The Irrawaddy's Blog |
- မြန်မာနိုင်ငံတွင်းက ရေခဲတောင်အလှများ ဓာတ်ပုံပြပွဲပြုလုပ်ပြီး ရေဘေးအတွက်လှူဒါန်းမယ့် ဓာတ်ပုံကျော်သာ(ဟိုက်ချင်း)
- ပြည်တွင်းမှာအစီးအများဆုံး Toyota Belta
- ဗီယက်ဂျက် လေကြောင်းလိုင်းမှ လေယာဉ်မောင်မယ်သစ်များ ခေါ်ယူနေ
- တရုတ်ပြည့်တန်ဆာမယ်များရဲ့ လျို့ဝှက်ဘ၀တွေကို ထုတ်ဖော်ပြောပြလိုက်တဲ့ ပုံရိပ်များ
| Posted: 25 Aug 2015 10:11 PM PDT
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဟိမ၀န္တာတောင်စွယ် တောင်ကြောပေါ်မှာတည်ရှိပြီး မြင်ရခဲတဲ့ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ဖန်ဂရမ်ရာဇီ ရေခဲတောင်များရဲ့ သဘာဝရှူခင်းအလှများကို ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံများကို စက်တင်ဘာ ၁ ရက် ကနေ ၆ ရက်နေ့အထိ Think Art Gallery မှာ ပြပွဲအဖြစ် ပြသရောင်းချပေးသွား မှာဖြစ်ပါတယ်။ အခုလို အသက်အန္တရာယ်နှင့်ရင်းပြီး ခက်ခက်ခဲခဲရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများကို ပြပွဲမှာ ပြသရောင်းချရငွေအားလုံးကို ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးမှာ လှူဒါန်းသွားဖို့လို့ သိရပါတယ်။ ဓာတ်ပုံများကို ကျော်သာ(ဟိုက်ချင်း)က ၂၀၁၄၊ ၂၀၁၅ခုနှစ်က ရေခဲတောင်ဒေသများကို သိန်း ၅၀ ကျပ်ခန့် အကုန်အကျခံကာ စွန့်စွန့်စားစားရိုက်ကူးထားခဲ့တာပါ။ အခုလို ရေခဲတောင်အလှအပကို အဓိက ရိုက်ကူးရခြင်းမှာ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံတွင်းမှာသာရှိတဲ့ ရေခဲတောင်အလှကို ဖော်ထုတ်ပြသလိုခြင်းကြောင့်လို့ သိရပါတယ်။ ရေခဲတောင်ဓာတ်ပုံပြပွဲနဲ့ပတ် သက်လို့ ကျော်သာ(ဟိုက်ချင်း)က "ဒီပြပွဲလေးက ရေဘေးသင့် ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက် ကျနော်က တထောင့်တနေရာကပါဝင်တာ ဖြစ်သလို နောက်တခုက ကိုယ့်နိုင်ငံတွင်းမှာ ဒီလိုလှပတဲ့ ရေခဲတောင်တွေရှိနေတာ မသိကြသေးတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီသူတွေကိုလည်း ဒီလိုလှပတဲ့ရေ ခဲတောင်အလှကို လူတိုင်းကို မျှဝေချင်တယ်။ ဓာတ်ပုံဆရာတယောက်အနေနဲ့ ကိုယ်မှာတာဝန်ရှိတယ်လို့လည်း ခံယူထားတယ်။ နောက်တခုက ကျနော်တို့နိုင်ငံရဲ့ခရီးသွားလုပ်ငန်းအတွက်လည်း တထောင့်တနေရာ ကနေ အထောက်အကူပြုမယ်လို့ထင်ပါတယ်" လို့ ပြောပြပါတယ်။
ပြပွဲမှာ ဓာတ်ပုံပေါင်း ၁၁၅ ပုံကို ဘောင်သွင်း ပြသသွားမှာဖြစ်ပြီး ဓာတ်ပုံတပုံကို ကျပ်ငွေ ၈၀၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ရောင်းချရငွေများကို ရေဘေးပြန်လည်ထူထောင်ရေးအတွက် နာရေး ကူညီမှုအသင်း ရန်ကုန်ကို ပေးအပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။ ယုမွန်ကျော် | ||||
| ပြည်တွင်းမှာအစီးအများဆုံး Toyota Belta Posted: 25 Aug 2015 02:03 AM PDT
အခုတစ်ပတ် ကျွန်တော် ပြောပြချင်တဲ့ မော်ဒယ်ကတော့ ဒီနေ့ခေတ် ပြည်တွင်းက လမ်းကြောင်းတွေပေါ်မှာ အတွေ့ရအများဆုံးမော်ဒယ်လို့်တောင်ဆိုနိုင်မယ့် Belta ပဲ ဖြစ်ပါတယ်။ ဇိမ်ခံတန်းဝင် မဟုတ်ပေမယ့် ဆီဒင် ဖြစ်နေတာကြောင့် ပွဲတက်အနေအထားလောက်ထိအောင် စီးနင်းနိုင်သလို ဈေးနှုန်းအပိုင်းမှာလည်း အရမ်းကို ချိုတာကြောင့် လူစီးများတာဖြစ်ပါတယ်။ မော်တော်ကားအပ်နှံခွင့်နဲ့ Free Permit တွေ ခေတ်စားလာပြီး နောက်ပိုင်းမှာ တင်သွင်းလာတဲ့မော်ဒယ်ဖြစ်ပေမယ့် အခုဆိုရင် Belta တွေက နေရာတိုင်းမှာ တွေ့နေရ သလောက် အစီးရေအများအပြား ပြည်တွင်းမှာရှိနေပြီလည်း ဖြစ်ပါတယ်။ သူ့ရဲ့အားသာချက်တွေ နည်းနည်း လောက်ပြောရမယ်ဆိုရင် ဈေးနှုန်းချိုတယ်၊ ဒီဇိုင်းပိုင်းလှတယ်၊ အသေးစားမော်ဒယ် ဖြစ်တာကြောင့် လမ်းကျပ်တဲ့ အနေအထားမှာ ကိုက်ညီတယ်၊ အင်ဂျင်အသေးစားစနစ်ကိုပဲ တပ်ဆင်ထားတာကြောင့် ဆီစားနှုန်းသက်သာတယ်၊ ရေရှည်စိတ်ချရမှုအသင့်ရှိတယ်၊ ခရီးဝေးမောင်းနှင်နိုင်မှု သင့်တင့်တယ်၊ တပ်ဆင် Featureပိုင်းတွေက အရမ်းမမြင့်ပေမယ့် တန်ကြေးနဲ့ လိုက်ဖက်အောင် ပြင်ဆင်ထည့်သွင်းထားမှုရှိတယ်၊ ဒီအချက်တွေကတော့ Belta ကိုဈေးကွက်မှာ လူကြိုက်များလာစေတော့တာဖြစ်ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ကြည့်ရအောင်ပါနော်။ မျက်နှာများတဲ့ မောင် … မော်ဒယ် အနေနဲ့က ဈေးကွက်တစ်ခုချင်းစီမှာနာမည်တစ်ခုစီ ဖြစ်နေတာတခုကတော့ Belta ကို အခေါ်အဝေါ် ကွဲသွားစေပါတယ်။ ဈေးကွက်ရဲ့အနေအထားကို လိုက်ပြီးတော့ Yaris လို့လည်း ခေါ်သလို Vios လို့လည်း ခေါ်ပြန်ပါတယ်။ နောက်ပြီးအင်ဒိုနီးရှားတစ်နိုင်ငံတည်းကိုပဲ Taxi မော်ဒယ်အနေနဲ့ တင်သွင်းတဲ့ နေရာမှာလည်း Limo ဆိုတဲ့နာမည်တစ်ခုကို အဲဒီမှာပဲ ခေါ်တာကြောင့် သေချာပြောရမယ်ဆိုရင်တော့ Belta က နာမည်လေးခုရှိတာဖြစ်ပါတယ်။ ဒါပေမယ့် သိရသလောက်တော့ Toyota အနေနဲ့ Yaris မော်ဒယ် အမည် ကိုပိုပြီး အလေးထားအောင်မြင်အောင် ထုတ်လုပ်လာတာတွေ့ရပြီး နည်းပညာမြင့်ဖန်တီးမှုနဲ့ ဈေးကွက် ထိုးဖောက်မှုတွေကို ဥရောပဈေးကွက်ထိအောင် ခြေဆန့်လာတာ တွေ့ရပါတယ်။ သက်တမ်းအနေနဲ့ နုသေးတယ် … တော်တော်များများ ကျွန်တော်တို့ ပြည်တွင်းဈေးကွက်မှာ လူကြိုက်များနေတဲ့ မော်ဒယ်တွေက ရှေးကတည်းက သက်တမ်းရင့်အနေအထားနဲ့ ထုတ်လုပ်လာတဲ့ မော်ဒယ်မျိုးတွေ ဖြစ်ပါတယ်။ ဥပမာToyota ထဲကဆိုရင်ပဲ RAV-4 တွေ Crown တွေဆိုရင် ပြည်တွင်းမှာလည်း အလွန်တရာ အစီးများတာ တွေ့နိုင်သလို မော်ဒယ်တွေက သက်တမ်းလည်းရင့်ပြီး မျိုးဆက်ပြောင်းလဲထုတ်လုပ်မှုတွေရှိခဲ့ပေမယ့် အခုBelta ကတော့ သက်တမ်းအရ ဆိုရင်လည်း ၂၀၀၅ ခုနှစ် နိုဝင်ဘာလကမှ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်တာကြောင့် အခုနှစ်ထဲ မှာမော်ဒယ်ရဲ့ ဆယ်နှစ်ပြည့် မွေးနေ့ရှိမှာဖြစ်ပြီး အခုလိုထုတ်လုပ်မှု သက်တမ်းဆယ်နှစ်အတွင်းမှာ မျိုးဆက် ပြောင်းလဲ အဆင့်မြှင့်တင်ထုတ်လုပ်နိုင်မှုမရှိတာကတော့ Belta အတွက် အားရစရာ မဟုတ်ပါဘူး။ ဂျပန်မှာဆိုရင် စတင် ထုတ်လုပ်တဲ့နှစ်ကနေ ၂၀၁၂ ခုနှစ် ဇွန်လထိအောင်ပဲ ထုတ်လုပ်ခဲ့တာ တွေ့ရပြီး ထုတ် လုပ်မှုရပ်ဆိုင်းခဲ့ပေမယ့် နောက်ပိုင်းမှာမှ ဂျပန် ပြည်ပဈေးကွက် အနေအထားမှာ လူကြိုက်လာတာကြောင့် ပြည်ပဈေးကွက်အတွက် ဆက်လက် ထုတ်လုပ်နေတာ အခုချိန်ထိအောင် ဖြစ်ပါတယ်။ ထုတ်လုပ်မှု … မော်ဒယ်ကို ၂၀၀၅ ခုနှစ်မှာစတင်ထုတ်လုပ်ပေမယ့် မော်ဒယ်နှစ်အနေနဲ့ကတော့ ဈေးကွက်တင်ရမယ့် အချိန်နဲ့ ကိုက်ပြီး ၂၀၀၆ ခုနှစ် မော်ဒယ်အနေနဲ့ စတင်ထုတ်လုပ်ခဲ့တာတွေ့ရပြီး ၂၀၁၄ခုနှစ် မော်ဒယ်ထိအောင်ပဲ နောက်ဆုံးထုတ်လုပ်ထားသေးတာတွေ့ရပါတယ်။ မော်ဒယ်တွေကိုတော့ အရင်က ဂျပန်မှာပဲ တပ်ဆင် ထုတ်လုပ်တာဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အာရှဈေးကွက်အတွင်းအခြေအနေကောင်းလာတာကြောင့် ထိုင်းနိုင်ငံမှာပါ စက်ရုံခွဲထားရှိ ထုတ်လုပ်နေတာဖြစ်တာကြောင့် နောက်ပိုင်းထုတ် မော်ဒယ်တွေထဲမှာ ထိုင်းဖြစ် မော်ဒယ်တွေ ပါလာတာ တွေ့ရတာပဲ ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ အခြေခံ … မော်ဒယ်ကိုတော့ Subcompact ဆိုတဲ့ ကိုယ်ထည်အရွယ်အစားနဲ့ အမျိုးအစား သတ်မှတ်ထားတာ တွေ့နိုင် ပြီးတော့ Compact ဆိုတဲ့ အနေတော်အရွယ်အစားထက်လည်း ငယ်တယ်၊ အသေးစား မော်ဒယ်ထက်လည်းကြီးတဲ့ ကိုယ်ထည်ဖြစ်ပြီး ဆလွန်းလို့လည်းလူသိများတဲ့ ဆီဒင်တန်းဝင် ဖြစ်ပါတယ်။ တံခါးလေးပေါက်စနစ်နဲ့ အင်ဂျင်အရှေ့ထိုင်စနစ်၊ ရှေ့ဘီးယက် မော်ဒယ် အနေနဲ့ပဲ လာပါတယ်။ Toyota ရဲ့ တည်ဆောက်မှု ပုံစံ B ကိုသုံးပြီး ဖန်တီးထားတာဖြစ်ကာ Vitz XP90 မော်ဒယ်နဲ့ တည်ဆောက်ပုံချင်း ဆက်စပ်ပါတယ်။ မော်ဒယ်အနေနဲ့ အရွယ်အစားတစ်မျိုးတည်းကိုပဲ ထုတ်လုပ်ပြီးတော့ ၄.၃ မီတာရှည်ပြီး ၁.၆၉ မီတာကျယ်အောင် ဖန်တီးထားသလို ၁.၄၆ မီတာ မြင့်ပါတယ်။ အတွင်းခန်းတည်ဆောက်မှုအတွက် အရေးပါတဲ့ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြားပမာဏကတော့ ၂.၅၅ မီတာထိအောင်ရှိပါတယ်။ အင်ဂျင်၊ ဂီယာအထိုင်များ … မော်ဒယ်ကို အခုချိန်ထိအောင် ရွေးချယ်နိုင်စရာ အင်ဂျင်စနစ်လေးမျိုးပဲ ထုတ်လုပ်ရောင်းချတာ တွေ့နိုင်ပါတယ်။ အဲဒီစနစ်တွေကတော့ ၁.၀ လီတာသုံး 1KR-FE I3 အင်ဂျင်တပ်၊ ၁.၃ လီတာသုံး 2NZ-FE I4 နဲ့ 2SZ-FE I4 အင်ဂျင်တပ်၊ ၁.၅ လီတာသုံး 1NZ-FE I4 အင်ဂျင်စနစ်တပ်မော်ဒယ်တွေ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ၁.၃ လီတာသုံး အင်ဂျင်တပ် မော်ဒယ်တွေပဲ တွေ့နေရတာပါ။ အင်ဂျင်တွေကတော့ ၁.၀ လီတာသုံးက မြင်းကောင်ရေ ၇၁ ကောင်အားထွက်ရှိပြီး ၁.၃ လီတာသုံး အင်ဂျင်တွေက ၈၄ ကောင်အား နဲ့ ၁.၅လီတာသုံး အင်ဂျင်စနစ်တွေကတော့ ၁၀၉ ကောင်အား ထွက်ရှိပါတယ်။ Transmission ပိုင်းမှာတော့ ဂီယာချက် ၄ ချက်ကို သုံးပြီးမောင်းနိုင်မယ့် Auto စနစ်နဲ့လည်း ဈေးကွက်ဝင်သလို Manual နဲ့လည်း လာပြီးတော့ ဂီယာချက် ၅ ချက်သုံး ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ မော်ဒယ်ကို နည်းပညာပိုင်းအဆင့်မြှင့်မှု တချို့အရ CVT စနစ်နဲ့လည်း ထုတ်လုပ်တာတွေ့ရပါတယ်။ လုံခြုံစိတ်ချရမှု … အမေရိကန် အခြေစိုက် NHTSA ကတော့ သူတို့ဆီ ဈေးကွက်ဝင်လာတာနဲ့ မော်ဒယ်ကို ဘယ်လောက် စိတ်ချရသလဲဆိုတာ စစ်ထားပါတယ်။ သူတို့အဖွဲ့က ကမ္ဘာမှာကိုပဲ စိတ်အချရဆုံး စစ်ဆေးရေးအဖွဲ့ဆိုရင်လည်း မမှားပါဘူး။ စစ်ဆေးချက်ရလဒ်ကတော့ မော်ဒယ်နှစ် ၂၀၀၈-၀၉ ခုနှစ်တွေကို စိတ်ကြိုက်ပေးထားတာ တွေ့ရပြီး အဆိုပါ မော်ဒယ်နှစ်နဲ့ နောက်ပိုင်းမော်ဒယ်တွေက ရှေ့ဖက် ယာဉ်မောင်းအတွက် စိတ်ချရမှု ကြယ်ငါးပွင့်၊ ယာဉ်မောင်းဘေးထိုင်ခုံအတွက် စိတ်ချရမှု ကြယ်ငါးပွင့်၊ နောက်ဖက် ထိုင်ခုံတန်းအတွက် စိတ်ချရမှု ကြယ်လေးပွင့်နဲ့ တစ်စီးလုံးအတွက်ကိုတော့ ကြယ်လေးပွင့်ထိအောင် ပေးထားတာ တွေ့ရပါတယ်။ သိကောင်းစရာတချို့ … မော်ဒယ်ကိုတော့ Yaris လို့ လူသိများတဲ့ မြောက်အမေရိကနဲ့ သြစတြေးလျမှာ ဈေးကွက်အထူး အောင်မြင် လူကြိုက်များသလို တောင်အာရှမှာတော့ Vios အနေနဲ့လူသိကြပါတယ်။ ဂျပန်ဈေးကွက်အတွက်ကလွဲလို့ ကျန်တဲ့ အာရှဈေးကွက်အတွက် Vios အမည်နဲ့ မော်ဒယ်ကို ထိုင်းနဲ့ ဖိလစ်ပိုင်မှာ တပ်ဆင်ထုတ်လုပ်ပါတယ်။ ဂျပန်အပါအ၀င် အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းဈေးကွက်အတွက်ကိုတော့ Belta နာမည်နဲ့ပဲ ဂျပန်မှာ ထုတ်ပါတယ်။ ဒီတော့ ပြည်တွင်းမှာYaris အနေနဲ့ပဲ ဖြစ်ဖြစ်၊ Vios အနေနဲ့ပဲ ဖြစ်ဖြစ်၊ Belta အနေနဲ့ပဲဖြစ်ဖြစ်၊ တွေ့လာခဲ့ရင် ခွဲခြားနိုင်မှာက Yaris အတွက်ဆိုရင် ဂျပန်ထုတ်များသလို Belta အနေနဲ့လည်းဂျပန်ထုတ် ဖြစ်ကာ Vios ဆိုရင်တော့ ထိုင်းထွက်ဆိုတာမှတ်ထားဖို့ လိုပါလိမ့်မယ်။ Belta ဆိုတဲ့ နာမည်ကတော့ အီတလီစကား Bella Gente ကိုအတိုကောက်ယူထားတာဖြစ်ပြီးတော့ အဓိပ္ပာယ်က လှပသောလူလို့ ပြောလို့ရပါတယ်။ ကဲ .. ဒါလောက်ဆိုရင်တော့ ကျွန်တော်တို့ မျက်စိရှေ့မှာပဲရှိနေတဲ့ Belta တွေရဲ့ သမိုင်းနဲ့ သိထားသင့်တဲ့အချက်လေးတွေ ကောင်းကောင်းမှတ်ထားနိုင်လောက်ပြီလို့ ထင်ပါတယ်နော်။ လင်းထက်(IA) | ||||
| ဗီယက်ဂျက် လေကြောင်းလိုင်းမှ လေယာဉ်မောင်မယ်သစ်များ ခေါ်ယူနေ Posted: 25 Aug 2015 01:16 AM PDT Vietjet လေကြောင်းလိုင်းမှ ပြည်တွင်း နှင့် နိုင်ငံတကာခရီးစဉ်တွေအတွက် အရည်အချင်းပြည့်ဝပြီး ခရီး သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မယ့် လေယာဉ်မောင်မယ်သစ်တွေကို ခေါ်ယူလျက်ရှိပါ တယ်။ ရွေးချယ်ခံရသူတွေက ဗီယက်နမ်နိုင်ငံနဲ့တခြားနိုင်ငံတွေမှာ သင်တန်းများတက်ရောက် သင်ကြားရမှာဖြစ်ပါတယ်။ လျှောက်ထားသူတွေအတွက် သတ်မှတ်ချက်တွေအနေနဲ့က အသက်(၂၀) မှ (၃၀) အတွင်း အရပ်-အမျိုးသား (၁.၇) မီတာ မှ (၁.၈) မီတာ ၊ အမျိုသမီး (၁.၆) မီတာမှ (၁.၇၅) မီတာ နဲ့ လုပ်ငန်းအတွေ့အကြုံရှိသူကို (၁.၅၈) မီတာအထိ လက်ခံစဉ်းစားမှာလို့ သိရပါတယ်။ ပညာအရည်အချင်း အနေနဲ့ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူ၊ အင်္ဂလိပ်စာစွမ်းရည် TOECI အ မှတ် (၄၀၀) အထက် ရရှိထားတဲ့ အသိအမှတ်ပြုလက်မှတ် (သို့မဟုတ်) အခြားသင့်တော်တဲ့ အသိမှတ်ပြုလက်မှတ် ရှိရပါမယ်။ အခြားလိုအပ်တဲ့အရည်အချင်းတွေကတော့ တက်ကြွပြီး အများနဲ့ပြောဆို ဆက်ဆံရာမှာပြေပြစ်သူ၊ လုပ်ငန်းခွင်အသစ်မှာ လိုက်လျောညီထွေ လုပ်ကိုင်နိုင်ပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်သူ ဖြစ်ရပါမယ်လို့ သိရပါတယ်။ လျှောက်လွှာများကို farecruitement@vietjetair.com သို့ ပေးပို့ ရမှာဖြစ်ပြီး လျှောက်လွှာများအား Vietjet ရုံးခန်းကိုလည်း ပေးပို့နိုင်သလို ဗီယက်နမ်နိုင်ငံတွင် အင်တာဗျူးဖြေဆိုသည့်အခါတွင်လည်း လျှောက်လွှာများ ပြန်လည် ယူဆောင်လာရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လူတွေ့မေးမြန်းခြင်းကို စက်တင်ဘာလ (၈) ရက် နံနက် (၈) နာရီခွဲတွင် ဟနွိုင်းမြို့ရှိ Sofitel Plaza ဟိုတယ်မှာ ပြုလုပ်မှာဖြစ်ပြီး အောက်တိုဘာလ (၁) ရက် နံနက် (၈) နာရီတွင် ဟိုချီမင်းမြို့၊ 60A Truong Son လမ်း CT Plaza Building၊ (၉) လွှာရှိ Vietjet လေ့ကျင့်ရေးစင်တာမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Vietjet လေကြောင်းလိုင်းရဲ့ ရန်ကုန်-ဟိုချီမင်းခရီးစဉ်ကို အောက်တိုဘာလ (၂) ရက်နေ့မှာ စတင်ပျံသန်းမှာဖြစ်ပြီး အဲဒီခရီးစဉ်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့များမှာ အသွားအပြန်ခရီးစဉ်များ ပျံသန်းပြေးဆွဲ သွားမယ်လို့ သိရပါတယ်။ Vietjet လေကြောင်းလိုင်းဟာ လက်ရှိမှာ A320 နဲ့ A321 အပါအ၀င် လေယာဉ် (၂၆) စီးဖြင့် နေ့စဉ်အကြိမ်ရေ (၁၅၀) ပျံသန်း ပြေးဆွဲလျှက်ရှိပြီး ဗီယက်နမ်နိုင်ငံတဝှမ်းနဲ့ အာရှ-ပစိဖိတ်ဒေသတွင်းရှိ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံများသို့ ခရီးစဉ်လမ်းကြောင်း (၃၃) ခုဖြင့် ပျံ သန်းပြေးဆွဲလျက်ရှိပါတယ်။ ထက်ဦးဝေ | ||||
| တရုတ်ပြည့်တန်ဆာမယ်များရဲ့ လျို့ဝှက်ဘ၀တွေကို ထုတ်ဖော်ပြောပြလိုက်တဲ့ ပုံရိပ်များ Posted: 25 Aug 2015 01:14 AM PDT တရုတ်ပြည်မှ ပြည့်တန်ဆာမယ်များရဲ့ အလုပ်အခြေအနေနှင့် ဘ၀များကို လီကွင်ဆိုသူ ဓာတ်ပုံဆရာတဦးရဲ့ ၇ နှစ်တာ ဓာတ်ပုံစီမံကိန်းတခုက ဖွင့်ဟ ပြောပြလိုက်ပါတယ်။ ဒါဟာ တရုတ်ပြည်ရဲ့ ဆင်းရဲနွမ်းပါးခြင်းကို မြှင့်တင့်ဖို့ရန် ကြိုးစားတာလည်းဖြစ်ပါတယ်။ အဲ့ဒီ ဓာတ်ပုံစီမံကိန်း ကတော့ ပြည့်တန်ဆာမယ်များရဲ့ အခန်းကျဉ်းထဲက ဘ၀နေထိုင်မှုပုံစံများကို ရိုက်ပြထားတဲ့ ဓာတ်ပုံများပါ။ တရုတ်ပြည်ရဲ့ မြို့အများအပြားမှာ ဒီလို ပြည့်တန်ဆာလုပ်ငန်းတွေကို တွေ့မြင်နိုင်ပါတယ်။အခုလို ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေကြရခြင်းဟာ ကျေးလက်တောရွာနေသူတွေရဲ့ ဆင်းရဲနွမ်းပါးလှတဲ့ အနေအထား တွေက အခြေခံလာတာပါ။ အမျိုးသမီးအများအပြားရဲ့အဆိုအရ ပညာရေးအခြေအနေနိမ့်ပါးမှုနဲ့ ဆင်းရဲနွမ်းပါးရခြင်းတို့ကြောင့် အခုလို ပြည့်တန်ဆာအလုပ်တွေနဲ့သာ ရင်ဆိုင်လုပ်ကိုင်နေရခြင်းဖြစ်တယ်လို့ သိရပါတယ်။ မကြာခဏဆိုသလို ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ ပြင်းထန်တဲ့ ကဲ့ရဲ့ပြစ်တင်ရှုံချမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သူတို့အတွက် အခုလို ဓာတ်ပုံဆရာ လီကွင်ရဲ့ ဓာတ်ပုံတွေဟာ ကောင်းမွန်တဲ့ အနာဂတ်တွေ ဖြစ်လာမယ်လို့ ယုံကြည်နေကြပါတယ်။ တရုတ်နိုင်ငံရဲ့ပြည့်တန်ဆာမယ်တွေဟာ အခုလို တရားမ၀င်လုပ်ငန်းတခုကို လျို့ဝှက်စွာလုပ်ကိုင်နေရပေ မယ့် သူတို့ရဲ့ ပုံမှန်အလုပ်တခုလိုဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းက ကြောက်ရွံ့မှုတွေ အန္တရာယ်တွေ ကြားကပဲ အဖော်မဲ့အထီးကျန်တဲ့ဘ၀တူတွေချင်း ရဲဘော်ရဲဘက်တွေဖြစ်လာရခြင်းပါ။ အဆိုပါ ဓာတ်ပုံမျာထဲက ဇီယိုမင် ဆိုသော အမျိုးသမီးငယ်တဦးကတော့ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင် ပြီးနောက် ၂၀၁၃ ခုနှစ်မှာ လက်ထပ်သွားခဲ့ပါတယ်။ ထို့နောက် သူမဟာ Zhejiang ပြည်နယ် Hangzhou မှာ ပိုးထည်ဆိုင် ဖွင့်လှစ်ထားခဲ့ပါတယ်။ ဓာတ်ပုံဆရာ လီကွင်ရဲ့ CFP သို့ ကိုးကား ပြောဆိုချက်အရ အ ဆက်အသွယ်ပြတ်တောက်သွားခဲ့တဲ့ အခြားသော အမျိုးသမီးငယ်အများအပြားလည်း ရှိတယ်လို့ သိရပါ တယ်။ Ref: CCTV news |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |




















0 comments:
Post a Comment