မောင်ပေါက် ( Maung Pauk ) |
- Android ဖုန်းနဲ့ Apple ID အကောင့်ပြုလုပ်နည်းစာအုပ်
- Samsung Galaxy S6 ကို microSD card slot ဖြင့် သုံးနိုင်မည့် battery case
- Google+ Photos ကို သြဂုတ်လ ၁ ရက်တွင် ရပ်ဆိုင်းမည်
- မန္တလေး၌ MPT ၏ ဒုတိယမြောက် အရောင်းဆိုင်ဖွင့်လှစ်
- My Dear Diary
- ဝင်းလှိုင်(နည်းပညာ) ၏ Android Application (1.09MB)
- ဈေးနှုန်းသက်သာသော Desire စမတ်ဖုန်း ၄ မျိုးကို HTC မိတ်ဆက်
- ဂီတချစ်သူများအတွက် ကုမ္ပဏီ၏ ပထမဦးဆုံးဖုန်းကို Marshall မိတ်ဆက်
- Instagram ဝက်ဘ်ဆိုက်တွင် တည်နေရာနှင့် hashtag များ ရှာဖွေနိုင်မည်
- မိုဘိုင်းဖုန်း Screen နည်းပညာများအကြောင်း
- Task Manager Pro (Task Killer) v2.2.1Apk
| Android ဖုန်းနဲ့ Apple ID အကောင့်ပြုလုပ်နည်းစာအုပ် Posted: 21 Jul 2015 08:08 PM PDT လိုချင်တဲ့မိတ်ဆွေများအနေနဲ့အောက်ကလင့်မှာ အလွယ်တကူနဲ့ဒေါင်းလုတ်ဆွဲသွားနိုင်ပါတယ်ခင် ဗျ။File size အနေနဲ့ကတော့2.94MB ရှိပါတယ်။ ပြန်လည်ဝေမျှသူ - Zaw Myo Htet |
| Samsung Galaxy S6 ကို microSD card slot ဖြင့် သုံးနိုင်မည့် battery case Posted: 21 Jul 2015 05:45 AM PDT အဆိုပါ ပြဿနာများကို ဖြေရှင်းရန်အတွက် Incipio ကုမ္ပဏီက offGRID ဟုခေါ်သော case ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်း case တွင် Galaxy S6 ကို ၁၀၀ ရာခိုင်နှုန်း အားပြန်သွင်းပေးနိုင်မည့် 3,700 mAh ဘက်ထရီပါဝင်သည့်အပြင် 128GB အထိ သိုလှောင်းသိမ်းဆည်းနိုင်မည့် microSD card slot တစ်ခု ပါဝင်သည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉.၉၉ ဖြစ်သည်။ Ref: Mashable Credit to internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Google+ Photos ကို သြဂုတ်လ ၁ ရက်တွင် ရပ်ဆိုင်းမည် Posted: 21 Jul 2015 05:45 AM PDT Google ၏ လူမှုရေးကွန်ရက် Google+ တွင် ပါဝင်သော ဓာတ်ပုံဝေမျှသည့် Google+ Photos ဝန်ဆောင်မှုကို ရပ်ဆိုင်မည် ဖြစ်ကြောင်းနှင့် မေလက Google မှ မိတ်ဆက်ပေးခဲ့သည့် အကန့်အသတ်မရှိ အခမဲ့ ဓာတ်ပုံသိမ်းဆည်းနိုင်သော Google Photos ကို ဆက်လက်သုံးစွဲသွားမည် ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားလိုက်သည်။ Google+ Photos ရပ်ဆိုင်းမှုကို သြဂုတ်လ ၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ကနဦးတွင် Android ဗားရှင်းကို စတင်ရပ်ဆိုင်းမည်ဖြစ်ပြီး ၎င်းနောက်တွင် Web ဗားရှင်းနှင့် iOS ဗားရှင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း Google မှ ဆိုခဲ့သည်။ Google သည် Google+ Photos သုံးစွဲသူများက Google Photos ကို ပြောင်းလဲသုံးစွဲနိုင်ရန်အတွက် tool တစ်ခု ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး ၎င်းကို Google+ account photos စာမျက်နှာတွင် တွေ့မြင်ရမည် ဖြစ်ကြောင်း၊ အကယ်၍ သတ်မှတ်ရက်ထက် နောက်ကျသွားခဲ့ပါကလည်း သုံးစွဲသူ၏ ဓာတ်ပုံများကို Google Takeout ဖြင့် ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ Ref: TechCrunch Credit to internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| မန္တလေး၌ MPT ၏ ဒုတိယမြောက် အရောင်းဆိုင်ဖွင့်လှစ် Posted: 21 Jul 2015 05:44 AM PDT MPT ၏ ဒုတိယမြောက် အရောင်းဆိုင်ခွဲကို စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ ၇၃ လမ်းနှင့် ၃၆ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၁၅ ရက်တွင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ ၈၄ လမ်း၊ ၃၃လမ်းနှင့် ၃၄ လမ်းထောင့်၊ ချမ်းအေးသာဇံမြို့နယ်တွင်၌ ပထမဆိုင်အဖြစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ MPT အရောင်းဆိုင်များကို မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ဖွင့်လှစ်ရန်စီစဉ်ထားရာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ဖွင့်လှစ်လျက်ရှိသည်။ နေပြည်တော်၌ MPT အရောင်းဆိုင်ခွဲကို ဇွန်လ ၂၁ ရက်က MPT ၏ အရောင်းဆိုင်ခွဲကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်လိပ်စာမှာ အမှတ် ပ/၂၃၁၊ မြို့မဈေး၊ နေပြည်တော်။ (၀၆၇) ၄၂၂၈၈၄ ဖြစ်ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အရောင်းဆိုင်များ နိုင်ငံတစ်ဝန်းလုံး ဖွင့်လှစ်ရန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါဆိုင် (Brand Shop) များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ကနဦး ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းနောက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်ပါ ဆက်လက် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်၌ ငါးဆိုင်၊ မန္တလေး၌ သုံးဆိုင်၊ နေပြည်တော်၌ နှစ်ဆိုင် ဖွင့်ရန် စီစဉ်ထားပြီး နောက်ပိုင်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်နေရာနှစ်ဆိုင်စီ ဖွင့်သွားမည်ဖြစ်ကြောင်း၊ ထို့နောက် ခရိုင်မြို့ကြီးများတွင်ပါ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ဖူးသည်။ အဆိုပါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Brand Shop များတွင် MPT မှထုတ်သော ထုတ်ကုန်များ (ဆင်းမ်ကတ်၊ ငွေဖြည့်ကတ်) များကို တိုက်ရိုက် ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အရောင်းဆိုင်ခွဲကို တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမတွင် တစ်ဆိုင်၊ စာတိုက်ကြီးအနီးတွင် တစ်ဆိုင် ဖွင့်လှစ်ထားပြီး MPT ၏ ထုတ်ကုန်များအပြင် MPT နှင့်ပတ်သက်သည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ Credit to internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Posted: 21 Jul 2015 05:43 AM PDT အဆိုပါ app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit to internetjournal Thiha Htike(THT) thihahtike.it@gmail.com ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဝင်းလှိုင်(နည်းပညာ) ၏ Android Application (1.09MB) Posted: 21 Jul 2015 03:49 AM PDT Android OS , Application နှင့် Games များပြဿနာဖြေရှင်းနည်းများ၊အင်္ဂလိပ်စာ စကားပြောနှင့် စာအုပ်၊ ကွန်ပျူတာပြဿနာဖြေရှင်းနည်း၊ နည်းပညာဆိုင်ရာဗဟုသုတနည်းလမ်းများ၊ နည်းပညာဆိုင်ရာစာအုပ်များ၊ မြန်မာစာတန်းထိုး,အင်္ဂလိပ်စာတန်းထိုး နိုင်ငံခြားဗွီဒီယို ဇာတ်လမ်းများစသည့်တို့ကို Free လေ့လာနိုင်ပါတယ်။ Download Here |
| ဈေးနှုန်းသက်သာသော Desire စမတ်ဖုန်း ၄ မျိုးကို HTC မိတ်ဆက် Posted: 21 Jul 2015 03:10 AM PDT HTC သည် အမေရိကန် ဈေးကွက်အတွက် ဈေးနှုန်းသက်သာသော Desire LTE စမတ်ဖုန်းသစ်များကို မိတ်ဆက်ခဲ့သည်။ ၎င်းတို့မှာ Desire 626, 626s, 526 နှင့် 520 တို့ ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ယခုမိတ်ဆက်လိုက်သော ဟန်းဆက်များကို လူတိုင်းဝယ်ယူနိုင်သည့် ထုတ်ကုန်များဖြစ်ကြောင်း ဖော်ပြခဲ့သည်။ HTC Desire 626 နှင့် 626s ၏ မျက်နှာပြင်မှာ ၅ လက်မဖြစ်ပြီး ပန်းနုရောင်အဖျော့၊ ချော်ခဲမီးခိုးရောင်၊ ထုံးရောင်၊ ရေပြာရောင် အပါအဝင် အရောင်အမျိုးမျိုးဖြင့် ထုတ်လုပ်ပေးထားသည်။ အဆိုပါ ထုတ်ကုန်များအားလုံးသည် LTE ချိတ်ဆက်မှု အသုံးပြုနိုင်ပြီး 2000mAh ဘက်ထရီလည်း ပါဝင်သည့်အပြင် memory လည်းတိုးချဲ့ အသုံးပြုနိုင်သည်။ ဖုန်းများ၏ ကျောဘက် ကင်မရာမှာ 8 megapixel ဖြစ်ပြီး Desire 626 ၏ ရှေ့ကင်မရာမှာ 5 megapixel ဖြစ်သော်လည်း HTC Desire 626s, HTC Desire 526 နှင့် HTC Desire 520 ရှေ့ကင်မရာမှာ 2 megapixel သာ ရှိသည်။ HTC Desire 626 ၏ အခြားအသေးစိတ် အချက်အလက်မှာ 1.1 GHz quad-core Qualcomm Snapdragon, storage 16GB နှင့် 200GB အထိ တိုးချဲ့အသုံးပြုနိုင်သော microSD card slot တို့ပါဝင်သည်။ HTC Desire 526 တွင် 1.1 GHz Qualcom MSM 8909, Android 5.1, storage 8GB နှင့် မျက်နှာပြင် အရွယ်အစား ၄.၇ လက်မတို့ ဖြစ်သည်။ Ref: ZDNet Credi to internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဂီတချစ်သူများအတွက် ကုမ္ပဏီ၏ ပထမဦးဆုံးဖုန်းကို Marshall မိတ်ဆက် Posted: 21 Jul 2015 03:10 AM PDT အမ်ပလီဖိုင်ယာများနှင့် နားကြပ်များအတွက် နာမည်ကျော်လူသိများသော Marshall ကုမ္ပဏီသည် အသံအရည်အသွေး မြင့်မားသော London ဟုခေါ်သည့် ကုမ္ပဏီ၏ ပထမဦးဆုံး စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Android စမတ်ဖုန်းသည် ကမ္ဘာပေါ်တွင် အသံအကျယ်ဆုံး မိုဘိုင်းဖုန်း ဖြစ်ကြောင်း ကုမ္ပဏီက ညွှန်းဆိုထားသည်။ ၎င်းတွင် front-facing စပီကာ နှစ်ခုနှင့် hi-fi sound card တစ်ခုတို့ ပါဝင်သောကြောင့် သုံးစွဲသူများက နားကြပ်မလိုဘဲ သီချင်းကို အရည်အသွေးမြင့်မြင့်ဖြင့် နားဆင်နိုင်မည် ဖြစ်သည်။ ထို့အပြင် နားကြပ်ပေါက် နှစ်ခုပါဝင်သောကြောင့် သုံးစွဲသူများက နားကြပ်နှစ်ခုတပ်ဆင်ကာ သူငယ်ချင်းတစ်ဦးနှင့်အတူ သီချင်းနားထောင်ခြင်းနှင့် ဗီဒီယိုကြည့်ရှုခြင်းတို့ကို အတူတကွ ပြုလုပ်နိုင်မည် ဖြစ်သည်။ London စမတ်ဖုန်း၏ ထိပ်ဘက်တွင် M-Button ဟုခေါ်သော ခလုတ်တစ်ခု ပါဝင်ပြီး ၎င်းသည် သုံးစွဲသူက click တစ်ချက်နှိပ်ရုံဖြင့် သီချင်းကို နားဆင်နိုင်စေမည် ဖြစ်သည်။ ၎င်းတွင် ပါဝင်သည့် music player သည် mp3, mp4 နှင့် AAC စသော နာမည်ကျော် format များကိုပါ အထောက်အပံ့ပေးနိုင်သည်။ ၎င်းဖုန်းကို အသံသွင်းရာတွင်လည်း အသုံးပြုနိုင်ပြီး အသံသွင်းရန်အတွက် ဆူညံသံလျှော့ချပေးမည့် software နှင့် dual microphone တို့ကို ထောက်ပံ့ပေးထားသည်။ DJ app တစ်ခု ပါဝင်သောကြောင့်လည်း သုံးစွဲသူများက သီချင်းများကို ရောစပ်ဖန်တီးနိုင်မည် ဖြစ်သည်။ Marshall London တွင် Android Lollipop ကို အသုံးပြုထားပြီး ၄.၇ လက်မ screen, 2GB memory နှင့် 16GB သိုလှောင်မှုပမာဏတို့ကို ထောက်ပံ့ပေးထားသည်။ အပိုဆောင်း သိုလှောင်မှုပမာဏအတွက် microSD card slot ပါဝင်ပြီး ဘက်ထရီက 2500mAh ဖြစ်သည်။ ကျောဘက်ကင်မရာမှာ 8MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 2MP ဖြစ်သည်။ အဆိုပါ စမတ်ဖုန်းကို စတာလင်ပေါင် ၃၉၉ ဖြင့် နိုင်ငံပေါင်း ၂၂ နိုင်ငံသို့ တင်ပို့ ရောင်းချမည် ဖြစ်သည်။ Marshall ဝက်ဘ်ဆိုက်တွင် ကြိုတင်မှာယူသူများ အနေဖြင့် Monitor နားကြပ်တစ်စုံ အခမဲ့ရရှိမည်ဖြစ်သည်။ တင်ပို့ရောင်းချမည့် အချိန်မှာ နိုင်ငံအပေါ်မူတည်ပြီး သြဂုတ်လကုန်မှ စက်တင်ဘာလလယ်အတွင်း ဖြစ်ကြောင်း သိရသည်။ Ref: Telegraph Credit to internetjournal Thiha Htike(THT) အဆင်ပြေပါစေ..မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Instagram ဝက်ဘ်ဆိုက်တွင် တည်နေရာနှင့် hashtag များ ရှာဖွေနိုင်မည် Posted: 21 Jul 2015 03:10 AM PDT ယခုအခါတွင် Instagram ဝက်ဘ်ဆိုက်ကို ၎င်း၏ မိုဘိုင်း app ကဲ့သို့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဓာတ်ပုံဝေမျှသော လူမှုရေးကွန်ရက်ဖြစ်သည့် Instagram သည် ၎င်း၏ ဝက်ဘ်ဆိုက်ကို အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ပြီး သုံးစွဲသူများအနေဖြင့် hashtag များ၊ တည်နေရာများနှင့် သုံးစွဲသူများ၏ account များ ရှာဖွေခြင်းတို့ကို စမတ်ဖုန်းတွင် ပြုလုပ်သကဲ့သို့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။ "ဒီနေ့မှာ ကျွန်တော်တို့က Instagram ဝက်ဘ်ဆိုက်မှာ ရှာဖွေမှုတွေ ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် Instagram ကို ဝက်ဘ်ဆိုက်ကနေ သုံးစွဲသူများ အနေနဲ့ ကျွန်တော်တို့ရဲ့ မိုဘိုင်း app ကို သုံးနေသလိုမျိုးပဲ လျင်မြန် သပ်ရပ်လှပစွာနဲ့ အသုံးပြုနိုင်ပါပြီ" ဟု Instagram မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ၂၀၁၂ ခုနှစ်က Facebook မှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖြင့် ဝယ်ယူခဲ့သော Instagram သည် ကမ္ဘာ့အကျော်ကြားဆုံး လူမှုရေးကွန်ရက်များအနက် တစ်ခုဖြစ်ပြီး လစဉ်သုံးစွဲသူဦးရေမှ သန်း ၃၀၀ ကျော်ရှိသည်။ ၎င်း application သည် သုံးစွဲသူများ ရိုက်ကူးထားသော ဓာတ်ပုံများကို filter များထည့်သွင်းကာ သူငယ်ချင်းများထံ ဝေမျှပေးနိုင်သည်။ သုံးစွဲသူ အရေအတွက် မြင့်တက်လာပြီးနောက် Instagram သည် ပုံမှန် အဆင့်မြှင့်တင်မှုများကို လွန်ခဲ့သည့် လများကတည်းက ပြုလုပ်ခဲ့သည်။ ဇွန်လတွင် အဆိုပါ လူမှုရေးကွန်ရက်သည် သုံးစွဲသူများက သတင်းများနှင့် ပွဲများကို အချိန်နှင့် တစ်ပြေးညီ ရှာဖွေသိရှိနိုင်စေရန်အတွက် Explore feature ကို မိတ်ဆက်ပေးခဲ့သလို ယခုလအစောပိုင်းကလည်း resolution မြင့်မားသည့် ဓာတ်ပုံများ ဝေမျှနိုင်ရန် ဆောင်ရွက်ခဲ့သည်။ Ref: CNET Credit to internetjournal Thiha Htike(THT) thihahtike.it@gmail.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| မိုဘိုင်းဖုန်း Screen နည်းပညာများအကြောင်း Posted: 21 Jul 2015 03:06 AM PDT မိုဘိုင်းဖုန်းများတွင် ရုပ်ထွက်အရည်အသွေးပိုင်း ပိုမိုကောင်းမွန် လာစေရန်အတွက် Display နည်းပညာမျိုးစုံကို အသုံးပြုထုတ်လုပ်လျက်ရှိပြီး တစ်မျိုးထက် တစ်မျိုးဆန်းသစ်ပြီး မြင့်မားသည့် နည်းပညာများ အသုံးပြုလာကြသည်။ တစ်နှစ်ထက်တစ်နှစ် ပိုမိုပေါ့ပါးသည့် ဖုန်းအမျိုးအစားများ၊ မြင်ကွင်းအရွယ်အစား ကြီးမားသည့် ဖုန်းအမျိုးအစားများ၊ မြင်ကွင်းပုံစံ ဆန်းပြားသည့် ဖုန်းအမျိုးအစားများ များစွာထွက်ပေါ်လာသည်။ ဖုန်းမြင်ကွင်း အကြီးအသေး ဆိုဒ်မျိုးစုံအလိုက် မြင်ကွင်းများ၏ ထောက်ပံ့လုပ်ဆောင်နိုင်စွမ်း ရုပ်ထွက်အရည်အသွေး (resolution) မျိုးစုံရှိမည်ဖြစ်သည်။ မြင်ကွင်းကြီးမားတိုင်းလည်း ရုပ်ထွက်ပိုင်း ကောင်းမွန်သည် မဟုတ်ပေ။ အချို့မြင်ကွင်း ကြီးမားပြီး ရုပ်ထွက်ပိုင်း မကောင်းမွန်ကြသလို မြင်ကွင်းသေးသေးနှင့် ရုပ်ထွက်ပိုင်း မြင့်မားကောင်းမွန် လှသည်များလည်း ရှိလေသည်။ မြင်ကွင်း၏ ရုပ်ထွက်ပိုင်းကို pixel နှင့်ဖော်ပြလေ့ရှိပြီး အလျားနှင့် အနံပေါင်းခြင်းတွင်ရှိသည့် pixel ပမာဏပေါ်မူတည်၍ အဆိုပါ မြင်ကွင်း၏ ရုပ်ထွက်ပိုင်းကောင်း မကောင်းကို သိရှိနိုင်မည်ဖြစ်သည်။ ဥပမာ- WXGA Display (1280x800) ရှိမည်ဖြစ်ပြီး ကွင်းအတွင်းမှ ကိန်းကဏန်းပမာဏသည် အလျားနှင့်ဒေါင်းလိုက် မြှောက်ခြင်းဖြင့် ရရှိနိုင်မည့် pixel ပမာဏဖြစ်သည်။ Android OS စနစ်သုံး စမတ်ဖုန်းများတွင် အသုံးပြုသည့် မြင်ကွင်း resolution ဆိုင်ရာများကို လေ့လာကြည့်မည်ဆိုလျှင် QVGA (240x320) ၊ HVGA (320x480)၊ WVGA (480x800) ၊ qHD (540x960) ၊ HD (1280x720)၊ FHD (1920x1080) ၊ QHD (1440x2560) ၊ WXGA (1280x800) ၊ WQXGA (2560x1600) ဟူ၍ အခြေခံအားဖြင့် သိရှိနိုင်မည်ဖြစ်ပြီး လက်ရှိ Android စမတ်ဖုန်းများတွင် အသုံးများသည့် မြင်ကွင်းဆိုင်ရာ ရုပ်ထွက်အရည်အသွေး pixel ပမာဏများ ဖြစ်သည်။ ယနေ့ခေတ်၌ ၅ လက်မအ ရွယ်အစားရှိသည့် မိုဘိုင်းဖုန်းတစ်လုံးကို ကြည့်မည်ဆိုလျှင် 720p (pixel) ရှိသည် HD ရုပ်ထွက် အရည်အသွေးကနေ 1080p HD အရည်အသွေးရှိ Display ကို အသုံးပြုထားသည့်ကို အကြမ်းမျဉ်းအားဖြင့် တွေ့ရှိရမည်ဖြစ်ပြီး နောက်ဆုံးထွက်ရှိထားသည့် မော်ဒယ်မြင့် စမတ်ဖုန်းများ၌ ထို့ ထက်ကောင်းမွန်သည့် အရည်အသွေးများကို ပိုင်ဆိုင်ထားမည် ဖြစ်သည်။ Mobile Phone များတွင် အသုံးများသော Screen များ VGA/ HVGA/ WVGA လွန်ခဲ့သည့်နှစ်များက Android စနစ်သုံး မိုဘိုင်းဖုန်းများတွင် အသုံးပြုသည့် Video Graphics Array (VGA) Display အမျိုးအစား ဖြစ်သည်။ ပုံမှန် resolution ပမာဏ 640x480 pixels နှင့် 480x640 pixels ပမာဏ၀န်းကျင် ရှိမည်ဖြစ်ပြီး HVGA အမျိုးအစား၌ 320x480 pixels ရှိမည်ဖြစ်သည်။ HVGA သည် ပုံမှန် VGA အရွယ်အစား၏ တစ်ဝက်ရှိမည် ဖြစ်သည်။ H သည် Half ကို ကိုယ်စားပြုသည်။ VGA စနစ်တွင် HVGA အပြင် QVGA၊ WVGA၊ FWVGA ဟူ၍ မျိုးခွဲများ စွာရှိသေးသည်။ WVGA Display အမျိုးအစားကို HTC Desire၊ Nexus One၊ Samsung Galaxy S၊ Motorola Droid X စသည့် ဖုန်းများ၌ စတင်အသုံးပြုခဲ့သည်။ XGA Extended Graphics Array (XGA) Display များသည် ရုပ်ထွက် resolution 1024x768 pixels ထိထောက်ပံ့ နိုင်ကြမည်ဖြစ်သည်။ WXGA သည် XGA ကို အဆင့်မြှင့်လိုက်သည့် Display အမျိုးအစား ဖြစ်ပြီး W သည် ကျယ်ပြန်ခြင်း (Wide) ကို ကိုယ်စားပြုသည်။ ယခုနောက်ပိုင်းတွင် XGA သည် WQXGA ထိ တိုးတက်မြင့်မားလာပြီး ရုပ်ထွက် resolution အား 2560x1600 ထိ ထောက်ပံ့ပေး နိုင်သည်။ WQXGA ၏ W သည် ပိုမိုကျယ်ပြန့်ခြင်း (Wider) နှင့် Q သည် လေးဆ (Quad) ကို ကိုယ်စားပြုသည်။ WXGA Display အမျိုး အစားကို Nexus 4၊ LG Optimus G စသည့် ဖုန်းများ၌ စတင်အသုံးပြုခဲ့ပြီး WQXGA ကို Nexus 10 တွင် အသုံးပြုခဲ့သည်။ WQXGA Wide Quad Extended Graphics Array (WQXGA) Display သည် ရုပ်ထွက်အရည် အသွေး resolution ကို 2560x1600 pixels ထိ ထောက်ပံ့ ပေးနိုင်မည်ဖြစ်သည်။ WQXGA Display ကို ၂၀၁၂ ခုနှစ် Samsung မှ ထုတ်လုပ်သည့် Nexus 10 တွင် စတင်အသုံးပြုခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Samsung Galaxy Tab S ၊ Galaxy Tab 10.1 (2014 edition) တို့၌ အသုံးပြုခဲ့ သည်။ qHD/ HD/ FHD ၂၀၁၁ ခုနှစ်ထုတ် high-end အမျိုးအစား စမတ်ဖုန်းများတွင် အသုံးပြုလာသည့် Display နည်းပညာတစ်ခုဖြစ်ပြီး qHD ၏ q သည် HD ၏ လေးပုံပုံတစ်ပုံ (one-quarter) ကို ကိုယ်စားပြုသည်။ qHD သည် resolution 540x960 ထိ ထောက်ပံ့ပေးနိုင်ပြီး HD သည် ရုပ်ထွက် resolution 1280x720 pixels ရှိမည်ဖြစ်သည်။ ၂၀၁၂ ခုနှစ် ထုတ် စမတ်ဖုန်းများတွင် resolution 1280x720 ထိ ထောက်ပံ့ပေးနိုင်သည့် HD Display အား အသုံးပြုထားပြီး မြင်ကွင်းအရွယ်အစား ၄ လက်မ နှင့်အထက် စမတ်ဖုန်းများတွင် HD Display များကို ပုံမှန်အသုံးပြု လာကြသည်။ FHD Display (Full HD) အမျိုးအစား မြင်ကွင်းများကို ၂၀၁၃ ခုနှစ်ထုတ်ဖုန်းများတွင် အသုံးပြုလာပြီး resolution 1920x1080 pixels ထိထောက် ပံ့ပေးနိုင်မည် ဖြစ်သည်။ resolution 1080p pixels အမျိုးအစားအား True HD ဟု ခေါ်တွင်ပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် 1080p Display အသုံးပြုထားသည့် ဖုန်းများကို ထွက်ပေါ်လာသည်။ qHD Display အမျိုးအစားကို HTC Sensation၊ LG Optimus G စသည့်မိုဘိုင်း ဖုန်းများနှင့် FHD Display များအား Samsung Galaxy S4၊ Nexus 5 နှင့် LG G2 စသည့် ဖုန်းများ၌ စတင်အသုံးပြု ခဲ့သည်။ Quad HD ပုံမှန် 720p အရည်အသွေး၏ ၂ ဆ သို့မဟုတ် ၄ ဆ ပိုမိုကောင်းမွန်သည့် resolution ပမာ ဏဖြစ်သည့် Quad HD သည် resolution 1440x2560 pixel အရည်အသွေးရှိ ရုပ်ထွက်ကို ရရှိနိုင်မည်ဖြစ်သည်။ Quad HD မြင်ကွင်းအမျိုးအစားကို OPPO မှ ၎င်း၏ Find 7 ဖုန်းတွင် စတင်အသုံးပြုခဲ့ပြီး LG ကလည်း G3 မော်ဒယ်စမတ်ဖုန်းတွင် စတင်အသုံးပြုခဲ့သည်။ ထို့ပြင် Nexus 6 နှင့် Samsung Galaxy Note 4 တို့၌ Quad HD Display ကို အသုံးပြုထားသည်။ IPS-NEO ဆိုတာကတော့ Huawei ကနေ နောက်ဆုံး P8 မော်ဒယ်စမတ်ဖုန်းမှာ အသုံးပြုထားတဲ့ Display နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းပညာက IPS Display နည်းပညာကို အဆင့်မြှင့်တင်ထားတဲ့ နည်းပညာ တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီ Display နည်းပညာကို Japan Display Inc. (JDI) ကနေ မိုဘိုင်း ထုတ်ကုန်တွေအတွက် တီထွင်ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။ IPS-NEO Display တွေက မြင့်မားတဲ့ Contrast နဲ့ မြင့်မားတဲ့ ပုံရိပ် အရည်အသွေးတွေကိုဖော် ဆောင်ပေးနိုင်ပါတယ်။ IPS Display တွေက မြင့်မားတဲ့ ပုံထွက်အရည်အသွေးနဲ့ ကျယ်ပြန်တဲ့ရှုထောင့် (View Angle) ကိုကောင်းစွာ ထောက်ပံ့ပေးနိုင်ပါတယ်။ IPS နည်းပညာနဲ့ တွဲဖက်ဖန်တီးထားတဲ့ IPS-NEO Display တွေကတော့ ပုံရိပ်တွေကို မြင့်မားကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးအပြင် အနက်စစ်လို မြင့်မားတဲ့ကာလာ အရည်အသွေးကို မည့်သည့်ရှုထောင်ကမဆို ပြောင်းလဲခြင်းမရှိဘဲ ခံစားကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။ IPS-NEO Display တွေက IPS Display တွေ ထုတ်လုပ်သလိုမျိုး ထုတ်လုပ်မှုအဆင့် မများအောင် ဖန်တီးထားတာဖြစ်ပြီး သူ့မှာ TLC (transmissive liquid crystal) လို့ခေါ်တဲ့ လျှပ်စစ်ကူး ပြောင်းမှုနှုန်းပုံမှန်ထက် ၁၀ ရာခိုင်နှုန်း ပိုမိုလျော့နည်းတဲ့ နည်း ပညာကို အသုံးပြု ထုတ်လုပ်ထားပါသေးတယ်။ Tablet PC နဲ့ Notebook ဈေးကွက်အတွက် JDI ကအခုနောက်ပိုင်းမှာ အရွယ်အစားအသေး၊ အလတ်ဆိုဒ်ရှိတဲ့ Display တွေကို ထုတ် လုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ Monitor နဲ့ All-in-One PC တွေမှာ ဒီ Display နည်းပညာတွေကို စတင်အသုံးပြုခဲ့ပါတယ်။ မိုဘိုင်းဖုန်းတွေမှာတော့ IPS-NEO နည်းပညာ အသုံးပြုထုတ်လုပ်ထားတဲ့ Display တွေက ပုံမှန် IPS နည်းပညာသုံး Display တွေထက် ပါဝါသုံးစွဲမှု လျော့နည်းပြီး ပုံရိပ်တွေကို သဘာဝကျတဲ့ ကာလာအရည်အသွေးနဲ့ ပုံဖော်ပေးနိုင်တဲ့အပြင် မည်သည့်ရှုထောင့်ကမဆို ကြည့်ရှုခြင်းအတွက် ပြောင်းလဲမှုမရှိတဲ့ ရုပ်ထွက်ကာလာကို ခံစားရမှာလည်း ဖြစ်ပါတယ်။ Retina Display Apple မှ ထုတ်လုပ်သည့် iPhone၊ iPod Touch၊ iPad၊ MacBook Pro၊ iPad Mini၊ iPad Air ၊ iMac စသည်တို့တွင် အသုံးပြုထားပြီး ရုပ်ထွက်အရည်အသွေး pixel ကို အနိမ့်ဆုံး 218 PPI မှ အမြင့်ဆုံး 401 PPI ထိ ထောက်ပံ့ပေးနိုင်သည်။ iPhone 6 Plus သည် resolution 401 PPI ထိ ထောက်ပံ့ပေးနိုင်သည်။ LTPS LCD LTPS LCD ဆိုတာကတော့ ခုနောက်ပိုင်းမှာ ပေါ်ပြူလာဖြစ်လာတဲ့ Display နည်းပညာတစ်ခုပါ။ LTPS ရဲ့အရှည်ကတော့ Low temperature polysilicon ဖြစ်ပါတယ်။ ဒီနည်းပညာကို a-Si TFT LCD လို့လဲ ခေါ်ဝေါ်သုံးနှုန်း ပါသေးတယ်။ ဒီ LTPS LCD Display တွေက pixels တွေကို ပိုမိုနီးကပ် စွာနဲ့ပုံဖော ပေးနိုင်တဲ့အပြင် pixels ရဲ့ သိပ်သည်းဆကို 200dpi နဲ့အထက်ထိကို လက်ခံဆောင်ရွက်နိုင် စွမ်းရှိပါတယ်။ အဲဒီလိုလုပ်ဆောင် နိုင်တဲ့အတွက် ပုံရိပ်တွေကို အလွန် လျင်မြန်စွာ ပုံဖော်ပေးနိုင်မှာဖြစ်တဲ့အပြင် ကြီးမားကျယ်ပြန်တဲ့ မြင်ကွင်းတွေပေါ်မှာ TFT လို့ခေါ် တဲ့ Thin film Transistors ကိုလည်း ထည့်သွင်းအသုံးပြုနိုင်အောင် ထောက်ပံ့ပေးနိုင် ပါသေးတယ်။ ဒါ့အပြင် AMOLED နည်းပညာအတွက် များစွာထောက်ပံ့ လုပ်ဆောင်ပေးနိုင် ပါသေးတယ်။ AMOLED Display တွေမှာ လိုအပ်တဲ့ မြင့်မားတဲ့ စွမ်းအင်လို အပ်ချက်ကို အပြည့်အဝ ရရှိအသုံး ပြုနိုင်ဖို့အတွက် အဓိကထောက်ပံ့ ပေးတာဖြစ်ပါတယ်။ LTPS နည်းပညာရဲ့ လျှပ်စစ်ကူးပြောင်းနှုန်း က ပုံမှန်စီလီကွန်တစ်ခုကနေ ကူးပြောင်းပေးနိုင်တဲ့ လျှပ်စစ်ကူးနှုန်းထက် အဆပေါင်း ၁၀၀ ကျော် ပိုမိုပေါ့ပါးမြန်ဆန်မှု ရှိလို့လဲဖြစ်ပါတယ်။ မိုဘိုင်း Display တော်တော်များများအတွက် လုံလောက်တဲ့ စွမ်းအင်ပိုင်းဆိုင်ရာကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့အပြင် စွမ်းအင်သုံးစွဲမှုကိုလည်း လျော့ချ ပေးနိုင်ပါတယ်။ စမတ်ဖုန်းတွေရဲ့ ရုပ်ထွက်အရည်အသွေး 1080p ရဲ့ အထက်ကို ရရှိဖို့အတွက်ဆိုရင်တော့ Display တွေမှာ ဒီ LTPS LCD နည်းပညာကို အဓိကနည်းပညာ တစ်ခုအနေနဲ့ ထည့်သွင်းအသုံးပြု ရမှာဖြစ်ပါတယ်။ LTPS ကို LCD Display နဲ့ AMOLED panels တွေမှာ နောက်ခံ backplane နည်းပညာ တစ်ခုအနေနဲ့ တွဲဖက် အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ 1080p အ တွက် LCD အခြေခံ ထုတ်လုပ်ထားတဲ့ Display တွေက a-Si TFT LCD အခြေခံထုတ်လုပ်တဲ့ Display တွေထက် ၁၄ ရာခိုင်နှုန်း ထုတ် လုပ်မှုစရိတ်ပိုမို များပြားတာ ကြောင့်ဖြစ်ပါတယ်။ အနာဂတ်ရဲ့ မြင့်မားတဲ့ resolution Display အတွက် စွမ်းဆောင်ရည်မြင့် နည်းပညာ တစ်ခုဖြစ်တဲ့ LTPS LCD နည်းပညာကို Gionee က Elife E7 စမတ်ဖုန်းမှာ မြင်နိုင်ပါတယ်။ Super LCD Display AMOLED သည် Super AMOLED ၏ ရှေ့ပြေးဖြစ်ပြီး LCD သည်လည်း Super LCD ၏ ရှေ့ ပြေးဖြစ်သည်။ ပုံမှန် LCD Display သည် LCD နှင့် အပြင်ဘက်မှန် ကြား၌ လေဟာနယ်ကြားခံရှိပြီး Super LCD Display သည် ၄င်းလေဟာနယ်ကို ဖယ်ထုတ်ထားသည်။ ယင်းသို့ဖယ်ထုတ် ထားသည့်အတွက် Super AMOLED Display များကဲ့သို့ တောက်ပသည့် မြင်ကွင်းနှင့် စိုပြေကောင်းမွန်သော ရုပ်ထွက်ကို ပြင်ပအလင်းရောင် အောက်တွင် မြင်နိုင်သည့်အပြင် သာမန် LCD ထက် ပိုမိုပါးလွှာကာ စွမ်းအင်ပါဝါ သုံးစွဲမှုလည်း လျော့နည်းမည်ဖြစ်သည်။ Super LCD Display သည် ယခုအခါတွင် Super LCD 2 ၊ Super LCD 3 ဟူ၍ မျိုးဆက်သစ်များ ထွက်ပေါ်လာပြီး Super LCD 3 သည် Super LCD 2 ထက် ပိုမိုတောက်ပသည့် မြင်ကွင်း၊ ပိုမိုကောင်းမွန်သည့် ရှုထောင့် (viewing angles) နှင့် ဗီဒီယိုကြည့်ရှုချိန်၌ ချောမွေ့ ကောင်းမွန်သည့် ရုပ်ထွက်ကို ရရှိနိုင်မည်ဖြစ်သည်။ OLED ၏ မျိုးဆက်သစ် မြင်ကွင်းဆိုင်ရာ နည်းပညာဖြစ်သည်။ AMOLED Display များသည် OLED Diaplay ထက် ပိုမိုမြင့်မား များပြားသည့် pixels ပမာဏကို ထောက်ပံ့ပေးနိုင်ပြီး LCD ထက် အဆပေါင်း ၁၀၀၀ ပိုမိုမြန်ဆန်စွာ ပုံရိပ်ဖော်နိုင်မည် ဖြစ်သည်။ Super AMOLED display သည် resolution 720x1280 pixels ထိ ထောက်ပံ့ ပေးနိုင်သည့် အမျိုးအစားနှင့် resolution 1080x1920 pixels ထိ ထောက်ပံ့ပေးနိုင်သည့် Full HD Super AMOLED ဟူ၍ ရှိမည် ဖြစ်သည်။ Samsung Galaxy စီးရီးအမျိုးအစား ထုတ်ကုန်အများ စုသည် AMOLED Di splay အမျိုးအစားများ ဖြစ်သည်။ Multi-touch display (MTD) Multi-touch display (MTD) ကို capacitive touchscreens လို့ခေါ်တဲ့ အီလက်ထရွန်းနစ် ထုတ်ကုန်ပစ္စည်းတွေကို တို့ထိခိုင်းစေ အသုံးပြုနိုင်တဲ့ Display နည်းပညာသုံး မိုဘိုင်းဖုန်း မြင်ကွင်းတွေမှာ တွဲဖက်ထည့်သွင်း အသုံးပြုလာတဲ့ အာရုံခံ Display နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ MTD နည်းပညာကို capacitive touch-screens Display တွေနဲ့သာမဘဲ တခြားသော Display အမျိုးအစား တွေနဲ့ပါတွဲဖက် အသုံးပြုလာတာကို တွေ့ရမှာဖြစ်ပါတယ်။ဒီနည်းပညာက လက်ချောင်း နှစ်ချောင်း (သို့မဟုတ်) နှစ်ချောင်းထက်ပိုတဲ့ လက်ချောင်းထိပ်တွေနဲ့ မြင်ကွင်းပေါ် ထိတွေ့မှုတွေကို သိရှိအာရုံခံပေးတဲ့ Display နည်းပညာဆိုရင်လည်း မမှားပါဘူး။ မြင်ကွင်းပေါ် ထိတွေ့လာတဲ့ လက်ချောင်း ထိပ်လေးတွေရဲ့ တည်နေရာနဲ့ သူနဲ့ဆက်စပ်နေတဲ့ အနေအထားတွေအပြင် ပြောင်းလဲသွားတဲ့ လက်ချောင်းထိပ်များရဲ့ တို့ထိမှုတွေကိုပါ MTD နည်းပညာက သိရှိအာရုံခံပေး နိုင်ပါတယ်။ ဒါ့အပြင် မြေပုံ၊ ဓာတ်ပုံတွေကို ချဲ့ကြည့်ခြင်း၊ ပြန်ချုံ့ခြင်းစတဲ့ လက်နှစ်ချောင်း တစ်ပြိုင်နက် အသုံးပြုခြင်း တွေကိုလည်း ပြုလုပ်နိုင်အောင် ဒီ Diaplsy နည်းပညာက ထောက်ပံ့ ပေးပါသေးတယ်။ ဒီ MTD နည်းပညာကို အများဆုံး အသုံးပြုတာကတော့ Apple ပါ။ Apple က သူ့ရဲ့ ထုတ်ကုန် ပစ္စည်းတွေဖြစ်တဲ့ iPhone ၊ iPod တိုင်းတွေမှာကတည်းက ဒီနည်း ပညာကို အပြည့်အ၀ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ Apple တင် မဟုတ်ပါဘူး Microsoft, HP, 3M နဲ့ ကုမ္ပဏီများစွာက ဒီနည်းပညာ ကို ၎င်းတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြု ခဲ့ကြပါတယ်။ Multi-touch နည်းပညာက ကြီးမားကျယ်ပြန့်တဲ့ မြင်ကွင်းအ ရွယ်အစားမျိုးစုံရှိတဲ့ မျက်နှာပြင် တွေပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ထိသိအသုံးပြု နိုင်ပါတယ်။ အခုဆိုရင်တော့ လက်ဖ၀ါး အပြည့်ထိတွေ့ သုံးစွဲမှုမှုတွေနဲ့ ရှုပ်ထွေးတဲ့ gestures စနစ်တွေ အတွက်လည်း ဒီနည်းပညာက ထောက်ပံ့လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။ OLED / AMOLED / POLED POLED ဆိုတာကတော့ Screen နည်းပညာတစ်ခုရဲ့ ခေါ်ဝေါ်သုံးစွဲမှု စကားစုတစ်ခုဖြစ်ပြီး ဒီစနစ်ကိုတော့ LG ကနေပြီး စတင်ခဲ့တာ ဖြစ်ပါတယ်။ POLED ဆိုတာကတော့ Plastic OLED ရဲ့အတိုကောက် အသုံးနှုန်းတစ်ခုဖြစ်ပြီး OLED လို့ခေါ်တဲ့ Screen နည်းပညာကနေ ဆင်းသက်လာခဲ့တာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်မျက်နှာပြင် နည်းပညာတစ်ခုဖြစ်တဲ့ OLED (Organic light-emitting diode) နည်းပညာမှာတော့ PMOLED (Passive-matrix OLED) နဲ့ AMOLED (Active-matrix OLEDs) ဆိုပြီး နှစ်မျိုးရှိပါတယ်။ OLED Display တွေက နောက်ခံအလင်း backlight မလိုဘဲ အသုံးပြုနိုင်တဲ့ Screen နည်းပညာတစ်ခုဖြစ်ပြီး အဆိုပါ OLED Display များဟာ LCD (Liquic Crystal Display) များထက် ပိုမိုပေါ့ပါး ပါးလွှာသည့်အပြင် နက်ရှိုင်းကောင်းမွန်သည့် အနက်ရောင်အစစ်ကို ပုံဖော်ပေးနိုင်ပါတယ်။ အလင်းအားနည်းနေတဲ့ အခြေအနေမျိုးတွေမှာတောင် OLED Display တွေဟာ မြင့်မားတဲ့ ကြည်လင်ပြတ်သားမှု (contrast ratio) ကို LCD တွေထက်ပိုမို ကောင်းမွန်အောင် ဖော်ဆောင်ပေးနိုင်ပါတယ်။ ဒါကတော့ OLED Screen တွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ပိုင်းပါ။ POLED ဆို တာကတော့ OLED Screen နည်း ပညာပေါ်မှာ ထပ်မံပေါင်းစပ် ဖြည့်စွက်ထားတဲ့ နည်းပညာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ OLED တွေ မှာ AMOLED နဲ့ PMOLED ဆိုတဲ့ စနစ်တွေဟာ ဖန်သားမျက်နှာပြင်တွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး POLED ကတော့ ပလပ်စတစ်မျက်နှာပြင်နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ ဖန်သားပြင်ထက် ၆၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါးတဲ့အပြင် မတော်တဆ ပြုတ်ကျခြင်း၊ လွတ်ကျခြင်းတွေအတွက် အလွယ်တကူ မကွဲအက်နိုင်တဲ့ မျက်နှာပြင် နည်းပညာ တစ်ခုလည်း ဖြစ်ပါတယ်။ POLED နည်းပညာဟာ ပလပ်စတစ် အခြေပြုထုတ်လုပ် ထားတာဖြစ်တဲ့အတွက် မျက်နှာပြင်ကို ခေါက်ခြင်း၊ လိပ်ခြင်းနှင့် ကွေးခြင်းများကို ကောင်းစွာပြုလုပ်နိုင်ပါတယ်။ POLED Display တွေဟာ မြင့်မားတဲ့ အပူခံနိုင်ခြင်းနဲ့ ချောမွေ့တဲ့ မျက်နှာပြင် တစ်ခုအဖြစ် ကောင်းစွာအသုံးပြု နိုင်တယ်လို့ ဆိုပါတယ်။ ဒီ Screen နည်းပညာကိုတော့ မိုဘိုင်းဖုန်းတွေ ပေါ်မှာဆိုရင်တော့ ကွေးညွှတ်ထားတဲ့ မျက်နှာပြင်နဲ့ ထုတ်လုပ်ခဲ့တဲ့ LG G Flex ဖုန်းရဲ့ မျက်နှာပြင်မှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ Credit to internetjournal Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Task Manager Pro (Task Killer) v2.2.1Apk Posted: 20 Jul 2015 10:04 PM PDT ဖုန်းကိုင်းဆောင်ထားတယ်သူတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ Task Manager Pro (Full version) version အသစ်v2.2.1ကိုတင်ပေးလိုက်ပါတယ်။ ဖုန်းတွေမှာဆော့ဝဲတွေသွင်းတာများလာရင် သုံးလာများလာရင် စက်ကသုံးရတာနှေးလာတတ်ပါတယ်။အဲဒီလိုမဖြစ်အောင် မိမိစက်ကို အမြဲပေါ့ပါးစေချင်တယ်ဆိုရင်တော့ အခုပေးမယ့် Task Manager Pro ကိုသွင်းထားပြီး Background မှာ run နေတာတွေကို အမြဲရှင်းလင်းပေးနေသင့်ပါတယ်။ဒီကောင်လေးကို ခဏခဏတို့ထိပေးရုံနဲ့ မိမိဖုန်း မြန်ဆန်သွက်လက်လာတာကို မြင်တွေ့ရမှာပါ ..။ဒီ version လေးက Pro version ဖြစ်တာကြောင့် အရင်တုန်းကထွက်ရှိထားတဲ့ task manager ထက်ပိုပြီး function စုံလင်ပြီးပိုကောင်းပါတယ်။ဒီApk လေးကတော့Android O/S : 1.6 အထက်များ ဖုန်းတွေကောင်းမွန်စွာသုံးနိုင်ပါတယ်ဗျာ။အသုံးပြုမယ်ဆိုရင်အောက်မှာဒေါင်ပြီးသုံးနိုင်ပါ တယ်ဗျာ။ Download Here |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |












0 comments:
Post a Comment