Related Posts Plugin for WordPress, Blogger...

September 3, 2015

The Irrawaddy's Blog

The Irrawaddy's Blog


တစ်ရှူးလေးတွေ ကပ်ပြီး အနုပညာလက်ရာတွေ ဖန်တီးမယ် ဆိုရင်

Posted: 02 Sep 2015 11:39 PM PDT

ကလေးတို့အနေနဲ့ တစ်ရှုးစက္ကူလေးတွေ သုံးပြီး အနုပညာလက်ရာတွေ ဖန်တီးလို့ရတဲ့အကြောင်း ပြောပြပါ့မယ်။ အနုပညာလက်ရာ ဆိုတာ စုတ်တံတွေ ဆေးတွေနဲ့ပဲ ဖန်တီးလို့ရတာ မဟုတ်ပါဘူး။ စိတ်ကူးစိတ်သန်းနဲ့ ပျော်မွေ့ဖို့သာ အဓိက လိုအပ်တာပါ။ ကဲ ကလေးတို့ အမြဲတွေ့နေကျ ဖြစ်တဲ့ တစ်ရှူးလေးတွေနဲ့ ပန်းချီကားလက်ရာလေးတွေ ဖန်တီးယူလို့ရတဲ့ အကြောင်း ပေါ့ပေါ့ပါး ပြောပြပါမယ်။

အခုလို ဖန်တီးတာမျိုးကိုတော့ ကပ်ယူ တွဲစပ် ဖန်တီးတဲ့ Collage လို့ ခေါ်ပါတယ်။ ကလေးတို့ မကြာ       ခဏတွေ့နေတဲ့ တစ်ရှူးတွေ အစား တခြား ရောင်စုံစက္ကူတွေလည်း သုံးနိုင်သလို ကလေးတို့ချစ်တဲ့ အရောင်ပါတဲ့ ဘယ်ပစ္စည်းမဆို အခုလို သုံးပြီး ဖန်တီးယူလို့ ရပါတယ်။


ကလေးတို့ ဖန်တီးကြမယ် ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေက

(၁) ၅ လက်မ x ၇ လက်မ အရွယ် ကင်းဗတ်စ် တခု၊

(၂) ရောင်စုံတစ်ရှူးထုပ် တချို့၊

(၃) ကလေးတို့လိုသလို ဖြတ်တောက်ဖို့ ကတ်ကြေးတလက်

(၄) ရေနဲ့ ဖျော်ထားတဲ့ ကော်ရည်

(၅) စုတ်တံ သေးတချောင်း… ပဲ ဖြစ်ပါတယ်။

ပထမဆုံး ရောင်စုံတစ်ရှူးတွေကို လေးထောင့်ပုံ ဒါမှမဟုတ် ကလေးတို့ နှစ်သက်တဲ့ပုံအတိုင်း အရွယ်အမျိုးမျိုး ဖြစ်အောင် ကတ်ကြေးနဲ့ ဖြတ်ပါ။ အောက်မှာ ဖော်ပြထားတဲ့အတိုင်းပေါ့။ အဲဒီနောက် ကင်းဗတ်မျက်နှာပြင် အပေါ်မှာ ဖျော်ထားတဲ့ကော်ရည်ကို သုတ်လိမ်းရပါတယ်။


အဲဒီလို သုတ်လိမ်းပြီးတဲ့အခါ ကလေးတို့အနေဲ့ ကလေးတို့ ကြိုက်နှစ်သက်တဲ့ တစ်ရှူး အရောင်ကို ရွေးချယ်  ပြီး အဲဒီကင်းဗတ်ပေါ်မှာ ကပ်ယူကြဖို့ပါ။ ဘယ်အရောင်နဲ့ ဘယ်အရောင်ကို တွဲကပ်မယ်၊ ဘယ်အရောင်ကိုတော့ ဘယ်နေရာမှာ ထားမယ်ဆိုတာ ကလေးတို့ စိတ်ထဲရှိတဲ့အတိုင်း ကပ်ကြပါ။ အခု ဖော်ပြထားတဲ့ပုံအတိုင်း တူဖို့ မလိုဘူးနော်။ ကလေးတို့ရဲ့ စိတ်ကူးစိတ်သန်း အတိုင်း ကပ်ယူကြဖို့ပါပဲ။


အခု ဖော်ပြပေးထားတဲ့ ပုံကလေးတွေလို ကပ်ဖို့ မလိုပါဘူး။ နမူနာ အနေနဲ့ ပြပေးထားတာပါ။ ကလေးတို့  စိတ်ထဲမှာ ရွေးချင်တာရွေးပြီး ကပ်ယူလို့ ရပါတယ်။ အဓိကပြောချင်တာကတော့ ကိုယ်စိတ်ထဲမှာ တကယ်ကပ်ချင်တဲ့ တစ်ရှူးအရောင်ကို ရွေးပြီးကပ်ဖို့ပဲ။


ဒီကလေးကတော့ ကပ်နေရင်းနဲ့ စဉ်းစား၊ စဉ်းစားစားရင်းနဲ့ ကင်းဗတ်စ် ပေါ်မှာ သူလိုသလောက် ကပ်ယူနေတာပါ။


သူကတော့ ဟိုတကွက် ဒီတကွက်ကပ်ပြီး သူ့ရဲ့ ကပ်ယူဖန်တီးမှုကို စိတ်ဝင်တစား လုပ်နေတာပါ။       အရောင်တွေကို တွဲစပ်ဖို့ စိတ်ကူး စိတ်သန်းက အရေးပါပါတယ်။


ဒါကတော့ ၃ နှစ်အရွယ် ကလေးငယ် တဦးကပ်ယူ ဖန်တီးနေတာပါ။ ကင်ဗတ်ရဲ့ အပေါ်ပိုင်းမှာ တစ်ရှူးကြီး ကြီးတွေ ကပ်ပြီး အောက်ပိုင်း မှာတော့ တစ်ရှူးသေးသေးတွေနဲ့ ဖြည့်စွက် ကပ်ယူနေတာပါ။


ကလေးတို့ အခုလို တစ်ရှူးလေးတွေ ကပ်ပြီး ဖန်တီးယူတာက အရာင်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးနဲ့ ဖန်တီးကပ်ယူတာက တခြားသူတွေနဲ့ မတူနိုင်ပါဘူး။ သူတို့နဲ့ မတူလို့ ကိုယ်မှားတယ်၊ ကိုယ်နဲ့ မတူလို့ သူတို့ မှားတယ်လို့ ဆိုတာမျိုးလည်း မရှိပါဘူး။ ကိုယ့်စိတ်ကူး စိတ်သန်းနဲ့ ကိုယ်ကြိုက်တာကို ကပ်ယူ ဖန်တီးတာဖြစ်လို့ပါ။

ကလေးတို့ရဲ့ လက်ရာတွေက အခုလို ဖြစ်နေနိုင်ပါတယ်။
ကလေးတို့ ကပ်ယူ ဖန်တီးထားတဲ့ လက်ရာတွေ ခြောက်သွေ့သွားတဲ့ အခါ ကော်ရည် ပါးပါးနဲ့ ကင်းဗတ်တခုလုံးကို အပေါ်ကနေ သုတ်လိမ်းဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့ကွာသွားနိုင်တဲ့ တစ်ရှူးတွေကို သူတို့ရဲ့ မူလနေရာမှာ ကပ်သွားဖို့၊ ကွာမသွားဖို့ပါ။အဲဒီလို အပေါ်က သုတ်လိမ်းပြီးလို့ တညလောက် သိပ်ထားလိုက်တာနဲ့  တစ်ရှူးကပ် အနုပညာလက်ရာလေးတွေ ရရှိမှာ ဖြစ်ပါတယ်။



အနုပညာလက်ရာလေးတွေ ရလာပြီ ဆိုရင်တော့ အဲဒီလက်ရာလေးတွေကို ဘောင်သွင်းဖို့ပဲပေါ့။ ကဲ ..     ဘောင်သွင်းထားတဲ့ လက်ရာလေးတွေကို ကြည့်ပါဦး။ ငါသာဆိုရင် ဘယ်လို ကပ်ပြီး ဖန်တီးမယ်လို့ စိတ်ကူး ကြည့်ကြစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာဆိုတာ စိတ်ခံစားမှုကို ပြန်လည် ဖွင့်ထုတ်ပြတာ  ဖြစ်လို့ပါပဲ။



အခု ပြောပြခဲ့တာက www. Messforless.net မှ ကလေးပန်းချီဆိုင်ရာ အချက်တွေကို ပြန်ပြောပြတာပါ။


နိုင်စွမ်း






ဘိုကလေးဈေးလမ်းထဲက မက္ကဆီကန် စားသောက်ဆိုင် Tin Tin

Posted: 02 Sep 2015 03:12 AM PDT


ဓာတ်ပုံများ - သော်ဟိန်းထက်/ The Irrawaddy

ရန်ကုန်မှာ တရုတ်၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယားအစားအစာ၊ အမေရိကန်၊ ဥရောပ၊ အီတလီ အနောက်တိုင်း အစားအစာဆိုင်တွေ ပေါများပေမယ့် မက္ကဆီကန်အစားအစာက နည်းနည်းရှားပါတယ်။ မက္ကဆီကန်နိုင်ငံက မြောက်အမေရိကတိုက်ထဲကနိုင်ငံတနိုင်ငံဖြစ်ပြီးတော့ မက္ကဆီကန်ဟာဆိုရင် အမေရိကန်              ပြည်ထောင်စုနဲ့ဥရောပတိုက်ရဲ့ အိမ်နီးချင်းနိုင်ငံတခုလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းထဲကို ဝင်လိုက်တာနဲ့ ကိုလိုနီခေတ် လက်ကျန်အဆောက်အအုံတွေကြားကို ရောက်သွားမှာပါ။ အဲဒီအထဲက YWCA အဆောက်အဦကြီးရှေ့မှာ ဘားပုံစံ၊ မီးရောင်မှိန်မှိန်အနောက်တိုင်းဆန်တဲ့ အပြင်အဆင်နဲ့ Tin Tin မက္ကဆီကန်ဆိုင်ကို တွေ့မြင်နိုင်ပါတယ်။ဆိုင်အတွင်းနံရံမှာ ကပ်ထားတဲ့   ပန်းချီ၊ ပိုစတာ၊ ပုံတချို့နဲ့ ဆိုင်မှာဖွင့်ထားတဲ့ခပ်မြူးမြူး မက္ကဆီကန် သီချင်းသံတွေက အပြင်က ရန်ကုန်ရာသီဥတု၊ ရန်ကုန် Lifestyle နဲ့ ဘာမှ မသက်ဆိုင်သလိုပါပဲ။

ဆိုင်က အနည်းငယ် ကျဉ်းတယ်လို့ထင်ရပေမယ့် ခပ်ကျဉ်းကျဉ်းဆိုင်ထဲမှာပဲ ကြီးမားတဲ့ မီးဖိုးချောင်နဲ့ ဘားဆိုင် အပေါ်ထပ်၊ အောက်ထပ် နှစ်ထပ်ရှိပြီး လူလေးယောက်စာ စားပွဲဝိုင်း၊နှစ်ယောက်စာဝိုင်းနဲ့ တယောက်တည်း သီးသီးသန့်သန့် လာစားချင်သူတွေအတွက်လည်း ဘားတန်းရှည်ထိုင်ခုံတွေ ခင်းကျင်းထားတာတွေ့ရပါတယ်။

ဆိုင်ရဲ့ အပေါ်ထပ်မှာစားမယ်ဆိုရင်တော့ အပေါ်ထပ်ကနေတဆင့် မီးဖိုချောင်ထဲမှာ ပြုလုပ် ချက်ပြုတ်နေတဲ့ Kitchen Industry လှုပ်ရှားပုံတွေကို မှန်ကနေ တ ဆင့် မြင်သာနိုင်ပြီး အစားအစာတွေ သန့်ရှင်း၊လတ်ဆတ်မှု ရှိ၊ မရှိကိုလည်း အကဲခတ်နိုင်ပါတယ်။

ဆိုင်ရဲ့ ဝင်ဝင်ချင်းမှာ Kitchen နဲ့တဆက်တည်း ဘားတခုကို တွေ့မြင်နိုင်မှာဖြစ်ပြီး ဘားမှာဆိုရင် မြန်မာနိုင်ငံမှာမရနိုင်တဲ့ Tequila အရက် အကောင်းစားတွေကို စီရီခင်းကျင်းပြထားတာကို တွေ့နိုင်ပါတယ်။

ဆိုင်က နေ့ခင်းနေ့လယ်စာစားချိန်မို့လူကျမနေဘဲ စားပွဲဝိုင်းတချို့မှာတော့ စားသုံးသူ နိုင်ငံခြားသားတချို့ ရှိနေ  ပြီးလူကျမနေတာကြောင့် မှာယူထားတဲ့ အစားအသောက်တွေကလည်း မြန်မြန်ဆန်ဆန် ရရှိပါတယ်။ Menu မှာမက္ကဆီကန် အစားအစာအစုံရရှိနိုင်ပြီး ပထမဦးဆုံး လာချပေးတဲ့ Taco Carne Asada ဟာ Marinate လုပ်ထားတဲ့ အမဲသားနဲ့ ကြက်သွန်နီ၊ တရုတ်နံနံ၊ Salsa တို့နဲ့ ရောသုတ်ထားကို Taco ရွက် (ချာပါတီနဲ့ အလားသဏ္ဍန်တူတဲ့ ဂျုံသားရွက်) ထဲမှာ ထည့်ထားတာပါ။

Taco Carne (တာကိုး ကာနေး) ရဲ့ ပုံသဏ္ဍာန်ကချာပါတီလို ဂျုံသားရွက်ထဲမှာ အမဲသားနဲ့ တခြား အဆာပလာရွက်တွေ ထည့်သွပ်ထားသလိုပုံစံပါ။ အရသာကတော့ နူးအိနေတဲ့ Beef အရသာနဲ့ အထဲက ကြက်သွန်စိမ်း၊ နံနံတို့နဲ့ရောသုပ်ထားတာကြောင့် ခပ်ရှရှစိမ်းစိမ်းလေးဖြစ်ပြီး ပေးထားတဲ့ သံပုရာခြမ်းနဲ့ညှစ်ပြီး   စားတော့ အရသာက ချဉ်ချဉ်လေးနဲ့ တမျိုးထူးခြားပါတယ်။


နောက်တခု ထပ်လာချပေးတဲ့ Nachos (နာချိုးစ်) ကတော့ မက္ကဆီကန် အစားအစာတွေထဲမှာ မြန်မာအစားအစာတွေထဲက လက်ဖက်သုပ်လိုပဲအထင်ကရဖြစ်ပြီး အစားအသောက်တိုင်းမှာ အမြဲ ပါတတ်တဲ့ မက္ကဆီကန်ရိုးရာ အစားအစာတခုဖြစ်ပါတယ်။သူကတော့ Taco အရွက် (ဂျုံသားရွက်) ကိုပဲ ခြောက်အောင်လုပ်ပြီးအကြွပ်ကြော်ထားတဲ့အပေါ်မှာ ချိစ်၊ ငရုတ်သီးပွ၊ အသားနဲ့ ကြက်သွန်နီ၊ခရမ်းချဉ်သီးတို့ ထပ်ထားတာပါ။ စားရတာ ကြွပ်ရွနေပြီး ချိစ်နံ့သင်းသင်းလေးနဲ့စားလို့ကောင်းပါတယ်။

နောက်ထပ် ထပ်စားဖြစ်တဲ့ Burrito Baja ကတော့ Mexican rice ကို Chili powder နဲ့ နှပ်၊ အသီးအရွက်ပါပြီး Black beans ပဲအနှစ်၊ချိစ်တို့နဲ့ ရောနှပ်ထားတဲ့ ထမင်းကို ငါးအသားနဲ့ရောပီး Taco (ဂျုံရွက်ထဲမှာထည့်လိပ်ထားတာပါ)။ ပုံသဏ္ဍာန်က ကော်ပြန့်လိပ်အကြီးပုံစံရှိပါတယ်။ မက္ကဆီကန်ထမင်းအရသာက မြန်မာဆန်၊ ထမင်းအရသာတွေနဲ့ မတူပါဘူး။ Black Beans ပဲအနှစ်နဲ့နယ်ထားပြီး အရသာက တမူထူးပါတယ်။ Baja က မက္ကဆီကန်လို ငါးလို့အဓိပ္ပာယ်ရပြီး Burrito ကို ငါး၊ အမဲသား၊ ကြက်၊ ဝက် စတာတွေနဲ့လည်း မှာယူစားနိုင်ပါတယ်။

Cerdo En Chili Verde ဆိုတဲ့အစားအစာကတော့ မီးအေးအေးလေးနဲ့ Marinated လုပ်ထားတဲ့ ဝက်သားကို ချိစ်နဲ့ Taco ဂျုံသားရွက်ထဲမှာ ကော်ပြန့်စိမ်းပုံသဏ္ဍာန် ထည့်လိပ်ထားပြီး ဝက်သားမျှင် အိအိလေးနဲ့ချိစ်အရသာက အတွဲအဖက်ညီပါတယ်။ နောက်ဆုံးမှာထားတဲ့ Tostada Chicken Tines ကတော့ Taco ဂျုံ   ရွက်ပေါ်မှာပဲ ကြက်သားအမျှင်တွေနဲ့ ချိစ်တင်ထားတာပါ။

မက္ကဆီကန် Street Food တွေတိုင်းမှာသတိထားမိတာတခုက Taco လို့ခေါ်တဲ့ (ချာပါတီနဲ့ အလား သဏ္ဍာန်တူတဲ့) ဂျုံအပြားကိုအနည်းငယ်အပူပေးထားတဲ့ အရွက်ပေါ်မှာ ချိစ်၊ အသားနဲ့ ကြက်သွန်နီ၊ခရမ်းချဉ်သီးစတာတွေနဲ့ အများစုကို ပြုလုပ်ထားတာတွေ့ရပါတယ်။ အရသာက ပီဇာစားရတဲ့အရသာနဲ့လည်း အနည်းငယ်ဆင်ပြီး ဂျုံသားအရသာကလည်း ချာပါတီသားလို အရသာမျိုးပါ။

Mexican Street Food တွေကိုမြည်းစမ်းကြည့်ရင်းနဲ့ မက္ကဆီကန် ရိုးရာ Drinks တခုဖြစ်တဲ့ Aquade Horchata ကို သောက်ကြည့်ပါတယ်။ထမင်းရည်၊ နွားနို့နဲ ဗင်နီဂါအရည် ရောထားတဲ့ အပေါ်မှာ သစ်ကြားပိုးခေါက်မှုန့်ဖြူးထားပြီး နွားနို့လို အရမ်းလည်း ချိုအီမနေဘဲ ဂျုံ၊ ချိစ်၊ အသားတွေနဲ့ပြုလုပ်ထားတဲ့ မက္ကဆီကန်စာတွေရဲ့ အအီကို ပြေစေပါတယ်။

ဆိုင် အနည်းငယ်ကျဉ်းပေမယ့်ရိုးရိုးရှင်းရှင်းနဲ့ ထူးထူးခြားခြားပြင်ဆင်ထားတဲ့ ဆိုင်အတွင်းပိုင်းအပြင်အဆင်ကြောင့်Tin Tin Restaurant ကို နိုင်ငံခြားသားများ (အထူးသဖြင့် British နိုင်ငံသားတွေ) အလာများပြီး စနေ၊ တနင်္ဂနွေလို Weekends ညဘက်တွေမှာဆိုရင်တော့ လူအရမ်းကျတဲ့ဘာတခုလို့ သိရပါတယ်။

ဆိုင်ဖွင့်ချိန် မနက် ၁၁ နာရီကနေ ည ၁၁နာရီအထိ၊ ပိတ်ရက်မရှိဖြစ်ပြီး Tin Tin မက္ကဆီကန် စားသောက် ဆိုင်ဟာဆိုရင် 57 လက်အောက်ကUnion Bar, Gekko Restaurant  နဲ့ Parami Pizza တို့နဲ့ လုပ်ငန်းတူ  ဖြစ်ပါတယ်။ Tin Tin မက္ကဆီကန်ဆိုင်က Western Style နဲ့ Union Bar ၊ Gekko ဂျပန်ဆိုင် နဲ့ Parami Pizza အီတာလျံစားသောက်ဆိုင်တို့နဲ့ မတူညီကွဲပြားတဲ့ အရသာတွေကို ခံစားရမှာ အသေချာပါ။

မက္ကဆီကန်နိုင်ငံကနေ လာတဲ့မက္ကဆီကန်နိုင်ငံသား စာဖိုမှူးကိုယ်တိုင် ဦးစီးပြီး နိုင်ငံခြားမှာရှိတဲ့ မက္ကဆီကန် စားသောက်ဆိုင်တွေမှာ သေချာ လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေနဲ့ လည်ပတ်နေတဲ့ Tin Tin မက္ကဆီကန်ဆိုင်က ဖွင့်ထားတာ တလနီးပါးပဲရှိပါသေးတယ်။

Mexican Street Food တွေနဲ့ မက္ကဆီကန် အစားအစာကောင်းကောင်းတွေကိုစားချင်တယ်၊ မြည်းစမ်း       ကြည့်နိုင်ဖို့ ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းထဲမှာရှိတဲ့ Tin Tin Yangon Mexican Restaurant နဲ့ မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။


ဆိုင်လိပ်စာ - Tin Tin Yangon Mexican Restaurant 
အမှတ်(116- 118)၊ ဘိုကလေးဈေးလမ်း (အလယ်ဘလောက်)၊ ဗိုတထောင်မြို့နယ်၊ ရန်ကုန်မြို့။


သီဟတိုး

မိန်းကလေးတွေ အစီးများတဲ့ Suzuki Solio

Posted: 02 Sep 2015 02:15 AM PDT



Suzuki Solio လေးတွေကို အခုနောက်ပိုင်းမိန်းကလေးတွေ အစီးများတာတွေ့ရပါတယ်။မော်ဒယ်တွေနဲ့    နည်းနည်းဆင်ချင်တာမှန်ပေမယ့် ဒီဇိုင်းအနေအထားက ဆွဲဆောင်မှု ကောင်းတာထက် ခေတ်စကားနဲ့    ပြောရရင်တော့ Style လုပ်ပြီး စီးနင်းလို့ကောင်းမယ့် အနေအထားမျိုးလေးပါ။ ဒါပေမယ့် အားသာချက် တစ်ခုအနေနဲ့ တွေ့ရတာကတော့ မော်ဒယ်မြင့်မြင့် အနေအထား ဖြစ်နေသည့်တိုင်အောင် ဈေးချိုချိုနဲ့ ရနိုင်တာကတော့ အားရစရာပါ။ ဒါဆိုရင်တော့ အခု Solio အကြောင်းကို အချိန်နည်းနည်းပေးချင်မယ် ထင်ပါရဲ့နော်။ ကောင်းပါပြီ၊ ဆက်ကြည့်ရအောင်ပါ။

ခရီးဝေးမောင်းနှင်မှုလို အပိုင်းတွေအတွက်ကတော့ အဆင်ပြေမှာမဟုတ်ပေမယ့် မြို့တွင်းမောင်းမော်ဒယ် အနေနဲ့ရော နောက်ပြီးခရီးနီးအပန်ဖြေခရီးထွက်ဖို့အတွက်လောက်ဆိုရင်တော့ အကောင်းဆုံးအနေအထားပါ။ မော်ဒယ်ကကိုယ်ထည်ပိုင်းမှာခုခေတ်လူကြိုက်များတဲ့ ဒီဇိုင်းဖြစ်တဲ့ Sport ဆန်အောင် ဖန်တီးမယ့် အစား ပြောင်းပြန် အနေအထားမျိုးနဲ့ ကိုယ်ထည်ကိုတောင် တမင်မြှင့်ထားပါသေးတယ်။ ဒီအတွက် အကျိုးကတော့ ဒီဇိုင်းပိုင်းမှာဆွဲဆောင်မှု အားနည်းသွားပေမယ့် တစ်ဖက်က အတွင်းခန်းကျယ်ဝန်းတဲ့ အားသာချက်ကတော့ ရလာပါတယ်။ အထူးသဖြင့် ၀န်များများတင်နိုင်တဲ့မော်ဒယ် မဟုတ်ပေမယ့် အပန်းဖြေ၊ အလည်အပတ်သွားတဲ့ အခါတွေမှာလိုချင်တဲ့ ပစ္စည်းတွေကို စိတ်ကြိုက်နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ တင်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ အတွေ့ရများတဲ့ မော်ဒယ်တွေကတော့ အနိမ့်ဆုံး ၂၀၀၉ ခုနှစ် ၀န်းကျင်ထုတ်ထားတဲ့ မော်ဒယ်တွေကနေ နောက်ပိုင်းမော်ဒယ်မြင့်တွေဆိုရင် ၂၀၁၂ခုနှစ်ထုတ် မော်ဒယ်တွေဖြစ်တာကြောင့် မော်ဒယ်   မြင့်မြင့်နဲ့ ရနိုင်တာဖြစ်သလိုတစ်ဖက်ကလည်း တပ်ဆင် အင်ဂျင်အပိုင်းမှာက ၁.၂လီတာသုံးနဲ့ ၁.၃လီတာသုံး အင်ဂျင်စနစ်တွေကိုတပ်ဆင်ထားတာကြောင့် ဆီစားလည်းမများသလို မြန်နှုန်း မြင့်လည်း မောင်းနှင်နိုင်မှာ မဟုတ်တာကြောင့် မိန်းကလေးတွေ ဒါမှမဟုတ် သက်ကြီးပိုင်းတွေနဲ့ လိုက်ဖက်တဲ့ မော်ဒယ်လို့ မြင်မိနေတာပါ။

အရောင်အပိုင်းမှာလည်းရွေးချယ်နိုင်စရာအရောင် တော်တော်များများဈေးကွက်မှာတွေ့ရပြီး ပုလဲရောင်၊    အဖြူ၊ အနက်နဲ့ ငွေရောင်လိုလူကြိုက်များပြီးတည်ငြိမ်တဲ့ အရောင်တွေအတွေ့ရများပါတယ်။ Autoစနစ်နဲ့    မောင်းနှင် နိုင်မှာ ဖြစ်သလိုတစ်ဖက်ကလည်း ကြည့်မယ်ဆိုရင် တချို့မော်ဒယ်တွေလောက်ပဲ မောင်းနှင်ပြီး ကီလို ၈ သောင်းကျော်တာ တွေ့ရပြီး များသောအားဖြင့်တော့ ၆ သောင်းဝန်းကျင်ပါ။ ကီလိုများတဲ့ အပေါ်ကနေ ဈေးချိုချိုနဲ့ ရနိုင်သလိုအရောင်အပိုင်းကနေလည်း အဖြူနဲ့အနက် မဟုတ်ရင် ဈေးချိုနိုင်တာတွေ့ရပြီး  ကျွန်တော်သဘောကျမိတဲ့ ၂၀၁၂ခုနှစ် မော်ဒယ်တွေကဆိုရင်တော့ သိန်း၁၃၀၀ န်းကျင်လောက်နဲ့ ဈေး   ကွက်မှာ ရှိနေတာ တွေ့ရပါတယ်နော်။


လင်းထက်(IA)

ရှယ်ချွေးမအဖြစ်နဲ့ တကျော့ပြန် ထက်ထက်မိုးဦး

Posted: 02 Sep 2015 12:20 AM PDT


ဓာတ်ပုံများ - ယုမွန်ကျော် / The Irrawaddy

ကြော်ငြာခေတ်ဦးမှာ ထက်ထက်မိုးဦးနဲ့ရိုက်မှ ပေါက်တယ်ဆိုတဲ့ ကြော်ငြာတခေတ်ကို ဆန်းသစ်ခဲ့သူ၊ ပရိသတ် ချစ်ခင်အားပေးမှုအပြည့်အ၀ရရှိခဲ့တဲ့ သရုပ်ဆောင်ထက်ထက်မိုးဦးဟာ ကားရိုက်တွေနားထားရာ ကနေ အခုဆိုရင် ရုပ်ရှင်ကားကြီးကိုရိုက်ကူးပြီး အနုပညာလောကထဲကို တကျော့ပြန်ဝင်ရောက်လာတော့မှာပါ။

သရုပ်ဆောင် ထက်ထက်မိုးဦးဟာ စိန်ဌေး ဗီဒီယိုထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုဇော်(အာ    ရုဏ်ဦး) ရိုက်ကူးမယ့် "ရှယ်ချွေးမ"ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ အောင်ရဲလင်း၊ ရန်အောင်၊စိုးမြတ်သူဇာ၊ ခင်ဝင့်ဝါတို့နဲ့ အတူတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။



"ရှယ်ချွေးမ" ဆိုတဲ့အတိုင်း ရန်အောင် စိုးမြတ်သူဇာတို့ရဲ့သား အောင်ရဲလင်းနဲ့ ထက်ထက်မိုးဦးက လက်ထက်ပြီး ရှယ်ချွေးမဖြစ်လာတဲ့အကြောင်းကို ရိုက်ကူးသွားမှာဖြစ်ပြီး ဇာတ်လမ်းဇာတ်ညွန်းကတော့ လွင်မင်းအံ့ ပါ။

ကားရိုက်တွေနားထားပြီး ပထမဆုံးပြန်ရိုက်တဲ့ရုပ်ရှင်ကားကြီးအတွက် ရင်ခုန်နေတဲ့ ထက်ထက်မိုးဦးက "ဒီဇာတ်ကားကို စိန်ဌေးထုတ်လုပ်ရေးကဦးဝင်းကြည်တို့က ကိုဇော်(အာရုဏ်ဦး)ကနေ တဆင့်ကမ်းလှမ်းလာခဲ့တယ်။ ဒီဇာတ်ကားလေးရိုက်ကူးပြီး ပရိသတ်နဲ့လည်း ပြန်တွေ့ရမယ်ဆိုတဲ့အတွက် အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ငယ်ငယ်တုန်းကလိုပဲ ပျော်ပြီးရင်ခုန်နေရပါတယ်။ ပရိသတ်နဲ့ မတွေ့ရတာကြာပြီဆိုတော့ ကိုယ့်ဘက်က ဘာတွေများလိုနေမလဲ၊ ဘာတွေများ လုပ်ရမလဲတွေးပြီး ညကတောင် အိပ်လို့တောင်မပျော်ပါဘူး။  ဒုတိယအကြိမ် ထက်ထက်ကို လုပ်ခွင့်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်" လို့  ပြောပြပါတယ်။

သရုပ်ဆောင် စိုးမြတ်သူဇာနှင့် ထက်ထက်မိုးဦး

ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်မယ့်  သရုပ်ဆောင် စိုးမြတ်သူဇာနှင့် ထက်ထက်မိုးဦးတို့ နှစ်ယောက်ဟာ "ကမ္ဘာကမ္ဘာအဝေး" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအပြီး ထပ်မံတွေဆုံတဲ့ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး "ရှယ်ချွေးမ" ရုပ်ရှင်ကားကြီးကန်တော့ပွဲကို စက်တင်ဘာ ၂ ရက်နေ့ကပြုလုပ်ခဲ့ပြီး ရိုက်ကူးရေးကိုတော့  စက်တင်ဘာ ၅ ရက်နေ့ကစတင်ပြီး ရိုက်ကူးသွားမှာဖြစ်ပါတယ်။


ယုမွန်ကျော်

ခွေးခြေခုံနှစ်လုံးအသုံးပြုပြီး တောင်ပေါ်တက်ခဲ့တဲ့ မသန်စွမ်းအမျိုးသားတဦး

Posted: 02 Sep 2015 12:25 AM PDT


Henan ခရိုင် Xinxiang မြို့မှ  အသက် ၃၄ နှစ်အရွယ် Zhao Bo ဆိုသူအမျိုးသားတဦးဟာ သူ့ရဲ့  ခြေထောက် နှစ်ဖက်လုံး ဖြတ်တောက်ခဲ့ရသူပါ။ သူဟာ တရုတ်ပြည်မြောက်ပိုင်းရှိ Mount Tai ဆိုသော သမိုင်းဝင်  တောင်တတောင်ရဲ့ Red ဂိတ်ကနေ စတင်ပြီး သေးငယ်သော ခွေးခြေနှစ်လုံးရဲ့အကူအညီနဲ့ သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက တက်ရောက်ခဲ့ပါတယ်။

Zhongtian ဆိုတဲ့ ဂိတ်ကို ရောက်တဲ့အခါမှာ ကျဉ်းမြောင်းသေးသွယ်လှတဲ့ လှေကားတွေကြောင့် ဆက်မတက် တော့ဘဲ ရပ်နားခဲ့ပါတယ်။

Zhao Bo ဟာ တောင်ပေါ်သို့ ခွေးခြေနှစ်လုံးရဲ့ အကူအညီနဲ့ သူ့ခန္တာကိုယ်ကို ထိန်းပြီး ဖြေးဖြေးနှေးနှေးတက် ခဲ့တာပါ။ သူနဲ့အတူ သူငယ်ချင်းနှစ်ယောက်လည်း အတူလိုက်ပါလာကြပါတယ်။ ရာသီဥတုက ပူလောင် လှတဲ့အတွက် သူ့တကိုယ်လုံးမှာလည်း ချွေးသံတရွဲရွဲနဲ့ပါ။ ခွေးခြေကို အားပြုကိုင်ထားရတဲ့ သူရဲ့ ဘယ်လက်လက်မှ လက်အိတ်ကို ချွတ်လိုက်တဲ့အခါမှာ လက်မှာ အရည်ကြည်ဖုတွေတောင် ဖြစ်လို့နေတာပါ။

၎င်းဟာ အရင်က မီးသတ်သမားတဦးဖြစ်ကာ မီးငြိမ်းသတ်ရာမှ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကာ သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ သူဟာ မသန်စွမ်းတယောက်အနေနဲ့ ၀ီးချဲလ် အသုံးပြု  ပြီး အပြင်ထွက်တဲ့အခါမှာ အဆင်မပြေဖြစ်တဲ့အနေအထားကို တွေ့လာရတော့ မသန်းစွမ်းတွေအတွက် အဆင်ပြေစေနိုင်မယ့် အစီအစဉ်တွေလုပ်ဆောင်ပေးနိုင်ရန် သူ့အနေနဲ့ လူတွေကို မေတ္တာရပ်ခံချင်လာပါတော့တယ်။

ဒါကြောင့် အခုလို Mount Tai တောင်ပေါ်သို့ တက်ရောက်ခဲ့ရခြင်းဖြစ်ကာ သူ့ကိုယ်သူ ဘယ်လောက် အစွမ်းအစ အလားအလာရှိသလဲဆိုတာလည်း သိချင်ရုံသက်သက်အနေနဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

Zhao Bo ဟာ Mount Tai တောင်ပေါ်သို့ တက်တဲ့အခါမှာ မသန်စွမ်းတယောက်အတွက် ဘယ်လို အဆင်ဆင်ပြေပြေ သက်တောင့်သက်သာနဲ့ တက်ရောက်နိုင်မလဲဆိုတဲ့ အရာကို မရှာဖွေခဲ့ပါတယ်။ သူ့ရဲ့ လက်တွေကို အသုံးချပြီး  ခွေးခြေနှစ်လုံးကို အားပြုလို့ လှေကားထစ်တွေရဲ့ အဆင့်တိုင်းကို တက်ရောက်နိုင်ခဲ့ပါတယ်။ သူစတက်ခဲ့တဲ့ Red Gate ကစလို့ Zhongtian Gate ဂိတ်အထိ နာရီပေါင်း ၁၆ နာရီကြာ တက်ရောက်ခဲ့ရပြီး လှေကားထစ် ပေါင်း ၂ ထောင်ကို တက်ခဲ့ရတာပါ။

သူဟာ မသန်စွမ်းတယောက်လို့ဆိုပေမယ့် တောင့်တင်းတဲ့လက်မောင်းကြွက်သားတွေနဲ့ ရုပ်ရှည် ချောမောလှပပြီး သူ့ကိုမြင်လိုက်ရင် အမြဲရွှင်လန်းပြုံးပျော်နေသူတဦးလည်းဖြစ်ပါတယ်။ သူ့ကို တွေ့မြင်ရတဲ့ နိုင်ငံခြားသားခရီးသွားတွေက သူ့ရဲ့ လုပ်ရပ်ကို ဂုဏ်ပြုအားပေးခဲ့ကြပါတယ်။

"ကျန်းမာသန်စွမ်းတဲ့ ကျနော်တို့လိုလူတွေတောင် လှေကားထစ်တွေတက်တဲ့အခါမှာ မောပန် နွမ်းနယ်ကြရတာပါ။ သူကတော့ သူ့ရဲ့ လက်တွေကိုအသုံးပြုပြီး Zhongtian Gate အထိ တက်နိုင်ခဲ့တာ ဘယ်လောက်တောင် လေးစားဖို့ ကောင်းလိုက်သလဲ" လို့ ခရီးသွားအများအပြားက ချီးမွမ်းခဲ့ကြပါတယ်။








Ref: people's china

0 comments:

Post a Comment