Related Posts Plugin for WordPress, Blogger...

August 2, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


အင်တာနက် ထောက်ပံ့ပေးမည့် မောင်းသူမဲ့လေယာဉ် စမ်းသပ်ရန် Facebook အသင့်ရှိနေ

Posted: 01 Aug 2015 06:32 AM PDT

Facebook သည် ဝေဟင်မှ အင်တာနက်ထောက်ပံ့ပေးရန်အတွက် လေဆာနည်းပညာ အသုံးပြုထားသော ကုမ္ပဏီ၏ Aquila အင်တာနက်ဒရုန်းကို စတင်စမ်းသပ်ရန် အသင့်ရှိနေကြောင်း သိရသည်။

Aquila ဒရုန်းသည် ဝေးလံခေါင်ဖျားသော ဒေသများတွင် မြေပြင်အထက် အမြင့်ပေ ၆၀,၀၀၀ မှ ၉၀,၀၀၀ အတွင်း ပျံသန်းနိုင်ပြီး ရက် ၉၀ တိုင် အင်တာနက် ထောက်ပံ့ပေးမည့် လေယာဉ်ဖြစ်သည်။ ၎င်းသည် ဘိုးအင်း ၇၃၇ ထက် ကြီးမားသော်လည်း အလေးချိန်မှာ အဆပေါင်းများစွာ လျော့နည်းကြောင်းဆိုသည်။

ယခင်က အရွယ်သေးငယ်သော ဗားရှင်းကို စမ်းသပ်ပျံသန်းခဲ့ပြီး ဖြစ်သော်လည်း အရွယ်ကြီးမားသည့် အမျိုးအစားကို ပထမဦးဆုံး စမ်းသပ်ပျံသန်းနိုင်ရန် အသင့်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
Aquila ဒရုန်းကို အပြီးသတ် လုပ်ဆောင်ပြီးသည့်အခါ ၎င်းသည် လေဆာများမှတစ်ဆင့် အချက်အလက် ပေးပို့ရာတွင် ၁၀ မိုင်ကျော်အကွာအဝေးမှ အကြွေစေ့တစ်စေ့ခန့် သေးငယ်သော ပစ်မှတ်တစ်ခုထံသို့ 10Gb/s ဖြင့် ပေးပို့နိုင်မည် ဖြစ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။

၎င်းနည်းပညာသစ်သည် ယခင်စံချိန်များထက် ၁၀ ဆခန့် ပိုမိုလျင်မြန်မည် ဖြစ်သည်။
Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်သည် ဒရုန်းချိတ်ဆက်မှု စီမံကိန်းကို ၂၀၁၄ ခုနှစ် မတ်လတွင် ကြေညာခဲ့ပြီးနောက် ယခုလ အစောပိုင်းတွင် လေဆာနည်းပညာ အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

Facebook ကမူ လူဦးရေ ၁၀ ရာခိုင်နှုန်းသည် အင်တာနက် အခြေခံ အဆောက်အဦ မရှိသော နေရာများတွင် နေထိုင်လျက်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် ကိုယ်ပိုင် အင်တာနက်ကွန်ရက် ဖန်တီးရန် ဆန္ဒမရှိကြောင်း၊ သို့သော်လည်း သုတေသန လက်တွေ့စမ်းသပ်ခန်းများ အနေဖြင့် ဝေးလံသော ဒေသများတွင် အင်တာနက်ကို ထောက်ပံ့ပေးလိုသော အခြား အော်ပရေတာများအတွက် လိုအပ်သည့် နည်းပညာ အဆင့်မြှင့်တင်မှုများကို အားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

Ref: TheNextWeb
Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



နည်းပညာတက္ကသိုလ်(မန္တလေး) ၏ ဘားကမ့်ပွဲကို EDU Camp ဟု အမည်ပြောင်းလဲ

Posted: 01 Aug 2015 06:32 AM PDT

နည်းပညာတက္ကသိုလ်(မန္တလေး)၏ နှစ်စဉ်ပြုလုပ်ကျင်းပမြဲဖြစ်သော ဘားကမ့်ပွဲအား ယခုအကြိမ်တွင် EDU Camp အမည်ဖြင့် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ပွဲတက်ရောက်မည့်သူများအတွက် ယခင်ကထက် အသိပညာ၊ အတတ်ပညာများကို ပိုမိုကောင်းမွန်ပြည့်စုံစွာ ဆွေးနွေး လာနိုင်စေရန် တက္ကသိုလ်ပညာရပ်များသာမက အခြားပညာရပ်များကိုလည်း စုံလင်စွာ ဆွေးနွေးဖလှယ်လာနိုင်စေရန် ရည်ရွယ်ကာ အမည်ပြောင်းလဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

EDU-Camp TU(Mandalay)ကို နည်းပညာတက္ကသိုလ်(မန္တလေး)တွင် ယခု ဇူလိုင်လ ၃၀ ရက်နှင့် သြဂုတ် ၃ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဦးကျော်သူ(နာရေးကူညီမှု အသင်း)၊ ဒေါ်ဆွေဇင်ထိုက် ၊ ခင်မောင်ညို(ဘောဂဗေဒ)၊ ဦးချစ်စရာ(မန်း)၊ ဇော်ခိုင်ဦး၊ ညီပုလေး၊ ကောင်းလွန်း၊ ဒေါက်တာ ဆင့်စိုး၊ ဒေါက်တာထက်မင်းလွင်၊ ဒေါက်တာ လှမိုး၊ အောင်ကိုကိုတိုး(ယုံကြည်ရာ)၊ ညီစေမင်း၊ ဦးဘိုဘိုကျော်၊ ညိုထွန်းလူ၊ ဒေါက်တာထွန်းရွှေ (ဒသနိကဇေဒ)၊ ဒေါက်တာတေဇာဆန်း(ယုံကြည်ရာ) ၊ တင်မောင်သန်း(သင့် ဘ၀)၊ ဦစိုးထွန်း(NNER)၊ စူးမြင့်သိန်း၊ ဒေါ်ခင်မမမျိုး(Education& Development)၊ ဒေါက်တာမောင်သင်း၊ ဦးရဲမြတ်သူ( Alpha)၊ ဒေါ်မာလာကျော်၊ နေဘုန်းလတ်၊ ကျော် ရင်မြင့်၊ ဒေါ်မမနိုင်(မြန်မာရုပ်သေး)၊ ဦးတင်ဇံကျော်၊ နေ၀င်းမြင့်၊ ခင်ခင်ထူးတို့သာမက သက်ဆိုင်ရာ အင်ဂျင်နီယာ ကျွမ်းကျင်ဆရာ၊ ဆရာမများကလည်း ပါဝင်ဆွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မန္တလေး) ၏ ဘားကမ့်ပွဲများကို ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များတွင်လည်း ကျင်းပပြုလုပ်ခဲ့သည်။

Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Myanmar Telecommunications Master Plan ရေးဆွဲရေး အကြံပြုနိုင်

Posted: 01 Aug 2015 06:31 AM PDT

Myanmar Telecommunications Master Plan ရေးဆွဲရေး အကြံပြုနိုင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

Myanmar Telecommunications Master Plan မူကြမ်းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် http://www.mcit.gov.mm/law-and-regulation/telecoms တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှ စတင်ဖော်ပြ၍ အကြံပြုချက်များ တောင်းခံလျက်ရှိကြောင်း၊ အကြံပြုချက်များကို so-info1@e-mcit.gov.mm သို့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်၊ ညနေ ၅ နာရီ နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း သိရသည်။

ယင်းအပြင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ရုံးအမှတ် (၂)၊ နေပြည်တော်တွင် Master Plan နှင့်ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၄ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကျင်းမည်ဖြစ်ကြောင်း၊ မည်သူမဆို ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေး အကြံပြုနိုင်ရန် ဖိတ်ကြားထားကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တက်ရောက်၍ ဆွေးနွေးလိုသူများအနေဖြင့် Master Plan မူကြမ်းတွင် ပါဝင်သော ဆွေနွေးလိုသည့် ခေါင်းစဉ်၊ အချက်အလက်၊ အကြောင်းအရာ တို့ကိုဖော်ပြ၍ ၂၀၁၅ ခုနှစ် သြဂုတ်လ ၃ ရက်၊ တနင်္လာနေ့ ညနေ ၅ နာရီ နောက်ဆုံးထားပြီး so-info1@e-mcit.gov. mm သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

Credit==> internetjournal
Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Windows 10 အသုံးပြုသည့် ကွန်ပျူတာ ၁၄ သန်းကျော်ရှိကြောင်း Microsoft ပြောကြား

Posted: 01 Aug 2015 06:31 AM PDT

လက်ရှိတွင် Windows 10 operating system သစ်ကို အသုံးပြုသည့် ကွန်ပျူတာ ၁၄ သန်းကျော်ရှိကြောင်း Microsoft က ဆော့ဖ်ဝဲကို အခမဲ့ download အနေဖြင့် ဖြန့်ချိပြီး နှစ်ရက်အကြာတွင် ပြောကြားလိုက်သည်။
၎င်းအရေအတွက်သည် သုံးနှစ်အတွင်း Windows 10 ထုတ်ကုန် ၁ ဘီလီယံရှိရန် မျှော်မှန်းထားသော Microsoft ၏ ရည်မှန်းချက်နှင့် အလှမ်းဝေးနေဆဲဖြစ်သည်။

Microsoft သည် Windows ဗားရှင်းအဟောင်းများ အသုံးပြုထားသော ကွန်ပျူတာများတွင် Windows 10 ကို အခမဲ့ upgrade ပြုလုပ်ရန် တောင်းဆိုသူ တိုင်းအား ထောက် ပံ့ပေးခြင်း မရှိသေးကြောင်း ကုမ္ပဏီက ဆိုခဲ့သည်။။ လက်ရှိ ထုတ်ပြန်ခဲ့သော Windows 10 အသုံးပြုသည့် ကွန်ပျူတာ ၁၄ သန်းတွင် စတိုးများမှ ရောင်းချသည့် ကွန်ပျူသစ်များပေါ်၌ အသုံးပြုထားသော ကော်ပီအချို့ ပါဝင်ကြောင်း Microsoft မှ ပြောကြားခဲ့သည်။

Credit==> internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



" ရယ်စရာ " Android App ထွက်ပါပြီ

Posted: 01 Aug 2015 03:09 AM PDT

နေ့ စဉ် ရယ်မောပျော်ရွှင်နိုင်ဖို့  " ရယ်စရာ" app .. ဟာသကာတွန်းများ .. ဓါတ်ပုံများ .. ဟာသဇတ်လမ်းများ စုံလင်စွာဖတ်ရှုနိုင်ပြီ ။ ဟာသနဲ့ ပတ်သတ်တာတွေကို တစ်နေရာတည်းမှာ အစုံလင်ဆုံး ရရှိနိုင်မဲ့ အကောင်းဆုံး Android App ကို အောက်ပါနေရာများမှ Download ယူနိုင်ပါပြီ ။



သင်္ချာညီမျှခြင်းတွေကို အဖြေထုတ်ပေးမယ့် AutoMath

Posted: 01 Aug 2015 02:46 AM PDT

11AutoMath Photo Calculator က သင်္ချာညီမျှခြင်းတွေကို တွက်ချက်ပြီး အဖြေထုတ်ပေးနိုင်တဲ့ သင်္ချာ App တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ App ကိုဖွင့်ပြီး ဖုန်းရဲ့ ကင်မရာနဲ့ သင်္ချာညီမျှခြင်းကို ဓါတ်ပုံရိုက်လိုက်တာနဲ့ အဖြေကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ သူ့မှာ Math Functions ပေါင်း ၂၅၀ ကျော် Built-In ပါရှိပြီး အင်တာနက် ဆက်သွယ်မှု မလိုဘဲ အသုံးပြုနိုင်ပါတယ်။ AutoMath ကို အင်စတော လုပ်ပြီးရင် App က အသုံးပြုနည်းတွေကို ပြသပေးမှာ ဖြစ်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး ကြည့်ရှုနိုင်ပါတယ်။ ညီမျှခြင်း သို့မဟုတ် မေးခွန်းတစ်ခုကို ဓါတ်ပုံရိုက်တဲ့ အခါမှာ ညီမျှခြင်းနဲ့ အတတ်နိုင်ဆုံး ကပ်အောင် ဖရိမ်ကို လက်နဲ့ ပွတ်ဆွဲပြီး ချိန်ညှိဖို့ ပြောထားပါတယ်။ နောက်တစ်ခုက ဓါတ်ပုံရိုက်ရင် စာအုပ်နဲ့ ဖုန်းကို အနည်းဆုံး နှစ်လက်မ အကွာကနေ လက်ကိုငြိမ်အောင်ထားပြီး ဓါတ်ပုံရိုက်ကူးရမှာ ဖြစ်ပါတယ်။ ညီမျှခြင်းကိုလည်း ရေပြင်ညီ အနေအထားရအောင် ရိုက်ကူးရပါမယ်။ ဓါတ်ပုံရိုက်ရင် Flash Light ကိုဖွင့်ထားဖို့ ပြောပါတယ်။ Default အားဖြင့်တော့ Flash Light ကိုဖွင့်ပေးထားပါတယ်။ မဖွင့်ပေးထားရင် App ရဲ့ အောက်ခြေမှာ ဖွင့်ဖို့ ခလုတ်ပါရှိပါတယ်။ ရှုပ်ထွေးတဲ့ ညီမျှခြင်းတွေအတွက် Function ပေါင်း ၂၅၀ ကျော်ပါတဲ့ Calculator ကို အသုံးပြုဖို့ ညွှန်ကြားထားပါတယ်။ နောက်ဆုံး အသုံးပြုနည်း လမ်းညွှန်မှာတော့ App က လက်ရေးနဲ့ ရေးထားတဲ့ ညီမျှခြင်းတွေ၊ Calculus ၊ Complex Fractions ၊ Linear Questions တွေကို မတွက်ချက်ပေးနိုင်ဘူးလို့ ပြောထားပါတယ်။ ပေါင်း၊ နုတ်၊ မြှောက်၊ စားနဲ့ Fractions, Square Roots, Trigonometry, Inequalities, Polynomials, Powers, Algebra, Simplification တို့ကို တွက်ချက်ပေးနိုင်ပါတယ်လို့ ပြောထားပါတယ်။ ပြီးရင်တော့ Close ကိုနှိပ်ပါ။ ဒါဆိုရင် App ရဲ့ Main Screen ကို ရောက်သွားမှာ ဖြစ်ပြီး ကင်မရာကို ဖွင့်ထားမှာ ဖြစ်ပါတယ်။ အဖြေထုတ်ချင်တဲ့ ညီမျှခြင်းကို ဘောင်လေးထဲရောက်အောင် ကင်မရာနဲ့ ချိန်ရွယ်ပါ။ ဘောင်ရဲ့ ထောင့်စွန်းတွေကို လက်နဲ့ ဆွဲပြီး ညီမျှခြင်းကိုသာ ပါရှိအောင် ပြုပြင်ပါ။ ချိန်ညှိပြီးရင်တော့ အောက်ခြေမှ Answer ခလုတ်ကို နှိပ်ပါ။ 11 ဒါဆိုရင် အထက်ပါ ညီမျှခြင်းမှ x ရဲ့ အခြေကို အောက်ကပုံမှာလို တွက်ချက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ တကယ်လို့များ App က Scan လုပ်လိုက်တဲ့ ကိန်းဂဏန်းတွေဟာ မှားယွင်းနေတယ်ဆိုရင် အဖြေကလည်း မှားယွင်းနေမှာပါ။ တစ်ခါတစ်လေမှာ အဲဒီလို အမှားလေးတွေကိုလည်း တွေ့ရပါတယ်။ အဲဒီအခြေအနေမှာ ဆိုရင် Edit ခလုတ်ကို နှိပ်ပြီး ကိန်းဂဏန်းတွေကို အမှန်ပြင်ပေးနိုင်ပါတယ်။ ဒါဆိုရင် အဖြေကို ပြန်လည်တွက်ချက်ပေးမှာပါ။ New ကိုနှိပ်ပြီး နောက်ထပ် ညီမျှခြင်းတစ်ခုကို တွက်ချက်ခိုင်းနိုင်ပါတယ်။ 12 နောက်ထပ် ညီမျှခြင်း တစ်ခုကိုလည်း အထက်ပါ နည်းအတိုင်း ပြုလုပ်ပြီး အဖြေထုတ်ခိုင်းနိုင်ပါတယ်။ 13ဒါဆိုရင် x ရဲ့ တန်ဖိုးကို အောက်ကပုံမှာလို တွက်ချက်ပေးမှာပါ။ 14Main Screen ရဲ့ အောက်ခြေမှာ Calculator ခလုတ်ပါရှိပါတယ်။ အဲဒါကို နှိပ်ရင် ရှုပ်ထွေးတဲ့ ညီမျှခြင်းတွေကို တွက်ချက်နိုင်မှာပါ။ အဲဒီမှာတော့ ညီမျှခြင်းတွေကို လက်နဲ့ ရိုက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ညီမျှခြင်း ခလုတ်ကို နှိပ်ပါ။ 15 ဒါဆိုရင် x ရဲ့ တန်ဖိုးကို တွက်ချက်ပေးမှာပါ။ ညာဘက် အပေါ်ထောင့်မှ Functions ကိုနှိပ်ရင် 16 Built-In ပါရှိတဲ့ Functions တွေကို ပြသပေးမှာပါ။ နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ 17 AutoMath ကို Android 2.3.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်လို့ ဖုန်းအဟောင်းတွေမှာတောင် အသုံးပြုနိုင်ပါတယ်။ Google Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်။ ဒီမှာနှိပ်ပြီး Download ပါ
ref: myanmardigitallife

♪ KK Launcher Prime (Lollipop &KitKat) v6.5 Apk (31-July) ♫

Posted: 01 Aug 2015 12:38 AM PDT

Cover art

KK Launcher လို့ခေါ်ပါတယ်။ 31-July နောက်ဆုံးထွက် Version ဖြစ်ပါတယ်ဗျာ။ Android OS 4.4 ရဲ့ KitKat နဲ့ OS 5.0 ရဲ့ Lollipop စတိုင်တွေနဲ့ သင့်ရဲ့ဖုန်းကို အလှဆင်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ လုံးဝကို အမိုက်စားကြီးပါဗျာ။ အောက်မှာ ပြထားတဲ့ Screen Shot တွေကိုကြည့်လိုက်ပါဦး။ Google Search Bar အပြင် App တွေကိုလည်းလိုသလို Show/Hide ပြု လုပ်လို့ရပါတယ်။ Nexus 5 and Google Home , Fixed/Float Wallpaper များလည်းပါဝင်ပါတယ်။ Small/Original Icons လိုသလိုပြောင်းနိုင် ပါတယ်။အရင် Launcher ကိုပဲ replace လုပ်ချင်တယ်ဆိုရင် Settings > Applications > Manage > KitKat Launcher > Clear Defaults ပြန်လုပ်လို့ရပါတယ်။ add new screen, long-click ,new created screen,add widgets and wallpapers စသည်တို့အပြင်နောက်ထပ်ပါဝင်လာတဲ့ nexus 5 launcher, GEL, Google Experience Launcher, KitKat Launcher 2, KitKat Launcher 3, Launcher, Stock Launcher, 4.4 wallpaper, 4.4 Launcher, Kit Kat Lock, KK Launcher, KitKat style, KitKat Launcher HD – KitKat Launcher Prime စသည်တို့ကိုလည်းပြောင်းလဲသုံးစွဲနိုင်ပါတယ်။ Android : 4.0.3အထက်မှာသာအသုံးပြုနိုင်မှာပါ။




KK Launcher (Lollipop &KitKat) - screenshot     KK Launcher (Lollipop &KitKat) - screenshot

KK Launcher (Lollipop &KitKat) - screenshot     KK Launcher (Lollipop &KitKat) - screenshot

KK Launcher (Lollipop &KitKat) - screenshot     KK Launcher (Lollipop &KitKat) - screenshot

KK Launcher (Lollipop &KitKat) - screenshot     KK Launcher (Lollipop &KitKat) - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ လမ်းကြမ်းကြမ်းမှာ ပြိုင်ရမယ့် ကားပြိုင်ပွဲဂိမ်း - 4x4 Jam HD v1.0.1 Apk Modded Money ♫

Posted: 31 Jul 2015 11:48 PM PDT

4x4 Jam HD - screenshot

အခုတင်ပေးလိုက်တဲ့ ကားမောင်းတဲ့ Game လေးကတော့ ပုံမှန်ပြိုင်ပွဲတွေနဲ့မတူပါဘူးဗျာ။ တောလမ်းခရီး ကြမ်းကြမ်းတွေ တောင်တက်လမ်းတွေ မှာ ခက်ခက်ခဲခဲမောင်းရမယ့်ကားမောင်ပြိုင်ပွဲ Game တစ်ခုဖြစ်ပါ တယ်ဗျာ။ မောင်းရမယ့် ကားတွေကလည်း ခရီးကြမ်းကြီးတွေမှာပြိုင်မောင်းရမယ့် ကားကြီးတွေပါ။ ပုံမှန် အတိုင်းမောင်းနေကြမဟုတ်ပဲ တစ်မျိုးလေးဆန်းသစ်နေမှာပါ။ နည်းနည်းတော့ ထိန်းပြီးမောင်းနှင်ရမှာပါ ခက်ခက်ခဲခဲကစားရမယ့် Game တစ်ခုပါဗျာ။ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါ တယ်။ Android OS 4.0 နှင့်အထက်ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။


4x4 Jam HD - screenshot

   4x4 Jam HD- screenshot

   4x4 Jam HD- screenshot

   4x4 Jam HD- screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ ဘာသာစကားအမျိုးပေါင်း 90 အားမြန်မာလိုဘာသာပြန်ပေးနိုင်တဲ့ Apk - Google Translate APK v4.0.0.RC08.99220384 (30-July) ♫

Posted: 31 Jul 2015 11:09 PM PDT

Cover art
Google Translate ကတော့ လူတိုင်းသိပြီးသား ဖြစ်ပါလိမ့်မယ် အခုအခါမှာတော့ Google Translate ကို ဖုန်းထဲမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ ဘာသာစကားအမျိုးအစားပေါင်း 90 အထိ Translate လုပ်ပေးနိုင် မှာဖြစ်ပါတယ်ဗျာ။ မြန်မာဘာသာစကားကိုပါ Support လုပ်ပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ အခု Application မှာတော့ဓါတ်ပုံတွေထဲမှာပါတဲ့ စာတွေကိုပါ ဘာသာပြန်ဆိုပေးနိုင်မှာ ဖြစ်ပါတယ်ဗျာ။ Translate လုပ်ပေး နိုင်တဲ့ ဘာသာစကားတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်ဗျာ။ အသုံးတည့်စေမယ့် Application တစ်ခုဖြစ်လို့အောက်မှာဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။

Speak, scan, type or draw to translate in 90 languages.
——
* Type to translate 90 languages
* Use your camera to translate text instantly in 26 languages
* Two-way automatic speech translation in 40 languages
* Draw with your finger as a keyboard alternative
* Download language packs for when you're traveling, or if your connection is expensive or slow.
* Star and save translations for future reference
* Take pictures of text for higher-quality translations or for languages not supported by instant camera translation
Some features not available in all languages.
Translations between the following languages are supported:
Afrikaans, Albanian, Arabic, Armenian, Azerbaijani, Basque, Belarusian, Bengali, Bosnian, Bulgarian, Catalan, Cebuano, Chichewa, Chinese (Simplified), Chinese (Traditional), Croatian, Czech, Danish, Dutch, English, Esperanto, Estonian, Filipino, Finnish, French, Galician, Georgian, German, Greek, Gujarati, Haitian Creole, Hausa, Hebrew, Hindi, Hmong, Hungarian, Icelandic, Igbo, Indonesian, Irish, Italian, Japanese, Javanese, Kannada, Kazakh, Khmer, Korean, Lao, Latin, Latvian, Lithuanian, Macedonian, Malagasy, Malay, Malayalam, Maltese, Maori, Marathi, Mongolian, Myanmar (Burmese), Nepali, Norwegian, Persian, Polish, Portuguese, Punjabi, Romanian, Russian, Serbian, Sesotho, Sinhala, Slovak, Slovenian, Somali, Spanish, Sundanese, Swahili, Swedish, Tajik, Tamil, Telugu, Thai, Turkish, Ukrainian, Urdu, Uzbek, Vietnamese, Welsh, Yiddish, Yoruba, Zulu


   Google Translate- screenshot         Google Translate- screenshot

https://lh3.googleusercontent.com/EkHXhV51KP3ZkmIuWT84H9LWnwOaSmYT9FcV9w4TUhfKSxxYQzLGqIGMhj6Z9lCjC8g=h900        Google Translate- screenshot

   Google Translate- screenshot         Google Translate- screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ နီးစပ်အောင်ဆုံဆည်းပေးမယ့် - LINE Free Calls & Messages v5.2.5 Apk ♫

Posted: 31 Jul 2015 10:37 PM PDT

Cover art

Line ဆိုတာကတော့ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော်တော်လေးအသုံးများလာတဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ အခုတင်ပေးလိုက်တာကတော့ နောက်ဆုံးထွက်ထားတဲ့ Version အသစ်တစ်ခုပါ။ Version အသစ်လိုချင်သူများနဲ့အခုမှစပြီးအသုံးပြုချင်သူများ အောက်က Link မှာဒေါင်း ယူနိုင်ပါပြီဗျာ။



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

0 comments:

Post a Comment