Related Posts Plugin for WordPress, Blogger...

September 8, 2015

The Irrawaddy's Blog

The Irrawaddy's Blog


မီးဖိုချောင်နံရံနောက်က နှစ်(၅၀)ကျော် သိမ်းဆည်းထားခဲ့တဲ့ ဒေါ်လာ၅သောင်းနှင့် စိတ်ဝင်စားစရာ သဲလွန်စများ

Posted: 07 Sep 2015 10:12 PM PDT




အံ့အားသင့်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု အမေရိကန်နိုင်ငံ ဖီးနစ်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အဲဒီနယ်မှာရှိတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ မီးဖိုချောင်အတွက် ပြန်လည်ပြုပြင် ပြင်ဆင်မှုများကို       လုပ်နေစဉ်မှာ နံရံနောက်ကွယ်မှာ ၀ှက်ထားတဲ့ ဒေါ်လာ ၅သောင်းကို တွေ့ရှိခဲ့ရခြင်းပါ။

ဒီ အဖြစ်အပျက်အကြောင်းကို ဇနီးသည်ဖြစ်သူက Imgur ဆိုတဲ့ လူမှုမီဒီယာတစ်ခုမှာ ဖော်ပြပြောဆိုခဲ့ပါ တယ်။



သူမနဲ့ သူမရဲ့ခင်ပွန်းသည်ဟာ မီးဖိုချောင်ကို ပြင်ဆင်နေစဉ်အတွင်း မီးဖိုချောင်နံရံတစ်ခုရဲ့နောက်ကွယ်မှာ မီးခံသေတ္တာနဲ့  နှစ်ပေါင်းများစွာ သိမ်းဆည်းထားတဲ့ ဒေါ်လာ (၅)သောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။




အဲဒီအချိန်တုန်းက နံရံကိုဖယ်လိုက်စဉ် ဆေးဗီဒိုနောက်ကွယ်မှာ မီးခံသေတ္တာရဲ့လျို့ဝှက်နံပါတ်ကို တွေ့ရပြီး မီးခံသေတ္တာကို ကုတ်နဲ့ ဖွင့်ဖို့ (၆)ကြိမ်လောက် ကြိုးစားခဲ့ရပါတယ်လို့ ဇနီးမောင်နှံနှစ်ဦးဟာ သူတို့မှတ်မိတဲ့ အကြောင်းကို ပြန်ပြောင်းအောက်မေ့ ပြောဆိုထားပါတယ်။

မီးခံသေတ္တာကို ဖွင့်လိုက်ချိန် တွေ့လိုက်ရတာကတော့  (၁၀၀)တန် ပါဝင်တဲ့ ဒေါ်လာ (၅၁,၀၈၀)နဲ့ (၁၉၆၀)ခုနှစ် ရက်စွဲပါ ၀ီစကီတစ်ပုလင်းပဲ ဖြစ်ပါတယ်။ "ကျွန်မတို့ မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ခဏနေဦး.. အဲဒါထောင်ချောက်တစ်ခုဖြစ်နိုင်တယ်လို့တောင် အယ်ဒီ့ကို အော်ပြောလိုက်ပါသေးတယ်။ အခုထက်ထိ အဲဒါကို ပြန်ပြောပြီး ရယ်နေကြပါသေးတယ်။" လို့ ဇနီးသည်ဖြစ်သူက ဆိုပါတယ်။ အဲဒီမီးခံသေတ္တာထဲမှာနောက်ထပ် ရှိနေတာတစ်ခုကတော့ စာရေးဆရာ E.F. Schumacher ရေးသားပြီး (၁၉၇၇)ခုနှစ်မှာ ထုတ်ဝေထားတဲ့ "'A Guide for the Perplexed" စာအုပ်ပဲ ဖြစ်ပါတယ်။

စာအုပ်ကြားထဲမှာတော့ အမည်မသိသူတစ်ဦးရဲ့ အဖြူအမည်းဓါတ်ပုံတစ်ပုံပါရှိပြီး ဓါတ်ပုံရဲ့ နောက်ဖက်မှာတော့ "အယ်လင်ရေ၊ နင်ဖတ်သင့်တဲ့စာအုပ်တစ်အုပ် ငါ့မှာရှိတယ်၊ စာအုပ်ထဲမှာ အဓိကကျတဲ့ စာသားလေးတွေ ကိုလည်း မျဉ်းတားထားပေးတယ်... မှ နင့်ရဲ့ သူငယ်ချင်းဗင်းဆင့်" လို့ရေးသားထားပါတယ်။


အဲဒီနောက်မှာတော့ သဲလွန်စလို့ထင်ရတဲ့ အရာများကို စာမျက်နှာအတော်များများ မှာတွေ့ရပါတယ်။ စာမျက်နှာနံပတ် (၇)မှာတော့ "On Philosophical Maps" ခေါင်းစဉ်ပါစာပိုဒ်ကို မျဉ်းသားထားပြီး စာသားမှာတော့ "တကမ္ဘာလုံးကို ခြုံငုံကြည့်ဖို့ရန် မြေပုံကို အသုံးပြုဖို့လိုအပ်ပြီး အထူးထူးအထွေထွေသော အကြောင်းအရာများကို သိရှိဖို့ အချို့သော အစီအစဉ်များနဲ့ ကြောရိုးများကို ကြည့်ရှုရန်လိုအပ်ပါသည်။" ဟူ၍ဖြစ်ပါတယ်။ စာမျက်နှာနံပတ် (၇)နောက်ဖက်မှာ ကပ်ထားတာကတော့ အရီဇိုးနားပြည်နယ်ပုံနဲ့ ကတ်ကလေးတစ်ကတ်ဖြစ်ပါတယ်။



စာမျက်နှာ (၁၁)မှာတော့ အိမ်ပုံတစ်ပုံညှပ်ထားပြီး အဲဒီပုံရဲ့အောက်မှာတော့ " အဲဒီမှာ ရလဒ်ကောင်းတွေ ရခဲ့တယ်" လို့ရေးသားထားပါတယ်။ အဲဒီပုံရဲ့နောက်ဖက်မှာတော့ အကိုင်းသုံးခွပါရှိတဲ့ သစ်ပင်ပုံတစ်ပုံကို ပြထားပြီး "သစ်တစ်ပင်မှသုံးပင်" ဆိုတဲ့စာသားလေးရေးထားပါတယ်။

အမျိုးသမီးတစ်ဦးကလည်း "တစ်စုံတစ်ယောက်မှာတော့ အဲဒီနေရာကိုမှတ်မိတဲ့ မျက်လုံးတစ်စုံရှိနေမှာပါ။ အဲဒီအကိုင်းသုံးခွရှိတဲ့အပင်အကြောင်းကို ငါလည်းသိချင်တယ်" လို့ရေးသားထားပါတယ်။

စာမျက်နှာ (၁၄)မှ မျဉ်တားထားတဲ့စာပိုဒ်မှာတော့ " စစ်မှန်တဲ့ပျော်ရွှင်မှုကို လက်ရှိလောကမှာရှိတဲ့သူတွေ အသုံးပြုနေတဲ့နည်းလမ်းတွေနဲ့ရယူနိုင်မှာမဟုတ်ဘူးဆိုတာကို မော်ဒန်ခေတ်စာဖတ်ပရိတ်သတ်တွေအတွက် ယုံကြည်ဖို့ခက်ခဲနေပါလိမ့်မယ်" လို့ဖော်ပြထားပါတယ်။ အဲဒါအပြင် ဘင်ဂိုကစားနည်းကတ်ပေါ်မှာပါတဲ့နံပါတ် (၃)ခုကိုလည်း ၀ိုင်းပြထားပါသေးတယ်။



ဖြစ်နေချေရှိတာကတော့ ဒီကိစ္စမှာ အမျိုးသမီးတစ်ဦးနဲ့ သူ့မိတ်ဆွေတစ်ဦးပါဝင်ပြီး သူတို့နှစ်ဦးဟာ ဒီပိုက်ဆံတွေနဲ့ ပတ်သက်လို့ ဘာလုပ်မယ်ဆိုတာကို မဖော်ပြထားပေမယ့် "အကယ်၍ အယ်လင်သာ သက်ရှိထင်ရှားရှိနေသေးရင် ဒါတွေဟာ သူ့အတွက်ပါပဲ" လို့ အဲဒီအမျိုးသမီးက ရေးသားခဲ့ပါတယ်။



ခင်အေးမြလွင်

ကိုးကားသတင်း။ ။http://www.mirror.co.uk/news/world-news/couple-amazed-whats-inside-50-6334390?ICID=FB_mirror_main

အသက် ၂၀ အရွယ် လူငယ်တဦးရဲ့လက်ရာမြောက် စက္ကူ ရုပ်လေးများ

Posted: 07 Sep 2015 03:28 AM PDT





ပုံမှာမြင်ရတဲ့ လက်ရာမြောက်သော အနုပညာလက်ရာတွေကို တရုတ်ပြည်တောင်ပိုင်း Guangxi မှ တရုတ်အနုပညာရှင် Qin Kun က စက္ကူစာရွက်များနဲ့ ပြုလုပ်ထားတာပါ။ အဲ့ဒါလေးတွေက နဂါးများ၊ ဇီးကွက်များ၊ လူပုံသဏ္ဍန် အရုပ်လေးများပါ။



အသက် ၂၀ အရွယ် တရုတ်လူငယ်အနုပညာရှင်တဦးဖြစ်တဲ့ Qin Kun ဟာ ဒီပညာရပ်ကို အမည်မသိ ပြင်သစ်လူမျိုးအနုပညာရှင်တဦးထံမှ သင်ယူခဲ့တာဖြစ်ပြီး ၁၂ နှစ်တိုင်တိုင် အချိန်ပေး လေ့လာခဲ့တယ်လို့ စင်ဟွာ သတင်းဌာနရဲ့ အဆိုအရ သိရပါတယ်။ Qin ဟာ အထူးသဖြင့် စာရွက်များနှင့် တိရိစ္ဆာရုပ်များ၊ လူပုံများကို ပြုလုပ်တဲ့နေရာမှာ ပိုကျွမ်းကျင်ပုံရပါတယ်။






Capsaicin ပါတဲ့ ခရင်မ် ဆောင်ထားပါ

Posted: 07 Sep 2015 02:18 AM PDT


ကြွက်သားနဲ့ အရိုးအဆစ် နာကျင်ကိုက်ခဲမှုတွေအတွက် Capsaicin ပါတဲ့ ခရင်မ် သို့မဟုတ် လိမ်းဆေးကို တနေ့ ၂ ကြိမ်၊ သို့မဟုတ် ၃ ကြိမ် လိမ်းပေးနိုင်ပါတယ်။ Capsaicinဟာ ငရုတ်သီးနဲ့ ငရုတ်ကောင်းတို့မှာ ပါဝင်တဲ့ သဘာဝ အပူဓာတ်တမျိုး ဖြစ်ပါတယ်။ ငရုတ်ကောင်းရဲ့ အပူက နာကျင်မှုကို သက်သာစေနိုင်ကြောင်း တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။

“ပန်းချီပညာကို သေချာလေ့လာဖို့ စိတ်ကူးရှိပါတယ်”

Posted: 07 Sep 2015 01:23 AM PDT





ဝေယံလှမော်
အသက် (၁၇) နှစ်
သင်္ချာ အဝေးသင် ပထမနှစ်၊ ရန်ကုန်အရှေပိုင်းတက္ကသိုလ် (တာဝ)

ကျနော်က အခု လက်ရှိမှာ English Speaking သင်တန်းတွေ တက်နေပြီးတော့ ဂျပန်ဘာသာစကား သင်တန်း တက်ဖို့လည်း အစီအစဉ်ရှိပါတယ်။ အခုလောလောဆယ်တော့ ကျောင်းစာမေးပွဲနီးပြီမို့လို့ ကျောင်းကျူရှင်ကိုပဲ ဦးစားပေးတက်နေပါတယ်။

ကျနော်က ကျောင်းပြီးသွားရင်း သင်္ဘောလိုက်ဖို့ စိတ်ကူးထားပါတယ်။ သင်္ဘောလိုက်မှာမို့လို့ သင်္ဘောသား သင်တန်းတက်ဖို့ အစီအစဉ်ရှိပေမယ့် လက်ရှိ အသက်မပြည့်သေးလို့ စောင့်နေရပါတယ်။ သင်္ဘောဘက်မှာက ဦးလေးတွေ၊ အစ်ကိုတွေလည်းရှိတော့ ကျနော် အသက် (၁၈) နှစ်ပြည့်ပြီးသွားရင် လူကြီးတွေက လိုအပ်တာတွေ လိုက်လုပ်ပေးမှာပါ။

ဘာလို့ သင်္ဘော လိုက်ချင်လဲဆိုတော့ ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ချမ်းသာချင်တာပါ။ ချမ်းသာမှ ကျနော့် မိဘတွေကိုလည်း ဒီထက်ပိုပြီး ကျေးဇူးဆပ်နိုင်မယ်။ ပြီးတော့ ပရဟိတတွေလည်း ပိုလုပ်နိုင်မယ်။ အခုကျနော်တို့က သိပ်မချမ်းသာတော့ ချမ်းသာဖို့က ကျနော့်ရဲ့ ရည်ရွယ်ချက်ပါ။

ငယ်ငယ်က ပုံဆွဲတာဝါသနာပါလို့ ပန်းချီဆရာဖြစ်ချင်တယ်။ အခုလည်းကျနော်ပုံတွေဆွဲဖြစ်ပါတယ်။ ကျနော့်စိတ်ထဲမှာ လေးစားရတဲ့သူတွေ၊ နောက်ပြီး ကျနော်သဘောကျတဲ့ ကာတွန်းပုံလေးတွေ၊ သဘာဝ အလှပုံတွေကို အများဆုံး ဆွဲဖြစ်ပါတယ်။

ကျနော် လေးစားရတဲ့သူတွေထဲက ဒေါ်အောင်ဆန်းစုကြည်ပုံကို ဆွဲပြီးပါပြီ။ နောက်ထပ် ဗိုလ်ချုပ်အောင်ဆန်းပုံဆွဲဖို့ အစီအစဉ်ရှိပါတယ်။ ပုံက သိပ်အများကြီးတော့ မဆွဲဖြစ်သေးပါဘူး။ ပန်းချီနဲ့ ပတ်သက်ပြီး ကျနော် သင်တန်းတွေတော့ မတက်ဖူးပါဘူး။ အင်တာနက်မှာတော့ ကြုံရင်ကြုံသလို လေ့လာဖြစ်ပါတယ်။

ပုံဆွဲတာကို လက်ရည်တက်လာဖို့ကတော့ ကျနော် အာရုံစိုက်ပါတယ်။ အာရုံစိုက်လေလေ လက်ရည်တက်လေလေပါပဲ။ ပြီးတော့ ပုံတပုံ ဆွဲပြီးတိုင်းမှာ ကျနော်လက်ရည်တက်လာတယ်လို့ ခံစားရတယ်။ ပန်းချီပညာကို သေချာ လေ့လာဖို့ စိတ်ကူးရှိပါတယ်။ သင်တန်းတွေလည်း စုံစမ်းထားပါတယ်။

ကျနော်လေးစားရတဲ့ ပန်းချီဆရာက ကမ္ဘာကျော် ပန်းချီဆရာ "လီယိုနာဒိုဒါဗင်ချီ" ပါ။ ကျနော် အကြိုက်ဆုံးပန်းချီကားက သူစိတ်ကူးနဲ့ ဆွဲသွားတဲ့ "ဟယ်လီကော်ပတာပုံ" ပန်းချီကားပါ။ သူက စိတ်ကူးနဲ့ဆွဲသွားပေမယ့် နောက်လူတွေက အဲဒီပုံကို အတုယူပြီး ဟယ်လီကော်ပတာကို တီထွင်လာကြတယ်။ သူ့စိတ်ကူးက အခုခေတ်ထိ အကျိုးပြုနေတုန်းပါပဲ။

အင်တာနက်သုံးရင် ဘာတွေလုပ်ဖြစ်လဲဆိုတော့ အဓိက ကတော့CoC ဂိမ်း ကစားဖြစ်တယ်။ ကျန်တာကတော့ ကျောင်းက ဆရာမတွေကို Viber မှာ စာတွေမေးတယ်။ သူငယ်ချင်းတွေနဲ့ နည်းနည်းပါးပါး Chat ဖြစ်ပါတယ်။ ကျန်တာကတော့ ကျနော် ပရဟိတလုပ်တာနဲ့ သီချင်းဆိုတာ ဝါသနာပါပါတယ်။

ဘယ်ပရဟိတအဖွဲ့မှာလဲဆိုတော့ ကြုံတဲ့အဖွဲ့မှာ ကြုံတဲ့ ပရဟိတကို လုပ်ပါတယ်။ လမ်းထဲက ရပ်ကွက်ဓမ္မာရုံမှာလည်း ကျနော် လုပ်အားပေးပါတယ်။ ပရဟိတအပေါ် ခံယူချက်ကတော့ ပရဟိတဆိုတာ အကူအညီလိုတဲ့သူတွေကို ကူညီတာပေါ့နော်။ ပရဟိတလုပ်နေရရင် ပျော်တယ်။ ကျနော်ကတော့ ကျနော့်မှာ ငယ်     ငယ်လေးတည်းက အလုပ်တခုကို လုပ်မယ် လို့ စဉ်းစားထားရင် ဖြစ်အောင်လုပ်တတ်တဲ့ အကျင့်တခုရှိတယ်ဗျ။

အဲဒါကြောင့် ကျနော့် ရည်မှန်းချက်ကို ဘယ်လိုအခက်အခဲတွေပဲရှိရှိ ကျနော်ရောက်အောင်သွားမှာပါ။     ကျနော် လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့"No pain, no gain" ပါ။ ကျနော့် အဓိက ရည်မှန်းချက် ပန်းတိုင်ကတော့ သင်္ဘောသားတယောက် ဖြစ်ဖို့ပါ။

ကျနော် အားတဲ့အချိန်တွေမှာ ပုံဆွဲတယ်၊ စာဖတ်တယ်။ ဘယ်လိုစာမျိုးတွေ ဖတ်ဖြစ်လဲဆိုတော့ သုတ၊ ရသ အစုံဖတ်ပါတယ်။ ဆရာချစ်ဦးညိုဆိုရင် ကျနော် လေးလည်းလေးစားတယ်၊ ကြိုက်လည်း ကြိုက်ပါတယ်။ ဆရာ့ စာအုပ်တွေထဲမှာ "လင်္ကာဒီပချစ်သူ"က ကျနော်အကြိုက်ဆုံးပါ။

ဆရာဖေမြင့်နဲ့ တခြား စာရေးဆရာတွေလည်း ကြိုက်ပါတယ်။ အကြိုက်ဆုံးစာအုပ်ကတော့ စာရေးဆရာ ဦးလှဝင်း(လေသူရဲတစ်ဦး)ရဲ့"ပါပီလွန်နှင့် ဗင်ဂို" စာအုပ်ပါ။ ကျနော်စိတ်ဓာတ်ကျတဲ့ အချိန်တိုင်း အဲဒီစာအုပ်ကို ပြန်ပြန်ဖတ်ပါတယ်။

ကျနော်လေးစား အားကျရသူကတော့ စတိဗ်ဂျော့ပါ။  ဒီနိုင်ငံမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက မြန်မာအမျိုးသမီးတွေထဲမှာ Nobel ဆုကို ရထားတဲ့သူမို့လို့ပါ။  အခုခေတ် ကြိုးစားနေ  ကြတဲ့ လူငယ်တွေကိုတော့ ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကိုရောက်အောင် သွားပါလို့ ပြောချင်ပါတယ်။ ။


ထက်ဦးဝေ

0 comments:

Post a Comment