Related Posts Plugin for WordPress, Blogger...

July 28, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


Desktop ကွန်ပျူတာများရဲ့Connecting Portများကိုလေ့လာခြင်း(Basic Tips)

Posted: 27 Jul 2015 08:16 PM PDT

Desktop ကွန်ပျူတာများရဲ့Connecting Portများကိုလေ့လာခြင်း(Basic Tips)
============================================
Desktopကွန်ပျုတာရှဲ့SystemCasing&Unit ပုန်းနောက်ကျောမှာ portတွေများစွာပါရှိပါတယ်။ကွန်ပျူတာကိုစတင်ဝယ်ယူတပ်ဆင်မယ်ဆို သည်portတွေကိုနားလည်ထားမှဖြစ်မှာပါ။ဒါကြောင့် စတင်လေ့လာသူတွေ ကိုယ်တိုင်တပ်ဆင်ရာမှာ လေ့လာနိုင်ဖို့ Basic Tipsအချို့ စဉ်းစားမိတာလေးတွေတင်ပြပါရစေ။
ကွန်ပျူတာမှာပါဝင်တဲ့port တွေဟာ ဈေးနှုန်း၊ကွာလတီ၊Brand ပေါ်မူတည်ပြီး ကွဲပြားမှုလေးတွေရှိတတ်ပါတယ်။ဟိုအရင်ထုတ် Motherboardတွေမှာဆို ယနေ့ခေတ်မှာမသုံးတော့တဲ့portတွေပါရှိနေတတ်ပါသေးတယ်။ဒါကြောင့် Port တွေအကြောင်းအကျဉ်းလေးလေ့လာကြည့်ပါမယ်။
USB2.0 Port
======
လက်ရှိအချိန်ထိ ကျွန်တော်တို့နိုင်ငံမှာတော့ usb2.0 ကိုသာအသုံးများနေသေးပါတယ်။usb2.0 ဟာ keyboard,Mouse,Scanner,Printerနဲ့အခြာuးsb ချိတ်ဆက်ပစ္စည်းများစွာတို့နဲ့ ကျယ်ပြန့်စွာသုံးစွဲနိုင်ပါတယ်
USB3.0 Port
=======
အဆင့်မြင့်တန်ဖိုးကြီးနောက်ပိုင်းထုတ်MotherBoardတွေမှာ ဒီ USB3.0 ထည့်သွင်းပေးထားပါတယ်။အဓိကကွာခြားတာက အရှိန်နှုန်းအလွန်မြန်ဆန်လာတာပါ။တွင်ကျယ်လာမယ့် တွင်ကျယ်လာမယ့် စနစ်ပါ။USB3.0 ပေါက်မှာ Usb2.0 ကိုလည်းတပ်ဆင်နိုင်ပါတယ်။2.0 စနစ်အတိုင်းသာလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ကိုယ့်Deviceက 3.0 connetor ဖြစ်မှသာ3.0 အတိုင်းလုပ်ဆောင်မှာဖြစ်ပါတယ်။
VGA Port
=====
အရုပ်ထွက်ကြိုးဖြစ်တဲ့ မော်နီတာကနေလာတဲ့ ကြိုးကို တပ်ဆင်ဖို့အပေါက်ပါ။Analog ကို Digital အဖြစ်ပြောင်းလဲပေးတဲ့နည်းစနစ်ပါ။
DVI Port
======
LCD Monitor တွေမှာတွေ့ရများပြီး Digital ရုပ်ထွက်ကိုအထောက်အပံ့ပေးပါတယ်။ DVI မျိုးကွဲတွေရှိပြီး ကျွန်တော်ဆီမှာတွေ့ရများတာကတော့ DVI-D တွေပါ။
Sound Port
======
Sound Port တွေက များသောအားဖြင့်သုံးပေါက်မြင်ရပါတယ် အဆင့်မြင့် ဘုတ်တွေပေါ်မှာတော့ခြောက်ပေါက်တပ်ဆင်ထားပါတယ်။ Line in,Line Out နဲ့ မိုက်ခရိုဖုန်းပေါက်တွေပါ။ကိုယ်ကအသံပိုင်းဆိုင်ရာလုပ်မယ် ဥပမာ-Fluity Loop,Nuendo စတဲ့အသံတည်းဖြစ်ဆော့ဝဲတွေသုံးမယ်ဆိုရင်တော့ SoundCard သုံးမှအဆင်ပြေပါမယ်။

PS/2 Port
======
Keyboard နဲ့ Mouse တပ်ဆင်ရတဲ့ port ပါ။များသောအားဖြင့် သည်Port ဟာနှစ်ခုပါတတ်ပြီး တစ်ခုက ကီးဘုတ် တစ်ခုက မောက်စ်အတွက်ပါ။မှားတပ်မိရင်တော့အလုပ် မလုပ်ပါဘူး။ အရောင်နဲ့ပြောမယ်ဆို ခရမ်းဟာ ကီးဘုတ်ဖြစ်ပြီး အစိမ်းသို့မဟုတ်အပြာနု ဟာ မောက်စ်အတွက်ဖြစ်တတ်ပါတယ်။ တပ်ဆင်ရာမှာလည်း ကီးလေးတွေဖြစ်တဲ့ ပင်ချောင်းလေးတွေကို ကောင်မသွားဖို့သတိထားဖို့လိုပါတယ်။

Parallel Port
=======
ဒါကတော့ printer တွေအတွက်ပါ။ဒါပေမယ့် ယနေ့ခေတ် printer တွေဟာ usb ပေါက်တွေမှာသာတပ်ဆင်ကြတော့ပါတယ်။ဒါပေမယ် ပုံမှန်Motherboard တစ်ခုမှာ ဒီport တွေပါနေတတ်ပါသေးတယ်။
Network Port(Ehernet Port)
================
ကွန်ပျူတာတစ်လုံးထက်ပိုပြီးချိတ်ဆက်ဖို့ Network ချိတ်ဆက်ရပါတယ်။သည်အခါမှာ Ehernet Port or Network Port ကိုသုံးကြပါတယ်။RJ 45 Connector ကိုသုံးတတ်ကြပါတယ်။

Laptop တွေမှာတော့ VGA , RJ45 LAN,HDMI ,USB2.0 or 3.0,Air Out Vent, eSATA, Card Reader Port တွေအများဆုံးပါတတ်ပါတယ် USB 3.0 နဲ့ eSATA ပေါက်တွေကတော့တန်ဖိုးကြီးစွမ်းရည်မြင့် လက်ပ်တော့တွေမှာသာပါတတ်ပါတယ်။

Port တွေဟာအရေးမကြီးဘူးဆိုပေမယ့် တပ်ဆင်တဲ့ပစ္စည်းနဲ့ ကိုက်ညီမှုရှိဖို့တော့လိုပါတယ်။ဒါမှမဟုတ်ရင်တော့ port တွေ ဒါမှမဟုတ်တပ်ဆင်တဲ့ Device တွေပျက်ဆီးမှုတွေရှိလာနိုင်ပါတယ်။အထူးသဖြင့် System ပုန်းရှေ့ဘက်က usb ပေါက်ကိုသတိထားသုံးသင့်ပါတယ်။Mother board ပေါ်မှာတပ်ထားတဲ့Connector တွေ မှားယွင်းနေရင် တပ်မိတဲ့Device တွေပျက်စီးတတ်ပါတယ်။အထူးသဖြင့်MemoryStick တွေပါ။ကောင်းတာကတော့ casing နောက်ကျောက USB ပေါက်ကနေ Hub ခေါင်းပွားတွေ နဲ့သုံးတာဖြစ်ပါတယ်။

အမှားပါရင်ခွင့်လွှတ်ကြပါ။
ဟန်ဝေလင်း
အပြတ်ရှင်းမိုဘိုင်း
ကဇွန်းမရွာ
ဆိပ်ဖြူမြို့
http://www.facebook.com/hanwailinn.hanwailinn
http://www.tipsandtrickscity.blogspot.com

ဖုန်းထဲမှာ ကာရာအို​ကေ ဆိုချင်​သူ​တွေအတွက်​ Sing Play apk

Posted: 27 Jul 2015 05:58 PM PDT


သီချင်​၀ါသနာအိုး​တွေအတွက်​ မိမိ Android ဖုန်း
မှာတင်​ အပြတ်​ဟဲလို့ ရမယ့်​ Sing Play ဆိုတဲ့ Apk ​လေးတင်​​ပေးလိုက်​ပါတယ်
ဒီapk ​လေးရဲ့ ​ကောင်းချက်​က​တော့
မိမိဆိုတာကို Record လုပ်​ပီး အချိန်​မ​ရွေးပြန်​နား​ထောင်​နိုင်​ပါတယ်


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



Sing Play Apk v2.1.6 : (13.48) Mb



ID Card အတုလုပ်​ချင်​တဲ့သူ​တွေအတွက်​ Fake ID Generator apk

Posted: 27 Jul 2015 05:58 PM PDT


ကျ​နော်​ ဒီတစ်​ခါ AOS ဖုန်း Tablet ကိုင်​​ဆောင်​သူ​တွေအတွက်​ ID Card အတုလုပ်​လို့ရတဲ့ Fake ID Generator apk ​လေးတင်​​ပေးလိုက်​ပါတယ်​ ၊
Apk က အသုံးပြု့ရတာ မခက်​တဲ့ အတွက်​ အ​သေးစိတ်​ရှင်းမပြ​တော့ဘူး​နော်


Description

IDs, Licenses, Passports, and more. Make a license for yourself. Make a passport for yourcat. Make a credit card for your baby. You could even make an ID for your left foot, if you wanted to! Fake ID Generator makes it easy and fun. For entertainment only.Fake ID Generator takes you through a quick process where you enter information that you would like to appear on the ID card or license. You can even add your own photo, and draw your own signature. If you don't feel like including a certain bit of information, no problem, just leave it blank; it's all for fun! In the end, you'll be shown your fully customized ID or license, which you can save, share with friends, or edit until it's perfect.Right now you can build on these ID templates:
• California Driver License
• EU Driving License
• Ontario, Canada Driver's License
  Texas Driver License
• Generic Identification
• U.S. Passport
• Hawaii Drivers License
• New York Drivers License
• Australia Passport
• French Republic ID
• Indian Passport
• Indonesian Passport
• Pakistan Passport
• Philippines Passport
• Florida Driver License
• U.K. Passport
• Georgia Driver's License
• Illinois Driver's License
• U.K. Residence Permit
• Mexico ID
• Washington Driver's License
• Arizona Driver's License
• Employee Badge
• Student ID
• Police ID


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



Fake ID Generator Apk v2.6.1 : (7.87) Mb




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Yangon Buses for android

Posted: 27 Jul 2015 05:14 AM PDT

 
ယခင်က iOS အတွက်သာ ထုတ်လုပ်ဖြန့်ချိပေးခဲ့သည့် Yangon Buses app အား ယခုအခါမှာ Android OS အတွက်ပါ ဖြန့်ချိပေးလိုက်ပြီ ဖြစ်သည်။ အဆိုပါ app သည် မြို့တွင်းပြေးဆွဲနေသည့် ယာဉ်လိုင်းများနှင့် အဆိုပါ လမ်းကြောင်းရှိ မှတ်တိုင်များကို စုစည်းဖော်ပြပေးထားသည့် app တစ်ခုလည်း ဖြစ်သည်။ မိမိ သွားလိုသည့် ခရီးစဉ်များတွင် သွားရမည့်နေရာသို့ ရောက်ရှိသည့် လိုင်းကားနံပါတ်များကို ဖော်ပြပေးနိုင်ရန်အတွက် မြန်မာ လူငယ် developer တစ်ဦးမှ ပြုလုပ်ပေးထားခြင်း ဖြစ်သည်။

Download ပြုလုပ်လိုသူများအနေဖြင့် Play Store တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 18MB ခန့် ရှိမည်ဖြစ်သည်။ Android Version 2.1 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

 Credit==>.internetjournal

Thiha Htike(THT)

thihahtike.it@gmail.com


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ၏ ဒုတိယအကြိမ်မြောက် ဘားကမ့်

Posted: 27 Jul 2015 05:07 AM PDT

 
ကျင်းပမည့်နေ့ရက်-    သြဂုတ် (၁) ရက်
ကျင်းပမည့်နေရာ-      နည်းပညာတက္ကသိုလ်(စစ်ကိုင်း)
ကျင်းပမည့်အချိန်-      မနက် (၈း၃၀) နာရီ မှ ညနေ (၅) နာရီ။       
Barcamp STU 2015 ကို နည်းပညာတက္ကသိုလ်(စစ်ကိုင်း) တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


Barcamp STU 2015 ၏ အစီအစဉ်များ
သြဂုတ်လ(၁) ရက်နေ့တွင် နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း ကျင်းပမည်ဖြစ်ကြောင်း၊ Barcamp STU 2015 တွင် နယ်ပယ်ပေါင်းစုံမှ အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်များမှ အင်ဂျင်နီယာကဏ္ဍ၊ အိုင်တီကဏ္ဍ၊ စာပေနှင့်အနုပညာကဏ္ဍ၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ၊ Scholarship Programs၊ Jobs and Opportunities စသည့် ကဏ္ဍများအလိုက်  ခေါင်းစဉ်အသီးသီးဖြင့် အခန်း(၈)ခန်းတွင် မနက်(၈)နာရီခွဲမှ ညနေ(၅)နာရီအထိ အကြောင်းအရာပေါင်း(၄၀) ကျော် ကို ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။



မြို့ပြနှင့်နယ်ဒေသမှ လူငယ်များအကြား အသိပညာ ကွာဟမှု ကျဉ်းမြောင်းလာစေရန်၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ဒေသခံလူငယ်များအား ကဏ္ဍပေါင်းစုံမှ မိမိရည်ရွယ်ရာ၊ ဝါသနာပါရာ အသိပညာ ဗဟုသုတတို့ကို သိရှိပြီး လေ့လာမျှဝေနိုင်ရန်ရည်ရွယ်ပြီး Barcamp STU 2015 ကိုကျင်းပခြင်းဖြစ်သည် ဟု ဖြစ်မြောက်ရေးကော်မတီကပြောသည်။ ဖွင့်ပွဲ အခမ်းအနားကို နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ကျောင်းဝင်းအတွင်းတွင် သြဂုတ်လ (၁) ရက်နေ့နံနက် (၈:၃၀) နာရီတွင် ကျင်းပမည်ဖြစ်ပြီး နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ အခန်း (၈) ခန်းတွင် speakers များနှင့် တစ်ဦးလျှင် (၄၅) မိနစ်နှုန်းဖြင့် ဦးဆောင်ဟောပြောသွားမည် ဖြစ်သည်။ BarCampers များမှ (၁၅) မိနစ်ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကာ BarCamp STU 2015 တွင် အခန်း(၈)ခန်း၊ အချိန်(၆)ချိန်၊ ခေါင်းစဉ်ပေါင်း(၄၈)ခုဖြင့် အသိပညာမျှဝေမည်ဖြစ်ကြောင်း၊ (၁)ခန်းလျှင်လူဦးရေ (၁၀၀) ကျော်ဝင် ဆန့်ပါမည်။ ညနေ(၄)နာရီမှ (၅) နာရီအထိ "We Love BarCamp" ခေါင်းစဉ်ဖြင့် ပိတ်ပွဲ အခမ်းအနားကို ကျင်းပသွားပါမည်။

BarCamp STU 2015 Organizer Team ကို Admin Team,Public Relation(PR),TechSupport Team, Finance Team, Marketing Team ဟူ၍ ဖွဲ့စည်းထားသည်။ နည်းပညာ တက္ကသိုလ်(စစ်ကိုင်း) ကျောင်းအုပ်ကြီး  ဒေါက်တာ အောင်ဆန်းလင်း၊ ဌာနမှုးများ၊ ဆရာ၊ ဆရာမများ ၊ကျောင်းသား/သူ volunteer များ၏ အကြံဥာဏ်၊ အကူအညီ၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပွဲဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့ကြကြောင်း ဖြစ်မြောက်ရေးအဖွဲ့ကပြော ကြားထားသည်။



BarCamp STU 2015 ပွဲ ဖြစ်မြောက်ရေးအတွက် Telenor Myanmar Company, IBEC(ဗုဒ္ဓဘာသာ ပညာရေးစင်တာ)၊ Agrocorp TVS (အိန္ဒိယမော်တော် ဆိုင်ကယ်များ)၊ ဒေါ်လာ စက်သုံးဆီအရောင်းဆိုင်၊ banner quality shop, စိန်ဝေဖူး ပိုးထည်၊ချည်ထည်၊ Civil Tech Co.Ltd, Hypersoft, Mr. Print ကြေငြာ ဝန်ဆောင်မှုလုပ်ငန်း၊ Zarni Electronic, Ve Ve အချိုရည်၊ Internet Journel တို့မှ ကူညီပံ့ပိုးပေးထားသည်ဟု သိရသည်။ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များရှိ တက္ကသိုလ်များ၊ ကောလိပ်ကျောင်းများ၊ အ.ထ.ကကျောင်းများတွင် ဘားကမ့် Presentation များပြုလုပ်ဖိတ်ခေါ်ခဲ့ပြီး ကျောင်းသား/သူ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ၊ ပြင်ပမှ တက်ရောက်သူ Barcamber များ စုစုပေါင်းဦးရေ (၂၀၀၀) နှင့် (၃၀၀၀) ကြား တက်ရောက်မည်ဟု  ခန့်မှန်းထားကြောင်း ဆိုသည်။

Barcamp ဆိုသည်မှာ

Barcamp ဆိုသည်မှာ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ တက်ရောက်လာသူများ၏ ကျွမ်းကျင်ရာ အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာများကို တစ်ချိန်တည်း၊ တစ်ပြိုင်နက် တည်း ဆွေးနွေးဟောပြောနိုင်ရန် စီစဉ်ဖန်တီးပေးမည့် အခမ်းအနားတစ်ခု ဖြစ်သည်။ နိုင်ငံတကာ၌ တွင်ကျယ်လာသည့် နည်းတူ မြန်မာနိုင်ငံတွင်လည်း ပထမဦးဆုံး BarCamp ကို ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့တွင် စတင်ကျင်းပခဲ့ရာ အရှေ့တောင်အာရှ တစ်ဝှမ်း အအောင်မြင်ဆုံးအခမ်းအနား တစ်ရပ်ဖြစ်ခဲ့သည်။ ၎င်းနောက် Barcamp Yangon, Barcamp Mandalay, Barcamp Taunggyi, Barcamp Pathein, Barcamp Laisho, Barcamp Pyay အစရှိသည်ဖြင့် စဉ်ဆက်မပြတ် ကျင်းပလာခဲ့သည်။ နည်းပညာတက္ကသိုလ်ကျောင်းများအနေဖြင့်လည်း Barcamp TU အမည်ဖြင့် နေရာဒေသအလိုက်၊ မြို့အလိုက်နှစ်စဉ် ကျင်းပလျှက်ရှိကြသည်။

Barcamp များကို ကျင်းပပြီး ရရှိလာသော ရလာဒ်များနှင့် ပတ်သက်၍ BarCamp စီစဉ်သူများက ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ထို့ကြောင့် BarCamp ၏ သဘောသဘာဝအရ မိမိဆွေး နွေးလိုသော အကြောင်းအရာများကို လွတ်လပ်စွာ နှီးနှောဖလှယ်နိုင်မည် ဖြစ်သည်။ ၎င်းအပြင် BarCamp မှာ လူမှုရေး၊ နည်းပညာ၊ စီးပွားရေး အစရှိသည့် ကဏ္ဍများစွာကို ပေါင်းကူးပေးသည့် အတွက် စီးပွားရေးအကြောင်း သိချင်သူများ၊ နည်းပညာအကြောင်း သိချင်သူများ၊ လူမှုရေး အကြောင်းအရာများ စသဖြင့် မိမိထွန်းကားရာ နယ်ပယ်အလိုက် ဆွေးနွေးလိုသူ အချင်းချင်း တွေ့ဆုံနိုင်မည် ဖြစ်သည်။

Barcamp STU 2015 ရောက်ရင် ဘာလုပ်ရမလဲ

Barcamp STU 2015 တက်ရောက်မည့်သူများအနေဖြင့် ဘားကမ့်သို့ တက်ရောက်ကြောင်း မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ကာ လက်ဆောင်ပစ္စည်းများ ထုတ်ယူနိုင်မည် ဖြစ်သည်။ မိမိအနေဖြင့် အကြောင်းအရာ တစ်ခုခု ပြောချင်ပါကလည်း Topic Board တွင် သွားရောက် ကပ်ထားနိုင်မည် ဖြစ်သည်။ လက်ဆောင်ပစ္စည်များ ထုတ်ပြီးပါက Topic Board တွင် မိမိလေ့လာချင်သော Topic သည် မည်သည့်အခန်းတွင် ပြောမည်ကို သွားရောက်ကြည့်ရှုရမည်ဖြစ်ကြောင်း အခန်းများ မသိပါက သက်ဆိုင်ရာ Volunteer များကို မေးမြန်းကာ ကြည့်နိုင်ကြောင်း သိရသည်။ BarCamp တွင် နည်းပညာနှင့်ပတ်သက်သော အကြောင်းအရာ  တစ်ခုတည်းရှိမည်မဟုတ်ဘဲ Topic အစုံ ပါဝင်မည် ဖြစ်ကြောင်းသည် ရသည်။  ၂၀၁၃ ခုနှစ်မှစတင်ကာ နည်းပညာ တက္ကသိုလ် ဘားကမ့် များပြုလုပ်လာကြကာ စစ်ကိုင်းနည်းပညာတက္ကသိုလ်အပါအဝင် အချို့အခြားနည်းပညာတက္ကသိုလ်များလည်း နှစ်ကြိမ်တိုင်အထိ ကျင်းပပြီးဖြစ်သည်။


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



God of War 3 for PS4

Posted: 27 Jul 2015 04:19 AM PDT

 
PS4 အတွက် God of War 3 Remastered ဝင်ရောက်လာသည်။ Santa Manica Studio ၏ God of War 3 မှာ PS3 တွင် ထွက်ရှိထားခဲ့ပြီး ယခု PS4 ၌ပါထွက်ရှိလာခြင်း>ဖြစ်သည်။ ဇာတ်လမ်းမပြောင်းသော်လည်း ရုပ်ထွက်ပိုင်းမှာ PS3 ထက်ပိုပြီး ကောင်းမွန်လာခြင်းကြောင့် GOD ပရိသတ်များ ဝယ်ယူသင့်သောခွေ တစ်ခွေဖြစ်သည်။ ခွေအတွင်း initial premium DLC တစ်ခုလည်း ပါဝင်သည်။ ဝယ်ယူအသုံးပြုလိုပါက PHYO IT PLAZA (Mobile & Game Distributions) 02-33431, 09 797555515 ၌ ဆက်သွယ်ဝယ်ယူနိုင်သည်။


Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



သုံးစွဲသူများ၏ ဗွီဒီယိုများကို ရောင်းချနိုင်ရန် ကူညီပေးမည့် ဝက်ဘ်ဆိုက်ကို GoPro စတင်

Posted: 27 Jul 2015 04:17 AM PDT



GoPro သည်သုံးစွဲသူ၏ ဗွီဒီယို ဖိုင်များအတွက် ခွင့်ပြုချက်ရယူရန် ဝက်ဘ်ဆိုက်အသစ်ကို စတင် ခဲ့သည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် ကြော်ငြာရှင်များနှင့် သတင်းဖော်ပြ သူများသည် သုံးစွဲသူများ၏ action ကင်မရာများဖြင့် ရိုက်ကူးထားသော သက်ငြိမ်ဓာတ်ပုံနှင့် ဗွီဒီယိုများ အသုံးပြုရန် မူပိုင်ခွင့်အတွက် ငွေပေးချေရမည် ဖြစ်သည်။

ဗွီဒီယိုများကို ၆ လ အသုံးပြုမှုအတွက် ကန်ဒေါ်လာ ၁,၀၀၀ (ပေါင်စတာလင် ၆၄၀) ကျသင့်မည် ဖြစ်ကြောင်း ဈေးနှုန်းလျှော့ချရန် စီစဉ်ထားကြောင်း GoPro ကပြောကြားခဲ့သည်။

ယခုဝက်ဘ်ဆိုက်သည် အပျော်တမ်းနှင့် ကျွမ်းကျင်သူ၏ အကြောင်းအရာများအကြား ခြားနားထားသောမျဉ်းများ မှေးမှိန်သွားသည့် သက်သေဖြစ်ကြောင်း ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ GoPro ထုတ်ကုန်များဖြင့် ဖန်တီးထားသော ဗွီဒီယိုများသည် ကျွမ်းကျင်အဆင့်ဖြင့် ရုပ်သံထုတ်လွှင့်မှု ပြုလုပ်နိုင်သည့် အရည်အသွေးရှိကြောင်း သုတေသန ကုမ္ပဏီ Enders Analysis မှအီယန်မော့က ပြောဆိုခဲ့သည်။ ထိုသို့ ခွင့်ပြုချက်တောင်းခံသည့် portal သစ်သည် ဗွီဒီယိုများကို ဈေးကွက်တင် ရောင်းချလိုပြီး ဖန်တီးမှုပြုလုပ်လိုသော GoPro သုံးစွဲသူအတွက် platform တစ်ခုဖြစ်ကြောင်း၊ မျိုးဆက်သစ်များက GoPro ၏ camcorder ဖြင့် ဗွီဒီယိုများ ရိုက်ကူးရန် တွန်းအားပေးကြောင်း ၎င်းကပြောဆိုခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုသည် ကြော်ငြာများ ထည့်သွင်းခြင်းဖြင့် ဗွီဒီယိုများမှ ဝင်ငွေရရှိသော YouTube အပါအဝင် အခြားဗွီဒီယို streaming ဆိုက်များ၏ ရွေးချယ်စရာ တစ်ခုဖြစ်လာပြီး 500px နှင့် Eye Em platform များမှ ထောက်ပံ့ပေးသော ဓာတ်ပုံခွင့်ပြုချက် ဝန်ဆောင်မှုနှင့် ဆင်တူသည်။

လက်ရှိတွင် GoPro သည် ၎င်းဝန်ဆောင်မှုအတွင်း ဗွီဒီယိုရောင်းချခြင်းနှင့် ဝယ်ယူမှုအတွက် ထောက်ခံမှု ပြုလုပ်ထားသော သုံးစွဲသူများကို အကန့်အသတ်ဖြင့် အသုံးပြုခွင့် ပေးလျက်ရှိသည်။ GoPro ၏ ဝန်ဆောင်မှု စတင်ချိန်တွင် ဝက်ဘ်ဆိုက်အတွင်း ဗွီဒီယိုပေါင်း ၆၀၄ ခုရှိပြီး ဗွီဒီယိုအချို့မှ 4K ultra-high definition format ဖြစ်ကြောင်း သိရသည်။

Ref: BBC
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဂိမ်းစက်များအတွက် တားမြစ်ချက်အားလုံးကို တရုတ် ရုပ်သိမ်း

Posted: 27 Jul 2015 04:14 AM PDT



၂၀၁၄ ခုနှစ်က စတင်ခဲ့သော pilot reform အစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် ဂိမ်းစက်များအတွက် ကာလကြာရှည် တားမြစ်ချက်များကို အပြီးတိုင် ရုပ်သိမ်းလိုက်ကြောင်း တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အတွက်ကြောင့် Sony, Nintendo နှင့် Microsoft တို့အနေဖြင့် တရုတ်နိုင်ငံအတွင်း ဗီဒီယိုဂိမ်းစက်များ ထုတ်လုပ်ရောင်းချခြင်းကို မည်သည့်အတားအဆီးမှ မရှိဘဲ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

ဗီဒီယိုဂိမ်းထုတ်လုပ်သူများကမူ တားမြစ်ချက်များကို ဆက်လက်လိုက်နာရန် လိုအပ်မည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်များကို အစိုးရထံမှ ရယူရမည် ဖြစ်သည်။ ထို့အပြင် အရောင်းမြှင့်တင်မှုများ ပြုလုပ်ရာတွင်လည်း နိုင်ငံ၏ စည်းလုံးမှုကို ထိခိုက်စေခြင်း နှင့် ပြည်သူများ၏ အကျင့်စာရိတ္တကို ထိပါးစေခြင်း မရှိရန် ပြုလုပ်ရမည် ဖြစ်သည်။

အဆိုပါ ကန့်သတ်ချက်များ ရုပ်သိမ်းမှုကြောင့် ယခုအခါ Xbox, PlayStation နှင့် Wii တို့ကို တရုတ်နိုင်ငံ၏ ဈေးကွက်၌ တားမြစ်ချက်များမရှိဘဲ ဝယ်ယူနိုင်မည် ဖြစ်သည်။ သုံးစွဲသူများသည် ယခင်က Shanghai Free Trade Zone မှ ထုတ်လုပ်ထားသော ဂိမ်းစက်များကိုသာ ဝယ်ယူခွင့်ရရှိခဲ့သည်။

တရုတ်နိုင်ငံတွင် ဂိမ်းစက်များ ထုတ်လုပ်ရောင်းချရန် တားမြစ်မှုများကို ၂၀၀၀ ခုနှစ်က စတင်လုပ်ဆောင်ခဲ့သည်။ ထိုကဲ့သို့ တားမြစ်မှုများကြောင့် တရုတ်နိုင်ငံရှိ ဂိမ်းကစားသူများက မှောင်ခိုဈေးကွက်မှ ဂိမ်းစက်များကို အားထားခဲ့ရသလို အစိုးရက တားမြစ်ထားသည့် ဂိမ်းများကိုလည်း တရားမဝင်ရောင်းချသူများထံမှ ဝယ်ယူကစားခဲ့ရသည်။

၎င်းကန့်သတ်တားမြစ်ချက်များကြောင့် တရုတ်နိုင်ငံ၏ ကွန်ပျူတာ၊ အွန်လိုင်းနှင့် မိုဘိုင်းဂိမ်း တိုးတက်မှုနှုန်းမှာ အနည်းငယ် နှေးကွေးခဲ့ရသည်။

Sony, Nintendo နှင့် Microsoft ကမူ တရုတ်နိုင်ငံ၏ တားမြစ်ချက်အားလုံး ရုပ်သိမ်းမှုအပေါ် ထင်မြင်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်း မရှိပေ။

Ref: CNN
Credit==>internetjournal 

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



iPhone အတုများ ထုတ်လုပ်သည့် တရုတ်ကုမ္ပဏီ ဖမ်ဆီးခံရ

Posted: 27 Jul 2015 04:06 AM PDT


ယခုနှစ်တွင် ယွမ် သန်း ၁၂၀ (အမေရိကန်ဒေါ်လာ ၁၉.၆ သန်း) ခန့် တန်ဖိုးရှိသော iPhone အတု ၄၀,၀၀၀ ကျော်ကို ထုတ်လုပ်ခဲ့သည့် ဘေကျင်းအခြေစိုက် ကုမ္ပဏီတစ်ခုကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဘေကျင်းရဲတပ်ဖွဲ့သည် iPhone အတုများ အလုံးအရင်းထုတ်လုပ်မှုအတွက် သံသယရှိသူ ၉ ဦးကို ဖမ်းဆီးခဲ့ပြီး ကုမ္ပဏီ၏ စက်ရုံတွင် ဖုန်းတပ်ဆင်သည့်လိုင်း ၆ ခုနှင့် ဆဲလ်ဖုန်းအစိတ်အပိုင်း တစ်သန်းကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်တွင် တရုတ်နိုင်ငံလုပ် ဆဲလ်ဖုန်းအတုများကို သိမ်းဆည်းခဲ့ပြီးနောက် အဆိုပါ ကုမ္ပဏီနှင့် ပတ်သက်၍ စုံစမ်းမှုများကို ရဲတပ်ဖွဲ့က မေလမှ စတင်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကုမ္ပဏီသည် ဖုန်းမားသားဘုတ်များကို နိုင်ငံခြားမှ ဝယ်ယူခဲ့ပြီး အမှတ်တံဆိပ်နှင့် အခြားအစိတ်အပိုင်းများကို ရှန်ကျန်းမြို့မှ ဝယ်ယူခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

၎င်းကုမ္ပဏီသည် ဖုန်းအစိတ်အပိုင်းများကို တပ်ဆင်ရန် အလုပ်သမား ရာပေါင်းများစွာကို ငှားရမ်းခဲ့ပြီးနောက် ဖုန်းအတုများကို အခြားနိုင်ငံများထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။

iPhone အတုများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီ၏ အမည်ကို ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

Ref: People.cn
Credit==>internetjournal

Thiha Htike(THT)
thihahtike.it@gmail.com


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ကမ္ဘာလုံးဆိုင်ရာ ဂီတထုတ်ကုန်များကို ရယူနိုင်မည့် mJams Music Application ကို မကြာမီ အသုံးပြုနိုင်တော့မည်

Posted: 27 Jul 2015 04:04 AM PDT


ပြည်တွင်းမိုဘိုင်းဖုန်း သုံးစွဲသူများအနေဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ ဂီတထုတ်ကုန်များကို ရယူနိုင်မည့် ဂီတ Application တစ်ခုကို မကြာမီအချိန်အတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာလုံးဆိုင်ရာ ဂီတ Application အား ကမ္ဘောဒီးယားနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး ရက်သတ္တပတ် တစ်ပတ်အကြာတွင် မြန်မာနိုင်ငံ၌လည်း အသုံးပြုနိုင်စေရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း mJams အမည်ရှိ နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ မိုဘိုင်းအော်ပရေတာများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည့် ပုဂ္ဂလိက အဖွဲ့အစည်း တစ်ခုက သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Universal Music၊ Warner Music ၊ Sony Music ၊ mJams တို့ပူးပေါင်း စီစဉ်ထုတ်လုပ်သည့် အဆိုပါ ဂီတ Application တွင် တိုက်ရိုက်နားထောင်နိုင်မည့် ဂီတ Application, CRBT (Caller Ring Back Tones), သီချင်းအပြည့်အစုံ Download ၊ Ringtones၊ ဒစ်ဂျစ်တယ် ဗွီဒီယို၊ IVR (Interactive Voice Response) နှင့် ဂီတ အမျိုးအစား အစုံအလင်ကို နားဆင်သုံးစွဲနိုင်မည်ဖြစ်သည်။

အဆိုပါ Application အား သုံးစွဲလို၍ စာရင်းပေးသွင်းထားသူများသည် mJams Music Portal, မိုဘိုင်းမှ တဆင့် ဝယ်ယူနိုင်မည့် အွန်လိုင်းစတိုးများနှင့်၊ တိုက်ရိုက်ငွေပေးချေခြင်းများကို ပြုလုပ်နိုင်မည့် mJams Application များကို ဆက်သွယ်ရေး အော်ပရေတာများနှင့် ချိတ်ဆက်သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

mJams ၏ စတင် တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သည့် မစ္စတာ ဒေးဗစ် ဗန် ဟာဝါ့ဒ်က " တစ်နေရာတည်းတွင် ဝယ်ယူရရှိနိုင်သော" ဂီတနှင့်ပတ်သက်သည့် အကြောင်းအရာစုံ ရရှိနိုင်မည့် နေရာဖြစ်သည်ဟု ပြောကြားသည်။

mJams အနေဖြင့် အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ဂီတ Application ကို မြန်မာနိုင်ငံတွင် လွှင့်တင်ရန် စတင်နေပြီဖြစ်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မည့် ဒေသခံဂီတထုတ်လုပ်သူများနှင့် မိုဘိုင်း အော်ပရေတာများကို ရှာဖွေနေကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ ဂီတလုပ်ငန်းမှ ဒေသခံအနုပညာရှင်များနှင့် ထုတ်လုပ်သူများ၏ (IP Laws) ဉာဏ ထုတ်ကုန်များကိုလည်း ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။

Credit==>internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



စတုတ္ထမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရယူနိုင်ရန် အဆိုပြုလွှာများဖိတ်ခေါ်

Posted: 27 Jul 2015 04:01 AM PDT



 မန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်အား ရယူသုံးစွဲနိုင်မည့် အထူးလုပ်ငန်း ကုမ္ပဏီဖွဲ့စည်းရေး အဆိုပြုလွှာများ တင်သွင်းရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ဖိတ်ခေါ်လိုက်သည်။

တစ်နိုင်ငံလုံးအနှံ့ လွှမ်းခြုံမည့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်သုံးခု ချမှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖိတ်ခေါ်ခြင်းသည် စတုတ္တမြောက် ဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင်အား ရယူသုံးစွဲနိုင်မည့် အထူးလုပ်ငန်း ကုမ္ပဏီတစ်ခု (Special Purpose Vehicle) ဖွဲ့စည်းရာတွင် ပါဝင်ရန် စိတ်ဝင် စားသော အမျိုးသား အများပိုင်ကုမ္ပဏီများမှ အဆိုပြုလွှာများကို ခေါ်ယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းလိုင်စင် ခွင့်ပြုပေးရန် ပထမအဆင့်အနေဖြင့် အထူးလုပ်ငန်း ကုမ္ပဏီတစ်ခု အောင်မြင်စွာ ဖွဲ့စည်းရန် လိုအပ်ပြီး ယင်းကုမ္ပဏီတွင် ပါဝင်ကြမည့် အစုရှယ်ယာများနှင့် လုပ်ငန်းအဆိုပြုချက် လျှောက်လွှာများကို စည်းကမ်းချက်များနှင့်အညီ စီမံခန့်ခွဲရေး ကော်မတီ အများပိုင်ကုမ္ပဏီ ဖွဲ့စည်း ရေးနှင့် တင်ဒါ စိစစ်ရွေးချယ်ရေး လုပ်ငန်းကော်မတီ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်သို့ သြဂုတ်လ ၂၄ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာပုံစံများအား www.mcit.gov.mm တွင် ဒေါင်းလုပ် ရယူနိုင်မည်ဖြစ်သည်။

အဆိုပါ အထူးလုပ်ငန်းကုမ္ပဏီ အောင်မြင်စွာ ဖွဲ့စည်းပြီးသည့် အချိန်တွင် စတုတ္ထလိုင်စင် ချမှတ်ရန် သဘောတူ စာချွန်လွှာ ရေးထိုးနိုင်မည်ဖြစ်ပြီး မိတ်ဖက် နိုင်ငံခြား ကုမ္ပဏီနှင့် အောင်မြင်စွာ ဖက်စပ် ကော်ပိုရေးရှင်းတစ်ခု ဖွဲ့စည်းပြီးသည့်အခါ လိုင်စင်အား သတ်မှတ်ထားသော အခွန်အခပေးချေစေလျက် လုံးဝ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ အဆိုပါလိုင်စင်သည် ကနဦး ၁၅ နှစ် သက်တမ်းရှိမည်ဖြစ်ပြီး သတ်မှတ်ချက်များ နှင့် ကိုက်ညီပါက မူလ လိုင်စင် သက်တမ်း အတိုင်း ထပ်မံ သက်တမ်းတိုးနိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

အထူးလုပ်ငန်း ကုမ္ပဏီတွင် ပါဝင်ရန် အဆိုပြု လျှောက်ထားသူများ လိုက်နာရမည့် စည်းမျဉ်းများ အထူးလုပ်ငန်း ကုမ္ပဏီတွင် ပါဝင်ရန် အဆိုပြု လျှောက်လွှာတွင် ပါဝင်ရမည့် အချက်များကို အထက်ပါဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အထူးလုပ်ငန်းကုမ္ပဏီတွင် ပါဝင်နိုင်ရေး အဆိုပြုလျှောက်လွှာပုံစံတွင် အများပိုင်ကုမ္ပဏီအမည်၊ တည်ရှိ ရာလိပ်စာ၊ ရှယ်ယာဝင်အရေ အတွက်၊ ငွေကြေး ရင်းနှီးမြှုပ်နှံမှုအခြေအနေ အစရှိသည့် အချက်အလက်များကို ဖြည့်စွက်ရမည် ဖြစ်သည်။

လျှောက်လွှာတွင် လိုအပ်သည့် အချက်အလက်များအား ယင်းလျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်ပြီး အဆိုပြုလျှောက်လွှာကို ကုမ္ပဏီ၏ အပေါ်စာဖြင့် အကြီးအကဲ (သို့မဟုတ်) အကြီးအကဲ ကိုယ်စား လက်မှတ်ရေးထိုး ပေးပို့ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Credit=>internetjournal 

Thiha Htike(THT)

thihahtike.it@gmail.com


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



♪ 360 Total Security v7.2.0.1034 Final (PC Version) ♫

Posted: 26 Jul 2015 11:06 PM PDT

http://img5.downloadha.com/Behnam/2015/July/Cover/360-Total-Security-Cover(Downloadha.com).jpg

အခုတင်ပေးလိုက်တဲ့ 360 Total Security ကတော့ Computer မှာအသုံးပြုရမယ့် Software တစ်ခုပါဗျာ။ ဒီကောင်လေးက Phone မှာနာမည်ကြီးတဲ့ App ဖြစ်လို့ မှားနေမှာစိုးလို့ပါ။ အခု PC သမားတွေအတွက် တင်ပေးလိုက်တာပါ။ ပေါ့ပေါ့ပါးပါးနဲ့ တကယ့်ကိုအသုံးဝင်ပါတယ်။ ကွန်ပြူတာကို ပြသာနာရှာမယ့် Virus များ ရဲ့ရန်မှာ Protect လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင်ကွန်ပြူတာကို သွက်လတ်ပေါ့ပါးသွားအောင် Tank , Junk , အစရှိတဲ့ မလိုအပ်တော့တဲ့ File များကိုဖယ်ရှားရှင်းလင်းပေးပြီး Computer အသုံးပြုရတာ ယခင်ကထက် ပိုမိုမြန်ဆန်လာအောင် မြှင့်တင်ပေးမှာဖြစ်ပါတယ်ဗျာ။ အသေးစိတ်ကိုတော့ အောက်မှာ ဆက်လက်လေ့လာ နိုင်ပါတယ်ဗျာ။ အခုတင်ပေးလိုက်တာက Full Version ပါပဲ Serial , Crack , Patch တစ်ခုမှမလိုပါဘူး။ Windows 2000/XP/2003/Vista/7/8 အစရှိတဲ့ OS တွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ် ဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Internet Download Manager 6.23 Build 17 ( 24 July )

Posted: 26 Jul 2015 10:26 PM PDT



Crack လုပ်နည်းတော့ 
  • Crack ကို Run ပါ.. 
 

 






-
2015 July 24 မှာ Update ထွက်လာတဲ့ IDM 6.23 Build 17 ကို Universal Crack နဲ့တကွ တင်ပေးလိုက်ပါပြီ..

Crack လုပ်နည်းတော့
  •  IDM Setup နဲ့ Install လုပ်ပါ.. IDM ရှိပြီးသားဆိုရင် Update လုပ်လို့လည်းရပါတယ်.. အရင်အဟောင်းကို ပြန်ဖြုတ်စရာမလိုပါ..
  • ကွန်ပျူတာရဲ့ ညာဘက်အောက်ထောင့်က Tray ထဲမှာ IDM icon ရှိနေရင် ညာကလစ်ထောက်ပြီး exit လုပ်ပါ..
  • Crack ကို Run ပါ..
  • Installation Part မှာ IDM ရှိတဲ့နေရာဆီ ရွေးပေးရပါမယ်.. (Windows 32bit မှာတော့ ဘာမှ ထပ်ရွေးစရာမလိုပါဘူး.. 64 Bit ဆိုရင်တော့ C:\Program Files(x86)\Internet Download Manager ကိုရွေးပေးရပါမယ်.. )
  • Custom Registration Name ဘေးက Button လေးကို တစ်ချက်နှိပ်ပြီး ကိုယ်ကြိုက်တဲ့နာမည်ရိုက်ထည့်နိုင်ပါတယ်..
  • ပြီးရင်တော့ Crack ကိုနှိပ်ရုံပါပဲ..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Internet Download Manager 6.23 Build 17 Setup : 6.33 Mb

Official Download Link

Official Download Link

**
Internet Download Manager Universal Crack : 1.53 Mb

UserCloud Download Link

Tusfiles Download Link


♪ နိုင်ငံတကာသို့ Video Call Free ပြောချင်သူများအတွက် - Skype - free IM & video calls v5.6.0.12393 Apk ♫

Posted: 26 Jul 2015 10:20 PM PDT

Cover art

Skype ဆိုတာကတော့ လူတိုင်းသိထားပြီးသား Application တစ်ခုဖြစ်ပါတယ်ဗျာ။ အင်တာနက်မှတဆင့် နိုင်ငံတကာသို့ အခမဲ့ဖုန်းခေါ်ဆိုပေးနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ Viber တို့ Tango တို့ မပေါ်ခင်ကတည်းက Skype ဆိုတာ နာမည်ကြီးပြီး လူသုံးများခဲ့တာပါ။  ငွေဖြည့်ပြီး ဖုန်းခေါ်ဆိုနိုင် တဲ့ Account တွေလည်းရှိပါတယ်။ သူကတော့ အင်တာနက်ကွန်နရှင်မလိုဘူးပေါ့ဗျာ။ ဖုန်းခေါ်မယ့်သူနဲ့ လက်ခံမယ့်သူဟာ အင်တာနက်ကွန်နရှင်သာရှိနေခဲ့မယ်ဆိုရင်တော့ Free ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်ဗျာ။ Download ရယူချင်သူများအောက်က Link မှာဒေါင်းယူသွားနိုင်ပါတယ်ဗျာ။


Skype - free IM & video calls - screenshot

Skype - free IM & video calls - screenshot     Skype - free IM & video calls - screenshot

Skype - free IM & video calls - screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

မိမိရဲ့ ဖုန်းContact ​တွေကိုသူများမမြင်​​အောင်​ ​ဖျောက်​ချင်​တဲ့သူ​တွေတွက်​ Hide Contact apk

Posted: 26 Jul 2015 09:30 PM PDT



AOS ဖုန်း Tablet ကိုင်​​ဆောင်​တဲ့ ​ဘော်​ဒါ​တွေအတွက်
အရမ်း​ကောင်းပီးSecurity ပိုင်းစိတ်​ချရတဲ့ Apk ​လေးနဲ့မိတ်​ဆက်​​ပေးပါရ​စေ
ဒီapk ​လေးက​တော့ မမြင်​​စေချင်​တဲ့ Contact ​တွေကို စိတ်​ကြိုက်​​ဖျောက်​လို့ရတဲ့ Apk ​လေးပါ
အသုံးပြု့ပုံက​တော့ ရိုးရှင်းပါတယ်​ Apk ကိုဖွင့်​လိုက်​တာနဲ့ Pass ​တောင်းမှာပါ Pass ကိုမိမိနှစ်​သက်​တဲ့ 4 လုံး​ပေးပီး မမြင်​​စေချင်​တဲ့ Contact ကို Hide နိုင်​ပါပီ


အဆင်​​ပြေပါ​စေ

ကို​နေဇင်​ (နည်းပညာ)



Hide Contact Apk v1.1 : (1.66) Mb


0 comments:

Post a Comment