Related Posts Plugin for WordPress, Blogger...

July 30, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


နေရောင်ခြည်စွမ်းအင်၊ ဒီဇယ်အင်ဂျင်တို့နှင့် လျှပ်စစ် ဓာတ်အားပေးရေး မကွေးတိုင်းတွင် စတင်

Posted: 29 Jul 2016 12:04 PM PDT



မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညို


မကွေးတိုင်း ဒေသကြီး၊ ရေစကြို မြို့နယ်မှာ နေရောင်ခြည် စွမ်းအင်၊ ဒီဇယ် အင်ဂျင်တို့နဲ့ လျှပ်စစ် ဓာတ်အားပေးရေး အစီ အစဉ်ကို မကွေးတိုင်း ဒေသကြီး အစိုးရက စတင် လိုက်ပြီ ဖြစ်ပါတယ်။

မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ Parami Energy Services Co., Ltd. တို့ ပူးပေါင်းကာ ပြင်သစ်နိုင်ငံ EDF Co., Ltd တို့ လက်မှတ် ရေးထိုး ခဲ့ကြတာပါ။

ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် ကြားက ကျေးရွာတွေ မီးလင်းဖို့ ပြုလုပ် ပေးတဲ့ အစီ အစဉ်နဲ့ ပတ်သက်ပြီး မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အခုလို ပြောပါတယ်။

"ကျနော်တို့ ပြည်ထောင်စု နိုင်ငံတော်ရဲ့ ၇၀ ရာခိုင်နှုန်း လောက်ဟာ Energy Thirsty ဖြစ်ပါတယ်။ အဲတော့ အခုလိုအခြေ အနေမျိုးမှာ ဧရာဝတီနဲ့ ချင်းတွင်း ကြားမှာ ရှိနေတဲ့ ရေစကြို မြို့နယ်က ရွာပေါင်း ၄၀ ကျော်ကို လျှပ်စစ်မီး Power Supply ပေးဖို့ ကြိုးစား တာဟာ အင်မတန် သင့်လျော်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ဒီမှာ ဆိုရင်လည်းပဲ ဆိုလာ စွမ်းအင်သာ မကဘူး၊ ဒီဇယ်အင်ဂျင် နဲ့လည်း ကျနော်တို့က Generate လုပ်မှာပါ။ Electricity ရအောင်လို့။ ကြွလာတဲ့ လူကြီးမင်းတွေ ထဲမှာလည်း ဒီ Sustainable Development ရော၊ Observation of Environment ကိုရောပဲ စိတ်ပါ ၀င်စားတဲ့ သူတွေ၊ တန်ဖိုး ထားတဲ့ သူတွေ ပါတယ် ဆိုတာ သိရတဲ့ အတွက် အများကြီး ၀မ်းသာ ပါတယ်။ ဒါကိုလည်းပဲ အကျဉ်းအားဖြင့် ပြောထား ပါတယ်။ လုပ်ငန်းအောင်မြင်ဖို့၊ အကျိုးအမြတ်ရှိဖို့ ဆိုပြီး ပြောထားတယ်။ သူတို့အားလုံး သဘောတူပါတယ်။"

အခု မီးလင်းရေး စီမံကိန်းကို ၁ နှစ် ၂ နှစ်အတွင်းမှာ အပြီးဆောင်ရွက်သွားမယ်လို့လည်း Parami Energy Service Co.,Ltd ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဖြိုးဝေထွန်းက ပြောပါတယ်။

"ကျနော်တို့က Report အကြီးစား ကျနော်တို့ ရေးရဦးမှာ။ ရေးပြီးတော့မှ ကျနော်တို့ ဘယ်လောက်ကြာမယ်ဆိုတာ ပြောလို့ရမှာ။ ကျနော်တို့မြင်တာကတော့ ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာ အဆင်မပြေဘူးဆိုရင်တော့ ဒါအဆင်မပြေဘူးပေါ့နော်။

၁ နှစ် ၂ နှစ် အတွင်းမှာ ကြိုးစားမယ်လို့ ကျနော်တို့ ယူဆထားတာပေါ့နော်။ တဖက်ကလည်း ကျနော်တို့အနေနဲ့ကျတော့ တိုင်းရင်းသားကုမ္ပဏီ အနေနဲ့ကျတော့ သူတို့လိုအပ်တာကို ကျနော်တို့ Support ပေးမယ်။ ပြီးတော့ Technology က သူတို့ဘက်က ပေးမယ်ဆိုတော့ နှစ်ဖက်ပေါင်းပေါ့နော်။

Cost ရော Technology ရော နှစ်ဖက်ပေါင်းပြီး ပြောမယ်ဆိုရင်တော့ ကျနော်တို့က ၁ နှစ် ၂ နှစ်အတွင်း ဖြစ်နိုင်အောင်တော့ ကျနော် တို့က ကြိုးစားမှာပါ။" ဟု Parami Energy Service Co.,Ltd ရဲ့ အမှုဆောင်အရာရှိချုပ် ဦးဖြိုးဝေထွန်းက ပြောပါတယ်။

ပထမအဆင့်အနေနဲ့ ရေစကြိုမြို့နယ်ထဲက ကျေးရွာပေါင်း ၄၀ ကျော်ကို မီးလင်းအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို လိုက်ပြီး တိုးချဲ့ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။


( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

www.chanmyaemaung.net/


အမေရိကန် ၄၉ ဒေါ်လာဖြင့် အပန်းဖြေကျွန်း တစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရ

Posted: 29 Jul 2016 12:03 PM PDT




မဲလ်ဘုန်း ၊ ၂၉-၇-၂၀၁၆

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေး ပြည်နယ်မှ ဂျော့ရှာ အမည်ရှိ အမျိုးသား တစ်ဦးသည် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိ အပန်းဖြေကျွန်း တစ်ခုလုံးကို ၄၉ ဒေါ်လာဖြင့် ကံစမ်းမဲပေါက်၍ ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။



အဆိုပါ အပန်းဖြေကျွန်း သည် မိုက်ခရိုနီးရှား ကျွန်းစုနိုင်ငံရှိ ကော့စ်ရေးကျွန်းစု တွင် တည်ရှိပြီး သြတြေးလျ လူမျိုး ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ဒေါက်နှင့်ဆယ်လီ တို့က လွန်ခဲ့သော ဆယ်စုနှစ်ခန့် ကတည်းက တည်ဆောက် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။



အခန်း ၁၆ ခန်း ပါဝင်သော The Kosrae Nautilus Resort ဟု အမည်ပေး ထားသည့် အဆိုပါ အပန်းဖြေကျွန်း သည် စိမ်းစိုသော တောအုပ်များ၊ ဂူများ၊ သန္တာကျောက်တန်း များဖြင့် အလွန်လှပသော ကျွန်းတစ်ကျွန်း ဖြစ်သည်။

ဒေါက်နှင့် ဆယ်လီတို့သည် အဘိုးအဘွား ဘဝကိုခံယူ၍ သြစတြေးလျ နိုင်ငံတွင် ပြန်လည် အခြေချနေထိုင်ရန် ဆုံးဖြတ်ပြီးနောက် ၄င်းကျွန်းကို အခြားသူထံသို့ လွှဲပြောင်းရန် စီစဉ်ခဲ့ပြီး ကံစမ်းမဲဖောက်၍ ပေးအပ်ရန် ကြိုးပမ်းခဲ့သည်။

ဒေါက်တို့ ဇနီးမောင်နှံသည် ၄င်းတို့၏ အပန်းဖြေ စခန်းအား ငွေကိုသာ အဓိကထားသည့် စီးပွားရေးသမား ထက် ဂေဟစနစ်ကို လေးစားလိုက်နာမှု ရှိပြီး သဘာဝကို ချစ်မြတ်နိုးသူ ထံသာ လွှဲပြောင်းပေး လိုကြသည်။

ထို့ကြောင့် ၄င်းတို့သည် ကံစမ်းမဲ တစ်စောင်လျှင် အမေရိကန် ဒေါ်လာ ၄၉ ဒေါ်လာဖြင့် ရောင်းချပြီး ကံထူးသူကို ရှာဖွေခဲ့ ကြသည်။ ဂျော့ရှာ သည် ကံစမ်းမဲ လက်မှတ်သုံးစောင် ဝယ်ယူပြီး ယခုကဲ့သို့ ကံထူးခဲ့ခြင်း ဖြစ်သည်။


( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

www.chanmyaemaung.net/


အာကာသအတွင်း ၀တ်ဆင်နိုင်သည့် လည်ရှည်ဖိနစ်ကို သိပ္ပံပညာရှင်များ တီထွင်

Posted: 29 Jul 2016 12:01 PM PDT



ဘော့စ်တွန် ၊ ၂၉-၇-၂၀၁၆

အာရုံခံစနစ်နှင့် မော်တာငယ်များ တပ်ဆင် ထားသော အာကာသ အတွင်း ဝတ်ဆင်နိုင်သည့် လည်ရှည် ဖိနပ် တစ်ခုကို သိပ္ပံပညာရှင် များက တီထွင် ထုတ်လုပ် ခဲ့ကြောင်း သိရသည်။

၎င်းလည်ရှည် ဖိနပ်တွင် ပါဝင်သော အာရုံခံစနစ် နှင့် မော်တာငယ်များ၏ တုန်ခါမှုကြောင့် အတားအဆီး များကို ရှောင်ရှားရာတွင် အာကာသယာဉ်မှူး များကို အကူအညီပေး နိုင်မည် ဖြစ်သည်။

အာကာသယာဉ်မှူး များသည် လကမ္ဘာပေါ်သို့ သွားရောက်ပါက အရွယ်ပမာဏ ကြီးမားပြီး ကမ္ဘာ့လေထု ဖိအားနှင့် တူညီအောင် စီမံထားသော အာကာသ ဝတ်စုံကို အချိန်ပြည့် ဝတ်ဆင်ထား ရသည့်အပြင် တန်ဖိုးကြီးသော အောက်ဆီဂျင်ကို ထိန်းသိမ်းထား ရသည်။

သို့သော် အာကာသအတွင်း ချော်လဲပါက အဆိုပါ ဝတ်စုံသည် ပေါက်ပြဲသွားနိုင် သည့်အပြင် အကန့်အသတ် ရှိသည့်အတွက် အာရုံခံစနစ် ပါရှိသော လည်ရှည်ဖိနပ် ကို တီထွင်ရန် Aero Astro ရှိ ဘွဲ့ရကျောင်းသူ တစ်ဦးဖြစ်သော အယ်လီဆန် ဂစ်ဘ်ဆန် က စာတမ်းတစ်စောင် တင်ခဲ့သည်။

ဂစ်ဘ်ဆန် ဦးဆောင်သော အဖွဲ့သည် ကနေဒါနိုင်ငံ တိုရွန်တိုမြို့ တွင် ပြုလုပ်သော လူသားနှင့် ကွန်ပျူတာ တုံ့ပြန်မှုဆိုင်ရာ နိုင်ငံတကာ အစည်းအဝေး တစ်ခုတွင် အဆိုပါ လည်ရှည်ဖိနပ် ၏ ရှေ့ပြေးပုံစံ ကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။


( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

www.chanmyaemaung.net/


Avira Antivirus Pro v15.0.18.354 + License Full|216MB

Posted: 28 Jul 2016 11:55 PM PDT





Antivirus ဆော့ဝဲကောင်းကောင်း သုံးလိုသူများအတွက်လိုင်စင်သက်တမ်း
2020 နဲ့ 2099 License File ပါဝင်တဲ့ Avira Antivirus Pro နောက်ဆုံး
ထွက် ကိုတင်ပေးလိုက်ပါတယ်။ ကွန်ပျူတာကို မနားတမ်း စောင့်ကြည့်ပြီး အန္တရာယ်ရှိသည့် ခြိမ်းခြောက်မှုများကို စစ်ဆေးဖယ်ရှားပေးသည်။ အကယ်၍ Avira toolbar ကို ထည့်သွင်းအသုံးပြုသည့်အခါတွင် antiphishing tool, ad blocker, social networking protection စသည့် web tool များကိုပါ အသုံးပြုနိုင်မည်ဖြစ်သည်။ 
Full Version အဖြစ် အမြဲတမ်း အသုံးပြုလို့ရအောင်လို့လည်း  ဒေါင်းလင့်ဖိုင်ထဲ့မှာ
  ( Keys)ဖိုင်လေးကို ထည့်သွင်းပေးထားပါတယ်။
Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit)
အားလုံးမှာInstall ပြုလုပ်ပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။





  Download From Here

Internet Download Manager 6.25 build 24 Full + Crack Full [Updated -Jul/28/2016]

Posted: 28 Jul 2016 11:53 PM PDT



Internet Download Manager 6.25 build 24 Full + Crack Full [Updated -Jul/28/2016]

IDM အသစ်ထွက်သမျှတွေကို တင်နေကြဖြစ်တဲ့ ခုလည်း [Updated -Jul/28/2016] နေ့က အသစ်ထွက်လာခဲ့တဲ့ ကွန်ပျူတာ ကိုင်ဆောင်ထားကြတဲ့ သူငယ်ချင်းတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ Internet Download Manager 6.25 Build 18 Crack Full 
အသစ်ဗားရှင်းလေးကို တင်ပေးလိုက်ပါတယ်ဗျာ။
ဒီ Version ကိုသုံးမယ်ဆိုရင် အရင်ထည့်ထား တဲ့ IDM ကို Uninstall ထုတ်
  ပြီးမှဒီကောင်ကို အင်စတော့ ပြုလုပ်ပြီ အသုံးပြုပါ။
Full Version အဖြစ် အမြဲတမ်း အသုံးပြုလို့ရအောင်လို့လည်း  ဒေါင်းလင့်ဖိုင်ထဲ့မှာ
  ( Crack  )ဖိုင်လေးကို ထည့်သွင်းပေးထားပါတယ်။
Windows XP / Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) 
အားလုံးမှာ Install ပြုလုပ်ပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။







Redmi Note 3တွေမှာဝင်ကလိမိလို့ MTP USB connectivity options ပျောက်သွားသူတွေအတွက်

Posted: 28 Jul 2016 10:32 PM PDT


မင်္ဂလာပါ Myanmar Credo Groupမှ ကြိုဆိုပါတယ်
ကျွန်တော်အခုပြောပြမယ့်နည်းလေးကတော့
Redmi Note 3 တွေ မှာ ကလိမိရင်း
MTP USB Settingလေးပျောက်သွားပီး
တိုင်ပတ်နေသူတွေအတွက်
ကျွန်တော်တောင်တိုင်အရမ်းပတ်ခဲ့တာပါ
အခု အဲ့လိုဖြစ်လည်းစိတ်ပူစရာမလိုတော့ပါဘူး
အခုတင်ပေးတဲ့ဆော့ဝဲလေးကိုဒေါင်းပီး ၀င်လိုက်တာနဲ့ 
အရင်လို PCက Dataတွေ ပြန်လည်ယူလို့ရမှာဖြစ်ပါတယ်
လိုချင်ရင်တော့အောက်ကလင့်လေးမှာဒေါင်းယူနိုင်ပါတယ်

Download Now
Blogger--ရေနီသားဖြိုးလေး
အဆင်ပြေပါစေ..


0 comments:

Post a Comment