Related Posts Plugin for WordPress, Blogger...

September 6, 2015

မောင်ပေါက် ( Maung Pauk )

မောင်ပေါက် ( Maung Pauk )


မိမိဖုန်းမှာ mp4 တွေကို mp3 ပြောင်းနိုင်သည့်-MP3 Video Converter v1.9.39 Apk နောက်ဆုံးထွက်။

Posted: 05 Sep 2015 10:07 AM PDT


Android ဖုန်းကိုင်သူများအနေဖြင့် mp4 ကနေ Mp3 ပြောင်းချင်တယ်ဆိုရင်..PC ကိုပဲအားကိုးစရာမလိုတော့ပါဘူး..အခုတင်ပေးလိုက်တဲ့ App ကတော့ မိမိဖုန်းထဲမှာပဲ..mp4 တွေကို mp3 သို့ပြောင်းနိုင်ပါတယ်...ဒီ App ထဲမှာအဓိလုပ်ဆောင်နိုင်တာတွေကတော့
၁) Video များကို mp3 format သို့ပြောင်းခြင်း
၂) Video Format မျိုးစုံကို ပြောင်းနိုင်ခြင်း
၃).Audios format တော်တော်များများ support ခြင်း ဥပမာ..mp3, AAC, OGG အစရှိသည်
၎) ခေါင်းစဉ်များကို တည်းဖြတ်နိုင်ခြင်း (Artist, Album, title) စသည်တို့ဖြစ်ပါတယ်..
 ဖိုင်းဆိုဒ်ကတော့8.11MB ဖြစ်ပြီး Android OS 2.2 အထက်ရှိဖုန်းများအားလုံးမှာသုံးနိုင်ပါတယ်။





  Download Here

ဖုန်းထဲမှာ live Wallpaper အလန်းလေထားကြမယ်-Backgrounds HD (Wallpapers) v4.2.12 Apk

Posted: 05 Sep 2015 10:02 AM PDT

Android ဖုန်း ဘော်ဒါတို့ အတွက် HD ရုပ်ထွက် Wallpaper လေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့ ဘော်ဒါတို့ ပြောပြစရာမလို့တော့ဘူးထင်ပါတယ်။ Wallpaper ဆိုတာ ဖုန်းထဲမှာ အရုပ်လှလှတွေ  နောက်ပြီး ဖုန်းကိုဖွင့်လိုက်တဲ့အခါ မျက်စီမှာကြည့်လင့်စွာကြည့်လို့ကောင်းဆိုပြီး ဖုန်း screen ပေါ်မှာထားကြတယ်။ ထိုကြောင့် ဒီ HD Wallpaper လေးကတော့ တော်တော်လေးကိုကောင်းပါတယ် အသုံးပြုမယ်ဆိုရင် အောက်မှာဒေါင်းလုပ်ပြီးသုံးနိုင်ပါတယ်။ ဘော်ဒါတို့ အတွက် ကျနော် အောက်မှာ Screen short ရိုက်ပြထားပါတယ်။ ဒီကောင်လေး၏ဖိုင်ဆိုဒ်လေးကတော့1.6MB ဖြစ်ပြီး Android 2.3 အထက်ရှိဖုန်းများအသုံးပြုနိုင်ပါတယ်။


Download Here 

ဈေးနူန်းချို သာ အာမခံချက်အပြည့်ရှိပြီး ထူးခြားချက်ရှိသော NEWINGS Dual 3G Hanset(တစ်သိန်းအောက်ကောင်းကောင်းသုံးလိုသူများအတွက်)

Posted: 05 Sep 2015 01:10 AM PDT



 မြန်မာပြည်မှာစတင်ရောင်းချနေပြီဖြစ်တဲ့ NEWINGS ဖုန်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဈေးနူန်းကတော့ 6xxxx ,9xxxx ဖြစ်ပါတယ်။ ဒီဖုန်းဟာ ဈေးနူန်းလည်းချိုသာသလို အရည်အသွေးလည်းကောင်းမွန်ပြီးအာမခံချက်အပြည့်အ၀ရှိတဲ့ဖုန်းဖြစ်ပါတယ်။

 Screen Size က ၅လက်မ,၄လက်မနဲ့ လာတာဖြစ်ပြီး SIM Card ၂ကဒ်ထည့်သွင်းနိုင်ပါတယ်။Android Version ကို Jelly,Kitkat
ကိုအသုံးပြုထားပါတယ်။ 3Gonly Hanset ဖြစ်ပြီး Flash light,font&Back Camera ,facebook ,Youtube ,Google Service,Myanmar fontကို Built inအနေန့ ပါဝင်ပြီး ပါဝင်သောဖုန်းများဖြစ်ပါတယ်။ ကြိုက်သလောက် Runပြီး Screen ပေါ့တာကြိုက်သူတွေ နဲ့
Memory အတော့်အသင့်ပါဝင်တာ ကြိုက်သူတွေအတွက် လက်မလွှတ်သင့်ပါဘူး ။

ထပ်ပြောရရင်တော့ COC(Clash of Clan) ၀ါသနာရှင်တွေအတွက် အကောင့်ချိတ်ဖို့အဆင်သင့်ပါသည့်အတွက် လက်မလွှင့်ပါဘူး။ မိမိအနေနဲ့ တစ်သိန်းအောက်ဖြစ်ရမည် ဈေးနူန်းသက်သာရမည် ,
 အရေအသွေးကောင်းရမည်,ပြင်ဆင်မူပစွည်းရှိရမည် အာမခံချက်အပြည့်အ၀ရှိမယ်ဆိုရင် Newings ကိုမေ့လို့လုံးဝမရပါဘူး လက်ရှိ ဈေးကွက်မှာ ရောင်းအားကောင်းပြီး သုံးသူတိုင်း စိတ်ကျေနပ်မူအပြည့်အ၀ပေးနေတဲ့ Hanset တစ်လုံးဖြစ်ပါတယ်။အောက်တွင် Model တစ်ခု
ခြင်းဆီကို ရှင်းပြထားပါတယ် ဖတ်ကြည့်ပေးပါ။



W500 Model (Dual 3G)ဆိုလျှင်..,
Screen Size က 5 inches ရှိပြီး Flash မီးပါဝင်ပါတယ်။Android Version 4.4 ( Kitkat)ကိုသုံးထားပြီးCPU ကတော့ Quad-Core 1.3GHz သုံးထားပါတယ်။အဖြူ၊အမည်းနှစ်မျိုးလာပါတယ်။
Rom Memory 4GB ပါဝင်ပြီး SD Card အနေနဲ့တော့ 32GB ထိထပ်စိုက်နိုင်ပါတယ်။ ဖုန်းရဲ့ RAM ပမာဏကတော့ 512MB ပါ။Dual Sim Card စိုက်နိုင်ပြီး ကဒ်ပေါက်နှစ်ခုလုံးက 3G တွေဖြစ်ပါတယ် ။
GPS,Wifi,Bluetooth&FMပါဝင်ပါပြီး Video Call ,Motion & Gesture,Magic Thumb ပါဝင်တဲ့အတွက် အသုံးပြုသူတွေအတွက်ပိုနှစ်သက်စေမှာပါ။
မြန်မာဘာသာစကားBuilt in ပါဝင်ပြီး up to 39 languages ထိsupport လုပ်ပါတယ်။Camera အနေနဲ့ Back camera 5 Megapixel ဖြစ်ပြီး font camera ကတော့ 0.3MP ဖြစ်ပါတယ်။

COC နှစ်သက်သူများအတွက် Google Play Service built inပါဝင်တဲ့အတွက် updateလုပ်ရသက်သာပြီး အခက်အခဲမရှိလွယ်ကူစွာချိတ်ဆက်ကစားနိုင်ပါတယ်။
အခြားသော ဂိမ်းကစားသူများအတွက်လည်း CPU Quad-Core 1.3 GHz သုံးထားတဲ့အတွက် Touch အသွားအလာလျင်မြန်ပြီး စက်ဟမ်းခြင်းမှာကင်းဝေးပါတယ်။
Screen 5လက်မဖြစ်သဖြင့်စာဖတ်ဝါသနာပါသူတွေအတွက်လည်းအဆင်ပြေပြီး Screen size ကြီးတာကိုင်ချင်သူများအတွက်လည်းမငြင်းလောက်ပါဘူး။

ှSmart Motion များပါဝင်သည့်အတွက် လူတိုင်းသိပြီးဖြစ်ကြသလို Double Click ဆိုပါဝင်ပွင့်တာ, M လို့ရေးရင် music ပွင့်တာ ,W ဆိုလူတိုင်းသုံးတဲ့ WhatsApp ပွင့်တာ..အစသဖြင့်
 Motion များပါဝင်တဲ့အတွက်အလွယ်တကူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။Notibar ကိုဆွဲချလိုက်ရင်လည်း Shortcut များစွာတွေ့ရမှာပါ Lock Screen Shortcut,Power off shortcut ,Flashမီး,Location..
အစသဖြင့် Easy Shortcut များပါဝင်ပါတယ်။ Individuality ထဲမှ font ထဲဝင်ပြီး မိမိနှစ်သက်ရာ Font Size ကိုများကို မူလပါတာလည်းသုံးလို့ရသလို User font အနေနဲ့လည်းသုံးလို့ရပါတယ်ခင်ဗျာ။

ပိုပြီးကောင်းတာကတော့ အာမခံတစ်နှစ်ပေးထားပြီး တစ်နှစ်တွင်း User Earror မဟုတ်ဘဲ System Earror ဆိုရင် Free Service ကိုအချိန်အနည်းငယ်တွင်း ပြန်လုပ်ပေးခြင်းဖြစ်ပါတယ်။
တစ်နှစ်ကျော်သွားပါကလည်း ပစွည်းမရှိမှာစိုးရိမ်စရာမလိုဘယ် နီးစပ်ရာ Newings Showroom ,Newings Service Center,မိမိဝယ်သည့်ဆိုင်များကို သွားရောက်ပြင်ဆင်နိုင်ပါတယ်။

Touch နဲ့ LCD သက်သက်ဖြစ်တာကြောင့် မိမိမှန်ကွဲရင်မှန်ပဲလဲရမှာပါ ,Lcd ကွဲရင် LCD ပါပဲ။ မိမိတို့ဖုန်းများပြင်ဆင်မူပိုင်းအတွက် စိုးရိမ်စိတ်မရှိအောင်လည်း Newings မှ MotherBoard ကအစရှိတာ
ကြောင့် Board လဲရမည့်အနေအထားမှာလည်း မိမိဟန်းဆက်ကိုပဲမခွဲမခွါ တူညီတဲ့တန်ဖိုးကုန်ကျခံကာ ပြင်ဆင်နိုင်ပါတယ်။ဈေးနူန်းကတော့ 6xxxx ဖြစ်ပါတယ်။

ကျန်သည့် Function များကျန်သေးသည့်အတွက်မိမိကိုယ်တိုင် ၀ယ်ယူပြီးမှ အသုံးပြုကြပါလို့တိုက်တွန်းပါတယ် ။ တစ်သိန်းအောက်ဟန်းဆက်လည်းဝယ်ချင် " ဈေးနူန်းချိုသာရမယ် , အရေအသွေးစိတ်ချ
ရမယ်၊အာမခံချက်အပြည့်ရှိရမယ် နဲနဲပေးပြီးများများသုံးမယ်ဆိုရင်တော့" ကျွန်တော်အကြံပြုချင်တောတော့ Newings Hanset ကိုသတိရလိုက်ပါခင်ဗျာ...

V840 Model ဆိုလျင်..,
CDMA/GSM နှစ်ကဒ်ထိုးဖြစ်ပါတယ် အခြားသော Brandများထက်ထူးခြားချက်အနေနဲ့ကတော့ Telenor ,Ooredoo ,MPT ,MEcTel လေးမျိုးလုံးအသုံးပြုနိုင်ပါတယ် Sim Slot (1)တွင် 3G Network ဖြင့်အသုံးပြုနိုင်ပါတယ် ooredoo နဲ့cdma(800MHz)အသုံးပြုချင်တဲ့သူတွေ
အတွက် ရွေးရမည့်ဖုန်းဖြစ်ပါတယ်။Screen Size ကတော့ 4.0 ဖြစ်ပြီး Flashမီးပါဝင်ပါတယ်။

Android Version 4.3 အသုံးပြုထားပြီး CPU 1.2GHz သုံးထားပါတယ် Rom Memory 4GB ပါဝင်ပြီး RAM အနေဲ့ 512 ပါဝင်ပါတယ်။Camera ကတော့ Back Camera 5.0MP ပါဝင်ပြီး font က 0.3MP ဖြစ်ပါတယ်။ Facebook ,Youtube,
Google Service,Myanar Font များကို Built in ပါဝင်ပြီး အသုံးပြုသူများအတွက် ပေးရသော တန်းကြေးထက် စိတ်ကျေနပ်မူကို ပိုပေးနိုင်မှာပါ ။ ဈေးနူန်းကတော့ 6xxxx ဖြစ်ပါတယ်။

WG 931 Model ဆိုလျှင်..,
Screen အားဖြင့် ၅ လက်မရှိပြီး Flash မီး ပါဝင်ပါတယ်။3G Support လုပ်သည့်အတွက် Telenor ,Ooredoo,MPT Sim card များကို 3G အသုံးပြုနိုင်မှာပါ။ CPU Quad-Cord 1.2GHz အသုံးပြုထားတဲ့အတွက်မြန်ဆန်မူအပိုင်းမှာ စိတ်ချရပါတယ်။Rom Memory 4GB သုံးထားပြီး
Ram ကတော့ 512 ပါ။ Camera ကို Back 8MPနဲ့ Font 2.0MP သုံးထားတဲ့အတွက် ရုပ်ထွက်ကြည်လင်ပြတ်သားစွာမြင်တွေ့ရမှာပါ။ Battery ကတော့ 2000 mAh ဖြစ်ပါတယ်။အခြားသော 3D Wallpaperများ Theme များ လည်းစိတ်ကြိုက်ရွှေးချယ်သုံးနိုင်ပြီး အခြားသော
ဒီမှာမရေးသေးသော Function များလည်းပါပါသေးတယ်။ ဈေးနူန်းကလည်း 9xxxx ဖြစ်သည့်အတွက် လူတိုင်းအလိုလို ၀ယ်ယူနိုင်ပါတယ်။

 ဘာသာစကားအနေနဲ့ မြန်မာ, အင်္ဂလိပ်, တရုတ် သုံးဘာသာနဲ့အသုံးပြုနိုင်ပါတယ်။ Google Service,Myanmar Font ပါတစ်ခါတည်းပါပြီး
ဖြစ်သည့်အတွက် မြန်မာဖောင့်ပျောက်ခြင်းမှလည်းကင်းဝေးပါတယ်။






Model 200 Hanset ဖြစ်ပါတယ်။ GSM ,WCDMA မှန်ကန်သော မြန်မာစာ စနစ်အသေပါဝင်ပြီး Rom 1GB နဲ့ Ram 256MB ဖြစ်ပါတယ်။Camera 0.08 MP ဖြစ်ပါတယ်။ Transfer လုပ်ငန်းစဉ်အတွက် Bluetooth ပါဝင်ပြီး FM လည်းSupport လုပ်ပါတယ်။Battery လည်း 1000m Ah ဖြစ်ပါတယ်။





Model C820&C850 ဖြစ်ပါတယ် CDMA 1x800 MHz ဖြစ်ပါတယ်။Camera ကတော့ 0.08 MPဖြစ်ပြီး Mp3 Support ပေးပါတယ်။မြန်မာစာစနစ် အသေပါဝင်ပြီး Battery ကတော့ 1000mAh ဖြစ်ပါတယ်။ အာမခံကတော့ 1 year ပေးထားပါတယ်။


Hanset အားလုံးကို ၁ နှစ်အာမခံပေးထားပြီး ဈေးနူန်းချိုသာစွာဖြင့် Brand အားလုံးထဲမှာထူးခြားသော Brand တစ်ခုအဖြစ်ရပ်တည်လျက်ရှိပါသည်။

*ဆက်သွယ်ရန်*

 " (1021/B)Thu Damar Road,2 QT,North Okkalapa Township,Yangon.

ph;+959420006923,795872700,974777111

Email-telelorddistribution@gmail.com    "  သို့ဆက်သွယ်မှာယူနိုင်ပါသည်ခင်ဗျာ။ ။


ဆိုင်ခွဲများ===> ပေါက်လမ်းနှင့်မြိုင်လမ်းထောင့်အနီး၊ယာဉ်စွန်းတန်းစတိုးနှင့်မျက်စောင်းထိုး
အမှတ်(၇)ရပ်ကွက်၊ပခုတ်ကူမြို့ 
ဖုန်း-09-790550511၊09-790550499

==> အမှတ်(၁၀၂၁-ခ)၊သုဓမာလမ်း၊(၂)ရပ်ကွက်၊မြောက်ဥကလာပ၊ရန်ကုန်မြို့ ။
ဖုန်း-01-655686၊09-420006923၊09-795872700

facebook page==>https://www.facebook.com/myanmarnewings?fref=ts

Website==> www.myanmarnewings.com
------------------






* အထက်ပါ Hanset များကို ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)တွင် လာရောက်ဝယ်ရောက်ပြီးလည်းအားပေးနိုင်ပါတယ်ခင်ဗျာ။ဝယ်ယူသူများကို Facebook Accountတစ်ခု ၊ လိုအပ်သောAppsများ၊Music,Wallpaperများကိုအခမဲကထည့်သွင်းပေးပြီးဟန်းဆက်များကိုလည်းဈေးနူန်းချိုသာစွာဖြင့်
လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ကဗျာဂျာနယ် အမှတ်(၅) (9.5.2015)

Posted: 05 Sep 2015 04:07 AM PDT

ကျွန်တော်တို့ကဗျာဂျာနယ်လေးလဲ ကျွန်တော်အလုပ်တွေမအားတာနဲ့ ပုံမှန်မလည်ပတ်မိဘူးဗျာ အခုကစပြီး ပုံမှန်လည်ပတ်မှာပါ ကျွန်တော့်ဖုန်းနံပါတတ်သိတဲ့သူတွေ တော့ ကျွန်တော်မပြောပါဘူးဒါပေမဲ့ ကျွန်တော်ဖုန်းနံပါတ်ပြန်တင်မှာပါ အဲ့ဒါ ကဗျာအတွက်သီးသန့်ပါ အရင်က sms နဲ့ပို့ခိုင်းပါတယ် အခု Viber or ကျန်တဲ့ social network app တစ်ခုခုသုံးပြီးပို့နုင်အောင်စိစဉ်ပေးမှာပါ သင်တို့အတွက်လည်းဘေကုန်သက်သာတာပေါ့ ကောင်းပါပြီအခုတော့ကျွန်တော်ဖုန်းမှာကဗျာပေါင်; 147 ပုဒ်ရှိနေပါတယ်ကျွန်တော့်ကိုထပ်မပို့သေးနဲ့ပါအုံး ဘာလို့လဲဆိုတော့ဖုန်းက wifi earror ဖြစ်နေလို့ပြန်ပြင်ရင်ကြိမ်းသေ Factory reset ချမှာမို့ပါ အဲ့တော့မိတ်ဆွေတို့ကဗျာတွေပါသွားမှာစိုးလို့ပါ အဲ့တော့ ဒီ 147 ထပ်ထပ်ပို့တဲ့ကဗျာတွေကို Cancel လုပ်ပလိုက်မှာပါ ဒီတော့မိတ်ဆွေတို့ မပို့သေးနဲ့ပါအုံးဗျ...နောက်ပြီးကဗျာအတွက် blog လေးတစ်ခုလုပ်ထားတယ် ပြင်ဆင်လို့မပြီးသေးဘူး ပြီးရင် ရေးသူတွေအားလုံးကို ကျွန်တော်တခါတည်း တင်ခိုင်းမှာပါ ဖုန်းကနေပေါ့ အဲ့တော့အမြဲ update လေးဖြစ်နေတာပေါ့... ဟုတ်ဘူးလား...
အစဉ်တစိုက် သိမ်းပိတ်ဖို့
                       မောင်ကြံရွှယ်
ချူ မယ်ကြံရွှယ်ကာမှန်းသော်လည်း
                                          တံချူကိုမမှီမကမ်းရယ်မို့
လွမ်းကျန်ရသေး
((ကဗျာရေးသူ=ဓနုမောင်)) 
           မဖြစ်နိုင်တဲ့ကြားထဲက 
 ကျွန်မသူ့ကိုချစ်မိသွားခဲ့တယ်
                                                            ဒါကြောင့်ရလာမည့်အဆိုးအကောင်းတွေအားလုံးကို
ကျွန်မကျေကျေနပ်နေမှာပါမောင်
((ကဗျာရေးသူ=Juliar Eisan)) BEHS PHAKANY)
စိမ်းရက်သူ.....
နီးလျက်ဝေးနေတဲ့
နှလုံးသားတစ်ခုကို
ရင်ထဲမှာ နာကျင်အောင်
ခံစားနေရပေမယ့်
မင်းသိဖို့မရည်ရွှယ်ခဲပါဘူး
အချစ်နန်းကိုစိတ်ကူးယဉ်ပြီး
ရူးခဲ့ရသမျှနောက်ကျတဲ့
ကိုယ့်ဘ၀မှာ
ယောက်ျးမာနဆိုတာ
တံခွထူလို့မရအောင်
ဖျက်ဆီးလို့
ချေမူန်းသွားရက်တယ်....
((ကဗျာရေးသူ=သာစည်သား))
"ချစ်ပိုင်းတိုင်"
ချောကလက်
အိပ်ရာထက်
ဖိတ်စင်သွားတဲ့
နုတ်ခမ်းများအတွက်
ခွင့်လွှတ်ပါ။
နတ်ဘုရားအစူစူပွင့်
ရင်နင့်အောင်
ကိုးကွယ်ခဲ့လို့
ဒီတစ်ခါအချစ်
နောက်ဆုံးဖြစ်ပါစေတော့ ။
((ကဗျာရေးသူ=Dညနေ)) 
ရည်ရွှယ်သူတို့
ကာရံမူကင်းတဲ့ စကားလုံး
ချိုမြိန်မူကင်းတဲ့အနမ်း
ရင်ထဲအချစ်သစ်ပင်
ဝေကွာခြင်းအကိုင်းအခက်
အလွမ်းသစ်ရွှက်တွေပြည့်စုံခဲ့သော်လည်း
ပျော်ရွှင်မူပန်းပွင့်လေးမဖူးပွင့်ခဲ့ဘူး
(ကဗျာရေးသူ=ရှင်မွေးလွန်း(နမ့်စန်))
ချစ်ခဲ့လေလား
နှလုံးသားဝယ်
ထိန်းမရလေသော
ချစ်ဖူးလေသော
အမှတ်တမဲ့က
အမှတ်တရဖြစ်စေပြီ
နင်မသိလည်း လွမ်းမိနေပြီ
နင်မခေါ်ချင်လည်း
ငါတော်ချင်နေပြီ
နင်မသိတဲ့အချစ်ခရီးလမ်းမှာ
အဖော်မပါဘဲ ငါရပ်စောင့်နေမိပြီ
((ကဗျာရေးသူ=only)) 
<နိဂုံး>
လိုက်ကာမချဘဲ
သိမ်းခဲ့ရတဲ့
ငါတို့နှစ်ယောက်ရဲ့
တစ်ခန်းရပ်ပြဇာတ်ထဲမှာ
နောက်ဆုံးအလွမ်းမင်းသမီးက
ငါတဲ့လား~~~~
((ကဗျာရေးသူ=မှော်ဝင်)) ကြာအင်းဆိပ်ကြီး
ငါ့ရဲ့အချစ် နင်မသိတော့
ကွယ်ရာမှာ
တွယ်တာကာ လွမ်းရတယ်
မချစ်ဘူးတော့ ရင်းတော့မယ်
အချစ်ဦးရယ်
ငါ့ရဲ့အချစ်နင်မသိတော့
ကွယ်ရာမှာ
တွယ်တာကာ
လွမ်းရတယ်
မချစ်ဘူးတော့ ရူးတော့မယ်
အချစ်ဦးရယ်
ငါ့ရဲ့အချစ် နင်မသိတော့
ကွယ်ရာမှာ တွယ်တာကာ
လွမ်းရတယ်
မချစ်ဘူးတော့ရူးတော့မယ်
အချစ်ဦးရယ်
((ကဗျာရေးသူ=အမည်မသိ)) 
<<ခွန်အား>>
ဘ၀ရေဆန်ခရီးလမ်း
မငြီးတမ်းပါ ရဲဝင့်စွာ
တွေ့ကြုံလာသမျှအခက်ခဲ
ရင်ဆိုင်နိုင်ဖို့
အသင့်ပြင်ဆဲ
ရှေ့ဆက်လှမ်းဖို့ ခွန်အားဆင်
ရောင်နီသစ်တို့ ဒို့ဇွဲပင်.....။
((ကဗျာရေးသူ=အမည်မသိ))
အပြုံးမရှားတဲ့မင်း
အရူုံးများနှင့်ရင်ဆိုင်ရချိန်မှာ
နောင်တတရားတွေ
လက်ဝယ်ပိုက်ရင်း
ရိုက်ရိုက်ကာငိုကြွေးမနေပါနဲ့
တိတ်တိတ် ကြွေကွဲ
မျက်ရည်ဝဲနှင့်
အားမန်ဖြည့်ကာ
ပြုံးစမ်းပါ 
((ကဗျာရေးသူ=nai(သဖ)))
Thiha Htike(THT)

thihahtike.it@gmail.com

My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



MPP သတင်းစုံ Apk For Android

Posted: 05 Sep 2015 03:22 AM PDT

နည်းပညာသတင်းစုံတွေ များစွာထွက်ပေါ်သည့်အနက် ထပ်မံထွက်ပေါ်လာတဲ့ MPP သတင်းစုံ Apk လေးဖြစ်ပါတယ်ခင်ဗျာ သူကတော့...
နေ့စဉ်သတင်းများ
နည်းပညာများ
ကျော်ကြားသူများ
မြန်မာစာတန်းထိုးဇာတ်ကားများ
ကြောငြာ
Telenor
Ooredoo
MPT
Mobile Info
သုတရသ
စိးပွားရေး
အလုပ်အကိုင်
ဘောလုံးကြေးပေါက်(Asia Bookie)
ဘောလုံးဂိုးတိုက်ရိုက်
အားကစား
သီးချင်းများ
 
စသည့် လေ့လာစရာ Function များစွာပါဝင်ပါတယ်ခင်ဗျာ နေ့စဉ် အချိန်နဲ့တစ်ပြေးညီ သိချင်တဲ့ သတင်းစုံ Apk တွေထဲမှာ တစ်ခုဖြစ်နေတဲ့ MPP သတင်းစုံ ကိုအောက်တွင် ကလစ်တစ်ချက်နှိပ်ရုံဖြင့်ဒေါင်းယူနိုင်ပါသည်
 
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



နောက်ဆုံးအပြီးသတ် မဲဆန္ဒရှင်စာရင်းကို သွားရောက်ကြည့်ရှုရန် အွန်လိုင်း၌ ကမ့်ပိန်းပြုလုပ်

Posted: 05 Sep 2015 02:50 AM PDT


 မြန်မာတစ်နိုင်ငံလုံး၏ မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလ ၁၄ ရက်မှ ၂၇ ရက်အထိ ကြေညာမည်ဖြစ်ပြီး အဆိုပါ မဲဆန္ဒရှင်စာရင်းကို သွားရောက်ကြည့်ရှုကြရန်အတွက် အွန်လိုင်း hashtag ကမ့်ပိန်းတစ်ခုပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။


မည်သည့် ဘာသာစကားဖြင့်မဆို ရေးသားထားသည့် "မဲစာရင်းသွားကြည့်စို့" ဟု အဓိပ္ပာယ်ရသည့် စာတန်းကို ကိုင်ဆောင်ထားသည့် မိမိဓာတ်ပုံ (သို့မဟုတ်) မဲစာရင်း သွားရောက် စစ်ဆေးနေသည့် မိမိဓာတ်ပုံကို Facebook တွင် Public အနေဖြင့် တင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပြီး အဆိုပါအစီအစဉ်အတွက် Facebook စာမျက်နှာ၌ စည်းရုံးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ဓာတ်ပုံနှင့်အတူ စာသားများရေးသားရာတွင် မဲစာရင်းကို စစ်ဆေးသင့်သည့် အကြောင်းအရာများ ၊ မဲစာရင်းစစ်ဆေးခြင်း၏ အရေးပါမှု အခြေအနေများကို ပူးတွဲ တင်ဆက်နိုင်ကြောင်းနှင့် မိမိ ကိုယ်တိုင်သည်လည်း မဲပေးရမှု မဆုံးရှုံးစေရန်အတွက် သွားရောက်ကြည့်ရှုသင့်သည်ဟု ကမ့်ပိန်းလှုံ့ဆော်သူများက ဆိုသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Easi Mobile Agent ပေါင်း ၁၁၀ ကျော် ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရ

Posted: 05 Sep 2015 02:50 AM PDT

Easi Mobile Agent ပေါင်း ၁၁၀ ကျော် ဖွင့်လှစ်ပြီး ဝန်ဆောင်မှုပေးလျက် ရှိသည်ဟု သမဝါယမဘဏ် မှ တာဝန်ရှိသူက ပြောသည်။
အဆိုပါဝန်ဆောင်မှုမှာ ငွေလွှဲခြင်း၊ ငွေထုတ်ယူခြင်း Deposite Account ထဲသို့ ငွေသွင်းခြင်းများကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
"Easi Mobile Agent ပေါင်း ၁၁၀ ကျော်သွားပါပြီ။ အဲ့ဒီအတွက်ကြောင့် CB Bank အနေနဲ့ ငွေလွှဲလို့ရတဲ့နေရာ၊ ငွေသွင်းလို့ရတဲ့ နေရာပေါင်း စုစုပေါင်း ၂၄၀ ကျော် ရှိသွားပြီ။ 
အဲ့ဒါတွေက နောက်ဆိုရင် ပိုပိုပြီး များလာတာနဲ့အမျှ ငွေထုတ်ချင်ရင် လမ်းထိပ်ထွက်တာနဲ့ ထုတ်လို့ရမယ်ဆိုတဲ့ အခြေအနေ ဖြစ်လာအောင် ဆောင်ရွက်နေ ပါတယ်။ ရွာတွေလို နေရာမျိုးတွေမှာတောင် ငွေထုတ်ယူ သုံးစွဲနိုင်အောင် ဝန်ဆောင်မှုပေးနေပါတယ်"ဟု ပြောသည်။
Easi Mobile Agent မှ ငွေလွှဲထုတ်ယူခြင်း၊ ငွေလွှဲခြင်း၊ Deposite Accound ထဲသို့ ငွေသွင်းခြင်းတို့ ဆောင်ရွက်အသုံးပြုနိုင်မည်ဖြစ်ပြီး ATM စက်များတွင်ငွေထုတ်ယူ သုံးစွဲနိုင်သကဲ့သို့ Easi Mobile Agent များတွင်လည်း ငွေထုတ်ယူနိုင်ခြင်းတို့ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါဝန်ဆောင်မှုကို မြို့ငယ်များနှင့် ရွာများတွင် အဓိကဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် CB Bankမှ ဘဏ်ခွဲပေါင်း ၁၃၃ ခု ဖွင့်လှစ်ထားပြီးကြောင်း သိရသည်။
"ငွေသွားလွှဲရင် ဘဏ်ကိုလာရမယ်ဆိုတဲ့ အချက်မျိုး ကျွန်တော်တို့တွေဆီမှာ မြင်နေကြပါသေးတယ်၊ ငွေသွားလွှဲရင် ဘဏ်ကို လာစရာမလိုအောင်ကို ဘဏ်တွေကနေ ဝန်ဆောင်မှု ပေးနေကြပါပြီ။ မိုဘိုင်း Banking ကနေ ဘဏ်လာစရာ မလိုတော့ဘဲနဲ့ ညသန်းခေါင်လွှဲလို့ရအောင် လုပ်ထားပြီးပါပြီ။ Internet Banking ကလည်း ဘဏ်ကို လာစရာ မလိုဘဲ ငွေလွှဲလို့ရအောင် လုပ်ထားပြီးပါပြီ"ဟုဆိုသည်။
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Facebook ၏ WhatsApp ကို လစဉ် အသုံးပြုသူ သန်း ၉၀၀ ကျော်ရှိလာ

Posted: 05 Sep 2015 02:50 AM PDT





Messaging app ဖြစ်သော WhatsApp သည် ပိုမိုနာမည်ကျော်ကြားလာပြီး လစဉ်သုံးစွဲသူဦးရေမှာလည်း မြင့်တက်လာခဲ့သည်။

Facebook ပိုင်ဆိုင်သော WhatsApp ကို လစဉ်သုံးစွဲသူ ဦးရေသည် သန်း ၉၀၀ ကျော်ရှိလာခဲ့ကြောင်း WhatsApp အမှုဆောင်အရာရှိချုပ် ဂျန်ကိုရန်က Facebook ပို့စ် တစ်ခုဖြင့် ရေးသား ပြောကြားခဲ့သည်။ WhatsApp ကို သုံးစွဲသူသည် ဧပြီလက သန်း ၈၀၀ ရှိရာမှ သန်း ၁၀၀ ခန့် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ တိုးတက်မှုနှုန်းမှာ တစ်နှစ် အတွင်း ၅၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

ပြီးခဲ့သည့်နှစ်က Facebook မှ အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် WhatsApp ၏ တိုးတက်မှုနှုန်းမှာ တစ်သမတ်တည်း ရှိခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုကို သုံးစွဲသူဦးရေသည် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် သန်း ၆၀၀ ရှိရာမှ ယခုနှစ်အစပိုင်းတွင် သန်း ၇၀၀ အထိ မြင့်တက်ခဲ့သည်။ WhatsApp သုံးစွဲသူ အရေအတွက်သည် လစဉ်သုံးစွဲသူ ၁.၄၄ ဘီလီယံရှိသော Facebook နှင့် အလွန်ကွာခြားနေသော်လည်း သုံးစွဲသူ ၃၁၆ သန်းရှိသော Twitter ထက် သုံးဆနီးပါး ရှိလာခဲ့သည်။

သို့ရာတွင် WhatsApp သုံးစွဲသူ ဦးရေသည် မိခင်ကုမ္ပဏီ Faecebook ၏ messaging app သုံးစွဲသူထက် သာလွန်ခဲ့သည်။ Facebook ၏ messaging app ကို သုံးစွဲသူ ဦးရေမှာ သန်း ၇၀၀ ဖြစ်ကြောင်း ကုမ္ပဏီက ဇွန်လတွင် ကြေညာခဲ့သည်။

Ref: CNET
Credit  internetjournal

Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Hero တွေနဲ့တိုက်ခိုက်ရမယ့်ဖိုက်တင်ဂိမ်း - Injustice: Gods Among Us APK V2.5.1 MOD Unlimited Money

Posted: 05 Sep 2015 02:04 AM PDT

     
                         

                                    www.patheinit.com
                                       
Payephyokyaw

                                     

ကားပြိုင်ဂိမ်းကောင်းလေး - Need for Speed™ Most Wanted v1.3.69 Apk

Posted: 05 Sep 2015 01:56 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

                                     

ဖိုက်တင်ဂိမ်းကောင်းလေး - MORTAL KOMBAT X APK V1.4.0 MOD Unlimited Money

Posted: 05 Sep 2015 01:48 AM PDT

                            
                                    www.patheinit.com
                                       
Payephyokyaw

                                     

ပါဝါစွမ်းအားတွေနဲ့ ရန်သူတွေကိုတိုက်ခိုက်ရမယ့် - Dungeon Hunter 5 Mod APK v1.3.1 MOD High Attack

Posted: 05 Sep 2015 01:35 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

သီချင်းတွေကိုဖုန်းမှာ ကောင်းကောင်းနားဆင်နိုင်မယ့် - Shuttle+ Music Player v1.5.8 Apk

Posted: 05 Sep 2015 01:28 AM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

                                     

♪ ဖုန်းထဲမှာတင် ဂစ်တာတီးပြီးသီချင်းဆိုနိုင်တဲ့ - Ultimate Guitar Tabs & Chords v4.1.6 Apk (2-Sept) ♫

Posted: 05 Sep 2015 12:24 AM PDT

Ultimate Guitar Tabs apk

ဂစ်တာတီးရတာဝါသနာပါသူများအတွက် ဖုန်းထဲမှာတင် အပြင်မှာတီးတဲ့အတိုင်း ဂစ်တာကိုတီးခတ်နိုင်မယ့်  Ultimate Guitar Tabs & Chords v4.1.6 ကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဂစ်တာတီးလေ့ကျင့်ချင် သူများအတွက်လည်းအ ဆင်ပြေတာပေါ့ဗျာ။ နောက်ပြီး မိမိတီးခက်ထားတဲ့ ဂစ်တာသံတွေကိုလည်း Record လုပ်ပေးနိုင်ပါတယ်ဗျာ။ အရန်သင့် တီးခက်လေ့ကျင့်နိုင်မယ့် သီချင်းပေါင်းများစွာလည်းပါဝင် ပါသေးတယ်။ နောက်ထပ် ဂစ်တာနဲ့ ပက်သက်တဲ့ Feature တွေအများကြီးပါဝင်ပါသေးတယ်။ အောက်မှာ အသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။ တီးရမယ့် နမူနာပုံစံလေး ကိုအောက်မှာ Screen Shot ရိုက်ပြ ထားပါတယ်ဗျာ။ Android OS 2.3 နှင့် အထက်ဖုန်းများမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

App features:
• Popular songs from latest releases
• Guitar & ukulele chords, notes and scores for more than 400,000 songs
• Chord diagrams with fingering. Each chord features multiple variations
• Free daily updates
• Оffline access to favorite tabs
• Left-handed mode
• Quick search by type, difficulty, tuning and rating
• Autoscroll

Powerful upgrades (available as an in-app purchase):
• 200,000 additional tabs with playback and multiple instruments
• accurate tuner
• precision metronome
• chord library with over 2 mln guitar chords
• tab printing


Ultimate Guitar Tabs & Chords - screenshot
Ultimate Guitar Tabs & Chords - screenshot
Ultimate Guitar Tabs & Chords - screenshot
Ultimate Guitar Tabs & Chords - screenshot
Ultimate Guitar Tabs & Chords - screenshot
Ultimate Guitar Tabs & Chords - screenshot
Ultimate Guitar Tabs & Chords - screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

ဖုန်းထဲကနေ ကမ္ဘာကြီးထဲက နေရာစုံကိုလျှောက်သွားချင်သူတွေအတွက်

Posted: 05 Sep 2015 12:10 AM PDT

ကမ္ဘာပေါ်က အထင်ကရနေရာစုံကို ဖုန်းထဲကနေ အပြင်မှာတကယ်သွားလာနေရသလို
လျှောက်သွားကြည့်လို့ရမယ့် Google Street View app ထွက်ရှိလာပါပြီ။ ဒီ app လေးဟာ Android အတွက်တော့ထွက်ရှိထားတာနည်းနည်းကြာနေပြီဖြစ်ပေမယ့်
ယခုအခါမှာတော့ Android အတွက်ရော iOS အတွက်ရော Feature အသစ်တွေထပ်မံထည့်သွင်းပြီး
ထွက်ရှိလာတာပါ။

ကမ္ဘာ့နေရာအနှံက ကိုယ်သွားချင်တဲ့ အထင်ကရနေရာတွေ ၊ မြို့ကြီးတွေကို ဒီ Street View app လေးထဲကနေ ၀င်ပြီး ၃၆၀ ဒီဂရီ View နဲ့ ဟိုဟိုဒီဒီလမ်း လျှောက်ပြီးကြည့်ရှုနိုင်မှာပါ။ နောက်ပြီး ကိုယ် ကိုယ်တိုင်လည်း လက်ရှိ ကိုယ်ရောက်နေတဲ့ရှုခင်း မြင်ကွင်းနေရာကို ဒီ Google Street View app ကိုအသုံးပြုပြီး 360 Degree View နဲ့ရိုက် ၊ ပြီးရင် Google Maps ထဲမှာ တိုက်ရိုက်ပြန်တင်နိုင်ပါတယ်။ တခြားသူတွေလည်း ကိုယ်ရောက်နေတဲ့နေရာကို သူတို့ရဲ့ဖုန်းထဲကနေလာရောက်လည်ပတ်လို့ရတာပေါ့။

Google Street View app ကို မိမိတို့ရဲ့ iOS , Android ဖုန်းတွေမှာ စမ်းသပ်အသုံးပြုလိုသူများအတွက် အောက်က link များမှာ Download ရယူနိုင်ပါမယ်။

အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



ရတုအဆက်ဆက်

Posted: 05 Sep 2015 12:08 AM PDT




စ်ပတ်လည်အထိန်းအမှတ်လေးတွေမှာ သတ်မှတ်ထားတဲ့ဝေါဟာရလေးတွေရှိပါတယ်... မသိမရှိသေးသူတွေ မှတ်သားလေ့လာချင်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်.... နိုင်ငံဒေသပေါ်မူတည်ပြီး သတ်မှတ်ချက်တွေ အနည်းနဲ့အများ ကွာခြားမှုရှိပေမဲ့ အခြေခံအားဖြင့် တူညီပါတယ်...

♪ ၁ နှစ်မြောက် (Annual) >>> စက္ကူရတု (Paper)
♪ ၂ နှစ်မြောက် (Biennial) >>> ၀ါဂွမ်းရတု (Cotton)
♪ ၃ နှစ်မြောက် (Triennial) >>> သားရေရတု (Leather)
♪ ၄ နှစ်မြောက် (Quadrennial) >>> ပိုးရတု / ပန်းရတု (Silk / Flowers)
♪ ၅ နှစ်မြောက် (Quinquennial) >>> သစ်သားရတု (Wooden)
♪ ၆ နှစ်မြောက် (Sexennial) >>> သကြားရတု / သံရတု (Sugar / Iron)
♪ ၇ နှစ်မြောက် (Septennial) >>> သိုးမွေးရတု / ကြေးနီရတု (Woolen / Copper)
♪ ၈ နှစ်မြောက် (Octennial) >>> ကြေးညိုရတု / အိုးရတု (Bronze / Pottery)
♪ ၉ နှစ်မြောက် (Novennial) >>> ဥဿဖရားရတု / မိုးမခရတု (Topaz / Willow)
♪ ၁၀ နှစ်မြောက် (Decennial) >>> သံဖြူရတု/အလူမီနီယမ်ရတု (Tin / Aluminum)
♪ ၁၁ နှစ်မြောက် (Undecennial) >>> သံမဏိရတု (Steel)
♪ ၁၂ နှစ်မြောက် (Duodecennial) >>> ချည်ထည်ရတု (Linen)
♪ ၁၃ နှစ်မြောက် (Tredecennial) >>> ဇာရတု (Lace)
♪ ၁၄ နှစ်မြောက် (Quattuordecennial) >>> ဆင်စွယ်ရတု (Ivory)
♪ ၁၅ နှစ်မြောက် (Quindecennial) >>> ကျောက်သလင်းရတု (Crystal)
♪ ၂၀ နှစ်မြောက် (Vigintennial / Vicennial) >>> ကြွေရတု (China / Porcelain)
♪ ၂၅ နှစ်မြောက် (Quadranscentennial) >>> ငွေရတု (Silver)
♪ ၃၀ နှစ်မြောက် >>> ပုလဲရတု (Pearl)
♪ ၃၅ နှစ်မြောက် >>> ကျောက်စိမ်းရတု / သန္တာရတု (Jade / Coral)
♪ ၄၀ နှစ်မြောက် >>> ပတ္တမြားရတု (Ruby)
♪ ၄၅ နှစ်မြောက် >>> နီလာရတု (Sapphire)
♪ ၅၀ နှစ်မြောက် (Semicentennial / Quinquagenary) >>> ရွှေရတု (Golden)
♪ ၅၅ နှစ်မြောက် >>> မြရတု (Emerald)
♪ ၆၀ နှစ်မြောက် (Sexagennial / Sexagenary) >>> စိန်ရတု (Diamond)
♪ ၇၀ နှစ်မြောက် (Septuagennial) >>> ပလက်တီနမ်ရတု (Platinum)
♪ ၇၅ နှစ်မြောက် (Dodranscentennial) >>> စိန်ရတု (Diamond)
♪ ၁၀၀ နှစ်မြောက် (Centennial) >>> ရာပြည့်ရတု (Centenary)
------------------------------------------------
#နှိုင်းရင့်နွေ



Candy Crush ကို Lives + Booster ခိုးပြီးသားလေး-Candy Crush Jelly Saga APK MOD

Posted: 04 Sep 2015 11:45 PM PDT










Download
     
                         
                                    www.patheinit.com
                                       
Payephyokyaw

ဖုန်းမှာတင် Video & ဓာတ်ပုံတွေကိုတည်းဖြတ်နောက်ခံသီချင်းထည့်နိုင်တဲ့ - VivaVideo Pro:Video Editor App v4.4.3 Apk

Posted: 04 Sep 2015 11:38 PM PDT

Download
     
                         
                                    www.patheinit.com
                                       
Payephyokyaw

SpiderMan ဖိုက်တင်ဂိမ်းကောင်းလေး - SpiderMan Unlimited APK V1.7.1 Unlimited Money

Posted: 04 Sep 2015 11:31 PM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

Music တွေကိုဖုန်းမှာအကောင်းဆုံးနားဆင်နိုင်မယ့် - Equalizer + Pro (Music Player) v2.3.1 Apk

Posted: 04 Sep 2015 11:25 PM PDT

Download
     
                         

                                    www.patheinit.com
                                       
Payephyokyaw

                                     

♪ အပစ်အခက်နဲ့ Action ဂိမ်းကောင်းလေး - Crossfire : Zombie Defender APK v1.0 Modded Money ♫

Posted: 04 Sep 2015 10:28 PM PDT

  Crossfire : Zombie Defender- screenshot thumbnail

လက်နက်အဆန်းတွေနဲ့ ပစ်အခက် Action Game ကောင်းကောင်းလေးတစ်ခုရထားလို့တင်ပေးလိုက်ပါ တယ်ဗျာ။ မြို့ပျက်ကြီးထဲမှာ နေရာတိုင်းပြည့်နက်နေတဲ့ သူရဲတွေကိုလိုက်လံနိမ်နင်းရမယ့် Game ပုံစံမျိုးဖြစ် ပါတယ်ဗျာ။ ဇတ်လမ်းသွားပုံစံမျိုးကို အဆင့်တွေအများကြီးနဲ့ကစားရမှာဖြစ်ပါတယ်ဗျာ။ ကစားလို့အဆင်ပြေ နိုင်အောင် Hack ထားပြီးသား Game လေးကိုပဲတင်ပေးလိုက်ပါတယ်ဗျာ။ Money & Diamond တွေကို Unlimited အနေနဲ့ Hack ထားတာဖြစ်ပါတယ်ဗျာ။ Game ပုံစံကို အောက်မှာနမူနာကြည့်နိုင်အောင် Screen Shoot ရိုက်ပြထားပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။



   Crossfire : Zombie Defender- screenshot

   Crossfire : Zombie Defender- screenshot

   Crossfire : Zombie Defender- screenshot

   Crossfire : Zombie Defender- screenshot



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

♪ Internet Bill သက်သာစေမယ့် - Opera Mini Beta Web Browser v11.0.1912.95541 Apk ♫

Posted: 04 Sep 2015 09:45 PM PDT

Cover art

Android Phone တွေမှာ နာမည်ကြီးပြီးလူကြိုက်များတဲ့ Opera Mobile Web Browser လေးတစ်ခုကို တင်ပေးလိုက်ပါတယ်ဗျာ။ သူ့ကိုတင်ပေးလိုက်တဲ့ ရည်ရွယ်ချက်ကတော့ Telenor & Ooredoo နဲ့အင်တာ နက်အသုံးပြုသူတွေအတွက်ပိုပြီးသင့်တော်ပါတယ်။ ဘာလို့လည်းဆိုတော့ အခု Opera Mini Browser နဲ့ အသုံးပြုမယ်ဆိုရင် Internet Data အသုံးပြုမှုကိုလျှော့ချပေးမှာဖြစ်တဲ့အတွက် ပိုက်ဆံကုန်သက်သာစေပါ တယ်ဗျာ။ ကျွန်တော်စမ်းပြီးသုံးကြည့်ရသလောက် ပေါ့ပါးမြန်ဆန်မှုရှိတဲ့ Browser ကောင်း တစ်ခုဖြစ်ပါ တယ်ဗျာ။ Dwonloader ပါဝင်ပြီး Resume Download ပါရရှိမှာဖြစ်ပါတယ်။ Facebook ကိုလည်း Opera Browser နဲ့မြန်မြန်ဆန်ဆန်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ စမ်းပြီးအသုံးပြုချင်သူများအောက်က Link ကနေပြီးဒေါင်းယူနိုင်ပါပြီဗျာ။

Save data - See your daily savings and use less mobile data compared to other web browsers. Get faster internet and stretch your data plan.
Browse simply - Opera Mini's new user interface offers intuitive settings, and navigation for surfing the web.
Get more Facebook - New Facebook notifications keep you updated.
Browse privately - Go incognito with private tabs to prevent your browsing history from saving on your device.
Download smarter - With Opera Mini web browser, you can download multiple files in the background and postpone downloading large files until you're on Wi-Fi.
Night mode - Dim the screen, relieve your eyes





   Opera Mini web browser- screenshot         Opera Mini web browser- screenshot

   Opera Mini web browser- screenshot         Opera Mini web browser- screenshot

   Opera Mini web browser- screenshot         Opera Mini web browser- screenshot

   Opera Mini web browser- screenshot         Opera Mini web browser- screenshot


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

0 comments:

Post a Comment