မောင်ပေါက် ( Maung Pauk ) |
| Blogger များ Blogger.com တွင် Wrench Icons များဖယ်ရှားနည်း Posted: 17 Sep 2016 11:46 AM PDT Blogger.com ဖြင့် တည်ဆောက်ထားသော Blog များတွင် Wrench Icons များသည် မိမိရဲ့ Blog ကို Professional Blog အဖြစ် မဖြစ်စေဘဲ မလှမပနှင့် အကျည်းတန်လှပေသည်။ ကျွန်တော် အခုရေးပေးမဲ့ အကြောင်းအရာကတော့ သိပြီးသား ဆရာများအတွက် ဘာမှ မဟုတ်ပေမဲ့ မသိသေးတဲ့ လိုအပ်နေသော Blogger များအတွက်ပဲဖြစ်ပါသည်။ ဒါကတော့ ထည့်ထားတဲ့ Gadget တွေတစ်ခုခြင်းစီရဲ့ Wrench Icons တွေပဲဖြစ်ပါသည်။ သူကိုဖယ်ရှားဖို့အတွက် CSS codes ဖြင့် Blog Template ပြင်ခြင်းဖြင့် ရနိုင်ပါသည်။ Blog Template ကိုဝင်ရန် Blogger.com တွင် မိမိရဲ့ Blog gmail ဖြင့်ဝင်ပြီး မိမိ Blog ကို ဖွင့်လိုက်ပါ။ ပြထားသည့် Template ထဲသို့ဝင်လိုက်ပါ။ Template ထဲသို့ ရောက်လျှင် ပြထားသည့် Edit HTML ကိုနှိပ်လိုက်ပါ။ Template Edit လုပ်ရန်အတွက် ပေါ်လာပါမည်။ ထို Template xml codes များထဲတွင် mouse တစ်ချက်နှိပ်ပြီး Ctrl+F ကိုနှိပ်လိုက်ပါ။ Search Box ပေါ်လာပါက </b:skin> ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ပုံပါအတိုင်း xml codes များထဲမှ </b:skin> ကိုတွေ့ရပါမည်။ ထို </b:skin> ၏ အပေါ်တွင် .quickedit{display:none;} ကို ထည့်ပေးရပါမည်။ အောက်တွင်ပြထားသည့်အတိုင်းဖြစ်ပါမည်။ ဒါဆိုရင် Save Template ကိုနှိပ်ထွက်လိုက်ပြီး မိမိ Blog ကိုဖွင့်ကြည့်ပါ။ Wrench Icons အားလုံးပျောက်သွားမည့်ဖြစ်ပါသည်။ အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။ ကိုမြတ် (MICT Garden) www.mictgarden.com Facebook မှာ Friend Add ရန် Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့ ***Like*** လုပ်ထားဖို့ မမေ့နဲ့နော်..... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |











0 comments:
Post a Comment