Related Posts Plugin for WordPress, Blogger...

August 5, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


FotoCut For Android

Posted: 04 Aug 2015 10:42 AM PDT

 
  ဓာတ်ပုံများကို ဖြတ်၍ မူလပါရှိသည့် ပုံများနှင့် ပူးပေါင်းကာ အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ FotoCut app ဖြင့် ပြုလုပ်ထားသည့် ဓာတ်ပုံများကို Facebook, Twitter, Email အစရှိသည်တို့အပြင် WeChat, Sina Webio chat အစရှိသည်တို့ပေါ်သို့ တိုက်ရိုက်ဝေမျှနိုင်ရန်အတွက် စီစဉ်ပေးထားသည်။
အဆိုပါ app ကို Play Store တွင် ယခင်က ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ Android version 4.0 နှင့်အထက်တွင်သာ ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



၅ နှစ်အတွင်း ဖြစ်ထွန်းလာမယ့် နည်းပညာ လမ်းကြောင်း ၅ ခု

Posted: 04 Aug 2015 10:41 AM PDT





၂၀၁၅ ခုနှစ် အတွက် ကမ္ဘာပေါ်မှာ အကြီးမားဆုံး နည်းပညာ ပြပွဲကြီးများ ပြီးဆုံးသွားခဲ့ပါပြီ။ နောက်ဆုံးကျင်းပခဲ့တဲ့ ဒုတိယအကြီးမားဆုံး နည်းပညာပြပွဲကြီး တစ်ခုဖြစ်တဲ့ Computex 2015 အပြီးမှာ နောင်လာမယ့် ၅ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်လာမယ့် နည်းပညာ လမ်းကြောင်းအကြောင်း တစေ့တစောင်း သိခွင့်ရခဲ့ကြတယ်။ လောလောဆယ် အိုင်တီအဖွဲ့အစည်းကြီးတွေ အနေနဲ့ အလွန်ထုထည် ပမာဏကြီးမားတဲ့ Data တွေရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်။ Cisco Global Cloud Index  အရ ၂၀၁၃ ခုနှစ် အတွင်းက IP Traffics အတိုင်းအတာက တစ်လကို 255 Exabytes ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ရောက်တဲ့အခါ ၃ ဆ တက်သွားလိမ့်မယ်လို့ ဆိုတယ်။ ပထမဆုံး အလေးထား ဆောင်ရွက်ကြရမယ့် ကိစ္စက Nonstop Demand တွေကို တုံ့ပြန်နိုင်ဖို့ ဖြစ်တယ်။ Server တွေမှာ နှစ်စဉ်ဆိုသလို ၁၀ ရာခိုင်နှုန်း တိုးတိုးလာလေ့ရှိသလို Network bandwidth အနေနဲ့ ၃၅ ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်ခဲ့ပြီး သိုမှီးနိုင်စွမ်း ပမာဏများက ၅၀ ရာခိုင်နှုန်း ကြီးမားလာလေ့ ရှိတယ်လို့ Cappuccio Business အဖွဲ့အစည်းက သုတေသနပြုချက်မှာ ဖော်ပြခဲ့တဲ့အတွက် အိုင်တီနယ်မြေမှာ မြန်ဆန်သထက် မြန်ဆန်မှုရှိစေဖို့ တွန်းအားတွေရှိနေတယ်။ အသုံးပြုသူတွေ တိုးပွားမှုနှုန်းထားက အံ့မခန်း တိုးတက်နေသလို တောင်းဆိုမှုတွေကလည်း မရပ်မနားရှိနေတဲ့အတွက် ကွန်ရက်စနစ်နဲ့ သိုမှီးစနစ်တို့အတွက် နည်းပညာလမ်းကြောင်းတစ်ခုက မဖြစ်မနေ ဆောင်ရွက်ကြရမှာ ဖြစ်သလို မလွဲမသွေ ပေါ်ထွန်းလာပါလိမ့်မယ်။

ဒုတိယနည်းပညာ လမ်းကြောင်းက Internet of Things (IoTs) များအတွက် ဖြစ်တယ်။ IoT နဲ့ပတ်သက်ပြီး Gartner  အဖွဲ့အစည်းကြီးက Self-aware နဲ့  Self discovering အရည်အချင်းရှိတဲ့ အလွန်တရာသေးငယ်တဲ့ ကိရိယာလေးတွေလို့ အဓိပ္ပာယ်ဖွင့် ဆိုထားခဲ့တယ်။ ကိုယ်ပိုင် ကွန်ရက်ငယ် လေးများကို ဆက်စပ်ကာ အလုပ်လုပ်ကိုင် နိုင်စေဖို့ Sensor များက ပံ့ပိုးပေးကာ တစ်ခုနဲ့တစ်ခု အပေးအယူ  ဖလှယ်မှုတွေ လုပ်ကိုင်နိုင်စွမ်း ရှိကြတယ်။ နောင်အခါလူနေမှု စနစ်အတွက်သာမက စီးပွားရေးလုပ်ငန်းတွေ အတွက်ပါ အသုံးချခွင့် ရသွားလိမ့်မယ်။

Computex 2015 ညီလာခံမှာ Acer ရဲ့ ဂုဏ်ထူးဆောင် နာယကကြီးလည်း ဖြစ် Acer ကုမ္ပဏီကို တည်ထောင်ခဲ့ သူလည်းဖြစ်တဲ့ Stan Shih  နဲ့အတူ Media Tek ရဲ့ ဈေးကွက်ရှာဖွေရေး ဦးစီးချုပ် Johan Lodenius တို့ ARM ရဲ့ ဈေးကွက်ရှာဖွေရေး ဦးစီးချုပ်တို့ STMicroelectronics ရဲ့ ဒုဥက္ကဋ္ဌတို့က IoT နဲ့ Cloud Computing တို့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာမယ့် အကြောင်း အကျယ်တဝင့် ဆွေးနွေးတင်ပြ သွားခဲ့ကြတယ်။ သူတို့ရဲ့ အဆိုအရ IoT နဲ့ cloud တို့ကို အဝန်းအဝိုင်း ကန့်သတ်ဘောင်ကင်းတဲ့ ကွန်ပျူတာစနစ်ကြီးလို့ နားလည်လိုက်ကြ ရတယ်။ နည်းပညာ ကုမ္ပဏီများအနေနဲ့ ရင်းနှီးမြှုပ်နှံနိုင်မယ့် ပမာဏသာ အလေးထား စဉ်းစားစရာရှိနေပြီး ထွန်းကား တိုးတက်မှုအတွက် မေးခွန်းမေးစရာ မရှိလောက်တဲ့အထိ အောင်မြင်နိုင်တယ်လို့ ပြောသွားကြတယ်။

Software-defined  လမ်းကြောင်းက Data Center များဆီကို တဖြည်းဖြည်းချင်း တွားဝင်လာတယ်။ Gartner အနေနဲ့ Software-defined networks နဲ့အတူ Storage တို့ Power တို့ကိစ္စပါ ပါဝင်နေတဲ့အတွက် Software Defined Infrastructure ဟုပင် ညွှန်းဆိုလိုက်တယ်။ ကွန်ရက်တစ်ခုချင်း လုပ်ဆောင်မှုအစား လုပ်ကိုင်ဆောင်ရွက်မှု ပုံစံသစ်တစ်ခုကို ဖန်တီးရင်း စီးလားရိုက်ရင်း ကိုယ်တိုင်အလိုအလျောက် ချိန်ညှိထိန်းချုပ်ဆောင်ရွက် သွားစေပါလိမ့်မယ်။  ဒီအခါမှာ data လမ်းကြောင်းရဲ့ စီးဆင်းမှုရဲ့ စွမ်းဆောင်ရည်တွေပိုပြီး ကောင်းလာမှာ ဖြစ်တယ်။  လောလောဆယ် အဖွဲ့အစည်း ကြီးများအနေနဲ့ Labs လေးများ တည်ထောင်ထားရှိပြီး ဒီနည်းပညာကို အသုံးချနိုင်ရေးအတွက် စမ်းသပ်ဆဲ ကာလဖြစ်နေတယ်။


စနစ်တွေ အဆင့်ဆင့် ပြောင်းလဲလာခဲ့ပြီး နောက်အခုအချိန်မှာ နောက်ဆုံးဆင့်ကဲ ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတော့မယ်။ ဝိရောဓိဖြစ်စေမယ့် ဖြစ်စဉ်နှစ်ခုလို့ ဆိုနိုင်ပါတယ်။ Integrated System နဲ့ Disaggregated System တို့ ဖြစ်တယ်။ ချိတ်ဆက်လုပ်ကိုင်စေတဲ့ စနစ်နဲ့စုစည်းမှု မရှိစေတဲ့ စနစ်များလို့ အဓိပ္ပာယ်ဖွင့်ဆို နိုင်တယ်။ ကိရိယာတွေ အများအပြား အတူတကွ ပါဝင်စေပြီး Server တို့ Storage တို့ memory တို့ စသလို စုပေါင်းရောင်းချဖို့ ရည်ရွယ်တဲ့ စနစ်တစ်ခု ဖြစ်တယ်။ ဒီအခါမှာဒီ စနစ်ရဲ့ ပြဿနာအဝဝကို ဖြေရှင်းပေးရလိမ့်မယ်။ ရောင်းချသူအနေ နဲ့ defacto standard တစ်ခုကို တာဝန်ယူ လုပ်ကိုင်ရတော့မယ့် သဘောဖြစ်တယ်။

လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက်ကစပြီး Software ကုမ္ပဏီကြီးတွေက Hardware ထုတ်လုပ်ဖို့ ကြိုးစားလာကြသလို Hardware ကုမ္ပဏီ ကြီးတွေကလည်း Software ထုတ်လုပ်ဖို့ ကြံဆလာခဲ့ကြတာကို ကြည့်ရှုခြင်းအားဖြင့် ဝိရောဓိ ဖြစ်စေမယ့် စနစ် (၂) ခုကို လေ့လာကြည့်နိုင်ပါတယ်။ သုတေသန အဖွဲ့အစည်းဖြစ်တဲ့ Gartner က အိုင်တီရဲ့ လားရာသစ်များနဲ့ ပတ်သက်ပြီး သုံးသပ်ကြည့်ကာ သမားရိုးကျလမ်းကိုလည်း ပစ်ပယ်လို့မရကြောင်းနဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ  Exploratory ကိုလည်း ပူးတွဲလုပ်ဆောင်သင့်ကြောင်း အကြံပေး ဖော်ပြထားတာ တွေ့ရတယ်။ ဘယ်လို စနစ်မျိုးတွေကို လမ်းကြောင်းပြုတာဖြစ်ဖြစ် လုပ်ကိုင်ဆောင်ရွက်မယ့် သူတွေရဲ့ကျွမ်းကျင်မှုက အရေးအကြီးဆုံး ဖြစ်ပါတယ်။ စနစ်တစ်ခု အကြောင်းကို အသေးစိတ်သိရှိပြီး အနုစိတ်ကိုင်တွယ် နိုင်မှသာ ပြီးပြည့်စုံတဲ့ အသုံးချမှု၊ ဖြေရှင်းမှုတွေ ရယူနိုင်စေမယ်လို့ Cappuccio က ဖော်ပြသွားတာလည်း ရှိပါတယ်။

Consumer tech trends များ အနေနဲ့ ထူးထူးခြားခြား ဖွံ့ဖွံ့ဖြိုးဖြိုး  ဖြစ်လာနိုင်တာကတော့ wearable ဖြစ်တယ်။ Smartwatches များ၊ Smart glass များ အပါအဝင် wearable device များ အပြိုင်အဆိုင်ထုတ်လုပ်မှုများက နောင် ၅ နှစ်ကာလအတွင်း အကြီးအကျယ်ဆုံး ဈေးကွက်ကြီး ဖြစ်သွားစေပါလိမ့်မယ်။ ပိုပြီးမျှော်လင့် ထားကြတာက အဝတ်အစားများကို digital fashion အမျိုးမျိုးနဲ့ တွေ့မြင်နိုင်ကြသလို ကျန်းမာရေး အထောက်အကူပြု အဝတ်အစားများ၊ ကိရိယာ တန်ဆာပလာများအတွက် စွမ်းအင်ဖြည့်ဆည်း ပေးနိုင်မယ့် အဝတ်အစားများထုတ် လုပ်ကြမှာဖြစ်တယ်။ တစ်ချိန်တည်းမှာ ကိုယ်နဲ့မကွာ သယ်ဆောင် အသုံးပြုလေ့ရှိကြတဲ့ မိုဘိုင်းကိရိယာတွေကလည်း အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအဝဝအပြင် နေထိုင်စားသောက်မှု ကိစ္စများကို အထောက်အပံ့ ပေးနိုင်မယ့် အလားအလာရှိစေဖို့ နည်းပညာ လမ်းကြောင်းတွေကလည်း  လက်ရှိအခြေအနေများထက် ထွန်းကားလာစေမှာ ဖြစ်ကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါတယ်။

Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



သတ္တုကိုယ်ထည် မိုဘိုင်းထုတ်ကုန်များ ကြိုးမဲ့အားသွင်းနိုင်သည့် နည်းလမ်းကို Qualcomm တီထွင်

Posted: 04 Aug 2015 10:41 AM PDT


သတ္တုကိုယ်ထည် သို့မဟုတ် case များပါဝင်သော ဖုန်းများသည် Qualcomm မှဖန်တီးသော နည်းပညာသစ်ဖြင့် ထုတ်ကုန်အချင်းချင်း ကြိုးမဲ့အားသွင်း နိုင်တော့မည် ဖြစ်သည်။

Qualcomm ၏ ကုမ္ပဏီခွဲ Qualcomm Technologies ကော်ပိုရေးရှင်းသည် သတ္တုကိုယ်ထည် မိုဘိုင်ထုတ်ကုန်များကို ကြိုးမဲ့ အားသွင်းမှု ပြုလုပ်နိုင်ရန် ဖန်တီးပေးသည့် ပထမဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာသည်။ ကုမ္ပဏီ၏ ကြိုးမဲ့အားသွင်းစနစ်သည် မိုဘိုင်းဖုန်းနှင့် tablet ကဲ့သို့ သတ္တုကိုယ်ထည် ပါဝင်သော ပိုမိုကြီးမားသော အရာဝတ္ထုများကို အားသွင်းနိုင်သည်။

Qualcomm သည် Rezence ဟုခေါ်ဆိုသော စနစ်နှင့်ဆင်တူသော WiPower ဟုအမည်ရသော နည်းပညာတစ်ခုကို ဖန်တီးခဲ့သည်။ WiPower ၏ magnetic resonance သည် ကြိမ်နှုန်းတစ်ခုတွင် အားသွင်းသည့် လုပ်ငန်းစဉ်ကို မထိခိုက်စေဘဲ သတ္တုကိုယ်ထည်များကို ကောင်းမွန်စွာကိုင်တွယ် စီမံခန့်ခွဲနိုင်သည်။ သို့ရာတွင် နောက်ဆုံးစမ်းသပ်မှုအရ Qualcomm ၏ WiPower သည်သတ္တု ကိုယ်ထည်ဖြင့် ပြုလုပ်ထားသော ထုတ်ကုန်တစ်ခုကိုသာ အားသွင်းနိုင်သည်။ Qualcomm ကတီထွင် လျက်ရှိသော နည်းပညာသည် သုံးစွဲသူများ အသုံးပြုနိုင်မည့် စီးပွားဖြစ် အဆင့်တစ်ခုသို့ မရောက်ရှိသေးပေ။ ထိုနည်းပညာကို အသုံးပြု၍ သတ္တုကာဗာ သို့မဟုတ် အစိတ်အပိုင်းမှတစ်ဆင့် ထုတ်ကုန်ကို အားသွင်းရန် မိုဘိုင်းထုတ်လုပ်သူများ ပါဝင်ရန် လိုအပ်သည်။

ထို့ကြောင့် Qualcomm အနေဖြင့် သတ္တုကိုယ်ထည် သို့မဟုတ် case တစ်ခုဖြင့် အခြားထုတ်ကုန် သို့မဟုတ် စမတ်ဖုန်းကို ကြိုးမဲ့အားသွင်းနိုင်မည့် နည်းပညာသစ်ကို စမတ်ဖုန်း ထုတ်လုပ်သူများနှင့် တွဲဖက်လုပ်ကိုင် လျက်ရှိကြောင်း ကုမ္ပဏီ၏ ထုတ်ကုန်စီမံခန့်ခွဲမှု အကြီးတန်း ဒါရိုက်တာ မတ်ဟန်ဆစ်ခ်ကာက ပြောဆိုခဲ့သည်။

Ref : CNET
Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



တရုတ်စမတ်ဖုန်းဈေးကွက် ထိပ်ဆုံးနေရာကို Xiaomi ထံ လွှဲပေးခဲ့ရသည့် Apple

Posted: 04 Aug 2015 10:40 AM PDT





Apple သည် တရုတ်စမတ်ဖုန်းဈေးကွက်၏ ထိပ်ဆုံးနေရာကို Xiaomi ထံ လွှဲပြောင်းပေးခဲ့ရကြောင်း Canalys သုတေသနအဖွဲ့မှ ဖော်ပြခဲ့သည်။

ယခုနှစ် ဒုတိယသုံးလပတ်တွင် တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီ Xiaomi သည် ဈေးကွက်ရှယ်ယာ ၁၅.၉ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနေရာမှ Apple ကို နောက်ကောက်ချခဲ့သည်။ တရုတ်ကုမ္ပဏီ Huawei သည်လည်း ဈေးကွက်၏ ၁၅.၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ အဆိုပါ ကုမ္ပဏီနှစ်ခု၏ ဖုန်းဝယ်လိုအားကြောင့် Apple က ဈေးကွက်၏ တတိယနေရာသို့ ရောက်ရှိသွားခဲ့သည်။ Apple ၏ ဈေးကွက်ရှယ်ယာကိုမူ Canalys မှ ဖော်ပြခဲ့ခြင်း မရှိပေ။

၂၀၁၄ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် iPhone 6 နှင့် iPhone 6 Plus တို့၏ ရောင်းအားကြောင့် Apple က Xiaomi နှင့် Huawei တို့ကို ကျော်ဖြတ်ကာ တရုတ်ဈေးကွက်၏ ထိပ်ဆုံးနေရာသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်ကြာင်း Canalys မှ ပြောကြားခဲ့သည်။

Ref: 9to5Mac
Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



အဝေးထိန်းလေယာဉ်များနှင့် စူပါကွန်ပျူတာများ တင်ပို့ခြင်းကို တရုတ်ကန့်သတ်

Posted: 04 Aug 2015 10:40 AM PDT


စစ်သွေးကြွအဖွဲ့များ၏ လက်ထဲသို့ ရောက်ရှိပြီး နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုအား ကာကွယ်နိုင်ရန်အတွက် အဝေးထိန်းလေယာဉ်များ (drones) နှင့် စူပါကွန်ပျူတာများ တင်ပို့ရောင်းချခြင်းကို သြဂုတ်လ ၁၅ ရက်မှ စတင်ကာ စိစစ်ကန့်သတ်မည်ဟု ဆင်ဟွာသတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ နည်းပညာများသည် မောင်းသူမဲ့လေယာဉ် (UAV) များကို အကြီးအကျယ် ထုတ်လုပ်သော အမေရိကန်နှင့် အစ္စရေးတို့၏နောက်တွင် ကျန်ရစ်နေသော်လည်း နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် အီဂျစ် အပါအဝင် နိုင်ငံခြားအဝယ်တော်များကို တရုတ်နိုင်ငံက ဆွဲဆောင်နိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် ယခင်က လူလိုက်ပါနိုင်သော စစ်ဘက်သုံးလေယာဉ်များ တင်ပို့ရောင်းချခြင်းကို အောင်မြင်စွာ ကန့်သတ်နိုင်ခဲ့သောကြောင့် ဈေးသက်သာပြီး အလွယ်တကူ ထုတ်လုပ်နိုင်သော မောင်းသူမဲ့ လေယာဉ်များ တင်ပို့ခွင့် ကန့်သတ်မှုကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် မျှော်လင့်ထားသည်။

အဆိုပါ တားမြစ်ချက်သစ်များသည် မြေပြင်အထက် မြင့်မားသောအရပ်တွင် အချိန်အတန်ကြာ ပျံသန်းနိုင်သော drone များကို အဓိကပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ဆင်ဟွာမှ ပြောကြားခဲ့သည်။
"တင်ပို့ခွင့် တားမြစ်ရာမှာ အဓိက ရည်ရွယ်တာကတော့ နည်းပညာမြင့်မားတဲ drone တွေကို ဥပဒေနဲ့ ဆန့်ကျင်တဲ့ ကိစ္စရပ်တွေမှာ အသုံးပြုမှာကို စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်" ဟု ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

ဆက်လက်ပြီး တရုတ် drone များ၏ နည်းပညာစွမ်းရည်သည် လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံးအနက် တစ်ခုဖြစ်လာသောကြောင့် နိုင်ငံအနေဖြင့် ဉာဏမူပိုင်ခွင့်ကို ကာကွယ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ၎င်းသည် ကန့်သတ်တားမြစ်ခြင်း၏ အကြောင်းအရာတစ်ခုအနေဖြင့် ပါဝင်ကြောင်း ဆင်ဟွာမှ ဆိုခဲ့သည်။

Ref: Reuters
Credit==> internetjournal

Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Selfie အတွက် 13-megapixel ကင်မရာ ပါဝင်သည့် စမတ်ဖုန်းများကို Sony မိတ်ဆက်

Posted: 04 Aug 2015 10:39 AM PDT





Sony သည် အရှေ့ဘက်တွင် 13-megapixel ကင်မရာများ ပါဝင်သော Xperia C5 Ultra နှင့် Xperia M5 စမတ်ဖုန်းများကို မိတ်ဆက်ပေးခဲ့သည်။

Xperia C5 Ultra ကို Sony က PROselfie စမတ်ဖုန်းသစ်ဟု ခေါ်ဆိုခဲ့ပြီး ၎င်းတွင် 13-megapixel ကင်မရာနှစ်ခုနှင့် 1920 x 1080 pixel resolution ဖြင့် ဖော်ပြပေးနိုင်သော full-HD ၆ လက်မ display တို့ကို အသုံးပြုထားသည်။ 1.7GHz octa-core processor, 2GB RAM အပြင် 4G ကွန်ရက်ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်သည်။ ဘက်ထရီမှာ တစ်ကြိမ်အားသွင်းရုံဖြင့် နှစ်ရက်ခန့် သုံးနိုင်ကြောင်း Sony မှ ပြောကြားခဲ့သည်။

Xperia M5 တွင် အရှေ့ဘက်ကင်မရာက 13-megapixel ဖြစ်သော်လည်း ကျောဘက်ကင်မရာမှာ 21.5-megapixel ဖြစ်သည်။ 2GHz MediaTek Helio X10 octa-core processor ကို အသုံးပြုထားပြီး 1920 x 1080 pixel resolution ဖြင့် ဖော်ပြနိုင်သော ၅ လက်မ full-HD display နှင့် 3GB RAM အပြင် နှစ်ရက်ကြာ သုံးနိုင်မည့် 2,600mAh ဘက်ထရီတို့ကို အသုံးပြုထားသည်။

C5 Ultra နှင့် M5 စမတ်ဖုန်းများကို dual SIM ဖြင့် အသုံးပြုနိုင်ပြီး ရွေးချယ်ထားသော ဈေးကွက်များတွင် သြဂုတ်လလယ်၌ တင်ပို့ရောင်းချမည်ဟု သိရသည်။

Ref: CNET
Credit==> internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ပြည်တွင်းအခြေစိုက် ဆက်သွယ်ရေးအော်ပရေလေးခု ပါဝင်မည့် Myanmar Connect 2015 ကျင်းပမည်

Posted: 04 Aug 2015 10:39 AM PDT





ပြည်တွင်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးမှုနှင့် အနာဂတ် လုပ်ငန်းများအကြောင်းကို အဓိကဆွေးနွေးမည့် Myanmar Connect 2015 ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်တွင်း၌ တတိယအကြိမ်မြောက်ကျင်းပသည့် အဆိုပါ ဆက်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး အော်ပရေများဖြစ်သည့် Telenor Myanmar ၊ Ooredoo Myanmar ၊ ရတနာပုံတယ်လီပို့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က အဓိကပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဥရောပ ငွေကြေးရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (Euromoney Institutional Investor) ၏ အဖွဲ့ဝင်ဖြစ်သော Capacity Media နှင့် အထက်ပါဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Myanmar Connect 2015 အား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် နေပြည်တော်ကောင်စီနယ်မြေ၌ ကျင်းပသွားမည် ဖြစ်သည်။

မကြာမီ ပြုလုပ်မည့် Myanmar Connect 2015 တွင် ပြည်တွင်းစွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ၏ မြန်မာနိုင်ငံတွင်ထုတ်လုပ်သည့် application များကို ပြသမည့် Start-up Showcase အစီအစဉ်လည်း ပါဝင်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com

Nokia ၏ ဒီဂျစ်တယ်မြေပုံလုပ်ငန်းကို ဂျာမန်ကားကုမ္ပဏီများ ဝယ်ယူ

Posted: 04 Aug 2015 10:37 AM PDT





Audi, BMW နှင့် Daimler တို့ပါဝင်သော ဂျာမန် ကားကုမ္ပဏီအဖွဲ့တစ်ဖွဲ့သည် Nokia ၏ Here ဒီဂျစ်တယ်မြေပုံလုပ်ငန်းကို ယူရို ၂.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့သည်။

Nokia သည် ၎င်းနည်းပညာကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်နေပြီး မောင်းသူမဲ့ကားများကို ဖန်တီးရာတွင် အကူအညီဖြစ်စေရန် မျှော်လင့်လျက်ရှိသည်။ Here သည် ဒီဂျစ်မြေပုံကို တည်ဆောက်ရန် cloud နည်းပညာကို အသုံးပြုထားသည်။

"အလွန်တိကျတဲ့ ဒီဂျစ်တယ်မြေပုံတွေက အနာဂတ် ကားနည်းပညာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်" ဟု Daimler ဘုတ်အဖွဲ့ဝင် ဥက္ကဋ္ဌ ဒီယက်တာဇက်ချီက ပြောကြားခဲ့သည်။
ကားကုမ္ပဏီများသည် Here ၏ နည်းပညာကို ရှင်းလင်းတိကျသော ဒီဂျစ်တယ်မြေပုံနှင့် ပေါင်းစပ် အသုံးပြုရန် စီစဉ်ထားသည်။

"ကားလုပ်ငန်းရဲ့ ထောက်ပံ့ရေးစနစ်သစ်တွေနဲ့ အလိုအလျောက် မောင်းနှင်မှုကို အပြည့်အဝ လုပ်ဆောင်နိုင်ဖို့အတွက် ဒီဟာက အခြေခံ ဖြစ်ပါတယ်" ဟု ကားကုမ္ပဏီများက ထုတ်ပြန်ကြေညာချက်တွင် ပြောကြားခဲ့သည်။

အထက်ပါ ကားကုမ္ပဏီများသည် Here ၏ ဈေးကွက်ဝေစုကို ညီတူညီမျှ ရယူရန် စီစဉ်ထားသည်။
ထို့အပြင် အချိန်နှင့် တစ်ပြေးညီဖော်ပြပေးနိုင်မည့် မြေပုံဖန်တီးရန်အတွက် ကားကုမ္ပဏီများက အချက်အလက်များကို ဝေမျှကြမည်ဟု ပြောကြားခဲ့သည်။

"ကားကုမ္ပဏီတစ်ခုတည်းနဲ့ ဒီလိုလုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Here ရဲ့ ပိုင်ရှင်သစ်တွေက ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို အရှိန်မြင့် လုပ်ဆောင်နိုင်စေပါလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့လည်း location cloud ကုမ္ပဏီ တစ်ခုအနေနဲ့ ဦးဆောင်သူ ဖြစ်လာဖို့ ရည်မှန်းထားပါတယ်" ဟု Here ဥက္ကဋ္ဌ ရှောင်ဖန်ဘက်က ပြောကြားခဲ့သည်။

Ref: BBC
Credit==>internetjournal
Thiha Htike(THT)
thihahtike.it@gmail.com
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဘေးဘောင်မပါတဲ့ Display နဲ့ Sony Xperia C5 Ultra

Posted: 04 Aug 2015 09:16 AM PDT


တရားဝင်ကြေညာမှုမပြုလုပ်ရသေးတဲ့ Sony Xperia C5 Ultra ရဲ့ အသုံးပြုသူလမ်းညွန်စာအုပ်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လို့နေခဲ့ပါတယ်။ ဒါကြောင့် မကြာခင်မှာဈေးကွက်ထဲဝင်လာတော့မယ့် အလတ်တန်းစားအဆင့် C5 Ultra ရဲ့ အသေးစိတ်အချက်အလက်အနည်းငယ်ကို သိရှိလိုက်ရပါတယ်။ အစောပိုင်းက Sony Lavender လို့ လူတွေသိထားကြတဲ့ အဲ့ဒီဟန်းဆက်ဟာ မော်ဒယ်နံပတ် E5553 နဲ့အတူ သြဂုတ်လမှာ ပွဲထွက်လာဖို့ မျှော်လင့်ထားပါတယ်။
Xperia C5 Ultra ရဲ့ အသုံးပြုသူလမ်းညွှန်စာအုပ်မှာ C5 Ultra ဟာ ဘေးဘောင်မပါတဲ့ Display နဲ့ဆိုတာကို ဖော်ပြနေပါတယ်။ မကြာသေးခင်ကပဲ အင်တာနက်ပေါ်မှာ ပေါက်ကြားပျံ့နှံ့ခဲ့တဲ့ ဓါတ်ပုံတွေနဲ့ ကိုက်ညီမှုရှိနေပါတယ်။
ခလုတ်တွေအားလုံးနဲ့ ပြင်ပ Hardware feature တွေကိုလည်း ဖော်ပြထားပါတယ်။ LED flash နဲ့ ကင်မရာ၊ အသံကျယ်စပီကာ၊ ကင်မရာခလုတ်၊ microSD ကဒ်ပေါက် နဲ့ nano SIM ကဒ်ပေါက်တို့ကို တွေ့မြင်ရပါတယ်။ ဖုန်းဘေးဘောင်က အသံခလုတ်ကို ကင်မရာ Zoom ခလုတ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
Sony Xperia C5 Ultra ရဲ့ ကောလဟာလ Specs တွေထဲမှာ MediaTek MT6752 SoC, 2GB RAM, 13MP နောက်ကျောဘက်ကင်မရာ၊ 5MP selfie ကင်မရာ တို့လည်း ပါဝင်ပြီး။ Display အရွယ်အစားက ၅.၅ လက်မနဲ့ 1080p Resolution ဖြစ်ပါတယ်။


Myanmar Mobile View

♪ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက် - (ဂျူး) ♫

Posted: 04 Aug 2015 04:22 AM PDT


စာရေးဆရာမဂျူးရဲ့ နာမည်ကြီးခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟ၀န်ခံချက်  လုံးချင်းဝတ္ထုစာအုပ်လေးတစ်အုပ် တင်ပေးလိုက်ပါတယ်ဗျာ။ ဆရာမဂျူးရဲ့ပရိတ်သတ်များ အောက်က Link မှာ ဒေါင်းလုပ်ရယူနိုင်ပါပြီဗျာ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ဦးခင်မောင်သန်း The best Spoken English စာအုပ်

Posted: 04 Aug 2015 04:19 AM PDT


 

စကားပြောခန်းများကိုရှင်ပြချက်တွေနဲ့အတူထည့်သွင်းထားတယ်...ကျောင်းသားတစ်ယောက်က ဘယ်အခန်းကိုတော့ဖြင့် သိပ်ပြီးပိုင်ပိုင်နိုင်နိုင် မရဘူးဆိုရင် သီးသန့်ရွေးပြီးလေ့လာလို့ရတယ်...အကေါင်းဆုံးအင်္ဂလိပ်စကားပြော စာအုပ်တစ်အုပ်ပေါ့ဗျာ..

ကနေပြီး..English Learning CD နှင့်စာအုပ်များကို နေ့စဉ်တင်ပေးနေပါသည်...

♪ Temple Run 2 V1.17 Apk + Mod (Money/Unlocked) (31-July) ♫

Posted: 04 Aug 2015 03:52 AM PDT

Cover art

Temple Run ကတော့လူတိုင်းသိပြီးသား လူကြိုက်များ Game တစ်ခုဖြစ်ပါတယ်ဗျာ။ အခုလည်း 31-July နေ့မှာထွက်ထားတဲ့ Version အသစ်လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ အခုထွက်လာတဲ့ Version အသစ်မှာတော့ ယခင် Version အဟောင်းနဲ့မတူတော့တဲ့ ပုံစံအသစ်တွေနဲ့ ထွက်လာ တာဖြစ်တဲ့အတွက် ကစားသူများအ တွက် တမျိုးဆန်းစေမှာဖြစ်ပါတယ်ဗျာ။ နောက်ပြီးပြေးလမ်းအသစ်တွေ ကလည်းတော်တော်လေး ကစားလို့ကောင်ပါတယ်ဗျာ။ ပြီးတော့ စိတ်ချမ်းချမ်းသာသာ နဲ့ကစားနိုင်အောင် ပိုက်ဆံတွေကိုပါ Hack ထားတဲ့ Unlimited Money အနေနဲ့တင်ပေးလိုက်ပါ တယ်။ Unlimited ဆိုတော့ ပြေးချင်တဲ့ သူကိုစိတ်ကြိုက်ဝယ်ပြီးပြေးနိုင်တာပေါ့ဗျာ။ အေးအေးဆေးဆေးကစားရုံပါဘဲ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။ နမူနာအနေနဲ့အောက်မှာ Screen Shot များ ရိုက်ပြထားပါတယ်ဗျာ။


   Temple Run 2- screenshot         Temple Run 2- screenshot

   Temple Run 2- screenshot         Temple Run 2- screenshot

   Temple Run 2- screenshot         Temple Run 2- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

သီချင်း ဗီဒီယိုတွေကို ပုံစံ ၁၀မျိုးနဲ့ နားဆင်နိုင်တဲ့-n7player Music Player v2.4.11 Apk

Posted: 04 Aug 2015 12:56 AM PDT

Android ဖုန်းကိုင်းဆောင်း သူများအတွက် n7player Music Player သုံးထားပြီး updateလေးကို လိုချင်း နေတဲ့သူအတွက် n7player Music Player ဆိုတဲ့ update Version သစ်လေးကိုတင်ပေးလိုက်ပါတယ်။ ဒီ Player လေးကတော့ ပုံစံ 10 မျိုးထိပြုလုပ်နိုင်ပါတယ်။ အေဒါတွေက  DVD, CD,ခွေတစ်ခုလို,  အသံ အနိမ့်ဆုံး ,အမြင့်ဆုံး,ဖိုင်တွဲအလို, 3d sounds effects, အစရှိသည်ဖြင့် အမျိုးမျိုး ပုံစံနှင့် player အဖြစ်အ သုံးပြုနိုင်ပါတယ်။




  Download Here

လူသားဦးနှောက်ပေါ် အခြေခံထားပြီး လက်ရှိ ကွန်ပျူတာတွေထက် အဆ ၉၀၀၀ မြန်တဲ့ ဆားကစ်ဘုတ်

Posted: 03 Aug 2015 11:23 PM PDT


လူသားဦးနှောက်လို အလုပ်လုပ်တဲ့ ဆန်းသစ် ကွန်ပျူတာ အမျိုးအစားသစ်ကို သုတေသီတွေက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။
 Neurogrid လို့ခေါ်တဲ့ ဒီဆားကစ်ဘုတ်ဟာ ဦးနှောက်ဆဲလ် တစ်သန်း နဲ့ ဆိုင်နပ်ဆစ် ဆက်သွယ်မှု သန်းထောင်ပေါင်းများစွာကို တုံ့ပြန်နိုင်စွမ်း ရှိပါတယ်။ လက်ရှိကွန်ပျူတာတွေထက် အဆ ၉၀၀၀ မြန်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ကွန်ပျူတာစည်းရိုးတွေဟာ ဦးနှောက်နဲ့ ယှဉ်လို့ရပါတယ်။
PC ကွန်ပျူတာဟာ နှေးကွေးရုံတင်မကဘဲ၊ အလုပ်လုပ်ဖို့ ပါဝါ အဆ ၄၀၀၀၀ ကုန်တယ်လို့ စတန်းဖို့ဒ် တက္ကသိုလ်၊ ဇီဝအင်ဂျင်နီယာ တွဲဖက်ပါမောက္ခ Kwabena Boahen က ရေးပါတယ်။
Neurogrid ဆားကစ်ဘုတ်မှာ စိတ်တိုင်းကျ ဒီဇိုင်းရေးဆွဲထားတဲ့ "Neurocore" ချိပ်စ် ၁၆ခု ပါဝင်ပါတယ်။ အဲ့ဒီ့ ချိပ်စ် ၁၆ခုလုံး ပေါင်းပြီး အာရုံကြောဆဲလ် ၁သန်းကို တုံ့ပြန်မှာပါ။ ဒီဆားကစ်ဘုတ်ကို ထုတ်လုပ်ဖို့ လက်ရှိမှာ ကန်ဒေါ်လာ ၄၀၀၀၀ ကုန်ကျတယ်လို့ သိရပါတယ်။
Ref:dailymail.co.uk


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ဖေ့စ်ဘွတ်ခ်ထဲက ဘယ်သူငယ်ချင်း ကိုယ့်ကို unfriend လုပ်သွားလဲ သိစေမယ့် app

Posted: 03 Aug 2015 11:21 PM PDT

အခမဲ့ app တစ်ခုဖြစ်တဲ့ Who Deleted Me က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ့်ကို ဘယ်သူ unfriend လုပ်သွားတယ်ဆိုတာ ဖော်ပြပေးမှာဖြစ်ကြောင်း ၄င်းရဲ့ဝက်ဘ်ဆိုဒ် သတင်းအရ သိရပါတယ်။
ဒီ Who Deleted Me app ကို iOS နဲ့ Android တွေမှာ အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် Chrome, Firefox နဲ့ Opera တို့မှလည်း ရရှိနိုင်ပါတယ်။
သို့သော် ဝမ်းနည်းစရာတစ်ခုက app ကို install မလုပ်မီ မိမိ facebook feed အား အဆက်ဖျက် (dump) လုပ်သွားတဲ့ သူငယ်ချင်ေးတွဆီတော့ အသိပေးချက်ပေးပို့မှာ မဟုတ်ပါဘူး။
ဒီ app ကို  ရယူသုံးစွဲလိုက်ခြင်းအားဖြင့် သင့်ဘဝကို ပြဇာတ် ပိုဆန်သွားစေမှာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်ပါ် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်စတဲ့ သူတွေကို တိုးတိုးတိတ်တိတ်လေး unfriend လုပ်စေနိုင်တာဟာ အားသာချက်တစ်ခုဖြစ်ပါတယ်။
ဒီ app လေး သင့်လက်ထဲရောက်ရှိတဲ့နေ့ဟာ မိမိဘဝ ပြဇာတ်ဆန်ဆန် စတင်ဖြတ်သန်းတဲ့နေ့လည်းဖြစ်လာပါလိမ့်မယ်။ 
Ref: Cosmo


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



♪ ဖုန်းတစ်ခုလုံးကိုပေါ့ပါးသွက်လက်အောင်ရှင်းလင်းပေးမယ့် - Clean Master (Boost & AppLock) v5.10.5 Apk ♫

Posted: 03 Aug 2015 11:06 PM PDT

Cover art
Android Phone တစ်ခုလုံးရဲ့ System ပိုင်းတွေကို အကောင်းဆုံးရှင်းလင်းပေးနိုင်မယ့် Clean Master (Boost & AppLock) v5.10.5 နောက်ဆုံးထွက် Version လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ Task killer တွေထဲမှာ ဒီကောင်လေးကို အကြိုက်ဆုံးပဲ။ ကျွန်တော့်ရဲ့  Top Application တွေထဲမှာ အခု Apk ပါတယ်။ အခု Cleaner လေးကိုဆောင်ထားကတည်းက စက်ကပေါ့ပေါ့ပါးပါးပဲဗျာ။ ဒီကောင်လေးမှာ Function 9 မျိုးပါ ပါတယ်။ ကျွန်တော်တို့ စက်တွေထဲမှာ မလိုအပ်တဲ့ Junk ဖိုင်တွေ အကုန်လုံး အသေးစိပ် ရှာပြီး ဖျက်ပေးနိုင်တဲ့ အတွက်စက်ကို လုံးဝပေါ့သွားစေ ပါတယ်။ App တစ်ခုကို uninstall လုပ်လိုက်ပြီ ဆိုရင် စက်ထဲမှာ အဲ့ဒီဖျက်လိုက်တဲ့ App နဲ့ ဆိုင်တဲ့ ဖိုင်တွေ ပျက်သွားပြီလို့ ထင်နေရင် တော့မှားသွားမယ်။  အဲ့ဒီလို ကျန်ခဲ့တဲ့ အမှိုက်တွေ Junk ဖိုင်တွေကိုလည်း ဖျက် ပေးပါတယ်။ အရေးကြီးတဲ့ ဖိုင်တွေကို တော့ လုံးဝဖျက်ပေး မှာမဟုတ်ပါဘူး။ Task killer ကိုလည်း လုံးဝ ထိထိရောက်ရောက်ကို kill ပေးနိုင်ပါတယ်။ သုံးကြည့်ပါ အပြော နဲ့လက်တွေ့ ယုံသွားစေရမယ်။ ဒါ့အပြင်လုပ်ဆောင်ချက်အသေးစိတ်ကိုအောက်မှာ ဆက်လက်လေ့လာနိုင်ပါ တယ်ဗျာ။

Features
► AppLock
AppLock can lock Facebook, SMS, Contacts, Gallery, or any other apps you choose. With AppLock, only you can see the photos you protect. Guarding your privacy is easier than ever!
► Duplicate Photo Remover
Clean Master can identify similar photos & blurry photos automatically, giving you the choice to keep or delete them. It's just like a gallery doctor for your device.
► JUNK FILE CLEANING
The junk-creating behavior of millions of apps has been analyzed so that Clean Master can efficiently hone in on its targets (cache and residual files) with perfect accuracy. Delete cache and residual files to reclaim storage, boost speed and improve the performance of your device and SD card.
► MEMORY BOOST
Boost your games and apps, free up memory (RAM), speed up your device and save more battery. Our 1 Tap Boost and Game Boost features make it easy to optimize directly from your homescreen.
► CPU COOLER
Cool off your device by finding and stopping the apps that are causing it to overheat and make your battery last longer!
► ANTIVIRUS
Ranked #1 by AV-TEST for the seventh time! A professional quality antivirus service scans devices in just 8 seconds, 500% faster than other paid antivirus apps. Scan the system, pre-installed and user-installed apps to keep your device safe from viruses, trojans, vulnerabilities, adware and spyware. Keep your privacy safe by scrubbing personal info from your device.
► Game Booster
Automatically improve your game speeds by 30%+ when launching games.
► Autostart Manager
Prevent apps from autostarting to speed up your device. (Root needed for this feature)
► APP MANAGER
Uninstall unwanted apps or bloatware and back up important ones. Some rooted devices will be able to move apps to the SD card as well as uninstall pre-installed and system apps. Our own Picks section lets you find useful apps that match your interests.


   Clean Master (Boost & AppLock)- screenshot

   Clean Master (Boost & AppLock)- screenshot

   Clean Master (Boost & AppLock)- screenshot

   Clean Master (Boost & AppLock)- screenshot

   Clean Master (Boost & AppLock)- screenshot

   Clean Master (Boost & AppLock)- screenshot

   Clean Master (Boost & AppLock)- screenshot

   Clean Master (Boost & AppLock)- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

0 comments:

Post a Comment