Related Posts Plugin for WordPress, Blogger...

December 29, 2016

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


ကား/ဆိုင်ကယ်တိုင်း တပ်ထားသင့်တဲ့ Myan Track Pro - Multi-Functions GPS Tracker

Posted: 28 Dec 2016 07:26 PM PST


ကား/ဆိုင်ကယ် ပျောက်မှာ စိုးရိမ်နေတဲ့ ကား/ဆိုင်ကယ် ပိုင်ရှင်တွေ၊ ကားအများကြီးကို ထိန်းချုပ်ရတဲ့ ကုမ္ပဏီတွေ၊ သား/သမီးတွေ ဘယ်သွား၊ ဘယ်လာတယ်ဆိုတာ သိချင်တဲ့ မိဘအုပ်ထိန်းသူတွေအတွက် တန်ဖိုးနည်းပြီး Function စုံလင်စိတ်ချရတဲ့ ပစ္စည်းလေးတစ်ခုကို တပ်ဆင်ထားရုံနဲ့ စိတ်အေးရပါပြီ...

Q - MyanTrackPro ဆိုတာ ဘာလဲ
A - ကား၊ ဆိုင်ကယ်နဲ့ ရွှေ့လျားနေတဲ့ ယာဉ်တွေမှာ တပ်ဆင်အသုံးပြုရတဲ့ Electronic Device လေး တစ်ခုပါ။

Q - တပ်ထားပီး ဘာတွေလုပ်လို့ ရလဲ
A - တပ်ထားတဲ့ ယာဉ် ဘယ်နားရောက်နေလဲဆိုတာကို ၂၄နာရီလုံး အင်တာနက် ဒါမှမဟုတ် Phone Message ကနေ ကြည့်လို့ ရနေမှာပါ။

Q - အထဲမှာ ဖုန်းကဒ် ထည့်ထားဖို့ လိုသလား
A - ဖုန်းကဒ် ထည့်ထားရမယ့်အပြင် ဖုန်းကဒ်မှာလဲ ဘေလ်ရှိနေရမှာပါ။

Q - ဖုန်းဘေလ် ကုန်တာ မြန်သလား
A - ပုံမှန် အင်တာနက်က ကြည့်ဖို့အတွက်က တစ်လကို ၁ ထောင်လောက်ပဲ ကုန်မှာပါ။ Phone Message တွေ သုံးမယ်ဆိုရင်တော့ ပုံမှန်ထက် ပိုပီး အကုန်အကျ များပါလိမ့်မယ်။

Q - ဘယ် ဖုန်းကဒ်တွေ သုံးလို့ ရသလဲ
A - 2G Internet ရတဲ့ ဘယ်ဖုန်းကဒ်ကို မဆို အသုံးပြုနိုင်ပါတယ်။ (ဥပမာ Telenor နဲ့ MPT ပါ။ Ooredoo ကို အသုံးပြုလို့ မရနိုင်ပါ။ )

Q - ဖုန်းနဲ့ တက်ပလက်တွေပေါ်က ကြည့်လို့ ရသလား
A - Android နဲ့ iOS အတွက် Application တွေရှိပါတယ်။ အဲဒီပေါ်မှာ ကြည့်လို့ ရပါတယ်။
..
Tracker Device အသုံးပြုနေတဲ့ မိတ်ဆွေများအတွက်
Computer ကနေ Browser သုံးပီး ကြည့်ချင်တယ်ဆိုရင်
.
http://gps.myantrackpro.com/ ကိုသွားပီး
Username Password ရိုက်ထည့်ပီး သုံးနိုင်ပါတယ်ခင်ဗျာ
.
တစ်ကယ်လို့များ ဖုန်းပေါ်ကနေ ကြည့်ချင်တယ်ဆိုရင်တော့
Android Phone တွေအတွက်
ကို ဒေါင်းပီး ကြည့်နိုင်ပါတယ်
iOS အသုံးပြုတဲ့ iPhone, iPad အတွက် ဆိုရင်တော့
ကိုသွားပီး iTune Store ကနေ တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ

Q - ကွန်ပျူတာကနေကြည့်ရင်ရော ဘာတွေ ထူးလာမှာလဲ
A - ကားတစ်စီးချင်းရဲ့ မောင်းနှင်ခဲ့တဲ့လမ်းကြောင်း၊ မောင်းနှင်နေတဲ့လမ်းကြောင်း၊ မောင်းချိန်၊ ရပ်ချိန်၊ စက်နှိုးထားချိန် စတဲ့ အသေးစိတ် Report တွေ ကြည့်လို့ ရနိုင်ပါတယ်။


နမူနာကို https://goo.gl/4Z6hvL မှာကြည့်နိုင်ပါတယ်...

Q - ကားတစ်စီးကို အကောင့်တစ်ခုနဲ့ ကြည့်ရမှာလား
A - အကောင့်တစ်ခုထဲမှာတင် ယာဉ်အားလုံးကို ကြည့်နိုင်တာ ဖြစ်လို့ အကောင့် အများကြီး မလိုပါဘူး။

Q - ၂၄ ဗို့သုံးတဲ့ ကားကြီးတွေနဲ့ ဘက်ထရီဆိုင်ကယ်တွေမှာ တပ်လို့ ရလား
A - ၁၂ဗို့ကနေ ၈၀ဗို့အထိ သုံးလို့ ရတာဖြစ်တဲ့အတွက် ကားကြီးကားလေး အကုန် တပ်လို့ ရပါတယ်။ ဘက်ထရီဆိုင်ကယ်တွေအတွက်ကတော့ မီးထွန်းတဲ့ လိုင်းကကြိုးကို ယူတပ်လို့ ရပါတယ်။

Q - ဈေးကရော ဘယ်လောက်လဲ
A - လက်လီဈေး တစ်ခုကို ငါးသောင်းခွဲပါ။

Q - တပ်ဆင်ရတာလွယ်ကူလား
A - အရမ်းကို လွယ်ကူ ရိုးရှင်းပါတယ်။ စုစုပေါင်း ကြိုး ၄ ချောင်းပဲ ပါတာပါ။
အနီနဲ့ အနက်က ဘက်ထရီရဲ့ အပေါင်းနဲ့ အနှုတ်ကို တပ်လိုက်ရင် ရပါပီ။
လိမ္မော်ရောင်ကြိုးကတော့ ကား/ဆိုင်ကယ် စက်နှိုးထားလား မနှိုးထားလား သိရအောင် သော့ဖွင့်တဲ့ ကြိုးကနေ တပ်ယုံပါပဲ။
အဝါရောင်ကြိုးက Basic Package မှာ မသုံးပါဘူးခင်ဗျာ။ Advance Package တွေမှာ သုံးတဲ့ ကားစက်ရပ်တဲ့ Function ကို သုံးဖို့အတွက်ပါ။
ကိုယ်တိုင် မတပ်ချင်တဲ့သူများအတွက် ဒီပုံလေးကို ဝါယာရင်း ဆရာကို ပြလိုက်တာနဲ့ သူတို့ ကောင်းကောင်း သိပါပီ။




Q - ဘယ်လို Setup လုပ်ရမလဲ
A - ပစ္စည်းကို ကား/ဆိုင်ကယ်တွေမှာ တပ်ပြီးသွားရင် ဖုန်းတစ်လုံးနဲ့ Message Code တွေပို့ပြီး Setup လုပ်လို့ရပါတယ်.. Setup လုပ်နည်း ကတော့ https://goo.gl/fTiuUv မှာ ကြည့်နိုင်ပါတယ်.. ဒါမှမဟုတ် http://pc.cd/cn4otalK မှာ pdf ဒေါင်းပြီးကြည့်နိုင်ပါတယ်..

Q - History ကို ဘယ်လောက်ထိ ပြန်ကြည့်နိုင်မှာလဲ.
A - တကယ့်အသွားအလာများတဲ့ ကားတွေကတော့ လွန်ခဲ့တဲ့ ၂ လလောက်ထိ History ကို ပြန်ကြည့်နိုင်မှာဖြစ်ပြီး သာမန် အိမ်သုံးကားတွေကတော့ လွန်ခဲ့တဲ့ ၆ လလောက်ထိ History ကို ပြန်ကြည့်နိုင်ပါတယ်...

Q - အာမခံရှိသလား။ ပျက်ရင် ဘယ်လိုလုပ်ပေးမှာလဲ။
A - အာမခံသက်တမ်း တစ်နှစ်ပေးထားပါတယ်။ ထုတ်လုပ်မှုအမှားကြောင့် ပျက်စီးမှုအားလုံးကို တစ်နှစ်အတွင်း အသစ်တစ်ခု လဲလှယ်ပေးမှာဖြစ်ပါတယ်။ သုံးစွဲသူအမှားကြောင့် ပျက်စီးမှုများကိုလဲ အကောင်းဆုံးဖြစ်အောင် ပြန်လည် ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

Q - အသေးစိတ်သိချင်ရင် ဘယ်ကို မေးရမလဲ...
A - www.facebook.com/www.maungpauk.org ကို Add ပြီး Facebook ပေါ်က မေးနိုင်သလို 09440225635 နဲ့ 09974701800 ကို ဖုန်းဆက်မေးလို့ရပါတယ်။.



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



တိကျပြည့်စုံပြီး အသံနဲ့ပါ လမ်းညွှန်ပေးနိုင်တဲ့ Android သုံး Open Source Map ( OsmAnd) v2.5.4

Posted: 28 Dec 2016 03:14 AM PST


ကျွန်တော်တို့ အများစုသုံးနေတဲ့ Google Map ထက် ပိုကောင်းပြီး တိကျပြည့်စုံတဲ့ Map လေး တစ်ခု ပေးပါမယ်.. လမ်းခရီးအတွက်လိုအပ်တဲ့အချက်အလက်တွေဖြစ်တဲ့ ခရီးအကွာအဝေး၊ သွားနိုင်တဲ့လမ်းကြောင်း၊ သွားနေတဲ့ကားရဲ့ မိုင်နှုန်းတွေကအစ ဖေါ်ပြပေးတဲ့အပြင် အသံစနစ်နဲ့ပါ အချက်ပေးလမ်းညွှန်ပေးမှာဖြစ်ပါတယ်..

Install လုပ်နည်းနဲ့ သုံးနည်းအခြေခံ
 
App ကိုဒေါင်းပြီး Install လုပ်ပြီးသွားရင်..
ပထမဆုံး ဖုန်းမှာ Location ကို On ထားပေးရပါမယ်.. အင်တာနက် ဖွင့်ထားရပါမယ်..
OsmAnd ကိုနှိပ်ပါ.. Get Start ကိုနှိပ်ပါ..
Skip Searching Map ကနေ Download Map မှာ Select Another Region ကိုရွေးပါ.. ဘာလို့လဲဆိုတော့ Word Map တစ်ခုလုံးကိုဒေါင်းမယ်ဆို ဖိုင်ဆိုဒ်က ကြီးလွန်းနေပြီး မလိုအပ်လို့ပါ.. ကျွန်တော်က မြန်မာနိုင်ငံအတွက်မို့လို့ Asia>Myanmar ကိုရွေးပြီး Standard Map ကိုရွေးပြီး ဒေါင်းလုပ် ပုံလေးကိုနှိပ်ပြီးဒေါင်းလိုက်ပါတယ်.. အခြားသူတွေ အခြားနိုင်ငံတွေအတွက်လိုချင်ရင်လည်း ရွေးချယ်ပြီး ဒေါင်းယူနိုင်ပါတယ်...
World Overview map ကိုဒေါင်းမှာလား မေးရင် Later ကိုရွေးပေးလိုက်ပါ..


Map downloaded ပေါ်လာရင် GO TO THE MAP ကိုနှိပ်လိုက်ပါ..



အပေါင်းကိုနှိပ်ပြီး Map ကို Zoom ချဲ့ကြည့်နိုင်ပါတယ်.. ကိုယ့်နေရာဘယ်မှာရှိသလဲ ကြည့်ဖို့ My Location ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်...

 အပေါ်က မှန်ဘီလူးလေးပုံကိုနှိပ်ပြီး ကိုသွားချင်တဲ့ နေရာကို ရှာပါ..
သွားချင်တဲ့နေရာကိုရှာတဲ့အခါ အင်္ဂလိပ်လို ရှာလို့မတွေ့ရင် မြန်မာလိုရှာပါ.. မြေပုံကတော့မြန်မာယူနီကုဒ်ကိုသုံးထားပါတယ်..
ရှာလို့တွေ့တဲ့အခါ Show on Map ကိုရွေးကြည့်လိုက်ပါ.. ကိုယ်သွားချင်တဲ့နေရာရဲ့ မြေပုံကိုမြင်ရပါမယ်..

 

ပြီးရင် အပြာရောင်မြားကောက်ကလေးကိုနှိပ်ပေးလိုက်ပါ..




အသံစနစ်ရွေးချယ်ခိုင်းတဲ့အခါ ကိုယ်ပြောစေချင်တဲ့ ဘာသာစကားကိုရွေးပေးလိုက်ပါ.. ကျွန်တော်ကတော့ TTS English ကိုရွေးပေးပါတယ်...



ပြီးရင် Go ကိုနှိပ်ပေးလိုက်ရင် သွားရမယ့်လမ်းကြောင်း၊ ခရီးအကွာအဝေး၊ စတင်ချိန်၊ ရောက်ရှိမယ့်အချိန် တွေကို စာနဲ့ရော အသံနဲ့ပါ ပြောပြပေးပါတယ်... သွားနေတဲ့ မိုင်နှုန်းကိုပါပြပေးပါတယ်..




ခရီးစဉ်တစ်လျှောက်လုံးမှာလည်း ကွေးရမယ့်အနေအထား၊ အဝိုင်းပတ်ကနေ ဘယ်လမ်းအတိုင်းထွက်ရမယ်ကအစ အကုန်လုံးအသေးစိတ်ကို ရွေးချယ်ထားတဲ့ဘာသာစကားနဲ့ ပြောပေးပါတယ်...


တကယ်လို့ မြေပုံကရွေးချယ်ထားတဲ့ လမ်းအတိုင်းမဟုတ်ဘဲ ကိုယ်သိတဲ့အခြားလမ်းကသွားမယ်ဆိုလည်း ကိုယ်အသစ်ရွေးချယ်လိုက်တဲ့လမ်းနဲ့ပဲ ပြန်လည်တွက်ချက် လမ်းညွှန်ပေးပါတယ်...
အချို့နေရာတွေမှာ လမ်းနာမည်တွေ နည်းနည်းလွဲနေကလလွဲရင် တော်တော် ပြည့်စုံကောင်းမွန်တဲ့ မြေပုံလေးပါ.. လမ်းခရီးသွားတဲ့အခါ အင်တာနက်ကို ဖွင့်ထားရမှာဖြစ်ပေမယ့် အင်တာနက် မမိတဲ့နေရာတွေမှာလည်း လမ်းကြောင်းကို ပုံမှန်အတိုင်း ပြောပြလမ်းညွှန်ပေးမှာဖြစ်ပြီး အင်တာနက် မိတဲ့အခါ ပြန်လည်ချိတ်ဆက်သွားပါမယ်...

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download OsmAnd v2.5.4.apk : 52.3 Mb

From pCloud

From Mediafire

From Play Store

0 comments:

Post a Comment