Related Posts Plugin for WordPress, Blogger...

August 28, 2015

The Irrawaddy's Blog

The Irrawaddy's Blog


MTV Video Music Awards ပွဲမှာ ဂျက်စတင်ဘီဘာ ဖျော်ဖြေခွင့်ရပြီ

Posted: 27 Aug 2015 03:36 AM PDT




ကမ္ဘာကျော် ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်တော့မယ့် MTV Video Music Awards မှာ သူရဲ့ တေးသီချင်းအသစ်နဲ့ ဖျော်ဖြေမယ်လို့သိရပါတယ်။

သီချင်းရဲ့ အမည်ကတော့ What Do You Mean ဖြစ်ပြီး မကြာခင်ထွက်ရှိလာတော့မယ့် အယ်လ်ဘမ်ထဲမှ တေးသီချင်းတပုဒ်လည်းဖြစ်ပါတယ်။

သက် ၂၁ နှစ်အရွယ် ဘီဘာအတွက် ၂၀၁၀ ခုနှစ်ကတည်းကဆိုရင် ဒီအခမ်းအနားမှာ အခုလို ပါဝင်ဖျော်ဖြေခွင့်ရခြင်းဟာ ပထမဆုံးအကြိမ်လို့ဆိုရမှာပါ။

ဒီအခမ်းအနားမှာ ပါဝင်ဖျော်ဖြေကြမယ့် အခြားအနုပညာရှင်များကတော့ Demi Lovato, Macklemore and Ryan Lewis, Tori Kelly, The Weeknd, Pharrell Williams and Twenty One Pilots တို့ပါ။

MTV Video Music Awards အခမ်းအနားကို လော့စ်အိန်ဂျလိစ်မြို့ရဲ့ Microsoft Theatre မှာ သြဂုတ်လ ၃၀ ရက် တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်မှာပါ။ MTV ချန်နယ်မှာလည်း တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။


ကိုးကားသတင်း။ ။ http://www.mirror.co.uk/3am/celebrity-news/justin-bieber-perform-mtv-vmas-6328305

ပြည်သူတွေကို ပြုံးပျော်စေခဲ့တဲ့ "ကူညီပါရစေ" များရဲ့ လှုပ်ရှားမှုတခု

Posted: 27 Aug 2015 02:35 AM PDT


photo - cfp.cn and sxgov.cn

သင့်ရဲ့စမတ်ဖုန်းပဲဖြစ်ဖြစ် စက်ဘီးပဲဖြစ်ဖြစ် ပျောက်ဆုံးသွားခဲ့မယ်ဆိုရင် ဘယ်တော့မှ သင်ပြန် မရနိုင်တော့ဘူးလို့ ထင်နေမှာအမှန်ပါပဲ။

တရုတ်ပြည် Shanxi ခရိုင် Yuncheng မြို့မှ ရဲတွေကတော့ အဲ့ဒီအတွေးတွေကို ဖျောက်ဖျက်ပစ်ပေးနိုင် ခဲ့ပါတယ်။ အဲ့ဒါကတော့ မနေ့က ဗုဒ္ဓဟူးနေ့မှာ "ပြန်လည်ပေးအပ်ခြင်း အခမ်းအနား" လို့ အမည်ပေး ထားတဲ့ လှုပ်ရှားမှုလေးတခုကို ရဲတွေက ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ဒီလှုပ်ရှားမှုဟာ မိမိ ခိုးယူခံခဲ့ရတဲ့ ပစ္စည်းတွေကို ပိုင်ရှင်တွေဆီ ရဲက ပြန်လည်ပေးအပ်တဲ့ အခမ်းအနားပွဲလေး ဖြစ်တယ်လို့ sgov.cn ရဲ့ အဆိုအရ သိရပါတယ်။

သဘောကတော့ သူခိုးလက်ကနေ ပြန်လည်သိမ်းဆည်းရမိခဲ့တဲ့ ခိုးရာပါ ပစ္စည်းတွေကို ရဲက ပိုင်ရှင်တွေဆီ ပြန်လည်အပ်နှံပေးခြင်းဖြစ်ပါတယ်။

မိမိဆိုင်ကယ်ပြန်ရလို့ ပျော်ရွှင်နေတဲ့ ပိုင်ရှင်တဦး 

ကိုယ်ပျောက်ဆုံးသွားခဲ့တဲ့ ပစ္စည်းတွေ ပြန်ရလို့ ပြုံးပျော်ကြည်နူးနေတဲ့ ပိုင်ရှုင်တွေရဲ့အဖြစ်ကို ပုံမှာ မြင်တွေ့ ကြရမှာပါ။

ဒီ လှုပ်ရှားမှုမှာ အသေးဆုံး ပစ္စည်း လက်စွပ်များကစလို့ ကြီးကြီးမားမားပစ္စည်းဖြစ်တဲ့ မော်တော်ဆိုင်ကယ်များ အထိနှင့် တန်ဖိုးနည်း စက်ဘီးကစလို့ တန်ဖိုးကြီး လက်ဝတ်ရတနာအဆုံး ပါဝင်ကာ အဲ့ဒါတွေဟာ   ရဲတွေအနေနဲ့ ယခင်က ဖမ်းဆီးရမိခဲ့တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။


မော်တော်ဆိုင်ကယ်ပျောက်ဆုံးခဲ့တဲ့ ပိုင်ရှင်တဦးက သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ ဆိုင်ကယ် ပြန်ရမယ်ဆိုတာ ဘယ်လိုမှ ထင်မှတ်မထားချိန်မှာ ပြန်ရလာတော့ ကျေနပ်နေပုံကို ပုံမှာ မြင်တွေ့ရမှာပါ။

ပိုင်ရှင်များရဲ့ ကျေးဇူးတင်လွှာ 

တချို့ပိုင်ရှင်များကတော့ သူတို့ ဆိုင်ကယ် ပြန်ရလို့ အလွန်ပျော်ရွှင်ကာ ရဲတွေထံ ကြီးမားလှသော ကျေးဇူးတင်လွှာကြီးကို ပေးအပ်ခဲ့ကြပါတယ်။




Ref: CCTV news

0 comments:

Post a Comment