မောင်ပေါက် ( Maung Pauk ) |
- မိုဘိုင်းဖုန်း ပြုပြင်ခြင်း နည်းပညာဖြင့် အသက်မွေဝမ်းကြောင်းပြုဖို စဉ်းစားနေတာလား?? ဖုန်းပြင်သင်တန်းဘယ်မှာတက်ရမလဲလို့ တွေးနေတာလား ??
- Android N ၏အမည်မှာ Nougat ဖြစ်ကြောင်း Google ထုတ်ပြန်
- ဖုန်းများကို ဘရာဇီးနိုင်ငံတွင် ထုတ်လုပ်တော့မည် မဟုတ်ဟု Sony အတည်ပြု
- Hummer Trojan ကိုဖန်တီးသည့် တရုတ်ဟက်ကာအဖွဲ့ တစ်နေ့လျှင် ဒေါ်လာငါးသိန်း ရရှိနေ
- ထိုင်း - မြန်မာ နယ်စပ်တွင် မြေမြှုပ်မိုင်း နင်းမိသည့် ဆင်ကို ခြေတု တပ်ပေး
- TELECom Android Anti-Malware 4.0.1 + Serial Activation ရယူပါ - by CHAN LAY (MCMM)
| Posted: 02 Jul 2016 09:55 PM PDT Mobile ဖုန်းပြုပြင်ခြင်းနည်းပညာဖြင့် သက်မွေးဝမ်းကျောင်းပြုလိုပါသလား ?? Training ကောင်းကောင်းပေးနိုင်တဲ့ သင်တန်းမျိုးကို ရှာနေတာလား.?? သင်တန်းတက်ပီးမှ စာသင်ချိန် နည်းနေမှာကို စိုးရိမ်နေတာလား..?? ဒါဆိုရင်တော့ ကျနော်တို့ Ko Nyi+Ma Swe Mobile Training Centre ကို လာခဲ့ဖို့ အမှာစကားပါးလိုက်ပါရစေ.. မိုဘိုင်းဖုန်း ပြုပြင်းခြင်းနဲ့ ပတ်သက်ပီး ကျနော်တို့ သင်ကြားမယ့် အပိုင်းက ၂ ပိုင်းရှိပါတယ်.. Software ပိုင်းနဲ့ Hardware ပိုင်း ၂ ပိုင်းပါ. Software ပိုင်းမှာ သင်ကြားပေးမယ့် အရာတွေကတော့ လက်ရှိ လူအသုံးများနေတဲ့ Android နဲ့ IOS တွေကို အခြေခံကစပီး ယခု လက်ရှိ Hot ဖြစ်နေတဲ့ error တွေကိုပါ တခါတည်းရှင်းပြသွားမှာပါ... Android ပိုင်းမှာဆိုရင်တော့ လက်ရှိအသုံးများနေတဲ့ Samusng , Huawei , LG, Xiaomi(MI) , Coolpad , Sony, Oppo, Vivo, X-Bo , စတဲ့ China ကလာတဲ့ Clone ဖုန်းပါ မကျန် ကျနော်တို့ အခြေခံအပိုင်းတွေဖြစ်တဲ့ Root , Myanmar Font, apk install From Computor လုပ်ခြင်း , Virus သတ်ခြင်း , Official Firmware တင်ခြင်း , Custom Fimrware တင်ခြင်း ,Online မှာ Firmware ရှာဒေါင်းနည်းများ , Bootlaoder Unlock လုပ်နည်းများကို သင်ကြားပေးသွားမှာပါ. ထို့အပြင် Android ရဲ့ မကုန်နိုင်သော Error များအား ဖြေရှင်းနည်း အပိုင်းဖြစ်သည့် Advance အပိုင်းတွင် Pattern,Password,Pin တွေကို Data တွေ မပျက်ဘဲ ဖြည်နည်း, Huawei ဖုန်းများ အကြောင်းအမျိုးမျိုး ကြောင်း Firmware တင်မရဖြစ်နေပါက ရအောင် မည်သို့မည်ပုံ တင်ရမယ် ဆိုတာပါ သင်ကြားပေးသွားမှာပါ.Bootlaoder Unlock လုပ်ပီး Fastboot မှ ဖုန်းအတွင်း လိုအပ်တဲ့ img ဖိုင်တွေ Flash ခြင်း.SD card နဲ့ Firmware တင်တဲ့နေရာမှာ အခက်အခဲရှိသူတွေအတွက် SD card နဲ့မှတင်လို့ ရမယ့် Firmwareတွေကို PC ကနေ တိုက်ရိုက်တင်လို့ ရမယ့်နည်းပါ မချန် သင်ကြားပေးသွားမှာပါ...ဒါတင်ပဲလား ဟုတ်ကဲ့ ကျန်ပါသေးတယ် Android ဖုန်းတွေ မှာ ဖြစ်လေ့ဖြစ်ထရှိ့တဲ့ Firmware တင်ပီး IMEI ပျောက်ခြင်း, LCD ဖြူသွားခြင်း, တုန်သာတုန်နေခြင်း, အစရှိတဲ့ Sofbrick ဖြစ်သွားသော ဖုန်းများကို ဘယ်လိုပြန်ပီး ဆယ်ရမလဲ ဆိုတဲ့အပိုင်းများပါအပါ Samsung ဖုန်းတွေ Version အနိမ့် ဆင်းမိလို့ IMEI ပျောက်သွားတဲ့ဖုန်းတွေကို ဘာbox မှမလိုဘဲ ဘယ်လိုအလွယ်ပြန်ရေးမလဲ ဆိုတာတွေကိုပါ သင်ကြားပေးမှာပါ... ထို့အပြင် ADB command သုံးပီး Password ဖြည်တာတွေ Tool တွေသုံးပီး Reset ချတာတွေ Batch ဖိုင်တည်ဆောက်နည်းများ, Network Lock ကျနေသော အလုံးများ Unlock လုပ်ခြင်း , IMEI Backup Restore , Firmware Backup & Restore ပီးတော့ Android တွေအတွက် အထူး Support ပေးမယ့် (Miracle,Z3X,GPG,Sigma,Volcano) အစရှိသော Box များ အသုံးပြုနည်းကိုလည်း သင်ကြားပေးသွားမှာပါ.. IOS အပိုင်းမှာတော့ Firmware တင်တာတွေ iPhone 3Gs က စလို့ …နောက်ဆုံး ထွက် iPhone 6S , 6S+ တွေ အထိ ၊iPod , iPad အစ ရှိတာတွေ နဲ့ Jailbreak လုပ်ခြင်းအပြင် Cydia Tweak များရဲ့ အလုပ်လုပ်ပုံ အသုံးပြုပုံနှင့် Apple ID အကောင့် ဖွင့်နည်းများကိုလည်းအသေးစိတ် ရှင်းလင်း သင်ကြားပေးမှာ ဖြစ်ပါတယ်..ထို့ပြင် Iphone တွင် ဖြစ်လေ့ဖြစ်ထရှိသော Error များအားလည်း ထည့်သွင်းသင်ကြား ပေးသွားမှာဖြစ်ပါတယ်. Hardware ပိုင်း အတွက်ကတော့ …စာတွေ့၊ လက်တွေ့ သင်ကြားပေးပြီး (လက်တွေ့ပိုင်း) ကိုပိုမိုလေ့လာ သင်ယူစေပါတယ်။ စာတွေ့ပိုင်းတွင် Model တစ်မျိုးစီအတွက် Diagram များဖြင့်တိတိကျကျ သင်ကြားပေးပါသည်။ သင်ကြားပေးသော Model များအပေါ်တွင် ဖြစ်တတ်သော Error များကို အခြေခြံပီး မည်သည့် ဖုန်းအမျိုးအစားများကိုမဆို ပြုပြင်နိုင်သော စဉ်းစားတွေးခေါ်နည်းများကို Diagram မလိုအောင် သင်ကြားပေးပါသည်။ ထို့ပြင် Course တွင် မပါသော အခြား Error များကိုလည်း Diagram များနှင့် လိုအပ်သလို အစားထိုး သင်ကြားပေးခြင်းများလည်း ရှိပါသည်။ လက်တွေ့ပိုင်းတွင်လုပ်ငန်းခွင် အတွေ့အကြုံ များရရှိစေရန် IC ခဲဖော်ခြင်း၊ IC ဖြုတ်တပ်ခြင်း၊Touch, LCD လဲခြင်း/ခွာခြင်း၊ In put,Out put Shock ရှာနည်းများ ၊Jumper ကျော်နည်းများ ၊၊ ပါဝါသေခြင်း၊ အားမ၀င်ခြင်း၊ လိုင်းမတက်ခြင်း၊နားကြပ်ပုံပေါ်နေခြင်း၊ LCD အလင်း/အရုပ်မထွက်ခြင်း၊ Speaker, Mic နှင့်အခြားသော Error များကို (မနက် 9:00 မှ ညနေ 6:00 ထိ)(၁)လ တိတိ လက်တွေ့ကိုယ်တိုင် ပြုပြင်စေပါသည်။ Update ဖြစ်နေသော Error များပါ မကျန် သင်ကြားပေးပါသည်။ သင်တန်းသားများအတွက် သင်တန်းပြီးဆုံးသွားလျှင်လည်း Data (2000GB) ပေးမှာဖြစ်ပါသည်။ ထို့ပြင် ကိုယ်ပိုင်ဆိုင်ဖွင့်မည့် သင်တန်းသားများကိုလည်း ဆိုင်ဖွင့်ရာတွင် အခက်အခဲ အလျှော်အစားများ မရှိစေရန်အတွက် ဆောင်ရန်ရှောင်ရန်များကိုလည်း တစ်ခါတည်း သင်ပြပေးသွားမှာပါ။ သင်တန်းသား လိုအပ်ချက်များ အခက်အခဲများအား တစ်သက်တာ အကူညီပေးဖြေရှင်းပေးပါမည်။ >>>>>>> သင်တန်းကာလ Software (1) လ + Hardware (3) လပါ. နှစ်မျိုးပေါင်း တက်မယ်ဆိုရင်တော့ (4) လဖြစ်သွားပါမယ်။ တကယ်လက်တွေ့ဆင်းချင်နေတဲ့သူတွေအတွက် တကယ်ကို အဆင်ပြေစေမယ့်သင်တန်း တစ်ခုဆိုလည်း မမှားပါဘူး။ <<<<<<< အသေးစိတ် ထပ်မံသိရှိလိုပါက...... ..... Ko Nyi + Ma Swe Mobile Service & Training Centre အမှတ် - 263 / ရန်ကုန်-ပုသိမ် လမ်းမကြီး ၊ တံတားဖြူ မှတ်တိုင်အနီး၊ (၇)ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း 095505039 , 095093505 https://web.facebook.com/knms.2016training/ |
| Android N ၏အမည်မှာ Nougat ဖြစ်ကြောင်း Google ထုတ်ပြန် Posted: 02 Jul 2016 12:15 PM PDT Google သည် Android N ၏အမည်အတွက် ရက်သတ္တပတ်ပေါင်းများစွာ ဆန္ဒမဲကောက်ယူပြီးနောက် ကြာသပတေးနေ့တွင် တရားဝင်နာမည်ကို ထုတ်ပြန်ခဲ့သည်။ Nougat သည် မဲပေးမှုရေပန်းအစားဆုံး ဖြစ်ခဲ့ပြီးနောက် ပထမဆုံးရွေးချယ်ခံရသည့် အမည်တစ်ခုဖြစ်လာသည်။ ထို့အပြင် သကြားဖြင့်ပြုလုပ်ထားသော မုန့်အမည်များအား Google ၏ မိုဘိုင်း operating system အမည်ပေးသည့် အစဉ်အလာကို ဆက်လက်ဖြစ်ပေါ်စေသည်။ Google ၏ မိုဘိုင်း operating system များကို Cupcake နှင့် Donut အမည်ဖြင့် စတင်ခဲ့သလို Ice Cream Sandwich, Jelly Bean နှင့် KitKat ဟူ၍ အစဉ်အဆက် ခေါ်ဆိုစေခဲ့သည်။ Nutella အနေဖြင့် မျိုးဆက်သစ် Android OS အတွက် အမည်ပေးပြိုင်ပွဲ၌ အနိုင်ရရန် ရေပန်းစားခဲ့သော်လည်း ထင်မှတ်သလို ဖြစ်မလာခဲ့ပေ။ ယခုအခါတွင် လူအချို့က Google ၏ အသစ်ထွက်ရှိလာမည့် OS အမည် O အပေါ် ခန့်မှန်းမှုများပင် ပြုလုပ်နေကြပြီ ဖြစ်သည်။ Google သည် ယခုနှစ်အစောပိုင်းတွင် Android N ၏ feature သစ်အချို့ကို မိတ်ဆက် ပြသခဲ့သည်။ ၎င်းတွင် app များအတွက် spilt-screen view အပြင် interactive သတိပေးချက်များနှင့် စွမ်းအင်သက်သာစေမည့် mode များပါဝင်လာသည်။ ယခုအခါ developer အချို့သည် Nougat အစောပိုင်းဗားရှင်းကို စမ်းသပ်လျက်ရှိပြီး ယခုနှစ်နွေရာသီတွင် ဖြန့်ချိဖွယ်ရှိကြောင်း သိရသည်။ <=== Source from INTERNET Journal ===> ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| ဖုန်းများကို ဘရာဇီးနိုင်ငံတွင် ထုတ်လုပ်တော့မည် မဟုတ်ဟု Sony အတည်ပြု Posted: 02 Jul 2016 12:10 PM PDT Sony သည် စမတ်ဖုန်းများကို ဘရာဇီးနိုင်ငံတွင် ထုတ်လုပ်တော့မည် မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ ဘရာဇီးအစိုးရသည် ဒေသတွင်းကွန်ပျူတာနှင့် စမတ်ဖုန်းထုတ်လုပ်မှု အခွန်ကင်းလွတ်ခွင့်ကို ဖျက်သိမ်းလိုက်ရာ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ BRL ၁,၅၀၀ (ဒေါ်လာ ၅၃၀) အထိကျသင့်မည် ဖြစ်သည်။ ထို့ကြောင့် Sony အနေဖြင့် ဘရာဇီးတွင် စမတ်ဖုန်း ထုတ်လုပ်မှု ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ သတင်းကို Sony ၏ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ အန်နာပီရတ်တီက အတည်ပြုသွားခဲ့သည်။ ယခုအပြောင်းအလဲသည် ထုတ်လုပ်ဖြန့်ချိမှုများကို ပိုမိုလွတ်လပ်စွာ ပြုလုပ်နိုင်ရန်အတွက် ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။ ထို့အပြင် Sony အနေဖြင့် ဘရာဇီးရှိ ထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သော Foxconn နှင့် Arima နှင့်သဘော တူညီမှုများကိုလည်း ဖျက်သိမ်းခဲ့သည်။ <=== Source from INTERNET Journal ===> ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| Hummer Trojan ကိုဖန်တီးသည့် တရုတ်ဟက်ကာအဖွဲ့ တစ်နေ့လျှင် ဒေါ်လာငါးသိန်း ရရှိနေ Posted: 02 Jul 2016 12:05 PM PDT လုံခြုံရေးသုတေသီများသည် ကမ္ဘာ့အကြီးဆုံးနှင့် ပျံ့နှံ့မှုအလျင်မြန်ဆုံး Trojan တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံ ဟက်ကာအဖွဲ့တစ်ခုမှ ဖန်တီးထားသော Hummer ဟု ခေါ်တွင်သည့် အဆိုပါ Trojan သည် သုံးစွဲသူ တစ်သန်းကျော်၏ ဖုန်းများတွင် ကူးစက်ပျံ့နှံ့နေပြီး တစ်နေ့လျှင် ဒေါ်လာ ၅၀၀,၀၀၀ (စတာလင်ပေါင် ၃၇၅,၂၅၂) ရရှိနေကြောင်း Cheetah Mobile Security Research Lab မှ သုတေသီများက ပြောကြားခဲ့သည်။ Hummer Trojan သည် နိုင်ငံ ၂၅ နိုင်ငံရှိ သုံးစွဲသူများထံ ပျံ့နှံ့နေပြီး အိန္ဒိယ၊ အင်ဒိုနီးရှား၊ တူရကီနှင့် တရုတ်နိုင်ငံတို့တွင် အများဆုံးကူးစက်ပျံ့နှံ့နေကြောင်း၊ ထို့အပြင် ဂျာမနီ၊ ရိုမေးနီးယား၊ ရုရှား၊ ယူကရိန်းနှင့် အမေရိကန်အပါအဝင် ဥရောပနိုင်ငံအချို့တွင်လည်း ပျံ့နှံ့နေကြောင်း Cheetah Mobile မှ ဖော်ပြခဲ့သည်။ "ဒီ Trojan ဟာ တိုက်ခိုက်ခံရသူရဲ့ ဖုန်းတွေမှာ ကြော်ငြာတွေကို စိတ်ပျက်ဖွယ်ကောင်းလောက်အောင် မနားတမ်းဖော်ပြပါတယ်။ ဒါ့အပြင် ညစ်ညမ်း application တွေကို နောက်ကွယ်ကနေ တိတ်တဆိတ် ထည့်သွင်းပါတယ်။ ကူးစက်ပျံ့နှံ့ခံရတဲ့ ဖုန်းတွေမှာ မလိုချင်တဲ့ app တွေ ပေါ်လာသလို အဲ့ဒီ app တွေကို ဖျက်လိုက်ရင်လည်း ခဏအကြာမှာ ထပ်ပြီးထည့်သွင်းပါတယ်" ဟု လုံခြုံရေးကုမ္ပဏီမှ ပြောကြားခဲ့သည်။ ဆက်လက်ပြီး "၂၀၁၆ ပထမနှစ်ဝက်အတွင်းမှာ Hummber Trojan ကူးစက်ပျံ့နှံ့ခံရတဲ့ ထုတ်ကုန်က ၁.၄ သန်းနီးပါးအထိ ရှိပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် နေ့စဉ်ကူးစက်ပျံ့နှံ့မှု ၆၃,၀၀၀ အထိရှိပါတယ်" ဟု ကုမ္ပဏီမှ ဆိုခဲ့သည်။ ဖုန်းတွင် Hummer Trojan ကူးစက်ခံရသည့်အခါ ၎င်းက admin အခွင့်အရေးရရှိရန် ဖုန်းကို root လုပ်ပြီးနောက် မလိုလားအပ်သော app များနှင့် malware များကို နောက်ကွယ်တွင် တိတ်တဆိတ် ထည့်သွင်းကြောင်း သိရသည်။ အဆိုပါ app များနှင့် malware များသည် အလွန်များပြားသည့် ကွန်ရက်သုံးစွဲမှုပမာဏကို ဖြစ်ပေါ်စေကြောင်း၊ ၎င်းသည် APK ဖိုင် ၂၀၀ ကျော်ကို download ပြုလုပ်ကာ ကွန်ရက်သုံးစွဲမှု 2GB ခန့် ကုန်ဆုံးစေကြောင်း သုတေသီများက ရှင်းလင်းဖော်ပြခဲ့သည်။ ထို့အပြင် အဆိုပါ Trojan ကို ဖယ်ရှားရန် မလွယ်ကူကြောင်း၊ ၎င်းသည် ဖုန်းစနစ်များတွင် အမြင့်မားဆုံးထိန်းချုပ်မှုကို ရယူနိုင်သောကြောင့် သာမန် anti-virus software ကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ ဖုန်းကို reset လုပ်ခြင်းဖြင့်လည်းကောင်း ဖယ်ရှား၍ မရနိုင်ကြောင်း သုတေသီများက သတိပေးပြောကြားခဲ့သည်။ Hummer သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ပျှမ်းမျှဖုန်း ၁,၁၉၀,၀၀၀ ထံတွင် ကူးစက်ပျံ့နှံ့ခဲ့ပြီး ၎င်း၏ ကူးစက်ပျံ့နှံ့မှုနှုန်းသည် Cheetah Mobile က ပျံ့နှံ့မှုအများဆုံး မိုဘိုင်းဖုန်း Trojan အဖြစ် သတ်မှတ်ထားသည့် ပြိုင်ဘက် Ghostpush malware ထက် သာလွန်ခဲ့ကြောင်း သိရသည်။ <=== Source from INTERNET Journal ===> ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| ထိုင်း - မြန်မာ နယ်စပ်တွင် မြေမြှုပ်မိုင်း နင်းမိသည့် ဆင်ကို ခြေတု တပ်ပေး Posted: 02 Jul 2016 12:00 PM PDT ![]() ထိုင်း - မြန်မာ နယ်စပ်မှာ မြေမြုပ်မိုင်း နင်းမိတဲ့ ဆင်ကို ကမ္ဘာပေါ်မှာ ပထမဆုံး အနေနဲ့ ခြေတုကို အောင်မြင်စွာ တင်ဆင် ပေးလိုက် ပါတယ်။ ခြေတု တပ်ဆင် ပေးမယ့် ဆရာဝန်တွေက တပ်ဆင်ပေး တာကို ကြီးကြပ် ခဲ့တယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။ ကြီးကြပ်ပေးတဲ့ ဆရာဝန် သာချိုင်း ဂျီဝါကိတ်က သူလမ်းလျှောက် နေတဲ့ပုံက ဘက်မမျှ သလို သူရဲ့ ကျောရိုးက ကွေးလာ တာဟာ အရိုးနုကို အပြင်းအထန် ထိခိုက် လာသလို နောက်မှာလမ်း မလျှောက်နိုင်ဖြစ် လာနိုင်တယ်လို့ ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ ၂ နှစ်အရွယ်တုန်းက မိုရှာက မြေမြှုပ်မိုင်း နင်းမိခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ် တွေ့စဉ်က စိတ်မကောင်းဖြစ်မိခဲ့ပြီး ကူညီနိုင်ဖို့ နည်းလမ်းကို ကြိုးစားရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ ပထမအကြိမ် ခြေတုတပ်ဖို့ ကြိုးစားတုန်းက မိုရှာက ၆၀၀ ကီလို အလေးချိန်ရှိပြီး အခုတော့ ကီလို ၂၀၀၀ ရှိတဲ့အတွက် ပိုမို သင့်တော်တဲ့ ပစ္စည်းတွေကို အသုံးပြုထားရတယ်လို့ ပြောပါတယ်။ နောက်ဆုံးခြေတုကိုတော့ သာမိုပလစတစ်၊ စတီးနဲ့ ဆန့်နိုင်ကျုံ့နိုင်တဲ့ အရာတွေနဲ့ လုပ်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံမြောက်ပိုင်း လန်းပန်းက အာရှဆင်များရဲ့ မိတ်ဆွေ ဖောင်ဒေးရှင်းမှာ မိုဆာက နေထိုင်နေပါတယ်။ အရင်နှစ်တွေကလည်း မိုဆာအတွက်သာမက တခြားဆင်တကောင်အတွက်လည်း သာချိုင်းက ခြေထောက်တု လုပ်ဆောင်ခဲ့ဖူးပါတယ်။ Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: ထိုင်း - မြန်မာ နယ်စပ်တွင် မြေမြှုပ်မိုင်း နင်းမိသည့် ဆင်ကို ခြေတု တပ်ပေး ရုပ်သံကြည့်ရှုရန် ============= ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| TELECom Android Anti-Malware 4.0.1 + Serial Activation ရယူပါ - by CHAN LAY (MCMM) Posted: 02 Jul 2016 11:13 AM PDT ![]() မနေ့က Samsung Ace အတွက် Virus ဒုက္ခပေးနေလို့ Remover Tool လေး လိုက်ရှာရင်း TELECom ရဲ့ Android Anti-Malware 4.0.1 ကိုသွားတွေ့တယ် ဒီ Tool ကိုသိနေခဲ့တာတော့ကြာနေပါပြီ ဆရာ-ရဲမင်းအောင် Share လုပ်ပေး ကတည်းက သိနေခဲ့တာ အရင်သိမ်းထားပြီးပါပြီ အလိုရှိလို့ ပြန်ရှာတဲ့အခါ ဖိုင်များတော့ ဘယ်နား သွားသိမ်းထားမိမှန်မသိတော့ဘူး- လိပ်စာပျောက်တော့လည်း လိုင်းပေါ်ပဲ ပြေးတက်ရတော့ပေါ့ဗျာ www.smartarabe.tk ဆိုဒ်တွင် Android Anti-Malware 4.0.1 ဗားရှင်းကို Serial key နဲ့ တွဲတင်ပေးထားတာကိုသွားတွေ့တယ် ပျော်ပြီပေါ့ အသာလေး ဒေါင်းလော့ချထားလိုက်တယ်၊ အရင်ဆို ဒီ Tool အတွက် $ ကျော်နေရတာ စိတ်ပျက်စရာ အခုလည်း တစ်ဆင့်ကျော်ပြီးမှ ရလာတာပါ သူ့မူရင်းလင့်ကို တိုက်ရိုက်ပြန်လည်ညွှန်ပေးထားပါတယ် pCloud လင့်ဖြစ်ပါတယ်။ လိုအပ်ချက်======Netframework 4.0 TELECom Android Anti-Malware 4.0.1 Tool SERIAL=========LBOW-PWML-FUG1-2GITVYTO-LW5F-6JWJ-3V5S ဇူးနစ်(နည်းပညာ) မှပြန်လည်ဝေမျှပေးပါသည်။ Credit To... (www.smartarabe.tk) ( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: ) CHAN LAY (MCMM) www.chanmyaemaung.net |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |










0 comments:
Post a Comment