Related Posts Plugin for WordPress, Blogger...

September 24, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Redmi Note 2 Root ပြီးမြန်မာစာ 100% မှန်အောင်ထည့်နည်း

Posted: 23 Sep 2016 09:26 AM PDT


Redmi Note 2 Root ဒီဖိုင်က ဒေါင်းလုပ်လို့ရလာတဲ့ ဖိုင်လေး အဲဒါကိုနှစ်ချက်
နှိပ်ပြီးဖွင့်လိုက်မယ် Extract to ကိုနှိပ်လိုက်မယ် Desktop ကိုရွေးပြီး Ok ကို
နှိပ်လိုက်မယ် ဒါဆိုပြီးသွားပြီ Redmi Note 2 Root ဆိုတဲ့ဖိုင်လေးရလာမယ်
ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်လိုက်မယ် Redmi Note 2 Root ဖိုင်ထဲက Beta ဆိုတဲ့
ဖိုင်ကို Copy ကူးလိုက်မယ် Redmi Note 2 ဖုန်းထဲကို ကူးထည့်လိုက်မယ် 
ဒါဆိုရင်တပိုင်းပြီးပြီ Redmi Note 2 Root ဖိုင်ကိုပြန်ဖွင့်မယ် Driver ထဲက
Driver 32 ကိုဖွင့်လိုက်မယ် bbs.ydss.cn.exe ကိုဖွင့်လိုက်မယ် ဒီနေရာမှာ
အနီရောင်နဲ့ Install / Don't Insatll ဆိုပြီးတက်လာရင် Install ကိုပဲရွေးပေးပါ
၃ - ၄ ခါလောက်တက်လာလိမ့်မယ် ဒီရင်ဒီစာတန်းလို Successfully လို့ပေါ်
နေလိမ့်မယ် အဲဒါပေါ်လာရင် Exit ကိုနှိပ်ပြီးပြန်ထွက်လိုက်မယ် ပြီးရင် 
Redmi Note 2 Root ဖိုင်ထဲက SP_Flash_Tool_v5.1620_Win ကိုဖွင့်မယ်
flash_tool.exe ကိုဆက်ဖွင့်လိုက်မယ် Scatter Loading ကိုနှိပ်လိုက်မယ်
Desktop\Redmi Note 2 Root\Recovery ထိ video ထဲကလိုသွားလိုက်မယ်
MT6795_Android_scatter ကိုရွေးပြီး Open နှိပ်လိုက်မယ် အဲဒါဆိုရင်
Recovery ဘေးကအကွက်လေးမှာ အမှန်ခြစ်လေးပြနေလိမ့်မယ်
အဲလိုပြီးပြီဆိုရင် အပေါ်က အစိမ်းရောင် Downlod မြှားလေးကိုနှိပ်လိုက်မယ်
နှိပ်ပြီးရင် ဖုန်းကို ဓာတ်ခဲဖြုတ် ကြိုးထိုး ဓာတ်ခဲပြန်ထည့်လိုက်မယ် ဒီလို
အနီတန်းနဲ့ အ၀ါတန်းပြေးပြီး အမှန်ခြစ်လေးလာပြသွားရင် Recovery သွင်း
တာပြီးပြီ ပြီးရင် ကြိုးဖြုတ်ပြီး ဓာတ်ခဲဖြုတ်ပြန်ထည့် Vol up + Power ကို
ဖိနှိပ်လိုက်ပါ Mi Logo တက်လာရင် ခလုတ်အားလုံးကိုလွှတ်လိုက်ပြီးခဏ
စောင့်နေလိုက်ပါ ဖုန်းမှာ All to swap Modify လို့ပေါ်လာရင် အတုံးလေးကို
ဖိဆွဲပြီးဘေးကိုတွန်းလိုက်ပါပြီးရင် Team Win လို့ပေါ်လာမယ် အဲဒီမှာ Insatll
ကိုနှိပ်လိုက်ပါ အောက်ဆုံးကိုဆွဲချပြီး BETA Super Su ကိုနှိပ်လိုက်ပါ
swipe to install အောက်က အတုံးအပြာရောင်လေးကို ဘေးကိုဖိတွန်းလိုက်
 SUCCESSFUL လို့ပြရင် Reboot system ကိုနှိပ်လိုက်ပါ Root လုပ်ခြင်း
အောင်မြင်သွားပါပြီ:D;;;
Download @ http://www.mediafire.com/?ak4vyuyxj7ypz4l

ThanToeAung
MIUI GLOBAL FORUM GOLD MEMBER
Mandalay Xiaomi Users Group

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Samsung PC များတွင်ဖြစ်တတ်သည့် All boot options are tried error ဖြေရှင်းနည်း

Posted: 23 Sep 2016 03:51 AM PDT

Samsung PC တွေမှာ All boot options are tried ဆိုပြီး Boot မတက်တော့ဘဲ ရပ်နေတဲ့ ပြဿနာကြုံခဲ့ရင် ဖြေရှင်းနည်းပါ.. ကျွန်တော်ကတော့ Samsung Laptop တစ်လုံးမှာ ဖြေရှင်းလိုက်တဲ့နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..
-
ကဲ.. All boot options are tried ဆိုပြီး ရပ်နေခဲ့ရင်


Power Button ကိုဖိပြီး ပိတ်လိုက်ပါ... ပြီးရင် Power Button ကိုတစ်ချက်နှိပ်ပါ...
ကွန်ပျူတာ Power စတက်တဲ့အချိန် Function Key နဲ့ F10 ကိုတွဲနှိပ်ထားပါ.. Enter Setup ဆိုပြီးပေါ်လာပါမယ်.. Enter တစ်ချက် ခေါက်ပေးလိုက်ပါ...
Right Arrow နှိပ်ပြီး Boot Option ကိုရောက်အောင်သွားပါ.. ပြီးရင် Secure Boot ကိုရွှေ့. Enter ခေါက်.. Disable ကိုရွေး. Enter ခေါက်ပါ..


အောက်ကိုတစ်ချက်ထပ်ဆင်းပြီး OS Mode Selection ကိုရွှေ့. Enter ခေါက်.. CSM and UEFI OS ကိုရွေးပြီး Enter ခေါက်လိုက်ပါ...


F10 ကိုတစ်ချက်နှိပ်ပြီး Yes မှာ. Enter ခေါက်ပေးလိုက်ပါ.. ကွန်ပျူတာ Reboot တက်လာခဲ့အခါ အဆင်ပြေသွားပါပြီ...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Snapdragon 625 SoC နှင့် ၅.၅ လက်မ full HD display ပါဝင်သည့် Samsung Galaxy On7

Posted: 23 Sep 2016 02:21 AM PDT

 

Samsung Galaxy On7 ၂၀၁၆ ဗားရှင်းသည် ကုမ္ပဏီ၏ တရုတ်ဝက်ဘ်ဆိုက်တွင် တရားဝင်ထွက်ပေါ်လာခဲ့သည်။

အဆိုပါဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ Galaxy On7 တွင် octa-core 2GHz processor (Snapdragon 625 SoC) နှင့် ၅.၅ လက်မ full HD TFT display ကို အသုံးပြုထားကြောင်း သိရသည်။ RAM က 3GB ဖြစ်ပြီး internal memory က 32GB ဖြစ်ကာ microSD card မှတစ်ဆင့် 256GB အထိ တိုးမြှင့်နိုင်သည်။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 8MP ဖြစ်သည်။



အရွယ်အစားမှာ ၁၅၁.၇ x ၇၅ x ၈ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၆၇ ဂရမ်ဖြစ်သည်။ Android Marshmallow ကို အသုံးပြုထားပြီး ဘက်ထရီက 3,300mAh ဖြစ်ကာ လျင်မြန်စွာအားသွင်းနိုင်သည့်စနစ် ထောက်ပံ့ပေးထားသည်။ Home ခလုတ်တွင် fingerprint sensor ပါဝင်ပြီး ရွှေရောင်၊ ပန်းရောင်နှင့် အနက်ရောင်များဖြင့် ရရှိနိုင်သည်။
တန်ဖိုးမှာ ၁,၅၉၉ ယွမ် (၂၄၀ ဒေါ်လာ) ဖြစ်သည်။




Ref: GSMArena
Credit Internet Journal
သီဟထိုက်(ဆွေသဟာMobile)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



အိန္ဒိယ ဈေးကွက်အတွက် Z2 Plus ကို Lenovo မိတ်ဆက်

Posted: 23 Sep 2016 02:21 AM PDT



Lenovo သည် Z2 Plus စမတ်ဖုန်းကို အိန္ဒိယဈေးကွက်၌ မိတ်ဆက်ခဲ့သည်။
အဆိုပါဖုန်းကို ၅ လက်မ 1080p LCD, Qualcomm Snapdragon 820 processor, 3/4GB RAM, 32/64GB storage, 13 megapixel rear camera, 8 megapixel front camera, fingerprint sensor, hybrid dual SIM slot, 3500mAh ဘက်ထရီနှင့် Android Marshmallow ဖြင့် အသုံးပြုနိုင်သည်။

Z2 Plus ကို စက်တင်ဘာလ ၂၆ ရက်မှစတင်ကာ Amazon တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ 3GB/32GB အတွက် ၁၇,၉၉၉ ရူပီး (၂၆၉ ဒေါ်လာ) ဖြစ်ပြီး 4GB/64GB အတွက် ၁၉,၉၉၉ ရူပီး (၂၉၉ ဒေါ်လာ) ကျသင့်မည်ဖြစ်သည်။

Ref: GSMArena
Credit Internet Jouranl
သီဟထိုက်(ဆွေသဟာMobile)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဒေါ်လာ ၃၃၀ ဖြင့် ရောင်းချမည့် Yi M1 mirrorless ကင်မရာ

Posted: 23 Sep 2016 01:22 AM PDT

 
Xiaomi က ကျောထောက်နောက်ခံပြုထားသော Yi ကင်မရာကုမ္ပဏီသည် ဒေါ်လာ ၃၃၀ တန် mirrorless ကင်မရာတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

M1 ဟုခေါ်သည့် mirrorless ကင်မရာတွင် 20-megapixel Sony IMX269 Micro Four Thirds (MFT) sensor နှင့် 12-40mm မှန်ဘီလူး ပါဝင်သည်။ Yi ကင်မရာတွင် sync အတွက် Wi-Fi နှင့် Bluetooth LE ချိတ်ဆက်မှုအထောက်အပံ့ပါဝင်ပြီး အဝေးထိန်းစနစ်အတွက် Yi mobile app ကို အသုံးပြုနိုင်သည်။ ၎င်းကင်မရာဖြင့် 4K ဗီဒီယိုများကို 30fps ဖြင့် ရိုက်ကူးနိုင်သည်။

ထို့အပြင် Yi သည် M1 ကင်မရာအတွက် 42,5mm မှန်ဘီလူး၊ ဘက်ထရီများ၊ အိတ်များ၊ ကြိုးများနှင့် UV filter မှန်ဘီလူးများအပါအဝင် တွဲဖက်ပစ္စည်းများကိုလည်း မိတ်ဆက်ပေးခဲ့သည်။

Yi M1 ကင်မရာကို စက်တင်ဘာလ ၂၃ ရက်မှစတင်ကာ ကုမ္ပဏီ၏ အွန်လိုင်းစတိုးတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။

Ref: Neowin
Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဖုန်းသုံးသူများအတွက် APN Setting ကို အလိုအလျောက် ချိန်ညှိပေးမည်ဟု ဆို

Posted: 23 Sep 2016 01:22 AM PDT

 
MPT ဖုန်းအသုံးပြုသူများအတွက် APN Setting ချိန်ညှိခြင်းကို အလိုအလျောက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Mobile Network Setting ၏ Access Point Name (APN) နေရာကို အလိုအလျောက် ချိန်ညှိပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ချိန်ညှိပေးမှုကြောင့် MPT GSM/WCDMA ဖုန်း အသုံးပြုသူများအနေဖြင့် APN Setting ကို ထပ်မံချိန်ညှိရန် မလိုတော့ကြောင်း ဆိုသည်။ MPT ဆင်းမ်ကတ်ကို SIM Slot-1 သို့မဟုတ် အင်တာနက်အသုံးပြုနိုင်သော Sim Slot ထဲသို့ ထည့်သွင်းရုံဖြင့် အင်တာနက်အသုံးပြုနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

 Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဖုန်း Security ဆော့ဝဲကောင်းလေး - Zoner Mobile Security v1.5.0 Apk

Posted: 23 Sep 2016 01:19 AM PDT

Download
                             
                         Unknown user How to Download                         
                               
       www.myanmarmobilezone.com
Payephyokyaw
                                     

ဖုန်းမှာတင် ပုံတွေကို အလန်းပြင်နိုင်တဲ့ - Sketck Me! Pro v1.72 Apk

Posted: 23 Sep 2016 01:16 AM PDT

Download
                             
                         Unknown user How to Download                         
                               
       www.myanmarmobilezone.com
Payephyokyaw
                                     

Zombies တွေကို တိုက်ခိုက်ကစားရမယ့် - Stupid Zombies 3 v2.5 Apk

Posted: 23 Sep 2016 01:08 AM PDT

Download
                             
                         Unknown user How to Download                         
                               
       www.myanmarmobilezone.com
Payephyokyaw
                                     

ဖုန်းမှာ Music သီချင်းတွေကို ကောင်းကောင်းနားဆင်နိုင်မယ့် - n7player Music Player Premium v3.0.3 Apk

Posted: 23 Sep 2016 01:05 AM PDT

Download
                             
                         Unknown user How to Download                         
                               
       www.myanmarmobilezone.com
Payephyokyaw
                                     

ရောဂါကုသမှုအတွက် Chan Zuckerberg Initiative က ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည်

Posted: 22 Sep 2016 10:12 PM PDT

 
ကလေးအထူးကု ဒေါက်တာပရီစီလာချမ်နှင့် သူမအမျိုးသား Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်တို့ တည်ထောင်ထားသော Chan Zuckerberg Initiative အနေဖြင့် အဆင့်မြှင့်ကျန်းမာရေးစောင့်ရှောက်မှုအတွက် tool များ တည်ဆောက်ရန် ဒေါ်လာ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ဆန်ဖရန်စစ္စကိုမြို့၌ ချမ်က ပြောကြားခဲ့သည်။

ပထမဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် စတန်းဖို့တက္ကသိုလ်၊ ကာလီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေတက္ကသိုလ်တို့နှင့်ပူးပေါင်း၍ Biohub ဟုအမည်ရသော ဒေါ်လာ သန်း ၆၀၀ တန် သုတေသနစင်တာသစ်တစ်ခု ဖန်တီးသွားမည် ဖြစ်သည်။ Biohub သည် ရောဂါများ သိရှိနားလည်ပြီး ကုသရန်အတွက် tool အသစ်များ တည်ဆောက်သွားမည် ဖြစ်သည်။

Initiative ၏ တာဝန်မှာ ကလေးများ၏ဘဝအတွင်း ရောဂါများကိုတားဆီး၍ ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ကြောင်း ချမ်က ရှင်းလင်းပြောကြားခဲ့သည်။ "ကျွန်မတို့အနေနဲ့ ကလေးတွေ အသက်ရှည်ရှည်နေနိုင်တဲ့ အနာဂတ်ကို တည်ဆောက်လိုပါတယ်" ဟု သူမက ပြောကြားခဲ့သည်။

Chan Zuckerberg Initiative သည် လူပုဂ္ဂိုလ်ကို လေ့လာခြင်း၊ ရောဂါကုသခြင်း၊ လူများကို ချိတ်ဆက်ခြင်းနှင့် ကျန်းမာသော လူမှုအသိုက်အဝန်းတည်ဆောက်ခြင်း စသည့် ကဏ္ဍလေးမျိုး၌ အာရုံစိုက်သွားမည် ဖြစ်သည်။ Chan Zukerberg Initiative သည် ကုမ္ပဏီလီမိတက်တစ်ခုဖြစ်ကာ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းမဟုတ်ပေ။ Chan Zuckerberg သည် ပရိုဂရမ်များစွာတွင်လည်း ရင်းနှီးမြှုပ်နှံထားသေးသည်။

၎င်းတို့မှာ အိန္ဒိယကလေးငယ်များ၏ ပညာရေးနည်းပညာကုမ္ပဏီ BYJU နှင့် အာဖရိက software development လေ့ကျင့်ရေးပရိုဂရမ် Andela တို့ဖြစ်သည်။

Ref: CNNMoney
Credit Internetjouranl
သီဟထိုက်(ဆွေသဟာMobile)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Samsung Galaxy S8 ၏ မော်ဒယ်နံပါတ်မှာ SM-950 နှင့် 955 ဖြစ်ဟုဆို

Posted: 22 Sep 2016 10:12 PM PDT

 
လက်ရှိအချိန်တွင် Galaxy Note 7 နှင့် ပတ်သက်သည့် လွဲချော်ခဲ့သော အကြောင်းပြချက် များစွာကို ပြောဆိုနေကြသည်။ Samsung အနေဖြင့် Note 7 ၏ အခြေအနေဆိုးများကို ပြောင်းလဲပစ်ရန် Galaxy S8 ထွက်ရှိမည့် အချိန်ကို ရှေ့တိုးလိုက်ကြောင်း ကောလာဟလသတင်းများ ထွက်နေသည်။

အဆိုပါ ပြောကြားချက် အပေါ်အခြေခံ၍ KB ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ လေ့လာဆန်းစစ်သူ ကင်မ်ဆန်ပျို၏ ပြောကြားချက်ကို ကိုးကားကာ Korea Herald မှဖော်ပြခဲ့သည်။ "Samsung ရဲ့အထင်ကဖုန်း ဖြန့်ချိမှု ရှေ့နှစ်ပထမ သုံးလပတ်အဆုံးထိ နောက်ကျမယ်ဆိုရင် မိုဘိုင်းလုပ်ငန်းဌာနရဲ့ အမြတ်အစွန်းရရှိမှုဟာ ပိုဆိုးရွားသွားမှာပါ" ဟု၎င်းကပြောကြားခဲ့သည်။

ထို့အပြင် Samsung Galaxy S8 ၏ မော်ဒယ်နံပါတ်များမှာ SM-G950 နှင့် SM-G955 ဖြစ်ကြောင်း SamMobile မှဖော်ပြခဲ့ သေးသည်။ အဆိုပါမော်ဒယ် နှစ်ခုအနက် တစ်ခုမှာမျက်နှာပြင် သေးငယ်ပြီး အခြားတစ်ခုမှာ ကြီးမားကြောင်း သတင်း၌ဖော်ပြ ထားသေးသည်။ ယခုအခါ ၎င်းဖုန်းနှစ်မျိုးတွင် Edge display ပါဝင်လာဖွယ်ရှိနေသည်။ ကုမ္ပဏီအတွင်း ဖုန်း၏ သင်္ကေတနာမည်ကို Dream နှင့် Dream 2 ဟူ၍ ပေးထားကြောင်း သတင်းအရ သိရသည်။

Ref: AndroidAuthority
Credit Internetjouranl
သီဟထိုက်(ဆွေသဟာMobile)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Sprocket မိုဘိုင်း photo printer ကို HP မိတ်ဆက်

Posted: 22 Sep 2016 10:11 PM PDT

 
စမတ်ဖုန်းအတွက် အလွယ်တကူ သယ်ဆောင်သွားနိုင်မည့် printer တစ်မျိုးကို HP က မိတ်ဆက် ကြေညာခဲ့သည်။

အဆိုပါ printer သည် 2"x3" ဓာတ်ပုံများကို ထုတ်လုပ်ပေးနိုင်သည်။ အနက် ၀.၈၃ လက်မ ရှိသောကြောင့် အိတ်ကပ်ထဲတွင် သက်သောင့်သက်သာ ထည့်သွင်းကာ သယ်ဆောင်သွားနိုင်ခြင်းမရှိသော်လည်း အလေးချိန် ပေါင်ဝက်ခန့်သာရှိသောကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်သည်။

၎င်း printer ကို Bluetooth ဖြင့်ချိတ်ဆက်နိုင်ပြီး Android နှင့် iOS ထုတ်ကုန်များအတွက် HP Sprocket companion app လိုအပ်မည်ဖြစ်သည်။ သုံးစွဲသူများသည် ရိုက်ကူးထားသော ဓာတ်ပုံများ သို့မဟုတ် Instagram နှင့် Facebook ကဲ့သို့သော လူမှုရေးမီဒီယာများမှ ဓာတ်ပုံများကို physical copy တစ်ခု ဖန်တီးရန်အတွက် အဆိုပါ app ဖြင့် ပြုလုပ်နိုင်သည်။ ထို့အပြင် သုံးစွဲသူများသည် print မထုတ်မီ ၎င်းတို့၏ ဓာတ်ပုံများတွင် ဘောင်များ၊ စာသားများနှင့် emoji များအပါအဝင် effect များ ထည့်သွင်းနိုင်သည်။

Sprocket printer တွင် သမားရိုးကျမင်ကို အသုံးပြုထားခြင်းမဟုတ်ပေ။ ၎င်းအစား print ပြုလုပ်ခြင်းအတွက် လိုအပ်သည့် အရောင်အားလုံးပါဝင်သော HP ZINK Photo Paper ကို အသုံးပြုထားသည်။ အဆိုပါနည်းလမ်းသည် မင်စွန်းထင်းမှုကို ကာကွယ်နိုင်ပြီး ရေစိုဒဏ်ခံနိုင်ကာ ဓာတ်ပုံစုတ်ပြဲမှုဒဏ်ကိုလည်း ခံနိုင်ကြောင်း HP က ပြောကြားခဲ့သည်။

Printing paper ၁၀ ခု အခမဲ့ပါဝင်သည့် Sprocket ကို ၁၂၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်ပြီး printing paper ၂၀ ခုပါဝင်သည့် pack များအတွက် ၁၀ ဒေါ်လာ ထပ်မံကျသင့်မည်ဖြစ်သည်။

Ref: Neowin

Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



0 comments:

Post a Comment