Related Posts Plugin for WordPress, Blogger...

July 21, 2015

The Irrawaddy's Blog

The Irrawaddy's Blog


အခါးစားဖို့ မကြောက်ပါနဲ့

Posted: 20 Jul 2015 11:10 PM PDT




သင့်ရဲ့ သွေးအချိုဓာတ်ကိုထိန်းညှိဖို့အတွက်ဆိုရင် အနည်းငယ်သက်တဲ့ အရသာရှိသော အသီးအရွက်တွေ စားသုံးပေးတာ အကောင်းဆုံးပါပဲ။

တရုတ်တိုင်းရင်းဆေးနည်းပညာကို ချဉ်းကပ်ရာမှာလည်း သက်တဲ့အရသာရှိတဲ့ အစားအသောက်တွေဟာ ဆေးဖက်ဝင်တယ်လို့ ဆိုပါတယ်။ သံလွင်သီးကိုဟင်းထဲထည့်ချက် စားကြသလို၊ အစိမ်းစားလို့ရတဲ့ ခပ်   သက်သက် အရွက်တွေလိုမျိုးကို မကြာခဏစားသုံးခြင်းဖြင့် သွေးချိုကို ထိန်းကြပါတယ်။ မြန်မာဟင်းလျာမှာ ပါတဲ့ ကြက်ဟင်းသားသီးကို ကြော်စား၊ ချက်စားနိုင်ပါတယ်။

ဦးနှောက်ခွဲစိပ်ကုဆရာဝန်တစ်ဦးစတင်ကြိုးပမ်းမယ့် ကမ္ဘာ့ပထမဦးဆုံး ဦးခေါင်းအစားထိုးကုသခြင်း

Posted: 20 Jul 2015 10:11 PM PDT


ပထမဆုံးဦးခေါင်းအစားထိုးကုသမယ့် ဗယ်လာရီ စပီရီဒိုနော့ (photo - telegraph.com)

အီတလီလူမျိုး ဦးနှောက်ခွဲစိပ်အထူးကု ဆရာဝန်ကြီးဟာ (၂၀၁၇)ခုနှစ် နှစ်ကုန်ပိုင်းမှာ ပထမဦးဆုံး ဦးခေါင်းအစားထိုး ခွဲစိပ်ကုသဖို့ အစီအစဉ်ရှိကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် ပြီးခဲ့တဲ့သောကြာနေ့က ပြုလုပ်ခဲ့တဲ့အမေရိကန် ဦးနှောက်နှင့်အရိုးဆိုင်ရာ ခွဲစိပ်ဆရာဝန်များအကယ်ဒမီရဲ့ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲမှာ ဦးနှောက် ခွဲစိပ်ကုဆရာဝန်ကြီး ဒေါက်တာ ဆာဂျီရို ကာနာဗီးရိုးက ၄င်းရဲ့အစားထိုးခွဲစိပ်ကုသမှု အစီအစဉ်ကို ကြေငြာခဲ့ပြီး အောင်မြင်ဖို့ (၉၀%)ရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။ လူနာဖြစ်သူကတော့ အသက် ၃၀ အရွယ် ရုရှားလူမျိုး ဗယ်လာရီ စပီရီဒိုနော့ ဖြစ်ပြီး Werdnig-Hoffmann လို့ခေါ်တဲ့ အာရုံကျောရိုးမရှိ ကြွက်သားများ ယိုယွင်းသွားတဲ့ ရောဂါကို ခံစားနေရသူ ဖြစ်ပါတယ်။

"ဒါဟာ သက်စွန့်ဆံဖျားပြုလုပ်ရပြီး အန္တရာယ်အရမ်းများတဲ့ ခွဲစိပ်မှုတစ်ခုဖြစ်တယ်ဆိုတာတော့ ကျွန်တော်  မငြင်းလိုပါဘူး။ ဒါပေမယ့် ကျွန်တော် လုပ်ဆောင်နိုင်တယ်ဆိုတာ သေချာတဲ့ အချိန်ရောက်လို့ အ        သိပေးခြင်း ဖြစ်ပါတယ်" လို့ ဒေါက်တာ ကာနာဗီးရိုးက ဆိုပါတယ်။  ဒေါက်တာ ကာနာဗီးရိုးနဲ့ အမြဲအ    ဆက်အသွယ် ရှိနေသူနှစ်ဦးစလုံးကတော့ ဒေါက်တာရဲ့အစီအစဉ်ဟာ သူတို့အတွက် အကောင်းဆုံးသော  မျှော်လင့်ချက်ပဲလို့ ပြောဆိုထားကြောင်း Reuters သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

"အကယ်၍ ဒီခွဲစိပ်မှုသာအောင်မြင်ရင် ဒီကနေ့ ကျွန်တော်တွေ့ကြုံနေရတဲ့ ကန့်သတ်မှုတွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပြီး ဒီထက်ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်သလို ကိုယ့်ဘ၀ကိုလည်း မြှင့်တင်ပေးလိုက်နိုင်မှာ ဖြစ်တယ်။ သိပ္ပံနည်းပညာဘက်ကကြည့်ရင်တော့ ကျွန်တော်တို့ အစီအစဉ်ဟာ အရှေ့ကို ရောက်အောင် ခြေလှမ်းကျယ်ကျယ် လှမ်းထားသလို ဖြစ်နေပေမယ့် အဆင်ပြေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်"လို့လည်း ဒေါက်တာ ကာနာဗီးရိုးက ဆိုထားပါတယ်။

ဒေါက်တာ ကာနာဗီးရိုးမှာ Werdnig-Hoffmann ရောဂါကို ခံစားနေရတဲ့ အရွယ်ရောက်ပြီး လူနာအချို့လည်းရှိ နေပါတယ်။ သူခွဲစိပ်မယ့်လူနာအတွက်ကိုတော့ "ဒီလူနာရဲ့ဝေဒနာဟာ ကြောက်စရာကောင်းတဲ့ အခြေအနေကို ရောက်ရှိနေပေမယ့် လူနာဟာ အင်မတန်မှ သတ္တိရှိပါတယ်။ နားလည်ရမယ့် အရာတစ်ခုကတော့ ဥရောပ ဆေးပညာရှင်တွေက သူ့ကို ကုစားဖို့ ဘာကမ်းလှမ်းမှုကိုမှ မလုပ်ခဲ့ဘဲ ပျက်ကွက်ခဲ့ကြတယ် ဆိုတာကိုပဲ" လို့ ဆိုထားပါတယ်။ ဒေါက်တာ ကာနာဗီးရိုးအနေနဲ့ ဒေါ်လာ (၁၅)သန်းခန့်ကုန်ကျမယ့် ဒီခွဲစိပ်မှုကို ရှေ့ဆက်ပြုလုပ်ဖို့ လုပ်ဖော်ဆောင်ဖက်များရဲ့ ပံ့ပိုးကူညီမှုကို လိုအပ်မှာဖြစ်ပါတယ်။

"ဒီခွဲစိပ်မှုအတွက် အကြီးမားဆုံး စိုးရိမ်မှုတစ်ခုကတော့ ခွဲစိပ်ကုသချိန်မှာ ဦးနှောက်အား ရှင်သန်နေအောင် ထိန်းသိမ်းထားနိုင်မှု ရှိမရှိပဲဖြစ်ပါတယ်။  နှလုံး သို့မဟုတ် ကျောက်ကပ်၊ အသည်းအစားထိုး ခွဲစိပ်ကုသမှုကို ပြုလုပ်တဲ့အခါ ၄င်းအစိတ်အပိုင်းတွေကို သွေးကြောတွေနဲ့ ပြန်လည်ဆက်သွယ်ပေးပြီး သွေးစီးဆင်းခွင့် မပြုသေးခင်အချိန်ထိ ခွဲစိပ်မှု ကြာမြင့်ချိန်အတိုင်း ထိန်းသိမ်းထားနိုင်ဖို့ အအေးပေးထားရပါတယ်။ ခက်ခဲတဲ့ ခွဲစိပ်မှုတွေကို ပြုလုပ်ခဲ့တဲ့ ဒေါက်တာ ကာနာဗီးရိုးရဲ့ လုပ်ဆောင်ချက် အတော်များများကို တွေ့မြင်ခဲ့ပြီး ဖြစ်ပေမယ့် နှလုံးအစားထိုး ခွဲစိပ်ကုသမှုကို ပထမဆုံးအကြိမ် ပြုလုပ်တုန်းကလည်း ဝေဖန်မှုတွေကို ရရှိခဲ့ပြီး အခု ခွဲစိပ်မှုအတွက်လည်း ဝေဖန်ခံရမှာဖြစ်ပါတယ်။"လို့ အပြည်ပြည်ဆိုင်ရာ ခွဲစိပ်ကုသ ဆရာဝန်များ ကောလိပ်ရဲ့ ဥက္ကဌဟောင်းတစ်ဦးဖြစ်သူ၊ နှလုံးနှင့် ရင်ခေါင်းပိုင်းဆိုင်ရာ ခွဲစိပ်ကု ဆရာဝန်ကြီး ဒေါက်တာရေမွန် ဒိုင်တာက ပြောဆိုထားပါတယ်။

ဒီအစားထိုးခွဲစိပ်ကုသမှုအတွက် ဆေးပညာဝန်ထမ်းပေါင်း (၁၀၀) ကျော်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ လိုအပ်မှာဖြစ်ပါတယ်။ ခွဲစိပ်ကုသမှု ပြီးဆုံးသည်အထိ (၃၆)နာရီအကြာထိ ကြာမြင့်နိုင်ပြီး ခွဲစိပ်မှုကိုတော့ အမေရိက  သို့မဟုတ် တရုတ်နိုင်ငံမှာ ပြုလုပ်ဖို့ရန် ရှိပါတယ်။ ခွဲစိပ်မှုကိုတော့ (၂၀၁၇)ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်ဖို့ရန် အစီအစဉ်ရှိကြောင်း ဒေါက်တာ ကာနာဗီးရိုးက ပြောကြားထားပါတယ်။

"နည်းပညာတွေအရ မိမိကိုယ်ကို ပြင်ဆင်ထားဖို့ လိုအပ်သလို ဘက်ပေါင်းစုံက လာမယ့် ဖြစ်နိုင်ချေရှိတဲ့  တိုက်ခိုက်မှုတွေကို ကိုင်တွယ်နိုင်ဖို့အတွက် နည်းပညာနဲ့ ထပ်တူ အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေကို ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ ကျွန်တော်ပြုလုပ်မယ့်အရာတွေ၊ ပြုလုပ်ရတဲ့ အကြောင်းအရင်းတွေ မှန်ကန်စေဖို့အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒီ ခွဲစိပ်မှုကနေ ရှိလာမယ့် အကျိုးသက်ရောက်မှုဟာ ဘာသာရေး ဓလေ့ထုံးတမ်းအစဉ်အလာတွေနဲ့ အနာဂတ်ကာလအတွက်သာမက အားလုံးအတွက် အကောင်းတကာ့ အကောင်းဆုံး အခြေအနေတစ်ခုကို ဖြစ်သွားစေနိုင်ပါတယ်။" လို့ ဒေါက်တာ ကာနာဗီးရိုးကဆိုပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://www.aljazeera.com/news/2015/06/neurosurgeon-attempt-world-head-transplant-150613072123910.html 

အခရိုင်းလစ် ပန်းချီဆေးနဲ့ ပန်းချီရေးကြမယ်

Posted: 20 Jul 2015 03:59 AM PDT

ကလေးတို့ရေ..

ပန်းချီရေးတဲ့အခါ အခြေခံက Line (မျဉ်ကြောင်း)၊ Tone (အသွေး)၊ Colour (အရောင်)နဲ့ Perspective (နီးဝေးအမြင်) စတာတွေကအရေးကြီးပါတယ်။ အခုဖော်ပြမှာက အခရိုင်းလစ် ပန်းချီဆေးကိုသုံးပြီး အရောင်တွေနဲ့ ပန်းချီကားလေးတွေ ဖန်တီးဖို့ ရေးသားတင်ပြမှာ ဖြစ်ပါတယ်။

တကယ်တော့ အခရိုင်းလစ် ပန်းချီဆေးက ယနေ့ခေတ်မှာအသုံးများလာတဲ့ မီဒီယံဖြစ်ပြီး အသုံးတွင်ကျယ်လာတာလည်း တွေ့ရပါတယ်။ သူ့ရဲ့ အားသားချက်တွေက ရေနဲ့ရောစပ်ပြီး ပန်းချီရေးလို့ရသလို ရေဆေးအဖြစ်လည်း သုံးစွဲလို့ရတာကြောင့်ပါ။ သတိပြုရမှာကခြောက်သွေ့မြန်တယ် ဆိုတာပါပဲ။ ခြောက်သွေ့မြန်တာကြောင့် မိမိရေးဆွဲချင်တဲ့ ပန်းချီကိုအချိန် အများကြီးမယူဘဲ ပြီးမြောက်အောင် ရေးဆွဲဖို့ပါ။ကလေးစိတ်ပညာရှင် ပန်းချီဆရာ Jeanette Nyberg ရဲ့ နည်းစနစ်တချို့ကိုကလေးတို့အတွက် ဖော်ပြလိုက်ပါတယ်။

ပထမဆုံးပြောပြမှာကရေဆေးအဖြစ်အသုံးပြရေးဆွဲတဲ့ အခါ (Wet-on-wet) အရောင် အစိုပေါ် အစိုထပ်ပြီးအရောင်တွေရောနှော ပြေပြစ်သွားအောင် ဖန်တီးယူတာပဲ ဖြစ်တယ်။ အောက်ပါ ပန်းချီပုံကို ကြည့်ပါ။ အစိုပေါ် အစိုထပ်ဆင့်ပြီးရေးဆွဲထားတာပါ။ အဲသလိုပဲကလေးတို့ အနေနဲ့ တခြားအရောင်တွေ သုံးပြီး        ကိုယ်နှစ်သက်သလိုအရောင်တွေခြယ်နိုင်ပါတယ်။

surface: watercolor paper

နောက် ဒုတိယနည်းက Wet-on-dry လို့ခေါ်တဲ့ ခြောက်ပြီးသား ဆေးအပေါ် အစိုဆေးတမျိုး ထပ်တင်ရေးဆွဲတာလည်း ရှိပါသေးတယ်။ ဒီနှစ်မျိုးကို  စိတ်ကြိုက်ရေးဆွဲနိုင်ဖို့ ပြောပြလိုက်ပါတယ်။

တတိယနည်းက ပုံဆွဲစာရွက်ကို ခေါက်ပြီးဆေးအစိုနဲ့ ရေးထားတဲ့ ပုံသဏ္ဌာန်ကိုကပ်ယူနည်းပါပဲ။ အောက်မှာဖော်ပြထားတဲ့ ပုံကို ကြည့်ပါ။ ပုံဆွဲစာရွက်ကိုခေါက်ပြီးဖန်တီးယူထားတာပါ။


စတုတ္ထနည်းတခုဆက်ပြောပါဦးမယ်။ အဲသလိုဆေးအစိုနဲ့ စာရွက်ကိုခေါက်ပြီး ဖန်တီးထားတဲ့ ပုံခြောက်သွားပြီဆိုရင်တော့ ရေဆေးကျဲကျဲနဲ့ အောက်ပါ အတိုင်းထပ်မံပေါင်းဆင့် ဖန်တီးယူနိုင်ပါတယ်။


ပဉ္စမနည်းကိုလည်းပေါင်းဆင့် အသုံးပြုပါဦး။ အဲဒါကတော့ ခြောက်သွားတဲ့ ပုံပေါ်မှာပက်စတယ်နဲ့ လိုင်းလေးတွေ ရေးခြယ် ဖန်တီးယူတာပါ။ အောက်ပါပုံကို ကြည့်ပါ။


ဆဋ္ဌမနည်းကလည်း အသုံးပြုရတာလွယ်မှာပါ။ ရေဆေးကျဲကျဲနဲ့ ရေးထားတဲ့ နောက်ခံအပြာရောင်ပေါ်မှာ ပက်စတယ် အနီနဲ့ အောက်မှာဖော်ပြထားသလိုလည်းဖန်တီးရေးဆွဲနိုင်ပါတယ်။

သတ္တမနည်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒါကတော့ အ၀ိုင်းလေးတွေ၊ ဒါမှမှဟုတ် လေးထောင့်ပုံလေးတွေ ဖောက်ထားတဲ့ ကတ္ထူ စက္ကူနဲ့ ရေးဆွဲပါ။ ကတ္ထူစက္ကူပေါ်မှာကလေးတို့ ကြိုက်နှစ်သက်တဲ့ ပုံလေးတွေ ဖောက်ယူပြီး ပန်းချီကားပေါ်တင်ပြီးဆေးနဲ့ သပ်တင်ရေးဆွဲတဲ့ အခါ အဲပုံလေးတွေ ပန်းချီကားပေါ် ထင်ကျန်နေမှာ ဖြစ်ပါတယ်။ အောက်မှာ ပြထားတာကတော့ အ၀ိုင်းလေးတွေပဲ ပြထားတာပါ။ ဉာဏ်ကောင်းတဲ့ ကလေးတို့ကတော့ ကတ္ထူပေါ်မှာကလေးတို့ စိတ်ကြိုက်ပုံလေးတွေ ဖောက်ပြီးရေးဆွဲဖို့ပါကွယ်။


အဲဒီနည်းတွေကိုကလေးတို့ စိတ်ကူးရှိသလိုသုံးပြီးပန်းချီကားတွေ အများကြီး ဖန်တီးပျော်ရွှင်နိုင်ပါတယ်။ အောက်မှာနမူနာပန်းချီကားလေးတွေ ဖော်ပြပေးလိုက်ပါတယ်။



နိုင်စွမ်း




တိုင်းပြည်တကယ်ပြောင်းလဲချင်ရင် အန်အယ်လ်ဒီကို မဲပေးပါလို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Posted: 20 Jul 2015 07:50 AM PDT


ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy

မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး အမှန်တကယ် လုပ်လိုလျှင် ပြည်သူများ အနေဖြင့် နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD ) ကို မဲပေး    ကြပါလို့ NLD အကြီးပိုင်း ခေါင်းဆောင်များက ပြည်သူလူထုကို အာဇာနည်နေ့မှာ ပြောဆိုလိုက်ပါတယ်။

NLD ရဲ့နာယက ဦးတင်ဦးက "အခုက ပြောင်းလဲချိန်တန်ပါပြီ ၊ အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေး ကြစို့" လို့ ပြည်သူများကို ပြောဆိုလိုက်တာပါ။

NLD အကြီးပိုင်းခေါင်းဆောင်များဖြစ်တဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် နာယကဦးတင်ဦးတို့က အာဇာနည်နေ့မိန့်ခွန်းကို ရွှေဂုံတိုင်လမ်းမကြီးပေါ် ရှိ  NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို ပြည်သူလူထု ၂၀၀၀ ကျော် လာရောက် နားထောင်တာကို တွေ့ရပါတယ်။

ဦးတင်ဦးက ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်သည် စစ်တပ်ကို လွှမ်းမိုးရမည် ၊ စစ်တပ်သည် လွှတ်တော်ကိုမလွှမ်းမိုးရ ၊ စစ်သားသည် ပြည်သူ၏အခြေခံဖြစ်ရမည် ၊ ပြည်သူလူထုသည် စစ်တပ်၏ အခြေခံ မဖြစ်ရဟု ပြောဆိုထားခဲ့သဖြင့် ထိုအချက်များကို NLD က ဆုပ်ကိုင်ကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့လည်း ဆိုပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစဉ်လာအတိုင်း ရာနှုန်းပြည့်အောင်ရမည် ဖြစ်ပြီးလွှတ်တော်အဖွဲ့အောင်နိုင်ရေးဟာ ဒီမိုကရေစီအောင်နိုင်ရေး ၊ တို်င်းရင်းသား ပြည်သူတရပ်လုံးရဲ့ အောင်နိုင်ရေး ဖြစ်ရမည်လို့ သံဓိဌာန်ချမှတ်ထားတယ်လို့လည်း ဦးတင်ဦးက ဆက်ပြောပါတယ်။


အာဇာနည်နေ့နဲ့ ပတ်သတ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျဆုံးသွားတဲ့ အာဇာနည်များမှာ လူမျိုး ၊ ဘာသာမတူကြသော်လည်း တိုင်းပြည်ကို လွတ်လပ်၍ ဒီမိုကရေစီ ရလိုတဲ့ စိတ်ရှိကြသူများ ဖြစ်ပြီး တိုင်းပြည်အတွက် လုပ်ငန်းများ မပြီးဆုံးမီ ကျဆုံးသွားခြင်းကြောင့် NLD အနေဲ့ အဲ့ဒီလုပ်ငန်း တာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်ရန် တာဝန်ရှိတယ်လို့ ခံယူထားကြောင်း ၊ တာဝန်များကို အပြီးသတ် ဆောင်ရွက်နိုင် ရန် ပါတီကို ထူထောင်ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က "ကျမတို့ကို ပြည်သူကနေ တောင်းဆိုလို့ ပြည်သူဆန္ဒရှိလို့ဆိုပြီး အဲ့လို အကြောင်းတွေ ကျမတို့မပြပါဘူး ။ ကျမတို့မှာ တာဝန်ရှိတယ်လို့ ယုံကြည်လို့ ကျမတို့ကလုပ်မှာဖြစ်တယ် ။ ပြည်သူကို ပုံချတဲ့ အလုပ်မျိုး ကျမတို့က ဘယ်တော့မှ မလုပ်ပါဘူး" ဟူ၍လည်း ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ထားခြင်းနှင့် ပတ်သတ်ပြီး ပြောပါတယ်။

ဒါ့အပြင် အာဇာနည် ခေါင်းဆောင်ကြီးများအနေနဲ့ သူတို့ လုပ်ဆောင်ခဲ့တဲ့အရာ အားလုံးဟာ နေရာ၊ ရာထူး  ၊ ဥစ္စာ ရလိုမှုများမပါပဲ ပြည်သူများ ဘ၀ တိုးတက်ရေးကိုသာ ဦးတည် လုပ်ဆောင်ခဲ့တာဖြစ်တဲ့အတွက် NLD ကလည် ၎င်းတို့ရဲ့ အရည်အချင်းများအားလုံးကို အာဇာနည်ခေါင်းဆောင်များ ကျင့်သုံးခဲ့တဲ့ လမ်းစဉ်အတိုင်း ပြည်သူအတွက် အသုံးချသွားမှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြုသွားပါတယ်။

ဓာတ်ပုံ - သော်ဟိန်းထက်/ The Irrawaddy

ဒါ့ထက် တိုင်းရင်းသားအင်အားစုများ တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ရရှိရေးကိုလည်း NLD က လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

NLD အင်အားရှိမှသာ နိုင်ငံအင်အား (တိုင်းပြည်နှင့်ပြည်သူများ အင်အား) ရှိမည် ဖြစ်သဖြင့် လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူများရဲ့ ထောက်ခံချက် ရာခိုင်နှုန်း ၁၀၀ လုံးလုံး NLD မှ လိုအပ်တယ်လို့လည်း ဒေါ်      အောင်ဆန်းစုကြည်က ပြည်သူများကိုပြောကြားသွားပါတယ်။


နန်းလွင်နှင်းပွင့်

ပါကစ္စတန် ထိပ်တန်း မော်ဒယ်တဦး နှစ်ရှည် အကျဉ်းကျခံရနိုင်တဲ့ အခြေအနေမှ အာမခံဖြင့် လွတ်မြောက်လာ

Posted: 20 Jul 2015 08:55 PM PDT


photo - time.com

အသက် ၂၁ နှစ်အရွယ် ပါကစ္စတန် မော်ဒယ်လ်တဦးဟာ နှစ်ရှည် အကျဉ်းကျခံရမယ့် အခြေအနေကနေ အာမခံနဲ့ လွတ်မြောက်လာခဲ့တာပါ။

သူမကတော့  ပါကစ္စတန်နိုင်ငံက စူပါမော်ဒယ်လ်တဦးဖြစ်တဲ့ အေယန်းအလီ ဆိုသူ အမျိုးသမီးငယ်တဦးပါ။ သူမဟာ တရားမ၀င် ငွေကြေး သယ်ဆောင်မှုနဲ့ ထောင်ဒဏ် ၁၄ နှစ်နဲ့ များပြားတဲ့ ဒဏ်ငွေ ဆောင်ရဖွယ် ရှိနေရာကနေ ပြီးခဲ့တဲ့ အင်္ဂါနေ့က အစောင့်အကြပ်တွေနဲ့ အကျဉ်းထောင်ပြင်ပ ထွက်လာခဲ့တာပါ။

တရားလို အစိုးရ ရှေ့နေများရဲ့ အဆိုအရ ပြီးခဲ့တဲ့ မတ်လအတွင်း အစ္စလာမာဘတ် လေဆိပ်မှာ အလီရဲ့  ခရီးဆောင်အိတ်ထဲက ဒေါ်လာ သန်းတ၀က် ( ၅ သိန်း)ကို တာဝန်ရှိသူတွေက တွေ့ရှိဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ပါကစ္စတန်ကနေ ထွက်ခွာတဲ့အခါ လူတယောက်မှာ ဒေါ်လာ တသောင်းသာ ကိုင်ဆောင် ခွင့်ရှိတယ်လို့    လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဒူဘိုင်းဇာတိသူ အသက် ၂၁ နှစ်အရွယ် အလီဟာ တောင်ပိုင်းအစ္စလာမာဘတ်မြို့ရဲ့ လုံခြုံရေး တင်းကြပ်တဲ့ Rawalpindi အကျဉ်းထောင်မှ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မလွတ်မြောက်ခင် Lahore တရားရုံးကနေ ခံဝန်ဖြင့် အာမခံရရှိခဲ့ကြောင်း BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အလီဟာ သူမအပေါ် စွဲချက်တင်ထားတာတွေ အားလုံးကို ငြင်းဆို ခဲ့တယ်လို့လည်း သူမရဲ့ရှေ့နေဖြစ်သူက AP သတင်းဌာနကို ပြောပါတယ်။

အလီပြောတာကတော့ အဲဒီငွေတွေဟာ မြေနှင့် ပစ္စည်းဥစ္စာရောင်းချရာမှ ရလာတဲ့ငွေ ဖြစ်ပြီး သူမ အနေနဲ့ အကောက်ခွန် ဥပဒေ သတ်မှတ်ချက်များကို သတိမမူမိခဲ့ကြောင်း ပြောပါတယ်။

အဆိုပါ ပါကစ္စတန် စူပါမော်ဒယ်လ်တဦးဖြစ်တဲ့ အေယန်းအလီရဲ့ သတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ ဘယ်လို ကိုင်တွယ် ဆုံးဖြတ်မယ် ဆိုတာ မေးခွန်းထုတ်စရာတွေ မြင့်တက်လာနေတယ်လို့ သိရပါ တယ်။


ကိုးကားသတင်း။  ။ http://time.com/3962211/pakistan-supermodel-ayyan-ayan-ali-smuggling-released/

0 comments:

Post a Comment