မောင်ပေါက် ( Maung Pauk ) |
- မိမိရဲ့ဘလော့Comment အရေအတွက် Bubble Icon လေးနဲ့ပေါ်စေချင်ရင်
- ဖုန်း Call Recorder အလန်းစားလေး - Call Recorder Pro v5.2 Apk
- ဖုန်း Lock Screen ဒီဇိုင်းအလန်းစားလေး - Lock Screen & AppLock Security APK
- ကားပြိုင်မောင်း ဂိမ်းကောင်းလေး - No Limits Rally MOD APK (Money ခိုးပြီးသား)
- လမ်းဖိုက်တာ နေရာကနေ တိုက်ခိုက်ကစားရမယ့် - Fight Club - Fighting Games MOD APK
- ဖုန်းမှာ ဖျက်ခြင်တဲ့ Apk ကို Data memory မကျန်အောင်ဖျက်ပေးနိုင်တဲ့ - Root Cleaner v6.3.1 Apk
- Titanium Backup Latest Version Download ( VS: 7.5.0 )
- Crystal Methamphetamine စိတ်ကြွဆေးခေါ် (ICE) နှင့် (YABA) ခေါ် ရာမ စိတ်ကြွဆေးပြား
- ကမ္ဘာ့အကြီးဆုံး ကုန်းရေနှစ်သွယ်သွား လေယာဉ်ကို တရုတ် ထုတ်ဖော် ပြသ
- စွန့်စွန့်စားစား စစ်မြေပြင်ကြားက ထိုင်းရဲတပ်ဖွဲ့ သေနတ်ပစ်လေ့ကျင့် ကစားပွဲ
- တရုတ်သတင်းထောက် ၃ ဦးကို အိန္ဒိယနိုင်ငံအတွင်းမှ မောင်းထုတ်
- ခန္တီးမြို့နယ်တွင်း ချင်းတွင်းမြစ် တလျှောက် ကျေးရွာ ၂၄ ရေနစ်
- Prisma app လေး Android အတွက် တရားဝင်ထွက်ရှိ - Prisma apk V 1.0 (Full ဗားရှင်း)
- Facebook က Video တွေကို အလွယ်ဒေါင်းယူနိုင်တဲ့ - Facebook Video Downloader V 7.1 APK
| မိမိရဲ့ဘလော့Comment အရေအတွက် Bubble Icon လေးနဲ့ပေါ်စေချင်ရင် Posted: 25 Jul 2016 09:58 PM PDT မိမိရဲ့ဘလော့Postတခုစီရဲ့အပေါ်မှာ Comment အရေအတွက် Bubble Icon လေးနဲ့ပေါ် အောင်လုပ်တဲ့နည်းလေးပါ၊တချို့Template မှာကြတော့ Autoပါလာတယ်၊ထည့်နည်းလေးကတော့ အောက်မှာပုံနဲ့တကွ Code ၁။ Layoutနိုပ်ပါ၊ ၂။ edit HTMLထပ်နိုပ်ပါ၊ ၂။ edit HTMLထပ်နိုပ်ပါ၊ ![]() ၃။Expand Widget Templatesကိုအမှန်ခြစ်ပေးပါ၊ ![]() အောက်က Code ကိုရှာပါ ]]></b:skin> တွေ့ပြီဆိုရင်အပေါ်မှာcssနေရာမှာအောက်ကစာတွေထည့်လိုက်ပါ.comment-bubble { float : right; width : 48px; height : 48px; background : url(http://i43.tinypic.com/dljpzo.jpg) no-repeat; font-size : 18px; margin-top : -15px; margin-right : 2px; text-align : center; position:absolute; } cssနေရာမှာထားပြီးသွားပြီဆိုရင် အောက်ကCodeကိုထပ်ရှာပြီးတွေ့ပြီဆိုရင်အောက်မှာတွေ့မြင်ရသည့်အတိုင်း အနီ ရောင် Code တွေကိုထပ်ဖြည့်ပေးလိုက်ပါ <b:includable id='post' var='post'> <div class='post hentry uncustomized-post-template'> <a expr:name='data:post.id'/> <b:if cond='data:post.title'> <h3 class='post-title entry-title'><b:if cond='data:post.allowComments'> <a class='comment-bubble' expr:href='data:post.addCommentUrl' expr:onclick='data:post.addCommentOnclick'><data:post.numComments/></a> </b:if> <b:if cond='data:post.link'> <a expr:href='data:post.link'><data:post.title/></a> <b:else/> <b:if cond='data:post.url'> <a expr:href='data:post.url'><data:post.title/></a> <b:else/> <data:post.title/> </b:if> </b:if> </h3> </b:if> ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဖုန်း Call Recorder အလန်းစားလေး - Call Recorder Pro v5.2 Apk Posted: 25 Jul 2016 09:51 PM PDT |
| ဖုန်း Lock Screen ဒီဇိုင်းအလန်းစားလေး - Lock Screen & AppLock Security APK Posted: 25 Jul 2016 09:43 PM PDT |
| ကားပြိုင်မောင်း ဂိမ်းကောင်းလေး - No Limits Rally MOD APK (Money ခိုးပြီးသား) Posted: 25 Jul 2016 09:24 PM PDT |
| လမ်းဖိုက်တာ နေရာကနေ တိုက်ခိုက်ကစားရမယ့် - Fight Club - Fighting Games MOD APK Posted: 25 Jul 2016 09:10 PM PDT |
| ဖုန်းမှာ ဖျက်ခြင်တဲ့ Apk ကို Data memory မကျန်အောင်ဖျက်ပေးနိုင်တဲ့ - Root Cleaner v6.3.1 Apk Posted: 25 Jul 2016 08:51 PM PDT |
| Titanium Backup Latest Version Download ( VS: 7.5.0 ) Posted: 25 Jul 2016 12:17 PM PDT No Skip ADS!Android System တွေကို Backup လုပ်နိုင်တဲ့ Application တွေအားလုံးထဲမှာမှ အရမ်းအစွမ်းထက်ဆုံး App လေးကတော့ Titanium Backup ဆိုတဲ့ Purchase App လေးပါပဲ...။ Mobile Service လုပ်သူတိုင်းလည်း သိကြမှာပါ...။ အခု ကျွန်တော် ယ္ခု App လေးရဲ့ ဒီနေ့မှ နောက်ဆုံးထွက်ရှိတဲ့ Latest Version ကို Uploading လုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ်...။ Download ချယူနိုင်ပါပြီခင်ဗျာ...။ App Size - 7.4 MB နောက်ဆုံး ဗားရှင်းမှာ ပါဝင်လာသော Feature များ===============================
<==== ( ::::: DOWNLOAD ::::: ) ====> OR <==== ( ::::: DOWNLOAD ::::: ) ====> ( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: ) ဝ===ဝ CHAN LAY (MCMM) ဝ===ဝ www.chanmyaemaung.net/ |
| Crystal Methamphetamine စိတ်ကြွဆေးခေါ် (ICE) နှင့် (YABA) ခေါ် ရာမ စိတ်ကြွဆေးပြား Posted: 25 Jul 2016 11:54 AM PDT ![]() ဒါကတော့ စိတ်ကြွမှုးယစ်ဆေးတစ်မျိုးဖြစ်တဲ့ မက်သာအက်ဖက်တမင်း(Methamphetamine)ဖြစ်ပါတယ်။ မြန်မာအခေါ်အဝေါ်က (ice)အိုက်စ် လို့ခေါ်ပါတယ်... တကယ်တော့ မက်သာအက်ဖက်တမင်းဟာ ရေခဲတုံးနဲ့ဆင်တူလို(့ ice )လို့ အလွယ်ခေါ်ဆိုခြင်းသာဖြစ်ပါတယ်.. သူ့ရဲ့ အမည်အပြည့်အစုံက Crystal methamphetamine ဖြစ်ပါတယ်..သလင်းကျောက်အမျိုးအစား စိတ်ကြွဆေးတစ်မျိုးသာဖြစ်တယ်။ သူ့ရဲ့(Side Effect) တွေကအများကြီးဖြစ်လို့ အနည်းငယ်သောဆိုးကျိုးများကိုသာ အကျဉ်းချုံးဖော်ပြပေးပါမယ်။ Methamphetamine စိတ်ကြွဆေးသုံးစွဲနေသူတစ်ယောက်ဟာ အစဉ်သဖြင့် ဦးဏှောက်သွေးဖိ့အားများပြီး နှလုံးနဲ့ပတ်သက်သောဆိုးကျိုးများ ဖြစ်ပေါ်လာခြင်း.. လူသတ်ချင်လောက်အောင် ဒေါသစိတ်များ ပြင်းထန်နေခြင်း.. အရေပြား ယားယံ၍ အဖုအပိတ်ထွက်ခြင်း.. သွားပိုးစားသကဲ့သို့ သွားဖုံးအောက်ခြေ၌ပျက်စီးပြီး သွားများကျွက်ထွက်ခြင်း.. ပါးစပ်နံစော်ခြင်း.. ဆံပင်ကျွက်ခြင်း ဆံပင်ပါးခြင်း... ကျောက်ကပ်ပျက်စီးခြင်း.. ဆီးလမ်းကြောင်းပျက်စီးခြင်.. အစားအစာ နည်းပါးစွာ စားသုံးလာခြင်း.. အိပ်၍မပျော်ခြင်း... အသည်းပျက်စီးခြင်း... အိုမင်းရင်ယော်သကဲ့သို့ ရုပ်လက္ခဏာ ပြောင်းလဲသွားခြင်း.. ကိုယ်ဝန်ဆောင် မိခင်များ ဆီးနဲ့ပတ်သက်တဲ့ရောဂါအမျိုးမျိုး ခံစားရပြီး မွေးလာသည့် ရင်သွေးဟာ မသန်စွမ်းခြင်းနှင့်နှလုံးရောဂါစွဲကပ်ပါလာခြင်း.. နောက်ထပ်ဆိုးကျိုးတွေအများကြီးရှိပါသေးတယ်..ဒီလောက်နဲ့ပဲ ကျေနပ်ပါ... ![]() ![]() ![]() ![]() (YABA) ခေါ် ရာမ စိတ်ကြွဆေးပြား===================တက္ကသိုလ် ကျောင်းသား/သူများရဲ့ မိခင် ဖခင်များ ခင်ဗျာ... ကျွန်တော်အနည်းငယ် သတိပေးလိုပါတယ်...ယနေ့ခေတ် ဆေးကျောင်းတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ် ကျောင်းသား( ၂၀)ရာခိုင်နှုန်းမှာ Wyအမှတ်အသားတံဆိပ်ပါတဲ့( YABA) မြန်မာအခေါ်အဝေါ်(ရာမ)ဆေးပြားနှင့်(Methamphetamine) စိတ်ကြွဆေးများသုံးစွဲနေကြပါတယ်...ဒါ့ကြောင့် ကိုယ့်သား ကိုယ်သမီးများကို လစ်ရှုမထားစေလိုပါ... မုန့်ဖိုးများများတောင်းတတ်တဲ့ ကျောင်းသား/သူဆိုရင်တော့ သေချာလေ့လာစောင့်ကြည့်သင့်ပါတယ်... ဘ၀ခါးခါးပြောတာမယုံရင် လေ့လာကြည့်လိုက်ပါ...အဖြေတစ်ခုထွက်ပေါ်လာပါလိမ့်မယ်... ![]() ![]() ( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: ) ဝ===ဝ CHAN LAY (MCMM) ဝ===ဝ www.chanmyaemaung.net/ |
| ကမ္ဘာ့အကြီးဆုံး ကုန်းရေနှစ်သွယ်သွား လေယာဉ်ကို တရုတ် ထုတ်ဖော် ပြသ Posted: 25 Jul 2016 11:37 AM PDT ![]() ပေကျင်း ၊ ၂၅-၇-၂၀၁၆ တရုတ်အစိုးရ သည် တောမီးများကို ငြှိမ်းသတ်ရန်နှင့် ရေကြောင်း ကယ်ဆယ်ရေး ဆိုင်ရာ စစ်ဆင်ရေးများ လုပ်ဆောင်ရန် အတွက် အသုံးပြုနိုင်မည့် ကမ္ဘာ့ အကြီးဆုံး ကုန်းရေ နှစ်သွယ်သွား လေယာဉ်ကို ထုတ်ဖော် ပြသ ခဲ့ကြောင်း ဇူလိုင် ၂၄ ရက် ထုတ်ပြန်ချက် အရ သိရသည်။ AG 600 အမည်ရှိ အဆိုပါ လေယာဉ်ကို တရုတ်နိုင်ငံ လေယာဉ် ထုတ်လုပ်မှု လုပ်ငန်း ကော်ပိုရေးရှင်း (AVIC) က ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး ယင်း လေယာဉ်သည် အများဆုံး အကွာအဝေး ကီလိုမီတာ ၄၅ဝဝ အထိ ပျံသန်း နိုင်ကာ Boeing 737 အရွယ်အစား နီးပါးရှိကြောင်း သိရသည်။ AVIC သည် အဆိုပါ လေယာဉ်အား ကွမ်တုန်း ပြည်နယ် ရှိ ကျူဟောင်မြို့ ၌ ဇူလိုင် ၂၃ ရက်က ထုတ်ဖော် ပြသ ခဲ့ပြီး ယင်းလေယာဉ် သည် ရေကြောင်းဆိုင်ရာ ပျံတက်မှုနှင့် ဆင်းသက်မှုတို့ လုပ်ဆောင်ရန် ထုတ်လုပ် ခဲ့သော တခြားလေယာဉ် များထက် ပို၍ကြီးမား ကြောင်းနှင့် တရုတ်လေယာဉ် ထုတ်လုပ်မှု လုပ်ငန်းတွင် နောက်ဆုံး အောင်မြင်မှု တစ်ခု ဖြစ်ကြောင်း AVIC မှ လက်ထောက် အထွေထွေ မန်နေဂျာ ကန်ရူကွမ်း က ပြောကြားသည်။ တရုတ်အစိုးရ သည် နိုင်ငံ၏ အကြီးဆုံး စစ်ဘက် ပို့ဆောင်ရေး လေယာဉ် Y-20 ကိုလည်း ယခုလ အစောပိုင်းတွင် စစ်ဘက်၌ စတင်အသုံးပြု ခဲ့ကြောင်းနှင့် ယင်းလေယာဉ် သည် အများဆုံး ဝန်ချိန် ၆၆ တန် သယ်ဆောင်နိုင်ပြီး အကွာအဝေး ကီလိုမီတာ ၄၄ဝဝ အထိ ပျံသန်း နိုင်ကြောင်း သိရသည်။ ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net/ |
| စွန့်စွန့်စားစား စစ်မြေပြင်ကြားက ထိုင်းရဲတပ်ဖွဲ့ သေနတ်ပစ်လေ့ကျင့် ကစားပွဲ Posted: 25 Jul 2016 11:36 AM PDT ![]() "ဒါကို ဆမ်ပရန် ပထမတန်း သေနတ်ပစ် ဂိမ်းလို့ ခေါ်ပါတယ်။ ဒါက ဘာကို ကိုယ်စားပြု သလဲဆိုတော့ ထိုင်း ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည် ပုံရိပ်ကို အပြု သဘောဆောင်ပြီး မြှင့်တင်နိုင်ဖို့ ပါပဲလို့" ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ အကယ်ဒမီမှ ထိုင်းရဲဒု-ဗိုလ်ချုပ်ကြီး ဆက်ခ်ဒါ တက်ချက်ကရီယန်ခရိုင်က ပြောလိုက်ပါတယ်။ အရာရှိ သင်တန်း သားတွေကို ဘီဘီ aသနတ်ပစ် aလ့ကျင့်ရေး ကွင်းမှာ ပြင်းပြင်း ထန်ထန် ကြိုးစား ကြဖို့ သူက နှိုးဆော်လေ့ ရှိပါတယ်။ အဲဒီသေနတ်ပစ်ကွင်းက သင်တန်းကျောင်းရဲ့ အနောက်ဘက်တောထဲမှာ တည်ရှိနေတာဖြစ်ပြီး သင်တန်းသားတွေဟာ အဲဒီနေရာမှာ သေနတ်ပစ်လေ့ကျင့်ပြီး အတွေ့အကြုံတွေ ယူကြရတာပါ။ ဘီဘီဂန်း သေနတ်ပစ်တပ်ဖွဲ့ဆိုတာ ထိုင်းနိုင်ငံမှာတင်မကဘဲ ကမ္ဘာမှာလည်း ထင်ရှားကျော်ကြားပြီး ဒီလေ့ကျင့်ရေး ကာလတလျှောက်မှာ လက်နက်တွေကို ဘယ်လိုအသုံးပြုရမလဲ၊ ရာဇ၀တ်ပြစ်မှုဆိုင်ရာ အမှုအခင်းတွေမှာ ဘယ်လို ဖြေရှင်းတိုက်ခိုက်ကြမလဲ ဆိုတာတွေကို သင်ကြားကြရတာပါ။ သင်ကြားရေးကွင်းပြင်ထဲမှာ သင်ထောက်ကူ ပစ္စည်းတွေနဲ့အတူ တကယ့်လက်ရှိ ပြင်ပမှာ ဖြစ်နေပုံအတိုင်း ပြင်ဆင်လေ့ကျင့် သင်ကြားပေးနေတာပါ။ သေနတ်ပစ်ဂိမ်းရဲ့ သင်တန်းဆရာတဦးဖြစ်တဲ့ ဆူဗစ်ချာကယ်လင်တာက "သင်တန်းသားအများစုက ဘီဘီသေနတ်ပစ် ကျွမ်းကျင်သူတွေချည်း မဟုတ်ပါဘူး။ သူတို့နဲ့အတူ သင်တန်းဆရာတွေ၊ ပညာရှင်တွေက ပူးပေါင်းပြီး သင်ကြားပေးနေကြတာပါ" လို့ ပြောပါတယ်။ လေ့ကျင့်ရေးကွင်းပြင်ဟာလည်း ပြည့်စုံအောင် ပြင်ဆင်ထားပြီး အဆောက်အအုံ၊ အကာအကွယ်တွေ၊ မျှော်စင်တွေ၊ ရေကန်တွေ၊ လမ်းကြမ်းတွေ စသဖြင့် ထည့်သွင်းထားရှိပြီး ထိုင်းနိုင်ငံရဲ့ အကောင်းဆုံး လေ့ကျင့်ရေးကွင်းတွေထဲမှာ တခုအပါအ၀င်ဖြစ်တယ်လို့ ဆိုပါတယ်။ ကစားပွဲမှာ အဖွဲ့တဖွဲ့ဘက်မှာ ဓားစာခံတယောက်ထားရှိကာ အဲဒီဓားစားခံကို တခြားအဖွဲ့က လွတ်မြောက်အောင် ကယ်ထုတ်ရတာ ဖြစ်ပါတယ်။ တကယ့်အဖြစ်အပျက်အတိုင်း မီးခိုးလုံးတွေလို အထူးပြုလုပ်ချက်တွေ၊ ပုံစံတူ အခြေအနေတွေနဲ့ ဖန်တီးထားတာမို့ ဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းပြီး ပညာလည်းသင်ရင်း ဖျော်ဖြေမှုလည်းပေးနိုင်တဲ့ နေရာပါပဲ။ ကျောင်းသားတွေဟာ ဗျူဟာမြောက်အပြင်အဆင်၊ သုံးသပ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့အတူ မတူညီတဲ့ အခြေအနေတွေမှာ ပြင်ဆင်နိုင်အောင် ဘီဘီဂန်းသေနတ်တွေ အသုံးပြု လေ့ကျင့်ကြရတာပါ။ သင်တန်းသားချင်း အတွေ့အကြုံ ပညာတွေလည်း ဖလှယ်နိုင်မှာဖြစ်ပြီး သူတို့အနေနဲ့ သင်တန်းကို အဆင့်မီဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ခုလို စစ်မြေပြင်သင်ကြားမှုဆိုင်ရာ ပရောဂျက်အတွက် သူတို့အနေနဲ့ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းတွေလည်း လုပ်ဆောင်နေပြီး ခုထက်ပို အောင်မြင်မယ်လို့ မျှော်လင့်တယ်ကြောင်း ရဲဒု-ဗိုလ်ချုပ်ကြီး ဆက်ခ် ဒါတက်ချက်ကရီယန်ခရိုင်က ပြောပါတယ်။ Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: စွန့်စွန့်စားစား စစ်မြေပြင်ကြားက ထိုင်းရဲတပ်ဖွဲ့ သေနတ်ပစ်လေ့ကျင့် ကစားပွဲ ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) ဝ===ဝ CHAN LAY (MCMM) ဝ===ဝ www.chanmyaemaung.net/ |
| တရုတ်သတင်းထောက် ၃ ဦးကို အိန္ဒိယနိုင်ငံအတွင်းမှ မောင်းထုတ် Posted: 25 Jul 2016 11:33 AM PDT ![]() နယူးဒေလီ ၊ ၂၅-၇-၂၀၁၆ အိန္ဒိယနိုင်ငံရှိ ထောက်လှမ်းရေး အေဂျင်စီ၏ သတင်း ပေးချက် အရ တရုတ် သတင်း ဌာန တစ်ခုဖြစ်သည့် Xinhua သတင်း ဌာနတွင် အလုပ် လုပ် နေသည့် သတင်းထောက် သုံးဦးကို နိုင်ငံ အတွင်းမှ နှင်ထုတ်ရန် အိန္ဒိယ အစိုးရက ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ နယူးဒေလီမြို့ရှိ Xinhua သတင်း အေဂျင်စီမှ ဝူချင်နှင့် ၄င်း၏ မိတ်ဆွေနှစ်ဦး ဖြစ်သည့် လူထန် နှင့် ရှီယောင်ဂန်းတို့အား ဇူလိုင် ၃၁ ရက် နောက်ဆုံးထား ၍ နိုင်ငံအတွင်း မှ ထွက်ခွာရန် အိန္ဒိယ အစိုးရက လွန်ခဲ့သော ရက်သတ္တပတ် တွင် တောင်းဆို ခဲ့ကြောင်း သတင်း အရင်းအမြစ် အချို့က ထုတ်ပြန် ထားသည်။ အိန္ဒိယ အစိုးရက တရုတ် ဂျာနယ်လစ် များအား နိုင်ငံအတွင်းမှ ယခုကဲ့သို့ နှင်ထုတ်မှု သည် ပထမဆုံး အကြိမ်ဖြစ်ပြီး ၄င်း သတင်းထောက် သုံးဦးသည် နိုင်ငံသားများ အသွင် ဟန်ဆောင်၍ အခြားအမည် များဖြင့် အစိုးရ ကန့်သတ် ထားသော အဆောက် အအုံ များသို့ သွားရောက် လည်ပတ် ခဲ့ကြောင်း ထောက်လှမ်းရေး အေဂျင်စီ က သတင်းပေး ထုတ်ပြန် ထားသည်။ ထို့ပြင် တာဝန်ရှိသူ များသည် ၄င်း သတင်းထောက် များ၏ နိုင်ငံကူး လက်မှတ်များ ကိုလည်း ဖျက်သိမ်းရန် ညွှန်ကြား ထားကြောင်း သတင်းဌာန အချို့က ထုတ်ပြန် ထားသည်။ ၄င်း သတင်းထောက် များအနက် ဝူချင် သည် နိုင်ငံကူး လက်မှတ် သက်တမ်း တိုးမြှင့်၍ အိန္ဒိယ နိုင်ငံအတွင်း ခြောက်နှစ်ခန့် နေထိုင်ခဲ့ဖူးပြီး ကျန်နှစ်ဦး မှာလည်း နိုင်ငံ အတွင်း ယင်းကဲ့သို့ သက်တမ်း တိုးမြှင့်ကာ နေထိုင်ခဲ့ကြောင်း သိရသည်။ ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) ဝ===ဝ CHAN LAY (MCMM) ဝ===ဝ www.chanmyaemaung.net/ |
| ခန္တီးမြို့နယ်တွင်း ချင်းတွင်းမြစ် တလျှောက် ကျေးရွာ ၂၄ ရေနစ် Posted: 25 Jul 2016 11:30 AM PDT ![]() မိုးသည်း ထန်စွာ ရွာသွန်းပြီး ချင်းတွင်း မြစ်ရေကြီး မှုကြောင့် ခန္တီးမြို့နယ် အတွင်း ချင်းတွင်းမြစ် တလျှောက်က ကျေးရွာ ၂၄ ရွာ ရေကြီး ရေလျှံ မှုတွေ ဖြစ်ပွားနေ တယ်လို့ ခန္တီးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်လောက် ကတည်းက မြစ်ရေ လျှံပြီး ရေကြီးရေလျှံ မှုတွေဖြစ်ပွားနေ တာဖြစ်ပြီး ဒီကနေ့မှာ ရေ ၂ ပေလောက်မြင့်တက် လာတဲ့ အတွက် ကျေးရွာ အတော်များများ ကုန်းမြင့်တွေ ကို ပြောင်းရွှေ့ နေထိုင်ကြ ရတယ်လို့ ပြောပါတယ်။ "ရေကတော့ အိမ်တွေအကုန်မြုပ်ကုန်ပြီ။ ကျနော်တို့ ခန္တီးမြို့နယ်မှာရှိတဲ့ မြစ်ကမ်းနား တလျှောက်က အကုန်လုံး မြုပ်တယ်။ ကျေးရွာက ၂၄ ရွာလေက်ရှိတယ်။ လူတွေကတော့ ကုန်းမြင့်တဲ့နေရာတွေမှာ ရွှေ့ပြောင်းနေကြရတာ။ ဘုန်ကြီးကျောင်းတို့၊ စာသင်ကျောင်းတို့ မှာပေါ။ ကျနော့်အိမ်က ရေ ၄ ပေးလောက် မြုပ်နေပြီ။ အခု ပေါ်ထပ်ကိုပြောင်းရွှေ့ပြီး ချက်စားရတာပါ။" ရေကြီးမှုကြောင့် ရုံးတွေကျောင်းတွေအားလုံး ပိတ်ထားရတယ်လို့လည်း ပြောပါတယ်။ ရေကြီးပြီး အလုပ်တွေ နားထားရတဲ့အတွက် စားနတ်ရိက္ခာအခက်အခဲရှိနေပြီး တချို့တွေ လည်း ပစ္စည်းတွေ မျောပါပျက်စီးတာတွေရှိ တယ်လို့လည်း ပြောပါတယ်။ သောက်သုံးရေအတွက်လည်း လတ်တလော မိုးရေကိုပဲ ခံယူသုံးစွဲထားရတယ်လို့လည်း ဦးမောင်တေးက ပြောပါတယ်။ ခန္တီးမြို့နယ် ဆင်သေရွာမှာနေထိုင်သူ ဒေါ်ခင်နေလင်းက "ရေတွေတအားကြီးနေလို့ ပစ္စည်းတွေ သယ်နေကြတယ်။ ကျမတို့ရွာ ဆင်သေရွာတရွာလုံးရေမြုပ်တယ်။ အခုလူတွေက မြင့်တဲ့အိမ်တွေမှာ သွားပြီး စုနေနေကြတယ်။ ကျမတို့လည်းအခုပြောင်းနေကြတာ။ အပေါ် ထပ်ကို။ အောက်ထပ်မြုပ်ခါနီးပြီမို့လို့၊ မြစ်ရေကလည်း တအားတက်နေတုန်းရှင်"လို့ ပြောပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့ နေ့ခင်း ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့် ရောက်ရှိနေပြီး အဆိုပါမြစ်ရေဟာ နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထား ပါတယ်။ From : ဒီဗွီဘီ ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) ဗ===ဝ CHAN LAY (MCMM) ဝ===ဝ www.chanmyaemaung.net/ |
| Prisma app လေး Android အတွက် တရားဝင်ထွက်ရှိ - Prisma apk V 1.0 (Full ဗားရှင်း) Posted: 24 Jul 2016 10:53 PM PDT |
| Facebook က Video တွေကို အလွယ်ဒေါင်းယူနိုင်တဲ့ - Facebook Video Downloader V 7.1 APK Posted: 24 Jul 2016 10:44 PM PDT |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |































0 comments:
Post a Comment