The Irrawaddy's Blog |
| ပြည်သူ့အချစ်တော် တေးစီးရီး ရောင်းရသမျှကို ရေဘေးသင့်တွေအတွက် လှူဒါန်းမယ့် အဆိုတော်ဟဲလေး Posted: 03 Aug 2015 08:00 PM PDT
အဆိုတော်ဟဲလေးရဲ့ ပြည်သူ့အချစ်တော် တေးစီးရီးဟာ ဇူလိုင်၉ ရက်နေ့မှာ ထွက်ရှိတော့မှာပါ။ ဒီတေးစီးရီးဟာ အဆိုတော် ဟဲလေးရဲ့ ငါးခွေမြောက် တကိုယ်တော်တေးစီးရီးဖြစ်ပါတယ်။ အခွေထွက်ရှိမယ့်နေ့မှာ လှည်းတန်း စိန်ဂေဟာမှာ လက်မှတ်ရေးထိုးရောင်းချပေးသွားမှာဖြစ်ကာ အဲ့ဒီနေ့မှာ ရောင်းချလို့ရတဲ့ ငွေကြေးအားလုံးကို အဆိုတော်ဟဲလေးက ရေဘေးဒဏ် ပြည်သူတွေအတွက် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ အခွေနဲ့ပတ်သက်ပြီး လှူဒါန်းဖြစ်ပုံကို အဆိုတော်ဟဲလေးက "ကျနော်ဒီအခွေကို ထွက်ဖို့ စီစဉ်နေတဲ့ အချိန်မှာပဲ တိုက်ဆိုင်စွာ နိုင်ငံမှာ နိုင်ငံတ၀က်လောက်က ရေဘေးဒဏ်ကို ခံနေရပါတယ်။ ဒါကြောင့် ကျနော်အခွေကို ထွက်ဖို့ နောက်ဆုတ်မလားပေါ့။ ဒါပေမယ့်စဉ်းစားလိုက်တော့ အားလုံးက သူ့ကဏ္ဍအသီးသမီးမှာ ပါဝင်ကူညီလှူဒါန်းနေကြတဲ့ အချိန်မှာ ကျနော်လည်းတတ်နိုင်သလောက် ကူညီချင်တယ်။ ဒါကြောင့် ကျနော်အခွေထွက်တာ မရွှေ့တော့ဘူး။ လာမယ့် ၉ ရက်နေ့မှာ လှည်းတန်းစိန်ဂေဟာမှာ အခွေရောင်းပြီး ရောင်းရသမျှကို အကုန်လှူပါမယ်၊ လာတဲ့ Customers တွေကိုလည်း အလှူခံပြီး ကျနော်ရဲ့ အနုပညာချွေးနဲစာနဲ့ ရထားတဲ့ငွေကြေးကိုလည်း ထပ်ပြီးလှူပါဦးမယ်။ လာတဲ့ ပရိသတ်တွေကိုလည်း ကျနော်က အမှတ်တရလက်ဆောင်တွေနဲ့ ပျော်စရာ ဂိမ်းအစီအစဉ်တွေကို စီစဉ်ထားပါတယ်၊ အခုချိန်က ကျနော်တို့ကို ချစ်တဲ့ပြည်သူတွေ၊ ကျနော်တို့ ချစ်တဲ့ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျနော်တို့ တတ်နိုင်တဲ့ အနုပညာနဲ့ လှူဒါန်းမှုပြုရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ရေဘေးကလည်း အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ" လို့ ပြောပြခဲ့ပါတယ်။ အဆိုတော်ဟဲလေးရဲ့ "ပြည်သူ့အချစ်တော်" တေးစီးရီးအခွေဝယ်ယူမယ့် ပထမဆုံး ပရိသတ်တထောင် အတွက် ကိုလည်း ရိုက်ကူးထားတဲ့ Music Video သုံးပုဒ်ကို အမှတ်တရ လက်ဆောင်အနေနဲ့ ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။ ထည့်သွင်းပေးမယ့် သုံးပုဒ်မှာ Miss တုပ်ကွေးသီချင်း၊ ဝေယံနဲ့ မိစန္ဒီတို့ရဲ့ သီချင်းနဲ့ အဆိုတော်သစ် ဖြိုးဧကရဲ့ သီချင်းတို့ပဲ ဖြစ်ပါတယ်။ ပြည်သူ့အချစ်တော်အခွေမှာ တေးရေးများအနေနဲ့ သုခမိန်လှိုင်၊ ဒီယံ၊ ကိုလတ်တို့ ရေးသားပေးထားပြီး Featuring အနေနဲ့ နိုင်းဝမ်း၊ ဒီယံ၊ အစ္စဏီ၊ ဝေယံ၊ စစ်သွေး၊ ပင်းပင်း၊ ၀ိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိမ့်ချစ်နဲ့ မိစန္ဒီတို့ က ပါဝင်သီဆိုပေးထားကြတာဖြစ်ပါတယ်။ ယုမွန်ကျော် | ||||
| မြန်မာပြည်ရေဘေးအတွက် လူမှုကွန်ရက်မှ ဆုတောင်းပေးနေတဲ့ ထိုင်းမင်းသမီး Posted: 03 Aug 2015 01:50 AM PDT
ထိုင်းနိုင်ငံမှ မင်းသမီး Kaew Korravee(ကယောက် ကရာဗီ) ဟာ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ ရေဘေး အတွက် အကူညီများရရှိစေရန် Pray for Myanmar and Please Help ဆိုတဲ့ စာရွက်ကို ကိုင်ဆောင် ထားသော ဓာတ်ပုံကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ ဖေ့ဘုတ်စာမျက်နှာ Profile ပုံနဲ့ Cover ပုံတွေမှာ တင်ထားတာကိုတွေ့ရပါတယ်။ မင်းသမီး ကရာဗီ ဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားလေးတဦးနဲ့ ချစ်ကြိုက်မိတဲ့ ထိုင်းလူမျိုး မိန်းကလေး ငယ်တဦးတို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်တဲ့ "ဘယ်လိုအချစ်မျိုးလဲ"(Myanmar In Love In Bangkok) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးဖြစ်သူ သရုပ်ဆောင် အောင်နိုင်စိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့သော ထိုင်းမင်းသမီးတဦးလည်းဖြစ်ပါတယ်။
သူမရဲ့ ဖေ့ဘုတ်စာမျက်နှာ https://www.facebook.com/kaew.korravee?fref=ts မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။ ထိုင်းမင်းသမီး ကရာဗီနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အောင်နိုင်စိုးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Myanmar In Love In Bangkok ရုပ်ရှင်ဇာတ်ကား နမူနာကို ဖော်ပြပေးလိုက်ပါတယ်နော်။ |
| You are subscribed to email updates from The Irrawaddy's Blog To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |











0 comments:
Post a Comment