Related Posts Plugin for WordPress, Blogger...

August 27, 2015

The Irrawaddy's Blog

The Irrawaddy's Blog


ကျန်းမာရေးနဲ့ညီညွတ်သောအိပ်စက်ပုံအနေအထားများ

Posted: 26 Aug 2015 11:12 PM PDT

သင်ဟာ လန်းဆန်းစွာအိပ်ယာနိုးထလာပြီး နေ့တနေ့တာကို စတင်ဖို့အတွက် အဆင်သင့်ဖြစ်နေတာကို     ကြည့်ခြင်းအားဖြင့် ညဖက်မှာ သက်တောင့်သက်သာစွာ အိပ်စက်ခြင်းကို ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။       နောက်တစ်နည်းအားဖြင့် ဆိုရရင်တော့ သင်ဟာ ညဖက် ကုတင်ပေါ်မှာ မှန်ကန်တဲ့ ပုံစံနဲ့ အိပ်စက်ခဲ့လို့ပဲ    ဖြစ်ပါတယ်။ ဒါဆို အနားယူနေချိန်မှာ အရှိသင့်ဆုံး အိပ်စက်မှုပုံစံဟာ ဘာလိုပုံစံတွေ ဖြစ်နိုင်ပါသလဲ။ Tumblr ဆိုတဲ့ အမေရိကန် ရုပ်ပြသတင်းအချက်အလက်များကို တင်ပြနေတဲ့ လူမှုမီဒီယာက ကျန်းမာရေးနဲ့ ညီညွတ်သော အိပ်စက်ပုံအနေအထားများကို ဖော်ပြထားပါတယ်။



ကြောချ၍အိပ်စက်ခြင်း

အိပ်ရာပေါ်တွင် ပက်လက်အနေအထားဖြင့် ကြောခင်း၍ အိပ်သော ပုံစံဟာ စံပြပုံစံတစ်ခုဖြစ်ပြီး အကယ်လို့ သင်ဟာ အိပ်နေစဉ် ဟောက်တတ်သောသူမဟုတ်ပါက အဲဒီပုံစံဟာ သင်နဲ့အသင့်တော်ဆုံးသော ပုံစံဖြစ်ပါတယ်။ ဒီပုံစံ အနေအထားမျိုးဖြင့် အိပ်စက်ခြင်းအားဖြင့် လည်ပင်းနာ၊ ခါးနာဖြစ်ခြင်းတို့အပြင် အစာအိမ်မှ အက်ဆစ်ပြန်တက်ခြင်း စသည်တို့မှလည်း ကွယ်ကာပေးပါတယ်။ ဒီလိုပုံစံမျိုးနဲ့ အိပ်စက်ခြင်းဟာ အရေပြား တွန့်ခေါက်ခြင်းများမှပင် ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

ဘေးစောင်း၍အိပ်စက်ခြင်း 

သင့်ရဲ့ ဘယ်ဖက် သို့မဟုတ် ညာဖက်ပေါ်သို့စောင်း၍ အိပ်စက်ခြင်းဟာ သင့်ရင်သားနှင့် မျက်နှာအတွက် ကောင်းမွန်မည်မဟုတ်သော်လည်း အိပ်လျှင် ဟောက်တတ်သောသူများအတွက် အဆင်ပြေသော အိပ်စက်ပုံအနေအထားတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အစာအိမ်မှ အက်ဆစ်ပြန်တက်ခြင်းကိုလည်း ဟန့်တားပေးပါ တယ်။ ဒီပုံစံဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက်တော့ အသင့်လျော်ဆုံးသော ပုံစံလည်းဖြစ်ပါတယ်။



သန္ဓေသားပုံစံကဲ့သို့ကွေး၍အိပ်စက်ခြင်း

ဒီပုံစံဟာ ကိုယ်ဝန်ဆောင်များအတွက်သာ သင့်လျော်ပြီး အခြားသူများအနေဖြင့် ဤကဲ့သို့သော ပုံစံမျိုးဖြင့် အိပ်စက်ပါက အဆစ်အမြစ်ရောင်ရောဂါရှိသူများဆိုရင် အဆစ်အမြစ်နာကျင်ခြင်းများ ဖြစ်လာရန်အားပေးပြီး ရင်ဘက်ကြွက်သားများဖြင့် အသက်ရှုရသောကြောင့် အသက်ရှုခြင်းကိုလည်း ခက်ခဲစေနိုင်ပါတယ်။

ဝမ်းလျားမှောက်၍အိပ်စက်ခြင်း 

ဝမ်းလျားမှောက်၍ အိပ်စက်ခြင်းဟာ သင့်အကြိုက်ဆုံးအိပ်စက်ပုံအနေအထား ဖြစ်ခဲ့ရင်တော့ အခြားပုံစံများပြောင်း၍ အိပ်စက်ဖို့လိုအပ်ပါတယ်။ ၀မ်းလျားမှောက် အိပ်စက်သောအားဖြင့် ကြွက်သားနှင့် အဆစ်  အမြစ်များကိုနာကျင်စေမှာဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးမှာ ဦးခေါင်းကလည်း ဘေးတစောင်း အနေအထားရှိရတာမို့   ဇက်ပိုးနေရာမှာ နာကျင်ခြင်းဝေဒနာကို ခံစားရမှာလည်း ဖြစ်ပါတယ်။ ဒီပုံစံဟာ ကျောရိုးအနေအထားကိုလည်း ပုံမှန်အနေအထားနေရာမှ သွေဖီစေတာမို့ ခန္ဓာကိုယ်အတွက် အထောက်အကူပြုသော အိပ်စက်နည်း ပုံစံလည်း မဟုတ်ပါဘူး။

ဒါကြောင့် ကြောခင်း၍အိပ်စက်ခြင်းပုံစံဟာ အကောင်းဆုံးပုံစံဖြစ်တာကြောင့် မျက်နှာကို အပေါ်ဖက်သို့ ဖွင့်ထားသော အိပ်စက်ပုံဖြင့် အနားယူခြင်းသည် သင့်အား အရည်အသွေးပြည့်ဝသော ကျန်းမာရေးနှင့် အိပ်   စက်ခြင်း ပေးသည်သာမက သင့်ရဲ့ရုပ်ရည်ရူပကာအတွက်ပါ ကောင်းကျိုးကို ဖြစ်စေပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://www.stethnews.com/0652/whats-the-healthiest-position-to-sleep-in/ 

ရေဘေးသင့်ပြည်သူတွေအတွက် ရွှေ့ပြောင်းလွယ် သံယင်လုံအိမ်သာ

Posted: 26 Aug 2015 10:32 PM PDT


ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy

နိုင်ငံတဝှမ်းရေကြီးရေလျှံမှုတွေဖြစ်ပွားပြီးနောက် ကျေးလက်နေပြည်သူများရဲ့စားဝတ်နေရေး အခက်အခဲများကို ပရဟိတအသင်းအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ အစိုးရဌာနဆိုင်ရာတွေနဲ့ တသီးပုဂ္ဂလ       အလှူရှင်တွေက တက်နိုင်တဲ့ဘက်က ကူညီလှူဒါန်းမှုတွေ မြင်တွေ့ခဲ့ရပါတယ်။

တချို့ကျေးလက်ဒေသတွေမှာတော့ စားစရာနဲ့ နေစရာတွေ အဆင်ပြေသွားပေမယ့် စားပြီရင် စွန့်ရတဲ့ကိစ္စအတွက် အိမ်သာတွေလိုအပ်နေပါတယ်။


အဲဒီလို အိမ်သာတွေလိုအပ်နေတဲ့ ကျေးလက်ဒေသတချို့ကို ပြည်မြို့က ပရဟိတအသင်းတခုဖြစ်တဲ့ မိုးမေတ္တာ နာရေးကူညီမှုအသင်းက ရွှေ့ပြောင်းလို့ လွယ်ကူမယ့် သံနဲ့ပြုလုပ်ထားတဲ့ ယင်လုံအိမ်သာတွေကို အ  နယ်နယ်အရပ်ရပ်က အလှူရှင်တွေရဲ့အကူအညီတွေနဲ့ ဆောက်လုပ်လှူဒါန်းမှုတွေ စတင်နေပါပြီ။

ရေကြီးရေလျှံမှုရဲ့ နောက်ဆက်တွဲ ဝမ်းပျက်၊ ဝမ်းလျောရောဂါတွေ မဖြစ်ပွားမီ ကြိုတင်ကွာကွယ်တဲ့အနေနဲ့ ယင်လုံအိမ်သာတွေကို အမြန်ဆုံးလှူဒါန်းရခြင်းဖြစ်တယ်လို့ မိုးမေတ္တာနာရေးအသင်းက ကိုညီညီအောင်က ဧရာဝတီကို ပြောပါတယ်။
           

" အဓိကတော့ ရောဂါဖြစ်တာကို ထိုင်စောင့်မနေပဲ မဖြစ်ခင် ကြိုတင်ကာကွယ်မှုတွေ အရင်ပြုလုပ်သင့်တယ်ထင်လို့ အခုလို ယင်လုံအိမ်သာတွေကို လိုက်လှူဒါန်းတာပါ။ ကျနော်တို့ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေပြုလုပ်ခဲ့တဲ့ ကျေးရွာ တော်တော်များများမှာ အိမ်သာတွေမရှိကြတော့ဘူး။ သူတို့ကြုံသလို ဖြေရှင်းနေရလို့ အခုလို ကူညီဖို့ စီစဉ်လိုက်ရတာပါ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒီလိုကိစ္စတွေမှာ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျေးလက်နေ ပြည်သူတွေအတွက် ယင်လုံ အိမ်သာတွေ ပြန်လည်ဆောက်လုပ်နိုင်ဖို့ အ ရင်ဆုံးပြုလုပ်သင့်တယ်လို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်" ဟု ကိုညီညီအောင်က ဆက်ပြောပါတယ်။

မိုးမေတ္တာနာရေးအဖွဲ့က သံယင်လုံ အိမ်သာ အလုံး ၂၀ ကို ရွှေတောင်မြို့နယ် ညောင်စာရေးအုပ်စု လှေကြီးစုကျေးရွာမှာ ပထမဆုံး လာရောက်ဆောက်လုပ်လှူဒါန်းပေးခဲ့တာဖြစ်ပြီး ဖြုတ်လို့တပ်လို့ လွယ်ကူမယ့် သံမူလီတွေနဲ့ပြုလုပ်ထားတဲ့အတွက် ရေကြီးမှုတွေထပ်မံဖြစ်တဲ့အခါ အောက်ခြေက အုတ်ဖိနပ်မှာတက်ထားတဲ့ မူလီတွေကို ဖြုတ်ပြီး တခြားနေရာကို အလွယ်တကူရွှေ့ပြောင်းအသုံးပြုလို့ရသလို သစ်တွေဝါးတွေနဲ့ ပြုလုပ်တာမဟုတ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုနည်းပါးပြီး ငွေကြေးကုန်ကျစရိတ်လည်းသက်သာတယ်လို့ သူကဆက်ပြောပါတယ်။

" ကျနော်တို့အသင်းက အလှူရှင်တွေကို နမူနာပြတယ်။ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေလှူတာကို ကျနော်တို့က လိုအပ်တဲ့  ရွာတွေကိုသွားပြီး လိုက်ဆောက်ပေးတာပါ။ အခုလိုသံတွေသွပ်တွေနဲ့ ပြု         လုပ်တော့ ရွှေ့လို့ပြောင်းလို့ လွယ်သလို သစ်တွေဝါးတွေနဲ့ ဆောက်တာထက် ကုန်ကျစရိတ်သက်သာပါ တယ်။ အခုလို နိုင်ငံနဲ့တဝှမ်း ရေကြီးရေလျှံမှုတွေဟာ သစ်တောတွေမရှိပြုန်းတီးကုန်တာကြောင့်ဖြစ်တဲ့    အတွက် ပေါ့ပါးပြီး ရွှေ့ပြောင်းလို့လွယ်မယ့် သံနဲ့ပဲ ဆောက်လုပ်ခဲ့တာပါ။" လို့ ကိုညီညီအောင်က ပြောပါတယ်။

ပထမဆုံး သံယင်လုံအိမ်သာတွေလက်ခံရရှိခဲ့တဲ့ လှေကြီးစုကျေးရွာက အုပ်ချုပ်ရေးမှူး ဦးစံရွှေက
"ရွာမှာ ရေကြီးပြီး ရေပြန်ကျကတည်းက အဆင်ပြေသလို တောထဲသွားထိုင်လိုက်၊ ကမ်းနဖူးသွားလိုက်နဲ့  ဖြေရှင်းနေရတာ ညရေးညတာဆို ပိုလို့တောင် ဒုက္ခများသေးတယ်။ အခုလို လှလှပပ အိမ်သာလေးတွေ ရတော့ သိပ်အဆင်ပြေတာပေါ့။ ဝမ်းလည်းဝမ်းသာတယ်။ လှူဒါန်းပေတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူး  တင်ပါတယ်ဗျာ။"

သံယင်လုံအိမ်သာတလုံးရဲ့ကုန်ကျစရိတ်ကတော့ ကျပ်ငွေ ငါးသောင်းဖြစ်ပြီး တကယ်လို့ တခြားမြို့နယ်တွေက သံယင်လုံအိမ်သာဆောက်လုပ်လိုပါက လိုအပ်တဲ့သံထည်ပစ္စည်းတွေရဲ့ အတိုင်းအထွာတွေကိုလည်း    ပြည်မြို့ မိုးမေတ္တာ နာရေးအသင်းမှာ မေးမြန်းစုံစမ်းနိုင်ပါတယ်။





ကောင်းမြတ်မင်း

ခုနှစ်မွှာပူးပန်ဒါလေးတွေ မွေးဖွားခဲ့လို့ တရုတ်ပြည်အတွက် "ပန်ဒါနှစ်"လေလား

Posted: 26 Aug 2015 03:54 AM PDT




ဒီနှစ်ဟာ တရုတ်ပြည် လူထုအတွက် "ပန်ဒါနှစ်"လို့ ဂုဏ်ယူနိုင်မယ့်နှစ်တနှစ်ဟု ပန်ဒါထိန်းသိမ်းရေး နှင့် သုတေသနစင်တာရဲ့ပြောကြားချက်အရ သိရပါတယ်။



သိပ်မကြာသေးခင်ကမှ ပန်ဒါပေါက်စကလေး အကောင်(၂၀)ကို မွေးဖွားခဲ့တာပါ။ အဲ့ထဲက (၇)ကောင်က
အမွှာလေးတွေပါ။


ဒီလိုခုနှစ်မွှာပူးနဲ့ သူတို့အားလုံး အသက်ရှင်ကျန်တာဟာ ဒါပထမဆုံးပဲလို့ အဲဒီ အဖွဲ့ဝင်တဦးက ဆိုပါတယ်။ နောက်ထပ် ကိုယ်ဝန်ဆောင် ပန်ဒါအမ လေး၊ ငါးကောင်ကလည်း မီးဖွားဖို့ စောင့်ကြိုနေပါသေးတယ်တဲ့။



ဒီနှစ်ရဲ့ သြဂုတ်လ (၁၉)ရက်နေ့မှာ အသက် (၅)နှစ်ရှိပြီး အညိုနဲ့အဖြူရောင်ရှိတဲ့ ပန်ဒါကြီး တကောင်ကို      ပြည်သူလူထုအား ပထမဆုံးအကြိမ်ပြသနိုင်ခဲ့ပါတယ်။

နှစ်ရက်ကြာပြီးတဲ့နောက်မှာတော့  မျိုးပွားခြင်းနဲ့ ထိန်းသိမ်းရေးဌာနချုပ်တို့တည်ရှိရာ Sichuan ခရိုင်မှာ မွေးကင်းစ ပန်ဒါလေးတွေကို ပထမဆုံးပွဲဦးထွက်အဖြစ် ပြသခဲ့ကြပါတယ်။


ထက်ဦးဝေ


Ref: CCTV news

ဝေါလ်ထရိတ်စင်တာ တိုက်ခိုက်ခံရမှုက လွတ်မြောက်လာတဲ့ "ဖုန်မှုန့်များနဲ့ အမျိုးသမီး" ကွယ်လွန်ပြီ

Posted: 26 Aug 2015 03:28 AM PDT


9/11 ဖြစ်ရပ်ဖြစ်ပြီးနောက် "Dust Lady" လို့ လူသိများထင်ရှားခဲ့တဲ့ မာစီဘော်ဒါ ရဲ့ ဖုန်မှုန့်တွေနဲ့ ပေကျံနေသောပုံ (photo- mirror.com)

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က World Trade Center တိုက်ခိုက်ခံရစဉ်က "Dust Lady" ဖုန်မှုန့်များနှင့် အမျိုးသမီး" လို့ အမည်ပေးခဲ့တဲ့ ထူးထူးခြားခြား ထင်ရှားခဲ့သော ဓာတ်ပုံတပုံထဲက အမျိုးသမီးဟာ အခုတော့ အစာအိမ်ကင်ဆာနဲ့ သေဆုံးသွားခဲ့ပါပြီ။

ဝေါလ်ထရိတ်စင်တာ တိုက်ခိုက်ခံရစဉ်က ခေါင်းကနေ ခြေထောက်အထိ ဖုန့်မှုန်တွေနဲ့ပေကျံနေတဲ့ သူမရဲ့ ပုံကို အဆိုပါဖြစ်စဉ်အတွင်း ဓာတ်ပုံဆရာတဦးက ရိုက်ကူးရရှိခဲ့တာပါ။ အဲ့ဒီတုန်းက ဖုန့်မှုန်တွေ ကွန်ကရစ်မှုန်တွေကြားထဲက အဲ့ဒီ ဓာတ်ပုံဟာ ကျော်ကြားခဲ့ပြီး အဲ့ဒီပုံကြောင့် သူမကို  "Dust Lady" ဆိုပြီး လူသိများထင်ရှားလာခဲ့ပါတယ်။

အသက် ၄၂ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် မာစီဘော်ဒါဆိုသူ အဲ့ဒီအမျိုးသမီးဟာ ပြီးခဲ့တဲ့ တနလာင်္နေ့က သေဆုံးသွားခဲ့တာဖြစ်ပြီး သူဟာ ရောဂါဝေဒနာကို နှစ်ရှည်လများ ခံစားခဲ့ရသူပါ။

ငါ့မှာရှိတဲ့အရာတွေကို ဒီ ကင်ဆာဆဲလ်တွေက လောင်မြိုက်ဖျက်ဆီးနေပြီလားလို့ သူ့ကိုယ်သူ အမြဲပြောဖြစ် ခဲ့တယ်လို့ သူမတခါ ဆိုခဲ့ဖူးပါတယ်။

မာစီဟာ ဝေါလ်ထရိတ်စင်တာမှ ဖုန်မှုန့်တွေကို ရှုရှိုက်ခဲရလို့ အခုလို ကင်ဆာရောဂါ ဖြစ်ပွားခဲ့တယ်လို့ ယုံ
 ကြည်ခဲ့ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ပြောခဲ့ဖူးပါတယ်။

9/11 လို့ အများခေါ်ဝေါ်ခဲ့ကြတဲ့ အဲ့ဒီအဖြစ်အပျက်ကြီး ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သူမဟာ အထိမ်းအချုပ်မဲ့သလို ဘ၀ကို ရုန်းကန်လှုပ်ရှားလာခဲ့ရပါတာပါ။ ပြင်ထန်းတဲ့ စိတ်ကျရောဂါကို ခံစားလာခဲ့ရပြီး မူးယစ်ဆေးစွဲလာတဲ့ အထိပါပဲ။ ဒါ့အပြင် ၁၀ နှစ်နီးပါး အလုပ်မလုပ်နိုင်ခဲ့ဘဲ လေယာဉ်မြင်တာနဲ့ အထိတ်အလန့်ဖြစ်နေခဲ့ရတာပါ။

မာစီဘော်ဒါ (photo - AFP)

သူမရဲ့ ၀မ်းကွဲအကိုတော်စပ်သူ ဂျွန်ဘော်ဒါက သူမဟာ 9/11 ဖြစ်ပြီးကတည်းက သူမ ခန္တာရဲ့ဖိစီးမှု        ဒဏ်တွေကို ကံဆိုးစွာနဲ့ပဲ မတွန်းလှန်နိုင်ခဲ့တာပါလို့ ဆိုပါတယ်။

နယူးဂျာစီသူ မာစီဟာ အယ်ကိုင်းဒါ အကြမ်းဖက်သမားတွေက ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတဲ့ World Trade Center ရဲ့ ၈၁ ထပ်မှာရှိသော Bank of America ဆိုတဲ့ ဘဏ်တခုမှာ ဘဏ်လက်ထောက်ရာထူးနဲ့ အလုပ်လုပ်ကိုင်နေခဲ့တာ တလမျှသာ ရှိခဲ့သေးတာပါ။

ဖြစ်တဲ့အချိန်မှာ သူဌေးဖြစ်သူက အန္တရာယ်ကင်းစေဖို့ သူမကို ကိုယ့်စားပွဲမှာဘဲရှိနေဖို့ ပြောဆိုခဲ့တာကို သူမက မလိုက်နာခဲ့ပါဘူး။

အဲ့ဒီအချိန်က အသက် ၂၈ နှစ်သာ ရှိသေးတဲ့ မာစီဟာ လှေကားထစ်တွေဆီက လမ်းမပေါ်အထိ ပြေးဆင်းလားခဲ့ပြီး သူမလည်း ပလက်ဖောင်းပေါ်အရောက် အဆောက်အဦးဟာ စတင်ပြိုကျသွားခဲ့တာလို့ သတင်းက ဆိုပါတယ်။


ကိုးကားသတင်း။  ။ http://www.mirror.co.uk/news/world-news/911-dust-lady-marcy-borders-6321101

လူအများကို ဆွဲဆောင်နိုင်ခဲ့တဲ့ အသက်၇၀ကျော် အဖိုးအိုရဲ့ ဒိုင်ဗင်အလှ

Posted: 26 Aug 2015 12:07 AM PDT




ဂျန်ကွမ်တောင်ဆိုသော အသက် ၇၃ နှစ်အရွယ် ရေကူးဒိုင်ဗင်သမားတဦး တံတားဘောင်ပေါ်ကနေ ဒိုင်ဗင်ထိုးချခဲ့တဲ့ ဖြစ်ရပ်ဟာ လူအများအတွက် စိတ်ဝင်စားစရာတခုဖြစ်ခဲ့ပါတယ်။ သူဟာ ရှန်ဒုန်းပြည်နယ် တ    ရုတ်ပြည်အရှေ့ပိုင်းကမ်းခြေမြို့ဖြစ်တဲ့ Qingdao မြို့ရဲ့ တံတားဘောင်တခုပေါ်ကနေ ဒိုင်ဗင်ထိုးချခဲ့ခြင်းပါ။


ဒါ့ထက် ပိုစိတ်ဝင်စားစရာတခုက အသက် ၇၃ နှစ်အရွယ် ဂျန်ဟာ အပျော်တမ်းရေကူးဒိုင်ဗင်သမားတဦးလို့ ဆိုပေမယ့် သူဟာ အလွန်ချမ်းအေးလှတဲ့ ဆောင်းရာသီလို အချိန်မျိုးတွေတောင် မရှောင်ပဲ အခုလို ဒိုင်ဗင်ထိုးအားကစားကို ကြိုးစားပမ်းစားနဲ့ လေ့ကျင့်လာခဲ့တာ နှစ်ပေါင်း ၁၀ နှစ်ကျော်ခဲ့ပြီလို့ တရုတ်ဓာတ်ပုံ သ  တင်းဌာနဖြစ်တဲ့ CFP က ဖော်ပြခဲ့ပါတယ်။



အခုလို အသက် ၇၀ ကျော် အဘိုးအိုတဦးက ရေကူးဒိုင်ဗင်ထိုးခြင်းကို ကျွမ်းကျင်စွာ ပြုလုပ် နိုင်သေးတယ်ဆိုတာ နည်းတဲ့ အရည်းအချင်းတော့ မဟုတ်ပါဘူး။

"ကျနော်အခုလို ဒိုင်ဗင်ထိုးလာခဲ့တာ ၁၀ နှစ်ကျော်ပါပြီ။ တကိုယ်ရည်တကာယ နေ့စဉ်လုပ်ဖြစ်နေတဲ့ ဒီအလုပ်ကို မလုပ်ရတော့ဘူးဆိုရင် ကျနော့ဘ၀ရဲ့ အစိတ်အပိုင်းတခု ပျောက်ဆုံးနေသလို ခံစားရတယ်" လို့   ဂျန်က CFP က ပြောပါတယ်။


ဂျန်ရဲ့ ဒိုင်ဗင်အားကစားအရည်အသွေးဟာ နည်းနည်းနောနောကျွမ်းကျင်မှုမဟုတ်ဘဲ သူဟာ ငယ်ရွယ်စဉ်ကတည်းက ရေကူးအားကစားကိုပါ ကျွမ်းကျတ်တတ်မြောက်ခဲ့သူတဦးလို့ သိရပါတယ်။


Ref: CCTV news

0 comments:

Post a Comment