မောင်ပေါက် ( Maung Pauk ) |
- ဘ၀အတွက် စည်းကမ်း (၇) ချက် (ဗဟုသုတ)
- အမျိုးသမီးတိုင်း မှီဝဲသင့်သည့် အဟာရဓာတ် (၁၀) မျိုး
- Reboot helper [Root] - ပါဝါပိတ်ဖွင့် အကူအညီ App
| ဘ၀အတွက် စည်းကမ်း (၇) ချက် (ဗဟုသုတ) Posted: 13 Nov 2016 09:06 PM PST ၁) မိမိရဲ့ အတိတ်ကို လက်ခံပြီး ပစ္စုပ္ပန်တွင် အောင်မြင်မှုများကို ရှာဖွေပါ။ ref - Download Wun Zinn၂) အများရဲ့ အထင်အမြင်တွေက သင့်ရဲ့ အောင်မြင်မှုအတွက် ထင်သလောက် အရေးမပါ, ပါဘူး။ ၃) အချိန်က အရာအားလုံးကို ကုစားနိုင်ပါတယ်။ စိတ်ရှည်ပါ၊ အချိန်ပေးပါ။ ၄) ကိုယ်ကလွဲလို့ အခြားတစ်ယောက်ရဲ့ ဘ၀ကို မဝေဖန်မိပါစေနဲ့၊ အကြောင်းက သူတို့ ဖြတ်သန်းလာရတဲ့ ဘ၀အခြေအနေကို မသိနိုင်လို့ပဲ။ ၆) ကိုယ့်ပျော်ရွှင်မှုအတွက် တာဝန်အရှိဆုံးလူက ကိုယ်ပါပဲ။ ၇) ပြုံးလိုက်ပါ၊ ဒီကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာက ကိုယ် တစ်ယောက်တည်းရဲ့ ပြဿနာတွေ မဟုတ်ပါဘူး။ အဆင်ပြေပါစေ.. www.maungpauk.org |
| အမျိုးသမီးတိုင်း မှီဝဲသင့်သည့် အဟာရဓာတ် (၁၀) မျိုး Posted: 13 Nov 2016 09:02 PM PST ၁ . ဖောလစ်အက်ဆစ် အိမ်ထောင်သည် အမျိုးသမီးများ စားသုံးသင့်သည်။ သားသည်မိခင်တို့ လိုအပ်ဆုံး အဟာရဓာတ်ဖြစ်သည်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနဲ့ ထောပတ်သီးတို့မှာ ဖောလစ်အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ၂. သံဓာတ် ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအတွက် စားသုံးသင့်၊ သံဓာတ် မလုံလောက်ပါက မောပန်းခြင်း၊ အိပ်မပျော်ဖြစ်ခြင်းနဲ့ အာရုံစူးစိုက်မှုလျော့နည်းခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ပန်းမုန်လာ၊ ပဲကြီးစေ့နဲ့ အမဲသားတို့မှာ ပါဝင်ပါတယ်။ ၃. ကယ်စီယမ် အရိုးအဆစ်များကို သန်မာစေခြင်း၊ နွားနို့၊ ချိစ်နှင့် အနက်ရောင်ပဲတောင့်ရှည်များ၊ ကိုက်လန်တို့တွင် ကယ်စီယမ်ဓာတ်များ ပေါများစွာ ပါဝင်သည် ၄. ဗီတာမင်-ဒီ လူတိုင်းတွင် လိုအပ်သည့် အာဟာရဓာတ်ဖြစ်သည်။ လူအများစုသည် ဗီတာမင်-ဒီကို နေ မှရသည်။ စိတ်ရွှင်စေခြင်းနှင့် သားမြတ်ကျန်းမာရေး တို့ကို ဖြစ်ပေါ်စေသည်။ ၅. မက်ဂနီဆီယမ် အာရုံကြောများ အာဟာရပြည့်ဝစေခြင်း၊ ကြွက်သားနှင့် အရိုးအဆစ်များအား သန်မာစေခြင်းတို့အတွက် လိုအပ်ပါသည်။ အဆုပ်မှာ ဖြစ်ပေါ်စေတဲ့ ရောဂါတွေကို သက်သာစေပါတယ်။ သွေးဖိအားကို ပုံမှန်ဖြစ်စေတယ်။ မက်ဂနီဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ ရွှေဖရုံသီးစေ့၊ ရုံးပတေသီး၊ ဟင်းနုနွယ်နဲ့ မက်မန်းပင်မျိုးဝင်အပင်မျိုးများတို့ ဖြစ်ပါတယ်။ ၆. ဗီတာမင်-အီး အဆီနဲ့ အခွံမာသီးများ၊ အစေ့များမှ ထုတ်လုပ်တဲ့ အဆီအစားအစာများတွင် ပါဝင်တာ များပါတယ်။ စွမ်းအားမြင့် Anti-oxidant ဖြစ်ပြီးတော့ အောက်ဆီဂျင် Level မညီမျှတာတွေကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားကို တိုးပွားစေပြီးတော့ မျက်လုံးနဲ့ အရေပြားအတွက် အထူးလိုအပ်ပါတယ်။ အသက် (၁၅) နှစ်ထက် မိန်းကလေးတိုင်း ဗီတာမင်-အီး 15mg ပမာဏ စားသုံးဖို့ လိုအပ်ပါတယ်။ နေကြာစေ့၊ ဆလပ်ရွက်နဲ့ အသားညှပ်ပေါင်မုန့်မျိုးတွေ စားသုံးဖို့ လိုအပ်ပါတယ်။ ၇. အိုမီဂါ-၃ ဖက်တီအက်ဆစ် အမျိုးသမီးတိုင်း လိုအပ်တဲ့ အက်ဆစ်ဓာတ်ဖြစ်ပါတယ်။ သွေးဖိအားကိုလျော့ကျစေခြင်း၊ အမျိုးသမီးများ အသားအရေ ဖူးရောင်နီမြန်းခြင်းမြောက်များစွာသော နာတာရှည်ရောဂါများကို သက်သာပျောက်ကင်းစေပါသည်။ Omega-3 fatty acid ပေါကြွယ်ဝတဲ့အစားအစာများကတော့ ဆော်လမွန်ငါး၊ အဖြူရောင်မဟုတ်တဲ့ တူနာငါး၊ ငါးသလောက်နဲ့ ငါးသေတ္တာတို့ ဖြစ်ပါတယ်။ တစ်နေ့ကို 1.1g ပမာဏ စားသုံးသင့်ပါတယ်။ ၈. ပိုတက်စီယမ် အမျိုးသမီးတိုင်းတွက်သာမက အမျိုးသားတွေအတွက်ပါ လိုအပ်တဲ့ ဒီပိုတက်စီယမ်ဟာ အာရုံကြောတွေကို နိုးကြားစေတယ်၊ ကြွက်သားတွေကို ပြောလျော့စေပြီး ခန္ဓာကိုယ်တွင်း အရည်ဓာတ်ကို ထိန်းညှိပေးပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အရိုးအဆစ်တွေ သန်မာစေပါတယ်။ အသားတွေ၊ ကြက်နဲ့ ငါးကြီးဆီထုတ်ယူနိုင်သာငါးအပြင်၊ ဆလပ်ရွက်၊ အာလူး၊ ဟင်းနုနွယ်နဲ့ ပန်းမုန်လာမျိုးတွေမှာ ပိုတက်စီယမ်ဓာတ် ပါဝင်ပါတယ်။ ၉. ဗီတာမင်-စီ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် လိုအပ်ပါတယ်။ ဆဲလ်တွေသေကြေပျက်စီးတာကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ Anti-Oxidant ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အရေပြား၊ ကြွက်သားနဲ့ အခြားသော လိုအပ်သော တစ်ရှုးလ်များပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ တစ်နေ့ကို 75mg စားသုံးသင့်ပြီး ငရုတ်ချိုသီး၊ လိမ္မော်သီး၊ ကီဝီ၊ စတော်ဘယ်ရီနဲ့ သခွားမွှေးသီးတို့ဟာ ဗီတာမင်-စီဓာတ် တွေ ပါဝင်ပါတယ်။ ၁၀. အမျှင်ဓာတ် အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေကာ အခြားအူလမ်းကြောင်းဆိုင်ရာများအတွက် မရှိမဖြစ် ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ 19 နှစ်မှ အသက် 50 ကြားအမျိုးသမီးများ တစ်နေ့ကို 25g စာ အမျှင်ဓာတ် စားသုံးသင့်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တို့ဟာ အမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာများ ဖြစ်ပါတယ်။ ပုံမှန်စားသုံးခြင်းဟာ ဆီးချို၊သွေးချိအပြင် နှလုံးရောဂါနဲ့ အခြား အူမကြီးကင်ဆာကဲ့သို့သော ကင်ဆာရောဂါများကို မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ref - Download Wun Zinn အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| Reboot helper [Root] - ပါဝါပိတ်ဖွင့် အကူအညီ App Posted: 13 Nov 2016 03:54 AM PST Power off ပဲပါပြီး Reboot မပါတဲ့ Android ဗားရှင်းအနိမ့်ဖုန်းတွေအတွက်အဓိကရည်ရွယ်ပါတယ် အွန်လိုင်းမှာလိုက်ရှာကြည့်တော့ Rebooter တွေက V4 နှင့်အထက်ပဲအလုပ်လုပ်တဲ့ App တွေပဲတွေ့လို့ဒီ App လေးကောက်ရေးလိုက်ရခြင်းဖြစ်ပါတယ် Android 2.1 နှင့်အထက် အသုံးပြုနိုင်ပြီး Root Access လိုအပ်ပါတယ် ကိုအသုံးပြုဖို့လုပ်ထားပေမဲ့လည်းကိုယ်လို အခက်တွေ့နေသူများအတွက်တင်ပေးလိုက်ပါတယ် လိုအပ်ပါကအောက်မှာဒေါင်းလုပ်ပါ။ * Features ======== Reboot Reboot Recovery Reboot Download Mode (SAMSUNG) Reboot Bootloader Reboot EDL ( Qualcomm ) * DL @ bit.ly/rebootertta Create - by Than Toe Aung အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |










0 comments:
Post a Comment