The Irrawaddy's Blog |
| အားကစားဖိနပ်ကောင်းကောင်းဝယ်ဖို့ မနှမြောပါနဲ့ Posted: 26 Jul 2015 08:30 PM PDT အားကစားလုပ်မယ်ဆိုရင်တော့ ဖိနပ်ကောင်းတရန် လိုကိုလိုအပ်ပါတယ်။ အဲဒီအတွက် အကုန်အကျများမှာကို မကြောက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဖိနပ် ကောင်းတရန်စီးပြီး အားကစားလုပ်ခြင်းအားဖြင့် တင်းနစ် ရိုက်တာပဲ ဖြစ်ဖြစ်၊ Gym ဆော့တာပဲ ဖြစ်ဖြစ်၊ ပြင်းပြင်းထန်ထန်ပြေးတာပဲဖြစ်ဖြစ်၊ နောက်ဆုံးခပ်သွက် သွက် လမ်းလျှောက်တာပဲ ဖြစ်ဖြစ် အဲဒီဖိနပ် ကောင်းကောင်းကြောင့် သင့်ရဲ့ စွမ်းအင်တွေကိုဆွဲချ မသွားစေဘဲ မောပန်းနွမ်းလျမှုကို တိုက်ထုတ်ပေးနိုင်တယ်လို့ လေ့လာသူတွေကဆိုပါတယ်။ | ||
| အေသင်ချိုဆွေရဲ့ ညီိမမေသင်ချိုဆွေလည်း သီချင်းဆိုပြီ Posted: 26 Jul 2015 08:25 PM PDT
အဆိုတော် အေသင်ချိုဆွေရဲ့ ညီမဖြစ်သူ မေသင်ချိုဆွေလည်း သီချင်းသီဆိုပြီး တေးစီးရီးခွေ ထုတ်တော့မှာ ဖြစ်ပါတယ်။ အခွေနာမည်ကို ဘယ်နှတန်းရောက်ပြီလဲလို့ နာမည်ပေးထားပြီး ဇူလိုင် ၃၁ ရက်နေ့မှာ ဖြန့်ချိပေးမှာပါ။ ဒီအခွေမှာ သီချင်း၁၂ ပုဒ် ပါဝင်ပြီး ပါဝင်တဲ့ သီချင်းအမျိုးအစားတွေအကုန်လုံးမှာ pop အမျိုးအစားများဖြစ်ပါတယ်။ ပါဝင် ရေးသားပေးထားကြတဲ့ တေးရေးတွေကတော့ သုခမိန်လှိုင်၊ နေမျိုးဆေး၊ စိုးလင်း ၊ ဖိုးကာ၊ မင်းကို၊ နေလ၊ ကလုန်း၊လမင်းနဲ့ အမဖြစ်သူ အေသင်ချိုဆွေတို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီအခွေကို ဂီတနဲ့ပတ်သက်ရင် ၀ါသနာကြီးလှတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်မာဆွေက အဓိက ပံ့ပိုးပြီး ထုတ်ပေးတာလည်း ဖြစ်ပါတယ်။ မေသင်ချိုဆွေမှာ အမဖြစ်သူ အေသင်ချိုဆွေလိုပဲ သွက်သွက်လက်လက်နဲ့ အသံကလည်း အေသင်ချိုဆွေနဲ့ ဆင်တဲ့အတွက် အဲဒီိအပေါ်ကို မေသင်ချိုဆွေက "မမအေသင်နဲ့ အသံကတော့ တူတယ်ပြောကြတယ်။ ဒါကလည်း ညီအမတွေဆိုတော့လေ။ ဒါပေမယ့် မမနဲ့ မတူအောင် သူရဲ့ လွမ်းမိုးမှုလည်း မပါအောင် အတတ်နိုင်ဆုံး ကွဲအောင်တော့ ဆိုထားပါတယ်။ မမက ဒီအခွေမှာ သီချင်းတပုဒ် ရေးပေးထားတယ် ။ အဲဒါက ထားရစ်တဲ့ချစ်သူလို့ နာမည် ပေးထားပါတယ်။ အေသင်ချိုဆွေ ညီမလို့ သိပြီး အားပေးတာထက် သမီးရဲ့ အနုပညာကိုလည်း ကြည့်ပြီး အားပေးစေချင်ပါတယ်" လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။ မေသင်ချိုဆွေမှာ အသက် ၁၉ နှစ်ရှိပြီး တတိယနှစ် အင်္ဂလိပ်စာမေဂျာကို အဝေးသင်တက်ရောက်နေသူ တယောက်လည်း ဖြစ်ပါတယ်။ တေးစီးရီးကို ဇူလိုင် ၃၁ ရက်မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး သြဂုတ်လ ၂ ရက်နေ့မှာတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်က ဟက်ပီးဝေါလ်မှာ တခြားအနုပညာရှင်များနဲ့အတူ လက်မှတ်ရေးထိုးပြီး ရောင်းချပေးမှာပါ။ ယုမွန်ကျော် |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |








0 comments:
Post a Comment