မောင်ပေါက် ( Maung Pauk ) |
- Snapseed app အသုံးပြု၍ ဓာတ်ပုံအလွယ်တကူပြုပြင်နည်း
- ဆုံးဖြတ်မစောပါနဲ့
- 365 Online Shop ရဲ့ တစ်ပတ်အတွင်း အရောင်းသွက်ပစ္စည်း ၅ မျိုး
- မိမိဘလော့မှာCSSလေးထည့်ပြီးPostခေါင်းစဉ်တွေအလယ်ရောက်အောင်ပို့မယ်
| Snapseed app အသုံးပြု၍ ဓာတ်ပုံအလွယ်တကူပြုပြင်နည်း Posted: 24 Nov 2016 09:39 PM PST Snapseed နဲ့စိမ်းနေသေးတယ်ဆိုရင်တော့ ကျွန်တော်တို့ Digital Photography Myanmar ဘာသာပြန်ထားတဲ့ Snapseed အသုံးပြုပုံ tutorial part I ကိုအရင်ဖတ်သင့်ပါတယ်။ အောက်က link ကို click လုပ်လိုက်ပါ။ tutorial part I မှာကတော့ နေ့စဉ်သုံးရမယ့် tools တွေဖြစ်တဲ့ Tune Image (colour နဲ့ exposure ကို adjust လုပ်ရန်)၊ Details (ပုံများကိုပြတ်သားစေရန်) နဲ့ ပုံများကို ဖြတ်တောက်ခြင်း၊ လှည့်ခြင်း၊ ဖြောင့်တန်းအောင်လုပ်ခြင်း အစရှိသည်များကို လေ့လာရမှာဖြစ်ပါတယ်။ Snapseed app မရှိသေးရင် တော့ Apple ရဲ့ App Store နဲ့ Google ရဲ့ Apps Marketplace တို့မှအခမဲ့ရယူနိုင်ပါတယ်။ အခု tutorial ဟာကျွန်တော်တို့ဘာသာပြန်မယ့် Snapseed tutorials တွေထဲက ဒုတိယမြောက်တစ်ခုပါ။ နောက်ဆုံး tutorial မှာတော့ ဆန်းသစ်ပြီးရသဆန်တဲ့ effect တွေရနိုင်တဲ့ Snapseed ရဲ့ Filters တွေအကြောင်းလေ့လာနိုင်ပါမယ်။ ဒီ tutorial မှာတော့ Transform, Brush, Selective, Spot Repair နဲ့ Vignette အစရှိတဲ့ tools တွေကိုလေ့လာနိုင်ပါမယ်။ Snapseed ရဲ့ tools တွေကို access လုပ်ဖို့ edit လုပ်ချင်တဲ့ပုံကိုဖွင့်ပါ။ ပြီးနောက်ညာဘက်အောက်ရှိခဲတံပုံစံရှိ Edit ကိုထိနှိပ်ပါ။ Transform Toolေ စာင်းနေတဲ့အဆောက်အဦးကို တည့်မတ်မယ် ပုံရဲ့ perspective ရှုထောင့်ကိုပြောင်းဖို့ Transform tool ကိုသုံးပါ။ architectural subjects ခေါ်အဆောက်အဦးတွေကိုရိုက်ရာမှာ ပိုပြီးအသုံးဝင်ပါတယ်။ အဆောက်အဦးအမြင့်တွေကို ဓာတ်ပုံရိုက်ရာမှာ perspective distortion ကြောင့်ဆောက်အဦးရဲ့ထိပ်ပိုင်းမှာရှည်မျောမျောဖြစ်သွားတတ်ပါတယ်။ အဆောက်အဦးကိုအလယ်တည့်တည့်မှာထားမရိုက်ရင်လည်း အဆောက်အဦးတွေဟာတဖက်ကိုစောင်းနေတယ်လို့ထင်ရပါတယ်။ ရိုက်လိုက်တဲ့ angle ကြောင့် Paris မြို့ရှိ Eiffel Tower ဟာ စောင်းနေသလိုဖြစ်နေပါတယ်။ ဒါကို Transform tool ကိုသုံးပြီး တည့်တည့်ဖြစ်အောင် လုပ်ယူလို့ရပါတယ်။ Transform tool ကိုသုံးပြီး အမျိုးအစားသုံးမျိုး edit လုပ်လို့ရပါတယ်။ perspective ကိုအလျားလိုက် horizontally နဲ့ ဒေါင်လိုက် vertically ပြင်လို့ရပြီး ပုံကိုပါ rotate လှည့်စောင်းလို့ရပါတယ်။ တခြား Snapseed tool တွေကိုသုံးသလိုပါပဲ။ အပေါ်အေက်ပွတ်ပြီး adjustment option တွေကိုရယူနိုင်ပါတယ်။ ဘယ်ညာပွတ်ပြီး perspective ကိုပြောင်းနိုင်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ adjustment သုံးမျိုးကိုသုံးပြီး ဘယ်အဆောက်အဦးကိုမဆိုတည့်မတ်နိုင်မှာဖြစ်ပြီး တခြားပုံတွေမှာလည်း perspective ပြဿနာတွေကိုပြုပြင်နိုင်ပါတယ်။ Brush Tool စုတ်တံသုံးပြီး ပုံကိုပြင်မယ် Brush tool ဟာအရမ်း powerful ဖြစ်တဲ့ tool တစ်ခုပါ။ ဒီ tool ကိုသုံးပြီး ပုံကိုမသိမသာပြောင်းလဲစေတာကနေပြီး တကယ့်ကိုရသတွေပေါ်လွင်လာအောင်ပြောင်းလို့ရပါတယ်။ ဒီ tool ကိုသုံးပြီးပုံရဲ့လိုတဲ့နေရာမှာပဲလိုတဲ့ effect ကို apply လုပ်လို့ရပါတယ်။ ဒီ tool ကိုအသုံးပြုဖို့ screen ရဲ့အောက်မှာ icons လေးတွေရှိပါတယ်။ ဘယ်ဘက်အောက်မှာရှိတဲ့ brush icon ကိုထိပြီး brush effect တွေကိုရွေးယူလို့ရပါတယ်။ Dodge and Burn brush ကိုသုံးပြီးပုံရဲ့တချို့အစိတ်အပိုင်းတွေကို ပိုလင်းလာအောင် ဒါမှမဟုတ် ပိုမှောင်လာအောင်လုပ်လို့ရပါတယ်။ Exposure brush ကိုသုံးပြီးလည်း အလင်းအမှာင်ကိုကစားလို့ရပါတယ်။ ဒါပေမယ့် Dodge and Burn brush ကိုသုံးပြီးပိုပြင်းပြင်းသုံးလို့ရပါတယ်။ Temperature brush ကိုသုံးပြီး ပုံရဲ့ အပူအအေး အရာင်ကိုကစားလို့ရပြီး၊ saturation brush နဲ့ color saturation ကိုအတိုးအလျော့လုပ်လို့ရပါတယ်။ ကိုယ်သုံးချင်တဲ့ brush အမျိုးအစားကိုရွေးချယ်ပြီးရင်အောက်မှာရှိတဲ့ အပေါ်အောက်မြှားကိုသုံးပြီး adjustment strength ကိုရွေးပါ။ -5, +10 စသည်ဖြင့်ရွေးလို့ရပါတယ်။ ပြီးရင်လက်ညိုးကိုသုံးပြီး ပြောင်းချင်တဲ့နေရာမှာပွတ်လိုက်ပါ။ strength ကို zero ထားလိုက်ရင်တော့ "Eraser" ဆိုတဲ့စကားလုံးကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကိုသုံးပြီး မလိုချင်တော့တဲ့ effect တွေကိုပြန်ဖျက်လို့ ရပါတယ်။ ညာဖက်မှာမျက်လုံးသဏ္ဌန် icon ငယ်လေးရှိပါတယ်။ ဒါကိုသုံးပြီး effect ကိုဘယ်နေရာမှာသုံးထားလဲဆိုတာ မြင်နိုင်ပါတယ်။ effect သုံးထားတဲ့နေရာကို အနီရောင်နဲ့ပြပါတယ်။ အနီရောင်ကိုဖြောက်ဖို့ မျက်လုံး icon ကိုနောက်တခေါက်ထပ်နှိပ်လိုက်ပါ။ Brush တွေရဲ့အရွယ်အစားကိုတော့ ရွေးလိုမရပေမယ့် အသေးစိတ် ရွေးချယ်ပြီး adjustment လုပ်လိုရင်တော့ လက်မနဲ့လက်ညိုးကိုသုံးပြီး zoom in လုပ်ကာအသေးစိတ် adjustment လုပ်လို့ရပါတယ်။ အပေါ်ကပုံမှာ ပုံရဲ့တစိတ်တဒေသမှာပဲ color နဲ့ exposure ကိုလွယ်လွယ်ကူကူပြောင်းလို့ရကြောင်းပြထားပါတယ်။ Selective Toolေ နရာရွေးပြီးပုံကိုပြင်မယ် Selective tool ကိုသုံးပြီးတိကျတဲ့နေရာတွေမှာ brightness၊ contrast နဲ့ color saturation တွေကို selective adjustment လုပ်လိုရပါတယ်။ ထိလိုက်တဲ့နေရာမှာရှိတဲ့ color ကိုအခြေခံပြီးရွေးချယ် adjustment လုပ်သွားမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် အပြာရောင်ကောင်းကင်ရဲ့တနေရာရာကိုထိလိုက်ရင် အဲဒီအပြာရောင်ကိုပဲ adjustment လုပ်မှာဖြစ်ပါတယ်။ ဒီ tool ကိုစသုံးမယ်ဆိုရင် screen ရဲ့အောက်မှာရှိတဲ့ အပေါင်းလက္ခဏာလေး (+) အပြာရောင်ဖြစ်နေစေရပါမယ်။ မဖြစ်ရင် ထိလိုက်ပြီးအပြာရောင်သို့ပြောင်းပါစေ။ ပြီးနောက် adjust လုပ်လိုတဲ့ color ကိုထိလိုက်ပါ။ adjustment လုပ်လိုတဲ့ color ကိုရွေးပြီးနောက် လက်မနဲ့လက်ညိုးကိုသုံးပြီး effect ဖြစ်လိုတဲ့နေရာအရွယ်အစားကိုရွေးချယ်ပါ။ effect ဖြစ်မယ့် နေရာကိုပြတဲ့စက်ဝိုင်းနဲ့ အနီရောင်ကိုတွေ့ရပါလိမ့်မယ်။ နေရာကိုရွေးချယ်ပြီးနောက် screen ပေါ်မှာအပေါ်အောက် swipe လုပ်ပြီး Brightness, Contrast နဲ့ Saturation အစရှိသည်ဖြင့် မိမိလုပ်လိုတဲ့ adjustment option ကိုရွေးပါ။ ၎င်းနောက်ဘယ်ညာရွေးပြီး effect ကိုအတိုးအလျှော့လုပ်ပါ။ selective adjustments နောက်တစ်ခုထပ်လုပ်ရန် အပေါင်းလက္ခဏာကို ထပ်ထိပါ။ လုပ်လိုတဲ့အရောင်ကိုရွေးချယ်ပြီး အပေါ်မှအဆင့်များကိုလုပ်ဆောင်ပါ။ adjustment လုပ်ခဲ့တဲ့နေရာမှာ စက်ဝိုင်းငယ်တစ်ခုနဲ့အတူစာလုံးတစ်ခုကိုတွေ့ရပါမယ်။ စာလုံးကတော့ B (Brightness)၊ C (Contrast) သို့ S (Saturation) စသည်ဖြင့် adjustment လုပ်ခဲ့သော option များကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ ၎င်းစာလုံးငယ်များကိုထိလိုက်ပါက အပေါ်ပုံတွင်ပြထားသကဲ့သို့ပေါ်လာမှာဖြစ်ပါတယ်။ Reset လုပ်ပါက adjustment strength ကို သုံညသို့ပြောင်းလဲမှာဖြစ်ပြီး Delete လုပ်ပါကဖယ်ခြားလိုက်မှာဖြစ်ပါတယ်။ Cut လုပ်ပါက adjustment ကိုတခြားတနေရာသို့ရွှေ့နိုင်မှာဖြစ်ပြီး Copy လုပ်ပါက adjustment ကိုပွားလိုက်မှာဖြစ်ပါတယ်။ Cut နဲ့ Copy လုပ်ပါက လုပ်လိုသည့်နေရာကိုထိပြီး Paste ထပ်နှိပ်ရမှာဖြစ်ပါတယ်။ Healing Tool အစက်အပြောက်တွေဖယ်ရှားမယ် Healing tool ကိုသုံးပြီးအနှောင့်အယှက်အပို ဖြစ်နေတဲ့အရာတွေကိုဖယ်ရှားလို့ရပါတယ်။ ဥပမာအားဖြင့် ဘေးနားမှာရှိတဲ့အမှိုက်တွေ၊ နံရံပေါ်ရှိအကွက် ဒါမှမဟုတ် မျက်နှာပေါ်ရှိအစက်အပြောက်တွေအစရှိသည်ဖြင့်တို့ဖြစ်ပါတယ်။ Healing ကိုသုံးပြီးဒီလူကိုပုံကနေ ဖယ်ရှားလိုက်ရန်အတွက် ၎င်းလူကိုလက်ချောင်းဖြင့် ထိလိုက်ပါ။ ထိလိုက်တဲ့နေရာကိုဘေးပတ်ဝန်းကျင်ရှိ pixels ဖြင့်လဲလှယ်လိုက်ပါလိမ့်မယ်။ အသေးစိတ်လုပ်လိုပါက zoom in လုပ်နိုင်ပါတယ်။ ဖယ်ရှားချင်တဲ့အရာဟာ ရှုပ်ထွေးမနေပဲ ကောင်းကင်၊ ပင်လယ်ပြင်၊ skin အသားအရည်စသည်ဖြင့် ရှင်းလင်းနေတဲ့နေရာမှာတည်ရှိနေမယ်ဆိုရင်ဒီ tool ကိုအသုံးပြုရတာအဆင်ပြေပါတယ်။ ဒီ tool ကိုဘေးနားမှာရှုပ်ထွေးနေတဲ့ အရာပေါ်မှာသုံးမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါ။ တကယ်တော့ဒီလို မလိုအပ်တော့တဲ့ အရာတွေကိုဖယ်ခြားဖို့ TouchRetouch တို့လိုတခြား app ကောင်းကောင်းလေးတွေရှိပါတယ်။ ဒါပေမယ့် အပေါ်မှာပြောခဲ့သလို သိပ်ရှုပ်ထွေးမနေဘူးဆိုရင် Snapseed ကိုသုံးရတာအဆင်ပြေပါတယ်။ Vignette Tool ပုံရဲ့ဘေးမှာအမှောင်ချမယ် ပုံရဲ့ဘေးနားမှာအနည်းငယ်အမှောင်ချထားခြင်းဖြင့်ကြည့်ရှုသူရဲ့မျက်လုံးကို subject ခေါ်အဓိကအရာပေါ်ကို ဆွဲခေါ်စေနိုင်ပါတယ်။ ဒီလိုဘေးနားကအမှောင်ကို vignette လို့ခေါ်ပါတယ်။ vignette များရင်လည်းအနှောင့်အယှက်ဖြစ်စေတာမို့သတိထားသင့်ပါတယ်။ အပေါ်ယံကြည့်လိုက်ရင်အရမ်းလွယ်ကူတဲ့ဒီ tool ဟာ တကယ်သုံးကြည့်မယ်ဆိုရင် powerful ဖြစ်တယ်ဆိုတာတွေ့ရပါလိမ့်မယ်။ vignetting tool တွေဟာအများအားဖြင့် တော့ပုံရဲ့ဘေးနားတွေကိုပဲ မှောင်လာအောင်၊ ဒါမှမဟုတ်လင်းသွားအောင်လုပ်လို့ရပါတယ်။ Snapseed မှာတော့ အပေါ်အောက်ပွတ်လိုက်ရင် ပုံအလယ်ကိုပါအလင်းအမှောင်ကစားလို့ရမယ့် option ကိုတွေ့ရပါမယ်။ ကိုယ်လိုချင်တဲ့ option ကိုရွေးလိုက်ပြီးပါက အပေါ်အောက် swipe လုပ်ပြီး intensity ကို adjust လုပ်ယူလို့ရပါပြီ။ ဒီနေရာမှာမပြီးဆုံးသေးပါဘူး။ အောက်ပုံမှာပြထားတဲ့ အပြာရောက်အစက်ငယ်ပေါ်မှာလက်မနဲ့ထောက်ပြီးနေရာရွှေ့နိုင်ပါသေးတယ်။ မိမိလိုချင်တဲ့နေရာကိုကြည့်ရှုသူရဲ့မျက်လုံးကိုဆွဲခေါ်တဲ့နေရာမှာသုံးနိုင်ပါတယ်။ အလယ်စက်ဝိုင်းရဲ့အရွယ်အစားကိုလည်း ပြောင်းနိုင်ပါသေးတယ်။ လက်မနဲ့လက်ညိုးသုံးပြီး ပွတ်ဆွဲလိုက်ရင်အလယ်မှာ စက်ဝိုင်းတစ်ခုပေါ်လာမှာပါ။ ဒီစက်ဝိုင်းဟာ vignette effect ရဲ့အတွင်းပိုင်းနဲ့အပြင်ပိုင်းကိုခြားနားထားတဲ့နယ်နမိတ်မျဉ်းဖြစ်ပါတယ်။ လက်မနဲ့လက်ညိုးသုံးပြီး အကျဉ်းအကျယ်ပွတ်ဆွဲကာစက်ဝိုင်းရဲ့အရွယ်အစားကိုပြောင်းလဲလိုက်ပါ။ Conclusion မြင်တဲ့အတိုင်းပါပဲ၊ Snapseed ဟာရိုးရိုးသာမန် photo editor မဟုတ်ပါ။ Snapseed မှာ လိုတဲ့နေရာကိုလိုသလို edit လုပ်နိုင်တဲ့ powerful ဖြစ်တဲ့ tool တွေပါပါတယ်။ သင့်စိတ်ကြိုက် edit လုပ်နိုင်ပါတယ်။ ဒါ့အပြင် perspective ကြောင့်ဖြစ်တဲ့ပြဿနာတွေနဲ့ မလိုတဲ့အစက်အပြောက်အရာဝတ္ထုတွေကိုလည်းဖယ်ရှားနိုင်ပါတယ်။ နောက်ဆုံးမှာ vignette လည်းထည့်နိုင်ပါသေးတယ်။ မှတ်သားစရာတွေများပေမယ့်အချိန်ယူပြီးစမ်းသပ်လေ့လာမှတ်သားပါ။ ငါဒီပုံကို handphone နဲ့ ဘယ်လိုများ edit လုပ်လိုက်ပါလိမ့်လို့စဉ်းစားရအောင်ထိ edit လုပ်လိုက်တဲ့ ပုံတွေဟာပြောင်းလဲသွားပါလိမ့်မယ်။ ဒီ tutorial ပြီးရင် Snapseed ရဲ့ အံ့သြဖွယ်ကောင်းလှတဲ့ Filters တွေအကြောင်းတင်ပေးပါ့မယ်။ လာရောက်ပြီးဖတ်ရှုဖို့မမေ့ပါနဲ့။ အလွယ်ဆုံးနည်းကတော့ကျွန်တော်တို့ရဲ့ Facebook page ကို follow လုပ်ထားပြီး update တွေကိုရယူနိုင်ပါတယ်။ ဒီ tutorial နဲ့ ကျွန်တော်တို့ရဲ့ website မှာရှိတဲ့တခြား article တွေ ကိုလည်း share လုပ်ပြီးတခြားစိတ်ဝင်စားသူတွေကိုမျှဝေပေးနိုင်ပါတယ်။ via iPhone Photography School refer - http://dpmyanmar.com/ Digital Photography Myanmar ရဲ့ ဒီဆောင်းပါး ကိုကြိုက်နှစ်သက်တယ်ဆိုရင် share လုပ်ပြီးထပ်ဝေမျှနိုင်ပါတယ်။ ဆောင်ပါးအသစ်တွေအချိန်နဲ့ တပြေးညီဖတ်ရဖို့ အတွက် Digital Photography Myanmar ရဲ့ Facebook page ကိုလည်း Like/follow လုပ်ပေးပါ။ အဆင်ပြေပါစေ..မောင်ပေါက်< Knowledge Note > www.maungpauk.org |
| Posted: 24 Nov 2016 09:12 PM PST ရထားတစ်စင်းပေါ်မှာပေါ့… ၂၄ နှစ်အရွယ်ကောင်လေးက ရထားပြူတင်းပေါက်ကနေအပြင်ကိုကြည့်နေရင်း အော်ပြောလိုက်တယ်… "အဖေ …ကြည့်ပါဦး …သစ်ပင်တွေက နောက်မှာကျန်ခဲ့တယ်နော်…ဟေ..ဟေး…" သူ့အဖေကတော့ ပြုံးနေပါတယ်…။ သူတို့နဲ့ မျက်နှာချင်းဆိုင်ခုံက လင်မယားနှစ်ယောက်ကတော့ ကောင်လေးရဲ့ ကလေးကလားအပြုအမူ အပြောအဆိုတွေကြည့်ပြီး မျက်စောင်းထိုးနေတာပေါ့…။ ကောင်လေးက ရုတ်တရက်ထအော်ပြောပြန်ပါတယ်…။ " ဟာ…အဖေ…ကြည့်ပါဦးဗျ…တိမ်တွေက ကျနော်တို့နောက်လိုက်လာတယ်နော်…" ဟိုလင်မယားနှစ်ယောက်က သည်းမခံနိုင်တော့ဘဲ ကောင်လေးအဖေ အဖိုးကြီးကိုပြောလိုက်တယ်…။ " ကောင်လေးကို…ဆရာဝန်ပြဖို့တော့လိုပြီထင်တယ်…" အဖိုးကြီးကလည်း ပြုံးပြုံးလေးပဲ ပြန်ဖြေပါတယ်… " ဆရာဝန်ပြပြီးပါပြီ…ခုပဲကျုပ်တို့ဆေးရုံကပြန်လာကြတာ…ကျုပ်သားက မွေးရာပါ မျက်စိကွယ်နေခဲ့တာ… ဒီနေ့ဟာ သူ လောကကြီးကို ပထမဆုံးမြင်တွေ့ခွင့်ရတဲ့နေ့ပေါ့…" လောကမှာရှိသမျှလူအားလုံးဟာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်…သူတို့အကြောင်းကို သေချာမသိဘဲ သူတို့ကိုဆုံးဖြတ်မစောလိုက်ပါနဲ့… Credit to ဦးသုည , http://kanaung.net/ မောင်ပေါက်< Knowledge Note > www.maungpauk.org |
| 365 Online Shop ရဲ့ တစ်ပတ်အတွင်း အရောင်းသွက်ပစ္စည်း ၅ မျိုး Posted: 24 Nov 2016 05:00 PM PST 365 Online Shop ရဲ့ တစ်ပတ်အတွင်း အရောင်းသွက်ပစ္စည်း ၅ မျိုးစာရင်း ဖြစ်ပါတယ်.. ကုန်ပစ္စည်းအရည်အသွေးနဲ့ ဝန်ဆောင်မှုကတော့ ရောင်းချသူနဲ့သာ တိုက်ရိုက် သက်ဆိုင်ပါတယ်.. ** IDOL SLIM Coffee ( အဆီကျ ကော်ဖီ ) ![]() အရသာရှိတဲ့ ကော်ဖီမွှေးမွှေးလေးကို သောက်ရင်း ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့ အဆီပိုတွေကို ချပေးနိုင်တယ် ဆိုတာ အံ့သြစရာ တစ်ခုပေါ့.. ဘယ်လောက်ဝဝ ဆေးမတိုးသူဖြစ်ပါစေ ပိန်သွယ်ဖို့အာမခံပါတယ် ခါးတုတ် ဗိုက်ပူ လက်မောင်း ပေါင် ခြေသလုံး မလိုအပ်သော အဆီပိုများကို ကျစေပြီး အချိုးအစားညီစေပါတယ်.. ပိန်သွားရင်လည်း ကော်ဖီ ဖြတ်လိုက်တဲ့အခါ ဝမလာပါဘူးနော် အသားရေမွဲခြောက် လျော့တွဲပျက်ဆီးခြင်းမှလည်း ကာကွယ်ပေးပါတယ် Made in Thailand (FDA approved) ရောဂါပြင်းထန်ဆေးစွဲသောက်နေရသော(နှလုံး သွေးတိုး အစာအိမ် ကျောက်ကပ်) မသောက်ရပါ နို့တိုက်မိခင် ကိုယ်ဝန်ဆောင်သည်မသောက်ရပါ။ ![]() ![]() ![]() Price >>> 10000/- (for 10 days) ဖြစ်ပြီး မှာယူလိုပါက 365 Online Shop 09451689031, 09787179972 ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်.. Quality စစ်ကြောင်းအာမခံသလို အမှန်တကယ်ပိန်ဖို့ ၁၀၀%အာမခံပါတယ် ရန်ကုန် မန္တလေး အိမ်အရောက်ပို့ပေးပြီး ပစ္စည်းရောက်မှငွေချေရပါမယ် အခြားမြို့များသို့ကားဂိတ်ထိ (ငွေလွှဲရောက်ပြီးမှ ပစ္စည်းပို့ပါတယ်) *** Car massage cushion (ကားသုံး ကြောမှီ ခါးနှိပ်စက်) ![]() တနေကုန် ကားမောင်းနေရသူများနှင့် အချိန်ကြာမြင့်စွာ ကားစီးရင် ခါးနာတတ်တဲ့ သူတွေအတွက် ခါးနာသက်သာအောင် ထိုင်လို့ရမယ့် ခါးနှိပ်စက်လေးပါ။ ခါးခုအနေနဲ့လည်း ဒီအတိုင်းသုံးလို့ရပါတယ်။ ကားဆေးလိပ်မီးညှိပေါက်နှင့် အသုံးပြုရတာဖြစ်ပြီး ကားမောင်းရင်း ညောင်းညာမှုတွေကို ပြေပြောက်စေမယ့် ကားသုံး ကြောမှီ ခါးနှိပ်စက်လေးပါ! ➡️ ဈေးနှုန်း သင့်လျော် အသုံးဝင်တဲ့ ပစ္စည်းလေးပါ ➡️ ကား အမောင်း ကြာတတ်တဲ့ မိတ်ဆွေတွေ၊ Hi-way Bus မောင်းတဲ့ ကားဆရာတွေ၊ မြို့တွင်း Bus ကားဆရာတွေ၊ တက္ကစီ သမားတွေ ဆောင်ထားသင့်ပါတယ်.. ![]() ![]() ![]() ဈေးနှုန်းက 19000 ကျပ် သာ ကျသင့်မှာဖြစ်ပြီး မှာယူလိုပါက Online Shop 09451689031, 09787179972 ကို ဆက်သွယ်မှာယူနိုင်ပါတယ်.. ရန်ကုန်မြို့တွင်းသို့ သက်သာသော ဝန်ဆောင်ခဖြင့် အိမ်အရောက်ပို့ပေး၍ ရောက်မှ ငွေချေရပါမည် နယ်မြို့များသို့ ကားဂိတ်အရောက်ပို့ပေး၍ ဘဏ်မှ ငွေတစ်ရက်ကြို လွှဲရပါမယ်.. *** Slim & lift for boy အဆီကျ စွပ်ကျယ် ![]() ခန္ဓာကိုယ်မှာ အဆီပိုတွေများနေပြီးဗိုက်ပူ ဗိုက်ခေါက်ထူတဲ့သူတွေ အတွက် အချိန်ကုန်သက်သာပြီး လွယ်ကူစွာ အဆီကျစေနိုင်တဲ့ အဆီကျဝတ်စုံလေးပါ. အဆီကျဝတ်စုံလေးကို တနေ့ ၈ နာရီကြာဝတ်ဆင်ပေးရုံနဲ့ မလိုအပ်တဲ့ဗိုက်ခေါက်ကအဆီပိုတွေကို တစ်လအတွင်းကျသွားစေပါတယ်. အသားကောင်း ဆွဲသားနဲ့ လုပ်ထားတာကြောင့် ပူနေပဲဝတ်ဆင်ရတာ သက်တောင့်သက်သာရှိစေမှာပါ.. ဈေးနှုန်းက 11000 ကျပ် ဖြစ်ပြီး 09451689031, 09787179972 ကိုဆက်သွယ်မှာယူနိုင်ပါတယ်... ** နှုတ်ခမ်းမွှေး သန်စွမ်းလှပဖို့ Genive Serum ![]() အမ်ျိုး သမီးများ သဘာဝ မျက်ခုံးမွှေး ထူထူ လေး နဲ့ ဆွဲဆောင်မှုရှိသလို ယောကျာင်္းလေး တွေလည်း မျက်ခုံး မွှေး ထင်းထင်း ပါးသိုင်းမွှေးရေးရေးလေး နဲ့ ဆွဲဆောင်မှုရှိပါတယ်။ ထိုင်း နိုင်ငံက ထုတ်လုပ်တဲ့ Genive Serum မျက်ခုံးမွှေး ပါးသိုင်းမွှေး ပေါက်ဆေးဟာ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ တကယ့် အစွမ်းထက်တဲ့ ဆေးလေးဖြစ်ပါတယ်.. ထိုင်းနိုင်ငံထုတ် ပစ္စည်းအစစ်အမှန်မို့ အရည်အသွေးပိုင်းမှာ စိတ်ချရပါတယ်.. အသုံးပြုပုံ တနေ့ ၂ ကြိမ် လိမ်းပေးရုံနဲ့ ၂ ပတ်အတွင်း မွှေးညှင်းနုများ ပေါက်လာစေပြီး တစ်လ ၂ လ အတွင်း သန်စွမ်း နက်မှောင်စေပါတယ်... ![]() ![]() ![]() ဈေးနှုန်းက 1 bottle - 10000kyats 2 bottle - 18000 kyats 3 bottle - 25000 kyats ဖြစ်ပြီး စိတ်ဝင်စားရင်တော့ နာမည် လိပ်စာ ဖုန်းနံပတ်နဲ့ 365 Online Shopping 📞📞📞09451689031, 09787179982 ကိုဆက်သွယ်မှာယူနိုင်ပါပြီ.. Fb chat box မှ တဆင့် အိမ်အရောက် ရန်ကုန်မြို့တွင်း နှင့် အခြား မြို့ ကြီးများသို့ အရောက် ပို့ပေးနေပါပြီ.. **** Andrea Hair Growth Essence (အစွမ်းထက် ဆံပင်ပေါက်ဆေး) သဘာဝ သစ်ဥသစ်ဖုများက ထုတ်ထားတဲ့ andrea ဆံပင် ပေါက်ဆေးအဆီဟာ ဦးရေထဲကို စိမ့်ဝင်မှုမြန်ပြီး ဦးရေပြားရဲ့ ဆံပင်ထွက်နှုန်းကို လျင်မြန်စေပါတယ် ။ ထွက်ပြီးသား ဆံသားကို ကျန်းမာလှပ စေပါတယ်.. ဆံပင်သန်စေပါတယ် #အသုံးပြု နည်း Andrea ဆံပင်ပေါက်ဆေးအဆီ 3 mlခန့် ကို ယူပြီး ခေါင်းလျှော်ရည်သင့်တင့်တဲ့ ပမာဏ နဲ့ ။သမအောင်မွှေပြီးရောလျှော်ပေးပါ။ ယောကျာ်း မိန်းမ မရွေး အသုံးပြုနိုင်ပါတယ် ။ တစ်ပတ် နှစ်ကြိမ် အသုံးပြု ပေးရပါမယ်။ Grading 5* ရထားတဲ့ အရည်းအသွေးကောင်းမွန်တဲ့ ပစ္စည်းပါ။) ![]() ![]() Price - 11000 ks ဖြစ်ပြီး 365 Online Shopping, Ph - 09451689031, 09787179972 ကိုဆက်သွယ်မှာယူနိုင်ပါတယ်.. ***(ပစ္စည်း စစ်မှန် မှုကို လုံးဝ လုံးဝ အာမခံ ပါ တယ် ) ရန်ကုန်တွင်း အိမ်အရောက်လာပို့ ပေးတဲ့ Home Delivery service လေးလဲ ရှိပါတယ်။ ပို့ ဆောင်ခယူပြီး အိမ်တိုင်ရာရောက်လိုက်ပို့ပေးတာပါ၊၊ အိမ်ရောက်မှ ငွေချေစနစ်ပါ။ နယ်က ဝယ်ယူချင်တဲ့ customers လေးတွေအတွက် ဘဏ်ကို ငွေကြိုလွှဲစနစ်ဖြင့် ကားဂိတ်အထိ ဝန်ဆောင်မှုပေးပါတယ်.. **** အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| မိမိဘလော့မှာCSSလေးထည့်ပြီးPostခေါင်းစဉ်တွေအလယ်ရောက်အောင်ပို့မယ် Posted: 24 Nov 2016 12:26 AM PST မင်္ဂလာပါအမျိုးတို့ရေ ဒီတစ်ခေါက်ကျွန်တော်ပြောပြပေးမယ့်ဘလော့နည်းပညာလေးကတော့ မိမိတို့ဘလော့မှာPostတင်လိုက်ရင်ခေါင်းစဉ်ကိုအလယ်မှာပေါ်အောင်လုပ်နည်းလေးပါ။ အရမ်းလွယ်ပါတယ်။အောက်မှာနမူနာLinkနဲ့ပုံလေးပေးထားပါတယ်။ နမူနာကြည့်ချင်လျှင်ဒီမှာကြည့်ပါ။ အပေါ်မှာပြထားတဲ့ပုံစံမျိုးပါ။ အရင်ဆုံးကျွန်တော်တို့မိမိဘလော့ရဲ့ Templated ကိုနှိပ်ပါ။အောက်ပါအတိုင်းပေါ်လာပါမယ်။ Customizeကိုနှိပ်ပါ။ ပြီးရင်အောက်ပါပုံအတိုင်းပေါ်လာပါမယ်။ Adjust widthကိုနှိပ်ပါ။ အောက်ပါအတိုင်းပေါ်လာပါမယ်။ Add CSSကိုနှိပ်ပါ။ ပြီးလျှင်အောက်ကCodeလေးကိုCopyယူထည့်လိုက်ပါ။ .post-title { text-align: center; } ပြီးလျှင်အောက်မှာပြထားတဲ့အတိုင်းApply to Blogကိုနှိပ်ပေးလိုက်ပါ။ မိမိရေးတင်လိုက်တဲ့Postတွေရဲ့ခေါင်းစဉ်တွေအလယ်ရောက်နေမှာတွေ့ရမှာပါ။ အားလုံးသောBloggerညီကိုတော့ပျော်ရွှင်ကြပါစေဗျာ။ Thank You !ရောင်ပြန်လေး(နည်းပညာ)www.yplitshare.orgအဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |




























0 comments:
Post a Comment