖြစ်သည်။

Workflow

======

အားကိုးရသည့် အတွင်းရေးမှူး တစ်ယောက်အလား အသုံးဝင်မည့် Workflow ဖြစ်သည်။ သူဌေးကို ဖုန်းခေါ်ဖို့ရှိလား၊ အလုပ်ကိစ္စ စကားပြောထားသူထံ အီးမေးလ်ပို့စရာရှိလား၊ တက္ကစီ ခေါ်မှာလား။ Workflow ကိုသာခိုင်းလိုက်ပါ။ သူလုပ်ပေးလိမ့်မည်။ အထက်ပါ အလုပ်များအပြင် Workflow လုပ်ပေးနိုင်တာ များစွာရှိသေးသည်။

အချို့ အလုပ်များအတွက် ဖုန်းပင်မစာမျက်နှာမှာ Shortcut ထုတ်နိုင်အောင်လည်း Workflow က ကူပေးသည်။ Workflow က စာဖတ်သူအတွက် လုပ်ပေးနိုင်သည့် အလုပ်ပေါင်း ၂၀၀ ကျော်ရှိသည်။ ကိုယ့်ဓာတ်ပုံတွေ အွန်လိုင်းပေါ် တင်ချင်တာလား၊ Workflow က ကိုယ်စား တင်ပေးနိုင်သည်။ Uber တက္ကစီ ခေါ်မှာလား၊ Workflow က ခေါ်ပေးနိုင်သည်။ စားသောက်ဆိုင်မှာ တစ်ပ်ဘယ်လောက် ပေးသင့်သလဲ သိချင်တာလား။ Workflow က တွက်ပေးနိုင်သည်။ Workflow ထဲမှာ ကိုယ်သုံးနေကျ လုပ်ဆောင်ချက်များကို တစ်ချက်နှိပ်ရုံနှင့် ပြန်ဝင်နိုင်စေရန် ဖုန်း မူလစာမျက်နှာပေါ် Shortcut တင်ထား နိုင်သည်။ အပလီကေးရှင်းကို ဖွင့်ကာ အဆင့်ဆင့် ပြန်ဝင်ရခြင်းကြောင့် အချိန်ကုန်မှာမျိုး မဖြစ်တော့။

Workflow သည် နေ့စဉ် ဖုန်းဖြင့် လုပ်နေကျ အလုပ်အများစုကို ကိုယ်စား လုပ်ပေးခြင်းဖြင့် အသုံးပြုသူကို အချိန်ကုန်သက်သာအောင် ကူပေးလိမ့်မည်။

Forest

=====

အင်တာနက် နည်းပညာ၊ ဆိုရှယ်မီဒီယာတွေကြောင့် အလုပ်လုပ်ရတာ ပိုတွင်ကျယ်မြန်ဆန် လာသည်မှန်သော်လည်း အခြားတစ်ဖက်တွင်ကား ဆိုးကျိုးအဖြစ် ဖုန်းစွဲလမ်းစိတ် ဖြစ်ရသည်။ တစ်နေ့တစ်နေ့ ဖုန်းပွတ်ရင်း ကုန်သွားသည့် အချိန်တွေအနက် မပွတ်လည်းဖြစ်သည့် အချိန်တွေ မည်မျှပါသနည်း၊ မကုန်သင့်ဘဲ ကုန်သွားသည့် အချိန်တွေ မည်မျှပါသနည်း စဉ်းစားကြည့်ပါ။ ကိုယ်တောင် သတိမထား မိလိုက်ခင်မှာပင် တစ်နာရီလောက် ကုန်သွားတာမျိုး ဘယ်နှခါလောက် ကြုံခဲ့ရပြီလဲ။

Forest  သည် အချိန်မကုန်သင့်ဘဲ ကုန်နေခြင်းကို ကာကွယ်ပေးဖို့ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ အလုပ်မဖြစ်သော ကိစ္စများအတွက် ဖုန်းနဲ့ အချိန်တွေ ဘယ်လောက် ဖြုန်းဖြစ်နေကြောင်း Forest က ပြပေးလိမ့်မည်။ အလုပ်မဖြစ်သော ကိစ္စများအတွက် ဖုန်းနဲ့ အချိန်မကုန်အောင် စည်းကမ်းရှိရှိ နေထိုင်သူများကိုလည်း Forest က ဆုချလိမ့်ဦးမည်။

Forest မှာ လုပ်ရမှာက သစ်ပင်စိုက်ဖို့။ တစ်ကြိမ်လျှင် တစ်ပင်နှုန်း။ သစ်ပင်စိုက်ထားချိန်မှာ တခြား Application တွေ ဖွင့်သုံးခွင့်မရှိ။ စိတ်မထိန်းနိုင်ဘဲ ဖွင့်သုံးလျှင် ကိုယ့်သစ်ပင် သေသွားလိမ့်မည်။ သစ်ပင်ကို အချိန်ဘယ်လောက်ကြာကြာ စိုက်မည်ဆိုတာ ကိုယ့်ဘာသာ သတ်မှတ်ထားလို့ရသည်။ မိနစ် ၃၀ လား၊ ၄၅ မိနစ် လား၊ တစ်နာရီလား စသည်ဖြင့်။ ထိုသတ်မှတ်ချိန်အတွင်း Forest က အချိန်ရေတွက်နေမည် ဖြစ်သည်။ အချိန်ပြည့်သည်အထိ ကိုယ်က အခြား Application များဝင်မသုံးဘဲ နေနိုင်သည်ဆိုလျှင် သစ်ပင်လေး ရှင်သန်ပြီ။ ထိုသို့ အပင်များများ စိုက်နိုင်သည်နှင့်အမျှ ကိုယ့်သစ်ပင်တွေ များလာကာ တောအုပ်ကြီး ဖြစ်လာမည်။ ထိုသို့ တောအုပ်ကြီး ဖြစ်လာခြင်းသည် မိမိက ဖုန်းကို မလိုအပ်ဘဲ ဖွင့်ကလိတာမျိုးရှောင်ကာ အလုပ်ကိုသာ အာရုံစိုက်လုပ်နေခြင်း၏ ပြယုဂ်လည်း ဖြစ်သည်။ သစ်ပင်စိုက်ထားချိန်တွင် ဖုန်းအသုံး ရှောင်ကာ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်လုပ်ဖို့လည်း Forest က အမြဲ သတိပေးနေလိမ့်မည်။ Forest  တွင် သစ်ပင်တစ်ပင် ထပ်တိုးလာတိုင်း မိမိသည် ဖုန်းနှင့် အချိန်မဖြုန်းဘဲ  အကျိုးရှိသော အလုပ်တစ်ခု ထပ်တိုးလုပ်လိုက် နိုင်သည်ဟူသော ပီတိစိတ်လေး ခံစားရလိမ့်မည်။

စာဖတ်သူ၏ အချိန်သည် တန်ဖိုးအရှိဆုံး အရာဖြစ်၏။ သို့ဖြစ်ရာ တစ်စက္ကန့်မျှပင် စောင့်ဆိုင်းမနေပါနဲ့တော့။ အထက်ပါ Application ငါးမျိုးအနက် မိမိနှင့်ကိုက်ညီတာကို Download  ဆွဲကာ အခုပဲ အချိန်ကို အကျိုးရှိစွာ အသုံးချလိုက်ကြပါစို့။


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

Firmware ကျကျ ၊ မကျကျ Samsung အားလုံးကို Region 100% မှန် ရွေးနည်း

Posted: 19 Jul 2016 11:22 AM PDT




မသိသေးသူများအတွက် ရည်ရွယ်ပြီး ကျွန်တော်သိသလောက်လေး Share တာပါ
 ... Region မှားပြီးတင်ရင် ဘာဖြစ်တယ်ဆိုတာ သိပြီးသားဖြစ်ကြမှာပါ ...

Firmware ကျနေတာပဲဖြစ်ဖြစ် မကျသေးတာပဲဖြစ်ဖြစ် Recovery ဝင်ရင် CSC-Code ကို
 မြင်ရမှာပါ Custom Recovery သွင်းထားရင်တော့ အောက်ကနည်းအတိုင်းဆက်လုပ်ပါ

Phone Info SAMSUNG apk ကို Play Store မှာ free down လို့ရပါတယ်
 firmware မကျသေးရင် အဲဒီ APK တင်ပြီးလည်းကြည့်လို့ရပါတယ်
.... Active CSC Code က firmware region ပါ...




Available CSC code က မူရင်း region မဟုတ်ပေမဲ့ တင်လို့ရတဲ့ region တွေပါ
 သူပြထားတဲ့ region တင်ရင် ဘာမှ မဖြစ်ပါဘူး ဒီလိုမျိုး region တစ်ခုပဲရရင်တော့
အခြား region တင်ရင်တော့ သေပြီပဲ... :P



ဒီလိုမျိုးလေးဆိုရင် ကိုယ့်မှာ ဒီ region မရှိလည်း ရနိုင်တဲ့
 region firmware ရှိနေရင် ရဲရဲကြီးသာတင်ပါ



နောက်တစ်နည်းက Kies ကို သုံးပြီးရှာတာပါ Battery အောက်မှာ
 ရေးထားတဲ့ Model နဲ့ S/N နံပါတ်ကို မှတ်ထားပါ



Kies က Firmware Upgrade and Intialisation ကိုရွေးပါ



Model နံပါတ်ရေးပါ



S/N ထည့်ပါ



OK ပေးပါ



Region ရပါပြီ



Credit: Nann Oo

Re-Credit To... (www.zunite.org)

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

Huawei P8 Lite B530 ဖုန်းကို Stock Android 6.0 OTA Rom တင်နည်း- by CHAN LAY (MCMM)

Posted: 19 Jul 2016 11:20 AM PDT




မိတ်ဆက်

=========


Huawei P8 Lite B530 ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုတွေအတွက်
အသစ်တက်လာတဲ့ Stock Android 6.0 OTA Rom တင်နည်းကို တင်ပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် Marshmallow v6.0.1 ဗားရှင်းက 16.July.2016 ရက်နေ့မှာ
ထပ်တက်လာတာပဲဖြစ်ပါတယ်၊ Update Version ချစ်သူများအတွက် အကြိုက်
တွေ့နိုင်မှာလည်းဖြစ်ပါတယ်။

Build-No ကတော့ B530 ဖြစ်ပြီး Region တော့ Russia ဖြစ်ပါတယ်
ဖိုင် Size 1.45 GB ရှိတာမို့ လိုင်းကောင်းတုန်း ဒေါင်းလော့ရယူလိုက်ပါ။



DOWNLOAD AND DETAILS

==================

    Android Version:- Marshmallow v6.0.1
    UI Version :- Emotion UI 4.0
    Firmware Versions :- B530
    Huawei P8 lite :- ALE-L21
    Release Date :- 16.July.2016
    Firmware :- ALE-L21C10B530
    Region :- Russia
    Size :- 1.45 GB


Download B530 Rom For Huawei P8 Lite


   Firmware တင်နည်း (၁)

===============
၁။ ROM & Data များကို Backup ပြုလုပ်ထားလိုက်ပါ။

၂။ ဒေါင်းလော့ရလာတဲ့ OTA zip ဖိုင်ကိုဖြည်လိုက်ပါ။

၃။ 'dload' ဖိုင်ကို SD Card သို့ Copy ကူးထည့်လိုက်ပါ။

၎။ ဖုန်းကို ပါဝါပိတ်ပြီး "Volume Up + Down + Power များကို
တစ်ပြိုင်တည်း တွဲနှိပ်ထားလိုက်ပါ။

၅။ ဖုန်းမှာ Auto Update ပြုလုပ်သွားပါလိမ့်မယ်။

၆။ Flash Process ပြီးသွားတဲ့အခါ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Update Version ဖြင့် လန်းနေပါပြီ။



Firmware တင်နည်း (၂)

==============
၁။ Firmware OTA zip ဖိုင်ကိုဒေါင်းလော့ပြီး zip ဖြည်လိုက်ပါ။

၂။ Firmware folder ထဲမှ 'dload' ကို SD Card သို့ ကူးထည့်ပါ။

၃။ Dial Pad (ဖုန်းခေါ်သည့်နေရာ) ကိုဖွင့်လိုက်ပြီး
 အေက်ပါ နံပါတ်များကို မှန်အောင် ရိုက်ထည့်ပေးလိုက်ပါ။

" *#*# 2846579#*# * "

၎။ Software Upgrade ကိုရွေးချယ်လိုက်ပါ၊ ပြီးရင်
SD Card Upgrade သို့သွားလိုက်ပါ confirm ပြုလုပ်ပေးလိုက်ပါ။

၅။ ဖုန်းမှာ Flash process ကို စတင်ရေးနေပါလိမ့်မယ်။

၆။ ပြီးဆုံးသွားတဲ့အခါ ဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Update Version ဖြင့်လန်းနေပါပြီ။

မှတ်ချက်။ Boot စတက်တဲ့အခါ 5-10 မိနစ်လောက်ကြာနိုင်ပါတယ်။


Special Credit ===> ဇူးနစ်(နည်းပညာ)

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

0 comments:

Post a Comment