မောင်ပေါက် ( Maung Pauk ) |
- ဒီနေ့ပဲ စမ်းသပ်အသုံးပြုသင့်တဲ့ Android ရဲ့ စွမ်းဆောင်ချက် လေးခု
- ပျောက်ဆုံးသွားသည့် Android ဖုန်းကို ခြေရာခံခြင်း
- ဖုန်းနှင့်Tablet မှာ ခပ်မြန်မြန် Video ဒေါင်းလုပ်ဆွဲမယ်-SnapTube Facebook VidDownload v2.2.1.8038 Apk
- ဖုန်းကို တစ်ရက် ၆၈ မိနစ်ထပ် ပိုသုံးလျှင် စိတ်ကျရောဂါရှိနိုင်ချေများ
- ဘောလုံးပွဲပေါက်ကြေးတွေနဲ့ခန့်မှန်းချက်တွေရယူပေးမယ့် MM Football Focus version 2 လာပြီ
- ဈေးနှုန်းသင့်တင့် HTC Desire စမတ်ဖုန်းအသစ်များ မိတ်ဆက်
- မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း ရင်းနှီးမြှုပ်နှံမည်ဟုဆို
- MPT ၏ တစ်မိနစ်လျှင် ၂၃ ကျပ်အား ခြောက်စက္ကန့် အခြေခံနှုန်းထားနှင့် ကောက်ခံခြင်းဖြစ် ဟုဆို
- ဖုန်းအရေးကြီးခေါ်ဆိုပြောဆိုမှုတိုင်းကိုမှတ်သားထားပေးမယ့် - Call Recorder v2.0.8.2 Apk
- Launcher အလန်းစားလေး - Luminous Hola Launcher Theme
- တန်ဖိုးသင့် ဖုန်းအမျိုးအစား OPPO A11W ဈေးကွက် ဝင်ရောက်လာ
- အွန်လိုင်းပေါ်တွင် အပြန်အလှန် စကားပြောဆိုရင်း သီချင်း နားထောင်နိုင်သည့် Tara Talk စတင် အသုံးပြုနိုင်
- MCPA Quiz 2015 Yangon အတွက် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည်
- ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုအရေအတွက် လေးသန်းနှစ်သိန်း ကိုးသောင်းရှိပြီး Android OS ပေါ်မှ အသုံးပြုသူဦးရေ အများဆုံးဖြစ်
- ဖုန်းမှာ Lock Screen အလန်းစားလေးနဲ့လန်းနိုင်တဲ့ - Lock Screen v: 3.2
- ♪ ဗိုလ်ချုပ်အောင်ဆန်း ပုံနဲ့ Amimate BootScreen မှာ အသုံးပြုချင်ရင် ♫
- ♪ Android Phone များအတွက် Font Style အလန်းများ ♫
- ♪ ဖုန်းထဲမှာ English Grammar ကိုလေ့ကျင့်နိုင်လေ့လာနိုင်မယ့် - English Grammar Practice v2.16 Apk ♫
- 19 july (အလုံသားလက်ဆောင်)
| ဒီနေ့ပဲ စမ်းသပ်အသုံးပြုသင့်တဲ့ Android ရဲ့ စွမ်းဆောင်ချက် လေးခု Posted: 18 Jul 2015 03:09 AM PDT Android Phone တွေဟာ ဖုန်းပြောရုံ သက်သက် တီထွင်ပေးထားတာ မဟုတ်ပါဘူး။ စမတ်ဖုန်းတွေဟာ အရွယ်သေး အိတ်ဆောင် ကွန်ပြူတာတွေ ဖြစ်ကြပါတယ်။ ကွန်ပြူတာတွေ ဖြစ်ကြတဲ့အတွက် လျှို့ဝှက်နက်နဲတဲ့ စွမ်းဆောင်ချက်တွေလည်း ပါရှိလာကြပါတယ်။ အဲဒီအထဲက လူတွေ သိပ်အသုံးမပြုမိတဲ့ အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေကို ရေးသားပေးလိုက်ပါတယ်။ ၁။ လျှို့ဝှက်စွမ်းဆောင်ချက်တွေကို အသုံးပြုပါ။ Android Device တွေမှာ Developer Options ကို လျှို့ဝှက်စွာ ထည့်သွင်းပေးထားပါတယ်။ နာမည်ကြားရင်တော့ အသုံးပြုရမှာ ကြောက်စရာ ဖြစ်ပေမယ့် အသုံးဝင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ Developer Options မှာ Animation တွေကို ပိတ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်အောင် လုပ်နိုင်ခြင်း၊ ဂိမ်းကစားရာမှာ ဂရပ်ဖစ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ USB Debugging နဲ့ အခြား အသုံးဝင် စွမ်းဆောင်ချက်တွေ ပါရှိပါတယ်။ လျှို့ဝှက်ထားတဲ့ Developer Options ကို Enable လုပ်ဖို့အတွက် Settings> About Phone ထဲသွားပြီး Build Number ကို ခုနစ်ချက်နှိပ်ပါ။ ဒါဆိုရင် Settings အောက်မှာ Developer Options ကို တွေ့မြင် အသုံးပြုနိုင်ပါပြီ။ ၂။ သင့်ဖုန်းကို နှေးကွေးစေတဲ့ Apps များကို ရှာဖွေဖော်ထုတ်ပါ။ Process Stats ဟာ Developer Options ထဲမှ အကောင်းဆုံး စွမ်းဆောင်ချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ Android Device မှ Running Processes တွေနဲ့ ပတ်သက်တဲ့ အခြေအနေအားလုံးကို ဖော်ပြပေးနိုင်ပါတယ်။ လက်ရှိမှာ Run နေတဲ့ Process အားလုံးကို ပြသပေးမှာ ဖြစ်ပါတယ်။ တစ်ခုချင်းစီကို နှိပ်ရင် RAM Usage , Run Time နဲ့ Running Processes List တို့ကို တွေ့နိုင်ပါတယ်။ RAM စားသုံးမှုများတဲ့ App တွေကို Force Stop လုပ်ခြင်းဖြင့် သင့်ရဲ့ ဖုန်းကို မြန်ဆန်စေမှာ ဖြစ်ပါတယ်။ ၃။ မှန်ဘီလူးကို အသုံးပြုပါ။ Android ရဲ့ Accessibility Settings ထဲမှာ ရိုးရှင်းပြီး အသုံးဝင်တဲ့ မှန်ဘီလူး စွမ်းဆောင်ချက် ပါရှိပါတယ်။ မှန်ဘီလူးကို On လုပ်ပြီးရင် ဖုန်းရဲ့ မည်သည့် စကရင်မှာမဆို သုံးချက်နှိပ်လိုက်တာနဲ့ Zoom In လုပ်ပေးမှာ ဖြစ်ပါတယ်။ သုံးချက်နှိပ်ပြီး နောက်ဆုံးအချက်မှာ ဖိထားရင် ခဏတာ Zoom လုပ်ပေးပြီး ဖိထားတာကိုလွှတ်လိုက်ရင် နဂိုအတိုင်း ပြန်မြင်ရမှာပါ။ သာမာန်အတိုင်း သုံးချက်နှိပ်ရင်တော့ Magnification Mode ကို ပြောင်းပေးမှာပါ။ Magnification Mode ကနေထွက်ဖို့ သုံးချက်ပြန်နှိပ်ပေးပါ။ Magnification Mode မှာ နေရာပြောင်းရွှေ့ကြည့်ရှုဖို့ လက်ချောင်းနှစ်ချောင်းကို ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။ Settings> Accessibility > Magnification gestures (Or) Settings > Accessibility > Vision > Touch Zoom ထဲကနေ မှန်ဘီလူးကို အသုံးပြုနိုင်ပါတယ်။ ၄။ ဖုန်းကို စာတွေ ဖတ်ခိုင်းပါ။ Text-to-Speech လို့ ခေါ်တဲ့ စာသားတွေကို အသံထွက်ဖတ်ပြပေးတဲ့ စွမ်းဆောင်ချက်ကိုလည်း လူသိနည်းကြပါတယ်။ Settings > Accessibility > Text-to-Speech Output ထဲသွားပြီး နှစ်သက်ရာ TTS Engine ကိုရွေးပေးပါ။ Engine ရဲ့ Settings ထဲသွားပြီး Language ကိုရွေးပေးနိုင်ပါတယ်။ ပြီးရင်တော့ TTS ကို အထောက်အပံ့ပေးတဲ့ App များမှာ စာတွေကို အသံထွက်ဖတ်ပြခိုင်းနိုင်ပါတယ်။ ဥပမာအားဖြင့် Pocket မှာ သိမ်းထားတဲ့ အင်တာနက်မှ ဆောင်းပါးတွေကို အသံထွက်ဖတ်ပြခိုင်းနိုင်ပါတယ်။ ![]() ref:myanmardigitallife |
| ပျောက်ဆုံးသွားသည့် Android ဖုန်းကို ခြေရာခံခြင်း Posted: 18 Jul 2015 02:50 AM PDT Android ဖုန်းများ ပျောက်ဆုံးသွားတဲ့အခါမှာ မိမိရဲ့ ဖုန်းက ဘယ်နေရာမှာ ရောက်ရှိနေတယ်ဆိုတာကို ခြေရာခံ ရှာဖွေနိုင်ပါတယ်။ Android ဖုန်း ပျောက်ဆုံးသွားရင် ခြေရာခံနိုင်ရန်အတွက် ကိုယ်အသုံးပြုတဲ့ဖုန်းမှာ Google Account ထည့်သွင်းထားဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ Google Account ကိုထည့်သွင်းပြီးပြီဆိုရင် Google Settings App မှာ အနည်းငယ် ပြင်ဆင်စရာ ရှိပါသေးတယ်။ Google Settings မှာ ပြင်ဆင်ဖို့အတွက် Google Settings App ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Security ဆိုတာကို နှိပ်ပါ။ ပြီးရင် Remotely locate this device ကို အမှန်ခြစ်ထည့်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ အကယ်၍ အမှန်ခြစ် မလုပ်ထားရသေးဘူးဆိုရင် အမှန်ခြစ်ထည့်ပေးလိုက်ပါ။ Allow remote lock and erase ဆိုတဲ့ နေရာမှာလည်း အမှန်ခြစ် ထည့်ပေးထားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အမှန်ခြစ်ထည့်ပေးထားမှ ဖုန်းမတော်တဆ ပျောက်ဆုံးသွားတာမျိုးပဲဖြစ်ဖြစ် အခိုးခံရတာမျိုးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဖုန်းကို အဝေးကနေလှမ်းပြီး Lock ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတာတွေကတော့ ဖုန်းက မတော်တဆ ပျောက်ဆုံးသွားတာမျိုးပဲဖြစ်ဖြစ် ခိုးယူခြင်းခံရတာမျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာခဲ့ရင် ကိုယ့်ရဲ့ဖုန်းက ဘယ်နေရာကိုရောက်နေတယ် ဆိုတာကို ခြေရာခံနိုင်မှာဖြစ်သလို၊ အရေးကြီးအချက်အလက်များ ပါဝင်ပါကလည်း ပျောက်ဆုံးသွားတဲ့ဖုန်းကို အခြားသူတစ်ယောက်ယောက်က အလွယ်တကူနဲ့ အသုံးမပြုနိုင်စေရန်အတွက် ကာကွယ်ထားနိုင်ပါတယ်။ Android ဖုန်း ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ် ခိုးယူခံရတာပဲဖြစ်ဖြစ် ခြေရာခံရှာဖွေဖို့အတွက်https://www.android.com/devicemanager ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်လိပ်စာကို ရောက်ပြီဆိုရင် Google Account User Name နဲ့ Password ကို ထည့်သွင်းပါ။ User Name နဲ့ Password ထည့်သွင်းပြီးပြီဆိုရင် မြေပုံနဲ့ ကိုယ်ပျောက်ဆုံးသွားတဲ့ ဖုန်းမော်ဒယ်အမျိုးအစားကို ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ ဖုန်းမော်ဒယ်ဘေးမှာ Locate device ဆိုတာကို ဖော်ပြပေးထားပြီး ၎င်းခလုတ်လေးကို နှိပ်လိုက်ပါက ပျောက်ဆုံးသွားတဲ့ဖုန်းဟာ ဘယ်နေရာမှာ နောက်ဆုံး အသုံးပြုခဲ့တယ်ဆိုတာကို အင်တာနက်ဖွင့်ထားတဲ့အခါတိုင်းမှာ ဖော်ပြပေးနေမှာပါ။ အဆိုပါ ဖုန်းမော်ဒယ်အောက်မှာ Ring, Lock, Erase ဆိုတာကို တွေ့ရမှာဖြစ်ပြီး၊ Ring ကို နှိပ်လိုက်ပါက ဖုန်းမြည်သံထွက်လာအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ Ring ဟာ ကိုယ့်ရဲ့ဖုန်းက မြေပုံထဲမှာကြည့်လို့ ရောက်ရှိတဲ့နေရာနဲ့ နီးနေတယ်ဆိုရင် အလွယ်တကူသိရှိနိုင်ရန်အတွက် Ring ကို နှိပ်လိုက်တာနဲ့ ဖုန်းမှာထည့်သွင်းထားတဲ့ Ringtone အသံကိုဖော်ပြပေးနေမှာပါ။ Lock ကို နှိပ်လိုက်ရင် Lock ပြုလုပ်ဖို့အတွက် Password box ကျလာမှာဖြစ်ပြီး၊ ၎င်း Password box မှာ ထည့်သွင်းချင်တဲ့ Password အသစ်ကိုထည့်သွင်းပြီး Lock Screen မှာတော့ ကိုယ်ပေါ်စေချင်တဲ့ message ကို ဖုန်းရရှိထားသူ မြင်နိုင်ရန်အတွက် Recovery Message ဆိုတဲ့နေရာမှာ Message ကို ထည့်သွင်းပေးနိုင်ပါတယ်။ ပြီးသွားရင် Lock ကို နှိပ်လိုက်တာနဲ့ ပျောက်ဆုံးသွားတဲ့ဖုန်းဟာ Lock ကျသွားမှာ ဖြစ်ပါတယ်။ Erase ကတော့ ကိုယ့်ရဲ့ဖုန်းကို ပြန်ရဖို့ အခြေအနေမရှိတဲ့အခါမျိုးမှာ ကိုယ့်ရဲ့အရေးကြီး အချက်အလက်တွေ အခြားသူ မမြင်နိုင်စေဖို့အတွက် တစ်ခါတည်း ဖျက်လိုက်တာမျိုးဖြစ်လို့ ဖုန်းပြန်လည်ရရှိနိုင်မယ့် အခွင့်အရေးရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် Erase ကို ဖုန်း လုံးဝပြန်လည်ရရှိနိုင်တော့တဲ့ အခြေအနေမျိုး မဟုတ်တဲ့အခါမှာသာ အသုံးပြုသင့်ပါတယ်။ Ref: pcadvisor internetjournal ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 18 Jul 2015 02:45 AM PDT Android ဖုန်း နှင့် Tablet တွေသုံးထားသောဘော်ဒါတို့အတွက် Facebook ကနေပြီး ဗွီဒီယိုများကို ခပ်မြန်မြန်ဒေါင်းလုပ်ဆွဲနိုင်တဲ့ Android Application ဖြစ်ပါတယ်။ ဒီကောင်လေး၏ ဒေါင်းလုပ်ဆွဲ သုံးပုံစံကတော့ STEP ( 1 )Login your Facebook account. STEP( 2) Tap the download button on the Facebook video. နိုပ်ပြီး ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ နောက်ပြီးတော့ Download any videos from Facebook - Download videos uploaded by you or your Facebook friends; - Download videos in Facebook groups; - Download videos from any Facebook pages. နေရာများမှ ကောင်းကောင်း ဒေါင်းလုပ်ကို ခပ်မြန်မြန်ဆွဲနိုင်ပါတယ်။ အသုံးပြုလိုသူများကတော့ Android OS 2.1 အထက်ရှိဖုန်းများအသုံးပြုနိုင်ပြီး size လေးကတော့ 2.6MB ဖြစ်ပါတယ် ။ Download Here |
| ဖုန်းကို တစ်ရက် ၆၈ မိနစ်ထပ် ပိုသုံးလျှင် စိတ်ကျရောဂါရှိနိုင်ချေများ Posted: 18 Jul 2015 02:44 AM PDT ယင်းလေ့လာချက်က အမျိုးသားနဲ့ အမျိုးသမီးပေါင်း ၃၀ ကျော်ရဲ့ ဖုန်းကို track လုပ်ခဲ့ခြင်း ဖြစ်ပါ တယ်။ လေ့လာချက်အရ ၆၈ မိနစ်ဝန်းကျင်လောက် အသုံးပြုနေသူဟာ စိတ်ကျရောဂါရှိနိုင်ချေများပါတယ်။ သူတို့ဟာ သာမန်လူတွနဲ့ ယှဉ်ရင် ပိုလို့ အားငယ်တတ်သူ၊ စိတ်ညစ်တတ်သူ၊ ဝမ်းနည်းတတ် သူ တွေဖြစ်နေပါတယ်။ ဒါ့အပြင် နောက်ထပ် နည်းလမ်းကတော့ GPS tracking ဖြစ်ပါတယ်။ GPS tracking အရ နေရာ တစ်နေရာ တည်းမှာပဲ ခပ်ကြာကြာ နေတတ်သူများဟာလည်း စိတ်ကျရောဂါ ရှိနိုင်ချေ များသူများ ဖြစ်ပါတယ်။ ဒါဟာ အင်တာနက်လိုင်း မြန်ဆန်တဲ့ တိုင်းပြည်တွေမှာ လေ့လာ ဆန်းစစ်ချက် ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာပြည်မှာ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အသုံးပြုနေသူများ အနေနဲ့ Stable ဖြစ်တဲ့ လိုင်း မဟုတ်တဲ့အခါ တစ်ရက်ကို တစ်နာရီလည်း မက နှစ်နာရီလည်း မက ကုန်သူများ ရှိပါတယ်။ ဂိမ်းဆော့သူများ ရှိပါတယ်။ ဒီတော့ immune ဖြစ်တယ်ပဲ ဆိုရမလား စိတ်ကျလွယ်တယ်ပဲ ဆိုရမလား မသိ ဘယ်အရာဆို senstive ဖြစ်လွယ်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် Facebook မှာ ကြည့်နိုင်ပြီး အကြောင်းအရာ ကိစ္စ တစ်ခု ကိုယ်နဲ့ သဘောထားခြင်း ကွဲလွဲရင် အေးဆေး ပြောဆိုရ မယ့်အစား ကြမ်းကြမ်းတမ်းတမ်းပြောဆိုခြင်း၊ ရန်ဖြစ်ခြင်း၊ cyber bullying လုပ်ခြင်းများ ကို မြင်လာရပါတယ်။ ဒါဟာ တစ်ဦးချင်းရဲ့ စိတ်ဓာတ်အရည်အချင်းနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုသော် လည်း အင်တာနက်လိုင်းရဲ့ မကောင်းမှုပေါ် အခြေခံလို့ ထွက်လာတဲ့ မသိစိတ်ခံစားချက်တစ်ခု လည်း ဖြစ်လေမလားလို့ တွေးမိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဖုန်းကို ခပ်ကြာကြာအသုံးပြုခြင်းက စိတ်ကျန်းမာရေးနဲ့တော့ ဆက်စပ် မှုရှိတာ သေချာပါတယ်။ ဖုန်းကို တစ်ရက်ကို ၁ နာရီထပ် ပိုပြီးတော့ သုံးတာဟာ ကျန်းမာရေး အတွက် မကောင်းကြောင်း အမေရိကန်က ဆေးပညာရှင်များက သုံးသပ်ပြထားပါတယ်။ . Ref: dailymail အောင်ခမ်း (MMAS) #aungkham_mmas Credit to==.www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဘောလုံးပွဲပေါက်ကြေးတွေနဲ့ခန့်မှန်းချက်တွေရယူပေးမယ့် MM Football Focus version 2 လာပြီ Posted: 18 Jul 2015 01:49 AM PDT ဥရောပဘောလုံးပွဲရာသီတွေပြန်စပါတော့မယ်..ဒါကြောင့် ယခင်နှစ်က userတွေကို Tips တွေပေးနိုင်ခဲ့တဲ့ ဒီဆော့ဝဲလေးကို update လုပ်ပြီး ဖြန့်ဝေလိုက်ပါတယ်။ယခင်ဗားရှင်းက ဖေ့ဘုတ်ပေါ်လစီအရ Feed တွေမလာတော့ပါဘူး ဒါကြော့င့် သည်update ဗားရှင်းကို ဒေါင်းဖို့လိုပါတယ်။ ဒီ ဆော့ဝဲရဲ့ရည်ရွယ်ချက်က ဒီဆော့ဝဲထဲက အတိုင်း လုပ်ဖို့မဟုတ်ဘဲ မိမိအကြိုက်နဲ့ ကိုက်ညီတာ စဉ်းစားချင့်ချိန်ဖို့ဖြစ်ပါတယ်။ သည်ဆော့ဝဲမှာ မြန်မာ့နာမည်ကြီးtipster တွေဖြစ်တဲ့ ကျော်မျိုးဟန်၊ဟန်စိုးသွေး၊အောင်ငြိမ်းစသူတွေရဲ့ choice တွေလဲပါဝင်ပါတယ်။ဒါ့အပြင်ဖေ့ဘုတ်ပေါ်က ဘောလုံးပေ့ခ်ျများစွာကိုပါထည့်သွင်းထားပါတယ်။ မိမိရဲ ပေခ်ျကို နောက်ဗားရှင်းတွေမှာထည့်သွင်းလိုရင်လည်းဆက်သွယ်နိုင်ပါတယ်။အခုလောလောဆယ် Feed တွေ အကုန်မလာသေးပါဘူး။page အချို့ Active မဖြစ်သေးလို့ပါ။ဘောလုံးပွဲတွေစတာနဲ့ အဆင်ပြေပါလိမ့်မယ်။ appyet ဆိုဒ်ကောင်းမှုနဲ့လုပ်ထားတာလေးဖြစ်ပါတယ်။ဒီapk ကိုပြုလုပ်သူကတော့ ဆိပ်ဖြူမြို့နယ့်၊ကဇွန်းမ တိုက်နယ်က အပြတ်ရှင်း မိုဘိုင်းဖုန်းပြုပြင်ရေးမှဖြစ်ပါတယ်ခင်ဗျာ။လိုအပ်မယ်ဆိုရင်တော့ အောက်ကလင့်တွေမှာဆွဲလိုက်ပါ။ https://www.mediafire.com/?43xh3uuvd6506r3or http://www.solidfiles.com/d/558acf7ebf/or https://my.pcloud.com/publink/show?code=XZ7xTVZlGYIDmqGmSYnQAYtYYko4kckPkhV ![]() |
| ဈေးနှုန်းသင့်တင့် HTC Desire စမတ်ဖုန်းအသစ်များ မိတ်ဆက် Posted: 18 Jul 2015 01:06 AM PDT ဈေးနှုန်းသင့်တင့်တဲ့ HTC Desire စီးရီးဟာ ကမ္ဘာတစ်လွှား အောင်မြင်ပါတယ်။ မြန်မာပြည်မှာ လည်း အောင်မြင်ပြီး ဝယ်ယူမှု အများဆုံးထဲမှာ HTC 816 လည်း ပါဝင်ခဲ့ပါတယ်။ ယခု 4G LTE ဆက်သွယ်ရေး ကွန်ရက်မှာတောင် အသုံးပြုနိုင်တဲ့ ဈေးနှုန်းသင့်တင့်တဲ့ HTC Desire ဖုန်း အသစ်များ ထွက်ပါတော့မယ်။ HTC Desire 626, 520, 526 တို့ ဖြစ်ပါတယ်။ အမြင့်ဆုံး အလုံးကတော့ HTC Desire 626 ဖြစ်ပါလိမ့်မယ်။ အရွယ်အစားကလည်း ၅ လက်မ ဆိုတော့ သူ အကြီးဆုံးပါ။ 520 က ၄.၅ လက်မ၊ 526 က ၄.၇ လက်မ အသီးသီး ရှိပါတယ်။ HTC 626 မှာ RAM 1.5 GB, Quad Core ပါဝင်ပြီး 520 အနိမ့်ဆုံးအလုံးမှာတောင် RAM 1GB ရှိပါတယ်။ 526 ကလည်း RAM 1.5 GB ပါပဲ။ အားလုံးကတော့ Basic Memory အားဖြင့် 8 GB ပါဝင်မှာ ဖြစ်ပါတယ်။ အော်.. 626 က internel 16GB နဲ့ လာတာပါ။ ကင်မရာကတော့ 8 MP အသီးသီး ပါဝင်ပြီး front အမြင့်ဆုံးကတော့ 626 ဖြစ်ပြီး Front facing က 5MP ပါဝင်မှာ ဖြစ်ပါတယ်။ အော် ဒါနဲ့ 626S လည်း ပါဝင်ပါတယ်။ 626S က အနည်းငယ် နိမ့်တဲ့ဖုန်းပါ။ ပြီးတော့ internal 8GB ဖြင့်သာ လာခြင်း ဖြစ်ပါတယ်။ အားလုံး Micro SD ကဒ် ထိုးဖို့ ပါဝင်ပါတယ်။ အားလုံးကို ပလက်စတစ်နဲ့ လုပ်ထားခြင်း ဖြစ်ပြီး iPhone 5C အန်းဒရိုက်ဗားရှင်းလို့ အမည်ပြောင် ခေါ်ကြ ပါတယ်။ အရောင်ကတော့ ပုံမှာ မြင်တွေ့ရသလိုပဲ အတော်လေး စုံအောင် ထုတ်ထားပါတယ်။ အနီရောင်၊ အနက်ရောင်၊ အပြာရောင် အစရှိသဖြင့်တို့အပြင် Silver, White တို့ပါရှိပါတယ်။ ဈေးနှုန်းကတော့ အသက်သာဆုံး အလုံးက ၂၀၀ ဝန်းကျင်လောက် အထိ ရှိနိုင်ပြီး ဈေးအကြီးဆုံးကလည်း ၄၀၀ အောက်မှာပဲ ရှိနိုင်ဖွယ် ရှိကြောင်း ဆိုပါတယ်။ အမေရိကန်မှာ contract နဲ့ carrier တွေ က ရောင်းတာ ဆိုရင် ၂၀၀ ပဲ ရှိပါတယ်။ မြန်မာပြည် ရောက်နိုင်ဖွယ် ရှိမရှိ မသိပေမယ့် အမေရိကန် နဲ့ ဥရောပ ဈေးကွက်တို့မှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ Ref: cnet အောင်ခမ်း (ရိုးရာလေး) Credit to==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 18 Jul 2015 12:59 AM PDT မန်မာနိုင်ငံ၏ မိုဘိုင်း ဆက်သွယ်ရေး ကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC International Finance Corporation) က ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။ IFC အနေဖြင့် ပြီးခဲ့သည့် ၂၀၁၄၊ အောက်တိုဘာလ ဝန်းကျင်က ပြည်တွင်း ဆက်သွယ်ရေး ကဏ္ဍ ဈေးကွက်သို့ လာရောက် လေ့လာမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ပုဂ္ဂလိ က ဆက်သွယ်ရေး အော်ပရေတာများနှင့် ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုကို အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း သိရသည်။ IFC သည် ပြည်တွင်း မိုဘိုင်းတာဝါတိုင်များ စိုက်ထူသည့် အခန်းကဏ္ဍတွင် အဓိကရင်းနှီး မြှုပ်နှံမှု ပြုလုပ်သွားမည်ဖြစ်ပြီး ၂၀၁၄၊ စက်တင်ဘာလ က နေပြည်တော် ကောင်စီနယ်မြေတွင် ကျင်းပခဲ့သည့် Myanmar Connect 2014 အခမ်းအနား၌ ထည့်သွင်း ပြောကြားခဲ့ပြီးနောက် အစိုးရပိုင်းမှ တာဝန် ရှိသူများ၊ ပုဂ္ဂလိက ဆက်သွယ်ရေး အော်ပရေတာများနှင့် ဆွေးနွေး ညှိနှိုင်းမှု များ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်နေသည့် ပုဂ္ဂလိ ဆက်သွယ်ရေး အော်ပရေတာများနှင့် ပူးပေါင်းသွားရန် စီစဉ်နေသည့် IFC သည် ပြည်တွင်း၌ မိုဘိုင်း တာဝါတိုင်များ တည် ဆောက်မှုစီမံကိန်းအား လာမည့် ၂၀၁၅ ခုနှစ်တွင် အကောင်အထည် ဖော်သွားရန် ပြင်ဆင်နေကြောင်း ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ အချို့မှ စုံစမ်းသိရသည်။ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းသည် နိုင်ငံတကာရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုများ အတွက် တဖက်တလမ်းမှ ကူညီထောက်ပံ့ ပေးနေပြီး ဆင်းရဲ နွမ်းပါးမှု တိုက်ဖျက်ရေးကိုလည်း လုပ်ဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။ Credit to==>internetjournal Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| MPT ၏ တစ်မိနစ်လျှင် ၂၃ ကျပ်အား ခြောက်စက္ကန့် အခြေခံနှုန်းထားနှင့် ကောက်ခံခြင်းဖြစ် ဟုဆို Posted: 18 Jul 2015 12:57 AM PDT အခြေခံ ခြောက်စက္ကန့် နှုန်းထားဖြင့် ကောက်ခံခြင်းဖြစ်ကြောင်း၊ ဥပမာအားဖြင့် တစ်မိနစ်ပြောပြီး တစ်စက္ကန့်စွန်းသွားမည်ဆိုပါက ၄.၆ ကျပ် မပေးရကြောင်း၊ တစ်မိနစ်နှင့် ငါးစက္ကန့်ရောက်ပါက ခြောက်စက္ကန့် အခြေခံနှုန်းထားဖြင့်တွက်သော် ၂၃ ကျပ် (တစ်မိနစ်)+ ခြောက်စက္ကန့် (၂.၃) ကျပ် ကျသင့်မည်ဖြစ်ကြောင်း MPT ဖေ့စ်ဘုတ်မှတစ်ဆင့် ကြေညာထားသည်။ ဇူလိုင်လ ၈ ရက်မှစ၍ MPT၏ ဆွေသဟာ အစီအစဉ်ကို သုံးစွဲသူများအတွက် ဖုန်းခေါ်ဆိုခြင်းများကို မူလ တစ်မိနစ်လျှင် ၃၅ ကျပ်မှ ယခု တစ်မိနစ်လျှင် ၂၃ ကျပ်သို့ ပြောင်းလဲကောက်ခံပြီး CDMA 450/800 ကို သုံးစွဲသူများအတွက်လည်း ဖုန်းခေါ်ဆိုခ ယခင် တစ်မိနစ်လျှင် ၅၀ ကျပ်မှ တစ်မိနစ် ၂၃ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ် သည်။ ထိုဈေးနှုန်းသစ် သတ်မှတ်ချက်သည် MPT ၏ ဆွေသဟာ အစီအစဉ်နှင့် CDMA 450/800 ကို သုံးစွဲသူများ အားလုံးအတွက် အလိုအလျောက် အကျုံး ဝင်သွားမည်ဖြစ်သည်။ Credit to==>internetjournal Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဖုန်းအရေးကြီးခေါ်ဆိုပြောဆိုမှုတိုင်းကိုမှတ်သားထားပေးမယ့် - Call Recorder v2.0.8.2 Apk Posted: 18 Jul 2015 12:50 AM PDT |
| Launcher အလန်းစားလေး - Luminous Hola Launcher Theme Posted: 18 Jul 2015 12:47 AM PDT |
| တန်ဖိုးသင့် ဖုန်းအမျိုးအစား OPPO A11W ဈေးကွက် ဝင်ရောက်လာ Posted: 18 Jul 2015 12:47 AM PDT ဈေနှုန်းသင့်တင့်ကာ နည်းပညာပိုင်း ကောင်းမွန်သော OPPO A11W ဖုန်းအမျိုးအစားသစ်တစ်ခု ဈေးကွက် သို့ ဝင်ရောက်လာပြီဖြစ်ပြီး အဆိုပါဖုန်းမှာ ဈေးနှုန်း သင့်တင့်သောဖုန်း အမျိုးအစားတစ်ခု ဖြစ်သော်လည်း Sensor စနစ်ပိုင်းများ ကောင်းမွန်ကြောင်း သိရသည်။ ၎င်းဖုန်းတွင် Quad-core 1.3 GHz Cortex-A7 CPU နှင့် ဂရပ်ဖစ်ပိုင်းတွက် Mali-400MP2 GPU စနစ်များထောက်ပံ့ ပါဝင်လာမည်ဖြစ်သည်။ Sensor ပိုင်းတွင်လည်း နည်းပညာမြင့် OPPO ဖုန်းများတွင် ပါဝင်သော Screen Off Gesture စနစ်၊ Screen On Gesture စနစ်၊ Smart Call အစရှိတဲ့ Motion Gesture စနစ်များ ပြည့်စုံစွာအသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းတွင် Internal Memory 4GB နှင့် RAM 1GB ပါဝင်ပြီး SD Card ဖြင့် မှတ်ဉာဏ်ထပ်တိုး အသုံးပြုနိုင်မည်ဖြစ် သည်။ ၎င်းဖုန်းမှာ ကျပ် ၁၆၉,၀၀၀ ဝန်းကျင်ရှိမည် ဖြစ်ပြီး ဝယ်ယူလိုပါက အမြို့မြို့အနယ်နယ်ရှိ OPPO ကောင်တာ ဖွင့်လှစ်ထားသော မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဆက်သွယ် ဝယ်ယူနိုင် မည်ဖြစ်သည်။ Credit to ==> Internet Journal Credi tot==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| အွန်လိုင်းပေါ်တွင် အပြန်အလှန် စကားပြောဆိုရင်း သီချင်း နားထောင်နိုင်သည့် Tara Talk စတင် အသုံးပြုနိုင် Posted: 18 Jul 2015 12:46 AM PDT အွန်လိုင်းပေါ်တွင် အပြန်အလှန် စကားပြောဆိုရင်း သီချင်းနားထောင်နိုင်သည့် Tara Talk စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း အဆိုပါနည်းပညာကုမ္ပဏီ တည်ထောင်သူ ကိုအောင်ခိုင်ဦးက ပြောသည်။ စကားပြောနေရင်း အခြား Application အပြင်ကို ထွက်စရာမလိုဘဲ သီချင်းနားထောင်နိုင်ရန် ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း သိရသည်။ "စကားပြောနေရင်းနဲ့လည်း Application အပြင်ထွက်စရာမလိုဘဲ သီချင်းနားထောင်တာ၊ ကိုယ်နားထောင် နေတဲ့ သီချင်းကိုလည်း အခြားတစ်ယောက်နဲ့ တူတူ နားထောင်နိုင်မှာဖြစ်ပါတယ်" ဟု ပြောကြားသည်။ အဆိုပါ Tara Talk အမည်ရှိ Mobile Application ပြည်တွင်း၌ ရေးဆွဲ ထားခြင်းဖြစ်ကြောင်း၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်ထားကြောင်း ဆိုသည်။ Sound Cloud နှင့် သဘောတူညီချက် ရယူထားကာ Sound Cloud ပေါ်ရှိ သီချင်းများ အားလုံးနားဆင် နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် Android မိုဘိုင်းဖုန်းများ အတွက်သာ ထုတ်လုပ်ထားပြီး iOS အမျိုးအစားအတွက် ဆက်လက်ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောသည်။ "လက်ရှိ စတင်အသုံးပြုနိုင်ပါ ပြီ၊ ကျွန်တော်တို့ရဲ့ Application ကို Play Store မှာရနိုင်ပါတယ်" ဟု ကိုအောင်ခိုင်ဦးက ပြောသည်။ ယင်း Application အား အသုံးပြုရန် Facebook သို့မဟုတ် Gmail ဖြင့် မှတ်ပုံတင်ကာ ဝင်ရောက်သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Application ကို မြန်မာ၊ အင်္ဂလိပ်နှင့် တရုတ် ဘာသာသုံးမျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာဖောင့်အနေဖြင့် ဇော်ဂျီနှင့် ယူနီကုဒ် နှစ်မျိုးစလုံး သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်း Application မိတ်ဆက်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်က MICT Park ၌ ကျင်းပခဲ့သည်။ Credit to ==> Internet Journal Credit to==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| MCPA Quiz 2015 Yangon အတွက် ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပမည် Posted: 18 Jul 2015 12:45 AM PDT ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ဦးစီးကာ ကျင်းပပြုလုပ်မည့် "MCPA Quiz 2015 Yangon" အတွက် ကျောင်းများအား ဖိတ်ခေါ်ကာ ပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် ကိုယ်စားပြုယှဉ်ပြိုင်မည့်ကျောင်းအား ရွေးချယ်မည်ဖြစ်ပြီး ပထမရရှိသည့် ကျောင်းအနေဖြင့် နိုင်ငံအဆင့်ပြိုင်ပွဲအား တက်ရောက်မည်ဖြစ်ကာ တိုင်းဒေသကြီး နှင့် ပြည်နယ်မှ အသီးသီးတက်ရောက်လာသည့် ကျောင်းများနှင့် ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်သည်။ နိုင်ငံ အဆင့်ပြိုင်ပွဲတွင် ယှဉ်ပြိုင်အနိုင်ရရှိသည့် အသင်းအနေဖြင့် ပထမဆု Trophy၊ ငွေသားကျပ် ၅ သိန်း၊ ITPEC FE Exam ဖြေဆိုခွင့်လက်မှတ်၊ FE Text Book ၁ စုံ၊ ဒုတိယဆု Trophy၊ ငွေသားကျပ် ၃ သိန်း၊ ITPEC FE Exam ဖြေဆိုခွင့်လက်မှတ်၊ FE Text Book ၁ စုံစီနှင့် တတိယဆု Trophy၊ ငွေသားကျပ် ၂ သိန်း၊ ITPEC FE Exam ဖြေဆိုခွင့်လက်မှတ်၊ FE Text Book ၁ စုံစီအား ရရှိမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရောက်လိုသူများအနေဖြင့် အနည်းဆုံး ၄ ယောက် Register ပြုလုပ်ရမည်ဖြစ်သည်။ MCPA Quiz ပြိုင်ပွဲတွင် ဝင်ရောက်ဖြေဆိုပါက ၎င်းတို့  ၄ ယောက် ထဲမှ ၁ ယောက်မှာ နာမကျန်း ဖြစ်သည့်အခါမျိုးတွင် ကျန် ၃ ယောက်မှာ ဆက်လက်ဖြေဆိုရမည်ဖြစ်ပြီး ၂ ယောက်သာ ကျန်ရှိတော့ပါက ပြိုင်ပွဲမှ ထွက်ခွာရ မည်ဖြစ်သည်။ အသက်အရွယ်မရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်ပြီးသည့် အသင်းအနေဖြင့် လည်း ပြန်လည်ကာ ပါဝင်နိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ထပ်မံကျင်းပခြင်းဖြစ်ကာ ထူခြားချက်အနေဖြင့် ယခုနှစ်တွင် ပုဂ္ဂလိက ကျောင်းများမှလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကြေးအနေဖြင့် အခမဲ့ ဖြစ်သည်။ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် အစိုးရ၊ ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ဘွဲ့ကြိုကျောင်း သား၊ ကျောင်း သူများသည် သက်ဆိုင်ရာ ကျောင်များမှတစ်ဆင့် တစ်သင်းလျှင် ၄ ဦး ပါဝင်သည့် ပြိုင်ပွဲဝင်အသင်းများအဖြစ် ရန်ကုန်တိုင်ဒေသကြီး ကွန်ပျူတာပညာရှင်အသင်းရုံးခန်းသို့  ၈-၈-၂၀၁၅ ရက် ညနေ ၅ နာရီ နောက်ဆုံးထား စားရင်းပေးသွင်းရမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ရန်ကုန်တိုင်ဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဖုန်း-၀၁ ၆၅၂၂၇၆ နှင့် Exam Coordinator ဒေါ်သီတာထွန်း ဖုန်း-၀၉ ၇၃၁၉၈၄၀၆ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။ Credit to ==> Internet Journal Credit to==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 18 Jul 2015 12:44 AM PDT မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို အသုံးပြုသူအရေတွက် လေးသန်းနှင့် ခုနစ်သိန်း (၄,၇၀၀,၀၀၀ ) ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် မိုဘိုင်းဖုန်းဖြင့် အသုံးပြုသူ အရေအတွက် မှာ လေးသန်းနှစ်သိန်းကိုးသောင်း (၄,၂၉ ၀,၀၀၀) ရှိပြီး ကွန်ပျူတာမှတစ်ဆင့် အသုံးပြုသော ပမာဏထက် ဆယ်ဆကျော် များပြားနေကြောင်း Amara Digital Marketing Agency ၏ လေ့လာထားသော အချက်အလက်များအရ သိရသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး Facebook အသုံးပြုသူ၏ ရာခိုင်နှုန်းအများစုမှာ မိုဘိုင်းဖုန်းများပေါ်မှတစ်ဆင့် အသုံးပြုကြခြင်း ဖြစ်သည်။ ကွန်ပျူတာများမှတစ်ဆင့် အဆိုပါ လူမှုကွန်ရက်ကို အသုံးပြုသူအရေအတွက် မှာ လေးသိန်းတစ်သောင်း (၄၁၀,၀၀၀) ရှိသည်။ ပြည်တွင်း၌ မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် Facebook အသုံးပြုသူများအနက် Android OS ပေါ်တွင် အသုံးပြုသူ အရေအတွက်မှာ လေးသန်းတစ်သိန်း (၄,၁၀၀,၀၀၀) ရှိပြီး iOS Platform ပေါ်မှ အသုံးပြုသူဦးရေ မှာ နှစ်သိန်း (၂၀၀,၀၀၀) ရှိကြောင်း သိရသည်။ အဆိုပါ လူမှုကွန်ရက်ကို Windows ဖုန်းများပေါ်မှတစ်ဆင့် အသုံးပြုသူ အရေအတွက်မှာ နှစ်သောင်းခုနစ်ထောင် (၂၇,၀၀၀) ရှိနေသည်။ ထို့အပြင် Gmail ဖြင့် Facebook account ကို ဖွင့်လှစ်အသုံးပြုသူ အရေအတွက်မှာ နှစ်သန်းခြောက်သိန်း (၂,၆၀၀,၀၀၀) ရှိကြောင်း အထက်ပါ အေဂျင်စီ မှ ရရှိထားသော အချက်အလက်များ အရ သိရသည်။ ပြည်တွင်း၌ Facebook အသုံးပြုသူ အရေအတွက်သည် ယခုလ ပထမပတ်အတွင်း၌ လေးသန်းနှစ်သိန်း ရှိခဲ့ရာမှ ရက်သတ္တပတ် သုံးပတ်အတွင်း အသုံးပြုသူဦးရေ ခုနစ်သိန်း (၇၀၀,၀၀၀) ခန့်တိုးတက်လာ ခဲ့ခြင်း ဖြစ်သည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုသူဦးရေ သန်း ၂၀ ကျော် ရှိလာပြီဖြစ်ပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူ အရေအတွက်မှာ ၁၅ သန်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။ Credit to ==> Internet Journal Credit to==>www.pyaephyo.com Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) ++++++++++++++++++++++++++++++++++++++++++++ ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ) Welcome From My Blog အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဖုန်းမှာ Lock Screen အလန်းစားလေးနဲ့လန်းနိုင်တဲ့ - Lock Screen v: 3.2 Posted: 18 Jul 2015 12:43 AM PDT |
| ♪ ဗိုလ်ချုပ်အောင်ဆန်း ပုံနဲ့ Amimate BootScreen မှာ အသုံးပြုချင်ရင် ♫ Posted: 18 Jul 2015 12:37 AM PDT ![]() ဗိုလ်ချုပ်အောင်ဆန်း ပုံနဲ့ Amimate ဆွဲပီး BootScreen မှာ အသုံးပြုဖို့အတွက် Bootanimation တခုလုပ်ထားပါတယ်။မိုက်ပါတယ် apk နဲ့အဆင်မပြေလို့ကွကိုယ့် သုံးချင်လည်း သုံးလို့ရအောင် animation ဖိုင်ချည်း သက်သက်လဲ တင်ထားပါတယ်.. Readymade installer apk - Download Boot animation only - http://pc.cd/1YGitalK |
| ♪ Android Phone များအတွက် Font Style အလန်းများ ♫ Posted: 18 Jul 2015 12:08 AM PDT ![]() ညီလေး ညီမလေး အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ.... စာလုံးလှလှလေးတွေ ရထားလို့ လာပြီးပြန်လည်မျှဝေပေးပါတယ် အောက်မှာ ပုံလေးတွေကို ကြည့်ပြီး ကြိုက်တဲ့ ဖောင့်လေးတွေကို ဒေါင်းယူကြပေါ့နော် ဤဖောင့်အလှလေးကို ဖန်တီးပေးတဲ့ ဆရာသမားအား အစဉ်ထာဝရ ရိုသေလေးစာလျက်ပါ ခင်ဗျာ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ.... ![]() စာလုံးဒီဇိုင်း စာလုံးဒ7Monအားဒီမှာဒေါင်းယူပါ ![]() စာလုံးဒီဇိုင်း 5Monအားဒီမှာဒေါင်းယူပါ http://pc.cd/ClGitalK စာလုံးဒီဇိုင်း ZawDe10Mဖောင့်အလှအားဒီမှာ ဒေါင်းယူပါ http://pc.cd/0dGitalK ![]() ဖောင့်စတိုင်းမပါတဲ့ ဖုန်းကိုသုံးနေကြတဲ့ ညီလေးတွေ ညီမလေးတွေကတော့ ဒီ Ifont လေးနဲ့ တွဲသုံးရမှာ ဖြစ်ပါတယ် Ifont လေးအထဲကို ဝင်ပါ ပြီးရင် My ဆိုတဲ့စာလုံးကို နှိပ်ပါ ပြီးရင် My Install ကို ထပ်နှိပ်ပါ ပြီးရင်ခနစောင့်နေလိုက်ပါ သူငယ်ချင်းတို့ ဖုန်းအထဲမှာ အင်စတော့ လုပ်ထားတဲ့ ဖောင့်အလှလေးတွေ ပေါ်လာပါလိပ်မယ် အဲလို ပေါ်လာရင် ကိုကြိုက်တဲ့ ဖောင့်ကို ရွေးပြီး တစ်ချက်နှိပ်လိုက်ပါ ပြီးရင် SET ကိုတစ်ချက်နှိပ်ပါ ပြီးရင် ok ကိုနှိပ်ပေးလိုက်ပါ အဲဒါဆိုရင် သူငယ်ချင်းတို့ ဖုန်းလေးမှာ ဖောင့်လှလှလေးတွေနဲ့ လန်းလို့ရပါပြီ ခင်ဗျာ ဖုန်းဗားရှင်း နိမ့်တဲ့ ညီလေးတွေ ညိမလေးတွေလဲ အဲဒိ အတိုင်းလုပ်ပြီးတော့ သုံးလို့ရပါတယ် အားလုံးပဲ အဆင်ပြေကြပါစေ ညီလေး ညီမလေးတို့.. Ifont လေးကို ဒီမှာယူပါ http://pc.cd/dRaitalK (မင်းနိုင်ထားဝယ်) |
| ♪ ဖုန်းထဲမှာ English Grammar ကိုလေ့ကျင့်နိုင်လေ့လာနိုင်မယ့် - English Grammar Practice v2.16 Apk ♫ Posted: 17 Jul 2015 11:15 PM PDT English စာကိုလေ့လာနေသူများအတွက် အသုံးတည့်စေမယ့် English Grammar Practice ဆိုတဲ့ Application လေးတစ်ခုကိုတင်ပေးလိုက်ပါတယ်ဗျာ။ အခု Application လေးကတော့ Grammar အပိုင်း ကိုအဓိကထားပြီးလေ့ကျင့်နိုင်မှာဖြစ်ပါတယ်ဗျာ။ Grammar နဲ့သက်ဆိုင်တဲ့ ဥာဏ်စမ်း ၊ သင်ခန်းစာ ၊ မေးခွန်းစတာတွေပါဝင်မှာဖြစ်ပါတယ်ဗျာ။ သူ့ Level နှင့်သူ Beginner , Elementary , Intermediate , Advanced ဆိုပြီး လေ့လာနိုင်လေ့ကျင့်နိုင်မှာဖြစ်တဲ့အတွက် လူတိုင်းအတွက် အသုံးတည့်စေမှာဖြစ်ပါ တယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ Simple and Simple!!! With this quiz, English grammar won't hurt you anymore. Many Quizzes, Questions, Flashcards and Lessons are waiting you Enjoy your learning with 4 different levels: 1. Beginner 2. Elementary 3. Intermediate 4. Advanced English Grammar Practice application also has many flashcards for you. Practice them everyday to improve your vocabulary "Practice makes perfect", so using English grammar everyday, your English will be better ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Posted: 17 Jul 2015 10:34 PM PDT ကျန်တော်အလုံသားဒီတခါတော့ Apk လေးတခုတင်ပေးပါရစေ 19 july ဆိုတဲ့ Apk လေးပါ ဗိုလ်ချူပ်နဲ့အာဇာနည်ခေါင်းဆောင်များကိုဂုဏ်ပြုသောအားဖြင့် တင်ပေးခြင်းဖြစ်ပါတယ် Apk လေးကို installလုပ်ထားပါ မနက်ဖြန် အာဇာနည်အချိန်ရောက်တာနဲ့ auto ဥသြဆွဲပြီးသီချင်းနဲ့ဂုဏ်ပြုပေးမှာပါDownload Hereဒီနေရာလေးမှာ သော်တာဧကရာဇ် ဒေါင်းပါဝေမျှသူ သော်တာဧကရာဇ်(နည်းပညာ)www.thawtarakris.blogspot.comFacebook:: Ahlone Thar LayPhone:: 09421046687အဆင်ပြေပါစေ..မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |


















0 comments:
Post a Comment