မောင်ပေါက် ( Maung Pauk ) |
- သီချင်းရဲ့အသံထွက်ပိုကောင်းစေမယ့်-Equalizer Music Player Pro v2.5.1 Apk
- လူ့ မျက်လုံး MEGAPIXEL
- Mobile App နှင့် သူ၏ အရောင်များ
- ထွက်ရှိလာတော့မည့် Moto 360 2
- ထွက်ရှိတော့မည် Sony Xperia Z5 Compact
- Xiaomi MIUI 7 Myanmar Font Installer (Need Root)
- Meizu m2 Note
- Financial Book For IOS
- FotoRus For Android
- Windows 10 နှင့် ပတ်သက်၍ သိထားရမည့် အချက်များ
- အရှေ့တောင်အာရှ၏ တွန်းအားတစ်ရပ် ဖြစ်လာစေရန် Data စင်တာတစ်ခုကို စင်ကာပူတွင် Alibaba တည်ဆောက်
- LG G Pad II 10.1 တွင် Snapdragon 800 နှင့် WUXGA screen ပါဝင်မည်
- မိုဘိုင်းအင်တာနက်ပေါ်မှ အချက် အလက်သုံးစွဲမှု ကျေးလက် ဒေသများတွင်ပါ မြင့်တက်လျက်ရှိ
- Windows 10 KMS Activator Ultimate 2015 v1.2
- Android KitKat အတွက် Tips and Tricks များ
- Facebook ကိုမြန်ဆန်စွာသုံးနိုင်တဲ့ - Fast Pro (Client for Facebook) v3.0 Apk
- လိပ်နင်ဂျာဖိုက်တင်ဂိမ်းလေး - TMNT: Brothers Unite APK MOD Unlimited Money
- Tech Space Journal ( Vol-4, Issue-20 )
- Myanmar Mobile View Vol_1 Issue_5
- ကြမ်းကြမ်းရမ်းရမ်းပစ်ခက်ကစားရမယ့် - Bounty Hunter: Black Dawn APK V1.25.1 MOD Unlimited Money
- ဖုန်းရဲ့နောက်ဘက်က Flash မီးလေးက တဖျတ်ဖျတ်နဲ့အသိလေးပေးမယ်-LED Blinker Notifications v6.8.2 Apk
- Xiaomi Fastboot Update Firmware
- Virus သတ်ရာမှာ သေးသေးလေးနဲ့ အစွမ်းထက်တဲ့ Smadav 2015 Rev 10.3 New Update
- ဒူဘိုင်းရေးပန်းအလှလေးဖုန်းမှာလန်းနိုင်မယ့် -Dubai Fountain Live Wallpaper
- ဖုန်းမှာ Music တွေကိုအကောင်းဆုံးနားဆင်နိုင်မယ့် - Shuttle+ Music Player v1.5.6 Apk
| သီချင်းရဲ့အသံထွက်ပိုကောင်းစေမယ့်-Equalizer Music Player Pro v2.5.1 Apk Posted: 25 Aug 2015 10:50 AM PDT ဖုန်းထဲမှာ သီချင်းနားထောင်တာဝါသနာပါသူများအတွက် Sound Effect ပေါင်းများစွာကိုစိတ်ကြိုက် ချိန်ညှိ နိုင်တဲ့ Android Player လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Equalizer ဆိုတဲ့အတိုင်းပါဘဲ မိမိနားထောင်တဲ့ သီချင်း နဲ့လိုက်ဖက်ညီမယ့် Sound Effect 13မျိုးကိုစိတ်ကြိုက်ရွေးချယ်ပြီးနားထောင်နိုင်ပါတယ်ဗျာ။ Acoustic , Classical , Dance , Electro , Flat , Folk , Hip-Hop , Jazz , Latin , Metal , Pop , R&B , Rock စတဲ့ Sound Effect တွေဖြစ်ပါတယ်ဗျာ ။ ကျွန်တော် သီချင်းတစ်ပုဒ်ထဲကို အခြား Music Player တွေနဲ့ယှဉ်ပြီး နားထောင် ကြည့်ပြီးပါပြီ။ အခု တင်ပေးထားတဲ့ Equalizer + Pro နဲ့နားထောင်ရတဲ့ သီချင်းအသံကပိုပြီး အရသာရှိ ပါတယ်ဗျာ။ Android OS 2.3. နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့ 4.95 MB ဖြစ်ပါ တယ်ဗျာ။ Download Here | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Posted: 25 Aug 2015 04:10 AM PDT လူတစ်ဦးရဲ့  မျက်လုံးမှာ 576 megapixels ရှိပါတယ်။ iPhone 5 မှာ 8 megapixel ဆိုတော့ မျက်လုံးက ၇၂ ဆတေင် သာပါတယ်။ မျက်လုံးနဲ့ ပက်သက်လို့ သူ့ရဲ့  မြင်နိုင်စွမ်း အသေးစိတ် Specification ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ Human Eye Specifications (typical): Sensor (Retina) : 22mm diameter x 0.5mm thick (section); 10 layers Resolution : 576MP equiv. Visual Acuity : ~ 74 MP (Megapixels) (printed) to show detail at the limits of human visual acuity ISO : 1 - 800 equivalent Data Rate : 500,000 bits per second without colour or around 600,000 bits per second including colour. Lens : 2 lenses - 16mm & 24mm diameter Dynamic Range - Static : contrast ratio of around 100:1 (about 6 1/2 f-stops) (4 seconds) Dynamic Range - Dynamic : contrast ratio of about 1,000,000:1 (about 20 f-stops) (30 minutes) Focal Length : ~ 3.2mm - (~ 22mm 35mm equiv) Aperture : f2.1 - f8.3 (f3.5 dark-adapted is claimed by the astronomical community) FOV Field of View : 95° Out, 75° Down, 60° In, 60° Up Color Space - 3D (non-linear) RGB Color Sensitivity : 10,000,000 (ten million) Color Range : 380 to 740 nm White Balance : Automatic (constant perceived color under different lighting) Refresh Rate : foveal vision (high-quality telescopic) - 3-4fps; peripheral vision (very inaccurate) - up to 90fps . Ref: techblog Aung Kham (TSJ team) ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Mobile App နှင့် သူ၏ အရောင်များ Posted: 25 Aug 2015 03:36 AM PDT အပြာရောင် အပြာရောင်ဟာ လူကြိုက်အများဆုံးနဲ့ တကမ္ဘာလုံးမှာ အသုံးအများဆုံး အရောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့် Apps ထုတ်လုပ်တဲ့ နေရာမှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြု တက်ကြပါတယ်။ တကယ်တမ်းတော့ သင့်မိုဘိုင်းဖုန်းကို ဖွင့်ပြီး App တွေကို ကြည့်လိုက်ရင် အရင်ဆုံး ထင်းခနဲမြင်ရမှာကအပြာရောင်နဲ့ လုပ်ထားတဲ့ App တွေကိုပါ။ အပြာရောင်ဟာ နိုင်ငံတကာသုံး အရောင်လည်းဖြစ်ပြီးတော်တော်များများက သူတို့ ကုန်ပစ္စည်းတွေကို ခိုင်မာမှုနဲ့ ယုံကြည်မှု ခံစားချက်ကို ပေးစေလိုတဲ့ အခါမှာ အသုံးပြုတက်ကြပါတယ်။ အပြာရောင်သုံးထားတဲ့ App တွေကတော့ Facebook , Skype တို့ ပါဝင်တာကို တွေ့ ရပါလိမ့်မယ်။ အနီရောင် သင့် မိုဘိုင်း App ကို လူငယ်တွေ သုံးဖို့  ရည်ရွယ်ထားတယ် တနည်းအားဖြင့် တက်ကြွမှုနဲ အားပြည့်နေတဲ့သူတွေအတွက် ဆိုရင် အနီရောင်ကို ရွေးချယ်ခြင်းက အကောင်းဆုံးပါတဲ့။ ဘာလို့ လဲ ဆိုတော့ အနီရောင်က တက်ကြွခြင်း ၊ ရင်ခုန်စိတ်လှုပ်ရှားမှု ၊ အားအင် နဲ့ ငယ်ရွယ်မှု ဆိုတဲ့ အရာတွေနဲ့ ဆက်စပ်နေလို့ ပါပဲ။ အနီရောင် သုံးထားတဲ့ နာမည်ကြီး App တွေကို ကြည့်မယ် ဆိုရင် Nike , Youtube အပြင် Iphone မှာအသုံးပြုတဲ့ Music App တွေကို တွေ့ ရမှာပါ။ လိမ္မော်ရောင် အပြာရောင် အနီရောင်တွေကို ကျော်လွန်ဖို့ ဥာဏ်ရှိရှိနဲ့  သင့် App တွေကို ဖန်တီးချင်တယ် ဒါကလည်း အများနဲ့ မတူ ထူးခြားနေရမယ်။တစ်ချိန်ထဲမှာ စိတ်ခွန်အားတွေ ပေးမဲ့ အရောင် ဆိုရင်တော့ လိမ္မော်ရောင်ကို ရွေးချယ်သင့်ပါတယ်။ ဒီအရောင်က ရင်းနှီးမှု ရရှိစေတဲ့ ခံစားချက်နဲ့ ပျော်ရွင်မှုကို ပေးတဲ့ အရောင်ဖြစ်ပါတယ်။ ဒီနှစ် အတွင်းမှာ ခေတ်စားလာမဲ့ အရောင်လို့ လည်း ပြောလို့ ရပါတယ်။ လိမ္မော်ရောင် သုံးထားတဲ့ နာမည်ကြီး App တွေကတော့ Soundcloud နဲ့  Skypath ပါ ။ အဝါရောင် လိမ္မော်ရောင် နည်းတူ အဝါရောင်ဟာလည်း ခေတ်စားလာမဲ့ အရောင်ဖြစ်ပါတယ်။ တောက်ပတဲ့ ဒီအရောင်ဟာ App အသုံးပြုသူများကို နွေးထွေးမှုနဲ့ အကောင်းမြင်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေပါတယ်။ အဝါရောင်နဲ့ နာမည်ကြီးတဲ့ ကုမ္ပဏီများကတော့ DHL နဲ့ Sprint တို့  ဖြစ်ပါတယ်။ အစိမ်းရောင် အစိမ်းရောင်ကိုတော့ အဓိက အနေနဲ့ App အမျိုးအစား နှစ်ခုလောက်မှာ သုံးတက်ကြပါတယ်။ ပထမတစ်ခုကတော့ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု အထူးသဖြင့် အစိမ်းရောင်ဟာ ငွေကြေးနဲ့ ဆက်စပ်နေပါတယ်။ဒုတိယအနေနဲ့  အသုံးပြုတဲ့ အမျိုးအစားကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ ရေရှည်တည်တံ့ရေး ၊ စိမ်းလန်းရေးတို့ ကို ဖော်ညွန်း မြင့်တင်တဲ့ အခါမှာ အသုံးပြုတက်ကြပါတယ်။မြန်မာနိုင်ငံတို့ မှာ ဆိုရင်တော့ အိမ်ခြံမြေ အွန်လိုင်း ဝန်ဆောင်မှု ဖြစ်တဲ့ iMyanmarhouse ရဲ့  Mobile App ဟာ အစိမ်းနုရောင်ကို သုံးထားတာ တွေ့ ရပါလိမ့်မယ်။ အရောင်များ ရွေးချယ်တဲ့ အပေါ်မူတည်ပြီး မိမိရည်ညွန်းလိုတဲ့ ကုန်ပစ္စည်းအမျိုးအစား ၊ ဝန်ဆောင်မှု ၊ ထုတ်လုပ်မှု စတာတွေကို ကြည့်ပြီး မိမိ ကုန်အမှတ်တံဆိပ်အတွက် အကောင်းဆုံး အရောင်တွေ ရွေးချယ်နိုင်ဖို့  ကိုးကားမျှဝေလိုက်ပါတယ်။ ရေသား ပေးပို့သူ – Freddy Credit MMAS Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Posted: 25 Aug 2015 03:36 AM PDT နှစ်မျိုး ထွက်နိုင်ချေ Moto 360S နဲ့ Moto 360L ဆိုပြီးတော့ နှစ်မျိုးထွက်မှာ ဖြစ်ကြောင်း သိရပါတယ်။ ရည်ရွယ်ချက်ကတော့ အကြီးနဲ့ အသေး ခွဲဖို့ ဖြစ်ပါတယ်။ ယခင် Moto 360 တုန်းက အရွယ်ကြီးတယ်လို့ လူပြောများတာကြောင့် ယခု ဗားရှင်းတွေမှာ ပါးလည်း ပါးလာမယ့် ဒိုင်ခွက်လည်း သေးလာနိုင်ဖွယ် ရှိပါတယ်။ ဒိုင်ခွက် အရွယ်အစားအားဖြင့် ၁.၅၆ လက်မ ရှိတာ ပါဝင်ပြီး သူက အသေးလား အကြီးလားတော့ မသိပါ။ Battery လူပြောအများဆုံး အားနည်ချက်တစ်ခုကတော့ ဘက်ထရီ ဖြစ်ပါလိမ့်မယ်။ အား အပြည့်သွင်းထားရင် ၂ရက်လောက်သာ အသုံးခံပါတယ်။ ဒါတောင် နာရီကြည့်ဖို့သက်သက် သုံးရုံ ဆိုရင်ပါ။ အကယ်၍ Google ရဲ့ OK Google တို့လိုအသံနဲ့ စေခိုင်းတာကို သုံးရင် မပြောတတ်ပါဘူး။ ဒီတော့ ယခုနှစ်ထုတ်မှာ ဘက်ထရီဟာ အားသာချက် တစ်ခုဖြစ်လာဖွယ်ဖြစ်ကြောင်း ဆိုပါတယ်။ ယခင်နှစ်က ဘက်ထရီက 320 mAh ရှိပြီး ယခုနှစ်မှာတော့ 400 mAH နဲ့ 375 နှစ်မျိုးတည်းက ဖြစ်နိုင်ကြောင်း ဆိုပါတယ်။ ဘက်ထရီ ပမာဏ သေးသည့်တိုင် ပါဝါ အသုံးပြုမှု နည်းနိုင်စေကြောင်း ဆိုပါတယ်။ Spec RAM 512 GB, Internet 4 GB တို့ ပါဝင်ပြီး Wi-Fi, Bluetooth တို့လည်း upgrade လုပ်ထားပါတယ်။ ထူခြားချက် အနေနဲ့ ဒိုင်ခွက်မှာ အနက်ရောင် အစင်း ပါနေတာလေး ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒိုင်ခွက်အောက်က အပါးလွှာ လေး တစ်ခု နေရာယူထားတဲ့ နေရာလေး ပျောက်သွားရင် သူက ပိုပြီးတော့ လှသွားပါလိမ့်မယ်။ အိုင်ဖုန်းနဲ့ ချိတ်သုံးချင်သူများအတွက် ရမရတော့ မသိသေးပါဘူး။ ယခင်ဗားရှင်းဆိုရင် တရားဝင် ချိတ်ဆက်မှု support မပေးတာကြောင့် Third party app များ သုံးပြီး ပြုလုပ်ကြပါတယ်။ သူက Android နဲ့ပဲ compatible ပိုဖြစ်လို့ပါ။ ဒီဇိုင်း ဒီဇိုင်း အနေနဲ့ ကြည့်ရင် ထွက်ရှိထားတဲ့ Moto 360 နဲ့ သိပ်မကွာလောက် ပါဘူး။ အရွယ်သေးလာတာတာကတော့ သေချာပါတယ်။ နောက်တစ်ခုက လှည့်ရတဲ့ ဘုသီး (crown) လေးဟာ ဆိုရင် ဘေး အလယ်မဟုတ်တော့ပဲ အပေါ်နား အနည်းငယ် ရောက်နေပါလိမ့်မယ်။ ကြိုး အတပ်၊ အဖြုတ်၊ စိတ်ကြိုက် ဒီဇိုင်း ပြင်ဆင်မှုတို့ကို ကိုယ်တိုင် လွယ်တကူ လုပ်နိုင်မယ့် အနေအထား ရှိပါတယ်။ ဈေးနှုန်း Moto 360 တုန်းက အမေရိကန်ဒေါ်လာ 200 ကနေ 400 ဝန်းကျင်အထိ ရှိထားပြီး ယခု Moto 360L နဲ့ 360S နဲ့ ယင်း ပတ်ဝန်းကျင် ရှိနိုင်ပါတယ်။ သားရေကြိုး၊ စတီးကျိုး အစရှိသဖြင့် ကွဲပြားမှုတို့ကြောင့် ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလဆန်း ဘာလင်မှာ ကျင်းပတဲ့ IFA မှာ မြင်တွေ့ရနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။ . Ref: pocketlint အောင်ခမ်း (MMAS) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| ထွက်ရှိတော့မည် Sony Xperia Z5 Compact Posted: 25 Aug 2015 03:35 AM PDT Sony ကနေပြီးတော့ မကြာခင် ထွက်ရှိတော့မယ့် စမတ်ဖုန်း အသစ်ထဲမှာ Sony Xperia Z5 Compact ပါဝင်ပါတယ်။ Xperia Z5 ပြီးတော့ အသေးစား ဖြစ်တဲ့ Compact ဟာ ဈေးနှုန်းအားဖြင့်လည်း အနည်းငယ် သက်သာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာပေမယ့် ပါဝင်တဲ့ Spec ကတော့ အတော်လေး မြင့်ပါတယ်။ RAM 3GB ပါဝင်ပြီး Qualcomm Snapdragon 810 processor ကို အသုံးပြုထားပါတယ်။ မျက်နှာပြင်က ၄.၇ လက်မ အရွယ် ရှိပြီးတော့ အရည်အသွေးကတော့ 720p Display ဖြစ်ပါတယ်။ Display ပိုင်းမှာတော့ လျော့ထားပုံ ရပါတယ်။ ကင်မရာတော့ မလျော့ ပါဘူး။ နောက် ကင်မရာ 20.7 Megapixel ပါဝင်ပြီး ရှေ့ကင်မရာ 8 Megapixel ပါဝင်ပါတယ်။ အရောင်အားဖြင့်လည်း အဖြူ၊ အပြာ၊ အနက်၊ ခရမ်း အပြင် အခြားသော အရောင်များ ပါဝင် ပါလိမ့်မယ်။ ဈေးနှုန်းတော့ မသိသေးပါဘူး။ လာမယ့် စက်တင်ဘာလဆန်းမှာ ဘာလင် IFA မှာ ထုတ်ဖော်ပြသသွားနိုင်ချေ ရှိကြောင်း သိရပါတယ်။ . Ref: pocketlint အောင်ခမ်း (MMAS) Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Xiaomi MIUI 7 Myanmar Font Installer (Need Root) Posted: 25 Aug 2015 03:34 AM PDT Xiaomi MIUI ဖုန်းများအတွက် MIUI 7 Myanmar Font Installer လေးကို Xiaomi Device ကိုင်ဆောင်သူများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ application လေးကို www.facebook.com/MobileTechnologyCity Mobile Technology City (MTC) မှ ဖန်တီးထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ ယခု Xiaomi MIUI 7 ZawGyi apk လေးကို click တစ်ချက် နှိပ်ရုံဖြင့် မိမိဖုန်းမှ Root access ရှိမရှိတန်းသိနိုင်ပြီး Root access ရှိပါကလဲ မြန်မာစာကို မှန်မှန်ကန်ကန်နဲ့ အဆင်ပြေပြေမြင်နိုင်ဖို့ လုပ်ဆောင်ပေးသွားမှာပါ။ မြန်မာစာသွင်းပြီး မြန်မာစာလက်ကွက် (Myanmar Keyboard) အတွက် မြန်မာစာသွင်းပြီးတာနဲ့ မြန်မာစာလက်ကွက် ကိုပါထည့်သွင်းပေးထားပါတယ်။မြန်မာစာလက်ကွက်အတွက် Frozen Keyboard Pro ကို အနည်းငယ် ပြန်လည်ပြင်ဆင်ပြီးထည့်သွင်းပေးထားပါတယ်။ ယခု Xiaomi MIUI 7 ZawGyi installer သည် မည်သည့် Xiaomi Rom MIUI 7 အတွက်မဆို မြန်မာစာအဆင်ပြေစေရန်ထုတ်လုပ်ပေးထားပါတယ်။ MIUI 7 မဟုတ်တဲ့ တချို့ Xiaomi ဖုန်းတွေမှာဆိုလျှင် MIUI 6 ဖြစ်နေပါသော်လည်း Android Os 5.0.x (lollipop) ဖြစ်မည်ဆိုပါက အဆင်ပြေစွာသုံးနိုင်ပါတယ်။ Xiaomi Device ကိုင်ဆောင်သူအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုအပ်ပါက အောက်ကလင့်ကနေ ရယူလိုက်ပါ ခင်ဗျာ။ Myanmar Font apk Download >>> https://app.box.com/s/uzvr20fvbyvljgb86bzuojitl5dy9cjj Credit >>> www.facebook.com/MobileTechnologyCity Mobile Technology City (MTC) Shane Maung Maung Ko Htoo ( MMAS ) Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Posted: 25 Aug 2015 03:33 AM PDT တရုတ်မိုဘိုင်းဖုန်း Company တစ်ခုဖြစ်တဲ့ Meizu ကထုတ်လုပ်လိုက်တဲ့ Meizu m2 Note ဆိုတဲ့ဖုန်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Meizu Company ဟာဆိုရင် တရုတ်မှာ နာမည်ကြီး စမတ်ဖုန်းထုတ်လုပ်သူဖြစ်ပြီး Meizu MX စီးရီး ဖုန်းများ ၊ Note စီးရီးဖုန်းများကိုအဓိကထုတ်လုပ်ရောင်းလျက်ရှိပါတယ်။ Note စီးရီးထဲမှာဆိုရင် Meizu m1 note ကို ဒီဇင်ဘာ ၂၀၁၄ မှာ စတင်မိတ်ဆက်ရောင်းချခဲ့ပြီး ဒုတိယမြောက် Note စီးရီးဖုန်း Meizu m2 Note ကိုတော့ 2015 ဇွန်လထဲမှာစတင်မိတ်ဆက်ပြသခဲ့ပါတယ်။ ![]() Meizu m2 Note ဟာဈေးနှုန်းလည်းသက်သာပြီး စွမ်းဆောင်ရည်လည်းမြင့်မားတဲ့ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေ ၁ သိန်း ၈ သောင်းဝန်းကျင်ခန့်ဖြစ်ပါတယ်။ m2 Note ဟာ ၂၀၁၅ ဇွန်လကမှ မိတ်ဆက်ပြသခဲ့တဲ့စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ယခုအခါ မြန်မာပြည်ဈေးကွက်မှာဝယ်ယူရရှိနိုင်နေပါပြီ။ ဖုန်းရဲ့ဒီဇိုင်းအသွင်အပြင်ကလည်း ရုတ်တရက်ကြည့်လိုက်ရုံနဲ့ကို ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။ ![]() ဖုန်းရဲ့ Screen Resolution ကလည်း 1080×1920 pixel (Full HD) Resolution ဖြစ်တာကြောင့် ကြည့်ရတာအလွန်ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကိုပေးစွမ်းမှာဖြစ်ပါတယ်။ m2 Note မှာ မိုဘိုင်းကွန်ရက်ထောက်ပံ့မှုအနေနဲ့ 2G Network မှ 4G Network အထိ Support ပေးထားပြီး SIM Card ၂ ကဒ်ထည့်သုံးနိုင်ပါတယ်။ ![]() m2 Note ကို System ပိုင်းအနေနဲ့ Android 5.0 Lollipop အသုံးပြုထားပါတယ်။ Android 5.0 ဆိုပေမယ့် ဖုန်းတွင်း System အသွင်အပြင်ပိုင်းအားလုံးကို Meizu ရဲ့ Flyme 4.5 UI နဲ့တန်ဆာဆင်ပေးထားပါတယ်။ ဖုန်းရဲ့ RAM အနေနဲ့ကတော့ 2 GB ဖြစ်ပြီး တန်ဖိုးသက်သာတဲ့ဖုန်းတစ်လုံးအတွက် RAM 2GB ဆိုတဲ့ပမာဏဟာ မနည်းလှပါဘူး ။ ဖုန်းတွင်း Memory သိုလှောင်မှုပမာဏအနေနဲ့ 16 GB / 32 GB ဆိုပြီး Storage size ၂ မျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းရဲ့အဓိကလည်ပတ်မောင်းနှင်အားဖြစ်တဲ့ Processor အနေနဲ့ကတော့ Mediatek MT6753 ကိုအသုံးပြုထားပါတယ်။ Camera ပိုင်းအနေနဲ့ ဖုန်းရဲ့ရှေ့ဘက်ခြမ်း (Front) Camera အနေနဲ့ 5 Megapixel ၊ နောက်ဘက်ခြမ်း (Back/Primary) Camera အနေနဲ့ 13 Megapixel အရည်အသွေးရှိတဲ့ Camera တို့ကိုတပ်ဆင်အသုံးပြုပေးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။ ဖုန်းရဲ့ Battery အနေနဲ့ 3000 mAh Battery ကိုတပ်ဆင်ပေးထားတာကြောင့် ဘက်ထရီအားအတော်ခံမယ့်ဖုန်းတစ်လုံးပါပဲ။ ဘက်ထရီကတော့ Non-Removable Battery ဖြစ်တာကြောင့် သာမန် user တွေအနေနဲ့ ဖြုတ်တပ်လဲလှယ်တာလုပ်လို့တော့မရပါဘူး။ m2 Note ကို အရောင်အနေနဲ့ အဖြူ ၊ ပန်းရောင် ၊ အပြာ ၊ မီးခိုးရောင် စတဲ့ အရောင် ၄ မျိုးနဲ့ထုတ်လုပ်ပေးထားပြီး မိမိစိတ်ကြိုက်အရောင်နဲ့ဟန်းဆက်ကိုရွေးချယ်ဝယ်ယူနိုင်မှာပါ။ Meizu m2 Note နဲ့ပတ်သက်တဲ့အချက်အလက်အသေးစိတ်ကိုတော့ အောက်မှာဆက်လက်လေ့လာနိုင်ပါတယ်။ Meizu m2 note detailed specifications GENERAL
DISPLAY
HARDWARE
CAMERA
SOFTWARE
CONNECTIVITY
SENSORS
Credit သက်နိုင်စိုး(MMAS) Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Posted: 25 Aug 2015 03:33 AM PDT Financial Book app သည် နေ့စဉ်သုံးစွဲနေသည့် ငွေကြေးများကို စီမံခန့်ခွဲပေးနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် ဝင်ငွေနှင့် ထွက်ငွေများကို မှတ်တမ်းတင်ထားပေးနိုင်သလို နေ့စဉ် ကုန်ကျသည့် ငွေကြေးများကိုလည်း မှတ်တမ်းတင်ထားပေးနိုင်မည် ဖြစ်သည်။ Financial Book app ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iOS version 7.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal Thiha Htike(THT) (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Posted: 25 Aug 2015 03:32 AM PDT FotoRus app သည် ဓာတ်ပုံများကို ဆန်းသစ်လှပသည့် Album ဒီဇိုင်းမျိုးစုံဖြင့် ထည့်သွင်းနိုင်ရန် စီစဉ်ပေးထားသည့် app တစ်ခု ဖြစ်သည်။ Effect များစွာ ပါဝင်ပြီး ဓာတ်ပုံများကို ပြင်ဆင်နိုင်ရန် Tool များလည်း ပါဝင်မည်ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေဖြင့် Play Store တွင် အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 29 MB ခန့် ရှိမည်ဖြစ်သည်။ Android version 2.3 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခုလည်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal Thiha Htike(THT) My Facebook Account Click (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Windows 10 နှင့် ပတ်သက်၍ သိထားရမည့် အချက်များ Posted: 25 Aug 2015 03:32 AM PDT ယခုအခါတွင် Windows 10 ကို အခမဲ့ download ပြုလုပ်၍ install ပြုလုပ်ထားသည့် သူများသည် Windows ဗားရှင်းသစ်နှင့် ပတ်သက်၍ သတင်းအချက် အလက်များ သိရှိလိုကြသည်။ ထို့ ကြောင့် သုံးစွဲသူများကHow-to geek ဝက်ဘ်ဆိုက်ထံသို့ အီးမေးလ်များ ပေးပို့၍ Windows 10 နှင့် ပတ်သက်၍ မေးခွန်းပေါင်းရာပေါင်း များစွာကို မေးမြန်းကြသည်။ အောက်ဖော်ပြပါ မေးခွန်းများသည် How-to geek ဝက်ဘ်ဆိုက်သို့ လူပေါင်းများစွာက မကြာခဏ မေးမြန်းကြသည့် မေးခွန်းများ ဖြစ်ပါသည်။ Windows 10 က အခမဲ့လား။ လူများအကြားတွင် ပြီးခဲ့သည့်နှစ်က မိတ်ဆက်ခဲ့သည့် Windows 10 ၏ ဈေးနှုန်းနှင့် ပတ်သက်၍ ရောထွေးမှုများ ဖြစ်ပေါ်နေသည်။ Microsoft အနေဖြင့်၎င်း OS သစ်ကို တိုးတက်လာစေရန် ဆောင်ရွက်ခြင်းနှင့် beta ဗားရှင်း စမ်းသပ် စဉ်ကာလအတွင်း upgrade နှင့် ဈေးနှုန်း သတ်မှတ်ရေး အစီအစဉ် တို့ကို အကြိမ်ရေ အနည်းငယ် ခန့် ပြောင်းလဲခဲ့သည်။ သုံးစွဲသူ အများအပြားအတွက် ရည်ရွယ်၍ Windows 10 သည် ခြွင်းချက်မရှိ အခမဲ့ဖြစ် သည်။ လက်ရှိတွင် သင့်အနေဖြင့် တရားဝင်Windows 7 သို့မဟုတ် Windows 8.1 အသုံးပြုထားပါက Windows 10 ကိုအခမဲ့ အဆင့်မြှင့်တင်နိုင်သည်။ အကယ်၍ pirate ဗားရှင်း အသုံးပြုထားသည့် Windows ထုတ်ကုန်တွင်လည်း အခမဲ့ အဆင့်မြှင့်တင်မှု များ ပြုလုပ်နိုင်ကြောင်း Microsoft မှ အရိပ်အမြွက် ပြောကြားခဲ့သည်။ Windows 7/ Home/Basic/Premium နှင့် Windows 8.1 သုံးစွဲသူများ သည် Windows 10 Home ကို အခမဲ့ အဆင့်မြှင့်တင်နိုင်သည်။ Windows 7 Professional/ Ultimate နှင့် Windows 8.1 Pro သုံးစွဲသူများသည် Windows 10 Pro အား အခမဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်နိုင်သည်။ သတိပြုရန်မှာ Windows 10 စတင်ထွက်ရှိလာသည့် ပထမဆုံး နှစ်တွင်သာ အဆင့်မြှင့်တင်မှုများ အခမဲ့ ပြုလုပ်နိုင်မည် ဖြစ်သည်။ Windows 10 ကို ၂၉.၇.၂၀၁၅ တွင် တရားဝင် ဖြန့်ချိခဲ့သောကြောင့် ၎င်းအဆင့်မြှင့်တင်မှုကို၂၈.၇.၂၀၁၆ အထိသာ အသုံးပြု နိုင်မည် ဖြစ်သည်။ Windows 10 ကိုဘယ်လိုရယူ အသုံးပြုမလဲ။ Windows 10 သုံးစွဲလိုသူများ အနေဖြင့် Microsoft မှ Windows 10 intaller tool ကို download ပြုလုပ်ပြီး reboot တွင် install ပြုလုပ်ကာ သုံးစွဲနိုင်သည်။ ၎င်းလုပ် ငန်းစဉ်သည် အလွန် ရိုးရှင်းပြီး အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာ တွင် လွယ်ကူချောမွေ့မှု ရှိ သည်။ Windows 7 သို့မဟုတ် 8.1 မှ Windows 10 သို့ update ပြုလုပ်သည့်အခါ အင်တာနက် ချိတ်ဆက်မှုဖြင့်လည်း download ပြုလုပ်နိုင်သည်။ ကွန်ပျူတာတိုင်းမှာ Windows 10 အသုံးပြုနိုင်မလား။ သုံးစွဲသူ တစ်ဦးချင်းစီ၏ အသုံးပြုထားသည့် ကွန်ပျုတာအပေါ် မူ တည်၍ မေးမြန်းထားသည့် မေးခွန်းတစ်ခု ဖြစ်သည်။ Windows 7 သို့မဟုတ် Windows 8 အသုံးပြုနေသည့် သုံးစွဲသူများတွင် hardware သစ်များ အသုံးပြုထား ပါက ၎င်းတို့၏ ကွန်ပျူတာတွင် Windows 10 အသုံးပြုနိုင်မည့် အခွင့်အရေးများပြားမည် ဖြစ်သည်။ သို့မဟုတ်ပါက Windows XP သုံးစွဲထားသည့် ကွန်ပျူတာများတွင် Windows 7 ကို စိတ်ကျေနပ်မှု အပြည့်အဝဖြင့် အသုံးမပြုနိုင်လျှင် Windows 10 အား ကောင်းမွန်စွာ အသုံးပြုနိုင်မည် မ ဟုတ်ပေ။ Windows 10 ကို အဆင့်မြှင့်တင် မှု လုပ်ကို လုပ်ရမှာလား။ Windows သုံးစွဲသူများ အနေဖြင့် Windows 10 ကိုမဖြစ်မနေ ပြောင်းလဲအသုံးပြုရန် မလိုအပ် ပေ။ Microsoft အနေဖြင့် Windows 10 ထုတ်ကုန် အလွန် အမင်း ကြော်ငြာမှုများ ပြုလုပ်နေ သော်လည်း သုံးစွဲသူများ ဆန္ဒရှိမှသာ အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်သည်။ Windows 10 အဆင့်မြှင့်တင်မှု လုပ်သင့်သလား။ Windows 10 သည် Windows 7 နှင့် အလွန်အမင်းကွာခြားသွားသည်။ Windows 10 မှ တိုးတက် ပြောင်းလဲမှုများသည် Windows 8 ၏ အားနည်း ချက်များကြောင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် Windows 8 ကို ဦးစွာ update ပြုလုပ်၍ သုံးစွဲသင့်သည်။ Windows 10 သည် ထုတ်ကုန် ထုတ်လုပ်သည့် ကုမ္ပဏီများ အတွက် driver များ update ပြု လုပ်ရန် အချိန်အတိုင်းအတာ တစ်ခု အထိရထားပြီး ၎င်းတွင် မမြင်မတွေ့ရသော ပြဿနာများကို ပြင်ဆင်ထားရခြင်းမရှိသေးပေ။ Windows 10 ကို သုံးစွဲလိုသူများသည် ဖိုင်များ အားလုံးကို backup ပြုလုပ်၍ ၎င်း OS ကို ပြောင်းလဲရန် အသင့်ပြင်ဆင်ထားသင့်သည်။ သုံးစွဲသူများ အနေဖြင့် ၁ လ သို့မဟုတ် ၆ လခန့် စောင့်ဆိုင်းလိုက်လျှင် Windows 10 သည်တည်ငြိမ်မှုရှိလာမည် ဖြစ်သည်။ Windows 10 အသုံးပြုဖို့ Clean install ပြုလုပ်ရမှာလား။ Windows 10 ကို အဆင့်မြှင့် တင်ရာတွင် စိတ်ပျက်စရာ အ ကောင်းဆုံးတစ်ခုမှာ clean install ပြုလုပ်လိုလျှင် installer တွင် တရားဝင် Windows 7 သို့မဟုတ် 8 key ကိုအသုံးပြုရမည် မဟုတ် တော့ပေ။ သုံးစွဲသူအနေဖြင့် Windows 7 သို့မဟုတ် 8 ကို Windows 10 update ပြုလုပ်ပြီး မှသာ clean install ပြုလုပ်ရန် installer ကို အသုံးပြုရမည် ဖြစ်သည်။ Windows 10 မသုံးလိုလျှင် Windows 7 ပြန်သုံးနိုင်သလား။ Windows 10 မှ ယခင် Windows 7 သို့မဟုတ် Windows 8.1 ကို downgrade ပြုလုပ်၍ အသုံးပြုနိုင်သည်။ ထို့အပြင် သုံးစွဲသူများသည် Windows 10 ကို ဖယ် ရှား၍ ယခင် key အဟောင်းဖြင့် Windows ဗားရှင်းဟောင်းများကို ပြန်လည် install ပြုလုပ်နိုင်သည်။ သို့ရာတွင် ၎င်းလုပ်ငန်းစဉ်မှာ Windows 10 ကို install ပြုလုပ်ပြီးနောက် ပထမဆုံး ရက် ၃၀ အတွင်းသာ ပြုလုပ်နိုင်မည် ဖြစ်သည်။ အကယ်၍ ရက် ၃၀ အထက်ကျော်လွန်သွားပါက ကွန်ပျူတာတွင် သိမ်းဆည်းထားသော rollback ဖိုင်များ ပျက်သွားမည် ဖြစ်ပြီး ယခင် Windows ဗားရှင်းကို ပြန်သွင်းရန် မလိုအပ်ဘဲ downgrade ပြုလုပ်သော လုပ်ငန်းစဉ်မှာ ဖြစ်နိုင်ခြေမရှိတော့ပေ။ App အဟောင်းနှင့် ဆက်စပ်ပစ္စည်းများ ဆက်အသုံးပြုနိုင် သေးသလား။ Windows 10 တွင် အသုံးမပြုနိုင်သည့် app များမရှိသေးပေ။ သို့သော်လည်း Windows 7 တွင် အသုံးပြုရ အဆင်ပြေသည့် photo print သည်လည်း Windows 8 driver များမရှိသလို Windows 10 ထောက်ပံ့မှု မရရှိသေးပေ။ Win-dows 10 တွင် app ၏ update များအလိုအလျောက် download ပြုလုပ်ပေးလျက်ရှိသည်။ ထိုသို့ အလို အလျောက် update ပြုလုပ်ပေးသည့် setting များကို Windows 10 တွင်ပြောင်းလဲထားနိုင်သည်။ Solitaire နဲ့ DVD Playback ကို ငွေပေးချေပြီး သုံးရမှာလား။ Microsoft သည် နှစ် ၂၀ ကျော်ခန့် Windows OS များ တွင် ပါဝင်ခဲ့သော Solitarie နှင့် Minesweeper app များကို Windows 8 ၌ ဖယ်ထုတ်ခဲ့သည်။ Windows 10 တွင်လည်း Solitarire နှင့် Minesweeper ဂိမ်းများကစားလိုပါက တစ်နှစ်လျှင် ကန်ဒေါ်လာ ၂၀ ပေးရမည် ဖြစ်သည်။ Windows 7 မှ Windows 10 ပြောင်းလဲ အသုံးပြုရာတွင် ထူးခြားမှာ DVD playback ထောက်ပံ့မှု ပါဝင်လာခြင်း မရှိပေ။ သုံးစွဲသူများ အနေဖြင့် data DVD များ ဆက်လက် အသုံးပြုနိုင်သေးသော်လည်း Windows အတွင်း DVD ဗွီဒီယို playback အတွက် လိုင်စင်လည်း မပါဝင်ပေ။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ကွန်ပျူတာအတွင်း ပုံမှန် DVD ရုပ် ရှင်များ ထည့်သွင်း၍ ကြည့်ရှု၍ မရနိုင်သောကြောင့် တရားဝင် Windows အတွက် Microsoft DVD App ကို ၁၅ ကန်ဒေါ်လာဖြင့် ဝယ်ယူရမည် ဖြစ်သည်။ Ref: Howtogeek Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| အရှေ့တောင်အာရှ၏ တွန်းအားတစ်ရပ် ဖြစ်လာစေရန် Data စင်တာတစ်ခုကို စင်ကာပူတွင် Alibaba တည်ဆောက် Posted: 25 Aug 2015 03:31 AM PDT Alibaba သည် စင်ကာပူနိုင်ငံတွင် cloud data စင်တာသစ်တစ်ခု တည်ဆောက်ပြီး နိုင်ငံတကာစီးပွားရေး အဓိလုပ်ငန်းများအဖြစ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Alibaba ၏ cloud computing ဌာန Aliyun ၏ဒုဥက္ကဌဖြစ်သူ အီသန်ယူ ကကုမ္ပဏီအနေဖြင့် ၂၀၁၃ ခုနှစ် အရှေ့တောင် အာရှအခြေစိုက် Taobao အွန်လိုင်းတွင် ကုန်ပစ္စည်းများ အရောင်းဌာနကို စတင်ခဲ့ပြီးနောက် စင်ကာပူနိုင်ငံတွင် ဝန်ထမ်းအနည်းငယ်နှင့် အခြေစိုက်ဌာန တစ်ခုရှိပြီးဖြစ်ကြောင်း Tech in Asia သို့ ပြောကြားခဲ့သည်။ ယခုအခါတွင် စက်တင်ဘာလ အစောပိုင်းတွင် data စင်တာဖွင့်လှစ် ခဲ့ပြီးနောက် Alibaba တွင်ရုံးနေရာ လုံလောက်စွာ မရှိကြောင်းနှင့် Aliyun တိုးချဲ့မှု ထောက်ပံ့ပေးနိုင်ရန် လူအလုံအလောက် မရှိကြောင်း အီသန်ယူက ပြောကြားခဲ့သည်။ စင်ကာပူရှိ Aliyun data စင်တာသစ်သည် အဓိက ကုမ္ပဏီကြီးနှင့် startup ၏ ဝက်ဘ်ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနိုင်ကြောင်း ယုံကြည်မှုရရှိစေရန် Amazon ၏ AWS သို့မဟုတ် Softlayer ကဲ့သို့ cloud ဝန်ဆောင်မှုများနှင့် ယှဉ်ပြိုင်ရန် လိုအပ်နေသည်။ အဆိုပါ စင်ကာပူ data စင်တာသည် တရုတ်ပြည်မရှိ နေရာ ၄ ခုနှင့် ဟောင်ကောင်နှင့် Silicon Valley ရှိနေရာ ၁ ခုစီနှင့် ချိတ်ဆက်ထားသည်။ လုပ်ငန်းရှင်ပေါင်း ၁.၈ သန်းရရှိထားသည့် Aliyun သည် ဝန်ဆောင်မှု ပေးထားသူများ၏ နောက်သို့ လိုက်ပါခြင်းဖြစ်သောကြောင့် စင်ကာပူတွင် data စင်တာသစ်တစ်ခု တည်ဆောက်ရခြင်းဖြစ်ကြောင်း အီသန်ယူက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု သုံးပုံနှစ်ပုံသည် အရှေ့တောင်အာရှတွင် ရှိသည်။ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် လူဦးရေ သန်း ၆၀၀ ရှိသော ဒေသအတွက် စင်ကာပူနိုင်ငံသည် ဗဟိုချက်ဖြစ်လာကြောင်း ရှုမြင်ထားသည်။ Ref: TechInAsia Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| LG G Pad II 10.1 တွင် Snapdragon 800 နှင့် WUXGA screen ပါဝင်မည် Posted: 25 Aug 2015 03:31 AM PDT LG သည် စက်တင်ဘာလ အစောပိုင်းတွင် ဘာလင်မြို့၌ ကျင်းပပြုလုပ်မည့် IFA ပြပွဲတွင် LG G Pad II 10.1 ကို တရားဝင် မိတ်ဆက်ပြသမည်ဟု ကြေညာခဲ့သည်။ အဆိုပါ Android အခြေခံ tablet တွင် ၁၀.၁ လက်မ screen နှင့် 2.26GHz quad-core Qualcomm Snapdragon 800 ပရိုဆက်ဆာအပြင် 5-megapixel ကျောဘက်ကင်မရာနှင့် 2-megapixel အရှေ့ကင်မရာတို့ ပါဝင်သည်။ Android 5.1.1 (Lollipop) ကို အသုံးပြုထားပြီး 2GB RAM, 16GB internal storage နှင့် microSD တို့ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ကျန်အသေးစိတ် အချက်အလက်ကို စက်တင်ဘာလ ၄ ရက်တွင် ကျင်းပမည့် IFA Berlin ပြပွဲ၌ ထုတ်ဖော်ပြောကြားသွားမည်ဟု LG မှ ဆိုခဲ့သည်။ LG G Pad II 10.1 ၏ display resolution သည် WUXGA (1920 x 1200 pixels) ဖြစ်ပြီး pixel သိပ်သည်းဆက 224ppi ဖြစ်သည်။ ဘက်ထရီမှာ 7,400mAh ဖြစ်ပြီး ဖျော်ဖြေရေးအတွက် အသုံးပြုရာတွင် နာရီအတန်ကြာ ဆက်တိုက်အသုံးပြုနိုင်ကြောင်း LG မှ ပြောကြားခဲ့သည်။ ၎င်းကို LTE ဖြင့် အသုံးပြုနိုင်မည် ဖြစ်ပြီး Microsoft Office ကိုထည့်သွင်းပေးထားသလို 100GB OneDrive သိုလှောင်မှုကိုလည်း နှစ်နှစ်စာ ထောက်ပံ့ပေးထားကြောင်း သိရသည်။ Ref: GSMArena Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| မိုဘိုင်းအင်တာနက်ပေါ်မှ အချက် အလက်သုံးစွဲမှု ကျေးလက် ဒေသများတွင်ပါ မြင့်တက်လျက်ရှိ Posted: 25 Aug 2015 03:30 AM PDT ပည်တွင်း၏ မိုဘိုင်း အင်တာနက် အသုံးပြုသည့် ပမာဏသည် မျှော်မှန်းထားသည်ထက် ပိုမို တိုးတက်နေပြီး မြို့ကြီးများတွင် သာမကပဲ နယ်မြို့များမှ သုံးစွဲမှု နှုန်းသည်လည်း လိုက်ပါ မြင့်တက်လျက် ရှိကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ ဒုတိယအထွေထွေ မန်နေဂျာ၏ အဆိုအရ မြန်မာနိုင်ငံ၌ တစ်ရက်လျှင် မိုဘိုင်းဖုန်းပေါ်မှ အချက်အလက် သုံးစွဲသည့် ပမာဏသည် 44 TB (Terabyte) (44,000 GB) အထိ ရှိလာကြောင်း သိရသည်။ ဆက်သွယ်ရေး၊ သတင်းအ ချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က မြန်မာနိုင်ငံတွင် စမတ်ဖုန်း အသုံးပြုနိုင်သည့် ပမာဏမှာ ၇၀ ရာခိုင်နှုန်းကျော် အထိ ရှိလာပြီး အဆိုပါ ဖုန်းများဖြင့် မိုဘိုင်းဖုန်းပေါ်မှ အချက်အလက် သုံးစွဲနိုင်သည့်ပမာဏမှာ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် တိုးတက် နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံ၏ မိုဘိုင်းအင်တာနက်ပေါ်မှ အချက်အလက် သုံးစွဲနိုင်သည့် ပမာဏသည် လူနေထူ ထပ်သည့် မြို့ကြီးများတွင်သာ မကဘဲ ကျေးလက်ဒေသများ တွင်ပါ မြင့်တက်နေခြင်း ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ပြောကြားချက်များကို ဒုတိယဝန်ကြီး ဦးသောင်းတင်က မန္တလေးမြို့တွင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ပြုလုပ်ခဲ့သော ICT Park ပြန်လည် ဖွင့် လှစ်သည့် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ပြည်တွင်း၌ မိုဘိုင်းဖုန်းပေါ်မှ အချက်အလက် အသုံးပြုသည့် ပမာဏ တိုးတက်လာခြင်းမှာ လူတစ်ဦးချင်း၏ mobile data သုံးစွဲမှု တိုးတက်လာခြင်းကို ရည်ညွှန်းကြောင်း အထက်ပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံ၏ mobile data သုံးစွဲမှုတိုးတက်လာခြင်းသည် မိုဘိုင်းဖုန်းပေါ်မှတဆင့် Facebook လူမှုကွန်ရက်ကို အသုံပြုနှုန်း မြင့်တက်နေခြင်းနှင့် တိုက်ရိုက်အချိုး ကျနေပြီး ယခုလက်ရှိအချိန်တွင် နိုင်ငံတွင်းမှ အဆိုပါလူမှုကွန် ရက်အသုံးပြုသည့် ပမာဏမှာ ၅ သန်း ကျော်ရှိလာပြီ ဖြစ်သည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Windows 10 KMS Activator Ultimate 2015 v1.2 Posted: 25 Aug 2015 02:43 AM PDT ![]() Windows 7, Windows 8.1, Windows Server 2008 နဲ့ Windows 10 တွေကို Activate လုပ်ပေးနိုင်တဲ့ Windows 10 KMS Activator Ultimate 2015 v1.2 ဖြစ်ပါတယ်.. လုပ်နည်း
Supported OS
![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Windows 10 KMS Activator Ultimate 2015 v1.2 : 10.84 Mb Daily Upload Download LinkTusfiles Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Android KitKat အတွက် Tips and Tricks များ Posted: 25 Aug 2015 02:31 AM PDT Android Lollipop ဟာ နောက်ဆုံးထုတ် Android Version ဖြစ်ပေမယ့် KitKat ကိုသာ ရရှိသေးတဲ့ Android Phones နဲ့ Tablets များစွာ ရှိနေပါသေးတယ်။ သင်လည်း KitKat ကို အသုံးပြုနေရသေးတဲ့ လူတစ်ယောက်ဆိုရင်တော့ Android KitKat ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တွေကို မျှဝေလိုက်ပါတယ်။ ၁။ သင့်ရဲ့ မျက်နှာနဲ့ ဖုန်းကို Unlock လုပ်ပါ။ သင့်ရဲ့ မျက်နှာကို အသုံးပြုပြီး ဖုန်းကို Unlock လုပ်နိုင်ရင် Passcode , PIN တွေ ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှု ကင်းဝေးမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ Settings>Security> Screen Lock ထဲသွားပြီး Face Unlock ကို Enable လုပ်ပါ။ ပြီးရင် ဖုန်းက သင့်မျက်နှာကို အရှေ့ဘက် ကင်မရာကနေ Scan ပြုလုပ်မှာ ဖြစ်ပြီး သင့်မျက်နှာကို မှတ်သားထားမှာဖြစ်ပါတယ်။ Scan ပြုလုပ်ရာမှာ မတူညီတဲ့ အလင်းရောင် အခြေအနေများဖြင့် သင့်မျက်နှာကို ခွဲခြားမှတ်သားထားမှာပါ။ အဲဒီအတွက် နေ့ဘက်တွင် ဖြစ်စေ၊ ညဘက်တွင် ဖြစ်စေ ဖုန်းက သင့်မျက်နှာကို ကောင်းစွာ ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းရဲ့ အားနည်းချက်က တစ်စုံတစ်ယောက်က သင့်ရဲ့ ဓါတ်ပုံတစ်ခုကို အသုံးပြုပြီး ဖုန်းကို Unlock လုပ်နိုင်တာကို သတိပြုပါ။ ၂။ ART ကို အသုံးပြုပါ။ App Runtime ဟာ သင့်ရဲ့ Apps များကို မောင်းနှင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ Lollipop မှာ Google က ယခင်အသုံးပြုခဲ့တဲ့ Dalvik Runtime ကို ဖယ်ရှားထားပြီး ပိုမိုစွမ်းရည်ပြည့်ပြီး ချောမွတ်တဲ့ ART Runtime ကို အသုံးပြုထားပါတယ်။ ART ကို KitKat မှာ အသုံးပြုနိုင်ပေမယ့် Default အားဖြင့် Enable လုပ်ထားတာမဟုတ်ပါဘူး။ ဒါကိုပြောင်းဖို့အတွက် Settings> Developer Options ထဲသွားပြီး Select Runtime မှာ ART ကို ရွေးချယ်ပေးပါ။ Reboot ပြုလုပ်ပြီးရင် သင့်ရဲ့ Apps များဟာ ပိုမိုကောင်းမွန်စွာ အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ၃။ Lock Screen Widgets များကို အသုံးပြုပါ။ KitKat ရဲ့ Lock Screen မှာ Widgets များကို အသုံးပြုနိုင်ပါတယ်။ Settings> Security> Enable Widgets မှာ ဖွင့်ပေးပါ။ ပြီးရင်တော့ Lock Screen မှာ ဘယ်ကနေ ညာဘက်သို့ ပွတ်ဆွဲပြီး + အိုင်ကွန်ကို နှိပ်ပါ။ အဲဒီမှာ သင်နှစ်သက်ရာ Widgets များကို ထည့်သွင်းနိုင်ပါတယ်။ ၄။ SMS App ကို ရွေးချယ်ပါ။ Google က SMS App အတွက် သူ့ရဲ့ Hangouts App ကို အသုံးပြုစေချင်တဲ့ ပုံပေါ်ပါတယ်။ ဒါပေမယ့် Stock Messaging App ကို Default အနေနဲ့ အသုံးပြုချင်ရင် ပြောင်းလဲနိုင်ပါတယ်။ Settings> Wireless and Networks ထဲသွားပြီး Default SMS App ကို သတ်မှတ်နိုင်ပါတယ်။ ၅။ Google Now ကိုယ်ရေးလက်ထောက်ကို နေရာတိုင်းမှာ ခိုင်းစေပါ။ Google က Android Device တွေမှာ Google Now ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ထည့်သွင်းပေးထားပါတယ်။ Ok Google လို့ အသံနဲ့ ရွတ်ဆိုလိုက်တာနဲ့ ကိုယ်ရေးလက်ထောက်ကို ခိုင်းစေနိုင်ပါပြီ။ အဲဒီစွမ်းဆောင်ချက်ကိုလည်း KitKat မှာ Default အားဖြင့် Disable လုပ်ထားပါတယ်။ Google Settings> Search & Now > Voice ထဲသွားပြီး OK Google Detection ကို ရွေးပေးပါ။ ဘယ် App ကို အသုံးပြုနေသည်ဖြစ်စေ Ok Google လို့ ပြောလိုက်တာနဲ့ Google Now ကို ဖွင့်ပေးစေချင်ရင် From Any Screen Setting ကိုလည်း Enable လုပ်ပေးရမှာပါ။ ၆။ ပျောက်ဆုံးသွားတဲ့ ဖုန်းမှ ဒေတာများကို ဖျက်ပါ။ ဖုန်းအခိုးခံရလို့ပဲ ဖြစ်ဖြစ်၊ ပျောက်ဆုံးသွားလို့ပဲဖြစ်ဖြစ် သင့်ဖုန်းမှ အရေးကြီးဖိုင်များကို အဝေးကနေ ဖျက်ဆီးနိုင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ ဖုန်း မပျောက်ခင်မှာ စွမ်းဆောင်ချက်ကို ဖွင့်ထားဖို့ လိုပါတယ်။ Google Settings> Android Device Manager ထဲသွားပြီး " Remotely Locate This Device " နဲ့ " Allow Remote Lock and Factory Reset " ကို Enable လုပ်ပေးပါ။ ဖုန်းပျောက်သွားရင် Android Device Manger ၀က်ဆိုက် ဒါမှမဟုတ် အခြားဖုန်းတစ်လုံးကနေ ပျောက်သွားတဲ့ဖုန်းကို မြေပုံမှာ ခြေရာခံနိုင်တာ၊ Lock ပြုလုပ်တာ၊ ဒေတာများကို ဖျက်ဆီးတာတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ref:myanmardigitallife ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Facebook ကိုမြန်ဆန်စွာသုံးနိုင်တဲ့ - Fast Pro (Client for Facebook) v3.0 Apk Posted: 25 Aug 2015 02:12 AM PDT | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| လိပ်နင်ဂျာဖိုက်တင်ဂိမ်းလေး - TMNT: Brothers Unite APK MOD Unlimited Money Posted: 25 Aug 2015 01:59 AM PDT www.patheinit.com Payephyokyaw | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Tech Space Journal ( Vol-4, Issue-20 ) Posted: 25 Aug 2015 01:51 AM PDT | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Myanmar Mobile View Vol_1 Issue_5 Posted: 25 Aug 2015 01:36 AM PDT | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| ကြမ်းကြမ်းရမ်းရမ်းပစ်ခက်ကစားရမယ့် - Bounty Hunter: Black Dawn APK V1.25.1 MOD Unlimited Money Posted: 25 Aug 2015 01:29 AM PDT www.patheinit.com Payephyokyaw | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| ဖုန်းရဲ့နောက်ဘက်က Flash မီးလေးက တဖျတ်ဖျတ်နဲ့အသိလေးပေးမယ်-LED Blinker Notifications v6.8.2 Apk Posted: 25 Aug 2015 01:28 AM PDT ![]() သိရှိနိင်ဖို့ထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။ ဖုန်းထဲကို Message တစ်ခုခုဝင်လာရင် ၊ Facebook က noti တစ်ခုခုတက်လာရင် ဖုန်းကို Silent လုပ်ထားရင်တောင်မှ မီးတဖျတ်ဖျတ်အလင်းရောင်လေးနဲ့ သတိပေးမှာဖြစ်တဲ့အတွက် မသိလိုက်မှာမပူရတော့ပါဘူး။ ဖုန်းထဲမှာသွင်းထားသင့်တဲ့ application လေးတစ်ခုဖြစ်ပါတယ်။ ဒါနဲ့ ဘော်ဒါတို့ အတွက် ကျနော်အောက်မှာ Screenshot ရိုက်ပြထားပါတယ်ဗျာ။ဒီကောင်လေးကတော့ ဖိုင်းဆိုဒ် 4MB ဖြစ်ပြီး Android OS 2.2 အထက်ကိုသုံးနိုင်ပါတယ်ဗျာ။ | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Xiaomi Fastboot Update Firmware Posted: 25 Aug 2015 12:11 AM PDT ===================== Xiaomi Mi 1/1S Latest Stable Version Fastboot File Download Xiaomi Mi 2/2S Latest Developer Version Fastboot File Download Xiaomi Mi2/2S Latest Special Edition Fastboot File Download Xiaomi Mi 2/2S Latest Stable Version Fastboot File Download Xiaomi Mi 2A Latest Developer Version Fastboot File Download Xiaomi Mi 2A Latest Special Editon Fastboot File Download Xiaomi Mi 2A Latest Stable Version Fastboot File Download Xiaomi Mi 3 CDMA/WCDMA Lastest China Developer Version Fastboot File Download Xiaomi Mi 3 CDMA/WCDMA Lastest Global Developer Version Fastboot File Download Xiaomi Mi 3 CDMA/WCDMA Latest China Stable Version Fastboot File Download Xiaomi Mi 3 CDMA/WCDMA Latest Global Stable Version Fastboot File Download Xiaomi Mi 4 CDMA/WCDMA/LTE Latest China Developer Version Fastboot File Download Xiaomi Mi 4 CDMA/WCDMA/LTE Latest Global Developer Version Fastboot File Download Xiaomi Mi 4 CDMA/WCDMA/LTE Latest China Stable Version Fastboot File Download Xiaomi Mi 4 CDMA/WCDMA/LTE Latest Global Stable Version Fastboot File Download Xiaomi Mi Note Latest Developer Version Fastboot File Download Xiaomi Mi Note Latest Stable Version Fastboot File Download Xiaomi Mi Note Pro Latest Developer Version Fastboot File Download Xiaomi Mi Note Pro Latest Stable Version Fastboot File Download Xiaomi Mi 4i Latest Global Developer Version Fastboot File Download Xiaomi Mi 4i Latest Stable Version Fastboot File Download Xiaomi Mi Pad Latest Developer Version Fastboot File Download Xiaomi Mi Pad Latest China Stable Version Fastboot File Download Xiaomi Mi Pad Latest Global Stable Version Fastboot File Download Redmi 1S Lastest China Developer Version Fastboot File Download Redmi 1S Lastest Global Developer Version Fastboot File Download Redmi 1S Latest China Stable Version Fastboot File Download Redmi 1S Latest Global Stable Version Fastboot File Download Redmi Note 4G Lastest China Developer Version Fastboot File Download Redmi Note 4G Lastest Global Developer Version Fastboot File Download Redmi Note 4G Latest China Stable Version Fastboot File Download Redmi Note 4G Latest Global Stable Version Fastboot File Download Redmi Note 4G Dual-SIM Lastest China Developer Version Fastboot File Download Redmi Note 4G Dual-SIM Lastest Global Developer Version Fastboot File Download Redmi Note 4G Dual-SIM Latest Stable Version Fastboot File Download Redmi Note 2 Latest Stable Version Fastboot File Download Redmi 2 Latest China Developer Version Fastboot File Download Redmi 2 Latest Global Developer Version Fastboot File Download Redmi 2 Latest Stable Version Fastboot File Download More Firmware - http://en.miui.com/a-234.html ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| Virus သတ်ရာမှာ သေးသေးလေးနဲ့ အစွမ်းထက်တဲ့ Smadav 2015 Rev 10.3 New Update Posted: 24 Aug 2015 10:49 PM PDT ![]() သေးသေးလေးနဲ့ တော်တော် အစွမ်းထက်တဲ့ Smadav ကတော့ သြဂုတ် 20 ရက်စွဲနဲ့ Update Version ကိုထုတ်ပေးလိုက်ပါတယ်.. virus database ပေါင်း 200 မျိုးထပ်မံထည့်သွင်းပေးထားပြီး Singature စုစုပေါင်း 14956 မျိုးကို ရှာဖွေရှင်းလင်းပေးနိုင်မှာဖြစ်ပါတယ်.. [ သေးသေးလေးနဲ့ တော်တော် အစွမ်းထက်တဲ့ Smadav ကတော့ Aug 20 ရက်စွဲနဲ့ Update Version ကိုထုတ်ပေးလိုက်ပါတယ်.. virus database ပေါင်း 200 မျိုးထပ်မံထည့်သွင်းပေးထားပြီး Singature စုစုပေါင်း 14956 မျိုးကို ရှာဖွေရှင်းလင်းပေးနိုင်မှာဖြစ်ပါတယ်.. ] Rev. 2015 SmadAV 10.3: The addition of a new virus virus database 200, USB and Browser Improving protection, Support for Windows 10, etc. ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Smadav 2015 Rev 10.3 : 1.25 Mb UserCloud Download LinksTusfiles Download LinksOriginal Download Links | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| ဒူဘိုင်းရေးပန်းအလှလေးဖုန်းမှာလန်းနိုင်မယ့် -Dubai Fountain Live Wallpaper Posted: 24 Aug 2015 10:27 PM PDT | ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
| ဖုန်းမှာ Music တွေကိုအကောင်းဆုံးနားဆင်နိုင်မယ့် - Shuttle+ Music Player v1.5.6 Apk Posted: 24 Aug 2015 10:22 PM PDT |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |







































0 comments:
Post a Comment