Related Posts Plugin for WordPress, Blogger...

September 5, 2015

The Irrawaddy's Blog

The Irrawaddy's Blog


အိန္ဒိယတွင် ကွန်ဒုံကြော်ငြာတခုကြောင့် လိင်အကြမ်းဖက်မှု ပိုမိုဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးသမားတဦးက ဝေဖန်

Posted: 04 Sep 2015 03:39 AM PDT


သရုပ်ဆောင် ဆန်နီလီယိုနဲ
ဘောလီးဝုဒ်မင်းသမီးတဦးလည်းဖြစ် ယခင်က အပြာဇာတ်ကား  မင်းသမီးတဦးလည်းဖြစ်သူရဲ့ ကွန်ဒုံကြော်ငြာ တခုကြောင့် အိန္ဒိယတွင် လိင်အကြမ်းဖက်မှုကိစ္စတွေ ပိုမိုမြင့်တက်လာနိုင်ဖို့ နည်းပေးလမ်းပြဖြစ်လာနိုင်ကာ လူမှုရေးကိစ္စရပ်တွေမှာလည်း ပြင်းထန်တဲ့ အကျိုးဆက်တွေ ရလာနိုင်တယ်လို့  အိန္ဒိယနိုင်ငံရေးသမားတဦးက မကြာသေးခင်ကာလလောက်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကွန်မြူနစ်ပါတီနိုင်ငံရေးသမားတဦးဖြစ်တဲ့ အထူအဂျန် က အိန္ဒိယ-ကနေဒီယမ် သရုပ်ဆောင် တဦးဖြစ်တဲ့ ဆန်နီ လီယိုနဲ ရဲ့ ကမ်းခြေတခုတွင် ရိုက်ကူးထားသော ကွန်ဒုံ တီဗီကြော်ြ ငာကို   ရည်ရွယ်ပြောဆိုလိုက်ခြင်းပါ။


"ဒီကြော်ငြာဟာ လိင်ပိုင်းဆိုင်ရာမှုာ မကောင်းတဲ့ တွေးခေါ်မှုတွေကို ကြီးထွားလာစေနိုင်ခြင်းနဲ့ သင်တို့ရဲ့ အရှက်အကြောက်တရားကို သတ်ပစ်လိုက်တာပဲ" ဟု အဂျန်က   ပြောဆိုခဲ့တယ်လို့ Indian Express newspaper ရဲ့ အဆိုအရ သိရပါတယ်။

"ဒီကြော်ငြာတွေကို တီဗီမှာ ဆက်လက်ပြသနေဦးမယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေဟာလည်း ပိုမိုတိုးပွားလာနေဦးမှာပဲ" လို့ အဂျန်က ထပ်မံပြောဆိုပါတယ်။

အသက် ၃၄ နှစ်အရွယ် သရုပ်ဆောင် လီယိုနဲဟာ ၂၀၁၁ ခုနှစ်က စလို့ အိန္ဒိယသို့ ပြောင်းရွေ့လာကာ     ဘောလီးဝုဒ် သရုပ်ဆောင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလာသူပါ။ နိုင်ငံရေးသမားတယောက်အနေနဲ့ သရုပ်ဆောင်တယောက်အတွက် အချိန်ကုန်ခံမနေသင့်ပဲ ပြည်သူ့အတွက်ကိုသာ အာရုံစိုက်ထားသင့်တယ်လို့ နိုင်ငံရေးသမား အဂျန်ကို တွစ်တာတွင် ပြန်လည် ပြစ်တင်ပြောဆိုတာတွေလည်းရှိလာပါတယ်။

ထို့နောက် အဂျန်ဟာ လီယိုနဲရဲ့ ပရိတ်သတ်တွေအား သူ့ရဲ့ဝေဖန်ချက်တွေနဲ့ပတ်သက်လို့ ပြန်လည်         တောင်းပန်ခဲ့ပေမယ့်လည်း သူ့ရဲ့ယူဆချက်အပေါ်မှာဘဲ မားမားမတ်မတ် ရပ်တည်နေဆဲပါ။

"ကျနော်တောင်းပန်ပါတယ်။ ဒါပေမယ့် ကျနော် အဲ့ဒီကြော်ငြာဘက်ကနေ ရပ်တည်မှာမဟုတ်ဘူး" လို့ Times of India newspapaer မှာပြောဆိုသွားပါတယ်။


ကိုးကားသတင်း။  ။ http://time.com/4022580/atul-anjan-sunny-leone-condom-ads-rape-india/


Tattoo အသေးစားလေးများ

Posted: 04 Sep 2015 01:48 AM PDT



အခုနောက်ပိုင်း လူငယ်တွေက အထာကျတဲ့ Fashion ကို အသားပေးလာကြရာမှာ အဝတ်အစားဒီဇိုင်းတွေအပြင် တခြား Accessories တွေကိုပါ အလေးထားလာကြပါတယ်။ သူ့ထက်ငါ သာတဲ့ ဒီဇိုင်းလေးတွေနဲ့ အပြိုင်လန်းလာကြပြီး အဲဒီလို လန်းလာကြသူတွေနဲ့အတူ ပါလာတာကတော့ Tattoo သေးသေးလေးတွေပါ။


Tattoo ဆိုတဲ့ ဝေါဟာရဟာ ခရစ်နှစ် ၁၇၆၉ လောက်မှာ စပေါ်ခဲ့တယ်လို့သိရပါတယ်။ ပေါ်လီနေးရှင်းတွေရဲ့Tatau ဆိုတဲ့ စကားသံက ဆင်းသက်လာတာပါ။ အရေပြားပေါ်မှာ အမှတ်အသားတခု လုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဘာပဲဖြစ်ဖြစ် လူအတော်များများကတော့ Tattoo ကို အနုပညာတရပ်အဖြစ် လက်ခံဖို့ ခဲ  ယဉ်းနေဆဲပါပဲ။ မြန်မာ့သမိုင်းကြောင်းမှာတော့ ခါးအထက် နံနှစ်ဘက်ကနေ ဒူးအထိ မြရောင်လို စိမ်းနေအောင် ဆေးမင်ထိုးမှ ယောက်ျားပီသသူရယ်လို့ သတ်မှတ်ချက် မျိုးတွေ ရှိခဲ့ပါတယ်။


အခုခေတ်လူငယ်တော်တော်များများကတော့ Tattoo ထိုးတာကို စိတ်ဝင်စားလာကြပါတယ်။ ယောက်ျားလေးတွေတင် မဟုတ်ဘဲ လူငယ်မိန်းကလေးတချို့ပါ စိတ်ဝင်တစားနဲ့ Tattoo ထိုးဖို့ ကြိုးစားလာကြပါပြီ။ လူ  ကြီးတွေကတော့ Tattoo ထိုးတာကို သဘောမတွေ့တာများပါတယ်။

အခုလက်ရှိအသက် ၅၀ကျော်၊ ၆၀တန်း အရွယ်တွေ လူငယ်ဘဝက ဆံပင်ရှည်ထားတာ၊ ခေါင်းလောင်း    ဘောင်းဘီဝတ်တာကို သူတို့မိဘတွေက လက်မခံခဲ့သလိုဘဲ အခုလူငယ်တွေ Tattoo ထိုးတာကို လူကြီးတွေက ကန့်ကွက်တဲ့ သဘောပါပဲ။

Tattoo ဝါသနာပါသူ လူလတ်ပိုင်း ယောက်ျားကြီးတွေကတော့ မြင်သာထင်သာတဲ့ နေရာတွေမှာ ဒီဇိုင်း   ဆန်းဆန်းပြားပြားတွေကို အပြည့်ထိုးလာကြပေမယ့် လူ ငယ်မိန်းကလေးတွေကတော့ မသိမသာလေး၊ လူငယ်အချင်းချင်းလောက်ပဲ သိရအောင် Tattoo သေးသေးလေးတွေ ထိုးလာကြပါတယ်။

ဥပမာလက်ချောင်းလေးတွေပေါ်မှာ၊ ဆံပင်နဲ့ကွယ်နေတဲ့ လည်ကုတ်သားပေါ်မှာ၊ နားရွက် နောက်နားလေးမှာ၊ လက်ဖျံပေါ်မှာ စသဖြင့်ပေါ့။

အခုဖော်ပြချင်တာကတော့ သိပ်မသိသာ၊ မမြင်သာတဲ့နေရာလေးတွေမှာ Tattoo ထိုးပြီး အထာကျကျနဲ့   လန်းနိုင်ဖို့ သေးကွေးတဲ့ အရွယ်အစားနဲ့ ချစ်စရာကောင်းတဲ့ Tattoo design အဆန်းလေးတွေပါပဲ။ ကဲ ဒီTattoo လေးတွေထိုးပြီး အိမ်ကမသိအောင် အထာကျကျလေး လန်းကြရအောင်။


ထက်ဦးဝေ

0 comments:

Post a Comment