မောင်ပေါက် ( Maung Pauk ) |
- ဖုန်းကို အရေးပေါ် ဓါတ်မီးအဖြစ် သုံးချင်တဲ့ သူများအတွက်-Easy FlashLight / LED v1.3.13 Apk
- ဖုန်းထဲမှာ Virus တွေကြောက်ကြောက်နေသူများအတွက် Virus ကာကွယ်မယ့်-CM Security Antivirus AppLock v2.7.2Apk
- ViVo တွေ Root ဖောက်ခက်နေသူများအတွက် All ViVo insecure boot
- ♪ မိမိလိုချင်တဲ့ သီးချင်းသံစဉ် ၊ စာသားလေးတွေကိုသီးသန့်ဖြတ်ယူနိုင်တဲ့ - MP3 Cutter v3.0 Ad free Apk (24-Aug) ♫
- ♪ ဟန်းဆက်ပေါင်းများစွာကို Click တစ်ချက်နဲ့ Root ဖောက်နိုင်တဲ့ - Kingroot v4.5.0.901 Apk (6-Sept) ♫
- ဖုန်းကို ဗိုင်းရပ်မ၀င်အောင်ကာကွယ်ပေးမယ့် - AntiVirus PRO Android Security v4.4.2 Apk
- ဖုန်းကိုလေးနေတာတွေ ရှင်းပြီး ပေါ့ပါးသွက်လက်စေမယ့် - Cleaner – Speed Booster Pro v2.0.6 Apk
- ♪ ဖုန်းခေါ်ဆိုသူရဲ့ပုံကို Screen အပြည့်မြင်တွေ့ရမယ့် - HD Full Screen Caller ID Pro v3.1.2 Apk (26-Aug) ♫
- ♪ ဖိုင်ဆိုဒ်အကြီးကြီးတွေကိုလွယ်ကူလျှင်မြန်စွာရှာဖွေဒေါင်းယူနိုင်တဲ့ - tTorrent Pro – Torrent Client v1.5.3 Apk (4-Sept) ♫
- Lock Screen အလန်းစားလေး -OS8 Lock Screen
- ဖုန်းမှာအသံချိန်းနိုင်တဲ့ - Mega Voice Changer apk
- ရန်သူ့စစ်စခန်းထဲက ဓာတ်ခန်းခွဲကိုဖျက်ဆီးရမယ့်ဂိမ်းလေး - Z.O.N.A Project X APK V1.02 MOD Unlimited Ammo + Health
- မီးလောင်နေတဲ့ဒီဇိုင်းနဲ့ဖုန်းမှာလန်းနိုင်မယ့် - Fire – Solo Theme v: 2.0
- ဗိုင်းရပ်ကူစက်ခံရတဲ့ Zombile တွေကိုနှိမ်နှင်းရမယ့် -Zombie Defense 2: Episodes APK V1.71 MOD Unlimited All
- ဥာဏ်ကောင်းစေရန် နည်းလမ်း ၁၀ချက်
- လူသိနည်းသော စတိဗ်ဂျော့အကြောင်း ၁၀ချက်
- ရန်သူတွေကို Defenders တည်ဆောက်တိုက်ခိုက်ရမယ့် - Goblin Defenders 2 APK V1.6.310 MOD Unlimited Money
| ဖုန်းကို အရေးပေါ် ဓါတ်မီးအဖြစ် သုံးချင်တဲ့ သူများအတွက်-Easy FlashLight / LED v1.3.13 Apk Posted: 07 Sep 2015 10:58 AM PDT ![]() ဒါကတော့ ဓါတ်မီးမရှိရင် မိမိရဲ့ ဖုန်းကို ဓါတ်မီးအဖြစ် သုံးချင်တဲ့သူများ အတွက် ပြုလုပ်ထားတဲ့ application ပါ။ ရိုးရိုး ဖုန်းမီးနဲ့ဆိုရင် အလင်းရောင်က သိပ်ပြီးတော့ မမြင်ရသလိုပါပဲ။ ခု ဒီ application နဲ့ စမ်းကြည့်ကြည့်လိုက်ပါ။ မီးအလင်းရောင်နဲ့ အမှောင်ထဲမှာ ရှာချင်တာ ရှာလို့ရတာပေါ့။ ထွန်းထားလည်းပဲ ရပါတယ်။ တော်တော်လေး အဆင်ပြေပါတယ်။ မီးပျက်တဲ့ အချိန်တွေမှာဆို ထွန်းထားရင် လင်းထိန် နေတာပါပဲ။ ကဲလိုချင်တဲ့သူများ အောက်မှာ ယူလိုက်ပါ။နမူနာအနေနဲ့ အောက်မှာ Screen Shot တွေရိုက်ပြ ထားပါတယ်။ Android OS 2.3နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။File Size ကလည်း 3.5MB လေးပဲရှိတာမို့ လိုအပ်ရင်သုံးနိုင်ဖို့အတွက်ဒေါင်း ယူထားစေချင်ပါတယ်ဗျာ။ Download Here |
| Posted: 07 Sep 2015 10:56 AM PDT ![]() Android OS နှင့် Tablet ကိုင်ဆောင်းထားသူအများအတွက်-Update ထွက်လာသော Security Antivirus လေးကိုတင်ပေးလိုက်ပါတယ်။ ဖုန်းထဲမှာ Virus ဝင်းလာမှာ ကိုကြောက်ကြောက်နေသူများ Virus ကြောင့် လေးလန်နေသူများ ဒီကောင်လေးကိုဆောင်ထားသင့်ပါတယ်။ ဘာဖြစ်လိုဆိုရင် ဒီကောင်လေးကတော့ Antivirus တွေ ကောင်းဆုံးကာကွယ်ပေးနိုင်တဲ့ apk လေးတစ်ခုထဲမှာ ဒီကောင်က ပထမဆုံးအဆင့်လောက်ကိုရောက်ရှိနေပါတယ်။ Lock Contacts, WhatsApp, Facebook messenger,Lock Gallery, Photo, and files တွေကို lock apk တစ်ခုအဖြစ်အသုံးပြုလို့ရသလို antivirus and security တွေကိုလည်း 100% အဖြစ်လည်းကာကွယ်ပေးပါတယ်ဗျာ။ဖိုင်းဆိုဒ်လေးကတော့ 8.91MB ဖြစ်ပြီး Android OS အားမှာသုံးနိုင်ပါတယ်ဗျာ။ Download Here |
| ViVo တွေ Root ဖောက်ခက်နေသူများအတွက် All ViVo insecure boot Posted: 07 Sep 2015 05:23 AM PDT ![]() တင်ပေးသူကိုတော့ မမှတ်မိတော့ပါ.. ကျွန်တော် ဒေါင်းထားတာ အတော်ကြာပါပြီ.. မိတ်ဆွေတစ်ယောက်က မေးရင်း သတိရလာလို့ တင်ပေးလိုက်ပါတယ်.. ViVo Y-22, Y-15, Y-28 တွေ Root ဖောက်ဖို့အတော်ခက်ပါတယ်.. အခု ကျွန်တော် တင်ပေးထားတဲ့ insecure boot ကို Fastboot ကနေ Flash ပြီး vRoot နောက်ဆုံးထွက် နဲ့ Root လို့ရပါတယ်.. ကျွန်တော် စမ်းသပ်ပြီးသားပါ.. insecure boot လုပ်ပြီး တင်ပေးထားတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်.. အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org All ViVo insecure boot.zip: 13.9 Mb UserCloud Download LinkDailyUploads Download LinkMediafire1 Download Link |
| Posted: 07 Sep 2015 05:03 AM PDT Android ဖုန်းတွေမှာ mp3 သီချင်းတွေကိုမိမိလိုသလိုဖြတ်တောက်ချင်သူတွေအတွက် MP3 Cutter Pro v3.0 apk လေးကိုတင်ပေးလိုက်ပါတယ်ဗျာ ။ Ringtone လုပ်ချင်သူများအတွက် မိမိလိုချင်တဲ့ သီချင်း ရဲ့ သီးသန့် စာသားလေးတွေ သံစဉ်လေးတွေကိုပဲ လိုသလိုဖြတ်တောက်နိုင်မှာပေါ့ဗျာ။ မိမိဒီကောင်လေး ကတော့ မိမိအကြိုက်ဆုံးသော သီချင်းတွေနဲ့ အခြားသောမိမိဖုန်းမှာရှိရှိသမျသီချင်းတွေကို မိမိလိုသလို ဖြတ်ယူကာ Ringtone အဖြစ်နဲ့ဖြတ်ယူ တည်းဖြတ်နိုင်သလို record အနေနဲ့လဲ မိမိရဲ့အသံတွေနဲ့ တခြားအသံတွေကို လဲသွင်းယူတည်းဖြတ်ကာ လွယ်လွယ်ကူကူပဲဖန်တီးနိုင်ပါတယ်။ သီချင်းတွေကို ဟိုတစဒီတစ ဖြတ်စပ်ညှပ်တာတွေကိုဝါသနာပါတဲ့ဘော် ဒါတွေအတွက် အကြိုက်တွေ့စေမှာပါ ။ မိမိအနေ နဲ့ Cutting လုပ်လို့ရလာတဲ့ MP3 ဖိုင်တွေကတော့ "sdcard/media/audio/" ထဲမှာ Save လုပ်ပေး ထားမှာဖြစ်ပါတယ်ဗျာ။ ဖိုင်ဆိုဒ်က 474.5kb ပဲရှိပြီး android ဖုန်းအားလုံးမှာအသုံးပြုနိုင် ပါတယ် ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ♪ ဟန်းဆက်ပေါင်းများစွာကို Click တစ်ချက်နဲ့ Root ဖောက်နိုင်တဲ့ - Kingroot v4.5.0.901 Apk (6-Sept) ♫ Posted: 07 Sep 2015 04:58 AM PDT ![]() အခုတင်ပေးလိုက်တဲ့ Root Tool လေးကတော့ ဖုန်းထဲမှာတင်ပဲ Root လုပ်ပေးနိုင်တဲ့ Apk လေးဖြစ်ပါ တယ်ဗျာ။ မနေ့ကမှ (6-Sept) အသစ်ထွက်လာတဲ့ Version လေးဖြစ်ပါတယ်ဗျာ။ ဟန်းဆက်ပေါင်းများစွာ ကို Click တစ်ချက်ထဲနဲ့ Root ဖောက်နိုင်တယ်လို့ဆိုထားပါတယ်ဗျာ။ ကျွန်တော်ကဖုန်း Service လုပ် တဲ့သူမဟုတ်လို့ သူငယ်ချင်းတွေကိုပေးပြီးစမ်းခိုင်းသလောက် Android OS 4.4 အထိ Root ပေါက်တယ် လို့ပြောပါတယ်။ ပြည်ပဆိုဒ်တွေကိုမွှေနှောက်ရာမှာလည်း Error ကင်း ကင်းနဲ့ Root ဖောက်နိုင်တယ် လို့ဖော်ပြထားပါတယ်ဗျာ။ ဖုန်းကလိချင်တဲ့သူငယ်ချင်းများနဲ့ Service လုပ် တဲ့ဘော်ဒါများ လိုအပ်ရင်ဒေါင်း ယူသွားနိုင်ပါတယ်ဗျာ။ ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| ဖုန်းကို ဗိုင်းရပ်မ၀င်အောင်ကာကွယ်ပေးမယ့် - AntiVirus PRO Android Security v4.4.2 Apk Posted: 07 Sep 2015 04:40 AM PDT |
| ဖုန်းကိုလေးနေတာတွေ ရှင်းပြီး ပေါ့ပါးသွက်လက်စေမယ့် - Cleaner – Speed Booster Pro v2.0.6 Apk Posted: 07 Sep 2015 04:31 AM PDT |
| Posted: 07 Sep 2015 04:22 AM PDT ပုံစံအသစ်လေးနဲ့ Aug-26 ရက်နေ့ကမှအသစ်ထွက်ရှိလာခဲ့တဲ့ HD Full Screen Caller ID Pro Version အသစ်လေးကိုတင်ပေးလိုက်ပါတယ်ဗျာ။ အရင် Version အဟောင်းတွေတုန်းကလည်းအမြဲတင်ပေးခဲ့ဖူး ပါတယ်။ အခုတင်ပေးလိုက်တဲ့ Version လေးမှာတော့ Contact အယောက် 500 ကို Free ထည့်သွင်း ထားနိုင်ပါတယ်ဗျာ။ ဒီကောင်လေးကဘာတွေလုပ်ပေးနိုင်သလည်းဆိုရင် ဖုန်းခေါ်ရင်ဘဲဖြစ်ဖြစ် ဖုန်းပြော ရင်ပဲဖြစ်ဖြစ် တစ်ဖက်လူရဲ့ ပုံကို Screen ပေါ်မှာ အပြည့်ပေါ်စေမှာဖြစ်ပါတယ်ဗျာ။ တစ်ဖက်လူရဲ့ ပုံကိုတော့ Contact မှာထည့်ပေးထားဖို့လိုပါတယ်ဗျာ။ နောက်ပြီး ဖုန်းလက်ခံတဲ့အခါမှာ နှိပ်တဲ့ Answer နဲ့ End ကိုလည်း စတိုင်ပြောင်းပြီး ထားနိုင်ပါသေးတယ်။ ဒါ့အပြင် Call Block Feature ကိုပါထည့်သွင်း ထားပါ တယ်ဗျာ။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး Phone Call နဲ့ပတ်သက်ပြီး အခြားသော Feature များစွာ ကို အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။ အသေးစိတ်ရေးပေးထားပါတယ်နော်။ နမူနာကြည့် နိုင်အောင် Screen Shoot တွေကို အောက်မှာရိုက်ပြထားပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်း များမှာထည့်သွင်းထားနိုင်ပါတယ်ဗျာ။ Characters: ★ You can use 500 contacts for FREE ★ We offer 18 different themes for FREE ★ HD Full Screen Caller ID for incoming call. ★ HD Full Screen Caller ID for outgoing call. ★ HD Full Screen Caller ID for missed call. ★ HD Full Screen Caller ID for SMS message. ★ You can choose a high quality photo as a full screen photo of contact. ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Posted: 07 Sep 2015 04:05 AM PDT အခုတင်ပေးလိုက်တဲ့ Torrent Pro ဆိုတဲ့ Application လေးကတော့ ဖိုင်ဆိုဒ်ကြီးကြီးတွေကို ဒေါင်းတဲ့နေ ရာမှာလွယ်ကူအဆင်ပြေစေမယ့် Apk လေးတစ်ခုဖြစ်ပါတယ်ဗျာ။ ဥပမာအနေနဲ့ပြောရရင်တော့ PC မှာ Driver , Window OS ISO File တွေ Phone မှာဆိုရင်တော့ Firmware တွေ Game အကြီးကြီးတွေကို Torrent မှာတင်ထားတက်ကြပါတယ်။ အဲ့လိုတင်ထားတဲ့ File တွေကို Torrent Dwonloader နဲ့ဒေါင်းယူ မှလွယ်ကူအဆင်ပြေမှာပါ။ နောက်ပြီး အခု Torrent Apk ကိုအသုံးပြုပြီးလည်း မိမိဒေါင်းယူချင်တာတွေကို Search Box မှာရှာဖွေဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ ဖိုင်ဆိုဒ်ကြီးကြီးတွေကိုလည်း Torrent မှာပဲအများဆုံး တင်ထားတက်ကြပါတယ်။ ဒါကြောင့်အခု တင်ပေးထားတဲ့ Torrent Pro Apk လေးကိုဒေါင်းယူထားစေချင် ပါတယ်ဗျာ။ Torrent မှာတင်ထားတဲ့ File များကိုသာသီးသန့် ရှာဖွေဒေါင်းယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Torrent ရဲ့ဒေါင်းယူနိုင်တဲ့ ပုံစံတွေကိုအောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ အသေးစိတ် Feature တွေကိုတော့ အောက်မှာဆက်လက်လေ့လာနိုင်ပါတယ်ဗျာ။ Features: - NO ADS! - easy search for torrents with the optional plugin - create and share new torrent files - choose single files for download from torrents containing multiple files - supports writing external storage, like SD cards (from Android 5.0) - sequential download mode (streaming) - Wifi only mode, Wifi or WiMAX mode - magnet link support, trackerless torrent (DHT) support - RSS support(automatically download torrents published in feeds) - UPnP and NAT-PMP support - IP filtering support - proxy support (SOCKS, HTTP) - encryption - Web interface (supports Transdroid/Transdrone) - Label support (with custom save path) - SeriesGuide search Extension ** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ ** Step-2. "5sec". လောက်စောင့်ပေးပါ။ ** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။ ** Step-4. Download Link ကျလာပါလိမ့်မယ်။ ** အဆင်ပြေပါစေဗျာ။ |
| Lock Screen အလန်းစားလေး -OS8 Lock Screen Posted: 07 Sep 2015 12:02 AM PDT |
| ဖုန်းမှာအသံချိန်းနိုင်တဲ့ - Mega Voice Changer apk Posted: 06 Sep 2015 11:55 PM PDT |
| Posted: 06 Sep 2015 11:49 PM PDT www.patheinit.com Payephyokyaw |
| မီးလောင်နေတဲ့ဒီဇိုင်းနဲ့ဖုန်းမှာလန်းနိုင်မယ့် - Fire – Solo Theme v: 2.0 Posted: 06 Sep 2015 11:41 PM PDT |
| Posted: 06 Sep 2015 11:35 PM PDT www.patheinit.com Payephyokyaw |
| ဥာဏ်ကောင်းစေရန် နည်းလမ်း ၁၀ချက် Posted: 06 Sep 2015 11:34 PM PDT ဥာဏ်ကောင်းကိုကောင်းစေရပါမယ်လို့တော့မဟုတ်ပါဘူ။ သေချာတာကတော့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ ဖြစ်တဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းအတိုင်း ကျင့်သွားရင် စိတ်ဓာတ်ကျဆင်းမှုလည်း ကျဆင်းလို့ လုပ်ရကိုင်ရတာလည်း ပိုပျော်လာပါလိမ့်မယ်။ 1. Go for a walk with a friend လုပ်ငန်းခွင်ရယ်လို့မဟုတ်ပါဘူး။ သင်တန်း၊ကျောင်း တက်သူများအနေနဲ့လည်း ရုံးတက်၊ ကျောင်းတက်ချိန် မိတ်ဆွေ သူငယ်ချင်း နဲ့သွားရပါမယ်။ အဲဒီလိုသွားခြင်းက လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွရေး တို့မှာ တိုးတက်စေမှာ ပြီး ဦးနှောက်ကို သန်မာစေပါတယ်။ 2. Solve Puzzles, Play Games ဥာဏ်စမ်းဂိမ်းများ၊ ပဟေဌိဂိမ်းများ ဆော့ကစားပေး ရပါမယ်။ ဖြေရှင်းရ ခက်သော ဆူဒိုခု၊ စာလုံးစီ တို့ကို ဆော့ကစား ပေးခြင်း၊ အလွယ်တ ကူ ဆော့ရသော ဖုန်းထဲမှ ဂိမ်း၊ ကွန်ပျူတာဂိမ်း၊ ကစားကွင်း ဂိမ်း အစရှိသဖြင့်တို့ကို မိနစ်ပိုင်း ဆော့ကစားပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။ ယင်းကဲ့သို့ ဆော့ကစားခြင်းက ဦးနှောက်သွေးဆဲလ်တွေကို တက်ကြွစေပြီး တစ်စုံတစ်ခုအပေါ် အာရုံစူးစိုက်နိုင်မှု အားကို ကောင်းစေပါတယ်။ 3. Meditate တရားထိုင်ခြင်းက လွယ်ကူသော အလုပ်ဖြစ်ပါတယ်။ အချို့ က ခက်ခဲသော အလုပ်လို့ ယူဆပါတယ်။ မထိုင်နိုင်လည်း ထိုင်နိုင် သလောက် မိနစ်ပိုင်း တရားထိုင်ပေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ တရားထိုင်တဲ့ အလေ့အကျင့်ကို နေ့စဉ်မဟုတ်တောင် ၂ ရက်တစ်ခါလောက် ပြု လုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ကောင်းစေပါတယ်။ 4. Eat healthy မိမိစားသမျှ အစားအသောက်အားလုံးမှ အာဟာရနှင့် အောက်စီဂျင်များရဲ့  ၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။ ဒါကြောင့် မိမိစားသောက် တဲ့အစားအစာများကို ဦးနှောက်အတွက် အရေးပါ တယ်ဆိုတာ သိထားရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားသောက်ပေးခြင်းဖြင့် ဦးနှောက်ကို ကျန်းမာဖွံ့ ဖြိုးစေမှာ ဖြစ်ပါတယ်။ 5. Think positive အရာအားလုံးကို အကောင်းမြင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများက ဦးနှောက်ထဲက Neuron တွေ ကို သေဆုံးစေ ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲ၊ ပြဿနာများနဲ့ ကြုံကြုံ အကောင်းဘက်က မြင်ပေးတဲ့ စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။ ယင်းကဲ့သို့ အကောင်းဘက်က မြင်ပေး၊ စာနာပေးတတ်ခြင်းက ဦးနှောက်က ဆဲလ် အသစ်တွေ ပိုမို တိုးတက်စေပြီး စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများကို ဖယ်ရှားပေးပါတယ်။ 6. Laugh It Up ရယ်မောတတ်တဲ့ အကျင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ရယ်သော သူသည် အသက်ရှည်၏ ဆိုတဲ့အတိုင်း ရယ်မောခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနာကျင်မှု များကို လျော့ချပေးပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ၊ ရယ်မောလွယ်တတ်သူများဟာ သဘာဝ အလျောက် စိတ်ဖိအား နည်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ဟာသရုပ်ရှင်များကြည့်ခြင်း၊ ဟာသနောက်ပြောင်ပြောဆိုခြင်း တို့က ဦးနှောက်ထဲက endorphin –level ကိုမြင့်တက်စေပါတယ်။ 7. Listen To Music သီချင်းနားထောင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး ကို မြင့်တက်စေပါတယ်။ အတွေးအခေါ် သစ်တွေရနိုင်ပြီး ထူးခြားတဲ့ စိတ်ကူးဆန်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်းက ဦးနှောက်ရဲ့  ညာဘက်အခြမ်းကို သန်မာစေတယ်လို့ ဆိုပါတယ်။ 8. Do Self-Hypnosis Hypnosis ဆိုတာ စိတ်ညို့ခြင်းကိုဆိုလိုပါတယ်။ ဒီတော့ Self-Hypnosis က မိမိကိုယ်ကိုယ် စိတ်ညို့ ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ သို့သော် မိမိကိုယ်ကိုယ် စိတ်ညို့ခြင်း၊ အိပ်ငွေ့ချခြင်း ထူထူထွေးထွေးမဟုတ်ပါ။ ဥပမာ- လကုန် ရက် တစ်ရက်ရက်မှာ လုပ်စရာတစ်ခုရှိသည်ဆိုပါစို့။ ယင်းနေ့ကို အမှတ်ရနေပြီး တကယ်ပဲ ယင်းနေ့မှာ မမေ့မလျော့ လုပ်ဆောင်နိုင်တာမျိုး၊ မနက်အိပ်ယာ ၆နာရီထဖို့ စီစဉ်ထားရင် တကယ်ပဲ ၆ နာရီတိတိမှာ နှိုးဆက်မပါပဲ ကိုယ်တိုင် ထနိုင်အောင် ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။ မမေ့မလျော့ပဲ အိပ်ဆက်နိုင်ခြင်းမျိုး ဖြစ်ပါတယ်။ အနာဂတ်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ လုပ်ငန်းများကို တကယ်ပဲ မပြတ်မကွက်အောင် ပြုလုပ်နိုင်ပြီး အခြား သာမန် လုပ်ငန်းများအပေါ်လည်း ဆိုးကျိုးမသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဦးနှောက်ကို ဒီလို မှတ်သားခိုင်းစေနိုင်မှုက စိတ်ဖိအားလျော့ချနိုင်ပြီး အတွေးအခေါ်များကို ပိုမို ရှင်းလင်းပြတ်သားစေပါတယ်။ 9. Set Goals ရည်မှန်းချက်ထားရပါမယ်။ ခြောက်လအတွင်းဖြစ်လာမယ့်ရည်မှန်းချက်၊ တစ်နှစ်အတွင်း ဖြစ်လာမယ့် ရည်မှန်းချက် အစရှိသဖြင့် ပန်းတိုင်တစ်ခုခု ထားပြီး ကြိုးစားလုပ်ကိုင်တတ်ရပါမယ်။ ဘဝရည်ရွယ်ချက်မဲ့ လုပ်ကိုင်နေခြင်းက ဦးနှောက်ရဲ့  တွေးခေါ်စဉ်းစားနိုင်မှု စွမ်းအား လျော့ ချစေပါတယ်။ ရည်မှန်းချက် ပန်းတိုင် ထားတတ်သူများက ဦးနှောက်ဥာဏ် ရည် အမြဲ ဖွံ့ဖြိုးနေပြီး ဘဝမှာ အောင်မြင်မှုကို အတိုင်းအတာ တစ်ခုအတွင်း ရတတ်ကြပါတယ်။ 10. Follow a Sleep and Wake up Routine စောစောအိပ်၊ စောစောထ ဆိုတာထက် အချိန်မှန် အိပ်၊ အချိန်မှန် ထလို့ ပြောရင် ပိုမှန်ပါတယ်။ ညဘက် သန်းခေါင်ကျော်အောင် မအိပ်ပဲ နေပြီး မနက် အိပ်ယာထနောက်ကျသူများဟာ ဦးနှောက်လေးလံ ထိုင်းမှိုင်းပါတယ်။ ဒီမှာ အိပ်ဆေး အသုံးပြုပါက အိပ်ရေးဝပေမယ့် မှတ်ဥာဏ်ချို့ ယွင်းမှုကို ဖြစ်ပေါ်စေပါတယ်။ ညအိပ်နောက်ကျပြီး အိပ်ယာစောစောထရတာကလည်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထိခိုက်စေပါ တယ်။ စောစော အိပ်ပေမယ့်၊ နောက်ကျမှ ထတာမျိုးကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ ဒီတော့ ပုံမှန်ချိန်အိပ်ပြီး ပုံမှန်ချထားခြင်း က အိပ်ရေးဝဝ အိပ်စေပြီး စိတ်ရော၊ကိုယ်ရော ကျန်းမာစေပါတယ်။ ဦးနှောက်ကို လန်းဆန်းစေပါတယ်။ အထက်ပါအချက်များအတိုင်း ကျင့်သုံးသွားရင် ဥာဏ်ကောင်းမလာ ရင်တောင် လူမှုပတ်ဝန်းကျင်မှာ အမြဲ စမတ်ကျနေတဲ့ လူတစ်ယောက် ဖြစ်စေပါတယ်။ သာမန် နေထိုင်တတ်သူများနဲ့စာရင် အထက်ပါ ၁၀ချက်အတိုင်း လုပ်ဆောင်သွားသူများက ဥာဏ်ရည် ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘဝအခက်အခဲများကြား အောင်မြင်မှု ရရှိရန် အခွင့် အလမ်းပိုများကြောင်း သုတေသန ဝဘ်ဆိုဒ် တစ်ခုက ဖော်ပြထားပါတယ်။ —- Ref:unu-facts Ref:ေ အာင်ခမ်း (MMAS) #aungkham_mmas ![]() အဆင်ပြေပါစေ.. မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| လူသိနည်းသော စတိဗ်ဂျော့အကြောင်း ၁၀ချက် Posted: 06 Sep 2015 11:33 PM PDT Innovation မှာ တူမတူအောင် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် စတိဗ်ဂျော့ဆို မသိသူ မရှိလောက်အောင် အောင်မြင်ကျော်ကြားခဲ့ပါတယ်။ Apple Inc ကို တည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့ရဲ့  လူသိနည်းတဲ့အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ၁။ စတိဗ်ဂျော့ဟာ သက်သက်လွတ်စားသုံးသူ ဖြစ်ပါတယ်။ ပြီးတော့ သစ်သီး သစ်ဥ ကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ သူအကြိုက်ဆုံး အသီးကတော့ ပန်းသီး ဖြစ်ပြီး၊ ကုမ္မဏီကိုလည်း Apple လို့ပဲ အမည်ပေးခဲ့ပါတယ်။ ၂။ စတိဗ်ဂျော့ဟာ ၂၀၁၀ ခုနှစ်က ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အဆင့် ၁၃၆ ရှိခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကြွယ်ဝပါတယ်။ အဓိကဝင်ငွေကို ဒစ်စနေးမှ ရရှိခြင်း ဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရှိပါတယ်။ ကွယ်လွန်ခါနီး အချိန်က စတိဗ်ဂျော့ရဲ့ ပိုင်ဆိုင်မှုဟာ ၈ ဘီလျံ ရှိတယ်လို့ သိရပါတယ်။ ၃။ စတိဗ်ဂျော့ ရဲ့ လစာကို သိရင် အင်မတန် အံ့သြဖို့ ကောင်းသွားပါလိမ့်မယ်။ Apple ကပေးတဲ့ သူ့ရဲ့  Annual Salary ဟာ ၁ ဒေါ်လာပဲ ရှိပါတယ်။ သူ့ ရဲ့ အဓိက ဝင်ငွေက သူပိုင်သော Disney မှ ဖြစ်ပြီး ဒစ်စနေးမှ ရှယ်ယာများနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။ ၄။ စတိဗ်ဂျော့ဟာ ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။ Reed ကောလိပ်မှာ semester တစ်ခုသာ ဖြေဆိုခဲ့ပြီး ကျောင်းထွက်ခဲ့ပါတယ်။ ၅။ စတိဗ်ဂျော့ရဲ့ တကယ့် ဝါသနာအစစ်က နည်းပညာဘက်မှာ မဟုတ်ခဲ့ပါဘူး။ သူတကယ် ဝါသနာပါတဲ့ အရာက စာလုံးပန်းချီ ဖြစ်ပါတယ်။ စာလုံးကို ပုံစံလှလှရေးပြီးယင်းစာရွက်များကို စုတတ်တဲ့အကျင့် သူ့မှာ ရှိပါတယ်။ ၆။ HP ကွန်ပျူတာ ကုမ္မဏီနဲ့ ပထမဆုံး နည်းပညာအစည်းအဝေးတတ်တုန်း က စတိဗ်ဂျော့ဟာ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ အသက်ငယ်ငယ်နဲ့ နည်းပညာလောက ထဲကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။ ၇။ ဂျော့ဟာ မွေးစားသား ဖြစ်ပါတယ်။ သူ့ကို အမှန်တကယ် မွေးဖွားခဲ့တဲ့ မိဘတို့က စွန့်ပစ်ခဲ့လို့ အခြား မိဘများက ပြန်လည် မွေးစားခဲ့ခြင်း ဖြစ်ပါတယ်။ ၈။ ဂျော့ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ မူလက ခရစ်ယာန်ဘာသာကို ကိုးကွယ်ပေးမယ့် ကောလိပ်ကျောင်းက ထွက်ပြီးနောက် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇင် မဟာယနဘာသာ ဖြစ်ပြီး ထေရ၀ါဒ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို လည်ပတ်ပြီး ဖြစ်ပေါ်လာတဲ့ သူရဲ့ ဆန္ဒဖြစ်ပါတယ်။ တစ်သက်လုံး ဘုန်းကြီးဝတ်သွားဖို့တောင် စိတ်ကူးထားသူလို့ ဆိုကြပါတယ်။ ၉။ ဂျော့ဟာDyslexia ရောဂါသည် တစ်ဦးဖြစ်ပါတယ်။ ယင်းရောဂါဟာ အာရုံစူးစိုက်မှု အားနည်းသော ရောဂါ ဖြစ်ပါတယ်။ Dyslexia မှာ အကြား အားနည်းခြင်း၊ စကားပြော အားနည်းခြင်း၊ အမြင်အားနည်းခြင်းတို့ ဖြစ်ပြီး ဂျော့ကတော့ စာဖတ်ရာမှာ အားနည်းသူ ဖြစ်ပါတယ်။ ဒီလိုရောဂါရှိတဲ့ သူများက အတွေးအမြင်ဆန်းသစ်မှုမှာ အားသာချက်ရှိတယ်လို့ ဆိုကြပြီး အိုင်းစတိုင်းဟာလည်း Dyslexia ရောဂါသည် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ ၁၀။ ဂျော့မှာ အဆီးရီးယား သွေးတစ်ဝက် ပါပါတယ်။ သူ့ရဲ့ ဖခင်ဟာ အဆီး၇ီးယား လူမျိုးဖြစ်ပြီး မူဆလင်ဘာသာကိုးကွယ်သူများ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်ကတော့ အမေ၇ိကန် လူဖြူဖြစ်ပါတယ်။ —– အောင်ခမ်း (MMAS) ![]() မောင်ပေါက်< Knowledge Note > www.maungpauk.org Soft : Mb UserCloud Download LinkTusfiles Download LinkMediafire1 Download Link |
| ရန်သူတွေကို Defenders တည်ဆောက်တိုက်ခိုက်ရမယ့် - Goblin Defenders 2 APK V1.6.310 MOD Unlimited Money Posted: 06 Sep 2015 11:22 PM PDT |
| You are subscribed to email updates from မောင်ပေါက် ( Maung Pauk ) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States | |





























0 comments:
Post a Comment