မောင်ပေါက် ( Maung Pauk ) |
- ကွေးညွှတ်ထားသည့် screen ပါဝင်သော iPhone ကို Apple စမ်းသပ်နေ
- နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာမူဝါဒတွင် ဒစ်ဂျစ်တယ်စနစ်အများစုပါဝင်ကြောင်း သိရ
- အသစ်ထွက်မည့် iPad က Home ခလုတ်မပါသည့် ပထမဆုံး iOS ထုတ်ကုန် ဖြစ်လာဖွယ်ရှိ
- ပြည်တွင်းတွင် UPI ကတ်အသုံးပြုသူ တစ်သိန်းခွဲနီးပါးရှိ
- အရည်အသွေးကောင်း အာမခံအပြည့်ရှိ လက်ရှိဈေးကွက်မှာ ကြို့က်ရာနဲ့ယှဉ်လို့ရတဲ့ Korea Smartphone(Marcus)
| ကွေးညွှတ်ထားသည့် screen ပါဝင်သော iPhone ကို Apple စမ်းသပ်နေ Posted: 29 Nov 2016 12:39 AM PST လာမည့်နှစ်တွင် ကျရောက်မည့် iPhone ကို စတင်မိတ်ဆက်သည့် (၁၀) နှစ်မြောက်နှစ်ပတ်လည်တွင် Apple က ကွေးညွှတ်ထားသည့် screen ပါဝင်သော iPhone တစ်မျိုးကို ပွဲထုတ်မိတ်ဆက်ဖွယ်ရှိသည်။ Apple သည် လက်ရှိတွင် iPhone ရှေ့ပြေးပုံစံအချို့ကို စမ်းသပ်လျက်ရှိပြီး အဆိုပါ ရှေ့ပြေးပုံစံအချို့တွင် ကွေးညွှတ်ထားသည့် screen ပါဝင်ကြောင်း၊ ၎င်း screen ပါဝင်သော iPhone ကို Apple က လာမည့်နှစ်တွင် ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းသည် iPhone သစ်အတွက် စဉ်းစားနေသော ရှေ့ပြေးပုံစံများအနက်မှ တစ်ခုဖြစ်သောကြောင့် Apple အနေဖြင့် ကွေးညွှတ်ထားသည့် screen ကို ချန်ထားခဲ့နိုင်ကြောင်း WSJ မှ ဖော်ပြခဲ့သည်။ ကွေးညွှတ်ထားသည့် စမတ်ဖုန်း screen များသည် အသစ်အဆန်းမဟုတ်ပေ။ Samsung က Galaxy S7 Edge တွင် ၎င်း feature ကို ထည့်သွင်းခဲ့သလို LG အပါအဝင် အခြားသော စမတ်ဖုန်းကုမ္ပဏီများကလည်း ကွေးညွှတ်ထားသည့် display ပါဝင်သော ထုတ်ကုန်များကို ဖြန့်ချိထားသည်။ Ref: USAToday သီဟထိုက် အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာမူဝါဒတွင် ဒစ်ဂျစ်တယ်စနစ်အများစုပါဝင်ကြောင်း သိရ Posted: 29 Nov 2016 12:37 AM PST နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာမူဝါဒများတွင် ဒစ်ဂျစ်တယ်စနစ်အများစုပါဝင်ကြောင်း သိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးဆိုင်ရာမူဝါဒ (၁၂) ရပ် ချမှတ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါမူဝါဒများတွင် Digital ID Card စနစ်၊ Digital Government Strategy နှင့် e-Government စနစ်ဆိုင်ရာလုပ်ငန်းစဉ်များအား ဦးစားပေးဆောင်ရွက်သွားရန် ပါဝင်ကြောင်း၊ အိုင်စီတီကဏ္ဍ တိုးတက်လာသည်နှင့်အမျှ Cyber လုံခြုံရေး ကိစ္စရပ်များသည်လည်း မဖြစ်မနေ အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း (၁၆) ကြိမ်မြောက် အာဆီယံသတင်းအချက်အလက်နည်းပညာဆိုင်ရာ ၀န်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်မျိုးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးအနေဖြင့်လည်း တွန်းအားပေးဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။ အဆိုပါ အစည်းအဝေးကို ဘရူနိုင်းဒါရူဆလင်နိုင်ငံ ဘင်ဒါဆရီဘီဂါဝန်မြို့တွင် နိုဝင်ဘာလ ၂၅ ရက် မှ ၂၆ ရက် အထိ ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ဝန်ကြီးများနှင့် အာဆီယံဆက်သွယ်ရေးကဏ္ဍ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ချုပ် (ITU) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ သီဟထိုက် အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| အသစ်ထွက်မည့် iPad က Home ခလုတ်မပါသည့် ပထမဆုံး iOS ထုတ်ကုန် ဖြစ်လာဖွယ်ရှိ Posted: 29 Nov 2016 12:35 AM PST လာမည့်နှစ် အစောပိုင်းတွင် ထွက်ရှိမည်ဟု ကောလာဟလသတင်း ထွက်ပေါ်နေသော ၁၀.၉ လက်မ iPad တွင် physical home ခလုတ် ပါဝင်မည် မဟုတ်ကြောင်း၊ အဆိုပါ ဒီဇိုင်း ဆုံးဖြတ်ချက်ကြောင့် အရွယ်ကြီးမားသည့် screen ကို လက်ရှိ ၉.၇ လက်မ iPad Pro အရွယ်အစားတွင် အံဝင်ခွင်ကျ ထည့်သွင်းနိုင်မည်ဖြစ်ကြောင်း ဂျပန်ဆိုက် Makotakara မှ ဖော်ပြခဲ့သည်။ ထို့အပြင် အသစ်ထွက်မည့် iPad တွင် ပါးလျသော screen ဘေးအနားကွပ်ဘောင်များ ပါဝင်မည်ဖြစ်ကြောင်း၊ သို့သော်လည်း အထူက ပိုမိုလာမည်ဖြစ်ကြောင်း သိရသည်။ ၁၀.၉ လက်မ iPad ၏ အထူသည် ၇.၅ မီလီမီတာ ရှိမည်ဖြစ်ပြီး ၎င်းသည် ၂၀၁၃ ခုနှစ်ကဖြန့်ချိခဲ့သော iPad Air ၏ အထူနှင့် တူညီကြောင်း Makotakara မှ ဖော်ပြခဲ့သည်။ အထူပိုမိုလာရခြင်းမှာ iPad ၏ ဘက်ထရီနှင့် Apple Pencil အထောက်အပံ့ပေးသော display နည်းပညာကြောင့် ဖြစ်ဖွယ်ရှိသည်။ Ref: TheVerge သီဟထိုက်အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| ပြည်တွင်းတွင် UPI ကတ်အသုံးပြုသူ တစ်သိန်းခွဲနီးပါးရှိ Posted: 29 Nov 2016 12:33 AM PST မန်မာနိုင်ငံတွင် UPI ကတ်အသုံးပြုသူ တစ်သိန်းခွဲ နီးပါးအထိရှိလာကြောင်း သိရသည်။ "ဈေးကွက်ထဲမှာ UPI ကတ်အသုံးပြုတဲ့သူ တစ်သိန်းခွဲနီးပါးအထိ ရှိလာပါတယ်၊ ဒါဟာ ပြည်တွင်းမှာ အသုံးပြုတဲ့ နိုင်ငံတကာ ကတ်အနေနဲ့ အများဆုံးဖြစ်ပါတယ်" ဟု UPI ၏ Business Development Manager ဖြစ်သူ ဦးအောင်နန္ဒကျော်ကပြောသည်။ UnionPay ကတ်များကို AGD Bank, AYA Bank, CB Bank, KBZ Bank နှင့် MOB Bank တို့မှ လက်ခံအသုံးပြုလျက် ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ ၈၀ ရာခိုင်နှုန်းကျော်သော ဒေသတွင်း လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်နှင့် အဖျော်ယမကာဆိုင်များနှင့် ATM စက်များအားလုံး နီးပါးတွင် အသုံးပြုနိုင်ကြောင်း ဆိုသည်။ သီဟထိုက် အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| အရည်အသွေးကောင်း အာမခံအပြည့်ရှိ လက်ရှိဈေးကွက်မှာ ကြို့က်ရာနဲ့ယှဉ်လို့ရတဲ့ Korea Smartphone(Marcus) Posted: 29 Nov 2016 12:32 AM PST မင်္ဂလာပါ! ဆွေသဟာ Mobile Distribution ကပါ။ မင်္ဂလာပါ Korea နိုင်ငံသိတယ်မလား ဒီနိုင်ငံကနေပြီးတော့ ယခု Smartphone လေးတွေရောင်းချပေးနေတယ်လေ သိလား ဒါလည်း ဆွေသဟာ Mobile မှာပဲဒီလို ပုံစံမျိုးရသေးတယ်လေ ဒါဖုန်းက Korea Made မို့ ပစွည်းမပေါဘူးလို့မထင်လိုက်ပါနဲ့နော် ပစွည်းကျွန်တော့်တို့မှာရှိပါတယ်ခင်ဗျ ရေစိမ်ခံတယ်နော် အာမခံလည်းတစ်နှစ်ပေးထားတယ် နည်းပညာပိုင်းလည်း မြင့်တယ်နော် ဖုန်းကိုသုံးလိုက်တာနဲ့ Korea နိုင်ငံကိုရောက်သွားသလိုခံစားရမယ်နော် 'ဒီမှာမိတ်ဆွေ Oppo VIVO လိုမျိုး နှစ်ချက်တောက်ရင် ပါဝါပွင့်တာ C ဆိုဖုန်းပွင့်တာလေးတွေလည်းပါတယ်နော် မြန်မာစာဖောင့်အသေထည့်သွင်းထားပြီး အကြမ်းခံတဲ့ ကိုယ်ထည်တွေနဲ့တည်ဆောက်ထားပါတယ် Qualcomm CPU Octa Core 1.3 ဖြစ်ပြီး Internal 16GB RAM 2GB Extrnal 32 ထိစိုက်နိုင်တယ်နော် ကိုင်ရတာ ချောမွေ့မာကြောပြီး ကိုယ်ထည်မှာလည်းကျစ်လစ်ပါတယ်။4G Network ထိသုံးနိုင်ပြီး ဂိမ်းဆော့မယ့်သူများအတွက် တော့ လက်မလွှတ်သင့်ပါဘူး Battery mAh 3200 ပါဝင်လို့ Battery များများပါမှရမယ်ဆိုသူတွေ လက်မလွှတ်သင့်ဘူးလေ။ Camera ကလည်း Back Camera 13MP နဲ့ Font 5MP မို့ Selfie ဆွဲသူတွေတော့ လုံး၀၀ယ်သင့်တယ်နော်။ကျွန်တော့်အထင်တော့လုံး၀၀ယ်သင့်ပါတယ် ။ တရုတ်ဖုန်းမဟုတ်ဘူး၊ယိုးဒယား လည်းမဟုတ်ပြန်ဘူး ဒါ ကိုရီးယားဖုန်းနော် ။ Android 5.1 ဖြစ်ပါတယ်။ ဈေးနူန်းကတော့ 1xxxxx ဆိုပြီးနှစ်မျိုးရှိပါတယ် Model နှစ်မျိုးမှာ Model V950 ကတော့ ရေစိမ်ခံပြီးရေထဲမှာ Selfie ဆွဲလို့ရပါတယ် ဖုန်းနာမည်လေးကတော့ Marcus(မားကပ်) ပါခင်ဗျာ။ Model-V950 -------------- Android Version=5.1 RAM=2GGBCPU =Octa Core Processor 1.4GHz Internal Memory=16GB Camera=back 13MP and font 5.0 Network=2G,3G,4G Display=5.1 Official Warranty=1year Battery=3200mah-Li-Polymer Colour=White,Blackpirce=1xxxxx kyat Model-V955 --------------- Android Version=5.1 RAM=2GGBCPU =Octa Core Processor 1.4GHz Internal Memory=16GB(Memory Camera=back 13MP and font 5.0 Network=2G,3G,4G Display=5.0 Official Warranty=1year Battery=2500mah-Li-Polymer Colour=White,Black pirce=1xxxxx kyat ဆွေသဟာ ဖုန်းဆိုင်တွင် ၀ယ်ယူပြီးအောက်ပါလက်ဆောင်လေးတွေရယူပါနော် ။ Memory 8GB လက်ဆောင် Power Bank လက်ဆောင် Selfie Stick လက်ဆောင် Covar ,မှန်ကပ်,လက်ဆောင် ဖုန်းဘေ လက်ဆောင် Game,Application,facebook Account နှင့် အခြားလက်ဆောင်များစွာ ဆွေသဟာ Mobile Distribution မှာ ရယူပါ အိမ်ထိအိမ်ရောက်ပို့ဆောင်ပြီး ပို့ဆောင်ခအခမဲ့ပါ နယ်လား မြို့ထဲလား လုံးဝအကြမ်းခံတယ်လို့ ကျွန်တော် ယုံကြည့်ပါတယ် ဆွေသဟာ Mobile Distribution မြောက်ဒဂုံ ၃၅မှတ်တိုင်နှင့်နာရီစင်မှတ်တိုင်ကြား ဖုန်း-09-428040776 09-790281529 Viber No:09-428040776 (ယခုကြော်ငြာကို မြောက်ဒဂုံ ၃၅မှတိုင် ဆွေသဟာ Mobile မှကြေငြာသည်) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |





















































