မောင်ပေါက် ( Maung Pauk ) |
| အွန်လိုင်းကနေ သင်ခန်းစာများ သင်ယူနိုင်တဲ့ Website (37) ခု Posted: 03 Nov 2016 07:20 AM PDT ![]() အွန်လိုင်းမှတဆင့် သင်ခန်းစာများ သင်ယူနိုင်တဲ့ Website (37) ခုအကြောင်းကို Link များနှင့်တကွ ရေးသားဖော်ပြပေးထားပါတယ်.။ (5 Mins Read) သင် skill အသစ်တစ်ခုခု သင်ယူချင်နေပါသလား? အပြင်မှာ ငွေကုန်ကြေးကျများတဲ့ သင်တန်းတွေ၊ ကျောင်းတွေမှာ သွားတက်စရာမလိုဘဲ အွန်လိုင်းကနေ အလွယ်တကူ သင်ယူလို့ရနေပါပြီ.။ အောက်မှာဖော်ပြပေးထားတဲ့ website (37) ခုမှာ သင်ယူချင်တာအားလုံး သင်ယူလို့ရပါတယ်.။ အားလုံးဆိုတဲ့နေရာမှာ ကိတ်မုန့်ဘယ်လိုဖုတ်ရမလဲ ကနေစပြီး Data Analytics အထိ အားလုံးပါဝင်ပါတယ်.။ Course အများစုဟာ Free ဖြစ်ပါတယ်.။ သင့်မှာ Visa, Mastercard အစရှိတဲ့ Online Payment တွေ ရှိတယ်ဆိုရင် Paid Course တွေကိုလဲ ဝယ်ယူသင်ကြားနိုင်ပါတယ်.။ အသုံးလိုတဲ့အခါ ပြန်ရှာနိုင်ဖို့ Bookmark (သို့) Save လုပ်ထားဖို့ အကြံပေးပါရစေ.။ ကဲ ဘာတွေပါလဲ ကြည့်လိုက်ရအောင်.. အွန်လိုင်းကနေသင်ယူဖို့.. edX - ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များမှ ပို့ချပေးနေသောသင်တန်းများ Coursera - ကမ္ဘာ့အဆင့် သင်တန်းများကို Free သင်ယူနိုင်သည့် website Coursmos – Micro-course လို့ခေါ်တဲ့ သင်တန်းငယ်လေးများကို Device မျိုးစုံမှ သင်ယူနိုင်သည့် website Highbrow - သင့် Email ထဲသို့ သင်တန်းငယ်လေးများ နေ့စဉ်ပို့ပေးသော website Skillshare - သင့်ရဲ့ Creativity ကို အဆင့်မြှင့်တင်ပေးမယ့် သင်တန်းများ Curious - အွန်လိုင်းမှတဆင့် Video Lesson များ ကြည့်ရှုသင်ကြားနိုင်မည့် website Lynda.com - နည်းပညာ၊ တီထွင်ဖန်တီးမှု နှင့် စီးပွားရေးဆိုင်ရာများ သင်ကြားနိုင်မည့် website CreativeLive - ကမ္ဘာ့အကောင်းဆုံး Expert များထံမှ သင်ယူနိုင်မည့် website Udemy - လက်တွေ့ကျတဲ့ သင်ခန်းစာများ သင်ယူနိုင်မည့် website Code ရေးခြင်းဆိုင်ရာ သင်တန်းများပို့ချပေးသည့် Website များ Codecademy – Code ရေးနည်းတွေကို Interactive သင်ခန်းစာတွေနဲ့ Free သင်ယူနိုင်မယ့် website Stuk.io – Code ရေးသားခြင်းသင်ခန်းစာတွေကို အခြေခံမှ စပြီး သင်ယူနိုင်မယ့် website Udacity - နိုင်ငံတကာမှ လက်ခံကြတဲ့ NanoDegree များ ရယူနိုင်မယ့် website Platzi – Design, Marketing နဲ့ Code သင်ခန်းစာများကို Live Streaming ဖြင့် သင်ယူနိုင်မယ့် website Learnable – Web Development နဲ့ ပတ်သက်တဲ့ သင်တန်းများ သင်ယူနိုင်မယ့် website Code School – Coding နဲ့ပတ်သက်တဲ့ လက်တွေ့သင်ခန်းစာများ သင်ယူနိုင်မယ့် website Thinkful - တစ်ယောက်ချင်းစီ Mentor လုပ်ပေးတဲ့စနစ်ကို အသုံးပြုပြီး သင့်ရဲ့ Career တိုးတက်အောင် လုပ်ဆောင်ပေးမယ့် website Code.org - လွယ်ကူတဲ့ Tutorials များနဲ့ Coding ရေးသားနည်းများကို အလွယ်တကူသင်ယူနိုင်မယ့် website BaseRails – Ruby on Rails နှင့် အခြား web technology များကို သင်ယူနိုင်မယ့် website Treehouse – HTML, CSS, iPhone Apps ရေးသားနည်း အစရှိတဲ့ သင်ခန်းစာများ သင်ယူနိုင်မယ့် website One Month – Coding နှင့် web applications သင်ခန်းစာများကို တစ်လအတွင်း သင်ယူနိုင်မယ့် website Dash – Website အလန်းများ တည်ဆောက်ခြင်းများကို သင်ယူနိုင်မယ့် website Data နှင့်ပတ်သက်သော သင်ခန်းစာများ သင်ယူနိုင်မည့် website များ DataCamp – Data Science နှင့်ပတ်သက်သော tutorials များဖြင့် သင်ယူနိုင်မယ့် website DataQuest – Data သင်ခန်းစာများ သင်ယူနိုင်မယ့် နောက်ထပ် website တစ်ခု DataMonkey – Data သင်ခန်းစာများကို ပျင်းရိငြီးငွေ့ခြင်းမရှိဘဲ သင်ယူနိုင်သော website ဘာသာစကားအသစ်များ သင်ယူနိုင်မယ့် Website များ Duolingo - ဘာသာစကားအသစ်များကို Free သင်ယူနိုင်မယ့် website Lingvist - ဘာသာစကားအသစ်တစ်ခုကို နာရီ ၂၀၀ အတွင်း သင်ယူနိုင်မယ့် website Busuu - ဘာသာစကားအသစ်များ Free သင်ပေးသည့် Community Website Memrise - စာလုံးပေါင်းသတ်ပုံများ သင်ယူနိုင်မယ့် website Knowledge နှင့်ပတ်သက်သော သင်ခန်းစာများ သင်ယူနိုင်မယ့် Website များ TED-Ed - ပညာရပ်ဆိုင်ရာ video များစွာကို စုစည်းပေးထားသော website Khan Academy - ကိုယ်တိုင်လိုက်ပါလုပ်ဆောင်နိုင်မယ့် သင်ခန်းစာများ စုစည်းပေးထားသော website Guides.co - အွန်လိုင်းမှာရှိတဲ့ Guides တွေကို စုစည်းပေးထားတဲ့ website SquareKnot – Step by Stey Guide များကို လှပစွာစုစည်းပေးထားတဲ့ website Learnist – Web, Print နှင့် Vedio ဖိုင်များကို စနစ်တကျ စုစည်းပေးထားတဲ့ website Prismatic – Social Media ပေါ်မှ Recommendations များကို အသုံးပြုပြီး သင်ခန်းစာများ စုစည်းထားတဲ့ website Bonus Chesscademy – Chess ကစားနည်းများကို သင်ယူနိုင်မယ့် website Pianu - စန္ဒယားတီးနည်းများ သင်ယူနိုင်မယ့် website Yousician - အွန်လိုင်းမှ ဂစ်တာတီးနည်း သင်ပေးတဲ့ website Written by: အောင်မွန်ချမ်း Credit : www.myanmarleaders.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org |
| ဘာကြောင့် စမတ်ဖုန်းတွေ ထောင့်မှန်စတုဂံပုံတွေချည်း ဖြစ်နေရသလဲ Posted: 02 Nov 2016 10:38 PM PDT ကျွန်ုပ်တို့အားလုံး မိုဘိုင်းလ်ဖုန်း ကိုယ်စီအသုံးပြုကြပါတယ်။ အများစုက စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ မိုဘိုင်းလ်ဂိမ်းကစားခြင်း၊ မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်သုံးစွဲခြင်းအပြင် စမတ်ဖုန်းအသုံးချနည်း များစွာရှိပါတယ်။ ဒါနဲ့ ဖုန်းဒီဇိုင်း အပြင်အဆင်ကို သတိထားမိပါသလား။ Customer တွေဆွဲဆောင်ဖို့တင်မဟုတ်၊ နောက်ကွယ်က အကြောင်းအရင်းများစွာ ရှိပါတယ်။ ဘာကြောင့် ဒီဇိုင်းအပြင်အဆင်က အဝိုင်းပုံစံမဟုတ်ဘဲ အုတ်ခဲလို ခပ်ပြားပြားပုံစံဖြစ်သလဲဆိုတာ စဉ်းစားကြည့်ဖူးလား။ ဟုတ်ကဲ့။ အကြောင်းအရင်းတစ်ခု ရှိပါတယ်။ သိပ္ပံပညာရပ်တစ်ခုတည်းမဟုတ်ဘဲ သေချာသဘောတရားတွေလည်း ပါဝင်ပါတယ်။ အကြောင်းအရင်းတွေကတော့… စက်ဝိုင်းနဲ့ ထောင့်မှန်စတုဂံကို လေ့လာကြည့်ရင်… ထောင့်မှန်စတုဂံပုံစံဖုန်း လုပ်ရတာ ပိုလွယ်ပါတယ်။ CD ပြားကို အိတ်ကပ်ထဲထည့် သို့မဟုတ် လက်နဲ့ ကိုင်မယ်ဆိုပါစို့။ ခက်တယ်မလား။ ထောင့်မှန်စတုံဂံပစ္စည်းတစ်ခု ကိုင်ရတာ သုံးစွဲသူအတွက် ပိုလွယ်ပါလိမ့်မယ်။ Aspects Ratio · Ratio အကြောင်း သင် အထူးသလည် စိတ်ဝင်စားချင်မှ စိတ်ဝင်စားပါလိမ့်မယ်။ ဒါပေမယ့် လေ့လာဖူးမှာတော့ သေချာတယ်။ · User တွေအနေနဲ့ ဒီ aspects ratio ဖြင့်သာ screen ကြည်လင်ပြတ်သားမှုနဲ့ ရုပ်ထွက်အရည်အသွေးကို သိနိုင်မှာပါ။ · အကောင်းဆုံးနဲ့ standard ratio က 16:9 ပါ။ · အက္ခရာတွေရဲ့ ခေါက်ရိုးညီမှုက ထောင်မှန်စတုဂံပုံမှာ ပိုထူးခြားပါတယ်။ · စတုရန်းပုံအကွက်ငယ်လေးတွေဟာ နေရာလပ် သို့မဟုတ် ဟာကွက်တွေ မချန်ဘဲ ထောင့်မှန်စတုဂံကို အလွယ်တကူ အပြည့်ဖြည့်ပေးပါတယ်။ ဒါပေမယ့် စက်ဝိုင်း၊ တြိဂံစတဲ့ အခြားပုံစံတွေက ထောင့်စွန်းတွေမှာ နေရာတွေပိုလျှံပြီး ဘက်ပဲ့သဏ္ဍာန်ဖြစ်နေပါလိမ့်မယ်။ နောက်ကွယ်က သင်္ချာသဘောတရား · သင် သင်္ချာကျောင်းသားတစ်ယောက်ဆိုရင် ပတ်လည်အနား perimeter အကြောင်း သင်ဖူးပါလိမ့်မယ်။ · သင်္ချာသဘောအရ ထောင့်မှန်စတုဂံရဲ့ ပတ်လည်အနားက စက်ဝိုင်းတစ်ခု သို့မဟုတ် တြိဂံတစ်ခုထက် > ပိုကြီးပါတယ်။ · ထောင့်မှန်စတုဂံ : 2 (အလျား+ အနံ) · စက်ဝိုင်း : 2* pie* radius ဒီအချက်ကနေ ထောင့်မှန်စတုဂံဟာ စက်ဝိုင်းထက် နေရာပိုဆန့်ကြောင်း သိနိုင်ပါတယ်။ Ref: alltechbuzz , http://www.trend.com.mm/ ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ). To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |









0 comments:
Post a Comment