Related Posts Plugin for WordPress, Blogger...

February 1, 2017

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Touch Bars ပါတဲ့ MacBook Pro ကို ဥပဒေ စာမေးပွဲများတွင် မသုံးရန် တားမြစ်

Posted: 31 Jan 2017 02:40 AM PST

 
အမေရိကန် ပြည်နယ်အချို့ရဲ့ ဥပဒေစာမေးပွဲတွေမှာ Touch Bars ပါဝင်တဲ့ MacBook Pro တွေကို တားမြစ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲ့ဒီထုတ်ကုန်သစ်အသုံးပြုတဲ့ ကျောင်းသားတွေက စာရွက်နဲ့ ဘောပင် ဒါမှမဟုတ် အခြားလက်တော့ပ်ကို အသုံးပြုပြီး ဖြေဆိုရတော့မှာပါ။

Touch Bars နဲ့ပတ်သက်တဲ့ ပြဿနာတွေကို Testing ဆော့ဖ်ဝဲကုမ္ပဏီ Examsoft က ရှင်းပြခဲ့ပါတယ်။ အရင် function key တွေနေရာမှာ အစားထိုးခဲ့တဲ့ OLED screen မှာ predictive text function ပါဝင်တဲ့အတွက် စာမေးပွဲရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ Examsoft က ပြောကြားခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနားလို အချို့ပြည်နယ်တွေမှာတော့ MacBook ပိုင်ရှင်တွေက predictive text ကို disable လုပ်ထားရင် လက်တော့ပ်ကို အသုံးပြုခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ နယူးယောက်လို ပြည်နယ်အချို့မှာတော့ အသုံးပြုခွင့် လုံးဝပိတ်ပင်ထားပါတယ်။

Ref: CNET
Credit Internetjournal

သီဟထိုက်
www.thihahtike.net ]
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



ဆွေသဟာ Mobile မှသံဃာတော်တွေကို SIM Card အခမဲ့ မှတ်ပုံတင်ပေးမည်။

Posted: 31 Jan 2017 02:22 AM PST

 Image result for sim card registration




မင်္ဂလာပါဆွေသဟာ Mobile မှာသံဃာတော်များကိုသာ အခမဲ့ SIM Card အားလုံးကြိုက်ရာ SIM Card မှတ်ပုံတင်တင် အခမဲ့ တင်ပေးသွားပါမည်ဟု ဆွေသဟာ Founder သီဟထိုက် မှ
ပြောကြားသွားပါတယ်။ ထို့ကြောင့် သံဃာတော်များအနေဖြင့် " သံဃာကတ်" ယူဆောင်လာရမည်ဖြစ်ပြီး "မြောက်ဒဂုံ ၃၅မှတ်တိုင်နှင့် နာရီစင်မှတ်တိုင်ကြား"ကို လာရောက် မှတ်ပုံတင်နိုင်ကြောင်း
သတင်းကောင်းပါးအပ်ပါတယ်။

Ref:ဆွေသဟာ Mobile(မြောက်ဒဂုံ)
09-790281529


သီဟထိုက်
www.thihahtike.net
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Qualcomm_FRPTool_C_V1.01.001

Posted: 31 Jan 2017 02:03 AM PST

http://forum.gsmdevelopers.com/attachment.php?attachmentid=4968&d=1473919979






ဒီ Tool လေးကို lenovo ကနေတရာဝင် ထွက်ရှိထားပါတယ်တဲ့။သူကတော့ Qualcomm အသုံးပြုထားတဲ့
ဖုန်းအမျိုးမျိုးကိုအသုံးပြုလို့ရတယ်လို့လဲပြောထားပါသေးတယ်။

သူ့ရဲ့ အသုံးပြုပုံ Guide ကိုတော့ဒီမှာဒေါင်းလိုက်ပါ ။
Download
http://www.mediafire.com/download/4ltw4y9z4cdsg9t/Guides_-_FRP_Solution_for_Lenovo.pdf

အောက်မှာတော့ Qualcomm FRP Tool ကို Download ဆွဲလိုက်ပါ။
Download
 http://www.mediafire.com/download/o3h87emo1ugtuqb/Qualcomm_FRPTool_C_V1.01.001+By+AzimBahar.7z


သီဟထိုက်
www.thihahtike.net

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



MI Note 3 MI Account problem Solution 100%

Posted: 31 Jan 2017 12:45 AM PST

 
 
 အပေါ်ကအတိုင်းဖြစ်နေရင်ဖြေရှင်းနည်းလေးပါ ပြောမယ်နော်ကျွန်တော်တင်တဲ့ပို့စ်တွေက ကျွန်တော်စမ်းတာရှိသလိုသူများစမ်းတာကိုပြန်တင်ပေးတာလည်းရှိတယ် ။
For Window 32bit only
---------------------------
1.အရင်ဆုံး Fastboot mode မှာဖုန်းကို usbနဲ့pcနဲ့ချိတ်လိုက်ပါ။
2.bat file လေးကေို အောက်မှာ Download လုပ်ပါ Edl mode ရောက်ပါပြီ။
3.ရေးဖို့ flashtool ကိုဒေါင်းလိုက်ပါအုံး။
4.flashtool ကိုဖွင့်ပါ ပြီးရင် firmware ရွှေးပါ ပြီးရင် flashလိုက်ပါ။
အောက်မှာလည်း video file လေးတင်ပေးထားပါတယ်။

 Note: This phone can not be flashed via fastboot as its locked bootloader so
you can only flash via EDL mode
 
အောက်မှာ Video File ထည့်ပေးထားပါသေးတယ်။
 
Credit Rocky 
သီဟထိုက်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း (၁၀) ရက်ခန့်စောင့်ဆိုင်းပြီးမှ စစ်ဆေးနိုင်မည်ဟု သိရ

Posted: 30 Jan 2017 11:54 PM PST

 
MPT သုံးစွဲသူများအနေဖြင့် *601# သို့ခေါ်ဆို၍ ဆင်းမ်ကတ်များ မှတ်ပုံတင်ထားခြင်းရှိ မရှိ စစ်ဆေးနိုင်ပြီး MPTရုံးများနှင့် MPT အမှတ်တံဆိပ်ဆိုင်များတွင် မှတ်ပုံတင်ထားပါက (၁၀) ရက်ခန့်စောင့်ဆိုင်းပြီးမှ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း မရှိသေးသူများကို MPT မှ SMS များ ပေးပို့ကာ အကြောင်းကြား နှိုးဆော် သွားမည်ဖြစ်ကြောင်း၊ စာတို လက်ခံရရှိခြင်းနှင့် USSD ကုတ် အသုံးပြုမှုများမှာ အခမဲ့ ဖြစ်ကြောင်းသိရသည်။ *601# သို့ခေါ်ဆိုမှုကို CDMA သုံးစွဲသူများမှအပ MPT သုံးစွဲသူများအားလုံး အသုံးပြုနိုင်မည် ဖြစ်သည်။

သုံးစွဲသူများ အနေဖြင့် USSD Menu နှင့် အသိပေးချက်များ၏ ဘာသာစကားကို ပြောင်းလဲလိုပါက *106# သို့ခေါ်ဆိုပြီး ဘာသာစကား အတွက် နံပါတ် (၉) ကို ရွေးချယ်ရန်၊ ထို့နောက် English ဘာသာစကားအတွက် နံပါတ် (၁) သို့မဟုတ် Myanmar ဘာသာစကားအတွက် နံပါတ် (၂) ကို ရွေးချယ်ပေးရန် အကြံပြုထားသည်။


Credit Internetjournal
သီဟထိုက်
www.thihahtike.net

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Robin စမတ်ဖုန်းထုတ်လုပ်တဲ့ Nextbit ကို Razer ဝယ်ယူ

Posted: 30 Jan 2017 11:54 PM PST

 
ဂိမ်းလက်တော့ပ်နဲ့ ဆက်စပ်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ Razer ကုမ္ပဏီက စမတ်ဖုန်းကုမ္ပဏီ Nextbit ကို ဝယ်ယူလိုက်ပါတယ်။ ကုမ္ပဏီအနေနဲ့ Nextbit Systems Inc ရဲ့ ရှယ်ယာအများစုကို ဝယ်ယူလိုက်တယ်လို့ ကြေညာခဲ့ပေမယ့် ပေးချေခဲ့ရတဲ့ငွေပမာဏကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

ဒီအပြောင်းအလဲကြောင့် Nextbit ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းဖြစ်တဲ့ Robin နဲ့ ဆက်စပ်ပစ္စည်း ရောင်းချတာတွေကို ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ hardware warranty တွေကိုတော့ နောက်ခြောက်လအထိ ပေးသွားပြီး security update တွေကိုတော့ ၂၀၁၈ ဖေဖော်ဝါရီ မတိုင်မီအထိ ဖြန့်ချိပေးသွားမယ်လို့ ဆိုပါတယ်။

Google ရဲ့ Android အဖွဲ့က ဝန်ထမ်းဟောင်းတွေနဲ့ HTC ဒီဇိုင်းအကြီးအကဲဟောင်းတို့ တည်ထောင်ထားတဲ့ Nextbit က ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့အတွေ့အကြုံများအပေါ် အာရုံစိုက်လုပ်ဆောင်ဖို့အတွက် အမှီအခိုကင်းတဲ့ဌာနတစ်ခုအနေနဲ့ ဆက်လက် လည်ပတ်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Razer ဟာ audio နည်းပညာကုမ္ပဏီဖြစ်တဲ့ THX ကို ပြီးခဲ့တဲ့နှစ်က ဝယ်ယူခဲ့ပါတယ်။ Razer ရဲ့ TechCrunch ထံ ပြောကြားချက်မှာတော့ ကုမ္ပဏီက Nextbit အမှတ်တံဆိပ်နဲ့ မိုဘိုင်းဖုန်းတွေ ဆက်လက်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ မိုဘိုင်းဖုန်းတွေ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

Ref: TheVerge/9to5Google

သီဟထိုက်
www.thihahtike.net
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



ဟိုက်ဒရိုဂျင် လောင်စာဆဲလ်များ အလုံးအရင်း ထုတ်လုပ်ရန် GM နဲ့ Honda ပူးပေါင်း

Posted: 30 Jan 2017 11:54 PM PST

 
ကားကုမ္ပဏီတွေဖြစ်တဲ့ GM နဲ့ Honda တို့ဟာ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်တွေကို အလုံးအရင်း ထုတ်လုပ်ဖို့အတွက် ပူးပေါင်းလိုက်ပါတယ်။

ဒီပူးပေါင်း ဆောင်ရွက်မှုအရ ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်မှုကို အလုံးအရင်းနဲ့စတင်ဖို့ စီစဉ်ထားပြီး ကုမ္ပဏီနှစ်ခုရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၈၅ သန်းအထိ ရှိလာမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်စနစ်ကို GM နဲ့ Honda တို့က အနာဂတ် ထုတ်ကုန်တွေမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်။

ကုမ္ပဏီနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို Fuel Cell System Manufacturing LLC လို့ ခေါ်ဆိုထားပါတယ်။ လောင်စာဆဲလ်တွေကို လက်ရှိမှာ Volt နဲ့ Bolt လျှပ်စစ်ကားတွေအတွက် ဘက်ထရီတွေ တပ်ဆင်ပေးနေတဲ့ GM ရဲ့ မီချီဂန်အခြေစိုက် ဘက်ထရီ စက်ရုံကနေ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

Honda နဲ့ GM တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ထုတ်လုပ်မှု ကုန်ကျစရိတ်ကို နည်းပါးစေသလို ထုတ်လုပ်မှုကိုလည်း လျင်မြန်စေမယ်လို့ သိရပါတယ်။

Ref: TechCrunch

သီဟထိုက်
www.thihahtike.net

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



မှတ်ပုံမတင်ရသေးသော MPT , Telenor, Ooredoo,Mec Sim Card များ " ဆွေသဟာ Mobile " တွင် လာရောက်မှတ်ပုံတင်နိုင်ပြီ။

Posted: 30 Jan 2017 11:53 PM PST

မင်္ဂလာပါ ဆွေသဟာ Mobile(မြောက်ဒဂုံ) မှကြိုဆိုပါတယ်။  လူကြီးမင်းတို့ရဲ့ မိုလ်ဘိုင်းဖုန်းဆင်းကဒ်များမှာ
၃လပိုင်းမကုန်မှီ SIM မှတ်ပုံတင်ရမှာဖြစ်ပါတယ်။မတင်မိဘဲ ထားပါက စည်းကမ်းအတိုင်း SIM Card များကို
ပိတ်သွားမှာဖြစ်ပါတယ်။1500 တန် Sim card မှအစ စာချူပ်နဲ့လုပ်ထားသမျှ SIM Card အဆုံး အားလုံးကို
မှတ်ပုံတင်ပေးရမှာဖြစ်ပါတယ်။အကြောင်းမှာ Network Security အရ တင်ခိုင်းခြင်းဖြစ်ပါသည်။
ဒီလို မှတ်ပုံတင်ရာတွင် Operator office နှင့်သက်ဆိုင်ရာကိုယ်စားလှယ်များထံတွင် လည်းမှတ်ပုံတင်နိုင်ပါတယ်။သို့ပေမယ့်အများစုအားဖြင့် အခက်အခဲဖြစ်နေသဖြင့် " ဆွေသဟာMobile" မှ
အများပြည်သူများအားကူညီပေးခြင်းဖြစ်ပါတယ်။
Sim Card မှတ်ပုံတင်ရာတွင် (မူရင်းမှတ်ပုံတင်ယူဆောင်လာရမည်ဖြစ်ပြီးတင်လိုသည့် SIM Card များကို ပါ
ယူဆောင်ခဲ့ရမည်ဖြစ်သည်။
Ref: ဆွေသဟာ Mobile
post by thihahtike 
အသေးစိတ်သိရှိလိုပါက
09-790281529

ဆွေသဟာ Mobile (မြောက်ဒဂုံ)
၃၅မှတ်တိုင်နှင့်နာရီစင်မှတ်တိုင်ကြား

စာဖတ်ပရိတ်သတ်ကြီးကို
လေးစားလျက်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



0 comments:

Post a Comment