မောင်ပေါက် ( Maung Pauk ) |
- 3D Chess Game ကို မိမိဖုန်းမှာကစားလိုသူများအတွက် -3D Chess Game v2.1.2.0 Apk
- ဖုန်းဝယ်နည်း လမ်းညွန်
- ♪ ဖုန်းအလကားပြောနိုင်မယ့် - LINE: Free Calls & Messages v5.4.1 Apk (31-Aug) ♫
- ♪ သီချင်းရဲ့အသံထွက်ပိုကောင်းစေမယ့် - Equalizer + Pro (Music Player) v2.3.1 Apk (1-Sept) ♫
- ♪ မိုဘိုင်းပညာနှင့်အသက်မွေးချင်တယ်ဆိုသူများအတွက် 10မိနစ်ခန့်အချိန်ပေးပြီးဖတ်ပေးပါအကျိုးရှိစေရမယ်လို့အာမခံပါတယ်။ ♫
- Facebook ကိုလိုင်းလေးချိန်မှာတောင်မြန်ဆန်စွာသုံးနိုင်မယ့် - Fast Pro Facebook v3.0 build 172 Apk
- ကမ္ဘာကျော် Manager ဂိမ်းကောင်းလေး - PES Club Manager v1.1.0 Apk
- ဖုန်းမှာ စာအုပ်တွေကိုဖတ်ရှုနိုင်တဲ့ - Moon+ Reader Pro v3.1.0 Apk
- ရန်သူ့စစ်စခန်းထဲကိုသွားတိုက်ခိုက်ရမယ့်ဂိမ်းလေး - Brothers in Arms 3 APK V1.3.3 Mega MOD + Free Reward
- ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်ဆော့ကစားရမယ့် - ETERNITY WARRIORS 4 APK
- ကားပြိုင်ဂိမ်းကောင်းလေး - Real Racing 3 APK V3.6.0 MOD Unlimited Money + Gold
- IPHONE ကြော်ငြာမှာ ဘာလို့ 9:41 အမြဲ ဖြစ်နေတာလဲ
- သင်စာညံ့လျှင် သမ္မတဖြစ်နိုင်သည်၊ သူဌေးဖြစ်နိုင်သည်၊ အောင်မြင်နိုင်သည်
| 3D Chess Game ကို မိမိဖုန်းမှာကစားလိုသူများအတွက် -3D Chess Game v2.1.2.0 Apk Posted: 02 Sep 2015 10:15 AM PDT Chessကစားခြင်းဟာလူတွေရဲ့ဥာဏ်ရည်ဥာဏ်သွေားကိုထက်မြက်စေပါတယ်.... အထူးသဖြင့်ကတော့သင့်ရဲ့ အကြောင်းကျိုးဆက်ဆပ်တွေးခေါ်ဥာဏ် Logical Thinking ကိုကေါင်းစေပါတယ်...အမြဲတမ်းကစားစရာတော့မလိုဘူးပေါ့...ကိုယ်ကအားရင် အားသလိုကစားလို့ရပါတယ်.....ဒီဂိမ်းရဲ့အချက်လက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်.... *အခြေခံကနေ အဆင့်မြင့်ထိကစားနိုင်ခြင်း *ကေါင်းမွန်သော 3D ပုံထွက်များ *ကစားပြီးတိုင်...ပြန်လည်သုံးသပ်နိုင်ခြင်း *Level များစားကစားနိုင်ခြင်း *တစ်ခါမှ မကစားဖူးသူအတွက် လမ်းညွှန်ပါဝင်ခြင်း နှင့်တစ်ခြားသော Features များစွာပါဝင်တယ်ခင်ဗျာ။ .............................. ဂိမ်းနှင့်ပတ်သက်သည့်အချက်လက်များ File size:7.56MB Verson: ဖုန်းပေါ်မူတည်ပြီးပြောင်းနိုင်သည်။ Android OS 4.0.3 အထက်ရှိဖုန်းများအသုံးပြုနိုင်ပါတယ်။ Download Here |
| Posted: 02 Sep 2015 09:52 AM PDT ဖုန်းဝယ်ဖို့ စဉ်းစားတိုင်း နောက်ဆုံးပေါ်ဖုန်းတွေချည်း မစဉ်းစားပါနဲ့။ Brand လည်း အစွဲလမ်း မကြီးပါနဲ့… ဈေးပေါတာချည်းလည်း မဝယ်ပါနဲ့။ ဖုန်းဝယ်ရန် စဉ်းစားနေသူများအတွက် တွေးစရာ၊ သုံးသပ်စရာ အချက်များကတော့ အောက်ပါ အတိုင်း မျှဝေပေးလိုက်ရ ပါတယ်။ ၁) GSM လား CDMA လား.. ကမ္ဘာတစ်လွှားမှာ GSM ဆက်သွယ်ရေး စနစ်ကို provide လုပ်တဲ့ ဖုန်းများ ထုတ်ပေမယ့် CDMA ကို provide လုပ်တာတော့ အတော်လေး နည်းပါတယ်။ အများစုက တရုတ်ပြည်ကနေ လာတဲ့ ဖုန်းများက support လုပ်ပြီး Hauwei ကနေ အဝင်များပါတယ်။ အခြားအားဖြင့် Samsung, HTC တို့ အနေနဲ့လည်း CDMD network ထောက်ပံ့တဲ့ ဖုန်းများ ထုတ်ပါတယ်။ ဒါပေမယ့် အမြင့်ဖုန်းတွေတော့ မဟုတ်ပါဘူး။ ၂) ဘယ်လို feature ကို သင်လိုအပ်လဲ.. အချို့က ဖုန်းဆိုရင် ကင်မရာ ကို အဓိက သုံးဖို့ ဝယ်သူ ရှိသလို၊ အချို့က ဂိမ်းဆော့ဖို့ အဓိက ဝယ်သူ ရှိတယ်။ အချို့က အင်တာနက် ကောင်းကေင်းသုံးချင်တယ်.. လိုအပ်ချက် တစ်ခုတိုင်း စီအတွက် focus လုပ်ပေးထားတဲ့ ဖုန်းရှိသလို အချို့ဖုန်းများကတော့ သူ့လိုအပ်ချက်အတိုင်း ချွန်ထွက် ကောင်းမွန်နေတဲ့ ဖုန်းများလည်း ရှိပါတယ်။ အချို့ကျတော့လည်း အကုန်ကောင်းပါတယ်။ ၃) ဒီဇိုင်း မှန်ကို ရွေးပါ.. ဘာမှ မပြောခင် ဒီဇိုင်းကို အရင်စပြောရတဲ့ အကြောင်းက ရှိပါတယ်။ ဖုန်းဟာ ပြောမယ်ဆိုရင် ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ ချစ်သူ တစ်ဦးလိုပါပဲ။ သွားလေရာ အမြဲတမ်း ပါသွားပြီး မိမိနဲ့ အနီးကပ်ဆုံး ရှိနေမယ့် အရာ၊ အသုံးပြုနေရမယ့်အရာ ဖြစ်ပါတယ်။ ဖုန်းမဝယ်ခင် အရင်ဆုံး လက်မှာ ကိုင်ကြည့်။ ကိုယ့်လက်နဲ့ အံကိုက်ဖြစ်ရဲ့လား.. ကိုယ်ကိုယ့်ကိုကော အဲ့ဖုန်းနဲ့ လိုက်ဖက်တယ်လို့ ခံစားရလား.. navigation လေးတွေ နှိပ်ကြည့်လို့ စိတ်တိုင်းကျရဲ့လားပေါ့.. ဒီဇိုင်းလို့ဆိုတဲ့နေရာမှာ အပြင်ဒီဇိုင်းကော အတွင်းက UX ဒီဇိုင်းကိုပါ ဆိုလိုပါတယ်။ အချို့က အပြင်ဒီဇိုင်းကြိုက်ပေမယ့် အတွင်းဒီဇိုင်းက ကိုယ့်အတွက် အဆင်မပြေတာမျိုးတွေလည်း ရှိပါတယ်။ ၄) ဖုန်း အမျိုးအစား ဖုန်းမှာ စမတ်ဖုန်း ရှိတယ်..။ Feature ဖုန်း (ဖီးချားဖုန်း) ရှိတယ်။ Basic ဖုန်း ရှိပါတယ်။ စမတ်ဖုန်းက အင်တာနက်သုံးလို့ရတယ်။ ပုံထွက်ကောင်းတယ်။ ကွန်ပြူတာ တစ်လုံး အသေးစား ပမာ သုံးလို့ရ ပါတယ်။ ဖီးချားဖုန်းကတော့ အီးမေးလ်ပို့ခြင်းတို့လောက် ရပြီး Messaging ကို အဓိက ထားပါတယ်။ Basic ဖုန်းကတော့ ကျနော်တို့ အရင်တုန်းက သုံးခဲ့ဖူးတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ keypad ပါဝင်ပြီး screen resolution အဖြူအမဲဖုန်းများ ဖြစ်ပါတယ်။ အဲ့ဒီလို ဖုန်းတွေရှိတောင် မရှိတော့ပါဘူး။ အဓိကက စမတ်ဖုန်းကို သုံးကြပြီး ကမ်းရိုးတန်းဖုန်း သုံချင်သူများကတော့ feature ကနေ ပြန်ရွေးပါတယ်။ ၅) မျက်နှာပြင် အဓိက စဉ်းစားစရာအချက် ဒီမှာ ရောက်ပါပြီ။ စမတ်ဖုန်း အကြောင်းပဲ ပြောကြရအောင်..။ မျက်နှာပြင် အသေးဆုံး အနေနဲ့ ၄.၅ လက်မ ဝန်းကျင် လောက်ကနေ အကြီးဆုံး အားဖြင့် ၆.၄ လက်မ အထိ အရွယ်စုံ ရှိပါတယ်။ ကိုယ်က မျက်နှာပြင်သေးတဲ့ ဖုန်းပဲ သုံးချင်တာဆိုရင် ၄.၇လက်မ ဝန်းကျင် လောက်က အဆင်ပြေပြီး ကြီးတာ ကြိုက်သူများအတွက် ၆ လက်မ လောက်အထိ သွားနိုင်ပါတယ်။ Google Nexus 6, iPhone 6 Plus, Samsung Galaxy Note 4 တို့က အကြီးစား ဖုန်းများ ဖြစ်ပါတယ်။ Phatblet ထဲကို ဝင်သွားပါပြီ။ သေးတာကြိုက်ရင်တော့ ၄.၅ လက်မ ဝန်းကျင်လောက်အထိ ရှိပါတယ်။ HTC One Mini 2, နဲ့ အခြားသော brand များမှ mini ဖုန်းများဟာ သေးပါတယ်။ iPhone 5S လောက်အထိ iPhone ဗားရှင်းများဟာလည်း သေးပါတယ်။ အဲ့ဒီဆိုဒ်တွေကို အမှန်တော့ သေးတယ်ဆိုတဲ့ ခေါင်းစဉ်အောက်တောင် မထည့်သင့်သေးပါဘူး။ လူကောင်ကြီးကြီး၊ အနောက်တိုင်းက လက်ပြင် ကြီးတဲ့သူတွေတောင် ၄.၇ လက်မ iPhone ကို အတော်လေး သုံးကြပါတယ်။ ဒီတော့ medium အရွယ်ဖုန်းလို့ သတ်မှတ်နိုင်ပါတယ်။ သေးတာဆိုရင် ၃.၂ လက်မ လောက်အထိ သေးတာမျိုးတို့ ရှိသေးပါတယ်။ ၆) Processor CPU ဟာ ဖုန်းရဲ့ နှလုံး ဖြစ်ပါတယ်။ လူမှာ နှလုံးရဲ့ လုပ်ဆောင်ချက်က အဓိကဖြစ်ပြီး သူသေရင်သေပါတယ်။ သူရပ်ရင် ရပါတယ်။ ဒီလိုပါပဲ ဖုန်းမှာမှာလည်း Processor က ပင်မ အသက်ကြော ဖြစ်ပြီး နှလုံးကညစ်အားကောင်းသလောက် လူကျန်းမာသလို Processor လည်ပတ်အားကောင်းသလောက် ဖုန်း အလုပ်လုပ်တာ အတော်လေး မြန်ပါလိမ့်မယ်.။ Quod core ကနေ အခု 64 Bit Processor အဆင့်အထိ ရောက်လာကြပါပြီ။ Octa Core ဖြစ်ပါတယ်။ 64 bit ဆိုတာ ကွန်ပြူတာ ရဲ့ Processor အမြန်နှုန်းလို့ လွယ်တကူ ပြောလို့ရ ပါတယ်။ နှလုံးလည်ပတ်အား က မြန်သော်လည်း လူကောင်ကြီးနေရင် သွေးရောက်ရှိမှုနှုန်းက ခရီးဝေးပိုသွားရတာကြောင့် သာမန်လူတစ်ဦးလိုပဲ ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် Body ကြီးသူများရဲ့ နှလုံးဟာ သာမန်လူများထပ် ပိုခုန်ကောင်း ခုန်ပါလိမ့်မယ်။ ဒီလိုပါပဲ။ Processor အလုပ်လုပ်မှု မြန်လေလေ RAM ရဲ့ လိုက်ပါ အလုပ်လုပ်မှုနှုန်းလည်း မြန်ဖို့ လိုအပ်သေးတယ်။ RAM 1GB ကို ၂၀၁၂ လောက်မှာ မြင်တွေ့နိုင်ပြီး ယနေ့ ၂၀၁၅ မှာ RAM 3GB, 4GB လောက်အထိ ရောက်ရှိလာပါပြီ။ ဆိုလိုရင်းကတော့ Processor တိုးတက်မှုနဲ့အတူ RAM များလာတာကြောင့် အလုပ်လုပ်မှုနှုန်း ပိုမြန်လာပါတယ်။ iPhone တစ်ခုတည်းက ချွန်ထွက်ပြီးတော့ Prcessor ကို Core စနစ်နဲ့ မသွားပဲ A ဖြင့် ရေတွက်တဲ့ပုံစံ သွားပြီး A8 အထိ ရောက်ရှိလာပါပြီ။ Apple iPhone 6 မှာ A8 ကို သုံးပြီး RAM က 1GB သာ ရှိသော်ငြားလည်း သူတို့နှစ်ခု ဟန်ချက် ညီတာကြောင့် လုပ်ဆောင်ချက် အတော်လေး မြန်ပါတယ်။ ၈) ကင်မရာ ကင်မရာ မှာ ၂၀၁၂ လောက်က 8 Megapixel လောက် နာမည်ကြီး ခေတ်စားခဲ့ရာကနေ ယနေ့ခေတ်မှာတော့ 13 Megapixel, 16 Megapixel ကို ရောက်ရှိလာပါပြီ။ ဒီလိုပြောလို့ Megapixel များတိုင်း ကင်မရာ ကောင်းတယ်လို့ မဆိုလိုပါ။ 8 Megapixel က 13MP ထက် ကောင်းတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ Megapixel နဲ့အတူ Focal length နဲ့ Image stablization technology အတူလိုက်ပါဖိ့ လိုပါတယ်။ HTC ဆိုရင် MP ၅ အောက်မှာ ရှိပြီး focal lenght နဲ့ sensor အလုပ်လုပ်အားကြောင့် ရုပ်ထွက် ကောင်းတဲ့ ပုံတွေ ထွက်ပါတယ်။ iPhone ဆိုရင် ယနေ့တိုင် 8 MP မှာ ရှိနေပေမယ့် သူ့ရဲ့ Image stablization နည်းပညာကြောင့် ပုံထွက်အတော်လေး ကောင်းပါတယ်။ iPhone 6 မှာ သုံးထားတဲ့ ယင်းနည်းပညာနဲ့ Samsung Galaxy S6 မှာ အသုံးပြုထားတဲ့ နည်းပညာ တို့က တူနေပါတယ်။ ဒါပေမယ့် အခြား feature များ ကွဲလွဲမှုကြောင့် ပုံရဲ့ အရောင်နဲ့ အလင်းအမှောင် အသားပေးမှုကတော့ ကွာသွား ပါတယ်။ ကင်မရာကောင်းတဲ့ ဖုန်းအဖြစ် Sony, HTC တို့က နာမည်ကြီးပြီး ဒီတစ်လော Huawei ကထုတ်တဲ့ Honor ဖုန်းနဲပ Huawei ဖုန်း တွေမှာလည်း ကင်မရာတွေ ကောင်းလာတာကို တွေ့ရ ပါတယ်။ ၉) ဘက်ထရီ ဘက်ထရီက ယနေ့ခေတ်ဖုန်းတွေမှာဆိုရင် 1700 mAh ဝန်းကျင်ကနေ 3500 mAh လောက်အထိ ရှိပါတယ်။ ဘက်ထရီကြီးလေလေ အသုံး ပိုခံလေလေ ဖြစ်ပါတယ်။ ဖုန်းကို ဖုန်းပြောရုံတင် မဟုတ် Mobile Data ဖွင့်ပြီး အင်တာနက် အမြဲသုံးသူတွေ၊ ဂိမ်းဆော့သူတွေကတော့ ဘက်ထရီ ပမာဏကြီးတာကို လိုအပ်ပါတယ်။ ဘက်ထရီပမာဏကြီးသလောက်လည်း ဖုန်းရဲ့ ဈေးကို ကြီးမြင့်စေပါလိမ့်မယ်။ ၁၀) 3G, 4G ထောက်ပံ့မှု ရှိမရှိ မြန်မာပြည်မှာလက်ရှိ 3GB network ကနေ HSPA+ အဆင့်ထိ ရောက်နေပါပြီ။ ဒါကြောင့်မို့ ဖုန်းဝယ်တဲ့အခါ 3G support ပေးမပေးလည်း မေးရပါမယ်။ နောက်ဆိုရင် 4G/LTE လောက်အထိ ဖြစ်တော့မှာပါ။ အဲ့ကျရင် အင်တာနက်လည်း အင်မတန့်အင်မတန် မြန်လာပါလိမ့်မယ်။ နောက်ဆုံးပေါ်ဖုန်းများကတော့ 4G/LTE အထိ ထောက်ပံ့ဖို့ ပါရှိပါတယ်။ 4G လောက်အထိ support ပေးတဲ့ ဖုန်းကို ဝယ်ရင် ကိစ္စမရှိပေမယ့် 2GB လောက်အထိပဲ support ပေးတဲ့ဖုန်းကို ဝယ်မိရင် 3GB အင်တာနက် သုံးလို့ ရမှာ မဟုတ်ပါဘူး။ ၁၁) မျက်နှာပြင် နည်းပညာ LCD ကတော့ သုံးတာနည်းသွားပါပြီ။ အများစုကတော့ AMOLED ဖြစ်ပါတယ်။ AMOLED မှာ အမြင့်ဆုံးကတော့ 2560×1440 pixel လောကအထိ ထောက်ပံ့ပေးပါပြီ။ အခြား တွက်ချက်ပုံ စနစ် နဲ့ဆိုရင် ppi ဖြစ်ပြီး ppi ၅၀၀ ကျော်ဖုန်းဆိုရင် အတော်လေးကို ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ပေးပါတယ်။ iPhone ကျတော့ Retina Display ကို သုံးပြီး သူ့ရဲ့ နည်းပညာက အခြားနဲ့ မတူပါဘူး။ ၁၂) Operating System Operating System ဆိုတာ ဖုန်းကို လည်ပတ် လုပ်ကိုင်ရန် မောင်းနှင်ပေးမယ့် စနစ် တစ်ခုဖြစ်ပြီး လူသုံးများတာကတော့ Android ဖြစ်ပါတယ်။ Apple ဆိုရင် iPhone, Nokia ဆိုရင် Windows Phone, Blackberry ဆိုရင် Blackberry OS အစရှိသဖြင့် OS များစွာ ရှိပါတယ်။ Blackberry OS ကတော့ အသုံးနည်းပြီး သုံးရတာနဲ့ အခက်အခဲရှိနေပါသေးတယ်။ Android OS က Open source ဖြစ်ပြီး အသုံးပြုသူများ အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် အချက်အလက်မျှဝေခြင်း၊ သီချင်း၊ ဓာတ်ပုံ၊ ဗီဒီယို မျှဝေခြင်း၊ App မျှဝေခြင်းတို့ကို လွယ်တကူ ပြုလုပ်နိုင်ပါတယ်။ Apple ရဲ့ iOS ကတော့ iOS ဖုန်း အချင်းချင်းဆိုရင် ကိုယ်ရိုက်တဲ့ ပုံ၊ ဗီဒီယိုများကို Air Drop ကနေ share လုပ်လို့ရ ပါတယ်။ Apple ရဲ့ iOS ကို iPhone အတွက်သာ ထုတ်ပြီး ဘယ် vendor ကိုမှ ပြန်မရောင်းပါ။ Android ကတော့ Google က ထုတ်ပြီး Samsung, HTC, Motorola, Huawei, Sony, ZTE, Oppo အစရှိသဖြင့် များစွာသော ဖုန်းတွေမှာ သုံးပါတယ်။ iPhone သုံးရင် jailbreak လုပ်မှ ဘယ် ကွန်ပြူတာနဲ့မဆို လွယ်တကူချိတ်လို့ အချက်အလက်များ ယူခြင်း၊ ထုတ်ခြင်း လုပ်နိုင်ပါတယ်။ အကယ်၍ ဒီတိုင်းသုံးရင်တော့ သူ့ကို သီချင်းတွေ ထည့်ဖို့ ထုတ်ဖို့က ကွန်ပြူတာ တစ်လုံးမှာ iTunes ဆိုတဲ့ software ကနေ လုပ်ရပါတယ်။ အခြားကနေ လုပ်ရင် မရပါ။ လုပ်မိရင် အရင်က ထည့်ထားတာတွေကို ဖြတ်ပါလိမ့်မယ်။ Apple သုံးရင် Apple ID လိုအပ်ပြီး Android သုံးရင် Google account ID လိုအပ်ပါတယ်။ ဒါပေမယ့် Google ကတော့ Google account မဖြစ်မနေ ထည့်ရမယ်လို့ force မပေးပါ။ App များကို ဒေါင်းမယ်ဆိုရင် လွယ်တကူ ဒေါင်းလို့ရပြီး Apple ကတော့ Apple ID ရှိမှ ဒေါင်းရပါလိမ့်မယ်။ အကယ်၍ မဟုတ်ပဲ ID မသုံးပဲ ဒေါင်းချင် သုံးချင်ရင် JailBreak လုပ်ရပါလိမ့်မယ်။ ဖုန်းရဲ့ OS ကို သော့ဖြတ်ဝင်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒီလိုပြောတော့ Apple က တော်တော်လေး တင်းကြပ်တာပဲလို့ မြင်ကြပါလိမ့်မယ်။ တကယ်လည်း တင်းကြပ်ထားပါတယ်။ ဒါပေမယ့် Apple user များကတော့ iOS ကို သုံးရတာ လွယ်ကူခြင်း ရှိပြီး ကြိုက်နှစ်သက်ကြ ပါတယ်။ Android user များကလည်း freedom ဖြစ်မှုအပေါ် ကြိုက်နှစ်သက်ပါတယ်။ အချို့ကတော့ Android ကို used to ဖြစ်နေသူက iOS မသုံးချင်သလို iOS used to ဖြစ်နေသူများကလည်း Android ကို ပြောင်း မသုံးချင်ကြဘူးလို့ ဆိုပါတယ်။ ကျနော်ကတော့ နှစ်မျိုးစလုံး သုံးပြီး နှစ်မျိုးစလုံးနဲ့ အဆင်ပြေပါတယ်။ ၁၃) Storage ကျနော်ဆိုရင် Storage 16GB နဲ့ လုံးဝမလောက်ပါ။ အနည်းဆုံး 32 GB လိုအပ်ပါတယ်။ ဒါကြောင့်မို့ 64GB လောကို ဝယ်ဖြစ်ပါတယ်။ GB က နှစ်ဆဆီလောက် တက်ပေမယ့် ဈေးကတော့ မြန်မာကျပ်ငွေ တစ်သိန်း ဝန်းကျင်လောက်ဆီပဲ တက်ပါတယ်။ အချို့က SD ကဒ် ဆိုဒ်လို့ရပေမယ့် ဒီနောက်ပိုင်းထွက်တဲ့ဖုန်းတွေက SD ကဒ် ထည့်ခွင့် မပေးတော့ပါဘူး။ အသေ ပါလာပြီး ဖြစ်ပါတယ်။ ၁၃) ဈေးနှုန်း ကိုယ်က ကင်မရာကို 13 MP လိုချင်တယ်။ Display က HD/ Retina, Processor 64 Bit, ဘက်ထရီက 3000 mAH အဲ့ဒီလိုတွေ လိုချင်ပြီဆိုရင် ငွေ ကြိမ်းသေ ခပ်များများ ကုန်ပါပြီ။ ဒါပေမယ့် Spec မြင့်မြင့် ဈေးနည်းနည်း ဖုန်းတွေတော့ ရှိပါတယ်။ Oppo, Huawei, Vivo, Xiaomi အစရှိသဖြင့် ကုမ္ဗဏီများက Spec မြင့် ဈေးအသင့်တင့် ဖုန်းများ ထုတ်ပါတယ်။ ၄ သိန်းဝန်းကျင်လောက်နဲ့ ရပါလိမ့်မယ်။ Samsung Galaxy S6, Motorola Nexus 6, HTC M9, Sony Z3+, iPhone 6, iPhone 6Plus အစရှိသဖြင့် ဖုန်းတို့က ဈေးကြီး Spec မြင့်ဖုန်းများ ဖြစ်ပါတယ်။ အနှစ်ချုပ်အနေနဲ့ကတော့ မိတ်ဆွေ သူငယ်ချင်းများကိုလည်း မေးကြည့်ပါ။ နီးစပ်ရာ ဖုန်း အကြောင်း နားလည်သူများကိုလည်း မေးကြည့်ပါ။ သူတို့တွေ ဘယ်ဖုန်းသုံးတယ်။ ဘယ်ဖုန်းတွေက ကောင်းတယ် ဆိုတာကို လေ့လာပြီးတော့ မိမိနဲ့ အကြိုက်တွေ့တဲ့ ဖုန်းကို ရွေးနိုင်ပါတယ်။ ဖုန်းဝယ်ရန် လမ်းညွန်ကို တကယ်ရေးရင် စာအုပ်တစ်အုပ်တောင်ဖြစ်နိုင်ပေမယ့် ဒီလောက်ပဲ ရေးပါရစေ။ ကျန်တာကို မိမိကိုယ်တိုင်သာ လေ့လာစေလို ပါတယ်။ REF : အောင်ခမ်း (MMAS) #aungkham_mmas ![]() |
| ♪ ဖုန်းအလကားပြောနိုင်မယ့် - LINE: Free Calls & Messages v5.4.1 Apk (31-Aug) ♫ Posted: 01 Sep 2015 11:49 PM PDT Line ဆိုတာကတော့ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော်တော်လေးအသုံးများလာတဲ့ Application တစ်ခုဖြစ်ပါတယ်ဗျာ။ အခုတင်ပေးလိုက်တာကတော့ နောက်ဆုံးထွက်ထားတဲ့ Version အသစ်တစ်ခုပါ။ သူ့ရဲ့စွမ်းဆောင်ချက်တွေကတော့ ဒီကောင်လေးရှိသူအချင်းချင်း free call / free massage တွေ free video call ကိုအင်တာနက်လိုင်းရှိရုံနဲ့ပိုက်ဆံတပြားတချပ်မှမကုန်စေပဲ free စိတ်ကြိုက်အသုံးပြုနိုင်ပြီးလူကြိုက်များတဲ့ကောင်လေးပါပဲဗျာ ။ Version အသစ်လိုချင်သူများနဲ့အခုမှစပြီး အသုံးပြုချင်သူများ အောက်က Link မှာဒေါင်း ယူနိုင်ပါပြီဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ သီချင်းရဲ့အသံထွက်ပိုကောင်းစေမယ့် - Equalizer + Pro (Music Player) v2.3.1 Apk (1-Sept) ♫ Posted: 01 Sep 2015 11:55 PM PDT ![]() သီချင်းနားထောင်တာဝါသနာပါသူများအတွက် Sound Effect ပေါင်းများစွာကိုစိတ်ကြိုက် ချိန်ညှိ နိုင်တဲ့ Android Player လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ အခု 1-Sept မှာအသစ်ထွက်လာတဲ့ Version မှာတော့ Feature ပေါင်းများစွာထပ်မံပါဝင်လာတာကိုတွေ့ရပါတယ်ဗျာ။ Equalizer ဆိုတဲ့အတိုင်းပါဘဲ မိမိ နားထောင်တဲ့ သီချင်း နဲ့လိုက်ဖက်ညီမယ့် Sound Effect 13မျိုးကိုစိတ်ကြိုက်ရွေးချယ်ပြီးနားထောင်နိုင် ပါတယ်ဗျာ။ Acoustic , Classical , Dance , Electro , Flat , Folk , Hip-Hop , Jazz , Latin , Metal , Pop , R&B , Rock စတဲ့ Sound Effect တွေဖြစ်ပါတယ်ဗျာ ။ ကျွန်တော် သီချင်းတစ်ပုဒ်ထဲကို အခြား Music Player တွေနဲ့ယှဉ်ပြီး နားထောင်ကြည့်ပြီးပါပြီ။ အခု တင်ပေးထားတဲ့ Equalizer + Pro နဲ့ နားထောင်ရတဲ့ သီချင်းအသံကပိုပြီး အရသာရှိပါတယ်ဗျာ။ Android OS 2.3.3 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Posted: 01 Sep 2015 11:41 PM PDT ![]() ပူပြင်း အိုက်စပ် လှတဲ့ နွေရာသီ ကုန်ဆုံးလို့ …… မုတ်သုန် မိုးရာသီ ကို ကူးပြောင်းတဲ့ ကာလ … မေလ ကုန်ခါနီး …. ရဲ့ တစ်ရက်သော ညနေခင်းလေး တစ်ခု မှာ ……. တိမ်တွေ အုံ့ဆိုင်း နေသည် …. ။ မိုးရွာဖို့ အတွက် ရှေ့ပြေး လေကြမ်းတွေ လည်း တိုက်နေသည် …. ။ ထိုအချိန် ….. မှာ …. ကောင်လေး တစ်ယောက် …. သူ့ … ကောင်မလေး ရဲ့ အလုပ်ကို လာကြိုပြီး အိမ်ပြန်ဖို့ Bus Car ဂိတ်မှာ ကား စောင့်နေရင်း သူတို့ နှစ်ယောက် ဘ၀ ရှေ့ရေး အတွက် တိုင်ပင်နေကြသည် ….. ။ ကောင်လေး - "ချစ် …ကို ချစ်နဲ့ အမြန်ဆုံး လက်ထပ် ချင်ပီ ကွာ … " ကောင်မလေး - "အင်းပါ ကိုရယ် ၊ ချစ်လည်း ကိုနဲ့ နှစ်ယောက် ထဲ အမြန်ဆုံး တူတူနေချင်နေပါပြီ … " "ကို့ မိဘတွေကလည်း မင်္ဂလာဆောင် ကိစ္စ အ၀၀ ကိုတာဝန်ယူပေးမယ်တဲ့ … ။ သိပ်တော့လည်း အခမ်းအနားကြီးတော့ လုပ်လို့ မရဘူးပေါ့ကွာ … ။ ကိုတို့ အခြေအနေနဲ့ … " "အော် .. ချစ် က ရပါတယ် ကိုရယ် … ။ မင်္ဂလာဆောင်ပေးတာက ဟုတ်ပါပြီ … ၊ မင်္ဂလာဆောင်ပြီး ချစ်တို့ နှစ်ယောက် တူတူနေတဲ့ အခါ ကြရင် ရှေ့ဆက်လျှောက်ဖို့ အတွက် ချစ်တို့ နှစ်ယောက် ဘယ်လို လုပ်ကြမလဲ " "ချစ် ရော ကိုရော နှစ်ယောက်လုံးက လခစား ၀န်ထမ်းတွေ ဆိုတော့ အိမ်စရိတ်လေး မကာမိမှာ စိုးတယ် … ရှိတဲ့ ပိုက်ဆံ လေးနဲ့ ခြစ်ချုပ်ပြီး ကိုယ်ပိုင် လုပ်ငန်းလေး တစ်ခု လောက် လုပ်ရင် မကောင်းဘူးလား … " "အင်းး ကိုလည်း အဲ့ဒါ စဉ်းစားမိတယ် … ။ ဒါပေမဲ့ ခက်တာ က ကို ကလဲ တစ်ခြား ဘာမှ လုပ်တတ်တာ မဟုတ်တော့ …. " မုတ်သုန်မိုး က .. ရွာသွန်ဖြိုး နေချေပြီ ….. ။ မိုးရွာလိုက်တော့ .. သူတို့ နှစ်ဦး စကားစ ပြတ်သွားသည် …. ။ မိုးက ရွာကောင်းကောင်းနဲ့ … မိုးကရွာ ၊ လေ ကတိုက်နဲ့ … ဆယ်မိနစ် လောက်တော့ ရှိမည် …. ။ သူတို့ နှစ်ယောက် စောင့်နေတဲ့ Bus Car မှတ်တိုင် ရဲ့ Platform ထိ ရေတွေက လျှံနေလေပြီ …. ။ သူတို့ စောင့်နေတဲ့ ကား လာပြီ ….. ။ ရုတ်တရက် နှစ်ယောက်လုံး ပြေးထွက်လိုက်သည် ….. ။ ထိုခဏ မှာ …….. ကောင်မလေး ဖုန်း ရေထဲ ပြုတ်ကျသွားသည် …. ။ ကောင်လေး က ချက်ခြင်း ပြန်ကောက်လိုက်သော်လည်း ... Platform ထိလျှံနေသော ရေများကြောင့် ဖုန်းထဲကို ရေတော်တော်များများ ၀င်ကုန်သည် … ။ Power မတက်တော့ …. ။ ကောင်မလေး ပြာယာ ခတ်သွားသည် … ။ လာနေတဲ့ Bus Car နဲ့လည်း ပြန်မလိုက်သွားနိုင်တော့ … ။ နီးစပ်ရာ ဖုန်းဆိုင် တစ်ဆိုင် အပြေးရှာရသည် …. ။ "??????????? Mobile Phone Sales & Service Centre" အပြေး ၀င်သွားလိုက်သည် …. ။ ဖုန်းလေးတော့ အပ်ထားခဲ့လိုက်ရသည် … ။ ဆိုင်မှ ပြင်ဆင်ခ ကို တွက်ချက်ပြီး နှစ်ယောက်သား တိုင်ပင် လာကြပြန်သည် … ။ ဖုန်း ဆိုင်ထဲမှာ သူတို့လိုပဲ ဖုန်း ပြင်တဲ့ လူတွေ ပြည့်လျှံနေတာ ကို ကြည့်ပြီး ကောင်လေး အကြံတစ်ခု ရခဲ့သည် … ။ "ချစ် ရေ …. ကိုတို့ အပ်ခဲ့တဲ့ ဖုန်းဆိုင်မှာတွေ့လား .. Customer တွေ က အများကြီးပဲ …. ။ ကိုတို့ ဖုန်းဆိုင်လေး တစ်ဆိုင်လောက် ဖွင့်ရင် မကောင်းဘူးလား … " "အင်း ဟုတ်တယ် ကို .. ချစ်လည်း အဲ့ဒါပဲ ပြောမလို့ …… လက်ထပ်ပြီးသွားတာနဲ့ .. ချစ်တို့ နှစ်ယောက်လည်း အလုပ် အတူတူ လုပ်နိုင်ဖို့ အတွက် တစ်ပိုင် တစ်နိုင် ဖုန်း အရောင်းအ၀ယ်လေး နဲ့ Service ဆိုင်လေး ဖွင့်ကြမယ်လေ …. အဲ့ဒါဆို .. အခု လုပ်ရမှာက … ဖုန်း ပြင်သင်တန်း ကောင်းကောင်း တစ်ခု ရှာပြီး … ကို က သင်တန်း သွားတက်ရမယ် …. ။ " "ကောင်းတာပဲ အဲ့လိုလည်း … ။ ဒါပေမဲ့ ခက်တာက ရန်ကုန်မှာ ဖုန်း သင်တန်းတွေ က အများကြီး … ဘယ်သင်တန်း ကို သွားတက်ရမှာလဲ …. " "အော် .. အဲ့ဒါကတော့ ကိုရယ် … သင်တန်းကောင်းကောင်းလေးတော့ ရှာရမှာပေါ့ …. ။ " ဒီလိုနဲ့ ခုန ရပ်စောင့်နေသော Bus Car ဂိတ်သို့ ပြန်ရောက်လာကြသည် … ။ စောင့်နေရင်း ကောင်လေး က ဖုန်း ထုတ် ၊ အင်တာနက် ဖွင့်ပြီး Facebook ဖွင့်လိုက်သည် …. ။ ဖွင့်လိုက်သည် နှင့် ….. "မိုဘိုင်းဖုန်း ပြုပြင်ခြင်း နည်းပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုပြီး ဘ၀ နောင်ရေး ခိုင်မာ ချင်ပါသလား ??" ဆိုသည့် ခေါင်းစဉ် နှင့် .. သင်တန်း တစ်ခုကို သွားတွေ့သည် …. ။ နှစ်ယောက်သား ခေါင်းချင် ဆိုင် စိတ်ဝင်စားပြီး ဖတ်ကြည့်မိသည် … ။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - --> Computer အခြေခံမရှိသူများအတွက် Computer Basic မှ စတင် သင်ကြားပေးပြီး မှ ဖုန်းနှင့် ပတ်သတ်သော SOFTWARE နည်းပညာရပ်များကို ဆက်လက် သင်ယူစေမှာပါ … ။ ( ** Computer အခြေခံလည်း သင်ပေးတယ် ဆိုတော့.. ငါနဲ့ ကွက်တိပဲ … ) --> - SOFTWARE သင်တန်းသား များ အတွက် သပ်သပ်ရပ်ရပ် အစီအစဉ် တကျ စီစဉ်ထားသော DATA များ ကြောင့် ဖုန်း တစ်လုံး ချင်းစီ ကို လွယ်ကူစွာ Service ပြုလုပ်နိုင်မှာပါ .... ။ - ဖုန်း တစ်မျိုးချင်းစီ အတွက် FOLDER တိုင်းကို သေချာ စီစဉ်ပြီး ခွဲထားခြင်း ၊ FOLDER တိုင်း အတွက် 1 . OFFICAL FIRMWARE 2 . CUSTOM FIRMWARE 3 . ROOT အစ ရှိသဖြင့် စီစဉ်ပေးထားခြင်း ကြောင့် လွယ်ကူ လျှင်မြန်စွာ ပြုပြင်စေနိုင်မှာပါ ... ။ - ဖုန်း တစ်လုံး ချင်းစီ အတွက် STEP BY STEP ပြုလုပ်နည်းများ၊ သေချာ မှတ်ထားသော TEXT FILE များကို FOLDER တိုင်းတွင် ထည့်ပေးထားခြင်း ဖြင့် အနည်းငယ် လုပ်ပုံ လုပ်နည်း ထူးခြားသော ဖုန်း များ အတွက် မိမိ ကိုယ်တိုင် သေချာ လုပ်ဆောင် တတ်စေမှာပါ ... ။ - သင်တန်း ပြီးမြောက်သွားသော သင်တန်းသား တိုင်းအတွက်လည်း နောက်ဆုံး ထွက် UPDATE FIRMWARE များကို အချိန်မရွေး သင်တန်းမှာ လာရောက် ယူနိုင်ခွင့်ကိုလည်း စီစဉ်ပေးထားသော ကြောင့် ဒေါင်းလုပ်ဆွဲ မရသော ရန်မှ ကင်းဝေးစေမှာပါ .... ။ ( ** စနစ် တကျ ကို လုပ်ပေးထားတာပဲ …. ။ ဒေါင်းလုပ် ဆွဲဖို့ အတွက်လည်း မပူရဘူး ။ သင်တန်း ကိုချက်ချင်း သွားပြီး ယူလိုက်ရုံပဲ … ။ ) - SAMSUNG , SONY , HTC , HUAWEI စသော နာမည်ကြီး လူကြိုက်အများဆုံး ဖုန်း BRAND များအပြင် OPPO ,VIVO , LENOVO , COOLPAD , UNISCOPE , MYPHONE နဲ့ အခြား နာမည် မရှိသော CHINA CLONE ဖုန်းများ TABLET များ အစရှိသော ဖုန်းအမျိုးမျိုး ကိုပါ တတ်ကျွမ်းသည် အထိ သင်ကြား တတ်မြောက်စေမှာပါ ... ။ - ဖုန်းနှင့်ပတ်သတ်သော SOFTWARE ပိုင်းများကို လေ့လာရင်း FACEBOOK ACCOUNT ဖွင့်ခြင်း ၊ လော့ခ် ဖြည်ခြင်း အစရှိသော $$ ရနိုင်မည့် နည်းလမ်းများကိုလည်း သင်ယူ တတ်မြောက်စေမှာပါ ( ** အခုတောင် သူများ ဆိုင်မှာ သွားပြီး facebook အကောင့်ကို ၃၀၀၀ ပေးပြီး သွားဖွင့်ထားတာ ၊ ဟန်ကျတာပဲ … ဖုန်း Brand တွေ ကလည်း စုံမှ စုံ ) - HARDWARE သင်တန်းသားများအတွက်လည်း TOUCH , LCD , SPEAKER , MIC အစ ရှိသော SPARE PARTS ပစ္စည်းများကိုလည်း ကိုယ်တိုင် ကိုယ်ကျ သွားရောက် စမ်းသပ် ၀ယ်ယူရင်း SERVICE ပြန်လုပ်မည့် သူများ ၊ ကိုယ်ပိုင် ဆိုင်ဖွင့်လိုသူများ အတွက်လည်း များစွာ အထောက်အကူ ပြုစေနိုင်မှာပါ ။ ( ** ကိုယ်တိုင် သွားဝယ်ရတယ် ဆိုပါလား … ၊ ရှယ်ပဲပေါ့ … ) - 5 AMP SUPPLY အသုံးပြုပြီး ရှော့ လမ်းကြောင်း ရှာနည်း များ ကိုလည်း လက်တွေ့ သင်ကြား တတ်မြောက် စေမှာပါ ။ - 5 AMP , 2 AMP အစရှိတဲ့ SUPPLY အမျိုးမျိုးကို သင်တန်း တွင် ထားရှိပြီး SUPPLY အမျိုးမျိုး ၊ HEAT GUN အမျိုးမျိုး ၊ စက်ပစ္စည်း အမျိုးမျိုး ကို ပုံစံ မတူစေပဲ တစ်မျိုးစီ သင်ကြား ပေးခြင်း ဖြင့် SERVICE ပြန်လည် လုပ်ကိုင်လိုသူများ အတွက် မိမိ စိတ်တိုင်းကျ HARDWARE စက်ပစ္စည်းများ ကို ၀ယ်ယူရင်း လွယ်ကူလျှင်မြန်စွာ SERVICE လုပ်ကိုင်နိုင်စေမှာပါ .... ။ - သိသင့်သိထိုက်သော စာတွေ့မှ လွဲပြီး ကျန် အချိန် များအတွက် လက်တွေ့ ပိုင်း သာ လုပ်ဆောင်ရင်း လျှင်မြန်စွာ သင်ကြား တတ်မြောက်စေမှာပါ .... ။ - သင်တန်းသားတိုင်း အတွက် သင်တန်း တက်ရောက်နေစဉ် အချိန်အတွင်း ဆိုင်သို့ လာသော CUSTOMER များနှင့် တိုက်ရိုက် ထိတွေ့ ပြောဆို ဆက်ဆံ စေခြင်းဖြင့် ကောင်းမွန်သော CUSTOMER RELATIONSHIP ကိုလည်း ရရှိစေမှာပါ .... ။ ( ** Job Training အချိန် မကုန်တော့ဘူး ပေါ့ … ။ တစ်ခါတည်း Customer နဲ့ စကားပြောတဲ့ အလေ့အကျင့်လည်း ရသွားတာပေါ့ …. ။ ) - မိသားစု ပုံစံ စာသင်ကြားခြင်း ၊ ဆရာ နှင့် တပည့် ညီအစ်ကို သူငယ်ချင်း ပုံစံ အပြန်အလှန် ဆွေးနွေးရင်း စာသင်ကြားခြင်းကြောင့် ဆရာများနှင့် ရင်းနှီးစွာ ဆက်ဆံ နိုင်ရုံမက သူငယ်ချင်း ကောင်းများ ကိုလည်း ရရှိစေနိုင်မှာပါ အထက်ပါ အတိုင်း သင်ကြားမှု ပုံစံများ ၊ ၀န်ဆောင်မှု ကောင်းများစွာဖြင့် စနစ်တကျ သင်ကြားပေးခြင်း ၊ နည်းစနစ် မှန်ကန်စွာ သင်ယူ တတ်မြောက် စေခြင်း တို့ ကြောင့် သင်တန်း ပြီးဆုံး သွားပြီးနောက် SOFTWARE , HARDWARE TECHNICIAN တစ်ယောက်အဖြစ် ယုံကြည်မှု ခိုင်မာစွာ ရပ်တည် သွားစေနိုင်မှာပါ..... ။ --> သင်တန်းပြီးမြောက်ပြီးနောက် ထွက်ရှိလာသော UPDATE FIRMWARE FILE များ ၊ နည်းပညာ အသစ်များ အတွက် လုပ်ပုံ လုပ်နည်း အသစ်များ ၊ ကိုယ်တိုင် မပြုပြင်နိုင်တော့ပဲ သင်တန်းသို့ ပြန်လာပြီး ဆရာများကို ပြုပြင်ခိုင်းသော ဖုန်းများ ၊ သင်တန်းပြီးမြောက်ပြီးနောက် ဖြစ်ပေါ်လာသော ကိစ္စ အ၀၀ တို့ အတွက် သင်တန်းသို့ ငွေကြေး တစ်ပြားတစ်ချပ်မှ ထပ်မံ ပေးဆောင်ရန် မလိုအပ်တော့ပါ ... ။ --> ကိုယ်ပိုင် ဆိုင်ဖွင့်လိုသူများ အတွက် ဆိုင်တစ်ရန် ဖွင့်ရန် လိုအပ်သော မိုဘိုင်းဖုန်း လက်ကား ယူရမည့် ဆိုင်များ ၊ HARDWARE ပစ္စည်းများအတွက် SPARE PARTS ကို ဈေးနှုန်း အသက်သာဆုံးဖြင့် ၀ယ်ယူ ရရှိနိုင်မည့် ဆိုင်များကို ဆရာများ ကိုယ်တိုင် လက်တွေ့ လိုက်လံ ပြသပြီး မိမိ စိတ်ကြိုက် ရွေးချယ် ၀ယ်ယူနိုင်အောင် လည်း စီစဉ် ထားရှိပေးပါတယ် ... ။ ( သင်တန်းမှ တစ်ဆင့် အမြတ်ယူပြီး ပြန်လည် ရောင်းချခြင်းမျိုး လုံးဝ မပြုလုပ်ပါ ) --> လက်တွေ့လုပ်ငန်းခွင် တစ်ခု မှာ ရောက်နေသလို ON JOB ပုံစံ ၊ Service ပုံစံ ဖြင့် သင်ကြားမှု ပေးသောကြောင့် သင်တန်းပြီးမြောက်ပြီးနောက် ON JOB TRAINING ဆိုတာမျိုး လုံးဝ မလိုအပ်တော့ပါ ... ။ ( သင်ကြားနေရင်းနှင့် တစ်ခါတည်း Customer များဖြင့် ထိတွေ့ဆက်ဆံပြီး ON JOB ပုံစံ မျိုးလည်း ဖြစ်အောင် စီစဉ်ထားရှိပါတယ် ) --> သင်တန်းသားဦးရေ ကန့်သတ်ထားပြီး အပတ်စဉ်(၈) Class A မမှီလိုက်သူများ ကလည်း စာရင်း ပေးနေကြပြီမို့ အမြန်ဆုံး စာရင်းပေး အပ်နှံမှ အပတ်စဉ် (၈) Class B အတွက် စိတ်ချရမှာပါ ... ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အပတ်စဉ် (၈) Class B တန်းခွဲ စတင် ဖွင့်လှစ် သင်ကြားမည့် ရက် စက်တင်ဘာ (၂၄) ရက် ၊ ကြာသပတေးနေ့ …. ။ ၉ လပိုင်း ၂၄ ရက်နေ့ အပတ်စဉ် (၈) အတွက် ကွန်ပျူတာ အခြေခံက … စက်တင်ဘာ (၁၇) ရက်နေ့ ၊ ကြာသပတေးနေ့ ။ ၉ လပိုင်း ၁၇ ရက်နေ့ … ။ SOFTWARE သင်တန်း ချိန်များ --> 10:00 AM ~ 12:00 AM ( နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီ ) --> 12:30 PM ~ 2:30 PM ( နေ့လည် ၁၂ နာရီ ခွဲ မှ နေ့ခင်း ၂ နာရီ ခွဲ ) --> 3:00 PM ~ 5:00 PM ( ညနေ ၃ နာရီ ခွဲ မှ ညနေ ၅ နာရီ ခွဲ ) ထိ တစ်နေ့ ၂ နာရီနဲ့ တစ်ပတ် ခြောက်ရက် ( တနလာင်္ ~ စနေ ) HARDWARE သင်တန်း ချိန်များ --> 10:00 AM ~ 2:00 PM ( နံနက် ၁၀ နာရီ မှ နေ့လည် ၂ နာရီ ) --> 3:00 PM ~ 7:00 PM ( ညနေ ၃ နာရီ မှ ညနေ ၇ နာရီ ) ထိ တစ်နေ့ ၄ နာရီနဲ့ တစ်ပတ် ခြောက်ရက် (တနလာင်္ ~ စနေ ) --> သင်တန်း ကာလ တစ်လ ခွဲ --> သင်တန်းကြေး ~ SOFTWARE- ၂ သိန်း ~ HARDWARE - ၃ သိန်း ~ SOFTWARE + HARDWARE - ၅သိန်း ( Discount မရှိပါ ) ** စာရင်း ပေးမည့် သူများ Software , Hardware တစ်မျိုးစီ အတွက် စရံငွေ ငါးသောင်း စီ ၊ နှစ်မျိုး အတွက် တစ်သိန်းကျပ် တိတိ ကို လာရောက် ပေးချေ (သို့) ဘဏ်ကနေ တစ်ဆင့် လွှဲပေးရမှာပါ ... ။ --> SOFTWARE + HARDWARE နှစ်မျိုး လုံး တက်ပါက အဆောင်အခမဲ့ပါ ။ သင့်ဘ၀ နောင်ရေး စိတ်အေးရစေဖို့ .. The Last Mobile မှာ သင်တန်း အပ်နှံကြပါစို့ …. ။ အသေးစိတ် သိရှိလိုပါ က တိုက် (၁) ၊ အခန်း (၀၀၃) ၊ ပါရမီအိမ်ရာ ၊ (၁၆) ရပ်ကွက် ၊ လှိုင်မြို့နယ် ၊ ရန်ကုန် - အင်းစိန် လမ်းမကြီးနှင့် ပါရမီလမ်း ထောင့် ၊ ပါရမီ မီးပွိုင့်အနီး www.facebook.com/thelast2014 အချိန်ပေးနိုင်သော သူများ ၊ ရန်ကုန်မှ လူများ ကိုယ်တိုင် ကိုယ်ကျ လာရောက် စုံစမ်းပါ .... ။ ၀၉-၃၃၈၀၅၅၈၁ ၊ ၀၉-၃၃၈၀၅၅၉၁ အချိန်မပေးနိုင်သော သူများ ၊ နယ်မှ လူများ ဖုန်း ဆက်ပြီး စုံစမ်းပါ .... ။ - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - နှစ်ယောက်သား … အတိုင်ဖောက်ညီစွာ ကြော်ငြာ လေးကို ဆုံးအောင် ဖတ်လိုက်သည် …. ။ တစ်ယောက် နဲ့ တစ်ယောက် ပြိုင်တူ ကြည့်လိုက်ကြသည် … ။ တိုင်ပင်စရာ မလိုပါပဲ .. ကောင်လေး ရဲ့ လက်တွေက ဖုန်းနံပါတ်တွေကို နှိပ်မိလျက်သား… "09-33-805581"…. "Hello , The Last ကလား မသိဘူး ခင်ဗျာ … ။" "ဟုတ်ပါတယ် … ။ The Last က ပါ ခင်ဗျာ … " "ဆိုင်က ဘယ်အချိန် ပိတ်လဲ မသိဘူး ။ သင်တန်းကိစ္စ လေး လာပြီးစုံစမ်းချင်လို့ ပါခင်ဗျာ … " Taxi ……. နှစ်ယောက်သား အိမ်မပြန် ဖြစ်တော့ပဲ … The Last Mobile ရှိရာ … သို့ … ကားပေါ်မှာတော့ .. ကောင်လေး ရဲ့ ပုခုံးထက်မှာ ကောင်မလေး က မှီပြီး …. တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်လို့ .. ရှေ့ဆက်ရမဲ့ ဘ၀ မျှော်မှန်းချက် ပန်းတိုင်တွေ ကို တွေးပြီး ……………………….. |
| Facebook ကိုလိုင်းလေးချိန်မှာတောင်မြန်ဆန်စွာသုံးနိုင်မယ့် - Fast Pro Facebook v3.0 build 172 Apk Posted: 01 Sep 2015 11:05 PM PDT |
| ကမ္ဘာကျော် Manager ဂိမ်းကောင်းလေး - PES Club Manager v1.1.0 Apk Posted: 01 Sep 2015 10:58 PM PDT |
| ဖုန်းမှာ စာအုပ်တွေကိုဖတ်ရှုနိုင်တဲ့ - Moon+ Reader Pro v3.1.0 Apk Posted: 01 Sep 2015 10:51 PM PDT |
| Posted: 01 Sep 2015 10:16 PM PDT |
| ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်ဆော့ကစားရမယ့် - ETERNITY WARRIORS 4 APK Posted: 01 Sep 2015 10:10 PM PDT www.patheinit.com Payephyokyaw |
| ကားပြိုင်ဂိမ်းကောင်းလေး - Real Racing 3 APK V3.6.0 MOD Unlimited Money + Gold Posted: 01 Sep 2015 09:55 PM PDT www.patheinit.com Payephyokyaw |
| IPHONE ကြော်ငြာမှာ ဘာလို့ 9:41 အမြဲ ဖြစ်နေတာလဲ Posted: 01 Sep 2015 09:39 PM PDT Apple ရဲ့ iPhone တွေကို ကြော်ငြာတဲ့အခါ အချိန်တိုင်းက 9:41 ဖြစ်နေပါတယ်။ ယနေ့အထိ ယင်းနာရီ အချိန်ပဲ ဖြစ်ပြီး အမြဲတမ်းလည်း အဲ့ဒီ အချိန်ကိုပဲ ထားထားမှာ ဖြစ်ပါတယ်။ အကြောင်းက ဒီလိုပါ။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က 2007 Macworld Conference & Expo ကို တက်ရောက်ပါတယ်။ မိနစ် ၃၀ ကျော်ကြာ စကားပြောပြီးတော့ ပထမဆုံး iPhone ကို ထုတ်ပြခဲ့ပါတယ်။ ယင်းဖုန်းကို ထုတ်ပြတဲ့အချိန်ဟာ 9:41 am မနက်ပိုင်းအချိန် ဖြစ်ပါတယ်။ ယင်းအချိန်ကို အစွဲပြုပြီးတော့ နောက်နှစ်တိုင်း iPhone ထုတ်တဲ့အခါတွေမှာလည်း ယင်း အချိန် ကိုသာ set လုပ်ပြီးတော့ ထုတ်ပါတော့တယ်။ ဒါကြောင့်မို့ www.apple.com ကိုပဲ သွားကြည့်ကြည့် Apple ရဲ့ ဘယ် iPhone ကြော်ငြာကိုပဲ ကြည့်ကြည့် 9:41 ကိုသာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ . Ref: metro Ref:အောင်ခမ်း (MMAS) ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| သင်စာညံ့လျှင် သမ္မတဖြစ်နိုင်သည်၊ သူဌေးဖြစ်နိုင်သည်၊ အောင်မြင်နိုင်သည် Posted: 01 Sep 2015 09:38 PM PDT Dallas က Southern Methodist University မှာ အမေရိကန် သမ္မတဟောင်း ဖြစ်တဲ့ ဂျော့ဒဗလျူဘွတ်ရှ် ဘွဲ့နှင့်သဘင် မိန့်ခွန်းပြောပါတယ်။ မိန့်ခွန်းထဲမှာ Grade A (အမြင့်ဆုံး အရည်အချင်း) နဲ့ အောင်မြင်သူများကို Well done ဆိုပြီးတော့ ချီးကျူးခဲ့ ပါတယ်။ Grade C တွေကိုတော့ You can be president လို့ အတည်ပေါက်နဲ့ ပြောသွားခဲ့ ပါတယ်။ ဘွတ်ရှ်ဟာ ကျောင်းသားဘဝမှာ Grade C အဆင့်သာ ရှိခဲ့လို့လည်း ဖြစ်ပါတယ်။ Grade C ဆိုတာ စာမေးပွဲအောင်အောင် မနည်းကြိုးစားယူထားကြတဲ့ အဆင့် ဖြစ်ပြီး ဘွတ်ရှ်တစ်ဦးတည်း မဟုတ်ပဲ ယခု ပုံမှာ မြင်တွေ့နေရတဲ့ Virgin လေကြောင်းလိုင်း ပိုင်ရှင် ကမ္ဘာကျော် ဘီလျံနာ Richard Branson လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် တီထွင်သူ အချို့နဲ့ အိုင်တီ ပညာရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ ပညာရှင် အချို့ဟာလည်း Grade C အဆင့်သာ ကျောင်းသားဘဝမှာ ရှိခဲ့ ပါတယ်။ Richard ဆိုရင် ကျောင်းအထုတ်ခံရတဲ့အထိတောင် ဖြစ်ခဲ့ ပါတယ်။ ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ Grade C နဲ့ ပြီးတဲ့ ရာခိုင်နှုန်း အများစုက လုပ်ငန်းလုပ်ကိုင်တဲ့ ဘဝ အစိတ်အပိုင်းကို ရောက်တဲ့အခါ Grade A, Grade B နဲ့ ပြီးခဲ့သူများထက် ပိုလို့တောင် အောင်မြင်နေပါတယ်။ အကြောင်းပြချက်ကို ရှာကြည့်တော့ သူတို့ဟာ ကျရှုံးမှုများမှာ သင်ခန်းစာယူခြင်း၊ ဇွဲလုံ့လကြီးခြင်း တို့မှာ အရည်အချင်း တက်လာပြီး လူတွေနဲ့ ခင်မင်အောင် ပေါင်းသင်း ချိတ်ဆက်နိုင်တဲ့ အရည်အချင်းက အလိုအလျောက် ပါဝင်လာခဲ့လို့ ဖြစ်ကြောင်း ဆိုပါတယ်။ . Ref: metro Ref: အောင်ခမ်း (MMAS) ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |




























0 comments:
Post a Comment