Related Posts Plugin for WordPress, Blogger...

October 31, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Austin's Online Sale ရဲ့ အမိုက်စား ပစ္စည်းဆန်း ၅ မျိုး

Posted: 30 Oct 2016 06:30 PM PDT

Austin's Online Sale ရဲ့ အမိုက်စား ပစ္စည်းဆန်း ၅ မျိုးကိုမိတ်ဆက်ပေးလိုက်ပါတယ်.. ကုန်ပစ္စည်းအရည်အသွေးနဲ့ ဝန်ဆောင်မှုကတော့ ရောင်းချသူနဲ့သာ သက်ဆိုင်ပါတယ်..
****
စနစ် ၄မျိုးအသုံးပြုလို့ရတဲ့Bluetooth လျှာထိုးဦးထုပ်


သီချင်းနားထောင်နိုင်ခြင်း
အသံနဲ့Chatting လုပ်နိုင်ခြင်း
ဖုန်းပြောနိုင်ခြင်း
Bluetoothချိတ်နိုင်ခြင်းစတဲ့အကျိုးကျေးဇူးတွေရှိပါတယ်
ရာသီမရွေး ဝတ်ဆင်နိုင်အောင်ချည်သား ပြုလုပ်ထားသော စတိုင်လန်းလန်း လျှာထိုးဦးထုပ်လေးဖြစ်ပြီး Bluetooth စနစ်ပါ ထည့်သွင်းထားပါတယ်
သာမန် Bluetoothများထက် ပိုမိုကောင်းမွန်ပါတယ်
Bluetooth ကို ဦးထုပ်ဘေးတွင် အရှင်ဖြုတ်နိုင်တပ်နိုင်တဲ့အတွက်လျှော်ဖွပ်လို့ရပါတယ်
ဘတ္ထရီကို သေးငယ်၍ စွမ်းအင်မြင့်သော လစ်သီယမ်အမျိုးအစား သုံးထားသောကြောင့် သာမန် Bluetooth များထက် ၃၀% ပိုကြာရှည်သုံးနိုင်ပါတယ်
ပန်းရောင်/အနက်ရောင်/အညိုရင့်ရောင်၊မီးခိုးရောင်/ အပြာရောင်/ အသားရောင်အရောင် ၆ရောင်ရှိပါတယ် ..



ဈေးနှုန်းက ၂၀၀၀၀ ကျပ် ဖြစ်ပြီး Austin's Online Shop, Ph 09 450584676. 09 770433574.
09 780913048
ကို ဆက်သွယ်မှာယူနိုင်ပါတယ်..
***
ဖုန်းခေါ်လိုက်ရုံဖြင့် တိုက်ရိုက် အသံဖမ်းပေးမယ့် Mini A 8 .လျှို့ဝှက်အသံဖမ်းကိရိယာ


လူရှေ့သူရှေ့မှာ ခလုတ်နှိပ်ပြီး အသံဖမ်းစရာမလိုပါဘူး.. အသံဖမ်းမယ့်နေရာမှာ ထားခဲ့ပြီး အသံဖမ်းစက်ထဲမှာထည့်ထားတဲ့ ဖုန်းကို ခေါ်လိုက်ရုံနဲ့ အလိုအလျောက် အသံဖမ်းပေးသွားမယ့် အသံဖမ်းစက်ဖြစ်ပါတယ်..
 အသုံးပြုပုံ
** Mini A8ထဲသို့Sim Card ထည့်ပါ
**မိမိထည့်လိုက်သောကဒ်နံပါတ်ကိုဖုန်းခေါ်ပါ
**မိမိဖုန်းတွင် တူ..တူ..တူ ဟု၃ကြိမ်မြည်လာပြီး
၎င်းA8အနီးတဝိုက် ပေ၃၀ ပတ်လည်အတွင်းမှ အသံများကို ကြည်လင်ပြတ်သားစွာ ကြားနိုင်ပါမယ်

** မိုက်ခ် ၂ခုပါရှိသည့်အတွက် အသံကြည်လင်မှုရှိပါတယ်

**A8ကို မည်သည့်နေရာမဆိုထားနိုင်ပြီး (မည်သည့်ဖုန်းဖြင့်မဆို) နယ် (သို့) နိုင်ငံခြားတွေကနေ လှမ်းခေါ်ခေါ် ကြားနိုင်ပါတယ်
မီးလင်းခြင်း၊ အသံမြည်ခြင်း၊ တုန်ခါခြင်း လုံးဝမရှိပါဘူး

မိမိအသံဖမ်းလိုသည့်နေရာတွင် A8 ကိုထားပြီး
အသံဖမ်းနိုင်ပါတယ်
A8ကို ခုံအောက်တွင် ကပ်ထားခဲ့ပြီး အပြင်မှနေ၍ ဖုန်းခေါ်ဆိုကာ တိုက်ရိုက် နားထောင်နိုင်သလို သီးသန့်ဖုန်းဖြင့်လည်း recording လုပ်ထားနိုင်ပါတယ်
စက်ကို တစ်ကြိမ် အားအပြည့်သွင်းထားပါက ၂ရက် မှ၃ရက်အထိခံပြီးဆက်တိုက် နားထောင်ပါက ၆နာရီမှ ၈နာရီအထိ ခံနိုင်ပါသည်။
မိမိကိုဘယ်သူတွေကအကောင်းမြင်လဲ ဘယ်သူတွေက မကောင်းကြံနေလဲဆိုတာ Mini A8 လေးကကူညီပေးမှာပါ



ဈေးနှုန်းက ၂၅၀၀၀ ကျပ် ဖြစ်ပြီး ဆက်သွယ်မှာယူလိုပါက 09 780913048. 09 770433574. 09 450584676. ကိုဆက်သွယ်မှာယူနိုင်ပါတယ်
့မြန်မာပြည်ရဲ့မည်သည့်နေရာမဆိုအိမ်အရောက်ပို့ဆောင်ပေးပြီးပစ္စည်းရမှငွေချေရမှာပါ###
****
အိတ်ပိတ်စက်


လုပ်ငန်းသုံးမလား၊ အိမ်တွင်းသုံးမလား၊ အိတ်ပိတ်စက် သေးလာပါပြီ
မိမိ အိမ်တွင်း စားစရာ များ , အထုပ်ကြီး၍ မကုန်နိုင်ရင် စိတ် ပူရန် မလို အပ်တော့ပေ,!
ဒီ အိတ်ပိတ်စက် လေးဆောင်ထားရင် အားလုံး အဆင်ပြေပါပြီ!
ဒါ့အပြင် ပိုးဟပ်, ကြွက် ရန်များက ကင်းဝေးလို့ မြန်မြန်ဆောင်ထားသင့်ပါပီနော်
မကုန်တဲ့ ပလပ်စတစ်အိတ်ထဲ့ ပစ္စည်း အားလုံးလွယ်ကူစွာ သုံးနိုင်ပါတယ်
ဓါတ်ခဲ အသေး၂ လုံးထဲ့၍ သုံးရပါတယ်



Price - 13500/-
Contact - 09 780913048. 09 450584676. 09 770433574
***
စတိုင်လည်းကျ Gas ထည့်စရာမလိုဘဲ တစ်ခါအားသွင်း (၃)ရက်လောက်ခံတဲ့ USB မီးခြစ်


Price - 13500 ks
Contact - 09 450584676. 09 770433574.09 780913048
▬▬▬▬
🚬 ဆေးလိပ်ကြိုက်သော ညီကိုတွေအတွက် Smartကျပြီး Gas မီးခြစ်လည်းဆောင်စရာမလိုတဲ့
USB အားသွင်း ကွိုင်မီးခြစ်လေးပါ။
⚫️ Quality အထူးကောင်းမွန်လို့ တစ်ခါဝယ်ပြီး အကြာကြီး အသုံးခံတဲ့ ပစ္စည်းကောင်းလေးနော်
❤ ကျောင်းသားလေးတွေကြားမှာ ရေပန်းစားနေတဲ့ ပစ္စည်းလေးတစ်ခုဆိုလည်း မမှားဘူးပေါ့။
🔌 အားသွင်း ကြိုးလေးလည်းတခါတည်းပါပြီးသားပါ ၁နာရီလောက် သွင်းထားရုံနဲ့ ၃ ရက်လောက်ကတော့ အသာလေး အသုံးခံတယ်ဗျ ...
📦မိန်းကလေးတွေကလည်း ကိုယ့်ချစ်သူကောင်လေးကို လက်ဆောင်ပေးဖို့အတွက်သေသပ်လှပတဲ့ ဘူးလေးနဲ့ဆိုတော့ OK ပြီပေါ့ဗျာ ♡
💢 ဒီဇိုင်းလေးကလည်း ကြွကြွသန့်သန့်လေးဆိုတော့ မြင်တာနဲ့ ကြိုက်သွားမှာ အသေအချာပဲဗျို့


▬▬▬▬▬▬
❖ မှာယူချင်သူများအတွက် ဆိုင်ဖုန်းကို ဆက်၍သော်လည်းကောင်း ၊ လိပ်စာနှင့် ဖုန်းနံပါတ်တို့ကို Comment မန့်၍သော်လည်းကောင်း မှာယူနိုင်ပါတယ်။ အကောင်းဆုံးက ဖုန်းဆက်မှာယူစေချင်ပါသည် ကြားမှ သူခိုးများက ကြားဖြတ် ပစ္စည်းပို့သွားနိုင်ပါသဖြင့် သေချာစေရန် ဖုန်းဆက်မှာယူတာ နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံးပါ။
❖ "နယ်ဝေးတွေကို ဘဏ် ငွေလွှဲလက်ခံပြီး မှာယူသူ၏ မြို့နယ်ရောက်သော Express ကားဖြင့် အဝေးပြေး ကားဂိတ်မှပို့ဆောင်ပေးပါတယ်"
***
Japan MUNAFIE Dress (အမျိုးသမီးဝတ်အဆီချဗိုက်ချပ်ဘောင်းဘီ)


Price 7500Ks
( အနည်းဆုံး ၂ ထည်ယူပေးရပါမည် )
Ph -09 450584676. 09 770433574.09 780913048
လက်လီ/လက်ကား မေးမြန်းစုံစမ်းနိုင်ပါသည်
ဂျပန်နိုင်ငံ မှ သံလိုက် စက်ဝန်းအဆီချေစနစ်ဖြင့် အထူးပြုလုပ်ထားသော အဆီချဗိုက်ချပ်ဘောင်းဘီ ဖြစ်ပါတယ်။
ရေရှည် အသုံးခံပြီးဝတ်ဆင်တဲ့ အခါမှာလည်း ပူလောင်ခြင်း၊ယားယံခြင်းမရှိစေပါ တစ်လ။နှစ်လ အတွင်း ဝမ်းဗိုက်ပေါ်ရှိ အဆီပို များကို ချေဖြတ် ပေးပြီး သွယ်လျကျစ်လစ်တဲ့ ခန္တာကိုယ်လေး ကိုပိုင်ဆိုင်စေပါတယ်။
တင်သားလျော့ကျနေခြင်း၊ပြန့်ကားနေခြင်းကို ပြန်လည်ပင့်တက်စေပြီး
ကျစ်လစ်လုံးဝန်းလာစေပါသည်။
တင်ပါးပြားခြင်း။ လျောကျနေခြင်းကိုလည်း ပုံစံ တကျ ပင့်တင်ပေးပြီး လုံးဝန်းစေပါသည်။



******************


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Android Phone တွေကို မြန်မာစာစနစ် မှန်ကန်စေအောင်သွင်းပေးနိုင်မယ့် All Easy Font App

Posted: 30 Oct 2016 05:42 AM PDT


Android Phone တွေကို မြန်မာစာစနစ် မှန်အောင်သွင်းပေးနိုင်မယ့် All Easy Font App လေးပါ။ Huawei(emui) / Samsung / Xiaomi / Vivo / Oppo စ,တဲ့ ဖုန်းတွေအတွက် Root Access မလိုပဲ Theme / Font Style တို့ဖြင့် မြန်မာဖောင့်သွင့်ပေးခြင်း၊ Xiaomi (MI) ဖုန်းတွေအတွက် MIUI 7 ရော MIUI 8 မှာရော အသုံးပြုနိုင်ပါတယ်..။ Vivo ဖုန်းတွေအတွက်တော့ iTheme ထဲမှာ Font ချိန်းလိုက်တာနဲ့ COC မှာပါမြန်မာလိုအသုံးပြု နိုင်ခြင်း ၊ Samsung တွေအတွက် Version 2.3 မှ etc Lollipop တွေအထိ မြန်မာစာထည့်သွင်းပေးနိုင်ခြင်း နှင့် အခြား Root Acces ရရှိပြီးသော Android Phone တွေအတွက်လည်း မြန်မာစာသွင်းပေးနိုင်ခြင်း စ,တာတွေကို App တေစ်ခုတည်းမှာပဲ စုံစုံလင်လင်ရရှိနိုင်သောကြောင့် တော်တော်လေးအဆင်ပြေစေမယ့် All In One Application လေးဖြစ်ပါတယ်။

USB OTG ဆိုတာဘာလဲ . . . ? ဘယ်လို အသုံးဝင်တာလဲ . . . ?

Posted: 30 Oct 2016 04:44 AM PDT


တစ်ခါတစ်ရံမှာ လူတွေအတွက်အသုံးအဝင်ဆုံး အရာတွေကို စိတ်ဝင်စားစရာမကောင်းတဲ့ ခပ်တုံးတုံး နာမည်တွေ ပေးလေ့ရှိကြပါတယ်။ စိတ်ဝင်စားစရာမကောင်းတဲ့နာမည်တွေကပဲ လူတွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာပြောရရင် OTG ပေါ့။ OTG ဆိုတဲ့နာမည်ကို မြင်ရုံ ကြားရုံနဲ့ "ဒါဘာလဲ" ဆိုပြီး စူးစမ်းလေ့လာချင်စိတ်တွေမဖြစ်ဘဲ မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာလွှဲသွား နိုင်ပါတယ်။ အခုလက်ရှိ စမတ်ဖုန်းတွေမှာ ရေပန်းစားလာတဲ့ OTG ဆိုတာဘာလဲ . . . ? ဘယ်လို အသုံးဝင်တာလဲ . . . ? ဆိုတာ လေ့လာကြည့်ရရင် . . .

OTG
OTG ဆိုတာ On-The-Go ရဲ့ အတိုကောက်ဖြစ်ပြီး OTG (ဒါမှမဟုတ်) USB OTG ဆိုပြီး ခေါ်ကြပါတယ်။ OTG နည်းပညာကို (၂၀၀၁) နှောင်းပိုင်းမှာ စတင်အသုံးပြုခဲ့ပြီး USB Device တွေကို အခြား USB/Mobile Device တွေ ( ဖုန်း၊ ကင်မရာ၊ Mouse၊ Keyboard၊ Memory Stick၊ External Hardisk စတာတွေ ) နဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ဖို့ တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ အရင်က mobile device တွေအချင်းချင်း USB နဲ့ ချိတ်ဆက်လို့မရပါဘူး။ ဥပမာ ဖုန်းကို Mouse ၊ ဒါမှမဟုတ် Keyboard နဲ့ USB ကတစ်ဆင့် ချိတ်လို့မရပါဘူး ။Mac (ဒါမှမဟုတ်) PC တွေနဲ့ပဲ USB နဲ့ချိတ်ဆက်နိုင်တဲ့အတွက် Data တွေကို ကူးယူဖို့ Mac/PC တွေကို ကြားခံအနေနဲ့ တစ်ဆင့်အသုံးပြုကြရပါတယ်။ အဲလိုမသုံးချင်ရင်လည်း Mobile Device ထဲက Memory Card တွေကိုထုတ်ပြီး အခြား Device ထဲကို ထည့်ကာ ကူးယူမှအဆင်ပြေပါတယ်။ Bluetooth တို့ WiFi တို့လို့ Wireless စနစ်တွေပေါ်လာတဲ့အခါ Data တွေကူးယူရတာ ပိုမိုလွယ်ကူအဆင်ပြေသွားပေမယ့် များပြားလှတဲ့ Data တွေကို ကူးယူတဲ့အခါ USB နဲ့ကူးရတာလောက် အဆင်မပြေတဲ့အပြင် အမျိုးအမျိုးသော Error တွေကို ကြုံတွေ့ကြရပါတယ်။ အဲ့ဒီအတွက် USB OTG ပေါ်လာတဲ့အခါ Mobile Device အချင်းချင်း ချိတ်ဆက်ဖို့ နဲ့ Data တွေကူးယူဖို့အတွက် အသုံးအဝင်ဆုံး နည်းပညာတစ်ခုဖြစ်လို့လာပါတယ်။

USB OTG Adapter

USB OTG Adapter ဆိုကတော့ ပုံမှာပြထားတဲ့ device တွေကို ခေါ်တာဖြစ်ပါတယ်။ ဖုန်းကို အခြား USB Device နဲ့ ချိတ်ဆက်ပြီး Data တွေကို Quick Access ရရှိဖို့ ၊ ကူးယူဖို့အတွက် အသုံးဝင်ပါတယ်။



ပုံမှာပြထားတဲ့အတိုင်း ဖုန်းရဲ့အားသွင်းတဲ့ အပေါက်မှာ OTG Adapter ကိုတပ် ၊ တစ်ဖက်က USB အပေါက်မှာ အခြား USB device တစ်ခုခု (ဥပမာ Memory Stick ၊ Hardisk) ကိုတပ်ပြီး USB device ထဲက Data တွေကို ဖုန်းပေါ်မှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ဒါတင်မကဘဲ ဖုန်းကို Mouse, Keyboard, MiDi Keyboard, Game Controller အစရှိတဲ့ အခြားသော USB Device တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဖုန်းတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ပြီး "Phone to Phone Charging" လို့ခေါ်တဲ့ ဖုန်းတစ်လုံးကနေ အခြားတစ်လုံးကို Battery အား လွှဲပြောင်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ပိုမိုအဆင်ပြေတဲ့ နောက် device တစ်ခုကတော့ USB OTG Stick ပါ။

USB OTG Stick

 USB OTG Stick ကတော့ OTG Adapter နဲ့ USB Stick ကို ပေါင်းထားတဲ့ device တစ်ခုဖြစ်ပါတယ်။တစ်ဖက် မှာ ဖုန်းနဲ့ ချိတ်ဖို့ ခေါင်းနဲ့ အခြားတစ်ဖက်မှာတော့ PC နဲ့ ချိတ်ဖို့ USB ခေါင်းပါဝင်ပါတယ်။
OTG Adapter ကြားခံ မလိုဘဲ ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။ သာမန် Memory Stick တွေလ4GB, 8GB, 16GB စသဖြင့် Storage ပမာဏ တွေပါဝင်တဲ့အတွက် ဖုန်းရဲ့ External Storage တစ်ခုလိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

OTG Adapter နဲ့ OTG Stick တွေကို ဖုန်းနဲ့ချိတ်ဆက်အသုံးပြုဖို့အတွက် လက်ရှိသုံးနေတဲ့ဖုန်းက USB OTG ကို Support လုပ်ဖို့လိုပါတယ်။

Android Device တွေမှာ OTG Support လုပ်မလုပ် ဘယ်လိုသိနိုင်မလဲ . . . ?

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေဆိုရင်တော့ သေချာပေါက် OTG Support လုပ်ပါတယ်။ အချို့ဖုန်းတွေမှာတော့ Setting ထဲမှာ OTG setting ဆိုပြီး သပ်သပ်ပါဝင်ပါတယ်။ တိတိကျကျ သိရင်တော့ မိတ်ဆွေ ဟောင်းကြီးဖြစ်တဲ့ Google ပေါ်မှာ ရိုက်ရှာကြည့်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ USB support လုပ်တဲ့ စမတ်ဖုန်းတွေမှာလည်း သတိထားစရာအချက်တစ်ခုရှိပါတယ်။ အချို့ဖုန်းတွေက Data Storage အများကြီးကို လက်မခံနိုင်ပါဘူး။ ဥပမာ 64GB အထိပဲ လက်ခံတာမျိုး ၊ 128GB အထိပဲ လက်ခံတာ မျိုးပေါ့။ Memory Stick လောက်ပဲချိတ်ဆက်အသုံးပြုတာ ကိစ္စမရှိပေမယ့်။ 500GB (ဒါမှမဟုတ်) 1TB Harddisk တွေနဲ့ ချိတ်ဆက်အသုံးပြုမိရင်တော့ မနိုင်တဲ့ဖုန်းတွေဆိုရင် ဟမ်းသွားနိုင်တဲ့အပြင် Power ပါသေ သွားနိုင်ပါတယ်။ ဒါကြောင့် အများဆုံး 64GB (ဒါမှမဟုတ်) 128GB Stick တွေလောက်နဲ့ ပဲ ချိတ်ဆက်အသုံးပြု စေချင်ပါတယ်။

Android အတွက် OTG Adapter တွေနဲ့ OTG Stick တွေကတော့ ဈေးပေါပေမယ့်  ၊ iOS အတွက်ကတော့ ဈေးကြီးပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်ထဲက ဖုန်းဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။

Credit : http://digitaltimes.com.mm/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



0 comments:

Post a Comment