မောင်ပေါက် ( Maung Pauk ) |
- IELTS ကျောင်းသားများအတွက်...Grammar for IELTS
- ဖုန်းထဲမှာအသံတွေကို Record လုပ်ပေးမယ်-Call Recorder 2.0.32 for Android
- စမတ်ဖုန်း ကင်မရာကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးနိုင်မယ့် နည်းလမ်းများ
- Android ဖုန်းကို သန့်ရှင်းရေးလုပ်ပေးမယ့် CCleaner
| IELTS ကျောင်းသားများအတွက်...Grammar for IELTS Posted: 31 Jul 2015 07:08 AM PDT ![]() ဒီစာအုပ်ကတော့ IELTS စာမေးပွဲဝင်ဖို့ ကြိုးစားနေတဲ့ကျောင်းသားတွေထဲမှာမှယ..Grammar အားနည်းတယ်..Grammar ကိုပိုလေ့လာချင်တယ်ဆိုတဲ့ ကျောင်းသားတွေအတွက်ဖြစ်ပါတယ်....IELTS စာမေးပွဲဝင်မယ့်ကျောင်းသားတွေသာမက အင်္ဂလိပ်စာလေ့လာနေသူတွေအားလုံးအတွက်သင့်တော်ပါတယ်.. ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်... |
| ဖုန်းထဲမှာအသံတွေကို Record လုပ်ပေးမယ်-Call Recorder 2.0.32 for Android Posted: 31 Jul 2015 07:04 AM PDT Android ဖုန်း နှင့်Tablet ကိုင်းဆောင်ထားတဲ့ဘော်ဒါတွေအတွက် အသံဖိုင်းများစွာ Record လုပ်ပေးမယ် apk လေးတင်ပေးလိုက်ပါတယ်။ ဖုန်း call အ၀င်ရော ၊ အထွက်ရော အသံကြည်ကြည်လင်လင်နဲ့ record လုပ်ပေးထားမှာဖြစ်ပါတယ်။ Record လုပ်ချင်းတယ်ဘော်ဒါတွေအတွက် အောက်ကလင့်ခ် ဒေါင်းနိုင်ပါတယ်ဗျာ။Android version 2.2 နှင့်အထက်ရှိတဲ့ ဖုန်းအားလုံးမှာ ဒီဆော့ဝဲလေးကိုအသုံးပြုနိုင်ပါတယ်ဗျာ။ ဒီကောင်းလေး၏ ဖိုင်ဆိုဒ်လေးကတော့ 16.03 ရှိပါတယ်။ Download Here |
| စမတ်ဖုန်း ကင်မရာကနေ ဓါတ်ပုံကောင်းများ ရိုက်ကူးနိုင်မယ့် နည်းလမ်းများ Posted: 30 Jul 2015 11:31 PM PDT ![]() http://www.myanmardigitallife.com အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Android ဖုန်းကို သန့်ရှင်းရေးလုပ်ပေးမယ့် CCleaner Posted: 30 Jul 2015 11:29 PM PDT Android ဖုန်းများမှာ Apps တွေရဲ့ Cache File တွေ၊ Browser History တွေ၊ Thumbnail Cache တွေနဲ့ အခြား အမှိုက်ဖိုင်တွေကို အမြဲရှင်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဖုန်းမှာ နေရာလွတ်တွေ ရရှိပြီး လျှင်မြန်စွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရှင်းပေးနိုင်တဲ့ Apps တွေများစွာ ရှိပြီး အခု Tutorial မှာတော့ CCleaner App အသုံးပြုနည်းကို ရေးပေးလိုက်ပါတယ်။ CCleaner ကို ဖွင့်ရင် Main Screen မှာ သင့်ဖုန်းရဲ့ Storage နဲ့ RAM အခြေအနေကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ မလိုအပ်တဲ့ အမှိုက်ဖိုင်တွေကို ရှာဖွေဖို့အတွက် အောက်ခြေမှ Analyze ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် App က အမှိုက်ဖိုင်တွေကို စတင်ရှာဖွေပါပြီ။ ရှာဖွေမှုပြီးရင် ရှင်းလင်းရမယ့် အမှိုက်ဖိုင်တွေကို ကဏ္ဍတွေနဲ့ ခွဲခြားပြသပေးမှာ ဖြစ်ပါတယ်။ Cache ဖိုင်တွေဟာ မလိုအပ်တော့တဲ့ အတွက် ရှင်းလင်းဖို့ ညာဘက်မှ Check Box မှာ အမှန်ခြစ်ပေးပါ။ History ကဏ္ဍမှ Drop-Down Arrow ကိုနှိပ်ရင် ဘရောက်စာ History ကိုတွေ့ရမှာပါ။ ရှင်းလင်းဖို့အတွက် အမှန်ခြစ်ပေးပါ။ Files & Folders ကဏ္ဍမှ Drop-Down Arrow ကိုနှိပ်ရင် ကဏ္ဍသုံးခုထပ်ထွက်လာမှာပါ။ APK Files , Bluetooth Folder နဲ့ Empty Folders တို့ ဖြစ်ပါတယ်။ ရှင်းချင်တဲ့ အမျိုးအစားကို အမှန်ခြစ်ပေးနိုင်ပါတယ်။ Other Caches မှာတော့ Thumbnail Cache နဲ့ Google Map Cache တို့ကို တွေ့နိုင်ပါတယ်။ Thumbnail Cache ကိုတော့ ရှင်းလင်းနိုင်ပါတယ်။ Google Map ကို Offline အသုံးပြုဖို့ Cache ဖိုင်တွေကို ဒေါင်းလုပ်ရယူထားရင်တော့ Google Map Cache ဖိုင်တွေကို မရှင်းလင်းသင့်ပါဘူး။ နောက်ကဏ္ဍတစ်ခုမှာတော့ Call Logs တွေကို ရှင်းနိုင်ပါတယ်။ အားလုံးကို ရှင်းနိုင်သလို သုံးလအကြာက ၊ တစ်လအကြာက ၊ နှစ်ပတ်အကြာက စသဖြင့် အချိန်အပိုင်းအခြားအလိုက် ရှင်းနိုင်ပါတယ်။ သူ့အောက်က Processes တွေကိုလည်း စိတ်ချလက်ချရှင်းနိုင်ပါတယ်။ Manual cleaning apps အောက်မှာ ကိုယ်တိုင်ရှင်းရမယ့် Apps တွေကို ပြသထားပါတယ်။ တစ်ခုချင်းစီကို နှိပ်ပြီး နောက်ပေါ်လာတဲ့ စကရင်မှာ Cache ဖိုင်တွေကို ရှင်းပေးပါ။ ပြီးရင်တော့ Back Key နှိပ်ပြီး Cleaner Screen ကို သွားပါ။ အောက်ဆုံးမှ Clean ခလုတ်ကို နှိပ်ပေးပါ။ ဒါဆိုရင် အမှိုက်ဖိုင်တွေကို ရှင်းလင်းပြီးပါပြီ။ CCleaner ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှ Menu ကိုနှိပ်ရင် App Manager, System Info , Settings တို့ကို တွေ့နိုင်ပါတယ်။ App Manager ထဲမှာတော့ User က အင်စတောလုပ်ထားတာနဲ့ System Apps တွေကို ခွဲခြားပြသထားပါတယ်။ Apps တွေကို ရွေးချယ်ပြီး အောက်ခြေမှ Uninstall ခလုတ်ကိုနှိပ်ရင် တစ်ပြိုင်နက် Uninstall လုပ်ပေးမှာပါ။ Piriform ရဲ့ ဒတ်စတော့ ကွန်ပြူတာတွေအတွက် CCleaner ဟာ နာမည်ကြီးပါတယ်။ Android အတွက် CCleaner ကလည်း ထွက်ရှိတာ မကြာသေးပေမယ့် တစ်ဖြည်းဖြည်း အဆင့်မြှင့်လာလိုက်တာ အခုဆိုရင် အလွန်ကောင်းမွန်တဲ့ Cleaner App တစ်ခု ဖြစ်နေပါပြီ။ CCleaner ကို Android 4.0.3 နဲ့ သူ့အထက်မှာ သုံးနိုင်ပြီး Google Play Store မှာ အခမဲ့ ရယူနိုင်ပါတယ်။ ![]() ref:http://www.myanmardigitallife.com/ |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |















0 comments:
Post a Comment