မောင်ပေါက် ( Maung Pauk ) |
- ဖုန်းရဲ့ SENSOR ပာာဘယ်လိုနေရာအတွက်သုံးထားတာလဲ ???
- ယာဉ်မောင်းတွေအတွက် ဒီဂျစ်တယ် ယာဉ်မောင်း လိုင်စင်
- ဒေါက်ဖိနပ်မှာ ဟက်ကာပစ္စည်းများ သိမ်းနိုင်အောင် ဖန်တီးပေးတဲ့ ဟက်ကာမလေး
- Apple မှစက်တင်ဘာလ ၉ ရက်နေ့တွင် iPhone 6s/6s Plus တို့ကိုတရားဝင်မိတ်ဆက်ပြသမည်
- English Idiom and Phrases For Android
- ပင့်ကူစက်ရုပ်များကို Intel မိတ်ဆက်
- အင်တာနက်အခြေပြု တစ်ပိုင်တစ်နိုင် အွန်လိုင်းစီးပွားရေး လုပ်ငန်းများ ပြိုင်ဆိုင်မှု ပြင်းထန်လာ
- Ooredoo က BINDEZ နှင့် ပူးပေါင်း၍ Tha Din Application ကိုမိတ်ဆက်
- Siri နှင့် ယှဉ်ပြိုင်မည့် M ဝန်ဆောင်မှုသစ်ကို Facebook စမ်းသပ်
- OPPO Mirror 5 အား အဖြူ၊ အပြာ အရောင်နှစ်မျိုးဖြင့် ဝယ်ယူနိုင်မည်
- BeeTalk မှတစ်ဆင့် အလုပ်ခေါ်စာများ ကြည့်ရှုနိုင်ရန် ဆောင်ရွက်
- ဆွေသဟာဝန်ဆောင်မှုတွင် ၅၅ မိနစ် အခမဲ့ပြောဆိုခွင့် ရရှိမည့်အစီအစဉ်ကို MPT က ရက်ပေါင်း ၃၀ ကျော်ပေးမည်
- ဖုန်းတစ်လုံးရဲ့ BATTERY ကို ကြာရှည်အသုံးခံအောင် ဘယ်လိုသုံးကြမလဲ။
- ဖုန်းအား အမြန်ဝင်စေမယ့် - Battery Saver Pro v2.1.6 Apk
- ကမ္ဘာကျော်ဂိမ်းလေး - Call of Duty: Strike Team APK V1.0.40 MOD Unlimited Money
- Clash of kings v1.1.6
- Vampire တွေကိုနှိမ်နှင်းရမယ့်အက်ရှင်ဂိမ်း - Vampire Origins RELOADED (-iOS Game-)
- Smart City
- Clash Of Clans Account ရဲ့ ID Gmail Change နည်း
- ထိုက်ချိ သိုင်းနဲ့ရန်သူတွေကိုတိုက်ခိုက်ရမယ့်ဂိမ်းလေး -Tai chi panda
- Zombies တွေကိုတိုက်ခိုက်ရမယ့်ဂိမ်းလေး- Call of Duty Black Ops Zombies APK V1.0.5 MOD Unlimited Money
- ဖုန်း locker အလန်းစားလေး - C Locker Pro v7.3.0 Apk
| ဖုန်းရဲ့ SENSOR ပာာဘယ်လိုနေရာအတွက်သုံးထားတာလဲ ??? Posted: 27 Aug 2015 08:26 PM PDT Phone အသုံးပြုသူတော်တော်များများပာာ ကိုယ့်ဖုန်းရဲ့ ဘယ်နေရာပာာ ဘယ်လိုနေရာအတွက်သုံးထားတာလဲဆိုတာကို သိရှိကြတဲ့လူ ရှိကြသလို မသိရှိသူများလဲရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့် Phone တစ်လုံးရဲ့ Sensor ပာာ ဘယ်နေရာအတွက်အသုံးပြု ထားသလဲဆိုတာလေးကို ကျတော့်အသိနဲ့ ကျတော့်အမြင်လေးကိုတင်ပြပေးလိုက်ပါတယ်။ ကျတော်တို့ဖုန်းတစ်လုံးနဲ့တစ်လုံး ဖုန်းခေါ်ပြီးစကားပြောကြတဲ့အခါ ဖုန်းကိုနားရွက်နားကပ်လိုက်ရင် Screen လေးမှိတ်သွားတာ အားလုံးသိပါတယ်။ ဒါပာာဘာကြောင့်မှိတ်သွားလဲဆိုတာကိုတော့ သတိထားမိကြချင်မှ ထားမိပါမယ်။ ဒါပာာ တကယ်တော့ Sensor ကနေအလုပ်လုပ်ပေးနေတာ ဖြစ်ပါတယ်ခင်ဗျာ။ နောက်ထက် အလုပ်လုပ်ပေးနေတဲ့နေရာတွေလဲရှိပါသေးတယ်။ အခုနောက်ပိုင်းဖုန်းတော်တော်များများမှာပါတဲ့ ဖုန်းကိုလက်နဲ့မထိပဲ လက်ကိုဝှေ့ရမ်းယုံနဲ့ ဓာတ်ပုံတွေကိုရှေ့တိုး နောက်ဆုတ် လုပ်တာတို့ / သီချင်းကျော်တာတို့ ပြုလုပ်တာတွေ … ဖုန်းလာနေတုန်း ဖုန်းကိုမှောက်လိုက်ရင် Ringtone သံပိတ်သွားတာတို့ စတာတွေကို အလုပ်လုပ်ပေးပါတာဖြစ်ပါတယ်။ ဒါကြောင့် Sensor ပာာလဲဖုန်းတစ်လုံးအတွက်အရေးပါလှတာကြောင့် သူ့ကိုထိခိုက်မှု့ မရှိအောင်အသုံးပြုနိုင်ရန်လိုအပ်ပါတယ်။ Sensor ပာာဖုန်းရဲ့ဘယ်နေရာမှာပါဝင်လဲဆိုတာကိုပါ ကျတော်ပုံးလေးနဲ့ ပြပေးပါမယ်။ အပေါ်ကပုံမှာပါဝင်တဲ့ အရှေ့ ကင်မရာလေးရဲ့ဘေးကပာာကတော့ Sensor လေးပဲဖြစ်ပါတယ်။ ဒီ Sensor လေးပာာ ထိခိုက်လဲလွာ်ပါတယ်။ ပြုတ်ကျရင်ပဲဖြစ်ဖြစ် ဖိမိတဲ့အခါပဲဖြစ်ဖြစ် Sensor ကိုထိခိုက်တက်ပါတယ်။ ဒီလိုထိခိုက်မိခဲ့ရင်တော့ ပြန်ပြင်လို့ရရင်ရ မရရင်တော့ ပြန်လဲဖို့လွယ်ကူမှာမပာုတ်ပါဘူး။ ဒါကြောင့် Sensor လေးကိုမထိခိုက်စေရန် ဂရုတစိုက်အသုံးပြုကြစေချင်ပါတယ်။ Screen Guard ပောာင်းနေလို့ ဆိုင်တွေမှာသွားကပ်ကြတဲ့အခါမှာလဲ Sensor ကို အုပ်မိစေတဲ့ Screen Guard ကို မကပ်မိစေရန် လဲ လိုအပ်ပါတယ်။ Screen Guard ကပ်တဲ့အခါ လူတိုင်းလိုလို သတိထားကြမှာမပာုတ်ပါဘူး။ နောက်မှ သုံးနေရင်းနဲ့ ဖုန်းလာတဲ့အခါ မျိုးကျမှ ကိုယ့်ဖုန်းကိုအသုံးပြုတဲ့အချိန် ဖုန်းကိုင်လိုက်တာနဲ့ Screen ပာာ အလိုလိုပိတ်သွားတာမျိုးကြုံပြီဆိုရင် ဘာလုပ်ရမှန်းမသိဖြစ်တက်ပါတယ်။ အဲလိုဆိုရင်တော့ ကိုယ်ကပ်လာမိတဲ့ Screen Guard ပာာ Sensor ကိုသွားအုပ်မိနေတာ ဖြစ်တာကြောင့် Sensor ပာာအလုပ်မလုပ်ပေးနိုင် တော့တာဖြစ်ပါတယ်။ ဆိုင်ကိုပြန်မသွားသေးပဲ Screen Guard ကို ပြန်ခွာပြီးစမ်းကြည့်လိုက်ရင်တော့ အဆင်ပြေသွားတက်ပါတယ်။ ဒါကြောင့် Screen Guard ကပ်ကြတဲ့အခါမှာလဲ Sensor ကိုအုပ်မိသွားမဲ့ Screen Guard မျိုးကိုမကပ်မိကြစေရန် အသိတစ်ခုအနေနဲ့ တင်ပြပေးလိုက်ရပါတယ်။ …..::: ကျတော့်ရဲ့အသိနဲ့အမြင်လေးကို တင်ပြပေးလိုက်ခြင်းဖြစ်တာကြောင့် အမှားတစ်စုံတစ်ရာပါရင် ဖြည့်တွေးပြီး ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပါခံပါတယ်။ :::….. ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ယာဉ်မောင်းတွေအတွက် ဒီဂျစ်တယ် ယာဉ်မောင်း လိုင်စင် Posted: 27 Aug 2015 06:08 PM PDT IOWA ဆိုတဲ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုက ယာဉ်မောင်းလိုင်စင်တွေကို စမတ်ဖုန်းမှာထည့်သွင်းအသုံးပြုနိုင်အောင် ပြုလုပ်ဖို့ စိတ်ဝင်စားကြောင်း မနှစ်က မိတ်ဆက်ပြောကြားခဲ့ပါတယ်။ Iowa ရဲ့ အစီအစဉ်ဟာ ဒီနှစ်မှာတော့ အကောင်ထည်ပေါ်လာခဲ့ပါပြီ။ အခုချိန်ထိ စမတ်ကဒ် ယာဉ်မောင်းလိုင်စင်ကို သွားလေရာ နေရာတိုင်းယူဆောင်နေရတဲ့ အခက်အခဲကို မိုဘိုင်းဖုန်း Application လေးတစ်ခုတည်းနဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ Mobile Driver License (mDL) လို့ခေါ်တဲ့ Application ကို IOWA သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဌာနခွဲရှိရာ နေရာများသို့ စမ်းသပ်အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒီ Application မှာတော့ လက်ရှိယာဉ်မောင်းလိုင်စင်မှာ ပါဝင်တဲ့ အချက်အလက်တွေအတိုင်းပဲ ယာဉ်မောင်းသူရဲ့ ဓါတ်ပုံ ၊ မွေးနေ့ နဲ့ လိုင်စင်သက်တမ်းကုန်ဆုံးရက်များကိုလည်း ထည့်သွင်းပေးထားပါတယ်။ လိုင်စင်ရဲ့ အရှေ့ဘက်တင်မကပဲ အနောက်ဘက်ကိုပါကြည့်ချင်ရင်တယ်ဆိုရင်တော့ ဖုန်းမျက်နှာပြင်ကို ပွတ်လိုက်ရုံနဲ့ လိုင်စင်ရဲ့ အနောက်ဘက်အခြမ်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ မိမိ ယာဉ်မောင်းလိုင်စင်ကို ယာဉ်ထိန်းရဲမှ စစ်ဆေးတဲ့အခါ ဖုန်းထဲမှာအသင့်ထည့်သွင်းပြီးသားဖြစ်တဲ့ mDL Mobile Application ကို ပြရုံနဲ့ အဆင်ပြေသွားမှာဖြစ်ပါတယ်။ ယာဉ်ထိန်းရဲအနေနဲ့လည်း ဒရိုင်ဘာရဲ့ ယာဉ်မောင်းလိုင်စင်ကို စစ်ဆေးတဲ့အခါ အနီးကတ်ကြည့်ရှုနေစရာမလိုပဲ ယာဉ်ထိန်းရဲတွေအတွက် စီစဉ်ပေးထားတဲ့ Application ကို မိုဘိုင်းဖုန်းထဲ ထည့်သွင်းထားရုံနဲ့ ဖုန်းအချင်းချင်း Scan ဖတ်ကာ စစ်ဆေးနိုင်ပါတယ်။ ဒီလိုစစ်ဆေးခြင်းဟာ QR code ကို ဖုန်းနဲ့ Scan ဖတ်နေတဲ့လူတွေအတွက် အထူးပြောနေစရာမလိုပါဘူး။ ဒါပေမဲ့ လတ်တလောမှာတော့ မိုဘိုင်းလိုင်စင် application ကို iPhone မှာသာအသုံးပြုလို့ရအုံးမှာဖြစ်ပါတယ်။ Ref : Mashable Aung Ko Htet (MMAS) Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဒေါက်ဖိနပ်မှာ ဟက်ကာပစ္စည်းများ သိမ်းနိုင်အောင် ဖန်တီးပေးတဲ့ ဟက်ကာမလေး Posted: 27 Aug 2015 06:07 PM PDT ပုံမှာ မြင်တွေ့နေရတဲ့ လှပဂေးမလေးဟ တရုတ်ပြည်က အထင်ကရ ဟာ့ဒ်ဝဲ ဟက်ကာမလေး တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ Nick name ကတော့ SexyCyborg ဖြစ်ပါတယ်။ နာမည်ထဲက အတိုင်းပဲ တကယ်လည်း Sexy ကျသူ ဖြစ်ကြောင်း ပုံကို မြင်ရုံနဲ့ သိမှာပါ။ Hardware hacker ဆိုတာကတော့ စက်ပစ္စည်းများရဲ့ လုပ်ဆောင်ချက်ကို ဟက်ခြင်း ဖြစ်ပြီး ဆော့ဖ်ဝဲကို ဟက်ခြင်း ဖြစ်ပါတယ်။ ယင်းသို့ ဟက်ခြင်းဖြင့် လုံခြုံရေး စနစ်များ၊ ဆော့ဖ်ဝဲတွေ လည်ပတ်နေတဲ့ စနစ်များကို shut down ချနိုင်ပါတယ်။ တကယ်တော်တယ်ဆိုရင် ပြောတာပါ။ အဲ့ဒီလိုဟက်ဖို့အတွက် hardware ဟက်ကာတွေမှာ hacking Firmware အချို့ ထည့်ထားတဲ့ Stick ကို အမြဲ ဆောင်ထားရပါတယ်။ တကယ် ပြည့်စုံချင်ရင် Router, နဲ့ အခြားသော ကွန်ပြူတာချိတ်၊ network ချိတ် ပစ္စည်းများကိုပါ ဆောင်သွားရပါတယ်။ အဲ့ဒီလို ဆောင်တဲ့အခါ ကိုယ် ဟက်ချင်တဲ့ နေရာကို ဝင်တော့ အခက်တွေ့ပါတယ်။ စစ်ဆေးတွေ့ရှိခြင်း ပါ။ ဒီတော့ ယင်းကဲ့သို့ မတွေ့နိုင်အောင် ရည်ရွယ်ပြီးတော့ SexyCyborg အမည်ရ ဟက်ကာမလေးက ဒေါက်ဖိနပ်တစ်မျိုးကို ဒီဇိုင်းဆွဲ တီထွင်ပါတယ်။ ယင်းထဲမှာ Hacking လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်း အားလုံးကို အစီစဉ် တကျ ထည့်နိုင်ပါတယ်။ တစ်ဖက်မှာ Router ပါပြီး အခြားတစ်ဖက်မှာလည်း ပစ္စည်း အစုံပါပါမယ်။ သူမဟာ ယင်း ဖိနပ်ရဲ့ 3D Design ကို အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။ 3D Printer အသုံးပြုပြီး လူတိုင်း ဖိနပ်လုပ်နိုင်အောင် ဖြစ်ပါတယ်။ 3D Printing ဖိနပ် ဖြစ်ပါတယ်။ သူမအနေနဲ့ hacking လုပ်ချင်တဲ့အခါ အပေါ်မှာ ရင်သားပေါ်ပေါ် ပေါင်သားပေါ်ပေါ် ဝတ်ဆင်ပါတယ်။ အဓိကကတော့ သူမရဲ့ အပေါ်ပိုင်း အလှများနဲ့ အာရုံလွဲဖို့ ဖြစ်ပါတယ်။ အဲ့လိုအချိန်ကျတော့ သူမရဲ့ ဒေါက်ဖိနပ်မှာ ဘာတွေ ပါတယ်ဆိုတာ ဘယ်သူမှ စိတ်မဝင်စားတော့ ပါဘူး။ သူမရဲ့ 3D Printing ဖိနပ် ဒီဇိုင်းကို Download ဆွဲသူ များပြီး သူမရဲ့ လုပ်ဆောင်ချက်ကိုလည်း ဟက်ကာလောကသားမျာက ချီးကျူးထောပနာ ပြုခဲ့ကြ ပါတယ်။ . Ref: dailymail Credit MMAS Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Apple မှစက်တင်ဘာလ ၉ ရက်နေ့တွင် iPhone 6s/6s Plus တို့ကိုတရားဝင်မိတ်ဆက်ပြသမည် Posted: 27 Aug 2015 06:07 PM PDT Apple ဟာ iPhone 6s,iPhone 6s Plus တို့ကို စက်တင်ဘာလ ၉ ရက်နေ့မှာမိတ်ဆက် ပြသမယ်လို့ တရားဝင်ကြေညာလိုက်ပါပြီ။ ပွဲတက်ဖို့ မီဒီယာအသီးသီးကို ဖိတ်ကြားရာမှာ အောက်ပါပုံလေးနဲ့ ဖိတ်ကြားထားတာပါ။ ![]() ပြုလုပ်မယ့်နေရာကတော့ San Francisco, California ရှိ the Bill Graham Civic Auditorium မှာပါ။ Apple ရဲ့ထုံးစံအတိုင်း ဖိတ်ကြားလွှာပုံမှာ အရိပ်အမြွတ်တွေထည့်ပေးထားလေ့ရှိပါတယ်။ ဒီပွဲမှာတော့ အခြား Product အသစ်တွေမိတ်ဆက်မယ်လို့မထင်ဘဲ iPhone 6s,6s Plus ကိုပဲအဓိက မိတ်ဆက်ပေးသွားမယ်လို့ထင်ပါတယ်။ Apple Watch မှာလိုပဲ ဖုန်းမှာလည်း Wallpaper အသေမဟုတ်ဘဲ လှုပ်ရှားသက်ဝင်မှုပါဝင်တဲ့ Animated Wallpaper တွေထားလို့ရလာမယ်လို့ထင်ရပါတယ်။ (iOS 7 မှာကတည်းကပါဝင်တဲ့ Dynamic Wallpaper တွေကိုဆိုလိုခြင်းမဟုတ်ပါ)။ ပုံမှာပြထားတဲ့အတိုင်း iPhone ရဲ့ Siri ကို စက်တင်ဘာ ၉ ရက်ပွဲနဲ့ပတ်သက်ပြီး "Hey Siri,give us a hint" လို့မေးကြည့်လိုက်မယ်ဆိုရင်တော့ iPhone 6,6S တွေနဲ့ပတ်သက်တဲ့အတည်မပြုနိုင်သေးတဲ့ (အနီးစပ်ဆုံးကောလဟာလ) သတင်းတွေကိုတင်လေ့ရှိတဲ့ Website တွေကိုသွားကြည့်ဖို့ ပြောပါလိမ့်မယ်။ ![]() ဒါဆိုရင် Siri ကပြောသလို အွန်လိုင်းက iPhone နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုတင်လေ့ရှိတဲ့ နည်းပညာသတင်းဆိုဒ်တွေမှာ လတ်တလောတင်ထားတဲ့အကြောင်းအရာတွေကိုလေ့လာကြည့်မယ်ဆိုရင် iPhone 6s မှာ Force Touch Technology, 12 Megapixel Camera , 4K video recording, an all-new A9 CPU, 2GB of RAM, sturdier casing, SiP architecture စတာတွေပါဝင်လာမယ်လို့သိရပါတယ်။ Battery ပိုင်းမှာတော့ ပြောင်းလဲဖွယ်မရှိပါဘူး ။ iPhone 6/6 Plus Battery နဲ့အတူတူပဲဖြစ်ဖို့များပါလိမ့်မယ်။ လက်ရှိထုတ်လုပ်နေတဲ့ ဖုန်းအရောင်သုံးမျိုးအပြင် အရောင်အသစ်နဲ့ ထပ်မံမိတ်ဆက်ဖွယ်ရှိပါတယ်။ iPhone 6,6S တွေကိုစရောင်းမှာကတော့ စက်တင်ဘာလ ၁၈ ရက်နေ့လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ယခင်နှစ်ကတော့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ iPhone 6/6 Plus ကိုစရောင်းခဲ့ပါတယ်။ နောက်ထပ်အချက်အလက်တွေကို ထပ်သိရရင် ထပ်မံဖော်ပြပေးပါဦးမယ်။ သက်နိုင်စိုး (Myanmar Mobile App Store ) Thiha Htike(THT) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| English Idiom and Phrases For Android Posted: 27 Aug 2015 06:07 PM PDT အင်္ဂလိပ်စာ လေ့လာလိုက်စားနေသူများအတွက် အသုံးဝင်နိုင်မည့် app တစ်ခု ဖြစ်သည်။ Idiom နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါင်းများစွာကို အက္ခရာလိုက် စီထားပြီး တစ်ခုချင်းစီ၏ အဓိပ္ပာယ်ကို ပြန်လည်ရှင်းလင်း ဖော်ပြပေးထားသည်။ Offline အဖြစ် အသုံးပြုနိုင်ရန် စီစဉ်ထားသည့် အဆိုပါ app တွင် စကားလုံးပေါင်း ၈,၀၀၀ ကျော်ခန့် ပါဝင်မည်ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေဖြင့် Play Store တွင် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 2.3MB ခန့်သာ ရှိမည်ဖြစ်သည်။ Android version 2.3 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခုလည်း ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။ Credit internetjournal Thiha Htike(THT) (ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ) အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ပင့်ကူစက်ရုပ်များကို Intel မိတ်ဆက် Posted: 27 Aug 2015 06:06 PM PDT Intel ၏အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်ကာ ဇန်နစ်ခ်ျသည် Intel Developer Forum ကျင်းပရာ စင်မြင့်ပေါ်တွင် မိန့်ခွန်း ပြောကြားပြီးနောက် လက်အမူအရာဖြင့် ထိန်းချုပ်နိုင်သည့် စက်ရုပ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။ အဆိုပါ ပင့်ကူသဏ္ဍာန် စက်ရုပ်သည် မည်သည့်အတွက် ထုတ်လုပ်ထားခြင်း မသိရကြောင်း Venturebeat ကဖော်ပြခဲ့သည်။ ၎င်းစက်ရုပ်နှင့်ပတ်သက်၍ "ဒီပင့်ကူ (စက်ရုပ်) တွေကြောင့် ကမ္ဘာကြီးပျက်စီး သွားလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး" ဟု ကာဇန်နစ်ခ်ျက ရယ်ရယ်မောမော ပြောကြားခဲ့သည်။ ကာဇန်နစ်ခ်ျသည် အဆိုပါ စက်ရုပ်များကို စင်ပေါ်တွင် ထိန်းချုပ်၍ ကခုန်စေခဲ့ကြောင်း သိရသည်။ Intel အနေဖြင့် ယခင်ကလည်း စက်ရုပ်များကို မိတ်ဆက်ခဲ့ဖူးပြီး ယခုအခါတွင် ကုမ္ပဏီအမှုဆောင် အရာရှိချုပ်အနေဖြင့် စက်ရုပ်များစွာကို မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ကာဇန်နစ်ခ်ျသည် လက်အမူအရာများ အသုံးပြု၍ စက်ရုပ်များကို သတိပေးပြီး လက်ဖြင့်ပင် အမိန့်ပေးခိုင်းစေမှုများ ပြုလုပ်ခဲ့သည်။ ၎င်းပင့်ကူ စက်ရုပ်များသည် ဘရှုနိုမာ့စ်သီချင်းဖြင့် ဖျော်ဖြေနေသော လူများနှင့်အတူ ကခုန်ခဲ့ကြောင်း သိရသည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| အင်တာနက်အခြေပြု တစ်ပိုင်တစ်နိုင် အွန်လိုင်းစီးပွားရေး လုပ်ငန်းများ ပြိုင်ဆိုင်မှု ပြင်းထန်လာ Posted: 27 Aug 2015 06:06 PM PDT Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် အရောင်းအဝယ်ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းများ၏ ပြိုင်ဆိုင်မှုများသည် ယခုနှစ်အတွင်း၌ ပိုမိုပြင်း ထန်လာကြောင်း အဆိုပါ လုပ်ငန်း လုပ်ကိုင်နေသူများထံမှ စုံစမ်း သိရသည်။ အင်တာနက် ဆက်သွယ်မှု ကွန်ရက်ကို အခြေခံ၍ လုပ်ကိုင် လာကြသော အဆိုပါ အွန်လိုင်း စီးပွားရေး လုပ်ငန်းအရေအတွက်သည် ယခုလက်ရှိအချိန်တွင် ၁၀၀၀ နီးပါး ရှိလာပြီဖြစ်ကြောင်း အင်တာနက် အချက်အလက်များနှင့် ပတ်သတ်၍ သုတေသန ပြုလုပ်နေသည့် ကုမ္ပဏီတစ်ခုထံမှ သိရသည်။ ထိုကဲ့သို့ အွန်လိုင်းစီးပွားရေး လုပ်ငန်းကို လုပ်ကိုင်လာသူ အ များစုမှာ လူငယ်အရွယ်များနှင့် လူလတ်ပိုင်း အရွယ်များဖြစ်ကြပြီး ၎င်းတို့သည် ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်ကြသည်ဟု သိရသည်။ ထို့အပြင် ရန်ကုန်မြို့တွင် ဆိုင်ခန်းငှားရမ်းခနှင့် အိမ်ခြံမြေနှုန်း ထားများကြီးမြင့်မှုတို့ကြောင့် အင် တာနက် ပေါ်တွင် လုပ်ကိုင်သော တစ်ပိုင်တနိုင် စီးပွားရေး လုပ်ငန်းငယ်များ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ကွန်ပျူတာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက သုံးသပ်ပြောကြားသည်။ "မနှစ်ကအထိ ဒီလိုအွန်လိုင်း ပေါ် ဈေးရောင်းကြတာ နည်းသေး တယ်။ အခုလပိုင်းအတွင်းကို သိသိ သာသာကို များလာတာ သတိထားမိတယ်။ အဓိက အချက်က ဆိုင်ခန်းခ ဆိုတာမရှိဘူး။ ပြီးတော့ အွန်လိုင်းပေါ်တင်ရောင်းတာကို လူတွေက ပိုစိတ် ဝင်စားလာတယ်။ အပြင်ထွက်စရာမလိုပဲ အွန်လိုင်းပေါ် ဈေးဝယ်ထွက်ရတဲ့ အရသာကို ကြိုက်လာကြတယ်။ ကျွန်မကတော့ လုပ်ငန်းတူတွေ ပေါ်လာတာကို ကြိုဆိုပါတယ်" ဟု Facebook စာမျက်နှာတွင် ဖက်ရှင်ကမ္ဘာအမည်ဖြင့် အဝတ်အထည် များ ရောင်းချနေသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။ အဆိုပါ အွန်လိုင်းစီးပွားရေး လုပ်ငန်းများတွင် အဝတ်အထည် များ၊ လူသုံးကုန် ပစ္စည်းများ၊ အလှအပဆိုင်ရာ ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများ၊ ကလေး အသုံးအဆောင်များအပြင် ယခု နောက်ပိုင်း၌ စားသောက်ကုန် လုပ်ငန်းများပါ ပါဝင်လာကြပြီ ဖြစ်ကြောင်း သိရသည်။ "ကျွန်မတို့လို လူငယ်တွေ အနေနဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖန်တီးချင်တယ်။ အောင်မြင်အောင်လည်း လုပ်ချင်တယ်။ ဒါပေမယ့် ကျွန်မတို့မှာ အရင်းအနှီး ကြီးကြီး မရှိဘူး။ အဲ့ဒီတော့ အွန်လိုင်းပေါ်မှာ ဈေးရောင်းတယ်။ တဖြည်းဖြည်း အဆင်ပြေလာတယ်။ လုပ်ငန်းတူတွေ ပေါ်လာတော့ ပြိုင်ဆိုင်မှု ပိုပြင်း ထန်လာပြီး ကိုယ်ရောင်းတဲ့ ပစ္စည်းအပေါ် တန်ဖိုးမြင့်အောင်ပဲ ဦးတည်လာတယ်" ဟု အမျိုးသမီး အလှကုန် ပစ္စည်းများကို Facebook လူမှုကွန်ရက်ပေါ်တွင် ကိုယ်ပိုင် စာမျက်နှာတစ်ခု တည်ထောင်၍ ရောင်းချနေသူ မရွှေရည်ဖြိုးက ဆိုသည်။ အင်တာနက်အခြေပြု အွန်လိုင်း စီးပွားရေးလုပ်ငန်းငယ်များ များပြားလာသော်လည်း ယခု လက်ရှိအချိန်အထိ ရောင်းသူဝယ် သူကြား အပြန်အလှန် ငွေပေးချေမှုပိုင်းတွင် အခက်အခဲ အချို့ ရှိနေသေးကြောင်း အဆိုပါ လုပ် ငန်းလုပ်ကိုင်နေသူ အချို့ထံမှ သိရသည်။ ယခုကဲ့သို့ အင်တာနက် အခြေပြု တပိုင်တနိုင် စီးပွားရေး လုပ်ငန်း များ များပြားလာနေပြီး ငွေပေးချေမှု ဆိုင်ရာကိစ္စရပ်များ အဆင်ပြေစေရန်အတွက် မြန်မာငွေပေး ချေမှု အဖွဲ့အစည်း (MPU) ကလည်း Mobile Banking နှင့် Internet Banking ဝန်ဆောင်မှုများကို စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Ooredoo က BINDEZ နှင့် ပူးပေါင်း၍ Tha Din Application ကိုမိတ်ဆက် Posted: 27 Aug 2015 06:06 PM PDT ပည်တွင်းရှိ ထူထောင်ကာစ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် BINDEZ နှင့် ပူးပေါင်း၍ Ooredoo သည် Tha Din အမည်ရှိ Mobile Application တစ်ခုကို မိတ်ဆက်လိုက်သည်ဟု သိရသည်။ BINDEZ သည် ဒီဂျစ်တယ်စနစ် ထွန်းကားရေးကို လုပ်ဆောင်ရာတွင် အလားအလာကောင်းများရှိသည့် ထူထောင်ကာစ နည်းပညာကုမ္ပဏီ ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု Ooredoo က ထုတ်ပြန်ခဲ့သည်။Beta Version အနေဖြင့် မိတ်ဆက်ခဲ့ခြင်းဖြစ်သော Tha Din Application ကို လက်ရှိအချိန်၌ Google Play တွင် ရယူနိုင်ပြီဖြစ်ပြီး အဆိုပါ Tha Din Application က Android မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် သတင်းအချက်အလက်များ ရှာဖွေရေးကို အထောက်အကူပေးမည်ဟု Ooredoo က ကြေညာခဲ့သည်။ ပြည်တွင်း၌ Program အသစ်များ၊ Application အသစ်များကို ကြိုးစားဖန်တီနေကြသော်လည်း ဈေးကွက်တင်နိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း၊ ထူထောင်ကာစ လုပ်ငန်းများပေါ် ပြုစုပျိုး ထောင်ပေးရေး အစီအစဉ်အရ Ooredoo သည် အဆိုပါလုပ်ငန်းများအတွက် နည်းပညာနှင့် ငွေ ကြေးထောက်ပံ့မှုများ လုပ်ကိုင်ပေးနေကြောင်း Oordeoo Myanmar ၏ ပြန်ကြားရေးတာဝန်ခံဖြစ်သူက ပြောသည်။ Ooredoo နှင့် BINDEZ တို့ ပူးပေါင်း မိတ်ဆက်လိုက်သော Tha Din Application တွင် နေ့စဉ် သ တင်းထူးများနှင့် မိုးလေဝသ၊ ဓာတ်ဆီဈေးနှုန်း၊ ဒေါ်လာဈေးနှုန်း စသည်တို့ကိုလည်း မြန်မာဘာသာဖြင့် လွယ်ကူစွာ ရှာဖွေကြည့်ရှုနိုင်မည်ဟု သိရသည်။ ထို့အပြင် ကြိုက်နှစ်သက်ရာ သတင်းများကိုလည်း သိမ်း ဆည်းထားနိုင်မည့် နည်းပညာတစ်ခု ပါဝင်ကြောင်း Ooredoo ၏ ထုတ်ပြန်ချက်အရ သိရသည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| Siri နှင့် ယှဉ်ပြိုင်မည့် M ဝန်ဆောင်မှုသစ်ကို Facebook စမ်းသပ် Posted: 27 Aug 2015 06:05 PM PDT ကမ္ဘာ့ လူသုံးအများဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook ၏ messaging app ဖြစ်သော Facebook Messenger တွင် Siri နှင့် Cortana တို့ဖြင့် ယှဉ်ပြိုင်မည့် M ဟုခေါ်သော ဝန်ဆောင်မှုသစ်ကို စတင်စမ်းသပ် ထည့်သွင်းခဲ့သည်။ M သည် သုံးစွဲသူများက ကလေးငယ်များအတွက် လက်ဆောင်ရှာဖွေခြင်းမှအစ သူငယ်ချင်းမွေးနေ့အတွက် ပန်းစည်းမှာယူခြင်းအထိ အသုံးတည့်စေမည့် အချက်အလက်များကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း Facebook မှ ဆိုခဲ့သည်။ "M က ပစ္စည်းတွေ ဝယ်ယူပေးနိုင်သလို ကိုယ်ချစ်ခင်နှစ်သက်တဲ့သူဆီကိုလည်း လက်ဆောင်တွေ ပေးပို့နိုင်ပါတယ်။ စားသောက်ဆိုင်မှာ ကြိုတင်နေရာမှာတာ၊ ခရီးသွားလာဖို့အတွက် ကြိုတင်ပြင်ဆင်တာ၊ အချိန်းအချက် ပြုလုပ်တာတွေအပြင် အခြားလုပ်ဆောင်ချက်များကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်" ဟု Facebook ၏ messaging ဌာနမှ အကြီးအကဲဖြစ်သူ ဒေးဗစ်မားကပ်စ်က ပြောကြားခဲ့သည်။ Facebook သည် artificial intelligence (AI) ကို ထောက်ပံ့ပေးသည့် တစ်ခုတည်းသော ကုမ္ပဏီ မဟုတ်ပေ။ Apple က Siri ကို ဖြန့်ချိထားသလို Google က Google Now, IBM က Watson နှင့် Microsoft က Cortana ကို ဖြန့်ချိထားသည်။ ၎င်းတို့သည် နာမည်အမျိုးမျိုး ကွဲပြားသော်လည်း လုပ်ဆောင်ချက်မှာ တူညီသည်။ Ref: CNET Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| OPPO Mirror 5 အား အဖြူ၊ အပြာ အရောင်နှစ်မျိုးဖြင့် ဝယ်ယူနိုင်မည် Posted: 27 Aug 2015 06:05 PM PDT OPPO မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် Mirrow 5 စမတ်ဖုန်းအား အဖြူ၊ အပြာ အရောင်နှစ်မျိုးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အဆိုပါစမတ်ဖုန်းကို ၂ဝ၁၅ ခုနှစ် စက်တင်ဘာလဆန်းတွင် ပြည်တွင်း၌ စတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ "ဖုန်းကတော့ စက်တင်ဘာ လဆန်းလောက်ဆို ပြည်တွင်းကို ရောက်ပါပြီ။ ရောင်းချမဲ့ ဈေးနှုန်းကတော့ ၂၇၉,ဝဝဝ ကျပ် ဝန်းကျင်ပါ။ သူ့ရဲ့ထူးခြားချက်က ဒီဇိုင်းပိုင်းမှာ ဆိုရင် ကျောဘက်ကာဗာက စိန်ပုံသဏာန်မျိုး ဖန်တီးထားတာပါ။ ကာဗာကပေါ်မှာ ပါဝင်တဲ့ စိန်အကွက်ဒီဇိုင်းက တကယ့်စိန်ရဲ့ အကွက်လိုမျိုး ရောင်ပြန်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းမှာဖြစ်ပါတယ်" ဟု OPPO Myanmar မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ Mirror 5 စမတ်ဖုန်းအား စိန်ပွင့်ပုံစံ ထူးခြားသော မျက်နှာပြင်နည်းပညာဖြင့် ဖန်တီးထားပြီး စိန်ပွင့်ပုံစံ မျက်နှာပြင်နှင့်အတူ သတ္ထုနှစ်မျိုးစပ် ကိုယ်ထည်နှင့် Cross beam များဖြင့် တည်ဆောက်ထားသောကြောင့် အကြမ်းခံနိုင်မည် ဖြစ်သည်။ GSM Dual SIM အမျိုးအစား ဖုန်းဖြစ်ပြီး မြင်ကွင်းအရွယ်အစား ၅ လက်မ ရှိမည်ဖြစ်သည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| BeeTalk မှတစ်ဆင့် အလုပ်ခေါ်စာများ ကြည့်ရှုနိုင်ရန် ဆောင်ရွက် Posted: 27 Aug 2015 06:05 PM PDT BeeTalk မှတစ်ဆင့် အလုပ်ခေါ်စာများ ကြည့်ရှုနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သိရသည်။ BeeTalk မှတစ်ဆင့် work.com.mm ၏ အလုပ်ခေါ်စာများ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ သတင်းများ၊ အတွေးအမြင်ကို ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ work.com.mm ၏ လူထုအကောင့် (Public Account) တစ်ခုကို ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ BeeTalk ID: workMM ကို Follow လုပ်ထားခြင်းဖြင့် အဆိုပါ သတင်းအချက်အလက်များကို ရယူကြည့်ရှုနိုင်မည် ဖြစ်သည်။ လက်ရှိအချိန်အထိ Follow လုပ်ထားသူပေါင်း ငါးထောင်ဝန်းကျင်ရှိကြောင်း သိရသည်။ BeeTalk မှာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်းက စတင်ဝင်ရောက်လာသည့် လူမှုကွန်ရက် ဆက်သွယ်ရေး Social Application တစ်ခု ဖြစ်သည်။ BeeTalk ကို လက်ရှိအချိန်တွင် အသုံးပြုနေသူ လူဦးရေ ၅ သန်းကျော်အထိ ရှိနေကြောင်း၊ အခမဲ့ဖုန်းခေါ်ဆိုစနစ်၊ စာတိုပို့စနစ်၊ အခြား Public Account များ၊ စတစ်ကာပုံပို့စနစ်များ ပါဝင်သည်။ "အဓိကကတော့ လူငယ်တွေအတွက် သိသင့်သိထိုက်တဲ့ အချက်အလက်တွေ၊ အင်တာဗျူးဖြေရာမှာ ဆောင်ရန်၊ ရှောင်ရန်တွေ၊ လုပ်ငန်းခွင်မှာ တိုးတက်ရာ တိုးတက်ကြောင်းတွေ စသည်ဖြင့် ထည့်သွင်း ဖော်ပြပေးထားပါတယ်။ နောက်ပိုင်းမှာ အလုပ်ခေါ်စာတွေကိုလည်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်" ဟု work.com.mm မှ Social Media Officer ဖြစ်သူ Wilson က ပြောသည်။ Work.com.mm ၏ အဓိကလုပ်ငန်းမှာ အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်များ ရရှိစေရန်နှင့် အလုပ်ရှင်များအတွက် ဝန်ထမ်းများ ရရှိစေရန်ဖြစ်ပြီ်း အလုပ် ရှာဖွေသူနှင့် ဝန်ထမ်းခေါ်ယူလိုသူတို့အား ဆုံစည်းပေးသော ကြားခံဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်။ ကိုယ်ရေးရာဇဝင် ဖောင်များကို အွန်လိုင်းပေါ်တွင် ဖြည့်စွက်နိုင်ပြီး မိမိနှစ်သက်ရာ အလုပ်များကို အကန့်အသတ်မရှိ ရှာဖွေ လျှောက်ထားနိုင်ရန် ဆောင်ရွက်ထားကြောင်း တွေ့ရသည်။ Credit internetjournal Thiha Htike(THT) မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဆွေသဟာဝန်ဆောင်မှုတွင် ၅၅ မိနစ် အခမဲ့ပြောဆိုခွင့် ရရှိမည့်အစီအစဉ်ကို MPT က ရက်ပေါင်း ၃၀ ကျော်ပေးမည် Posted: 27 Aug 2015 06:05 PM PDT မန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဆွေသဟာ ဝန်ဆောင်မှုအား တစ်နာရီစာ ဖုန်းခေါ်ဆိုမှု အတွက် ပထမ ငါးမိနစ်စာသာ ကုန်ကျမည့် အစီအစဉ်ကို ယခုလ ၂၈ တွင် စတင် သွားမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းက သတင်း ထုတ်ပြန်လိုက်သည်။ အဆိုပါ အစီအစဉ်အား ယခုလ ၂၈ ရက်မှ ၂၀၁၅၊ စက်တင်ဘာ၊ ၃၀ ရက်အထိ သတ်မှတ်ထားပြီး ယခုကဲ့သို့ ဖုန်းပြောဆိုခ ဈေးလျှော့ချသည့် ဝန်ဆောင်မှုသည် နေ့စဉ် ညနေ ၆ နာရီမှ ၁၀ နာရီအတွင်း အသုံးဝင်မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။MPT ၏ ဆွေသဟာ ဝန်ဆောင်မှုအား ၅၅ မိနစ် ဖုန်းပြောဆိုခ သက်သာစေမည့် အဆိုပါ အစီအစဉ်သည် မိနစ် ၆၀ တိတိ ဆက် တိုက်ဖုန်းခေါ်ဆိုမှုများတွင်သာ အကျုံးဝင်မည်ဖြစ်ပြီး မည်သည့် ထပ်ဆောင်း လျှောက်ထားမှုမှ ပြုလုပ်ရန် မလိုအပ်ပဲ အလိုအလျှောက် သုံးစွဲနိုင်မည်ဖြစ်သည်။ "ပထမ ၅ မိနစ်စာအတွက်ပဲ ဖြတ်တောက်သွားမှာပါ။ မိနစ် ၆၀ ကျော်သွားရင်တော့ မူလ ဈေးနှုန်းအတိုင်း ဖြစ်သွားမှာပါ။ အဓိက ရည်ရွယ်ချက်ကတော့ မိသားစုဝင်အချင်းချင်း၊ မိတ်ဆွေ အချင်းချင်း အချိန်ကြာကြာနဲ့ ကုန်ကျစားရိတ် သက်သာအောင် ဖုန်းပြောဆိုနိုင်အောင်လို့ပါ"ဟု အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထို့ကြောင့် ဆွေသဟာဝန်ဆောင်မှုကို အသုံးပြုနေသူများသည် ပထမ ငါးမိနစ်ခေါ်ဆိုမှု အတွက် တစ်မိနစ်လျှင် ၂၃ ကျပ်နှုန်းဖြင့် ၁၁၅ ကျပ်သာ ကုန်ကျမည်ဖြစ်ပြီး ကျန်ရှိသည့် ၅၅ မိနစ် အတွင်း ဖုန်းခေါ်ဆိုမှုများ အတွက် ပေးဆောင်ရန် မလိုတော့ဟု သိရသည်။ MPT ၏ ယခုအစီအစဉ်သည် GSM နှင့် WCDMA သုံးစွဲသူများအတွက် အကျုံးဝင်မည်ဖြစ်ပြီး MPT နံပါတ်အချင်းချင်းသာ အကျုံးဝင်မည်ဖြစ်သည်။ ထို့အပြင် အဆိုပါ ဝန်ဆောင်မှုအား post-Paid နှင့် pre- paid နှစ်မျိုးလုံးတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Credit internetjournal Thiha Htike(THT) My Facebook Account Click အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဖုန်းတစ်လုံးရဲ့ BATTERY ကို ကြာရှည်အသုံးခံအောင် ဘယ်လိုသုံးကြမလဲ။ Posted: 27 Aug 2015 08:59 AM PDT ကျတော်တို့ ဖုန်းတစ်လုံးမှာ Battery ကအရေးကြီးတယ်ဆိုတာတော့ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ Battery တစ်လုံးကို ကြာရှည်ခံအောင်အသုံးပြုနိုင်ဖို့လဲ လိုအပ်ပါတယ်။ ကျတော်တို့အများဆုံးကြုံတွေ့နေရတာကတော့ ဖုန်းပူလာတာကို အများဆုံးကြုံတွေ့ရပါတယ်။ အဲလိုအခြေအနေမျိုးတွေမှာ User တော်တော်များများကတော့ service ဆိုင်ကို အးကိုးတက်ကျပါတယ်။ အဲလိုအခြေအနေကျရင် ကျတော်တို့ကိုယ်တိုင်အဖြေရှာစေချင်ပါတယ်။ ဘာကြောင့်ဒီလိုပူရတာလဲ ??? အဓိကနေရာကတော့ ကျတော့်အတွေ့ကြုံရတော့ Battery နားကပူတာများပါတယ်။ ဒါဆိုဘာလို့ပူတာလဲ ဆိုတာကို ကျတော်တို့တွေးရပါမယ်။ ကျတော်ကြုံတွေ့ရတာတော်တော်များများကတော့ ဒီလိုအခြေအနေမျိုးတွေမှာ လိုင်းဆွဲအားကြောင့် ဖြစ်တာများပါတယ်။ လိုင်းဆွဲအးမမိတဲ့နေရာတွေမှာဆို ဖုန်းရဲ့ Processor အရ အလုပ်လုပ်နိုင်တဲ့စွမ်းရည်ပာာလဲ ကွာခြားသွာပါတယ်။ ဖုန်းတစ်လုံးပာာ အလုပ်လုပ်ရတာများလာရင် Bttery ပိုင်းမှာလဲသွားပြီး Effect ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းတစ်လုံးရဲ့ Battery ပိုင်းကို ကျတော်တို့ကြာရှည်အသုံးခံအောင် စဉ်းစားရပါပြီ။ တစ်ချို့ဆို သီချင်းနားထောင်ရင်း Game ကစားတာတို့ လုပ်တက်ကြပါတယ်။ ဒီလိုဆိုရင်တော့ ဖုန်းပာာအလုပ်နှစ်ခုကို တစ်ခါထဲလုပ်ရပါပြီ။ ဒါဆို ဖုန်းရဲ့ Battery ပိုင်းမှာလဲ နှစ်ခုစာအတွက် အလုပ်လုပ်ပေးရတာကြောင့် ပူလာနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အဲဒီလိုအသုံးပြုခြင်းတွေကိုရှောင်ရှားနိုင်မယ်ဆိုရင်တော့ Battery ခံနိုင်ရည်အားကိုအထောက်အကူဖြစ်စေပါမယ်။ ဖုန်းကိုအားသွင်းရင် Game ဆော့တာပဲဖြစ်ဖြစ် Video ကြည့်တာ Facbook အသုံးပြုတာပဲဖြစ်ဖြစ် အဲလိုမျိုးအသုံးပြုခြင်းတွေကိုလဲ ရှောင်ရှားသင့်ပါတယ်။ ဖုန်းရဲ့အားသွင်းခြင်းကိုလဲ အကြံပြုချင်ပါတယ်။ ဖုန်းကိုအသုံးပြုတဲ့နေရာမှာ Battery အားကို အကုန်သုံးပစ်ခြင်းကိုရှောင်ရှားပေးစေချင်ပါတယ်။ ဖုန်းတစ်လုံးရဲ့ Battery ကိုအကုန်သုံး လိုက်မိရင် အားပြန်သွင်းရတဲ့အခါ အကြာကြီးပြန်သွင်းရတာထက် Battery ရဲ့ခံနိုင်ရည်အားကိုပါလျော့ကျစေပါတယ်။ ဖုန်းတစ်လုံးကို Battery % 30 အောက်ဆိုရင် အားပြန်သွင်းပြီးအသုံးပြုတာသင့်တော်ပါတယ်။ Battery အားကိုလဲ 90% ကျော်ကျော်လောက်ဆို လုံလောက်ပါပြီ။ ဒါကြောင့် ကျတော်အကြံပေးချင်တာကတော့ ဖုန်းတစ်လုံးရဲ့ Battery ပိုင်းကို ကျတော်တို့ကြာရှည်ခံနိုင်စေရန် ကိုယ့်နည်းကိုယ့်ပာန်နဲ့ အဆင်ပြေအောင်အသုံးပြု ကြပါလို့ပါ တိုက်တွန်းပေးလိုက်ပါတယ်။ ကျတော် အကြံပြုပေးခြင်းမှာ တစ်စုံတစ်ရာ လိုအပ်ချက်ရှိခြင်း / အမှားပါခြင်းများရှိခဲ့ရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။ ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ဖုန်းအား အမြန်ဝင်စေမယ့် - Battery Saver Pro v2.1.6 Apk Posted: 27 Aug 2015 04:50 AM PDT |
| ကမ္ဘာကျော်ဂိမ်းလေး - Call of Duty: Strike Team APK V1.0.40 MOD Unlimited Money Posted: 27 Aug 2015 04:29 AM PDT www.patheinit.com Payephyokyaw |
| Posted: 26 Aug 2015 09:42 PM PDT |
| Vampire တွေကိုနှိမ်နှင်းရမယ့်အက်ရှင်ဂိမ်း - Vampire Origins RELOADED (-iOS Game-) Posted: 26 Aug 2015 09:34 PM PDT www.patheinit.com Payephyokyaw |
| Posted: 26 Aug 2015 09:33 PM PDT ![]() ![]() ![]() Smart ဟူသောစကားလုံးကိ Smart City ဆိုသည်မှာ ၄င်းမြို့တွင်နေ ထို့ကြောင့် Smart City သည် Smart Network များအပေါ်တွင် အခြေခံတည်ဆောက်ရ Smart City နှင့်ပတ်သက်၍ ပါဝင်ရမည့်အချက် Smart Cities များအနေဖြင့် ဆက်သွယ်မှုစနစ်မျ Broadband မြို့တော်၏အင်တာ Investment Smart City များတွင် မြို့တော်ဆိုင်ရ Optimization အဆောက်အဦများ၊ ပြည်သူများနားနေ Enterpreneurshi Smart Cities များအတွက်ထားရှိ Smart Parking - ကားရပ်နားနိုင်ရ Waste Management - အမှိုက်ပုံးများတ Water Leakages - ရေပေးဝေသည့်ပိုက Noise Urban Maps - အဖျော်ယမကာဆိုင် Smart Lighting - လမ်းမီးများအတွက Smart Roads - ရာသီဥတုအခြေအနေ နှင့် မတော်တဆဖြစ်မှုမျ Electromagnetic Smartphones Detection – iPhone၊ Android ဖုန်းများသာမက မည့်သည့် Wifiသို့မဟုတ် Bluetooth အသုံးပြုနိုင်သည Traffic Congestion - ယာဉ်များ၊လမ်းလေ Perimeter Access Control - သတ်မှတ်ထားသည့်ေ Air Pollution - စက်ရုံများ၊ ကားများမှ ပတ်ဝန်းကျင်ညစ်ည Structural Health - အဆောက်အဦများ၊ တံတားများ ၏ ကြံခိုင်မှုအခြေအ Smart Cities များ Amsterdam Amsterdam မြို့တော်အနေဖြင Bercelona ဘာစီလိုနာမြို့ေ Stockholm Stockholm မြို့တော်သည် 1994 ခုနှစ်ကတည်းကပင် Santa Cruz အခြားသော Smart City များတွင် အသုံးပြုသော နည်းပညာများနှင့ (ဆောင်းပါရှင် MARC JADOUL ၏ smart cities are built smart networks အကြောင်းကိုဘာသာ WorldWide(BMSTU ![]() |
| Clash Of Clans Account ရဲ့ ID Gmail Change နည်း Posted: 26 Aug 2015 09:27 PM PDT ![]() ![]() ![]() ![]() ![]() ![]() အကြောင်းအမျိုးမ အောက်တွင်ပြထားသ ဒါဆိုရင် Settings ထဲရောက်ရှိသွားပ နောက်တစ်ဆင့်အနေ ဒီအဆင့်ကတော့ Gmail နှင့်ဆိုင်သော လုပ်ဆောင်ချက်အတ သင့် COC Account ID ရဲ့ Gmail ကိုပြောင်းရန် ပြထားသည့်အတိုင် နောက်တစ်ဆင့်အနေ ကျွန်တော်ရိုက်ထ Message ပို့ပြီး တစ်ရက်၊ နှစ်ရက်လောက် စောင့်လိုက်ပါ။ ပြထားသည့်အတိုင် ထို Setting ထဲဝင်လိုက်ပြီး အောက်တွင် ပြထားသည့် Help And Support သို့ဝင်ပါ။ အောက်တွင်တွေ့ရသ ကဲ ကျွန်တော်ပြထားတ မေးထားတဲ့ မေးခွန်းတွေကတော (၁) ဒီအကောင့်ကို ဘယ်အချိန်မှာ စပြီး ကစားတာလဲ? (၂) ဒီအကောင့်ကို ဘယ်နေရာ (ဘယ်မြို့)မှာ ပြုလုပ်ခဲ့တာလဲ? (၃) ဒီအကောင့်ကို ၀င်ရောက် အသုံးပြုခဲ့သည့် ဒီမေးခွန်းတွေကိ မေးခွန်း (၂) အတွက် စပြီးကစားခဲ့တဲ့ မေးခွန်း (၃) အတွက်ကတော့ သင့် ဒီအကောင့်ကို ၀င်ရောက်ကစားခဲ့ ကဲ အဲဒါဆိုရင်တော့ သင့်စိတ်ကြိုက် မချိတ်ဆက်ထားရသေ ကိုမြတ်(MICT Garden) ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ထိုက်ချိ သိုင်းနဲ့ရန်သူတွေကိုတိုက်ခိုက်ရမယ့်ဂိမ်းလေး -Tai chi panda Posted: 26 Aug 2015 09:23 PM PDT |
| Zombies တွေကိုတိုက်ခိုက်ရမယ့်ဂိမ်းလေး- Call of Duty Black Ops Zombies APK V1.0.5 MOD Unlimited Money Posted: 26 Aug 2015 09:14 PM PDT www.patheinit.com Payephyokyaw |
| ဖုန်း locker အလန်းစားလေး - C Locker Pro v7.3.0 Apk Posted: 26 Aug 2015 09:06 PM PDT |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |






























0 comments:
Post a Comment